"ထက်ထက်မိုးဦးနဲ့ သူတို့တတွေ”

Share |

(ဓါတ်ပုံကို ဒီက ယူပါတယ်။)

တီဗီမှာ ကြော်ငြာတွေ ခေတ်စားကာစ ခေတ်က ထက်ထက်မိုးဦး ကြော်ငြာတခုလာတယ်။ ရေကူးကန်ဘေးမှာ ရေကူးဝတ်စုံကလေးနဲ့။ အဲဒီကြော်ငြာကို တောသူ အစ်မတယောက်က ကြည့်ပြီး ကျိတ်မနိုင်ခဲမရ ဟောသလို မှတ်ချက်ချတယ်။

“ကောင်မ၊ အရှက်ကို မရှိဘူး။ ဝတ်ထားလိုက်တာ ပေါ်တော့မယ်။ ကြည့်နေ၊ သူ ကြာကြာခံမှာ မဟုတ်ဘူး။ ခဏလေးနဲ့ကို ကျမှာ..”

သူပြောတဲ့အထဲက “ခဏလေးနဲ့ကို ကျမှာ…” ဆိုတာ မကြာခင် စန်းကျသွားမှာ၊ မှေးမှိန်သွားမှာ လို့ ဆိုလိုချင်တာပါ။ အဲဒါကြားလိုက်တော့ “ဟ… ဘာဆိုင်လို့လဲ” လို့ ကျနော့်စိတ်ထဲမှာ တွေးမိတယ်။ နှုတ်ကတော့ ထုတ်မပြောဖြစ်ပါဘူး။ ထုတ်မပြောဖြစ်လိုက်တဲ့အတွက် အခု နောင်တရမိတယ်။ သူ့အထင်မှားသလား၊ မှန်သလားကတော့ အခုအချိန်အထိ ရွှေမင်းသမီး ထက်ထက်မိုးဦးတယောက် နာမည်ကြီးနေသေးတာကိုသာ ကြည့်ပါတော့။

အခုတလော ထက်ထက်မိုးဦးက သတင်းထောက်တယောက်ကို ပါးဆွဲရိုက်ဖို့ ကြိုးစားတာနဲ့ ပတ်သက်လို့ ရေးကြသားကြတဲ့နေရာမှာ “ဒီလို သတင်းသမားတွေအပေါ် ကိုယ်ချင်းမစာ စော်ကားရင် ရေရှည်မှာ ပရိသတ်က လက်ခံလိမ့်မယ် မထင်နဲ့” ဆိုတဲ့ မှတ်ချက်မျိုးတွေ တွေ့နေရတယ်။ အဲဒီအခါ “ဟ… ဘာဆိုင်လို့လဲဟ” လို့ ထပ်ပြီး တွေးမိပြန်ပါတယ်။

စကားစပ်မိလို့ပြောရရင် အနုပညာသမားမဟုတ်တဲ့ နာမည်ကျော်ကြားသူတွေထဲက ဘောလုံးသမားအကျော်အမော် မာရာဒိုနာဆိုရင် ဓါတ်ပုံချောင်းရိုက်တဲ့ သတင်းထောက်ကို လေသေနတ်နဲ့တောင် လိုက်ပစ်သေးတာဆိုပဲ။ ဒါပေမယ့် မာရာဒိုနာ ယနေ့အထိ နာမည်ကြီးဆဲပါ။ မနေ့ကတောင် သူ့သတင်းကို ဖတ်လိုက်ရသေးတယ်။ (မာရာဒိုနာ ပါတော်မူဖို့ အတွက် အဘိုးတန်အိမ်သာအိုး တပ်ဆင်ပေးလိုက်တယ် ဆိုတဲ့ သတင်း။) ကုန်ကုန်ပြောရရင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတောင် ကျောင်းသားဘဝက စော်ကားမော်ကားပြောလာတဲ့ ကျောင်းသားတယောက်ကို ဆွဲထိုးဖို့ ကြိုးစားသေးတယ်လို့ ဖတ်ဖူးပါတယ်။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းကို ကျနော်တို့ အခုထိ ကြည်ညိုလွန်းလို့ အလေးတောင် ပြုနေရသေးတယ် မဟုတ်ပါလား။

ဒီလိုရေးပြလို့ ထက်ထက်မိုးဦးတို့ မာရာဒိုနာတို့၊ ကိုအောင်ဆန်းတို့ရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်ပုံကို မှန်တယ်လို့ ပြောချင်တာမဟုတ်ပါဘူး။ အနုပညာသမားဖြစ်စေ၊ အားကစားသမားဖြစ်စေ၊ နိုင်ငံရေးသမားဖြစ်စေ သူတို့ရဲ့ အနုပညာအပေါ်မှာ၊ အားကစား စွမ်းဆောင်ရည်အပေါ်မှာ၊ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာ ကြည့်ပြီး ပရိသတ်က၊ လူထုက အားပေးကြခြင်းသာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ချို့ယွင်းချက်ကလေးတွေဖြစ်တဲ့ ဒေါသကြီးခြင်း၊ စိတ်မြန်လက်မြန်ရှိခြင်း၊ အဆဲသန်ခြင်း၊ ခပ်ကြမ်းကြမ်းပြောတတ်ခြင်း၊ မာနကြီးခြင်း စတာလေးတွေကြောင့်ဖြင့် ကျရှုံးသွားတဲ့လူ အင်မတန်ရှားပါတယ်။ မနိုင်ရင် ပြိုင်ဖက်ရဲ့ နားရွက်ကို ဖမ်းကိုက်တတ်တဲ့ မိုက်တိုင်ဆင်ကတော့ ချွင်းချက်ပေါ့လေ။

ကိုယ်ကျင့်တရား ဘယ်လောက်ကောင်းပါစေ၊ စိတ်နေစိတ်ထား ဘယ်လောက်ပင် နူးညံ့ပါစေ…. စန်းမရှိတဲ့အနုပညာသမားတွေ၊ အရည်အချင်းမရှိတဲ့ အားကစားသမားတွေ၊ ညံ့ဖျင်းတဲ့ နိုင်ငံရေးသမားတွေ တပုံတပင်ကြီးပါ။ တဖက်မှာလည်း ဆိုးသွမ်းနေပေမယ့်၊ ခက်ထန်ကြမ်းတမ်းပေမယ့် အနုပညာမှာ၊ စွမ်းဆောင်မှုမှာ သူမတူအောင် ကောင်းမွန်တဲ့ အနုပညာသမားတွေ၊ အားကစားသမား အကျော်အမော်တွေ ရှိနေပြန်ရော။

ကျောင်းဆရာတယောက်ဟာ သူကြိုက်တတ်လို့ အားလပ်ချိန် ညနေတိုင်းမှာ အရက်သောက်ချင်သောက်မယ်။ ဒါပေမယ့် သူ့ဘာသာရပ်မှာ အကောင်းဆုံး သင်ပြနိုင်သူတဦးဖြစ်ခဲ့ရင် အဲဒီလူကို ကျောင်းဆရာကောင်းတယောက်အနေနဲ့ ကျနော်သတ်မှတ်တယ်။ ဆရာဝန်တယောက် ဝါသနာပါလို့ ကိုယ်ပိုင်အချိန်မှာ ချိန်းဝိုင်းတွေလှည့်ပြီး ဖဲရိုက်တတ်သူဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် သူ့လူနာတွေအပေါ်မှာ စောင့်ရှောက်တယ်၊ ဂရုတစိုက် ကျွမ်းကျင်စွာ ကုသပေးနိုင်တယ်ဆိုရင် ဆရာဝန်ကောင်းတယောက်လို့ ကျနော်မြင်တယ်။ ဝသီအရ အဆဲသန်တဲ့ တရားသူကြီးတယောက်ဟာ တရားခွင်မှာ ဥပဒေနဲ့အညီ တရားသဖြင့် ဆုံးဖြတ်ပေးတယ်ဆိုရင် တရားသူကြီးကောင်း တယောက်ပဲ။ အိမ်မှာ လင်မယားတကျက်ကျက်ရန်ဖြစ်နေပေမယ့် အချစ်ဝတ္ထုတွေ အရေးကောင်းတဲ့ စာရေးဆရာ ဖြစ်နေနိုင်ပါသေးတယ်။ အလားတူပဲ… မင်းသမီးတယောက်ဟာ ပရိတ်သတ်ကို ဖျော်ဖြေမှုပေးနိုင်တယ်ဆိုရင်၊ အနုပညာပြည့်ဝသူတယောက်ဖြစ်တယ်ဆိုရင် သူ့ဟာသူ ဘယ်လောက် အိမ်ထောင်ဆက်တွေများများ အနုပညာသည်ကောင်းတယောက်ပါပဲ။ သူ့ရဲ့ နာမည်အတက်အကျ ဇာတာစန်းလဂ်ဟာ သူ့ကိုယ်ရေးကိုယ်တာဘဝနဲ့ သိပ်မသက်ဆိုင်လှပါဘူး။

လူတယောက်ဟာ သူ့ကိုယ်ပိုင်အားလပ်ချိန်မှာ သူဘာလုပ်သလဲ၊ သူ့ဝါသနာက ဘာလဲ။ ဒါတွေ ကျနော်နဲ့ မဆိုင်ဘူး။ စိတ်လည်း မဝင်စားဘူး။

တရားရိပ်သာ မှန်မှန်ဝင်တယ်၊ စနေနေ့တိုင်း ဝတ်တက်တယ် ဆိုပြီး တရားခွင်မှာကျတော့ မတရားဆုံးဖြတ်တတ်တဲ့၊ ဘက်လိုက်ဆုံးဖြတ်တတ်တဲ့ တရားသူကြီးမျိုးဆိုရင် အကျင့်စာရိတ္တအရ အင်မတန် အောက်တန်းကျတဲ့ အတန်းအစားထဲကလို့ ကျနော်သတ်မှတ်ချင်ပါတယ်။ သူ့မိသားစုအပေါ်မှာတော့ အင်မတန်တာဝန်ကျေတဲ့ အိမ်ထောင်သည်ကောင်းတယောက်၊ ဒါပေမယ့် ကျောင်းမှာ လျှော့သင်ပြီး ဝိုင်းကျူရှင်တွေကျမှ အသားကုန် အစွမ်းပြတတ်တဲ့ ဆရာမျိုးတွေကိုလည်း ကိုယ့်ကျင့်တရားအရ အောက်တန်းကျတဲ့ အတန်းအစားထဲကလို့ မှတ်ယူပါတယ်။

အနုပညာအရည်အသွေး၊ အားကစားအရည်အချင်း၊ နိုင်ငံရေးအရဦးဆောင်နိုင်မှု၊ အလုပ်တခုကို စွမ်းဆောင်ရည်အား စတာတွေကို ပုဂ္ဂိုလ်ရေးရာကိစ္စတွေနဲ့ ဒွေးရောယှက်တင် ရောထွေးစဉ်းစားတာ သဘာဝ မကျလှပါဘူး။ အဲဒါကြောင့်……… အခုအဖြစ်အပျက်ကြောင့် ထက်ထက်မိုးဦး နာမည်ကျလိမ့်မယ်လို့ ကျိတ်မနိုင်ခဲမရ ဒေါမနဿပွားနေကြသူများ……….. နည်းနည်းလောက်တော့ လျှော့ဦးနော်…လို့ ပြောလိုက်ရပါတယ်ဗျိုး။

ပုံ…. ကိုပေါ။
ထက်ထက်မိုးဦး ပရိသတ်။း-)

(စာကြွင်း။………။ ထက်ထက်မိုးဦး ပြောတဲ့စကားထဲမှာ မီဒီယာသမား လစာ တပဲခြောက်ပြား ကို သနားလို့ ဆိုတာလေးကို ကြိုက်တယ်။ မှန်သောစကားပဲ။ သတင်းသမားများအနေနဲ့ နာစရာ မလိုပါဘူး။ Positive thinking နဲ့ တွေးကြည့်မယ်ဆိုရင် ဒါဟာ Wake-up call ပဲ... ကိုယ့်လူတို့။ လစာတိုးတောင်းဖို့ အချိန်တန်ပြီ။ သတင်းသမားသက်သက်နဲ့ ဝင်ငွေကောင်းတာဆိုလို့ (နိုင်ငံတကာက ကွန်ဖရင့်တွေကို လှည့်တက်နေတဲ့) ဟိုအချောင်သမား အုပ်စုပဲ ရှိမယ်။)

84 comments:

khin oo may said...

မှတ်ချက်.
နောက်ဆုံး ဆန်းတန်စ်ကတော့ဝါသနာပါလို့ထည့်လိုက်တာပါ.ခွင့်လွတ်ပါဗျာ။

ZT said...

ဒီနေ့ သတင်းစာဆရာတွေ ပြောတာ ဖတ်ပြီး ရယ်ချင်တယ်ဗျာ။ လူထုသိချင်တဲ့ အကြောင်း မေးပေးဖို့ တာဝန်ရှိတယ်တဲ့။ ထောင်ထဲရောက်မယ့် ကိစ္စမျိုးကျတော့ ရူးချင်ယောင်ဆောင်ပြီး ထက်ထက်မိုးဦး ကိုယ်ရေးကိုယ်တာ ကိစ္စကျမှ အသံကောင်း ထဟစ်နေတယ်။

ဒါနဲ့ သတင်းထောက် မေးတာဖတ်ပြီး နေရာတင် ပါးထ မရိုက်တာ တော်သေးတယ် လို့တောင် တွေးမိသေးတယ်။ သူများ သားသမီး သေတဲ့ ကိစ္စကို ကိုယ်ချင်း မစာမနာဗျာ။ မေးစရာ ဒီလောက်တောင်ပဲ ရှားသလား။

ထက်ထက်မိုးဦး၏ အမာခံပရိသတ်တစ်ဦး :P

သက်ပိုင်သူ said...

ကိုပေါရေ ထက်ထက်မိုးဦးကို ပြည်တွင်းက စာနယ်ဇင်းသမားတွေက ဆော်..... အင်တာနက် ဘလော့ဂါတွေက စာနယ်ဇင်းသမားတွေကို ပြန်နှက်.. ကြည့်လို့ကောင်းမယ့်ပွဲပဲ..
စကားမစပ်... ကျွန်တော်လည်း ထက်ထက်ပရိသတ်ပဲဗျ

ကိုပေါ said...

မခင်ဦးမေ....

တကြောင်းဆို တကြောင်း ထိပါပေတယ်။း-)

ကိုဇက်တီ....

ကွက်တိပဲဗျိုး။ ကျနော် ပထမ ရေးတုန်းက အဲဒီအကြောင်းပါတယ်ဗျ။ နောက်မှ ပြန်ဖြုတ်လိုက်တာ။ ဆရာလူထုစိန်ဝင်းတို့လို တကယ့်သတင်းသမားကြီးတွေကို အားနာလို့။

တကယ်တော့ နအဖ မိုက်ရိုင်းတာကမှ ကမ်းကုန်နေတာ။ နအဖ နဲ့ စာပေစိစစ်ရေးက စော်ကားသမျှတော့ သတင်းသမားအများစုက နှစ်ဆယ်မိုး နှစ်ဆယ်နွေ ငြိမ်ခံနေခဲ့ပြီး အခု ထက်ထက်မိုးဦးကိစ္စမှာကျမှ အနာကြီးနာနေတာကို ကျနော်လည်း အူယားနေတာဗျ။

pandora said...

တင်ထားတဲ့ ထက်ထက်ပုံလေး ချစ်စရာ.. ရှာတတ်လိုက်တာ။

(ဒီလိုပဲပြောပြီး နှာစေး ပြန်သွားသည်။) :P

Anonymous said...

yeah..i agree with ko paw.

Anonymous said...

ဟုတ်ပါ.၊ တီးလဲတီးချင်စရာပေဘဲ။
မေးတဲ.မေးခွန်းတွေကလဲ အဆင်.မှမရှိတာကိုး။
ညီလင်းဆက်ဘလော.ဂ်ထဲမှာရေးထားသလိုဘဲ မျိုးကျော.မြိုင်တို.၊မိုးဟေကိုတို.လိုမျိုး တကမာလုံးက ပေါ်တင်ကြီးမြင်တွေ.နေရတဲ.ဗီဒီယိုကလစ်မျိုးအကြောင်းကျတော. ဘာလို.ထုတ်ဖော်မမေးကြတာလဲဆိုတာအံ.သြစရာဘဲ။
ထက်ထက်မိုးဦးများဆို စာနယ်ဇင်းတွေကလဲအချဉ်ဘဲ၊
သူ.ဟာသူအိမ်ထောင်ဆက်များတာကိုဘဲ။

blackroze said...

အနုပညာသမားဆိုတာာလဲ
လူထဲကလူတစ်ဦးပါဘဲလေ..
သတင်းထောက်ကလဲလွန်ပါတယ်လေ..
ကိုပေါပြောသလိုဘဲ
တကယ်မေးရမဲ့မေးခွန်းတွေတော့မမေးကြတာ
ဘာလို့လဲမသိဘူးနော်..
ဥပမာ..မီးမှန်မှန်မလာတဲ့ကိစ္စပေါ့..းးးး))))))

CM said...

ဒီအကြောင်းတွေနဲ့ပါတ်သက်ပီး တခုခုတော့ မှားနေတယ် ထင်နေတာ ခုမှအမှားကိုသိပါတယ် ... ဟုတ်ပါတယ် လူတယောက်ဟာ သူကျင်လည်ရာပါတ်ဝန်းကျင်မှာ သူ့အလုပ်မှာ တာဝန်ကျေဖို့က အဓိကပါ ... ဘယ်သူမှ ပြီးပြည့်စုံတယ် ဘက်ပေါင်းစုံကကောင်းတယ် မရှိနိုင်ပါဘူး ...

ဖြိုးအောင် said...

ဘလော့ဂ်ဂါတွေ ရေးထားတာနဲ့ ကွန်မင့်ပေးထားကြတာတွေ ထက်ထက်နဲ့ သူ့ပရိသတ်တွေ အကုန်ဖတ်ရစေချင်တယ်ဗျာ..
သူ့ကို ချစ်တဲ့ ပရိသတ်အနေနဲ့ သူစိတ်ထိခိုက်သွားမှာ မလိုတာတော့ အမှန်ပဲ။
စာနယ်ဇင်းသမားတွေ ဒီလောက်အာပေါင်အာရင်း သံသံနဲ့ စုစုစည်းစည်းရှိတာ တခြားအရေးပါတဲ့ ကိစ္ဏတွေမှာ ဘာလို့ အင်အားမပြကြတာလဲ အံ့သြစရာပဲ။

Anonymous said...

မှန်တယ်ကိုပေါ။
ကိုပေါပြောတာ ထောက်ခံပါတယ်။
အက်သစ် မရှိတဲ့ စာနယ်ဇင်းသမားတွေ တအားအမြင်ကပ်တယ်။

ကိုအောင် said...

ဝေဖန်မှုတစ်ခု ဆွေးနွေးမှုတစ်ခုမှာ လက်မခံနိုင်ရင်
ရပ်လိုက်တာ အကောင်းဆုံးပါ။ ကိုယ်ထိလက်ရောက်
စတင် တိုက်ခိုက်ကြရင်တော့ တိုက်ခိုက်မှုဟာ ဥပဒေ
ပြဋ္ဌာန်းချက်အပေါ် စိန်ခေါ်မှု တစ်ရပ်ပါပဲ။ ကိုယ့်ဖက်
က ဘယ်လောက်မှန်မှန် စတင် တိုက်ခိုက်သူရဲ့ အပြု
အမူဟာ မှားတယ်၊ လုံးဝ မှားတယ်လို့ ပြောလို့ရ
ပါတယ်။ ကိုယ်လက်မခံနိုင်တာကို မေးမြန်းတာတွေ
အတွက် သည်းမခံနိုင်ရင် ဘောင်ထဲက ဖြေရှင်းသင့်ပါ
တယ်။ ဘောင်ကိုကျော်ပြီး တိုက်ခိုက်တာကတော့
ကိုယ်ထိလက်ရောက် ကျူးလွန်မှုတစ်ခုပါ ...
ကျနော်တော့ အဲလိုမြင်ပါတယ်။

thant said...

yes,,, thanks 4 this post..

ရဟတ်တာ အိုးကွဲ said...

ကိုအောင်(ပျူနိုင်ငံ) လို ရဟတ်တာ (ရဟန္တာ) ကြီးကတော့ ဟုတ်ထှာပေါ့လို့။ ခွိ ခွိ။

Anonymous said...

btw, ထက်ထက် ပုံလေးလှလိုက်တာ။ မပန်ဒိုရာ ပြေားသလိုပဲ ရှာတတ်လိုက်တာ တကယ်။

Rita said...

ဒီကိစ္စကတော့ နှစ်ဘက်လုံးမှားပြီး နှစ်ဘက်လုံးနစ်နာတဲ့ ကိစ္စလို့ မြင်မိတယ်။ ခံစားစိတ်ရှိမယ့် လူတွေဖြစ်တော့ တော်တော်နဲ့ ပျောက်နိုင်ကြမယ် မထင်ဘူး။ (ကျွန်မ အထင်သက်သက်ပါ)

ကြားထဲက အမြတ်ထွက်သွားတာက ရောင်းကောင်းမယ့် ဂျာနယ် မဂ္ဂဇင်းနဲ့ ပြောစရာရသွားတဲ့ ပရိသတ်တွေ။

ထောက်ခံတာ မခံတာကလည်း နှစ်ဘက်စလုံးမှာ နှစ်မျိုးလုံး ရှိမှာပါပဲ။

Anonymous said...

yes.. sure.. i agree with u

Anonymous said...

ရီတာက အသဲနှလုံးမရှိဘူး။ အဲဒါကြောင့်နေမှာ ..ရည်းစားမရသေးတာ။ ပုံမှန် မတွေးတတ်ဘူး။ လူစွမ်းကောင်း လိုလို သူများထင်အောင်တော့ရေးတတ်သား။

ဧပရယ်လ်ပူး@ပူးတေ said...

တကယ်တော့ နအဖ မိုက်ရိုင်းတာကမှ ကမ်းကုန်နေတာ။ နအဖ နဲ့ စာပေစိစစ်ရေးက စော်ကားသမျှတော့ သတင်းသမားအများစုက နှစ်ဆယ်မိုး နှစ်ဆယ်နွေ ငြိမ်ခံနေခဲ့ပြီး အခု ထက်ထက်မိုးဦးကိစ္စမှာကျမှ အနာကြီးနာနေတာကို ကျနော်လည်း အူယားနေတာဗျ။

အ တူ တူ ပဲ........ (ဒွေးလေသံဖြင့်)

ထောက်ခံပါတယ်......

Anonymous said...

လူပဲ..ဘာသားနဲ့ထုထားတာမှတ်လို့~
လူတစ်ယောက်နဲ့တစ်ယောက် သည်းခံနိုင်တဲ့အတိုင်းအတာချင်းမတူကြပါဘူးလေ။
ဒါကြောင့် ကိုယ်ထိလက်ရောက် လုပ်လိုက်တာကို မှားတယ်လို့ ကိုယ့်ပေတံ နဲ့
တိုင်းပြီး မဝေဖန်သင့်ပါဘူး။

(ပုထုဇဉ်)

Rita said...

ခုမှ သတိရတာ တစ်ခု ပြန်လာရေးတာ။

ကိုပေါကလည်း ဒါကို နိုင်ငံရေးနဲ့ ဆက်စပ်ထားလို့။

ကျွန်မလည်း နိုင်ငံရေးနဲ့ ဆက်စပ်တွေးနေသေးတယ်။ လူတွေ မင်းသမီးနဲ့ အင်တာဗျူးယာ ကိစ္စပဲ စိတ်ဝင်တစား vote လုပ်နေကြ၊ ပြောဆိုနေကြတာ။ မကြာခင်လာမယ့် ရွေးကောက်ပွဲကျ အဲလောက် စိတ်ဝင်တစား vote ပါ့မလားလို့။

:D

Anonymous said...

အစော်ကားခံရ တဲ့ သူဟာ သူဘယ်လို အစော်ကားခံရ တယ် ဆိုတာ သူပဲသိမယ် ဘေးလူက ဝင်ပြီး ခံစားပေးလို့မရဘူး ။ အဲဒီ အချိန် သူ့နေရာမှာ ကိုယ်သာဆို ရင်လဲ ဘယ်လို တုန့်ပြန်ဖြစ်မယ် မပြောနိုင်ဘူး ။ လူတိုင်း ဒေါသ ကို စည်းကမ်းရှိရှိ ထိန်းနိုင်ကြရင် တရားရုံးတောင်မလိုဘူး လို့ ထင်တယ်။

Khin

nandalynn said...

Ko paw,
Now, I have come and read ur post. I agree with ur post but I dono't like ur remarks below one. U said that this reporters salary is low and they must ask to increase their salary. U think that their owner can give their salary to increase. In this remarks, i can see ur mind that u so depress of reporters' opinion and salary.I understand Htet Htet Moe Oo' behavior becasuse of reporter asked her personal problems. But she should not say concerning with reporters' salary. But i understand that she is not educated person and she is only actor. But you are educated person and u told like that and now i understand that ur thinking and ur I.Q.

Anonymous said...

Very Good post. I agree with Ko Paw.

Anonymous said...

o

Anonymous said...

I totally agree with Ko Paw. Your post made me clear my mind on her case. Whatever it is, I still love her. Yes, it is because of her performance than her personal life.

First, I felt HHMO should not do "Ko Hti Lat Yauk". But we r just third party n we can easily say like that. If I were in her place, I would also do something to interviewer for sure.

I can be in her shoes that how much she must be moody for her baby's passing away within a few second after delivery, how much she felt bad that media r talking about her marriage(s) several times. (In an interview with Irrawaddy, she said, she didn't keep any secret for her marriages, but media repeat it again n again n never care about her present life with her hubby n mom in law). In fact, her hubby n family accepted all n happy with her. Why not let them be happy.

One of HHMO's fans:))

TD

Anonymous said...

ဒါပေမဲ့ တခုလောက်တော့ မေးပါရစေ..အဲဒီမေးတဲ့သူက
နံမည်ကြီးအင်တာဗျူးဆရာ/မ တစ်ယောက်ဆို ထက်ထက်မိုးဦးက ဂလိုတုံ့ပြန်ပါ့မလား???
အားနည်းတဲ့သူကို နိုင်စားတတ်တဲ့လူ့သဘာဝလား????

Anonymous said...

နံမည်ကြီးအင်တာဗျူးဆရာ/မ တစ်ယောက်ဆို ဂလောက်ကြီး ပေါ်ပေါ်တင်တင် မစာမနာ မေးပါ့မလားကွဲ့။ အဆင့်တော့ရှိမှာပါအေး။ ညည်းကလဲ။

Moe Tain Nyo said...

ကျွန်တော့် အမြင်တော့ နှစ်ယောက် လုံးမှားတယ် လို့ ထင်တာပဲ။

မာမာ said...

ထက်ထက်မိုးဦး ဆက်လက်အောင်မြင်ဦးမည်လား ... မသိသော်လည်း... ယခုဖြစ်ရပ်တွင်...မင်းသမီး မှားသည်ဟုထင်ပါသည်...သတင်းထောက်အနေဖြင့် သူမဧ။် ... မင်းသမီးမနှစ်သက်သော မေးခွန်း အတွက် တောင်းပန်ပြီးသော်လည်း... မင်းသမီးကလက်တုန့် ပြန်ပုံကို စက်ဆုတ်မိပါသည်..(ကျွန်မဧ။်ပင်ကိုယ်စိတ်အရ... ပြသနာကို.. လက်ဖြင့်တုံ့ ပြန်တတ်သောစရိုက်ကို.. လွန်စွာနိမ့် သော အဆင့် ဟုသတ်မှတ်ပါသည်)
မှတ်ချက်။ လွန်လေပြီးသောအခါက.. ဖိနပ်ဖြင့်တုံ့ ပြန်သူများနှင့်မဆိုင်ပါ။
ကိုပေါဧ။် ဘလော့ တွင်ကျွန်မဧ။် ထင်မြင်ချက်ကိုဖော်ပြခွင့် ရသဖြင့် ကျေးဇူးပါရှင့် ။

Zara Lin said...

မမာမာပြောတာကိုသဘောတူပါတယ်။ ဒီကိစ္စမှာ သတင်းထောက်အနေနဲ့က မှားတယ်ဆိုတာထက် မေးခွန်းမေးမြန်းမှုကိုမကျွမ်းကျင်တာ၊လူကဲခတ်။လူမှုဆက်ဆံရေးညံ့တာ၊မေးရမယ့်မေးခွန်း၊အချိန်အခါကိုမသိပဲ ပြေပြေပြစ်ပြစ်မမေးတတ်တာ စတဲ့အားနည်းချက်တွေကို သူ့မေးခွန်းနဲ့ သူမေးဖို့ပြင်ဆင်ထားတာတွေကိုကြည့်ရင်သိနိုင်ပါတယ်။ သတင်းထောက်ကလေးမကိုကြည့်ရတာ ၀ါမရင့်သေးတဲ့အသစ်ကလေးဖြစ်ပုံပါပဲ။ တကယ်တော့ သူ့ကိုမှားတယ်မဆိုချင်ဘူး။သတင်းထောက်အနေနဲ့မေးချင်တဲ့မေးခွန်းကိုမေးနိုင်ပါတယ်၊ပါးပါးနပ်နပ်လှလှပပမေးတတ်ဖို့ပဲလိုတာပါ။ ဦးဝင်းငြိမ်းတို့တောင် ဒေါ်မေရှင်ကိုအသက်၈၀ကျော်တဲ့ထိ အမေတကယ်ချစ်ခဲ့တဲ့သူမရှိဘူးလား၊ဘာလို့အပျိုကြီးဖြစ်နေရတာလဲ စသဖြင့် မေးနေတာပဲလေ။ ဒါပေမယ့် မေးမြန်းချဉ်းကပ်ပုံကွာလေတော့ ဘယ်သူမှလည်းအပြစ်တင်စရာ၊မြင်စရာမဖြစ်ခဲ့ဖူးပေါ့။ မင်းသမီးဘက်ကတော့ မင်းသမီး၊celebrity , public figureတစ်ယောက်အနေနဲ့ဒေါသကိုမမြိုသိပ်နိုင်ပဲ ငါးစိမ်းသည်တစ်ယောက်လို လက်ထိလက်ရောက်တုန့်ပြန်တာကို မှားတယ်လို့ဆိုချင်တယ်။ သူ့ဖာသာ ယောကျာ်းဆယ်ယောက်ယူ၊အဲဒါပရိသတ်အတွက်အရေးမကြီးပါဘူး။ သူသာနိုင်ငံခြားမင်းသမီးဆိုလည်း ဒီလို ကြမ်းတမ်းတဲ့အပြုအမူအပြောအဆိုပြောမယ်ဆို အံ့သြမိမယ်မထင်ဘူး။ ဒါပေမယ့် မြန်မာအမျိုးသမီးတယောက်အနေနဲ့ ဒီလိုလက်ပါတာ၊ကြမ်းတမ်းတာကို လုံးဝလက်မခံနိုင်ပါဘူး။ ဒီတော့ မင်းသမီးမှားတယ်လို့ ထင်တယ်။ ဒီနေရာမှာ ဦးဝင်းငြိမ်း ၊မြတ်ခိုင်တို့ကိုယ်တိုင်မဟုတ်ပဲ သူတို့ဂျာနယ်ကလူဆိုရင်တောင် သူထိရဲမှာမဟုတ်ပါဘူး။ အဲဒါတော့သေချာတယ်။ ထားပါတော့ ဒါတွေက။ ညံ့တာကသတင်းထောက်၊မှားတာကမင်းသမီးလို့သာ ပြောချင်တယ်။ လွတ်လပ်စွာသဘောကွဲနိုင်ကြပါတယ်။

Anonymous said...

ဒီမေးခွန်းတွေကို ဟိုးအရင် ကတည်းက သတင်းထောက်ပေါင်း များစွာ မေးမြန်းခဲ့ကြ ပြီးပါပြီ။ မင်းသား မင်းသမီး များစွာလည်း အဆင်ပြေအောင် ဖြေခဲ့ကြပြီး ပါပြီ။ အဲဒီတုန်း ကတော့ ပရိသတ်တွေ မြိန်ရေ ယှက်ရေ ဖတ်ခဲ့ကြပြီး အခု ပြဿနာ ဖြစ်တော့မှ ဘာလို့ ကိုယ်ရေး ကိုယ်တာတွေ၊ Ethic တွေ ဖြစ်ကုန် ကြတာလဲ။

နအဖ မကောင်းကြောင်း မီဒီယာတွေ မရေးဘူး ဆိုတာ ဟုတ်တယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ သူတို့ ကလဲ ခင်ဗျားတို့ ကျွန်တော်တို့လို ပြည်တွင်းမှာ နေတဲ့၊ အစိုးရ တစ်ခုတည်း အောက်မှာ နေတဲ့ ပြည်သူတွေ ဖြစ်နေလို့ပဲ။ ခင်ဗျားတို့ အနေနဲ့ အစိုးရ မကောင်းကြောင်း မြို့လယ်ခေါင်မှာ သွားအော်ရဲ သလား။ ဘာကြောင့်လဲ။ အဖမ်းခံရမှာ ကြောက်တယ် မဟုတ်လား။
သူတို့လဲ ဒီလိုပါပဲ။ သူတို့က ခင်ဗျား တို့ထက်ဘာမှ ပိုပြီး အခွင့်အရေး ရနေတဲ့ လူတန်းစား မဟုတ်ဘူး။ မီဒီယာ သမား ဆိုတာ ပြည်သူ ထဲက ပြည်သူ တစ်ယောက်ပါပဲ။

ထက်ထက်မိုဦး သူ့ဘာသာ လုပ်ချင်ရာ လုပ်တာ ဘာဖြစ်လဲလို့ မေးလာရင် ကျွန်တော် ဥပမာ တစ်ခု ပေးမယ်နော်။ ခင်ဗျားနဲ့ ညီမ၊ ခင်ဗျားရဲ့ သမီးက ယောက်ျား ၃ ယောက် ယူမယ်။ ခင်ဗျားရဲ့ ညီ၊ ခင်ဗျားရဲ့ သားက ကိုကင်း ရှူနေမယ်။ ခင်ဗျားက သူတို့ကို ဆုံးမတဲ့အခါ ထက်ထက်မိုးဦးတောင် ၃ ယောက် ယူသေးတာပဲ။ မာရာဒိုနာတောင် ကိုကင်း ရှူသေးတာပဲ လို့ပြောရင် ခင်ဗျား ဘယ်လို နေမလဲ။
မင်းသား၊ မင်းသမီး Celebrity တွေ ဆိုတာ လူငယ် လူရွယ်တွေ အတွက် စံပြ ပုဂ္ဂိုလ်တွေပဲ။ သူတို့ လုပ်တဲ့ ကောင်းတာရော၊ မကောင်းတာ ရောဟာ လူငယ်တွေ အတွက် အတုယူ စရာတွေ ချည်းပဲ။ သူတို့ ကိုယ်တိုင်က နေချင်သလို နေမယ် ဆိုရင် နောင်လာမယ့် မျိုးဆက် အတွက် ရင်လေး စရာ ပါပဲ။

Anonymous said...

ဒီသတင်းကြောင့်ထက်ထက်တခေတ်ပြန်ဖြစ်အုန်းမယ်နဲ့ တူတယ်

Crystal said...

ကျေးဇူးတင်လိုက်တာရှင်။ ကျမလည်း ရေးမလို့ လက်ပြင်နေတာ အခုတော့ မရေးတော့ဘူး အီးမေးကနေ ဖြန့်ပေးမယ်နော်။ ဘလော့လိပ်စာနဲ့တကွ။ ကျေးဇူး အကြိမ်များစွာတင်သွားပါတယ်။ လူတွေ အမှန်ကို မြင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ဒိုင်ယာနာလိုလည်း နောက်ထပ် ထပ်မဖြစ်ကြပါစေနဲ့ပေါ့။

M .K said...

ကိုပေါရေးထားတာကို အပြည့်အဝထောက်ခံပါတယ်..။ ထက်ထက်ရှေ့ဆက် အောင်မြင်သည်ဖြစ်စေ မအောင်မြင်တော့သည်ဖြစ်စေ..(တကယ်တော့လဲ ထက်ထက်ဟာ အောင်မြင်မှုဆိုတာကို တူမတူအောင် ရယူခဲ့ပြီးသားသူတစ်ယောက်ပါ) လက်ရှိအချိန်ထိ ထက်ထက်ကို ချစ်တဲ့ပရိသတ်တွေ အများကြီးရှိနေတုန်းပဲ ဆိုတာ ဒီကိစ္စက သက်သေထူနေပါတယ်..။ ဒီပို့စ်လေးရေးပေးတဲ့ ကိုပေါကို ကျေးဇူးအထူးတင်ပါတယ်.။

Anonymous said...

နှိုင်းစရာတော့မဟုတ်ပါဘူး..ဒါပေမဲ့ နအဖလုပ်နေတဲ့ အချိုးကလဲ ဒီအချိုးအတိုင်းဘဲ...။ ဆင်ကြီးတွေကိုတော့မထိရဲဘူး..ယင်ကောင်လေးတွေ၊ ခြင်လေးတွေဆို နှိပ်ကွက်ချက်က ကြားလို့၊မြင်လို့တောင်
မကောင်းဘူး...။
မြန်မာလူမျိုးတွေ အင်အားကြီးရင် နိုင်ရာစားတဲ့ ၀ါဒဖက်များ ယိမ်းနေပြီလားမသိ..
စဉ်းစားစရာဘဲ!!!!!

Anonymous said...

ဒီမိန်းမ ဟာ မိန်းမသားချင်းကိုယ်ချင်းမစာ... သူ့ကိုယ်ဝန် ကျရင် ဒီလို မဖြစ်ပါစေနဲ့လို့ ဆုတောင်းပါတယ်....

ကျမကိုယ်ဝန်ပျက်တုန်းက ကျမစိတ်ဓာတ်တွေ တော်တော် ပြန်ပြင်ယူခဲ့ရတယ်....

ကျမဘ၀မှာ ဒီရလာမယ့်ကလေးကသာ ကျမရဲ့သွေးသားအစစ်အဖြစ်နဲ့ ကျမကို တကယ်ချစ်မယ့်သူလို့ မျှော်လင့်မိခဲ့တယ်လေ....

ထက်ထက်ကို ကျမ အရမ်း သနားတယ်... မေတ္တာငတ်နေလို့ယောက်ကျားတွေ တရားဝင်ယူတာ ဘာမှားလဲ....

ခိုးစားနေတဲ့ ကျော်ဟိန်းတို့ကိုမေးရဲလား....
သူက လှူတာလဲ အများကြီးပဲ စေတနာကလဲ ဖြူစင်နေတာပဲ..... စိုးညီအမတွေ ဘယ်မှာလှူတာတွေ့ဘူးလဲ...

ရမလားလို့ တင်စီးတာ သိပ်ကိုထင်ရှားပါတယ်...

ပြောချင်တာက အသိုင်းဝိုင်းချို့ငဲ့သူကို ရေနစ်သူကို ၀ါးကူထိုးတတ်တဲ့ သောက်ကျင့်တွေကိုပါ

Anonymous said...

Fullay agree with Ko paw..Our friends were discussing about this and we were saying same things like ZT. Thanks Ko paw..

နိုးနိုး said...

ထက်ထက်တောင် လင်၃ယောက်ယူသေးတာပဲ ဆိုပြီး ဆင်ခြေပေး လိုက်ယူမဲ့သူကို ထက်ထက်လို တိုင်းကျော် ပြည်ကျော် အောင်မြင်အောင် ရော လိုက်လုပ်ဘူးသေးလားလို့ ပြောလိုက်ယုံပေါ့. . Anonymous .May 25 4:16 PM ကိုပြောတာပါ..
ကိုယ့်အမြင်တော့..မင်းသမီးကလဲ မပြေးသော်လဲ ကန်ရာရှိ၊ အိမ်ထောင်ဆက်က တရားဝင်များသွားသကိုး၊ ဒီကြားထဲ ဆွေမျိုးအသိုင်းအ၀န်းကလဲနည်းတယ်လေကွယ်..
အဲ့ဒီတော့ မေးချင်စရာ မေးရဲစရာ ဖြစ်သပေါ့..
ပညာသား ပါပါဖြေဘို့ရာကလဲ နဂိုထဲကမှ ပညာသားပါပါမနေတတ်လို့ တရားဝင်အိမ်ထောင်တွေ များသွားတာကလား.. တချို့ဆို တရားမ၀င် ရဆက် ၈ဆက်နေနေတာပဲ ..အားလုံးသိပေမဲ့ မမေးရဲကြပေါင်။
တရားဝင်မဟုတ်ပဲ ခိုးနေတာ သွားမေးရင် အသရေဖျက်မှု့နဲ့ ဆွဲစေ့လိုက်မှာကိုး..
မိန်းမကြီးငုတ်တုတ်နဲ့ကို သွားပြီးကြောင်တောင်နှိုက်နေ နေတာနော်...ခု သူ့ခမျာ လူလွတ်သူလွတ်ရှာပြီး တရားဝင်နေ နေတာပဲ တော်လှပြီ။ အကြောင်းမတိုက်ဆိုင်လို့ ကွဲတော့လဲ ကွဲပေါ့။ တဘက်ကလဲ မိသားစုက နဲပါး၊ အရွယ်လေးကလဲ ရှိတော့ နောက်ထပ် ကြိုးစားပြီး မိသားစုဘ၀လေး ဖန်တီးကြည့်တာပေါ့ကွယ်။ တယောက်နဲ့ တယောက်ဖြတ်သန်းကြီးပြင်းရတဲ့ ဘ၀ချင်းကွာတော့ အမြင်ချင်း တုံ့ပြန်ပုံချင်းလဲ ကွာမပေါ့။ ကြီးကြီးကျယ်ကျယ်တွေ တာဝန်ပေးပြီး နောင်မျိုးဆက်တွေ အတွက်၊ ဘာညာပြောမနေပါနဲ့တော့။
ကိုယ့်သားသမီးကိုယ်ထိန်း ကိုယ့်ဘ၀ကိုယ် တာဝန်ယူ၊ ပြီးတာပါပဲ..
မမေးသင့်တဲ့ မေးခွန်းတွေအတွက် ပါးတခြမ်းပေးဆပ်ရ သလို။ မဆင်မခြင်ပေးလိုက်တဲ့ လက်ဝါးအတွက်လဲ ထက်ထက် တန်ရာတန်ဘိုး ပြန်ပေးရမှာပါပဲ..

Anonymous said...

Copied from other ppl's comment..
"သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကို ရေးတယ်ဆိုတာ သူတပါးရဲ့ခွင့်ပြုမှုဆိုတာယူရတယ် သူများမကြိုက်တာ မလုပ်ရဘူး လုပ်တဲ့သူတွေမှာတာဝန်ရှိတယ် စာပေစိစစ်တဲ့ သူတွေဒါမျိုးကြတော့ဂရုမစိုက်ဘူး သူ့အဖေ၊ ဘိုးတော်တွေထိမဲ့ဟာကြတော့ တလုံးမှအပါမခံဘူး ".."သူများနိုင်ငံက သတင်းသမားတွေ ဘယ်လိုအသေခံပြီး သတင်းလိုက်ပြီး ပြသကြတယ်ပြောပြော မြန်မာပြည်မှာတော့ ဗိုလ်မှူးချုပ်ကျော်ဆန်းတို့ ရဲချုပ်ခင်ရီတို့ မျက်နှာပြောင်တိုက်ပြီး ဗျောင်လိမ်ဗျောင်ညာလုပ်တဲ့ အင်တာဗျူးတွေကို ဘယ်ပြည်သူလူထုမှလည်း စိတ်ဝင်တစား စောင့်မကြည့်ကြပါဘူး။ အများပြည်သူသိပြီးသား တွေကို အထူးတလည် သတင်းလုပ်တတ်လွန်းတာ ကြောင့်မို့ပါ။ ဒီတော့ ထက်ထက်တစ်ယောက်လည်း ပြန်ကြားရေးဝန်ကြီးနဲ့ ရဲချုပ်တို့ဆီ က လိမ်နည်းပတ်နည်း၊ မျက်နှာပြောင်တိုက်ပြီးနေနည်း နိသျည်းတွေကို အများပြည်သူနည်းတူ သင်ထားမိမှာမဟုတ်ဘူး။ (အဲဒီအစီအစဉ်တွေလာရင် တီဗွီပိတ်တာ အကျင့်ဖြစ်နေလို့) ဒါကြောင့်တုံ့ပြန်မှုက ကျော်ဆန်းလို မတုံ့ပြန်ဘူး။ ခင်ရီလို့မတုန့်ပြန်ဘူး စတဲ့ဝေဖန်ရေးလုပ်နေရတာပေါ့။

သတင်းသမားတွေရဲ့ အလုပ်ကိုက ဗိုလ်မှူးချုပ်ကျော်ဆန်းနဲ့ စစ်အကျီင်္ချွတ်ရမှာကြောက်တဲ့ ရဲချုပ်ခင်ရီ တို့ကို မကြာခဏတွေ့နေကြ၊ ကြားနေကျဆိုတော့လည်း ...သူတို့လိုများလား ကွယ်လို့ ထင်မိမှာပေါ့လေ။။ "

ဖိုးတုတ် said...

ကိုယ်ထိလက်ရောက် ကျူးလွန်သည်မှာ လွန်သည်ဟု ထင်ပါသည်၊ ထက်ထက်မိုးဦး ပရိတ်သတ်ရဲ. comments တွေ ဖတ်ရတာ ထက်ထက်မိုးဦး ဘာလုပ်လုပ် ထောက်ခံနေကြတယ် ၊ ထက်ထက်မိုးဦး လူသတ်ရင်တောင် ကောင်းတယ်ဆိုပြီး ထောက်ခံမဲ့ သူတွေလို.တောင် ထင်မိပါတယ် ၊ အိမ်ထောင်ရေးအကြောင်း မေးတာ မကြိုက်ရင် အစတည်းက သတင်းထောက်နဲ. interview မလုပ်နဲ.ပေါ့ ၊

Unknown said...

မြန်မာနိုင်ငံမှာ ဖြစ်နေတာက တစ်ခုလပ်တို့ ဘာတို့ ဆိုရင် ကောင်းတဲ့မိန်းကလေးတောင် အလိုလိုကို ပတ်ဝန်းကျင်က ကဲ့ရဲ့ ချင်ကြတာ၊၊ယောက်ျား တစ်ယောက်မကောင်းလို့ တစ်ယောက်ပြောင်း တာဘဲဖြစ်ဖြစ် ပြစ်တင် ရှုပ်ချ ချင်ကြ တာ ဒါက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြသ၁နာ၊၊ ဘယ်သူမှ ဒါသူ့ ကိုယ်ရေးကိုယ်တာ ဆိုပြီး နေကြလို့ လား၊၊ မနေပါ၊၊ အနည်းဆုံးတော့ အတင်းတော့ပြောကြပါတယ်၊၊ ဒီဖြစ်ရပ်ပေါ်မှာ အခြေခံလို့ သူများကိုယ်ရေး ကိုယ်တာကို ကိုယ်နဲ့ မဆိုင်လို့ စိတ်မ၀င်စားပါဆိုတဲ့ သူတွေများလာရင်တော့ တော်တော်အတွေးအခေါ်တိုးတက်လာကြတယ်လို့ ပြောရပါမယ်၊၊ အမှန်လဲဖြစ်လာကြပါစေ၊၊

အခုဖြစ်တဲ့ကိစ်စမှာသတင်းထောက်ကမေးတယ်၊၊ ဒါတွေက မင်းသမီးမင်းသားတွေ အလိုတူရင် ကောင်း ကောင်း မွန်မွန်ဖြေပေးနေကြ၊၊ ဘာမဟုတ်တာ တွေကို ဘဲမေးစရာရှိတော့ ဒါတွေဘဲမေးတယ်၊၊ ပရိသတ်က လည်း အလိုတူအလိုပါ အများစုက ဒါဘဲစိတ်ဝင်စားပြီး စောင့်ဖတ်တယ်၊၊ အခုလည်း သတင်းထောက် ကလည်း မေးတယ်၊၊ နောက်ဆုံး ထက်ထက်ကနှင်ထုတ်တယ်၊၊ သတင်းထောက်ကလည်းတောင်းပန်ပြီးပြန်တယ်၊၊ တကယ်ဆိုပြီးပြီ၊၊ ဒီမှာတင်၊၊ ဒါပေမဲ့ထက်ထက်က တစ်ကျော့ပြန်ပြီး နှစ်ပြားတစ်ပဲလစာ ဘာညာပြောပြီး ဆံပင်ဆွဲ၊ ပါး၇ိုက်၊ လည်ပင်းညစ်တယ်၊၊

ကျွန်မကထက်ထက်၇ဲ့ ပ၇ိသတ်တစ်ဦးပါ၊၊ ဒါပေမဲ့ထက်ထက်ရဲ့ အောက်တန်းကျလှတဲ့ ဒီလိုလုပ်ရပ်မျိုးကိုလက်မခံနိုင်ပါ၊၊ နှင်ထုတ်တဲ့အထိ ထက်ထက်ကို နားလည်တယ်၊၊ အဲ့ဒီ့အထိ ထက်ထက်မှန်တယ်၊၊ တကယ်ဆိုပြီးပြီ ဒီမှာတင်၊၊ တဘက်လူကို ပါးရိုက်တယ် ဆိုတာ ယဉ်ကျေးလှပါတယ်ဆိုတဲ့သူတွေ ယူဆထားတဲ့ လူ့ ယဉ်ကျေးမှု့ မဟုတ်ပါ၊၊ အောင်မြင်တယ်၊ ကျော်ကြားတယ်ဆိုတာ မိုက်တိုင်စင်လည်းအောင်မြင်ကျော်ကြားခဲ့တာဘဲ၊၊ ဒါပေမဲ့ လူတိုင်းက သိပါတယ်၊၊ အဆင့်အတန်းမရှိတဲ့လူအဖြစ်၊၊ ထက်ထက်မှမဟုတ်ပါ၊၊ ဘယ်သူမဆို ဒီလို လုပ်ရပ်မျိုး လုပ်တဲ့သူကို သူ့ မှာ သူ့ အဆင့်အတန်းနဲ့ တူတဲ့အဆင့်နဲ့ တုံ့ ပြန်ထာဘဲလို့ ဘဲမြင်မှာပါ၊၊ မိန်းကလေးတစ်ယောက်က လူလယ်ကောင်မှာ ဆံပင်ဆွဲ၊ ပါးရိုက်၊ လည်ပင်းညစ်၊ ။.. စဉ်းစားလို့ တောင်မရပါဘူး၊၊ ဒီမှာ ဟို ဂျာနယ်လစ်စ် က ထက်ထက်လို ပြန်မလုပ်တာ ထက်ထက် ထက် အဆင့်ရှိတာကိုပြတယ်၊၊ ဒီလိုဘဲမြင်ပါတယ်၊၊

Unknown said...

ဒီကိစ်စ ကို ဥပဒေကြောင်းအရ အမှန်အတိုင်း မည်သူမှ မနစ်နာရအောင် ဆုံးဖြတ်ပေးစေလိုပါတယ်၊၊ ဒါပေမဲ့ မြန်မာပြည်မှက တရားဥပဒေဆိုတာ ငွေအောက်မှာ ပျောက်ကွယ်တတ်တော့ ဒီအမှု့ မှာလဲ ဒီလိုဘဲ ပြီးသွားမယ်ဆိုရင်၊၊ နောင်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ကိုယ့်ကို စကားနဲ့ စော်ကားတယ်လို့ ထင်တဲ့အခါမှာ တဘက်လူက ပါးရိုက်မယ်၊၊ ခံရတဲ့ဘက်ကလည်း တရားစွဲလျှင်လည်း ဘာမှဖြစ်လာမှာမဟုတ်တဲ့ အတူတူ သူလုပ်သလို ငါလည်းတန်အောင်ပြန်လုပ်မယ် ဆိုရင် မြန်မာပြည်မှာ ပါးရိုက်ပွဲတွေ မကြာခဏ မြင်တွေ့ လာဖွယ်ရှိပါတယ်၊၊ ကိုယ်မုန်းတဲ့သူကို ငါ့ကိုစော်ကား တယ်ဆိုပြီး နောက် ဘာမှဖြစ်မှာမဟုတ်ဘူးဆိုပြီး ပါးရိုက်ကြလိမ့်မယ်၊၊ ဒီလို ငါးစိမ်းသည်လို တုံ့ ပြန်တတ်တဲ့ ကိစ်စ ကို လူတွေက ပုဂ်ဂိုစွဲတွေနဲ့ မှန်တယ်၊ ထောက်ခံ တယ်လို့ လက်ခံထားတဲ့သူတွေလည်းရှိတော့.....

နောက်တစ်ခုက ထက်ထက်အတွက်တော့ သတင်းထောက်တစ်ယောက်ရဲ့ လစာဟာတစ်ပဲခြောက်ပြားပါဘဲ၊၊ ဒီစကားကို ထက်ထက် ရန်ကုန်မြို့ လယ်က တိုက်ခန်းကျဉ်းကျဉ်းလေးထဲက အခန်းလေးထဲမှာ 1995-96 နေခဲ့ရစဉ် အချိန်တုန်းက ဒီစကားပြောတတ်လိမ့်မယ်မထင်ပါ၊၊ တစ်လတစ်လ ဒေါ်လာသိန်းဂဏန်း လောက် ၀င်ငွေရှိတဲ့သူအဖို့ အတွက် တလ ဒေါ်လာ သုံးလေးငါးထောင် ကလည်း နှစ်ပြားတစ်ပဲ ဘဲဖြစ်နေမှာပါ၊၊ အဲ့ဒီ့အတွက် တဘက်လူက ကိုယ့်ကို စော်ကားပြီးပြောလာခဲ့ရင်တောင် " မှန်သောစကားပဲ။ နာစရာ မလိုပါဘူး။ Positive thinking နဲ့ တွေးကြည့်မယ်ဆိုရင် ဒါဟာ Wake-up call ပဲ... ကိုယ့်လူတို့။ လစာတိုးတောင်းဖို့ အချိန်တန်ပြီ။ " ဆိုပြီး သဘောထားနိုင်/မနိုင်နဲ့ တကယ်လို့ လခတိုးတောင်းရင်ကော ရနိုင်မလား ဆိုတာပါ၊၊ မထင်ပါ၊၊

အချုပ်ပြောရရင်တော့ ကိုးပေါရဲ့ ဒီပို့ စ်ဟာ ထက်ထက် ပါးရိုက်တာကို မှန်တယ်လို့ ပြောတာမဟုတ်ဘူးဆိုတော့ မှားတယ်လို့ ဆိုလိုချင်တာလား၊၊ မရှင်းပါ၊၊
ပြီးတော့ ပုဂ်ဂိုစွဲတွေပါနေတယ်လို့ မြင်ပါတယ်၊၊

Anonymous said...

ကိုကိုစံရေ အိမ်ထောင်ရေးအကြောင်း မေးတာ မကြိုက်တာထက် ကလေးပျက်ကျတာကို ဘယ်လိုခံစားရသလဲ မေးတာက တဆိတ် မလွန်ဘူးလား။ မိန်းမချင်း ကိုယ်ချင်းမစာရာလဲ ရောက်တယ် သောက်သုံးမကျတဲ့ မေးခွန်းမေးရာလဲ ရောက်နေတယ်။
စဉ်းစားလဲ ကြည့်ပါအုံး။ ဗီအိုင်ပီများသာ ထိုင်လို့ရတဲ့ နေရာမှာ (သူများခဏ ထသွားတုန်း) ၀င်ထိုင်ပြီးလဲ ဗျူးသေးတယ်။
အင်တာဗျူးကောင်းလေး ထည့်ချင်လို့ အဆင်ပြေပြေ ဖြေပေးပါလို့လဲ ပြောသေးတယ်။ (မေးတဲ့ မေးခွန်းကမှ သောက်သုံးမကျတာ ဘယ်လိုလုပ် အဆင်ပြေပြေ ဖြေလို့ရမှာတုန်း။)

အခုခေတ် စာနယ်ဇင်းက ဗျူးမမတွေ ရီကော့ဒင်း ကက်ဆက်တလုံးရှိတာနဲ့ အလုပ်ဖြစ်နေကြတာ။ ဘာမှလဲ နားလည်တဲ့ ဟာတွေ မဟုတ်ဘူး။ မီဒီယာသမားတွေ အနာပေါ် တုတ်ကျ ဖြစ်နေကြတာပဲ ရယ်စရာကောင်းတယ်။ ဟတ်ဟတ်။

Anonymous said...

ဆံပင်ဆွဲ ပါးရိုက် လည်ပင်းညှစ်တယ်ဆိုတာ ဗျူးမမရဲ့ ပြောစကားပါပဲ။ ထက်ထက်ကတော့ ဗျူးမမကို သေလောက်အောင် လည်ပင်းညှစ်တယ်လို့ မထင်မိဘူး။ ပါးရိုက်လို့ ကောင်းရုံလေး လည်ပင်းကို ခပ်ညှစ်ညှစ်ကိုင်တာနေမှာပါ။ ဟဲဟဲ စုံထောက်လုပ်ကြည့်တာ။
ပါးရိုက်ခြင်း ဓလေ့ကလဲ တရုတ်ကား ကိုရီးယားကားတွေကနေ ကူးစက်တာထင်ပါရဲ့။ မြန်မာကားတွေမှာတောင် တဖြောင်းဖြောင်း ရိုက်နေကြပြီ။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါကိုပေါနဲ့မဒမ်ပေါ-
ဘ ခြောက်လုံးသိတဲ့သတင်းသမားတွေပေါ်ပေါက်ပါစေ-
အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်သင်တန်းကျောင်း
တွေဖွင့်လှစ်နိုင်ပါစေ-အဲလိုသာပြီးပြည့်စုံခဲ့ရင်အခုလိုပါးရိုက်
ဆံပင်ဆွဲတွေမဖြစ်လာနိုင်ပါဘူး-အဓိက ကတော့အဓိကပါ
ဘဲဗျာ-

Anonymous said...

ထက်ထက်မိုးဦးမှားသည် ဆိုတဲ့သူများအတွက်ပါ
တကယ်လို့များခင်ဗျာတို့ညီမကိုယ်ဝန်ပြတ်ကျ
တာဘယ်လိုခံစားရလည်း ဘယ်လိုမြင်လည်း ဆိုတာပဲအရင်ဖြေ
ကြည့်ပါအုန်းလို့ပြောခြင်ပါတယ်...

မြစ်ချေသူ said...

သတင်းတော်တော်များများ ခေါင်းစဉ်ပေးထားတာက အစ တစ်ဖက်သတ်ကြီး ဖြစ်နေသလိုပဲ။

သတင်းတွေ ဆက်ဖတ်ရမှာတောင် ယုံကြည်မှုနည်းလာပြီ

တစ်ချို့ သတင်းတွေမှာ သူတို့ သတင်းထောက်မလေး ငိုနေတဲ့ပုံတောင် ထည့်ထားတယ်ဆိုပဲ... ကိုယ်မငိုချင်ရင် သူများကိုလဲ ငိုအောင်မလုပ်နဲ့ ပေါ့လေ...

ထက်ထက်မိုးဦး ရဲ့  ပရိသတ်ရယ်လို့ တော့မဟုတ်ပါဘူး... သူ့ နေရာခဏ၀င်ကြည့် ပြီး ကိုယ်ချင်းစာတယ်။
ဒေါသနဲ့ ကင်းတဲ့ လူ မရှိတာမို့  ဒီလိုတုန့် ပြန်တာ ကို နာလည်တယ်။

Anonymous said...

ထက်ထက်မိုးဦးမှားတယ်ဆိုတဲ့လူတွေအတွက်
ခင်ဗျာတို့ညီမ ကိုယ်ဝန်ပြတ်ကျတာဘယ်လိုခံစာရလည်း
ဘယ်လိုမြင်သလည်းဆိုတာပဲ အရင်ဖြေကြည့်
ပါအုန်းဗျာ...

khin khin said...

ဟုတ်သားပဲ စာနယ်ဇင်းသမားတွေကလဲ ကျော်ဟိန်းကိုတော့ ဘယ်သူမှ မမေးခဲ့ကြဘူး။ မိန်းမတွေ တယောက်ပြီး တယောက်ယူလိုက် သားမမွေးရင် ကွာလိုက်ဆိုတာ ဟုတ်ပါသလား ဦးကျော်ဆိုပြီး မေးတာ မဖတ်ခဲ့ဖူးဘူး။ အခုလည်း သင်္ကန်းဝတ်ပြီး မဟုတ်တဲ့ တရားတွေ လျှောက်ဟောနေတာ စာနယ်ဇင်းတွေက တခွန်းမှ မဟကြပါလား။ အဓမ္မ၀ါဒီအဖြစ် သူ့တရားတွေကို သတ်မှတ်ထားတာတောင် မမေးရဲ မပြောရဲကြဘူး။ မျက်နှာကြီးရာ ဟင်းဖတ်ပါ၊ မြေနိမ့်ရာလှံစိုက်တာ သူတို့မှ အစစ်။
ထက်ထက်လုပ်တာကို မှန်တယ်လို့ မဆိုရင်တောင် လုံးဝဥဿုံ မှားတယ်လို့ မပြောနိုင်ပါဘူး။ ပုထုဇဉ်ပဲ ဒေါသကတော့ ရှိမှာပေါ့။ စလစ်ဘရစ်ထီမို့ ဒေါသမထွက်ရဘူးဆို ဘယ်တရားမလဲ။ သူတို့လဲ လူထဲက လူသားတွေပဲဟာ။ ထက်ထက် မပါးနပ်ဘူးလို့တော့ ဆိုချင်တယ်။ clever မဖြစ်ဘူးပေါ့။

ဟိုးအပေါ်က အနော်နိမတ်ရဲ့ စကားကို ပြန်ကောက်ချင်ပါသေးတယ်။

(ဒီမေးခွန်းတွေကို ဟိုးအရင် ကတည်းက သတင်းထောက်ပေါင်း များစွာ မေးမြန်းခဲ့ကြ ပြီးပါပြီ။ မင်းသား မင်းသမီး များစွာလည်း အဆင်ပြေအောင် ဖြေခဲ့ကြပြီး ပါပြီ။ အဲဒီတုန်း ကတော့ ပရိသတ်တွေ မြိန်ရေ ယှက်ရေ ဖတ်ခဲ့ကြပြီး အခု ပြဿနာ ဖြစ်တော့မှ ဘာလို့ ကိုယ်ရေး ကိုယ်တာတွေ၊ Ethic တွေ ဖြစ်ကုန် ကြတာလဲ။)

သတင်းသမားတွေခမျာ အဲဒီလိုမေးခွန်းကလွဲပြီး မမေးတတ်ရှာတော့ဘူးလား။ ရေးသူရှိလို့ ဖတ်တာကို မြိန်ရေယှက်ရေ ဖတ်ခဲ့ကြတာလို့ ဆိုနိုင်မလား။ စာဖတ်ပရိသတ်ဆိုတာ အလွှာအမျိုးမျိုးပါပဲ။ ဒါမျိုး စိတ်ဝင်စားသူရှိမယ် မ၀င်စားတဲ့လူရှိမယ်။ စာနယ်ဇင်းသမားတွေဟာ စာဖတ်ပရိသတ်ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးရမယ် မဟုတ်ဘူးလား။ ဒါမျိုးကိုမှ နင်တို့က ဖတ်မှာမို့ ငါတို့က မေးပေးရတာပါလို့ မပြောပါနဲ့။ မေးတဲ့လူက မမေးရင် မရေးရင် ဘယ်သူက ဖတ်နိုင်မှာလဲ။ ပရိသတ်က ဒါလေးတော့ မေးပေးပါလို့ ပြောလို့များ မေးကြရတာလား။ ခက်ပါဘိတော့။

ဖိုးတုတ် said...

လူတိုင်း ဘယ်သူ မှ ချောက်ပြစ်ကင်း သဲလည်းမစင်နိုင်ပါဘူး၊ လူတိုင်း ချို.ယွင်းချက်ရှိပါတယ်၊ ထက်ထက်မိုးဦး လို အတိတ်က အိမ်ထောင်ရေး အကြောင်း ရှိတဲ့ မင်းသား၊ မင်းသမီး တွေ အတွက် သင်ခန်းစာပဲပေါ့၊ ဒီမှာ ပြောနေတာ ကိုယ်ဝန်ပျက်တာ ပြောနေတာမဟုတ်ဖူး၊ သတင်းထောက်က တော့ မေးမှာပဲ၊ မမေးစေချင်ရင် သတင်းထောက်နဲ. မတွေ.တာ အကောင်းဆုံးပဲ၊ သတင်းထောက် မှားတာ မမှားတာထက် ထက်ထက်မိုးဦး ရဲ. ကိုယ်ထိလက်ရောက် စော်ကားမှု ၊ သူရဲ. လူရှေ.သူရှေ.မှာ ကျူးလွန်ရဲတဲ့ မကောင်းတဲ့ စရိုက်ကို ပြောပြနေခြင်း ဖြစ်တယ် ၊

Anonymous said...

သတင်းထောက်ကတော့ မေးမှာပဲလို့ ပြောလို့မရဘူးလေ။ စာနယ်ဇင်းကို ကိုယ်စားပြုထားတဲ့လူက ရောက်တတ်ရာရာ အရူးချီးပန်း လျှောက်မေးလို့ ဖြစ်မလား။

ပြီးတော့ မမေးစေချင် မတွေ့နဲ့ ဆိုတော့ ဘယ်မေးခွန်း မေးမယ်ဆိုတာ အမေးခံရမယ့်လူက ဘယ်လိုလုပ်သိမှာလဲ။ ဒါကြောင့်လဲ မေးဖို့ လက်ခံတာ နေမှာပေါ့။ ဒါမျိုးတွေမေးမယ်ဆိုတာ သိရင် ဘယ်လက်ခံမလဲ။ လူဆိုတာ ခြောက်ပစ်ကင်း မဟုတ်ဘူး။ သူ့အတိတ်ကံအကြောင်းနဲ့သူတွေချည်းပဲ။ ဒါကို ပွိုင့်အောက်လုပ်ပြီး လူရှေ့မှာ အရှက်ခွဲတာတော့ မကောင်းဘူး။ ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် လုပ်တာဆိုပေမဲ့ အဲဒီလိုဖြစ်အောင် ဘယ်သူက စလုပ်တာလဲ ဆိုတာကိုလဲ မေ့မထားနဲ့အုံးလေ။
လူတိုင်းမှာ ဒေါသရှိတာပဲ (အနည်းနဲ့ အများပဲ ကွာတာ) စိတ်ရှုပ်နေချိန်မှာ အဲဒီလို လာဆွရင် စိတ်လိုက် မာန်ပါ လုပ်မိမှာပဲ။

မီးမီးချစ် said...

ကောင်းပါတယ် ဒါမှ နောက်ဆို သူများ ကိုယ်ရေးကိုယ်တာ ကို တိုက်ရိုက်မစော်ကားရဲမှာ..
မောင်းထုတ်ပြီးမှ ... လက်ရောက်တာဆိုတော့ ..ဟိုက မပြန်ခင် ဘယ်လို ကိုယ်အမူအရာ နှတ်အမူအရာ နဲ့ စော်ကားလဲမှ.. မသိတာ..
ဘာမှ မလုပ်ဘဲနဲ့ တော့ ဒီလောက် မပေါက်ကွဲဘူး...

လင်းလက်ကြယ်စင် said...

ကိုယ်ထိလက်ရောက်လုပ်လိုက်မိတာတော့ မကောင်းဘူးပေါ့လေ .. ။ မလုပ်လိုက်ရင်တော့ အကောင်းဆုံးပေါ့ .. ။ ဒါပေမယ့်လည်း ထက်ထက်ရဲ့ အခြေအနေ ၊ ခံစားချက်တွေကို နားလည်ပေးလို့ရပါတယ် .. ။ နောက်တစ်ကြိမ် ဒီလို စိတ်လိုက်မာန်ပါ ခံစားချက်ကြောင့် ဆိုးဆိုးရွားရွား တုံ့ပြန်မှုအခြေအနေတွေ မဖြစ်လာစေဖို့ပဲ ထက်ထက်ကို အကြံပေးချင်တယ် .. ။ ဖြစ်ခဲ့တာကို ကြီးမားတဲ့ အပြစ်တစ်ခုလို့ မယူဆမိပါ :D ။ သတင်းထောက် အမျိုးသမီးအတွက်တော့ စိတ်မကောင်းပါဘူး။ အတွေ့အကြုံလို့ပဲ မှတ်ယူလိုက်ရမှာပေါ့ ။

ထက်ထက်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး မကောင်းပြောတာတွေကိုတော့ မကြိုက်မိဘူး .. ။ အိမ်ထောင်ဆက်များတဲ့ မင်းသမီးတွေ မြန်မာပြည်မှာ အများကြီးပါ .. ။ ကံမကောင်းတာရော ၊ သဘောထားတိုက်ဆိုင်မှု မရှိလို့ ၊ အချစ်စစ်မမှန်ကြလို့ ကွဲကွာသွားကြတယ်လို့ပဲ မြင်ပါတယ်။ ဒါက ပုဂ္ဂိုလ်ရေးဆိုတော့ မဆိုင်ဘဲ မတိုက်ခိုက်သင့်ဘူး .. ။

ငယ်ငယ်လေးကတည်းက ထက်ထက်ရဲ့ ကြေငြာတွေကို သိပ်ကြိုက်ခဲ့တယ် .. ။ ရုပ်ရှင်တွေ ၊ ဇာတ်ကားတွေမှာလည်း ချိုသောအခန်းလေးတွေ ၊ ချစ်စဖွယ် မိန်းကလေးအမူအရာတွေနဲ့ ချစ်ဖို့ကောင်းတဲ့ ထက်ထက်ကို အမြဲအားပေးနေကျ .. ။ အိမ်ထောင်ဆက် မများဘဲ နောက်ကွယ်ရာမှာ ပေါက်ကရလုပ်နေတဲ့ လူတွေ အများကြီးပါ .. ။ အိမ်ထောင်ပဲများများ ၊ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ထက်ထက်ရဲ့ အနုပညာကို ချစ်ခင်စွာ အားပေးလျက် .. ။

Anonymous said...

ထက်ထက်မိုးဦး ပါးရိုက်လိုက်လို့ စာဆောင်တွေ သတင်းတွေ ဂျာနယ်တွေထဲ သူ့သတင်းတွေ ဓါတ်ပုံတွေ မဖော်ပြဘူး။ ဒဏ်ခတ်တဲ့ အနေနဲ့တဲ့။

ဒီလိုဆို ရင် မေတ္တာပို့တဲ့ ဘုန်းကြီး ရဟန်းများကို ရက်ရက်စက်စက် ပစ်သတ်ခိုင်းတဲ့ သန်းရွှေပုံကြ ဘာလို့ ထည့်ကြလဲ။ အသေသတ်တာ ပါးရိုက်တာထက်တော့ ပိုဆိုးသလားလို့ပါ။

လူတကာက သူများဗိုက်ပါ ဒီစစ်ဗိုလ်ကို အတင်းထိုးပေးစားတာလို့ ဆိုနေတာကော ဒေါ်သန္တာရွှေကို ဘာလို့ မမေးပေးတာလဲ။ အများပြည်သူ စိတ်ဝင်စားမလားပဲ။

သူ့ရဲ့ စိန်စီတဲ့ ဗီဒီယို လက်ဝယ်မိရင် ဖမ်းတယ်။ ဘာလို့ ဖမ်းတာလဲ။ မေးပေးပါ။

ဒီလောက်များတဲ့ စိန်တွေ ဘယ်ကရပါသလဲ။ သူ့အဖေ လစာနဲ့ သူ့လစာနဲ့တော့ မ၀ယ်နိုင်ဘူးလေ။ မေးပေးပါ။

၅လောင်းပြိုင် လူသတ်မှု့မှာ ဒေါ်ကြိုင်ကြိုင် ပါတယ် ပြောနေတယ်။ တိုင်းပြည် အကြီးအကဲ ကတော်က ဒီလို သတင်းတွေ ထွက်နေတာ ပြည်သူတွေ တအားသိချင်မှာပဲ မေးပေးပါ။

ဒါတွေတော့ မမေးဘူး။ မင်းသားမင်းသမီးတောင်မှ မိုးဟေကိုရဲ့ ကိုယ်တုံးလုံး ဗီဒီယို၊ မျိုးကျော့မြိုင်ရဲ့ sex ဗီဒီယို၊ လူမင်းနဲ့ စိုးမြတ်နန္ဒာ တယ်လီဖုန်း ပြောတာတွေ မေးပေး ပါလား။ မင်းသား မင်းသမီးတွေရဲ့ အကြောင်း ပြည်သူတွေ သိချင်ကြတယ် မေးပေးရမယ်ဆိုရင် ပြောတာပါ။

ထက်ထက်မိုးဦးကို ဘက်ဂရောင်း မရှိလို့ အတင်းဖိမေးနေတာ သိသာပါတယ်။ အောက်တန်းကျလွန်းတယ်။

de said...

totally agreed!! :D

kilo said...

AGREE WITH KO PAW

Anonymous said...

"သတင်းထောက်က ဒီလိုမေးလို့ ထက်ထက်မိုးဦး ပားရိုက်တာကို ထောက်ခံတယ် ဆိုတာမျိုးကတော့ ပြောရရင် အကြမ်းဖက်မှုကို ထောက်ခံသလိုတောင် ဖြစ်နေတယ်။ လက်ရောက်မှုဟာ ပားစပ်နဲ့ စှောကားမှုထက် ပိုပြီး အပြစ်ကြီးပာတယ်။ ကိုယ့်ကို ပားစပ်နဲ့ လာစှောကားရင် ဒီလို လက်ပာခြေပာ ပြန်လုပ်တာ မှန်တယ် ဆိုတဲ့ အယူအဆကြီးသာ လူတွေ စိတ်ထဲ အသေမှတ်သွားရင် အကြမ်းဖက်မှုတွေ တိုးပွားလာနိုင်တယ်။ သူများစှောကားတာကို ငြိမ်ခံနေရမယ် ဆိုလိုတာ မဟုတ်ပာဘူး။ စိတ်ခံစားမှုကို အခြေခံတဲ့ ဆုံးဖြတ်တာတွေ၊ လုပ်ရပ်တွေ ကျွန်တှောတို့ဆီမှာ သိပ်များပာတယ်။ ဒာကြောင့်လည်း ပြသဿသနာတွေ ခဏခဏ ဖြစ်ကြတာပာ။ ကျွန်တှောတို့က ဒီမိုကရေစီ ပြောနေပေမယ့် ဒီမိုကရေစီမှာ ဥပဒေတွေက ပိုပြီး တင်းကျပ်မှု ရှိသလို လူတစ်ယောက်ချင်းစီရဲ့ Rights ကလည်း ပိုပြီး ကျယ်ပြန့်လာမှာမို့ ကိုယ့်ရပိုင်ခွင့် လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ဥပဒေတွေကိုလည်း နားလည်ထားဖို့ လိုအပ်နေပာပြီ။ ဒာဆိုရင် လက်ရောက် ဖြေရှင်းမှုတွေထက် ဥပဒေအရ ဖြေရှင်းမှုတွေ ပိုများလာပာလိမ့်မယ်။"
ဒီစာကို ကိုညီလင်းဆက်ဆီမှာ ဖတ်မိတဲ့အခါ အကြမ်:မဖက်ရေးမူကို လက်ကိုင်ထားတဲ့ ကိုပေါတယောက် သူကြိုက်တဲ့မင်းသမီးမို့ မှန်တယ်မှားတယ် မပြောပဲ နှာစီးနေတယ်လို့ ခံစားမိပါတယ်

ဟီး အားနေလို့ ရန်စတာပါ ကိုပေါ

ခရေဖြူ

Anonymous said...

သူတို့ဘာဖြစ်ဖြစ်စိတ်မ၀င်စားပါ.. မင်းသမီးက ရည်ရွယ်ချက်ရှိရှိနှင့်လက်တုန့်ပြန်ရလောက်အောင်.. အဓိက အကြောင်းရင်းတော့ရှိရမယ်.. ဒီလောက်နဲ့တင်မပြီးနိုင်သေးဘူး.. နှင်ထုတ်လိုက်တဲ့နောက်ပိုင်းမှာ.. ဘာတွေဆက်ဖြစ်ကြလည်း... ဒီလောက်လေးမေးယုံလောက်နဲ့တော့.. ဒီလောက်ထိလက်တုန့်ပြန်စရာမရှိဘူး... တခုခုတော့ ပြောလိုက်ပုံရတယ်...
ကိုပေါရေ... သူတပါးရတဲ့လုပ်ခကိုစော်ကားတာတော့မကောင်းပါဘူး .. အခြား positive thinking တွေအများကြီးရေးပေးဖော်ပြပြီးတော့.. အခုကြမှဘယ်လိုဖြစ်ရတာလဲဗျာ.. ကိုပေါအခုရနေတဲ့လစာ ။ ၀င်ငွေကို.. ဘေဂိတ်လိုလူမျိုးက မင်းရတာလေး နှစ်ပြားတစ်ပဲ ပဲလို့စော်ကားပြီးပြောဆိုခဲ့ရင်.. ဘယ်လိုပြန်တု့န်ပြန်မလဲ.. အခုကိုပေါ အလုပ်လုပ်နေခဲ့ရင်..လစာပိုရမလားemployerထံမှတောင်းကြည့်လေ..

Nge Naing said...

သူ့ဖါသာသူ ယောက်ျား သုံးယောက်မကလို့ ၁၀ ယောက်ပဲ ရရ ထက်ထက်မိုးဦးရဲ့ ကိုယ်ရေးကိုယ်တာတွေကို အရသာခံပြီး ပြောကြ ရေးကြတာကိုတော့ ကျွန်မသဘောမျကျဘူး။ ဒီအင်တာဗျူးမှာ သတင်းထောက်က ဘာပဲမေးမေး မဖြေချင်ရင် မဖြေလို့ရတဲ့အခွင့်အရေး အမေးမခံချင်ရင် အင်တာဗျူးကိုလက်မခံတော့တဲ့ အခွင့်အရေးလည်း ရှိပါတယ်။ လက်မခံတော့ဘူး ပြောလျက်နဲ့ အတင်းမရမက လိုက်မေးနေရင်တော့ အပြုမူကို လက်ခံလို့ မရသည့်တိုင် သူခံစားရတာကို နားလည်ပေးလို့ ရပါတယ်။ အခုသိရတာ လက်မခံလို့ သတင်းထောက်က ထွက်လာတာ အပြင်ရောက်လာပြီးမှ လာရိုက်တယ်ဆိုတော့ ဒီလိုအကြမ်းဖက်တဲ့ အပြုအမူမျိုးကိုတော့ စာလုံးဝမတတ်သူပဲလုပ်လုပ် PhD နှစ်ခုလောက် ရထားတဲ့ ပညာတတ်ပဲ လုပ်လုပ် လက်ခံနိုင်စရာရော ငှဲ့ညာနားလည်ပေးပါ မရအောင် အတိုင်းအတာ ကုန်နေတယ်လို့ ကျွန်မထင်တယ်။ လူတိုင်းမှာ စိတ်ရှိပါတယ်၊ ဒီလိုသာ ဒေါသထွက်တိုင်း လူသားတဦး စောင့်စည်းသင့်တဲ့ စည်းမစောင့်ဘဲ လျှောက်ဆွဲရိုက်မယ် အကြမ်းဖက်နေမယ်ဆိုရင် မခက်ဘူးလား။ ပြီးတော့ လစာနည်းတဲ့သူတွေကို ခွဲခြားနှိမ်ပြောတာလည်း အလုပ်နဲ့ ဘာမှ ဆက်စပ်မှု မရှိဘူး ဒါဟာ Discrimination ပဲ ဖြစ်တယ် ဒါကိုလည်း ကျွန်မ လက်မခံဘူး။ ကျွန်မ ဒီလိုပြောလိုက်လို့ ထက်ခက်မိုးဦးကားတွေ မကြည့်ဘဲနေမှာတော့ မဟုတ်ပါဘူး။ သူ့အနုပညာက အနုပညာပါပဲ။ သူ့ Personality ဟာ personality ပါပဲ။ ဒီနှစ်ခုကလွဲရင် တခြား ကိုပေါပြောတဲ့ အချက်တွေကို ကျွန်မ လက်ခံတယ်။

Anonymous said...

မေး။ ။ မရေ...ဒါနဲ့ မေးခွင့်ပြုပါနော်။ အမ ဟိုးအရင် တုန်းက မုဒိန်းကျင့်ခံရမလို ဖြစ်သွားသေးတယ်နော်။ အဲ့ဒါ ဘယ်လိုခံစားရလဲ ဖြေပေးပါနော်။
ဖြေ။ ။ ဗြောင်း...ဖြောင်း....ဖြန်း။

Ye said...

မြန်မာဆန်ဆန်ပါးရိုက်တာလဲ..ရိုင်းတယ်ပဲပြောပြော...ကြိုက်တယ်) မြန်မာ့ရိုးရာဟန်မဆောင်တမ်း...ဆင်နွဲလိုက်တာပါပဲ။ဥပဒေတွေဆိုတာလိုက်လုပ်နေရင် တစ်ခါလေကျတော့...ကိုယ်ပေးချင်တဲ့ Message ကိုတဖက်သားကမရပဲဖြစ်တတ်တယ်။ မဟုတ်တရုတ်မေးခွန်းတွေမေးတတ်တဲ့ သတင်းထောက်တွေအတွက် အသင့်တော်ဆုံးနည်းပဲ။ မင်းသမီးဖြစ်တိုင်း မေးချင်တာမေးသီးခံရမယ်ဆိုရင်၊ အဲဒီလူ့အဖွဲ့အစည်းက Something Wrong နေပြီလေ။

ရှေ့မှာတော့ပါးမရိုက်ပဲ၊နောက်ကျမှဒီသတင်းထောက်ကိုအသရေဖျက်မှုနဲ့ တရားစွဲပြီး ဒုက္ခရောက်အောင်လုပ်လိုက်မယ်ဆိုတာထက်စာရင် ယဉ်ကျေးတဲ့လူ့အဖွဲ့ကြီးကိုဘေးခဏထားပြီး အညှိုးမထားစတမ်းပွင့်ပွင့်လင်းလင်းပါးရိုက်လိုက်တာအကောင်းဆုံးပါပဲ။

အားပေးလျှက်

Anonymous said...

“ နအဖနဲ့ စာပေစိစစ်ရေးက စော်ကားသမျှ ဆယ်မိုးဆယ်နွေ ငြိမ်ခံနေခဲ့ကြပြီးတော့” ဆိုတာကိုတော့ သဘောမတူနိုင်ဘူး။ ဟုတ်တယ်။ ငြိမ်ခံနေခဲ့တယ်။ ဘာလို့လဲ။ ကြောက်လို့ပေါ့။ သတင်းသမားက တော်လှန်ရေးသမားမှ မဟုတ်တာဘဲ။ သူတို့လဲ သာမန်ပြည်သူတွေပါပဲ။ အဲဒီလို ငြိမ်ခံနေခဲ့ကြတာ သတင်းသမားမှ မှ မဟုတ်ဘဲ။ ကိုပေါ အဖေအမေ မြန်မာပြည်မှာရှိရင် ငြိမ်ခံတဲ့အထဲ သူတို့လဲ ပါတာပဲ မဟုတ်လား။ ကျန်တာကတော့ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါတယ်။ ကိုယ်ထိလက်ရောက် တုံ့ပြန်တာကတော့ ထက်ထက်မိုးဦး မှားတယ်ပဲ မြင်ပါတယ်

Thura said...

ကဲအပေါ်ကကွန်မန့်ပေးတဲ့ဘော်ဒါတို့..ခင်ဗျားတို့ကလဲတကယ်ကိုတဘက်သတ်ကြီးပဲ..ဘာလဲထက်ထက်ပရိသတ်ဆိုရင်ထက်ထက်ကိုပဲထောက်ခံရမယ်ဆိုတဲ့သဘောလား..ကျနော်ကတော့နှစ်ယောက်လုံးကိုရှုံ့ချတယ်ဗျာ..ထက်ထက်ကိုပိုပြီးရှုံ့ချတယ်..ဘာလို့လဲဆိုတော့ သူဟာ မြန်မာပြည်ရဲ့အအောင်မြင်ဆုံး celebrity တွေထဲမှာတစ်ယောက်အပါအ၀င်ဖြစ်တယ်..ပြီးတော့သူ့အသက်အရွယ်က သတင်းထောက်မလေးရဲ့အသက်နဲ့ စာရင် ကျနော်ထင်တယ်အနည်းဆုံး 14-5နှစ်ကွာလိမ့်မယ်...ဒီလိုမျိုးအသက်အရွယ်အားဖြင့်လဲသူ့ထက်အများကြီးငယ်တယ်..နောက်တခု ဘ၀ရဲ့နေထိုင်မှုပုံစံ အတွေ့အကြုံတွေလဲ အများကြီးသာနေတဲ့ ထက်ထက်က ဆံပင်ဆွဲပြီးပါးရိုက်တယ်ဆိုတာက တော်တော်ကိုအောက်တန်းကျတဲ့လုပ်ရပ်ဆိုတာ ပညာရှိသူတော်ကောင်းတွေသိပါလိမ့်မယ်..ဒါကိုထောက်ခံတယ်ဆိုရင်တော့ထောက်ခံတဲ့လူပါ အဆင့်အတန်းမရှိတဲ့လူဖြစ်သွားပါပြီ...

Anonymous said...

်မင်းသမီးကြိုက်ပြီး မျှမျှတတမတွေးနိုင်သူကတော့ မင်းသမီးဘာလုပ်လုပ် ကောင်းနေမှာပဲ။ ယောက်ကျား ၄ ယောက်လဲ ရှိနေလဲ နံပါတ် ၅ ဖြစ်ခွင့်ရရင် ဖြစ်ချင်နေသူဆိုတော့ ဒါလဲခွင့်လွတ်တယ်ပေါ့..

ဖိုးတုတ် said...

တကယ်တော့ ရုပ်ရှင်မင်းသား ကိုကျော်သူက လွဲ လို. မင်းသား ၊ မင်းသမီး များဟာ နအဖ နှင့် ပတ်သက်နေပါတယ်၊ နေပြည်တော်မှာ သင်္ကြန် စည်အောင်ခေါ်ရင် သူတို.သွားရပါတယ်၊ နိုင်ငံရေး ပေါ်လစီ ကားရိုက်ဆိုရင် ရိုက်ပေးရပါတယ်၊ နအဖ နှင့် အဆင်မပြေရင် အကယ်ဒမီ မရနိုင်ပါဘူး၊ ခုကိစ္စက သက်ဆိုင်သူတွေ ဥပေဒ ဘောင်တွင်း က ဖြေရှင်းတာကောင်းပါတယ်၊ ထက်ထက်မိုးဦး အနေနှင့် လူသိရှင်ကြား တောင်းပန် သင့်ပါတယ်၊ ခုကိစ္စက လွယ်လွယ်နှင့် ပြီးမယ်မထင်ပါဖူး၊ သတင်းအရ ရန်ကင်းတရားရုံး က အမှုကို လက်ခံသင့် ၊ မသင့် စဉ်းစားတာတို.၊ ပြန်ကြားရေးဝန်ကြီး က သတင်းစာ ကို တိုက်ရိုက် ဖုံးဆက်ပြီး၊ စာစောင်ထဲမှ မထည့်ဖို. ကို သတင်းတွေက ရေးနေကြပါတယ်၊ ကျွန်တော် ထင်တာက တော့ ထက်ထက်မိုးဦး ကို တရားမစွဲဖို. နအဖ က ဖိအားပေးရင် ထက်ထက်မိုးဦး က အလိုလိုနေရင်း နအဖ ရဲ. လက်ကိုင်တုတ် ဖြစ်သွားပြီး၊(၈၈ မျိးဆက် ကျောင်းသားဟောင်း အေးလွင် ပုံစံမျိုး) ၊ ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်တာတို.၊ ကြံဖွံပါတီ မဲရရေး စည်းရုံးပေးတာတို. မှာ အသုံးချ နိုင်ပါတယ်၊ အကယ်၍ နအဖ က ထက်ထက်မိုးဦး ဘက်ကနေ အလကားတော့ ကူညီ မှာ မဟုတ်ဖူး၊ ဒါမှ မဟုတ် အမြင် ကပ်ပြီး ၊စာနယ်ဇင်းပိတ်၊ ထက်ထက်မိုးဦး ကို ကားရိုက်ခွင့် ပိတ်လိုက်ရင် အားလုံး နစ်နာသွားပါမယ်၊ အထက်ပါ အားလုံးဟာ ကျွန်တော့်ရဲ. pure speculation သာ ဖြစ်ပါတယ် ၊ အားလုံးကျန်းမာ ရွှင်လန်း ကြပါစေ၊

Anonymous said...

I agree above post.They will use her for sure.

ဖိုးတုတ် said...

့အကယ်၍ ထက်ထက်မိုးဦး သာ နအဖ ရဲ. လက်ကိုင်တုတ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ပြီ ဆိုရင် ကျွန်တော် အရင်ဆုံး သနားမိမှာက ကိုပေါ ပဲ ၊ တစ်ဘက်ကလည်း ကိုပေါ ကြည်ညို လေးစားတဲ့ လူထု ခေါင်းဆောင် ၊ တစ်ဘက်ကလည်း ကိုပေါ ရဲ. အသဲစွဲ မင်းသမီးလေး ၊ ကိုပေါ ဘယ်သူ. ဘက်မှာ ရပ်တည်မှာလဲ ?

ကိုပေါ said...

kokosan,

ရှင်းရှင်းလေးကို ရှုပ်နေပါပြီကော။ ထားလိုက်ပါတော့။ ထက်ထက်မိုးဦးက ကိုကိုစံပြောသလို နအဖရဲ့ လက်ကိုင်တုတ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြီဆိုပါတော့။

ကျနော်ကြည့်မှာက သူ့ရဲ့ ဝေဖန်မှုဟာ ဘယ်လောက်မှန်သလဲ။ ဘယ်သူ့အတွက် အကျိုးရှိသလဲ။ စတဲ့အချက်တွေကို ကြည့်မယ်။

တကယ်လို့ သူဝေဖန်တဲ့ရှုထောင့်က မှန်တယ်လို့ ကျနော်ယူဆတယ်ဆိုရင် ထက်ထက်မိုးဦးဖက်က ကျနော်ရပ်မယ်။ ထက်ထက်မိုးဦးက မှားတယ်လို့ ယူဆတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဖက်က ရပ်မယ်။ နှစ်ယောက်စလုံးမှားတယ်ထင်ရင် ဘယ်သူ့ဖက်မှ မရပ်ဘူး။

တခါ.... ထက်ထက်မိုးဦးဝေဖန်တာက နိုင်ငံရေးအရ ဝေဖန်တာ ဖြစ်မယ်။ ဒါပေမယ့် တချိန်တည်းမှာ ထက်ထက်မိုးဦးက အင်မတန် အနုပညာမြောက်တဲ့ အလုပ်တခု (ဥပမာ ဇာတ်ကားကြီး တကားမှာ ပြောင်မြောက်စွာ သရုပ်ဆောင်တယ်ဆိုပါစို့) ကိုလုပ်မယ်ဆိုရင် ကျနော်ဟာ ထက်ထက်မိုးဦးကို နိုင်ငံရေးအရ မထောက်ခံသော်လည်း သူ့ကို အနုပညာအရ နှစ်သက်နေဦးမှာပဲ။

တခါ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် ဖြစ်နေရုံသက်သက်နဲ့ ကျနော်ဟာ မျက်စိမှိတ်ပြီး အရာအားလုံးမှာ ထောက်ခံနေမှာမဟုတ်ဘူး ဆိုတာလည်း သိစေချင်သေးတယ်။ မြန်မာနိုင်ငံမှာ လူသန်းခြောက်ဆယ်မှာ ၅၉၉၉၉၉၉၉ ယောက်က တစုံတခုကို ထောက်ခံနေပေမယ့် ကျနော် မယုံကြည်ရင် တယောက်တည်းဖြစ်နေပါစေ ကျနော် ထောက်ခံမှာ မဟုတ်ဘူး။ ဒါဟာ ကျနော့်အခွင့်အရေးလို့ ကျနော်ယူဆတယ်။ လူအများထောက်ခံလို့ ရောယောင်ပြီး ထောက်ခံမှာ မဟုတ်ဘူး။

အခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတယ်ဆိုတာက သူလုပ်နေတဲ့ အကြမ်းမဖက် လမ်းစဉ်ကို ကျနော် ထောက်ခံတယ်။ သူ့ရဲ့ ရိုးသားမှုကို ကျနော် လေးစားတယ်။ သူ့ရဲ့ သတ္တိကို ကျနော် အထင်ကြီးတယ်။ သူ့ရဲ့ သဘောထားကြီးမှုကို ကျနော် ကြည်ညိုတယ်။ သူ့ရဲ့ တစိုက်မတ်မတ် လုပ်ဆောင်နိုင်တဲ့ ခွန်အားကို ကျနော် အားကျတယ်။ သူ့ရဲ့ ပြည်သူတွေအပေါ်မှာထားတဲ့ မေတ္တာတရားအတွက်၊ ဂရုဏာအတွက် ကျနော်ကျေးဇူးတင်တယ်။ အဲဒီအကြောင်းတွေကြောင့် ကျနော်ထောက်ခံနေတာ၊ လူအများ ထောက်ခံလို့ ရောယောင်ပြီး ထောက်ခံနေတာ မဟုတ်ဘူး။ ကျနော့်မှာ ခိုင်လုံတဲ့ Reason ရှိပြီးသား။

အဲဒီ အခြေခံ ရိုးရှင်းတဲ့ သဘောထားကို နားမလည်လို့သာ ဒီမေးခွန်းကို မေးတယ်လို့ ယူဆပါတယ်။

ဖိုးတုတ် said...

ကိုပေါ ကျွန်တော့် ကို ပြန်ရေးထားတဲ့ အပေါ်မှာ ကိုယ်ပေါ ရဲ. ခံယူချက် သိရပြီး လေးစားမိပါတယ်၊ ကိုပေါ နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ၊ Have a great long weekend.

Anonymous said...

“ နအဖနဲ့ စာပေစိစစ်ရေးက စော်ကားသမျှ ဆယ်မိုးဆယ်နွေ ငြိမ်ခံနေခဲ့ကြပြီးတော့” ဆိုတာကိုတော့ သဘောမတူနိုင်ဘူး။ ဟုတ်တယ်။ ငြိမ်ခံနေခဲ့တယ်။ ဘာလို့လဲ။ ကြောက်လို့ပေါ့။ သတင်းသမားက တော်လှန်ရေးသမားမှ မဟုတ်တာဘဲ။ သူတို့လဲ သာမန်ပြည်သူတွေပါပဲ။ အဲဒီလို ငြိမ်ခံနေခဲ့ကြတာ သတင်းသမားမှ မှ မဟုတ်ဘဲ။ ကိုပေါ အဖေအမေ မြန်မာပြည်မှာရှိရင် ငြိမ်ခံတဲ့အထဲ သူတို့လဲ ပါတာပဲ မဟုတ်လား။"

"နအဖ မကောင်းကြောင်း မီဒီယာတွေ မရေးဘူး ဆိုတာ ဟုတ်တယ်။ အဲဒါ ဘာကြောင့်လဲ ဆိုတော့ သူတို့ ကလဲ ခင်ဗျားတို့ ကျွန်တော်တို့လို ပြည်တွင်းမှာ နေတဲ့၊ အစိုးရ တစ်ခုတည်း အောက်မှာ နေတဲ့ ပြည်သူတွေ ဖြစ်နေလို့ပဲ။ ခင်ဗျားတို့ အနေနဲ့ အစိုးရ မကောင်းကြောင်း မြို့လယ်ခေါင်မှာ သွားအော်ရဲ သလား။ ဘာကြောင့်လဲ။ အဖမ်းခံရမှာ ကြောက်တယ် မဟုတ်လား။
သူတို့လဲ ဒီလိုပါပဲ။ သူတို့က ခင်ဗျား တို့ထက်ဘာမှ ပိုပြီး အခွင့်အရေး ရနေတဲ့ လူတန်းစား မဟုတ်ဘူး။ မီဒီယာ သမား ဆိုတာ ပြည်သူ ထဲက ပြည်သူ တစ်ယောက်ပါပဲ။ "

If so, stop saying that the media is the fourth estate of the country. Yeah, we understand what it's like to be in Myanmar. Just shut up! Just admit that so-called pop journalists are just reporters that live on the gossips of celebs. Just admit it, you morons! Stop taking credit by saying that we are the fourth estate and blah blah blah......and also stop using media as a weapon in defending yourselves! I've never so much disappointed by the media in Myanmar. Shame on you! If you can't do your job properly, just admit and shut up!! Shut the F^K UP!!!

(Btw, i've never been HHMO's fan. I never will be)

Anonymous said...

agree with above comment. :)

မောင်နှင်းလှိုင် said...

အခု လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေတယ်ဆိုတာက သူလုပ်နေတဲ့ အကြမ်းမဖက် လမ်းစဉ်ကို ကျနော် ထောက်ခံတယ်။ သူ့ရဲ့ ရိုးသားမှုကို ကျနော် လေးစားတယ်။ သူ့ရဲ့ သတ္တိကို ကျနော် အထင်ကြီးတယ်။ သူ့ရဲ့ သဘောထားကြီးမှုကို ကျနော် ကြည်ညိုတယ်။ သူ့ရဲ့ တစိုက်မတ်မတ် လုပ်ဆောင်နိုင်တဲ့ ခွန်အားကို ကျနော် အားကျတယ်။ သူ့ရဲ့ ပြည်သူတွေအပေါ်မှာထားတဲ့ မေတ္တာတရားအတွက်၊ ဂရုဏာအတွက် ကျနော်ကျေးဇူးတင်တယ်။ အဲဒီအကြောင်းတွေကြောင့် ကျနော်ထောက်ခံနေတာ၊ လူအများ ထောက်ခံလို့ ရောယောင်ပြီး ထောက်ခံနေတာ မဟုတ်ဘူး။ ကျနော့်မှာ ခိုင်လုံတဲ့ Reason ရှိပြီးသား။

ဒါလေးကျတော့လည်းသဘောကျရပြန်ရောကိုပေါရဲ့ ။

မောင်နှင်းလှိုင် said...
This comment has been removed by the author.
Pao Pao said...

ကို ပေါ ပြော တာ .. အ တိုင်း အ တာ တစ် ခု အ ထိ ထောက် ခံ တယ် ..။
သ တင်း ထောက် တွေ ရဲ့  .. ဂုဏ် သိ က္ခာ ကို .. စော် ကား တာ တဲ့  .။
ပြော ရဲ သေး တယ် .. သူ တို့  က ..။
သ တင်း ထောက် ဂုဏ် သိက္ခာ မ ကျ ချင် ရင် ..
အ စ က တည်း က .. သ တင်း ထောက် ဂုဏ် သိ က္ခာ နဲ့  ကိုက် ညီ မဲ့ 
အ ရည် အချင်း မှီ .. သ တင်း ထောက် ကို .. ခန့် ထား ပေါ့ ..။
နောက် ပေါက် .. သ တင်း ထောက် တွေ .. မီဒီ ယာ ကျင့် ၀တ် ဆို တာ ကို ...
မှန် အောင် စာ လုံး ပေါင် တတ် မှ.. ဒီ ကိ စ္စ .. ဆက် ပြော ကြ ရင် ..
အာ ညောင်း သက် သာ မယ် ..။
ပေါင် ပေါင် ..( Pao Pao )
eniweniw@gmail.com

Anonymous said...

ပရိတ်သတ်ကတော့ ပိတ်ကားပေါ်က မင်းသမီးကို ပိတ်ကားပေါ်က မင်းသမီးလိုပဲ မြင်ကြတာပါ။

ဒီလိုပဲ စာရေးဆရာဆိုလည်း သူရေးတဲ့ စာကိုပဲ စာဖတ်သူက စိတ်ဝင်စားပါတယ်။


သူတို့တွေရဲ့ ကိုယ်ပိုင်ဘ၀က အပစ်အနာဆာတွေက ပရိတ်သတ်ကို စော်ကားနေတာမှ မဟုတ်တာ။

Anonymous said...

ထက်ထက်ဘာလုပ်လုပ် ကောင်းတယ်ထောက်ခံတယ်.....ယောင်္ကျားဘယ်နှစ်ယောက်ယူယူ ဘယ်သူ့အပူတုန်း....နောက်တခါ သူတို့ပါးစပ်အဟောင်းသား ဖြစ်သွားအောင် ယောင်္ကျားတွေကို ဒီထက်မက ယူပြစ်လိုက်......အခုလို့ တယောက်ပြီးတယောက်တောင်မယူနဲ့...တပြိုင်းနည်းယူပစ်လိုက်

Anonymous said...

ကျွန်တော်ကတော့ ဘယ်သူမှားတယ်မှန်တယ် သိပ်စိတ်မဝင်စားပါဘူး။ ရှင်းနေလို့ပါ။
ထက်ထက်မိုးဦးမှန်တယ်.. ဒီလိုလုပ်သင့်တယ်.. နည်းတောင်နည်းသေး လို့ပြောသူများကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်တော့်ကို ပါးစပ်ကနေကြိုက်သလို ပြောနိုင်ပါတယ်။ ကြိုက်တဲ့မေးခွန်းမေးနိုင်ပါတယ်။ စိတ်ကြိုက်စော်ကားနိုင်ပါတယ်။ ကျွန်တော်က ပါးပဲပြန်ရိုက်ပါ့မယ်။ လည်ပင်းတော့ မညစ်ရဲပါဘူး.. အဟီး.. ပါးစပ်နဲ့ တစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်လိုလည်းခင်ဗျာ..
:D

Anonymous said...

ထက်ထက်လုံးဝ (လုံးဝ) မှားပါတယ်. တောင်းပန်သွားတဲ့လူတယောက်ကို ခွင့်လွှတ်ဖို့ပဲရှိပါတယ်. ဘယ်သူကမှ ဘယ်သူ့ကို လူပုံအလယ်မှာ ကိုယ်ထိလက်ရောက်စော်ကားခွင့်မရှိပါဘူး. သတင်းသမားကမေးတယ်ဆိုတာလည်း နှစ်ကိုယ်ကြားမေးခဲ့တာပါ. အများအလယ်မှာ ထက်ထက် ကိုတော့ ငါတွယ်လိုက်မဟဲ့လို့ဆိုပြီး မေးတာမဟုတ်လောက်ပါဘူး. မကျေနပ်ရင် မဖြေပါနဲ့. ပညာရှိအမျက်အပြင်မထွက်လို့ဆိုထားပါတယ်.ရှင်းပါတယ်. ထက်ထက်ပညာရှိမဟုတ်ပါ. တချိန်က သူ့ကိုကြုက်ခဲ့ဖူးသူတယောက် (အနုပညာကိုအားပေးခဲ့ဖူးသူဟု မပြောပါ)

Anonymous said...

http://www.snapshot-news.com/index.php?option=com_content&view=article&id=5032%3A2010-05-31-11-42-48&catid=330%3Avol2-no87&Itemid=118

Bino said...

Nobody perfect.
BINO

yanmyo123 said...

တစ်ချို့ဆိုဒေါသကြောင့်လူတောင်သတ်သေးတာဘဲ၊ တရားဥပဒေတွေ လွန်တယ်မလွန်ဘူးဆိုတာတွေ ဘေးချိပ် ကိုယ်ဆိုရင်လည်း ဆော်မိမလားဘဲ..၊ ထက်ထက်ကို ရွှေကျီးမုန့်ကျွတ်စကြော်ညာကထဲက ကြည့်လာတာ..၊ စိုးသူကားမှာဇာတ်ရံအဖြစ်စသရုပ်ဆောင်ကထဲက အားပေးလာတာ..၊ အထင်ပြောရရင် တစ်ယောက်ယောက်က လူသစ်သတင်းထောက် ကောင်မလေးကို ဒါတွေမေးဆိုပြီး မြှောက်ပြီးမေးခိုင်းလိုက်သလားမသိ..၊ ၀ါရင့်သတင်းထောက်ဆိုသူတွေကို ပိုကြောက်၇တယ်၊

Night Wolf said...

(QUOTE From one Anonymous )
"ကျွန်တော်ကတော့ ဘယ်သူမှားတယ်မှန်တယ် သိပ်စိတ်မဝင်စားပါဘူး။ ရှင်းနေလို့ပါ။
ထက်ထက်မိုးဦးမှန်တယ်.. ဒီလိုလုပ်သင့်တယ်.. နည်းတောင်နည်းသေး လို့ပြောသူများကိုတော့ ဖိတ်ခေါ်ချင်ပါတယ်။
ကျွန်တော့်ကို ပါးစပ်ကနေကြိုက်သလို ပြောနိုင်ပါတယ်။ ကြိုက်တဲ့မေးခွန်းမေးနိုင်ပါတယ်။ စိတ်ကြိုက်စော်ကားနိုင်ပါတယ်။ ကျွန်တော်က ပါးပဲပြန်ရိုက်ပါ့မယ်။ လည်ပင်းတော့ မညစ်ရဲပါဘူး.. အဟီး.. ပါးစပ်နဲ့ တစ်ခွန်းမှ ပြန်မပြောပါဘူး။ ဘယ်လိုလည်းခင်ဗျာ..
:D"


ဒီလိုပြောတဲ့ Anonymous ကို တစ်ခုလောက်မေးချင်ပါတယ်... အဲလို မျိုးပါစပ်နဲ့ ကြိုက်သလိုမေး... ကြိုက်သလိုပြောဆိုတာကို ဘယ်လိုအခြေအနေနဲ့ ဘယ်လိုအချိန်အခါ ဆိုတာ ထည့်မတွက် ပဲ... ကလေးအတွေးနဲ့ လွယ်လွယ်လေး ပြောတယ်လို့ပဲထင်ပါတယ်...
အပြောခံ.. စော်ကားခံရတဲ့ သူရဲ့  လက်ရှိ ခံစားချက်... ရင်ဆိုင်နေရတဲ့ ပြသနာ တွေ... ဆုံးရှုံးမှုတွေကြောင့် ထိခိုက်ရတဲ့ အချိန်ဆိုတာတွေကို ထည့်မတွက်တော့ဘူး လား....
ဘာကောင်မှ မဟုတ်တဲ့သူတွေ.. သူ့လို ပြသနာ ကြီးကြီး မကြုံနေရတဲ့ လူတွေ... ဆို အဲလိုလွယ်လွယ်ပြောလို့ရတာပေါ့....
သူရိုက်တာကို မှန်တယ် လို့ ပြောနေတာ မဟုတ်ပါဘူး.... ဒါပေမယ့် ဘာကြောင့်အဲလို ဖြစ်ရတာလဲ ဆိုတာကို နဲနဲ ဆင်ခြင်ပြီး မှ ပြောသင့်ပါတယ်..
အဲလိုမေးရင် အဲလိုဖြစ်တတ်တယ် ဆိုတာ သိသင့်ပါတယ်...

ဘုရားဟောသလိုပါပဲ.. အကြောင်းရှိလို့ အကျိုးဖြစ်တဲ့ ကိစ္စမှာ... တစ်ဘက်သက် မပြောပါနဲ့...
သူ့အခြေအနေ.. နဲ့ ကိုယ့်အခြေအနေ... မတူတာကို နားလည်ပါ...


ဆရာဦးမင်းလူပြောဖူးတဲ့ ဥပမာ ရှင်းရှင်းလေး... တစ်ခုလိုပြောရရင်...
"တစ်ထွာ ဆိုတဲ့ ဆံပင်ဟာ..
ယောက်ကျားလေး တစ်ယောက်အတွက် အရှည်ကြီး...
မိန်းကလေး တစ်ယောက်အတွက် ... တိုတိုလေး...
ဆိုတာ သဘောပေါက်ပါ.."

မိန်းကလေး တစ်ယောက်ကို လူကြားထဲ ပါးနမ်းပြီး... မကျေနပ်ရင် ငါ့ ပြန်နမ်းလေ.. ငါကြည်ကြည်သာသာ ခံမယ်ဆိုတာမျိုး လုပ်လို့ ရမယ် ထင်ပါသလား????

(ထင်တယ်ကွာ လို့ ဖင်ပိတ်ငြင်းရင်တော့... အဲဒီကောင်မလေး နေရာမှာ... ခင်ဗျား.. နှမဆို ရင် ဘယ်လိုနေမလဲတွေးကြည့်ပါ)

Anonymous said...

ကျနော့်မှတ်ချက်ကို ကလေးအတွေးလို့ရေးထားတယ်ဆိုလို့ လာကြည့်တယ်။ တကယ်တမ်းကြ ကာယကံနဲ့ ဝစီကံ ကွာခြားချက်ကလေးကိုတောင်မှ မမြင်နိုင်အောင် တိမ်သလ္လာဖုံးပြီး တဖက်သတ်ဆန်နေတာ တွေ့ရတယ်။ မဆိုင်တဲ့ ဘုရားဟောတွေရော ကျနော့နှမပါ ဆွဲထည့်ရေးထားပါတယ်။ ဒီကိစ္စ ယောက်ျားမိန်းမဖြစ်ခြင်းနဲ့လည်းမဆိုင်ပါ။ (သူ့ဘာသာ မိန်းမချင်းဖြစ်ကြတာ။) အသေးစိတ်တော့ မပြောချင်တော့ပါ။
အကြောင်းအကျိုးရှိတယ် ပြောလို့ အောက်က အချက်လေးတွေကိုစဉ်းစားကြည့်ပါ။

+ ဂျာနယ်လစ်က မင်းသမီးကို မေးခွန်းမေးတယ် .. မင်းသမီးကပါးရိုက်တယ် ..
+ အီရန်မှာ ကောင်ကလေးဈေးထဲမှာ ပစ္စည်းခိုးတယ် .. သူ့ကို လက်ဖြတ်လိုက်တယ် ..
+ သီရိလင်္ကာမှာ ဂျာနယ်လစ်တယောက် သတင်းရေးတယ် .. မကြိုက်သူတွေက သတ်ပစ်လိုက်တယ် ..
+ ဘုန်းကြီးတွေ မေတ္တာသုတ်ရွတ်တယ် .. အစိုးရက တုတ်နဲ့ ရိုက် သေနတ်နဲ့ ပစ်တယ် ..

အဲဒါတွေအားလုံး တကယ်ဖြစ်ခဲ့တာပါ။ အကြောင်းရှိတယ်.. အကျိုးဖြစ်လာတယ် ဒါကြောင့်ပဲ လုပ်သူက မှန်နေရောလား။

ရှင်းရှင်းပြောရရင် ဒီလောက်ရှင်းနေတဲ့ကိစ္စမှာ အမှန်မမြင်နိုင်လောက်အောင် ဒီလူတွေ ဘာဖြစ်နေလည်း စဉ်းစားမရပါ။

"Wine"

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs