အပြောင်းအလဲ

Share |
မကြာခင် ၂၀၁၀ ကို နှုတ်ဆက်ပြီး နှစ်သစ်ကို ရောက်တော့မယ်။ နှစ်ကုန်ကာနီးလည်း ဖြစ်တဲ့အတွက် ရောက်တတ်ရာရာလေးတွေ တွေးမိတာကို တွေးမိသလို ရေးလိုက်ပါတယ်။

နည်းပညာ အပြောင်းအလဲ

လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်၊ ကျနော် စင်္ကာပူကို ရောက်လာကာစက လက်ကိုင်ဖုန်းတွေကို အခုလို လူတိုင်းမကိုင်နိုင်ကြသေးဘူး။ အဲသည်တုန်းက လက်ကိုင်ဖုန်းကလည်း အခုခေတ်အမြင်နဲ့ ပြန်ကြည့်ရင် တော်တော့်ကို ကြီးမားလေးလံတဲ့ ပစ္စည်းတခုပါပဲ။ Incoming call တွေ အတွက်ပါ ပိုက်ဆံပေးရတဲ့ခေတ်ဆိုတော့ လက်ကိုင်ဖုန်းသုံးစွဲသူတွေထံ ဖုန်းခေါ်လိုက်တယ်ဆိုရင် တဖက်က “ကျနော်ပြန်ခေါ်လိုက်မယ်နော်” ဆိုပြီး ရိုးရိုးတယ်လီဖုန်းလိုင်းကနေ ပြန်လည် ခေါ်ဆိုကြတဲ့ခေတ်ပေါ့။ အခုတော့ လက်ကိုင်ဖုန်းကလေးတွေက သေးသေးငယ်ငယ်။ အရောင်စုံ၊ အသွေးစုံ။ Incoming call က အခမဲ့ဖြစ်သွားပြီ။ ဒီကြားထဲမယ် wifi တို့ 3G တို့နဲ့ဆိုရင် အင်တာနက်ကိုသုံးစွဲပြီး Outgoing call တွေကိုပါ အခမဲ့ ခေါ်ဆိုနိုင်သေးတယ်။

ဆယ်စုနှစ်တခုအတွင်းမှာ နည်းပညာတွေ ပေါက်ကွဲသလို အလျှင်အမြန် တိုးတက်လာတယ်။ အင်တာနက်ကို ကွန်ပြူတာတွေမှာသာမက အများသုံး အသုံးအဆောင်တွေဖြစ်တဲ့ လက်ကိုင်ဖုန်းတွေ၊ ရုပ်မြင်သံကြားတွေမှာပါ တိုက်ရိုက် သုံးစွဲလို့ ရလာတယ်။ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြား စတဲ့ မီဒီယာတွေနဲ့ အင်တာနက်ဟာ နယ်နိမိတ်တွေ ရောယှက်ဝေဝါးလာပြီး ဆုံမှတ်တခုကို ရှေးရှုနေသလိုပါပဲ။ ၂၀၁၀ ခုနှစ်အတွင်းမှာ အဖိုးနှုန်း ချိုသာတဲ့ tablet pc တွေ ပေါ်လာတာဟာလည်း လူကြီးလူငယ် အသက်အရွယ်မရွေး ကွန်ပြူတာနဲ့ အင်တာနက်ကို လွယ်လင့်တကူ သုံးစွဲနိုင်တဲ့အနေအထားကို ရောက်လာစေပါတယ်။

ဒီတော့ လာမယ့်နှစ်ထဲမှာ ကမ္ဘာတလွှား အင်တာနက်ကို သုံးစွဲသူ လူဦးရေဟာ အခုထက် အဆမတန် ပိုမိုများပြားလာဖို့ အကြောင်းရှိပါတယ်။

အင်တာနက်ကတဆင့် ပရိသတ် (သို့မဟုတ်) လူထုထံက သဘောထားစစ်တမ်း၊ တုန့်ပြန် ဝေဖန်အကြံပြုလွှာတွေကို အချိန်နဲ့တပြေးညီတည်း လျှင်လျှင်မြန်မြန် ရယူနိုင်တယ်။ အထင်ကရအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ တရားဝင်အင်တာနက်စာမျက်နှာမှာ “Donation Button” ကလေးပါ ထည့်ထားလိုက်မယ်ဆိုရင် ကမ္ဘာတလွှားမှာရှိတဲ့ ထောက်ခံသူတွေထံက အလှူငွေတွေ၊ ရန်ပုံငွေတွေကို လွယ်လွယ်ကူကူ ကောက်ယူနိုင်ပါလိမ့်မယ်။

အင်တာနက်ဟာ သူ့သဘောသဘာဝအရ အခြားမီဒီယာတွေနဲ့မတူဘဲ အတော်အတန် လွတ်လပ်တဲ့ သဘာဝရှိတယ်။ အလွန်အမင်းဖိနှိပ်လွန်းတဲ့ အာဏာရှင်နိုင်ငံတွေမှာတောင် အတိုင်းအတာတခုအထိ လွတ်လပ်မှုရှိတယ်။ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသူတွေအဖို့ မိမိရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်ဖို့အတွက် ထိထိရောက်ရောက် သုံးစွဲနိုင်တဲ့ လက်နက်တခုလည်း ဖြစ်ပါတယ်။ ဒီလိုနည်းပညာမျိုးကို ရှေးရိုးစွဲ လူကြီးတွေက သုံးစွဲဖို့ တွန့်ဆုတ်နေရင်တောင် လူငယ်တွေက ဦးဆောင်ပြီး သုံးစွဲလာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

နည်းပညာနဲ့ ပတ်သက်ပြီး နောင်လာမယ့် နှစ်တွေအတွင်းမှာ ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့...

(၁) တာရှည်ခံမယ့် ဘက်ထရီ တွေ၊
(၂) စက္ကူလိုပါးလွှာပြီး ကွေးညွှတ်လို့ရတဲ့၊ ပါဝါသိပ်မစားတဲ့ Display တွေ ( နမူနာ ပုံစံ တခုနှစ်ခု ထုတ်တာမျိုးမဟုတ်ဘဲ စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်နိုင်တာမျိုး)
(၃) Fusion Power (နည်းနည်း လောဘကြီးသွားသလားတော့မသိ)
(၄) နေရာအနှံ့ အလကားသုံးစွဲလို့ရတဲ့ အင်တာနက် (ဟိုတနေ့က သတင်းတပုဒ်ထဲမှာတော့ ဖြစ်လာတော့မယ်လို့ ဟောကိန်းထုတ်နေကြတာ တွေ့ရတာပဲ)
(၅) အလိုအလျောက် မီးပူတိုက်စက်

ဒါက နည်းပညာ ပြောင်းလဲမှုနဲ့ ပတ်သက်လို့ တွေးမိ၊ မျှော်မှန်းမိတာတွေပါ။

မြန်မာပြည်က အပြောင်းအလဲ

ဒီနှစ်ထဲမှာ မြန်မာပြည်က တိုးတက်ပြောင်းလဲမှုကရော။

၂၀၁၀ ရွေးကောက်ပွဲကြီးကတော့ ခြိမ့်ခြိမ့်သဲသဲ ကျင်းပလို့ ပြီးသွားပါပြီ။ ရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်းအားဖြင့် ပါလီမန်ထဲကနေ နိုင်ငံရေးအဝန်းအဝိုင်းကို ချဲ့ထွင်မယ်ဆိုတဲ့ အယူဝါဒကို ပြည်တွင်းပြည်ပ ဗန်းနဲ့လှည့်ရောင်းခဲ့သူတွေလည်း သူတို့ရဲ့ မှန်းဆထင်မြင်ချက်တွေဟာ ပါစင်အောင် လွဲမှားခဲ့ပြီ ဖြစ်တဲ့အတွက် နိုင်ငံရေးသိက္ခာတွေလည်း ကုန်းကောက်စရာမကျန်အောင် ကျဆင်းခဲ့ကြတာကို အားရစဖွယ် တွေ့မြင်နေရပါတယ်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာပါတယ်။ အခု တိုင်းပြည်ထဲမှာ အကျယ်လောင်ဆုံးအသံကတော့ ၂၁ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကိစ္စပါပဲ။ နယ်စပ်မှာတော့ အရင်က အပစ်အခတ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နအဖ စစ်တပ်အကြားမှာ တင်းမာမှုတွေ၊ တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မြို့နယ်စည်း၊ တိုင်းစည်း အောက်ခြေကစလို့ အဖွဲ့ချုပ်ကို ပြန်လည် ခိုင်ခန့်အောင် ထူထောင်မယ်။ လူထုကို နိုင်ငံရေးအရ ပါဝင်လာအောင် စည်းရုံးမယ်ဆိုရင် နအဖကို စေ့စပ်ဆွေးနွေးရေး စားပွဲကို ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ရေဒီယိုတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေးအဖြေ ကဏ္ဍ တချို့ကို နားထောင်ဖြစ်ပါတယ်။ မေးခွန်းမေးသူအများဟာ ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကိစ္စကို ထပ်ဖန်တလဲလဲ ပြောကြပြီး ရေဒီယိုပေါ်က တန်ဘိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေကြတာ တွေ့ရပါတယ်။ တေးသံရှင် ဒေါ်မာမာအေးကဆိုရင် “ညီမလေး အရဲမကိုးပါနဲ့နော်” ဆိုပြီး တိုက်တွန်းသတိပေးထားတာကိုတောင် ကြားလိုက်ရပါသေးတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို နားလည်ပေမယ့် တဖက်မှာ လူထုခေါင်းဆောင်တယောက်အနေနဲ့ သွားသင့်တဲ့ကိစ္စ၊ လုပ်သင့်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့လုပ်ရမယ့် တာဝန်ဝတ္တရား ရှိနေတာကိုလည်း သတိထားမိပါတယ်။ ဦးသန်းရွှေတို့လို အရဲမကိုးဘဲ လှိုဏ်ခေါင်းထဲမှာ ပုန်းနေပြီး တကယ်လုပ်သင့်လုပ်ထိုက်တာတွေကို မျက်ကွယ်ပြုတဲ့ ခေါင်းဆောင်မျိုးကိုတော့ လုံးဝ လိုချင်ကြမှာ မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းတို့လို ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို မဆုတ်မနစ်လုပ်နေတဲ့ ခေါင်းဆောင်တယောက်အဖြစ်မျိုးကိုသာ ပိုပြီး မြင်လိုကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တလျှောက်လုံး မိမိအသက်ကိုတောင် ပဓာနမထားဘဲ ရဲဝံ့စွန့်စားပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ခဲ့တဲ့အတွက်သာ ဒီလို ပြည်သူအများက ယုံကြည်ကိုးစားရတဲ့ အနေအထား ရောက်ရှိလာခဲ့တာ မဟုတ်ပါလား။ အရဲမကိုးတဲ့ လူလိမ္မာ၊ လူနပ်တွေချည်းသာ များလာရင် လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြမယ့် လူတွေ နည်းပါးသွားနိုင်ပါတယ်။

ဒီနှစ်အတွင်းမှာပဲ ပြည်တွင်းက အချို့သော စာနယ်ဇင်းတွေ၊ သတင်းထောက်တွေအနေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ရသမျှ အခွင့်အရေးကို ဆုပ်ကိုင်ပြီး စွန့်စွန့်စားစား ကြိုးပမ်းကြတဲ့ အနေအထားကို သတိပြုမိပါတယ်။ အချို့သော အနုပညာရှင်တွေအနေနဲ့လည်း စစ်အစိုးရဲ့ မျက်မာန်ရှမှု၊ ငြိုငြင်မှုကို ခံယူပြီး မိမိတို့ရဲ့ ရပ်တည်ချက်ကို တမျိုးတဖုံ ထုတ်ဖော်လာတာကို တွေ့ရပါတယ်။

မကြာမီအနာဂတ်မှာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျနော်မျှော်မှန်းမိတဲ့၊ တောင့်တမိတဲ့ တိုးတက်ဖြစ်ပေါ်မှုတွေကတော့....

(၁) နည်းပညာတိုးတက်မှုကို ဆုပ်ကိုင်ပြီး သတင်းလွတ်လပ်မှုကို ချဲ့ထွင်နိုင်ပါစေ။
(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အခြားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအဖွဲ့များ ညီညွတ်စွာ ပေါင်းစည်းနိုင်ကြစေ။
(၃) ကိုမင်းကိုနိုင်တို့အပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ကြစေ။
(၄) လူထုတရပ်လုံးပါဝင်မှုနဲ့ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး၊ ပြုပြင်ပြောင်းလဲရေးအတွက် လုပ်ဆောင်လာအောင် ဖိအားပေးနိုင်ကြစေ။

ဒါကတော့ လတ်တလော တွေးဖြစ်တဲ့အတွေးတွေ၊ ဆန္ဒတွေပါ။

ဘလော့ဂ်ကို လာလည်သူအပေါင်း ကျန်းမာကြပါစေ။ ပျော်ရွှင်သော ခရစ်စမတ်ပိတ်ရက်နဲ့ ကောင်းသောနှစ်သစ် ဖြစ်ပါစေဗျား။

26 comments:

မေဓာဝီ said...

အလိုအလျောက် မီးပူတိုက်စက်တဲ့ ... ကျမလဲ လိုချင်လိုက်တာ။
ဧကန္တ ကိုပေါ ကိုယ့်အင်္ကျီကိုယ် မီးပူတိုက်ဝတ်ရပုံပဲ။ မဒမ်က တိုက်မပေးဘူးထင်တယ်။ :))
ကျမတော့ ကိုယ့်အင်္ကျီကိုယ် မလိုအပ်ရင် တိုက်မနေပါဘူး။ အေးတော့ အင်္ကျီ အထပ်ထပ်ဝတ်ရတာမဟုတ်လား အတွင်းက အင်္ကျီ လူမြင်တာမှတ်လို့။ :D

အင်းးးး ကျန်တဲ့ တိုးတက်ပြောင်းလဲမှုတွေလဲ ကိုပေါ မျှော်လင့်သလို ဖြစ်ပါစေ ... ဆုတောင်းပါတယ်။

Anonymous said...

အန်တီမေဓါဝီလိုပဲ အနော်လည်း
မီးပူတိုက်စက်သာပေါ်ပြီဟေ့ဆို..
ဈေးကြီးပေးရပေးရ ဦးဆုံးအသုံးချမှာပါ။ :P

မြန်မာပြည်ပြောင်းလဲရေးအတွက်တော့
ထပ်တူမျှော်မှန်းမိပါတယ်။

T T Sweet said...

အမျိုးသမီးထုကတော့ အလိုအလျှောက် မီးပူတိုက်စက်ဆိုတာနဲ့ ညက်လုံးလေးတွေက ကြယ်လေးတွေလို လင်းလက်သွားတာပဲ။ များတို့လဲ လိုချင်တယ်။ အလိုအလျှောက် မီးပူတိုက်စက်ပေါ်ရင် သတင်းပေးကြပါဦး။

ဟွန့် ... ဦးပေါက သူ့မဒမ်ပေါ သက်သာအောင် တောင်းဆိုပေးနေတာကို ... နော့လေ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
မီးပူတိုက်စက်-----တဲ့ 
တခါမွမီးပူတိုက္တဲ့အက်ီၤဝတ္တာမေတြ ့ပါဘူး-
အကျီင်္ကိုဝတ်လိုက်ရင်ကိုယ်ငွေ့ နဲ့ မီးပူတိုက်ပြီးသားအကျီင်္
မျိုးဖြစ်သွားအောင်လုပ်လို့ရရင်ကောင်းမှာနော်-
ကိုယ်ငွေ့ မီးပူကလေးပေါ့-
မဒန်ပေါရေ----မီးပူတိုက်ပေးလိုက်အုံးနော်-
ဒို့ ကိုပေါကတော့ကြော်ငြာနေပြီဗျို့ 

Anonymous said...

Nice one , ko paw .

You will be so proud of your daughter on day like this.

http://myanmarexpress.blogspot.com/2010/12/blog-post_14.html

ချစ်ကြည်အေး said...

အလိုအလျောက် မီးပူတိုက်စက် ပေါ်လာလို့ကတော့ တရားဝင် မူပိုင် ကိုယ်စားလှယ် လုပ်ပစ်မယ်။ ပြီးမှ အမြတ်ကြီးကြီးနဲ့ ပြန်ဖြန့်မယ်။ သူဌေးဖြစ်ရချေသေးရဲ့ ဟိဟိ....
ပုံ / ဘူဇွာအမျိုး ဒေါ်ချစ်ကြည်

သက်ဝေ said...
This comment has been removed by the author.
သက်ဝေ said...

ပိုစ့်ကို အစအဆုံး သေသေချာချာဖတ်ပါတယ်... ခေါင်းထဲကို စွဲစွဲမြဲမြဲရောက်သွားတာကတော့ အလိုအလျောက် မီးပူတိုက်စက်... ဆိုတာပါပဲ...

ဒါနဲ့ ကိုယ်တယောက်တည်းလား ကြည့်လိုက်တော့ ကော်မန့်တွေမှာလည်း ဒါကိုပဲ စိတ်ဝင်တစားနဲ့ ပြောထား မေးထားတာတွေ့ရလို့ အားတက်မိတယ်...

ကိုပေါကိုယ်တိုင် တီထွင်ပြီးရင်ပဲ ဖြစ်ဖြစ်၊ ဝယ်လို့ရတဲ့ နေရာကို သိလာရင်ပဲ ဖြစ်ဖြစ် ပရိသတ်ကြီးကို အမြန်ဆုံး အသိပေးစေချင်ပါတယ်...
ကြိုတင်ကျေးဇူးတင်နေမည်...း))

pandora said...

ပို့စ်ဖတ်ပြီး အလိုအလျှောက် မီးပူတိုက်စက် ဆိုတာကို မျက်စိထဲ တန်းမြင်လာလို့ ရေးလိုက်မယ်ကြံတော့ မှတ်ချက်တွေမှာ ဒါကိုပဲရေးသွားကြတာကိုး။ ပြည်သူ့သဘောထား အစစ်အမှန်ပဲဗျ။

အင်း.. မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့လည်း အလိုအလျှောက် ရင်ကြားစေ့စက်ကလေး ပေါ်လာရင်ကောင်းမယ်ဗျာ။

ရွှေရတုမှတ်တမ်း said...

စားချင်တာကို အဆင်သင့်ချက်ပေးတဲ့စက်...ရေးချင်တဲ့အကြောင်းကို စဉ်းစားလိုက်တာနဲ့အလိုအလျောက် post တင်ပေးတဲ့စက်...
အင်း....လိုအပ်ချက်ကတော့...အများကြီး..
လွန်ခဲ့တဲ့ ၁၆ နှစ်လောက်က စ လုံးမှာ ရုံးကပေးတဲ့ ဖုန်းကို သတိရလို့ ပြုံးမိသေး...အုတ်နီခဲ လောက်ရှိတဲ့ ဟန်းဖုန်းကြီး..သူ့သယ်ရတာကို ပခုန်းတဖက်စောင်းလို့..

Anonymous said...

အလိုအလျောက် မီးပူတိုက်စက် ကိစ္စကို စိတ်အ၀င်စားဆုံးဖြစ်ကြောင်းပါ .......
လူကြံလျှင် ဘာတောင် အ၀ှာဖြစ်ဆိုလား ...
လိုလျှင်ကြံဆ နည်းလမ်းရ မို့..
အရည်အချင်းရှိသုများ ကြံကြ ဆကြ စေချင်လှပါသည်း)))

Rita said...

