ဘောလုံးဆိုတာ အလုံးကြီးဆိုတော့လဲ ဘယ်အသင်းနိုင်မယ်ဆိုတာ ပြောရခက်သား.....။း-)
Posted by
ကိုပေါ
on Sunday, November 7, 2010
Labels:
general
စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites | Blogs |
Websites | Blogs |
6 comments:
ပွဲပြီးရင် နိုင်တဲ့သူတွေကို သံပုရာခွံ တခြမ်းစီ ဆုချမယ်တဲ့။
ရွှီ....ဒီပွဲ ဒိုင်စားတယ်။
http://4.bp.blogspot.com/_Q5lihxWOdsA/TMQy-ZFtbsI/AAAAAAAAEjs/uEk7Q4tHVMI/s1600/acid_picdump_91.jpg
Thanks, ko paw..
တကယ်ဆိုရင် ဗိုလ်ချုပ်တွေနဲ့ နိုင်ငံရေးဟာ လားလားမှ မဆိုင်ဘူး။ တခြားဝန်ထမ်းတွေလိုပဲ ၀န်ထမ်းကျင့်ဝတ်အတိုင်း နေရမှာပါ။ တခြားဝန်ထမ်းတွေဟာ လွှတ်တော်နဲ့ မဆိုင်သလိုပဲ . . . . . စစ်သားနဲ့ လွှတ်တော်ဟာလဲ လားလားမှမဆိုင်ပါဘူး။ အဲဒါကို လွှတ်တော်ထဲမှာ စစ်သား တမတ်သားနေရာကို ရအောင်ယူထားတယ်။ နောက်ပြီးတော့ ဦးသန်းရွှေဆိုရင် နှစ်၂၀ကျော် အုပ်ချုပ်ခွင့်ရခဲ့ပြီပဲဗျာ။ အဲလောက်ဆိုရင် ကျေနပ်ရမှာပေါ့။ နအဖဗိုလ်ချုပ်တွေဟာ အဏာအတွက် အရမ်းကို ရူးသွပ်နေတာဗျ။ ကြံ့ဖွတ်ဆိုတာ ပါတီပြောင်းတာတောင် လူသိရှင်ကြားမပြောရဲလို့ တိတ်တိတ်လေးပါတီဖြစ်လာတာပါ။ အခုတော့ ကြံ့ဖွတ်က ပါတီဖြစ်ရုံမကပဲ ရွေးကောက်ပွဲတောင် နိုင်သွားပြီဆိုပဲ။ မကြာမီ ဦးသိန်းစိန်နဲ့ ဦးသန်းရွှေစောက်ခွက်ကြီးပါ ဘလော့ပေါ်မှာ မြင်လာရတော့မည်။ ကဲဗျာ.. တာဝန်သိစိတ်ရှိတဲ့ ဒီမိုတွေကို တစ်ခုတော့ ပြောချင်ပါတယ်။ နအဖကို ကွယ်ရာမှာ စောက်တင်းပြောနေတာတွေရပ်ပါတော့။ ကွယ်ရာမှာလုပ်နေတာ ဘာမှ အကျိုးမရှိပါဘူး။ နအဖကို တရားစွဲမယ်.. ဘာမယ်ဆိုတဲ့ မြန်မာအချင်းချင်းဒေါသနဲ့ အမုန်းအဃာတကြီးစေတဲ့ လုပ်ရပ်တွေကိုလည်း ရပ်ပါတော့။ နှစ်၂၀ မှားခဲ့တဲ့လမ်းစဉ်ကိုဖျက်ပြီး လမ်းသစ်ဖေါက်ပါဆို့။
ဘလော့ပေါ်မှာ နအဖရဲ့ မတရားတဲ့လုပ်ရပ်တွေ.. အရှက်မဲ့တဲ့လုပ်ရပ်တွေကို ကော်မန့်တွေကနေ ဆန့်ကျင်ကြပါ။ နအဖကို ဖင်ပိတ်ထောက်ခံနေတဲ့ စစ်ဗိုလ်တွေနဲ့ နောက်မဆုတ်တမ်း စကားခြင်းယှဉ်ပြောကြပါ။ အဲလို လက်တွေ့ကျကျ လုပ်ပြတာမျိုးကနေ တဖြေးဖြေးနဲ့ နအဖဖြုတ်ချရေးကို ပြန်လည် အရှိန်မြင့်လာနိုင်ပါလိမ့်မယ်။ လူသစ်တွေအနေနဲ့ . . .ကော်မန့်မှာ အရည်အသွေးမြင့်မြင့် မရေးတတ်မှာကို မစိုးရိမ်ပါနဲ့။ ကော်မန့်တွေရေးခြင်းအားဖြင့် နအဖကို ဆန့်ကျင်ရဲတဲ့ စိတ်ထားတွေ ဆက်လက်ရှင်သန် နေပါလိမ့်မယ်။(ရေးတာကြာလာတာနဲ့ အမျှ အရည်အသွေးလဲ တက်လာမှာပါ) psywar ဌာနက စစ်ဗိုလ်တွေကို နိုင်အောင် မပြောနိုင်မှာကိုလည်း မပူပါနဲ့။ အဓိကလိုအပ်ချက်ဟာ မတရားမှုကို ဆန့်ကျင်ရဲတဲ့ အလေ့အကျင့်ကောင်းလေးတွေ မြန်မာ့လူ့ဘောင်ထဲမှာ ရှင်သန်လာဖို့ပါ။ ကျုပ်ဟာ နအဖ ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်တွေကို ဆဲနေတာ မထောက်ခံပါဘူး။ ဒါပေမယ့် ဘာမှလုပ်ပဲ ဘေးကနေ လက်ပိုက်ကြည့်ပြီး ဆရာကြီးလို သြ၀ါဒပေးနေတဲ့သူတွေထက် အုတ်တစ်ချပ် သဲတစ်ပွင့် ဆဲတဲ့သူကို လေးစားပါတယ်။(အဖြူကို ဘုံန်းတော်ဖွဲ့ပြီး ကုလားကို ထိရင် ဆတ်ဆတ်ထိမခံတာတွေ မလုပ်ပါနဲ့။ အဖြူနဲ့ ကုလားတွေထက် မြန်မာလူမျိုး နအဖက ပိုပြီးကောင်းပါတယ်)
နောက်ပြီး မိမိဆွေမျိုးနဲ့ အပေါင်းအသင်းတွေကိုလည်း ဘလော့ပေါ်မှာ နအဖကို ဆန့်ကျင်တဲ့ ကော်မန့်တွေရေးပေးဖို့ စည်းရုံးပေးကြပါဦး။ အများကြီးစည်းလုံးဖို့မလိုပါဘူး… ၂ယောက်လောက်ပဲ စည်းရုံးပါ။ တကယ်လို့ မပြောရဲမဆိုရဲသူတွေရှိရင်လည်း ပြောရဲဆိုရဲအောင် နည်းပေးလမ်းညွှန်လုပ်ပြပေးကြပါ။ အဲလိုမှမဟုတ်ပဲ ဘလော့ပေါ်မှာတောင် နအဖကို မယှဉ်ရဲဘူးဆိုရင် …. မသူတော်တွေ အုပ်ချုပ်ခံနေရတဲ့ ဘ၀ကနေ လွတ်မြောက်ဖို့လမ်းမမြင်ပါဘူး။ ကျုပ်ရဲ့ တောင်းဆိုချက်ဟာ ပင်ပန်းခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်လုပ်ဖို့ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။
မသူတော်ကြီးများ လက်အောက်မှ ငါတို့မြန်မာပြည်လွတ်မြောက်ရမည်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
မြန်မာနိုင်ငံ အခုရင်ဆိုင်နေရတာ နိုင်ငံရေး ပြဿနာမဟုတ်ဘူး။ နိုင်ငံတော်အဏာရရှိရေး အတွက် ဦးတည်လုပ်ကိုင်နေတော့ . . . . နိုင်ငံရေး ပြဿနာဆိုပြီး အမှတ်မှားနေကြတာပါ။ နိုင်ငံတော် အာဏာကို လုတယ်ဆိုတာ နိုင်ငံရေး သမားတွေအချင်းချင်း ဖြစ်ရမယ့် ကိစ္စပါ။ ဒါပေမယ့် အခုဖြစ်နေတာက.. လူကြားလို့မှ မကောင်းဗျာ။ တခြားနိုင်ငံတွေလို . . . နိုင်ငံရေးသမားအချင်းချင်း အဏာလုတာ မဟုတ်ဘူး။ နိုင်ငံရေးနဲ့လားလားမှ မဆိုင်တဲ့ ၀န်ထမ်းက နိုင်ငံရေး အဏာကို လုထားလို့ ပြဿနာဖြစ်နေတာဗျ။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဆိုတာ ပြည်သူ့ဝန်ထမ်းတွေပါ။ ၀န်ထမ်းက ၀န်ထမ်းလို မနေပဲ… တိုင်းပြည်ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ကို . . . ဗိုလ်ချုပ်တွေက သူတို့ ကိုယ်ပိုင် တပ်လိုအသုံးပြုပြီး… တိုင်းပြည်အဏာကို လုထားလို့ ပြဿနာတက်နေတာပါ။
လေ့လာကြည့်လေ ကျုပ်တို့မြန်မာနိုင်ငံအဖြစ်ဟာ ရယ်စရာကောင်းလေပါပဲ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေက အစိုးရမဖွဲ့ဘူး။ ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ စစ်သားတွေက အစိုးရဖွဲ့တယ်။ ရွေးကောက်ခံ နိုင်ငံရေးပါတီဝင်တွေက လွှတ်တော်မှာ မရှိပဲ ထောင်ထဲမှာ ချုပ်နှောင်ခံထားရတယ်။ ရယ်စရာအကောင်းဆုံး ကိစ္စကတော့ စစ်ဗိုလ်က စစ်ရေးကိစ္စကို တလုံးတပါဒမှမဆွေးနွေးပဲ . . . လူထုကရွေးချယ်ထားတဲ့ နိုင်ငံရေးပါတီကို စောက်တင်းပြော စောက်ပြစ်တင်တာပဲလုပ်ကြတယ်။ အဲလိုအဖြစ်မျိုး တခြားနိုင်ငံတွေမှာ ကြားဖူးလား?
ဝန်ထမ်းက ၀န်ထမ်းကျင့်ဝတ်ကို မလိုက်နာလို့ဖြစ်နေတဲ့ပြဿနာ. . ဗိုလ်ချုပ်တွေက စစ်စည်းကမ်းကို မလိုက်နာလို့ ဖြစ်နေတဲ့ပြဿနာတွေကို နိုင်ငံရေးပြဿနာလို့ မြင်နေတာမှားယွင်းပါတယ်။ နိုင်ငံရေး ပြဿနာမဟုတ်ပဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းချင်တယ်လို့ ပြောနေတဲ့သူတွေဟာ အရူးတွေပဲဖြစ်မှာပါ။ ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်တွေကို နိုင်ငံရေးသမားနေရာမှာထားပြီး ပြောဆို ဆွေးနွေးနေတာတွေ ချက်ချင်းရပ်ကြပါ။ ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေရဲ့ အပြုအမူကို . . . . ၀န်ထမ်းကျင့်ဝတ်ပေတံနဲ့ တိုင်းတာ ပြောဆိုတာက လက်တွေ့ကျပြီး ပိုပြီးမှန်ကန်ပါတယ်။ ထို့အတူပဲ. . ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်တွေဟာ ၀န်ထမ်းတွေသာဖြစ်ပြီး နိုင်ငံရေးနဲ့လားလားမှ မဆိုင်ကြောင်းကို စစ်သားတွေ သတိထားမိအောင် ပညာပေးဖို့လိုပါတယ်။ စစ်တပ်အတွင်းမှာ အဲဒီအသိသာ စိမ့်ဝင်သွားရင် . . . ဗိုလ်ချုပ်တွေ စစ်တပ်ကို သူတို့ ကိုယ်ကျိုးအတွက် အသုံးပြုဖို့ လက်ရွံ့သွားပါမယ်။ မတရားအမိန့်ပေးဖို့လဲ ခက်ခဲသွားပါမယ်။ စစ်အဏာသိမ်းတဲ့ အစဉ်အလာဆိုးကြီးလဲ ပျောက်ကွယ်သွားပါလိမ့်မယ်။ ကျုပ်တို့ပြည်သူတွေလဲ ဒီမို၊ နအဖ၊ KNU ၊ KIA ၊ ဗမာ၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ပလောင်၊ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဆိုတဲ့ တံဆိပ်တွေ မေ့ပျောက်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံထဲမှာ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်ကြမှာပါ။
မြတ်ဗုဒ္ဓ၏ အဆုံးအမကိုသာ လက်တွေ့ကျသော နိုင်ငံရေးလမ်းစဉ်အဖြစ် ခံယူထားသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★
(p.s ဦးသန်းရွှေနဲ့ ဗိုလ်ချုပ်များကိုဖြစ်စေ … နအဖနှင့်ပတ်သက်သူများကိုဖြစ်စေ.. စစ်ခုံရုံးတင်ဖို့ တရားစွဲဖို့ ပြောဆိုမှုများနှင့် ရန်လိုမှုများသည် နိုင်ငံရေးကို ပိုမိုရှုပ်စေသောကြောင့် … တိုင်းပြည်ချစ်လျှင် ထိုအပြောအဆိုများကို မလုပ်ဖို့ မေတ္တာရပ်ခံပါသည်)
http://www.youtube.com/watch?v=e8YHxaEla2Y&feature=related
Post a Comment