ဒီနေ့ လွတ်လပ်ရေးနေ့.....
လွတ်လပ်မှုကို ချစ်မြတ်နိုးသူတွေ သံတိုင်နောက်မှာ ရောက်နေဆဲ လွတ်လပ်ရေးနေ့။
တိုင်းရင်းသားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေရဆဲ လွတ်လပ်ရေးနေ့။
လယ်သမားတွေရဲ့ လယ်မြေတွေကို အဓမ္မသိမ်းယူခံနေရဆဲ လွတ်လပ်ရေးနေ့။
စစ်ဗိုလ်တမတ်သားပါလီမန်မှာ စစ်ဗိုလ်လူထွက်တွေ လွှတ်တော်ဥက္ကဋ္ဌဖြစ်နေတဲ့ လွတ်လပ်ရေးနေ့။
တိုင်းပြည်အနာဂတ်ကို လူနှစ်ယောက်လောက်က ကျိတ်ပုန်းညှိနေတဲ့ လွတ်လပ်ရေးနေ့။
သယံဇာတတွေ ချရောင်းနေတဲ့ လွတ်လပ်ရေးနေ့။
နိုင်ငံတကာကို မျက်နှာချိုသွေးနေရတဲ့ ဖာသည်နိုင်ငံဘဝ ကျရောက်နေတဲ့ လွတ်လပ်ရေးနေ့။
မတည်တဲ့ကတိစကားတွေ၊ မာယာတွေနဲ့ ပြည့်လျှမ်းနေတဲ့ လွတ်လပ်ရေးနေ့။
ပြည်သူ့အသံကို ရဲရဲဖွင့်အန်ခွင့်မရသေးတဲ့ လွတ်လပ်ရေးနေ့။
သုံးနှစ်သမီးငယ် ဖြူနေခြည် တယောက် အဖေ၊အမေနဲ့ အတူနေခွင့်ရဖို့ ဘုရားမှာ ဆုတောင်းနေရတဲ့ လွတ်လပ်ရေးနေ့။
ပြည်သူပြည်သားအားလုံးအတွက် ဓါးမိုးထားတဲ့လွတ်လပ်ရေးနေ့။
Posted by
ကိုပေါ
on Wednesday, January 4, 2012
Labels:
general
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
6 comments:
ဗြောင်လိမ်ဝံ့တဲ့သူတွေရဲ့အရှက်မရှိမျက်နှာတွေကိုကြည့်ပြီး
အံ့သြရွံ့ရှာမိတာအမှန်ပါဘဲ
ကိုပေါပြောတာတွေမှန်ပါတယ်
ကိုပေါရေ
ဒီပို.စ်ကိုတော့ သဘောတူတယ်။
ဘီယာလေးသောက် အားရင် ဘလောဂ်လေးရေးတဲ့ လွတ်လတ်ရေးနေ့ 
နိုင်ငံရေး အကြောင်းပြောမယ် ရေးမယ်ဆိုရင် ဘီယာရှောင်ရမယ်ဆိုတာ ဒီဘလော့က ကွန်မန့်တွေ ဖတ်ရမှပဲ သိတော့တယ်။ ရေးရင် မသောက်နဲ့ သောက်ရင် မရေးနဲ့ပေါ့နော့။
လွတ်လပ်ရေး လို ချင်သူ အချင်းချင်း တောထဲမှာ မတရား ချုပ်နှောင်၊ ဥပဒေမဲ့ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး နိုင်ငံခြားတွေမှာ ခပ်တည်တည်နဲ့ နေထိုင်နေကြတာတောင် တရားစီရင်ခြင်းမခံရသေးတဲ့ လွတ်လပ်ရေးနေ့။
http://drlunswe.blogspot.com/2012/01/blog-post_8715.html
မကင်းရာမကင်းကြောင်း ABCDE အဖွဲ့ဝင်ဟောင်းများ သတိသာထားနေကြပေတော့။
ဒီတခါတော့ သူတို့တကယ်ပဲ လွတ်လာကြပါပြီ!
So silent?
Post a Comment