လျှော်လိုက်တာနဲ့ ပြန့် ရန့် ဆန့် သွားပြီး မီးပူတိုက်ဖို့မလိုတဲ့ဆပ်ပြာမှုံ့ ထွင်ဖို့က ပိုလွယ်မယ်ထင်တယ်။

Anonymous said...

To Democracy activists....

Will Myanmar not be able to independent if General Aung Sann didn't exist at this time?

How many unindependent countr(countries)still remain in South east asia and whole asia so far?

Which country is the most trouble state after British colonial rule in ASEAN country?

Anonymous said...

General Aung Sann was negligent and so the whole cabinet members were lost their lives.

I think fairly,Gen Aung Sann is responsible for losing many patriotic citizens at the meeting which he chaired and lead the team.
As a leader he can't protect the team by arranging enough security.
He's over-confident type.

It can be named nowadays Irresponsible Behaviour and leaving Myanmar country in conflcts.

Anonymous said...

Suu Kyi must go back to her step father contry and take care her sons will be the last opportunity for her.

We Myanmar citizens don't want to see face of traitor who came Myanmar for personal ambitions and encouraged sanctions to innocent Myanmar citizens.

We want Suu Kyi go back her beneficial country.

You don't belong to Myanmar.

Please do so before all citizen's anger and curse fall on you and your generation.

တန်ခူး said...

ဒီက တို့ မောင်လေး အလိုအလျောက်မီးပူတိုက်စက် လိုချင်နေတာလား... လွယ်လွယ်လေး... အိမ်ကလူကြီး ကျောင်းတုန်းကတည်းက ကျင့်သုံးလာတဲ့ နည်းလေးကို ခရစ္စမတ်လက်ဆောင်ပေးလိုက်မယ်... အကျီင်္လေးကိုခေါင်းအုံးအောက်ထားပြီးအိပ်... မနက်ကျတော့ အဆင်သင့်ဝတ်လို့ ရမယ်..

ကိုပေါရေ... ချစ်လို့ အစိုးရိမ်လွန်ကြတာ ထင်ပါတယ်... ဘာပဲဖြစ်ဖြစ်မေတ္တာတရားတွေရဲ့ အစွမ်းအာနိသင်ရယ် ပြီးတော့ ကာယကံရှင်ရဲ့ သီလရယ်ခြုံလိုက်တော့ ဒီထက်ဘာလုံဦးမှာလဲနော်

Patriotic Citizen said...

I want to laugh that Suu Kyi have religious faithful Thila(Precepts).

If she really has faithful Thila(Precepts),she won't confront and actively involved for sanctions on innocent Myanmar citizens.

What people witnessed is that Myanmar is troubled since after she arrived Myanmar.
Countries which supported Suu Kyi strongly faced financial crisises.

But Myanmar's good neighbouring countris who supported Myanmar when in need become rich and rich,stronger and stronger everyday.

Naypyidaw is very grand place.More and new kind of Natural resources are surfacing from nature earth more and more.

See who is correct?Avoid unlucky people wisely Or you'll...

Anonymous said...

မင်္ဂလာ Gregorian နဲ့ ကရင်နှစ်သစ်ပါ၊ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆန္ဒပြုပါတယ်။ :-)

မန်းကိုကို
http://mahnkoko.blogspot.com/

Anonymous said...

Mr Paw,
Please tell your mum, Mrs Aris , that there is no political prisoner in Myanmar. There are only political beggars in Myanmar. So, she can explain to her husbands in pillow talks. Nice one .

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာကြပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ-
ကိုပေါနှင့်မဒန်ပေါ-
နှစ်သစ်နှုတ်ဆက်ချင်တာဘာပို့စ်မှအသစ်မတင်လို့ ဒီကနေ
ဘဲနှုတ်ဆက်လိုက်ပါတယ်ဗျို့ - - - - -

Anonymous said...

saya paw.. i heard NLD has release a paper titled 'economy analysis'. what do u think of this paper? please use your best brain to analysis this (even if i know u don't have one.)

SawThetLin said...

ကိုပေါ (EcE) ကလောင်နာမည်နဲ့ ရန်ကုန် စက်မှုတက္ကသိုလ် နှစ်လည် မဂ္ဂဇင်း ၊ ၁၉၉၆ ခုနှစ်မှာ ရေးခဲ့တဲ့ " နံရံပေါ်ကစာ " ဝတ္ထုတိုကို ဒီမှာ တင်ထားပါတယ်။ လေးစားစွာဖြင့် (http://sawthetlin.blogspot.com/2011/01/blog-post_16.html)

Anonymous said...

To the anonymous who is wasting her time with non-funny jokes that are irrelevent to this post,
I noticed that all the people commented here including the ko paw neglected you as if you are an shitty pig. Don't you feel ashamed of yourself? The way you write something and next commnet continued for the auto-ironing iron discussion is getting very ridilucus to me. LOL.
( I purposely addressed you "Her" as I suspect that you don't have balls)
_ Arkar

Anonymous said...

ငပေါတယောက် ဘယ်ရောက်သွားပါလိမ့်။ ဘိုကတော်ဆီများ အခစားသွားဝင်နေသလားဗျို့။ အလှည့်ရော ရောက်ရဲ့လား ။ မယ်မယ်ဘုရားမှာ ကိုယ်လုပ်တော်တွေက များပါသဘိနဲ့။ ရှူပေါက်ချိန်တောင် ရတာဟုတ်ဘူး။ ခိ ခိ သမီးလေးတော့ ယောင်လို့တောင်မခေါ်သွားနဲ့နော်။ အကျင့်ဆိုတာကူးတတ်တယ်ဗျ။

Anonymous said...

ကိုယ့်မျိုးဆက်ကို ကိုယ်မှမထိမ်းရင် ဘယ်သူမှ မထိမ်းပါဘူး။ ကိုယ့်ဘာသာစကားနဲ့ ကိုယ့်စာပေကို ကိုယ်မှ မလေးစားရင် ဘယ်သူမှ မလေးစားပါဘူး။ ကိုယ့်နိုင်ငံကို ကိုယ်မှမချစ်ရင် ဘယ်သူမှမချစ်ပါဘူး။ ကိုယ့်ဘာသာသာသနာကို ကိုယ့်လူမျိုးဗုဒ္ဓဘာသာတွေမှ မကြည်ညိုရင် ဘယ်သူမှ မကြည်ညိုပါဘူး။ ကိုယ်မှ တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးမထားပါဘူး။

Anonymous said...

ပြည်ပဒေါ်လာစားအတိုက်အခံ (၇) မျိုး =>

(၁) အကြောင်းကြောင်းကြောင့် ပြည်တွင်းကို ဝင်ရောက်ခွင့်မရှိတော့သဖြင့် လက်ရှိအစိုးရ မရှိမှ ပြည်တွင်းသို့ ဝင်ရောက်နိုင်မည်ဟု တွေးမိသောကြောင့် လက်ရှိအစိုးရ ဘာလုပ်လုပ် ကန့်ကွက်မည့်သူများ။
(၂) ဘာသာရေးလွမ်းမိုးလိုသည့် ဗုဒ္ဓဘာသာမဟုတ်သည့် အခြားဘာသာဝင်များ
(၃) လူမျိုးရေးသြောဇာလွမ်းမိုးလိုသည် ဗမာ မဟုတ်သည့် တိုင်းရင်သားများနှင့် ကပြား များ
(၄) အရူးနှစ်မျိုး (စိတ်ဖောက်ပြန်ပြီးရူးနေသူများနှင့် ဦးနှောက် ကျပ်မပြည်၍ ရူးနေသူများ)
(၅) မွတ်စလင်ကုလားများ၊
(၆) အစွန်းရောက်သူများ၊
(၇) မြန်မာစာ၊ မြန်မာစကား၊ မြန်မာ့သမိုင်းနှင့် မြန်မာ့နိုင်ငံရေးအကြောင်း အသေအချာမသိ၊ မတတ်သူများ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs