စင်္ကာပူမှာ ဝေတဲ့နှင်း

Share |


Photo credit - Link -

နှင်း...မှ ဟုတ်ရဲ့လား....။
နှင်းကလေးတွေမှ ဟုတ်ရဲ့လား...အာ။

သံသယတောအလယ် မောတယ်...အချစ်ရယ်။
ပန်းချီကဗျာထက်လှတဲ့
စင်္ကာ...တက္ကရဲ့ ကျွန်းညိုမြဝယ်... (ထိုးထိုးထောင်ထောင် ကရိန်းလေးတွေကို စိတ်ကူးနဲ့ ဖျောက်ကြည့်ပါ။ တကယ်လှပါတယ်။)
မိုးမြေနိမ့်ယောင် မာယာဆောင်လို့...
မြူနှင်းတို့ ဝေတဲ့ကာလ
ချမ်းမြမြ ချိန်ခါဝယ်
လှပုံလေးလည်း တမျိုးရယ်....
တစိမ့်စိမ့်လေးလည်း အေးတယ် (အဲယားကွန်းဖွင့်ထားလို့)
တသိမ့်သိမ့်တွေးစရာလေးတွေ ရှိနေပြီမို့
စင့်ကာပူမှာ ဝေတဲ့နှင်းရယ်...
နှင်းကလေးတွေမှ ဟုတ်ရဲ့လား...အား...
နှင်းကလေးတွေမှ ဟုတ်ပါရဲ့လား...ကွယ်။

ဘုရားစူး... နှင်းမဟုတ်ရပါဘူးခင်ဗျာ။ အင်ဒိုနီးရှား တောင်ယာမီးရှို့ရာက နှစ်စဉ်လိုလို စင်္ကာပူဖက်ကို လွင့်လာတဲ့ မီးခိုးငွေ့တွေပါ။ ဒီလိုပဲ.. စင်္ကာပူမှာ ဆောင်းရာသီမကြုံရလို့ ကြံဖန်ပြီး သီချင်းလေးနဲ့ ဆောင်းဖီလင် သွင်းယူကြည့်လိုက်တာပါ။ စင်္ကာပူမှာနေထိုင်သူတွေအဖို့ ဒီအတိုင်းနေလည်း အသက်ရှူလေပြွန်လမ်းကြောင်းမှာ ရောဂါရမယ့်အတူတူ နေရတာ တန်အောင် မဖြစ်မနေ ဆေးလိပ်သောက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အကြောင်းစုံသိလိုချင်ရင် ဓါတ်ပုံအောက်က လင့်ခ်မှာသာ သွားဖတ်ကြည့်ပါတော့။

12 comments:

သက်ဝေ said...

ဟုတ်တယ်နော်...
အရင်နေ့နဲ့ စာရင် ဒီနေ့ ပိုဆိုးလာသလိုပဲ...
ကဲပါလေ... မထူးပါဘူး... ကိုပေါ ပြောသလို ဆေးလိပ်လေးပဲ ဝယ်သောက်ကြတာပါ့...း))

morris said...

ဟာ...အ ကျိုး နည်း ၊ သေ စမ်း ငါ တော် တော် တုံး တာ ပဲ ။ မ သိ ပေါင် ဗျာ ၊ မ နေ့ က အ လုပ် က နေ သိပ် မ ဝေး လှ တဲ့ အိမ် ကို လမ်း လျှောက် ပြန် လာ တယ်၊ ပြန် တာ နောက် ကျ တော့ တော် တော် တောင် မှောင် နေ ပြီ ၊် စိတ် ထဲ မှာ တော် တော် လေး ကို ကြည် နူး သွား တာ က လား ။ ဘယ့် နှယ့် .. နှင်း လေး တွေ ကျ နေ ပါ လား ပေါ့ ။ အမ် မယ် လူ က ခန္ဓာ ကိုယ် လေး ကို တောင် ကြုံ့လိုက် သေး တယ် ။ ကို ထီး ရဲ့ " နှစ် တိုင်း ကြုံ ကာ နေ မယ် ၊ ဟေ မာန် ဆောင်း ရဲ့ ဒီ အလွမ်း ရယ်....မ ငို ချင် ဘူး.. ဒီ ဆောင်း တ ည တော့ မ ငို ချင် ဘူး " သီ ချင်း ကို တောင် ဆွဲ ဆွဲ ငင် ငင် အူ လိုက် မိ သေး တာ၊ နှင်း ထဲ မှာ လေ .. အိမ် ပြန် ရောက် မှာ တောင် မ လို လား လို့ လမ်း ကို တောင် ဖြည်း ဖြည်း လျှောက် လိုက် သေး တယ် ( ခွီး... ခွီး... :D )။ ကြည့် စမ်း အ ခု မှ သိ တယ် ၊ အဲ့ ဒါ အင် ဒို က တောင် ယာ ရှို့ တဲ့ မီး ခိုး တွေ တဲ့ လား ။ သေ လိုက်၊ သေ လိုက် ..။ :-/

Moe Tain Nyo said...

ကျွန်တော် လည်းမြူတွေဆိုင်းနေတယ်ပဲထင်တာ။ အခုမှ သိတယ်။

ကိုပေါ said...

ဟုတ်တယ်.... မသက်ဝေ... ဒီကနေ့ အပြင်ထွက်လိုက်တော့ မီးခိုးနံ့ကလေးတောင် ရလိုက်လို့... “ယာတကြော...သာမောဖွယ့်တလီ... ထယ်ထိုးကြ...မီးခိုးက တလူလူဝေသည်” ဆိုတဲ့ ဝင်းဦးသီချင်းလေးတောင် ညည်းဖြစ်လိုက်သေးတယ်။

Morris.... အဲလို တလွဲလေး အမှတ်မှားနေတာကမှ ရင်ခုန်စရာကောင်ဦးမယ်ဗျိုး။ လွမ်းတေးကို သီဆိုရင်း ကိုယ်ဆုတောင်း နေတယ် အချစ်ရယ်.... မငိုချင်ဘူး... ရွှတ်... ဒီဆောင်းတညတော့ မငိုချင်းဘူး.....

ကို မိုးတိမ်ညို တယောက် အရင်နှစ်က မီးခိုးဝေတာကို သတိမထားလိုက်မိဘူး ထင်တယ်။

ံKaung said...

ဟုတ်ပါရဲ့ လွန်ခဲ့ ၄ နှစ်ကျော်လောက်က အဲဒီ Haze တွေ အရမ်းဆိုးပြီး အသက်ရှု ကျပ်လာလို့  စင်္ကာပူက တောင် ထွက်ပြေးဖို့  စဉ်းစားသေးတယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
Anonymous said...

Hinnn! Zaw Myo Ka le , Lu Zooo !!
Paw ka yuu chinn yaung Saug Nay dar par soo.

Nga Paw (B) South Yuu

မောင်ဝေး said...

It's not fog it's called smog.

Anonymous said...

Today ..Air quality of SG @ 1PM : 72 PSI ( still in moderate range )

http://app2.nea.gov.sg/psi.aspx

T T Sweet said...

The three-hour Pollutant Standards Index (PSI) recording climbed to 108 as at 6pm, much higher than the 80 on Wednesday, which was the worst recording since 2006 when Singapore was last blanketed by the severe haze.

ကိုပေါရေ ... ဒီနေ့ညနေက ၁၀၈ အထိ တက်သွားသတဲ့။ ၂၀၀၆ ကတည်းက အမြင့်ဆုံးတဲ့။ အင်္ဂါနေ့ကတည်းက အပြင်မှာ haze တွေ များလိုက်တာဆို အပြင်ထွက်ကြည့်တာ တကယ်မီးခိုးနံ့ရလို့ အံသြသွားတယ်။ ဆူမက်ထြားကလူတွေ ဘယ်လိုနေလဲမသိ။

သံလွင် HeRo said...

အကြံပေးချက်ကိုကြိုက်သဗျာ

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs