ငါပျောက်နေတယ်ဆိုရင်...

Share |


ဒါကတော့ The Online Citizen က ရိုက်ပြီး ရောင်းနေတဲ့ တီရှပ်တွေပါ။ (ရံပုံငွေတခုခုအတွက် ရိုက်ရောင်းတယ်လို့ ယူဆရတာပဲ။) ဆောင်းပါးကိုတော့ ဒီမှာ သွားဖတ်နိုင်ပါတယ်။

ဆောင်းပါးရဲ့ အောက်ခြေမှာ ကွန်မန့်လုပ်သူတယောက်က တီရှပ်ဒီဇိုင်းကို အခြားစာသားတခုနဲ့ ရိုက်နှိပ်ထုတ်ဝေဖို့အတွက် အကြံပေးထားတာ တွေ့ရလို့ ရယ်ရပါသေးတယ်။ သူအကြံပြုတဲ့ စာသားက….

တကယ်လို့ ငါပျောက်နေတယ်ဆိုရင် ငါ့အစ်ကိုရဲ့ အိမ်မှာ ငါရှိနေမယ်”…..တဲ့။

ဒီစာသားကတော့ စင်္ကာပူမှာ အခုတလော လူပြောများနေတဲ့ အကြောင်းအရာတွေထဲက တခုပေါ့။

လွန်ခဲ့တဲ့ ၂နှစ်လောက်က မက်စ်ဆီလာမက် အမည်ရ အကြမ်းဖက်သမားလို့ သံသယအဖြစ်ခံရသူတယောက်ဟာ စင်္ကာပူရဲ့ အဆင့်မြင့်လုံခြုံရေးအကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီတုန်းက စင်္ကာပူက လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ကျွန်းအနှံ့၊ တောအနှံ့တောင်အနှံ့၊ ဘီးစိတ်တိုက် မြေလှန်ရှာဖွေခဲ့ကြပါတယ်။ မလေးရှားဖက်ကို ထွက်တဲ့ နယ်ခြားဂိတ်တွေမှာဆိုရင် ဖြတ်သမျှ ကားတိုင်းကို ရပ်တန့်စစ်ဆေးရတဲ့အတွက် သီတင်းပတ်ပေါင်းများစွာ ကားတွေ တန်းစီ ပိတ်ဆို့ကုန်ပြီး ဆုံးရှုံးနစ်နာမှုတွေလည်း ဒေါ်လာ သန်းနဲ့ချီ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါပေမယ့် စင်္ကာပူအာဏာပိုင်တွေ တိုက်တဲ့ ဘီးစိတ်က ဘီးဆံတချောင်း ကျိုးနေပုံရတယ်။ ဘာကြောင့်လဲဆိုတော့ အဲသည်လိုဘီးစိတ်တိုက်ရှာဖွေနေကြချိန်မှာ ဆီလာမက်ဟာ စင်္ကာပူက သူ့အစ်ကိုရဲ့ အိမ်မှာ ညအိပ်ညနေ ပုန်းအောင်းနေခဲ့ပါသတဲ့။ စင်္ကာပူအစိုးရက သူတို့ရဲ့ (အဲဒီအချိန်က) အရေးယူဆောင်ရွက်မှုတွေကို အသေးစိတ် မထုတ်ပြန်တဲ့အတွက် မည်သို့မည်ပုံ မျက်စိမှောက်သွားကြသလဲဆိုတာကို ကျနော့်အနေနဲ့တော့ အတိအကျ မသိနိုင်သေးပါဘူး။ စင်္ကာပူနိုင်ငံသားတွေကတော့ အာဏာပိုင်တွေအနေနဲ့ ဒီလောက် ငွေအားလူအား အကုန်အကျခံ ရှာဖွေခဲ့ပြီး တကယ်စောင့်ကြည့်ရမယ့် နေရာကိုကျမှ သေသေချာချာ မရှာဖွေ၊ မစစ်ဆေးရကောင်းလားလို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အပြစ်တင်နေကြပါတယ်။ စောစောက တီရှပ်စာသားကို အကြံပေးသူလိုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အစိုးရကို သရော်ချင်တဲ့သူတွေလည်း တပုံတပင်ပေါ့။

ဒါမျိုးကျတော့ မြန်မာပြည်က ရဲချုပ်ခင်ရီတို့က တော်သွားပြန်ပါလေရော။ ဟုတ်တယ်လေ၊ ရဲချုပ်ခင်ရီတို့ တော်ပုံက ဒီကနေ့ ရန်ကုန်မှာ ဗုံးတလုံးပေါက်တယ်ဆိုရင် နောက်တနေ့ သတင်းစာရှင်းလင်းပွဲမှာ ဘယ်သူ၊ ဘယ်အဖွဲ့လက်ချက်ဆိုတာ (မှန်တာ၊ မမှန်တာ နောက်ထားလို့) တခါတည်း ရမ်းသန်း လက်ညိုးထိုးလိုက်တာပါပဲ။ အကြားအမြင်ရနေသလားတောင် ထင်ရတယ်။ တော်ရှာပါတယ် တော်ရေ့...တော်ရှာပါတယ်အေ့...လို့ပဲ ပြောရမယ်ထင်တယ်။

ဆီလာမက်ကို လက်ခံထားပြီး လွတ်မြောက်အောင် ကူညီတဲ့ သူ့ဆွေမျိုးတွေကို စင်္ကာပူအစိုးရက (တံခါးပိတ်) တရားရုံးတင်ပြီး ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စင်္ကာပူဒီမိုကရက်တစ်ပါတီက ထောက်ပြထားတဲ့အချက်ကလည်း စိတ်ဝင်စားစရာပါ။

ဆီလာမက်ကို ထိန်းသိမ်းထားတဲ့ အိုင်အက်စ်အေလို့ခေါ်တဲ့ အက်ဥပဒေက မြန်မာလို ဆီလျော်အောင် ပြန်ဆိုရရင်တော့ “နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးလိုသူများ၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်သော ဥပဒေ” လို့ ခေါ်ပါတယ်။ အင်္ဂလိပ်ခေတ်လက်ကျန် အက်ဥပဒေ တခုပေါ့။ မြန်မာပြည်မှာလည်း ရှိပါတယ်။ ဒီပဲယင်းလုပ်ကြံမှုကြီးအပြီးမှာ အပြစ်မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နဲ့ ထိန်းသိမ်းဖို့ နအဖ စစ်အစိုးရ လက်ကိုင်ကျင့်သုံးခဲ့တဲ့ အက်ဥပဒေပေါ့။

ဒီဥပဒေရဲ့ မကောင်းတဲ့အချက်က သံသယအဖြစ်ခံရသူ၊ အစွပ်စွဲခံရသူကို ခိုင်လုံတဲ့ သက်သေအထောက်အထား ဘာတခုမှ တင်ပြစရာမလိုဘဲ၊ တရားခွင်မှာ ရုံးတင်စစ်ဆေးခြင်းလည်း မလိုအပ်ဘဲ “အစိုးရအဖွဲ့ဝင်(ပြည်ထဲရေး)ဝန်ကြီး” ရဲ့ အခွင့်အာဏာနဲ့တင် နှစ်ရှည်လများ ဖမ်းဆီးထိန်းသိမ်းထားနိုင်တဲ့ အချက်ပါပဲ။

အခုလည်း ဆီလာမက်ကို အကြမ်းဖက်သမားလို့ သင်္ကာမကင်းခံရသူ ဆိုတာ စင်္ကာပူအာဏာပိုင်များရဲ့ အပြောကို ကျနော်တို့က တဖက်သတ် ယုံကြည်လိုက်ရတာသာ ဖြစ်ပါတယ်။ ဒီအဆိုဟာ မှန်ချင်မှလည်း မှန်ပါမယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ယုံကြည်လောက်စရာ သက်သေသက္ကာယနဲ့ တရားရုံးမှာ လူသိရှင်ကြား တရားစွဲဆိုပြီး ပြစ်မှုထင်ရှားတယ်လို့ စီရင်ချက်ချထားတာမျိုးမှ မရှိသေးဘဲကိုး။

တကယ်လို့ ဆီလာမက်မှာသာ တကယ်အပြစ်မရှိဘဲ သက်သက် မှားယွင်းအဖမ်းခံထားရတာဆိုရင် လူတယောက်ရဲ့ ဘဝဟာ မနစ်နာပေဘူးလား။ သူ့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမနေဘူးလား။ (စင်္ကာပူအစိုးရဟာ အရင်ကလည်း အပြစ်မရှိတဲ့ လူတွေကို ကွန်မြူနစ်တွေဆိုပြီး အထောက်အထားမဲ့ နှစ်ပေါင်းများစွာ အိုင်အက်စ်အေကို အသုံးပြုပြီး အကျဉ်းချ ထားခဲ့ဖူးပါတယ်။)

နောက်တချက်က ဆီလာမက်ကို လက်ခံထားတဲ့ ဆွေမျိုးတွေဖက်က ကြည့်ပြန်ရင်လည်း ဆီလာမက်ဟာ တရားရုံးတော်ကနေ ပြစ်မှုထင်ရှားတယ်လို့ အမိန့်ချမှတ်ခံထားရတဲ့ တရားခံတစ်ယောက်မဟုတ်။ ဒါကြောင့် သူ့ကို ဆွေမျိုးသားချင်းတစ်ယောက်အနေနဲ့ ကူညီကြတဲ့ကိစ္စမှာ သူတို့ကို ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့် ရှိမရှိ စဉ်းစားသုံးသပ်စရာပါ။

အင်ဒိုနီးရှားမှာဆိုရင် အကြမ်းဖက်သမားလို့ အစွပ်စွဲခံရသူတွေကို တရားရုံးထုတ်ပြီး လူသိရှင်ကြား စစ်ဆေးတာကို တွေ့ရပါတယ်။ အစွပ်စွဲခံရသူတွေအနေနဲ့ ရှေ့နေရှေ့ရပ်ငှားပြီး ဥပဒေကြောင်းလမ်းအရ ခုခံကာကွယ်ခွင့်ရှိတာကို သတိပြုမိပါတယ်။

ဒါကတော့ စင်္ကာပူမှာ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာ တခုနဲ့ ပတ်သက်ပြီး ကျနော်ဖတ်မိသမျှကို ခြုံငုံပြီး မြန်မာဘာသာနဲ့ မျှဝေလိုက်တာပါ။ မူရင်းကို ဖတ်လိုခဲ့ရင် အောက်ပါ လင့်ခ်မှာ သွားဖတ်ပါရန်။

ပူးတွဲ ဖတ်ရှုရန်။.............။ A case crying out for transparency and justice

12 comments:

Anonymous said...

စင်ကာပူဆိုတာလဲ စီမီးကွန်မြူနစ်ပါပဲ၊ ဒါပေမယ့်တိုင်းသူ
ပြည်သားတွေအပေါ်အစစအရာရာအဆင်ပြေအောင်ထားပေးတဲ့အတွက် ပြည်သူလူထုစိတ်ချမ်းသာရတယ်၊ ကမ္ဘာပေါ်မှာလစာအများဆုံးရတဲ့ ၀န်ကြီးချုပ်စာရင်းထဲမှာ
စင်ကာပူဝန်ကြီးချုပ်ပါတယ်၊ ဒါပေမယ့်မြန်မာဝန်ကြီး တယောက်ရဲ့ဝင်ငွေကိုတော့မမှီနိုင်ဘူးထင်တယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

တခြားနိုင်ငံမှာဘာဖြစ်လဲ မပြောလိုပါဘူး။ သူတို့ မွတ်ဆလင်နိုင်ငံ အီရတ်မှာကို ဘယ်လိုဖြစ်နေလဲဆိုတာ ကြည့်လိုက်ပါဦး။ ကြည်ဖြစ်အောင် ကြည့်နော်။ ဒီမှာ Click လုပ်ပါ။

ko phyoe said...

Ko Paw...

Interesting post from another blogger...just another point of view abt S'Pore.

http://yu-kym.blogspot.com/2010/11/do-you-hate-singapore.html

May be you have already read !!!just to share !!!

ကိုပေါ said...

ko phyoe,

မျှဝေတဲ့အတွက် ကျေးဇူးပါ။ အဲဒီပို့စ်က ကွန်မင့်တွေကမှ တကယ့် ခံစားချက်တွေ၊ အခြေအနေတွေကို ထင်ဟပ်တယ်လို့ ယူဆမိပါတယ်။

Anonymous said...

Don't mislead bloggers to wrong topic.We don't interest other countries' affairs totally.Just talk about Myanmar only.

Discuss to love the mother country,how to expell evil woman(Suu Kyi) and followers who want Myanmar to be poor until they got the power what they don't deserve.

I want to see her disappear from developing Myanmar.She doesn't belong to Myanmar.

over 20years,Suu Kyi only shout for sanctions and let Myanmar people poorer.All young generations are used by her.
Enough! Suu Kyi.We CURSE your family and all your downstream generation

I'm pure civilian no connection and privileges from SPDC.

it's for the good sake of all Myanmar citizens.

Anonymous said...

ဖေသားကြီး
မင်းတာဝန်ကျေတယ်။ ပြီးရင် ရုံးမှာ ပိုက်ဆံလာထုတ်
ပျံကြားရေးဝံချီး လောက်လန်း

မောင်သန့် ။ said...

I'm pure civilian no connection and privileges from SPDC.

it's for the good sake of all Myanmar citizens.

December 4, 2010 9:50 AM
အထက် က အမည်မသိ သို့ ။----
သွးလေရှာသူ ဆရာကြီး ဒေါက်တာသန်းထွန်း ကို လွမ်းမိပါဘိသေး။
သမိုင်း ကိုဘဲ မလေ့လာ ဘူးတာလား။
အ--တုန်း၊ တုံး တုန်း။၊သင်လို့ မတတ်၊ညာဏ်မမှီ ဘဲ ဖြစ်နေလေရော့သလား။

လူ စကားတွေ သူမသိ၊သနားပါဘိ။

Anonymous said...

@Anonymous-December 4, 2010 9:50 AM

What did Daw Aung San Su Kyi do to you? She is an old widow who was just allowed to see her son after years.

Did she put a plastic d..k and f..k your mother's ass? Give me a break, you c..k sucker. Sick of d..k heads like you. It is you who has to disappear and please bring along your mother and sisters too. They never showered and smelly!

ahphyulay said...

အင်း..
စင်္ကာပူနဲ့  မြန်မာ ဒီအချက်တွေ တူနေပါတယ်နော်။
ငါပြီး မင်းအလှည့်စနစ် ကျင့် သုံးတဲ့ နေရာမှာလေ။
ဒါပေမဲ့  သူတို့ က သူတို့ တိုင်းပြည်တော့  တကယ်ချစ်ရှာပါတယ်လို့  ။

Anonymous said...

I appreciate Singapore government and people for lettin us to live and get a job to live by.

Every country have strong and weak points depends on situation.It's not my business to analyse.

But apparently many international people wish to stay here.

it means good...

Anonymous said...

Anonymous December 6, 2010 7:51 PM

Your logic sucks!!

So,what you mean is you will only interested in : Eat, Sleep and Sex only, nothing different from animal? And if you wish to add 'work' to those three..then you can imagine yourself nothing different from slave. So, be happy slaving yourself and make sure you don't analyze anything .

Anonymous said...

Who the hell just called Myanmar as develpoing country? Just want you to know, it's time to wake up !!

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs