“လာ.... သမီးကို စကားထာမေးမယ်”
“စကားထာ ဆိုတာ ဘာလဲ ဖေဖေ”
“စကားထာဆိုတာ အင်္ဂလိပ်လိုတော့ Riddle ပေါ့။ ဖေဖေက အဓိပ္ပါယ်ဝှက်ထားတဲ့ စာကြောင်းတခု ရွတ်ပြရင် သမီးက ဘာလဲဆိုတာကို အဖြေဖော်ရမယ်။ ဟုတ်ပြီလား”
“ဟုတ်ပြီ။ မေးတော့”
“ကဲ စပြီ။ သေသေချာချာ နားထောင်။ မြေမသက် ငှက်လည်းမဟုတ်။ မုတ်ဆိတ်ဖွား ကုလားလည်းမဟုတ်......”
(သမီးက မေးခွန်းမဆုံးခင် ကြားဖြတ်၍) “သြော.... သိပြီ၊ သိပြီ။ အဲဒါ မလေး(Malay)ကို ပြောတာ”
ဘေးက နားထောင်နေသော မဒမ်ပေါဆီက ရယ်သံ ထွက်လာသည်။ သမီးကို မြန်မာစကားထာတွေနှင့် ယဉ်ပါးအောင် ကြံရွယ်ထားသမျှ ရယ်သံတွေ ကြားထဲမှာ လွင့်ပါသွားသည်။ အေးလေ..... သမီးကလည်း စင်္ကာပူမှာ အနေကြာလာတော့ မုတ်ဆိတ်မွှေးပါတာဆို ကုလားမဟုတ်ရင် မလေးပဲလို့ တွက်ပေမပေါ့။
သမီးနှင့် စကားပြောရသည်မှာ သည်လို မထင်မှတ်ဘဲ ရယ်စရာတွေ ကြုံရတတ်သည်။ ဘလော့ဂါ အန်တီဆွိကတော့ သူမရဲ့ ပို့စ်တပုဒ်ထဲမှာ “ခုလက်ရှိအနေအထားအရ ဂျူဂျူဆိုတဲ့ ချစ်စရာသမီးလေးတစ်ယောက် ပိုင်ဆိုင်တာနဲ့တင် တန်နေပြီလို့ သူတွေးမိနေတော့တယ်။
” လို့ ရေးထားတာကို တွေ့ရ၏။ ကျနော်လည်း အန်တီဆွိလိုပင် တွေးမိပါသည်။ သားသမီးရတနာဆိုတဲ့အတိုင်း သမီးက ကျနော်တို့စိတ်ကို ပျော်ရွှင်ညွတ်နူးစေတာကတော့ အမှန်ပင်ဖြစ်သည်။ (တခါတလေ သူ့ကို စိတ်တိုရတာလည်း ရှိပေသပေါ့။)
ကျနော်ကလည်း စိတ်ကူးရလျှင် ရသလို သမီးအား သိပ္ပံဗဟုသုတတွေ တီးခေါက် မေးမြန်းနေတတ်သူ။
“သမီးရေ ဂြိုဟ်ကြီးကိုးလုံး အမည်ကို ပြောပြ” ဆိုတာမျိုး။ “ကမ္ဘာပေါ်မှာ တိုက်ကြီး (Contenants Continents) ဘယ်နှစ်တိုက် ရှိသလဲ” ဆိုတာမျိုးတွေ။
တနေ့က သမီးအခန်းထဲဝင်လာတော့.... “လေထဲမှာ ပါတဲ့ ဓါတ်ငွေ့ လေးမျိုးကို သမီးပြောပြနိုင်မလား”ဟု ကောက်ကာငင်ကာ မေးလိုက်သည်။
သမီး (မဆိုင်းမတွပင်)။..........။ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်......(ပြီးလျှင် ခဏ ရပ်တန့် စဉ်းစားပြီးမှ).... မီသိန်း။
ကျနော်။........။ အာ... ဘယ်က မီသိန်းက ပါလာရတာလဲ။ လေထုထဲမှာ မီသိန်း ရှိတယ်ဆိုရင်လည်း နည်းနည်းလေးပဲ ရှိမှာပေါ့။
သမီး။.........။ ဟုတ်တယ်လေ။ လေထုထဲမှာတော့ နည်းနည်းလေးပဲရှိတာ။ ဒါပေမယ့် ဒီအိမ်ထဲမှာတော့ အများကြီးရှိတယ်။ ဖေဖေ ဒီလောက် အီးတွေ အကျယ်ကြီး ပေါက်နေတာ။
ဤနေရာတွင် ဘေးက မဒမ်ပေါရော မေးခွန်းထုတ်သူ ကျနော်ပါ ပွဲကျသွားသည်။ သမီးပြောလည်း ပြောစရာပင်။ ကျနော်သည် စကားကို လေးလုံးကွဲအောင် မပြောတတ်သော်လည်း အီးကိုတော့ လေလုံးကွဲအောင် ပေါက်တတ်သူတဦး ဖြစ်နေသောကြောင့်ပင်တည်း။
ထိုနေ့အဖို့ သိပ္ပံဗဟုသုတနှင့်ပတ်သက်၍ သမီးကို အမှတ်ပြည့် ပေးလိုက်ပါသည်။
“စကားထာ ဆိုတာ ဘာလဲ ဖေဖေ”
“စကားထာဆိုတာ အင်္ဂလိပ်လိုတော့ Riddle ပေါ့။ ဖေဖေက အဓိပ္ပါယ်ဝှက်ထားတဲ့ စာကြောင်းတခု ရွတ်ပြရင် သမီးက ဘာလဲဆိုတာကို အဖြေဖော်ရမယ်။ ဟုတ်ပြီလား”
“ဟုတ်ပြီ။ မေးတော့”
“ကဲ စပြီ။ သေသေချာချာ နားထောင်။ မြေမသက် ငှက်လည်းမဟုတ်။ မုတ်ဆိတ်ဖွား ကုလားလည်းမဟုတ်......”
(သမီးက မေးခွန်းမဆုံးခင် ကြားဖြတ်၍) “သြော.... သိပြီ၊ သိပြီ။ အဲဒါ မလေး(Malay)ကို ပြောတာ”
ဘေးက နားထောင်နေသော မဒမ်ပေါဆီက ရယ်သံ ထွက်လာသည်။ သမီးကို မြန်မာစကားထာတွေနှင့် ယဉ်ပါးအောင် ကြံရွယ်ထားသမျှ ရယ်သံတွေ ကြားထဲမှာ လွင့်ပါသွားသည်။ အေးလေ..... သမီးကလည်း စင်္ကာပူမှာ အနေကြာလာတော့ မုတ်ဆိတ်မွှေးပါတာဆို ကုလားမဟုတ်ရင် မလေးပဲလို့ တွက်ပေမပေါ့။
သမီးနှင့် စကားပြောရသည်မှာ သည်လို မထင်မှတ်ဘဲ ရယ်စရာတွေ ကြုံရတတ်သည်။ ဘလော့ဂါ အန်တီဆွိကတော့ သူမရဲ့ ပို့စ်တပုဒ်ထဲမှာ “ခုလက်ရှိအနေအထားအရ ဂျူဂျူဆိုတဲ့ ချစ်စရာသမီးလေးတစ်ယောက် ပိုင်ဆိုင်တာနဲ့တင် တန်နေပြီလို့ သူတွေးမိနေတော့တယ်။
” လို့ ရေးထားတာကို တွေ့ရ၏။ ကျနော်လည်း အန်တီဆွိလိုပင် တွေးမိပါသည်။ သားသမီးရတနာဆိုတဲ့အတိုင်း သမီးက ကျနော်တို့စိတ်ကို ပျော်ရွှင်ညွတ်နူးစေတာကတော့ အမှန်ပင်ဖြစ်သည်။ (တခါတလေ သူ့ကို စိတ်တိုရတာလည်း ရှိပေသပေါ့။)
ကျနော်ကလည်း စိတ်ကူးရလျှင် ရသလို သမီးအား သိပ္ပံဗဟုသုတတွေ တီးခေါက် မေးမြန်းနေတတ်သူ။
“သမီးရေ ဂြိုဟ်ကြီးကိုးလုံး အမည်ကို ပြောပြ” ဆိုတာမျိုး။ “ကမ္ဘာပေါ်မှာ တိုက်ကြီး (