“ငြင်းခုံခြင်း နှင့် လွတ်လပ်သော အမူအကျင့်”

Share |
ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းတို့သည် မတူညီသော အယူအဆများ၊ အမြင်များ ထိပ်တိုက်တွေ့သောအခါ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန်အချီအချ ပြောဆိုကြခြင်း၊ ရေးသားကြခြင်း၊ ထုတ်ဖော်ကြခြင်း ဖြစ်သည်။

လောကတွင် အကျိုးမများသည့် ငြင်းခုံမှုများရှိသလို၊ အကျိုးရှိသည့် ငြင်းခုံမှုများလည်း ရှိနေသည်။ အချို့နေရာများတွင်မူ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းကို မဖြစ်မနေ လုပ်ကြရသည်။

လွတ်လပ်ပွင့်လင်းသော လူမှုပတ်ဝန်းကျင်တွင် စကားစစ်ထိုးခြင်း၊ ငြင်းခုံခြင်းမှာ နေ့စဉ်နှင့် အမျှ ကြုံတွေ့နေရသော ကိစ္စတရပ်ဖြစ်သည်။ လွတ်လပ်သောနိုင်ငံများ၏ နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ကြီးချုပ်များ၊ သမ္မတများသည် စကားစစ်ထိုးကောင်းသူများလည်း ဖြစ်နေတတ်သည်။ ဗြိတိသျှပါလီမန်ထဲရှိ အစိုးရနှင့် အတိုက်အခံတို့ အချင်းချင်း မျက်နှာချင်းဆိုင် မျက်နှာကို စေ့စေ့ကြည့်လျက် ငြင်းခုံ စကားစစ်ထိုးကြသည်မှာ အင်မတန် အားကျအတုယူဖွယ်ကောင်းသည်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်းတို့ အချင်းချင်း အပြန်အလှန်စကားစစ်ထိုးကြသည်ကို ကြည့်လျက် ပြည်သူများက ၄င်းတို့၏ မူဝါဒနှင့် အရည်အချင်းများအပေါ် အကဲဖြတ်ကြသည်။

နိုင်ငံရေးသမားများ၊ ရှေ့နေများ၊ ကျောင်းဆရာများ၊ သိပ္ပံပညာရှင်များ၊ တွေးခေါ်ပညာရှင်များ စသူတို့မှာ အသက်မွေးဝမ်းကြောင်းအရ ငြင်းခုံခြင်း၊ စကားစစ်ထိုးခြင်းကို ရှောင်ရှား၍မရ။ သိပ္ပံပညာတွင်လည်း သီအိုရီတရပ်သည် ၄င်းအား မှားယွင်းသည်ဟု ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးခင်အထိသာ ရှင်သန်ရပ်တည်နိုင်သည်။ သီအိုရီအသစ်တရပ်ပေါ်လာပြီး လက်ရှိ ရှိပြီးသားသီအိုရီနှင့် ကွဲလွဲခဲ့သည်ရှိသော် သီအိုရီအသစ်ကို မည်သည့်သိပ္ပံပညာရှင်ကမှ မျက်စိစုံမှိတ်လျက် ဆိတ်ငြိမ်စွာ လက်ခံလိုက်ကြသည်မဟုတ်။ သီအိုရီတဖက်စီမှနေ၍ သိပ္ပံပညာရှင်များ အသီးသီးရပ်တည်ကာ ငြင်းချက်ထုတ်ကြသည်။ ငြင်းခုံကြသည်။ အပြန်အလှန် အယူအဆ စစ်ထိုးပွဲများ ကျင်းပကြသည်။ အနည်းနည်းအဖုံဖုံ ဆန်းစစ်ဝေဖန် မှတ်ကျောက်တင်ကြသည်။ ဤသို့သော မှတ်ကျောက်များ၊ ဝေဖန်မှုများကို လွန်မြောက်ကျော်လွန်နိုင်မှသာ သီအိုရီအသစ်ကို လက်ခံကြခြင်းဖြစ်သည်။ ဤနည်းဖြင့် သိပ္ပံပညာသည် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ လူ့အဖွဲ့အစည်းသည်လည်း တိုးတက်ခဲ့သည်။

ဟုတ်မှန်ပြီး၊ အကျိုးရှိသောစကားကို ကြားရသူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ အခါအားလျော်စွာ ပြောအပ်သည်ဟု ဗုဒ္ဓက ဆိုခဲ့သည်။ ဗုဒ္ဓပင်လျှင် သူနှင့် အယူအဆ မတူညီသော ပုဂ္ဂိုလ်ပေါင်းများစွာနှင့် စကားစစ်ထိုးခဲ့ရသည် မဟုတ်ပါလော။

လူ့လောကအတွင်းတွင် လူမှုပတ်ဝန်းကျင်နှင့် ရောထွေးဆက်ဆံကာ နေထိုင်သမျှကာလပတ်လုံး ငြင်းခုံခြင်းကို မလွှဲမသွေ ကြုံတွေ့ရမည်၊ ပြုလုပ်ကြရမည်သာဖြစ်သည်။ အကျေအလည် အသည်းအသန် ငြင်းခုံခြင်းသည် လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်းထက်သော်လည်းကောင်း၊ မရိုးမသားနည်းဖြင့် မလှိမ့်တပတ်ဖြေရှင်းခြင်းထက်သော်လည်းကောင်း များစွာ ယဉ်ကျေးသည်။ များစွာ သာလွန် ကောင်းမွန်သည်။ ငြင်းခုံခြင်းကို ဝါသနာမပါ၍ဖြစ်စေ၊ မကျွမ်းကျင်၍ဖြစ်စေ၊ အကျိုးမရှိဟု ယူဆ၍ဖြစ်စေ…. အကြောင်းကြောင်းကြောင့် နေရာတိုင်းတွင် ငြင်းခုံရန်ဝန်လေးကာ နှုတ်ဆိတ်နေခဲ့ပါလျှင် သူတပါးတို့၏ အစီအမံများ၊ အယူအဆ အတွေးအခေါ်များနှင့် မတရားသဖြင့် အနိုင်အထက် ပြဋ္ဌာန်းသမျှတို့သာ လွှမ်းမိုးသွားပြီး မိမိ၏ လွတ်လပ်မှုနှင့် အခွင့်အရေးများလည်း တစထက်တစ လျော့ပါး ဆုံးရှုံးသွားမည်ဖြစ်သည်။

19 comments:

မိုးစက် said...

အိမ်မှာဆို ”လူကြီးကို ခံမပြောနဲ့” ကျောင်းမှာဆို ”ဆရာကို အထွန့်မတက်နဲ့” ပါတ်ဝန်းကျင်မှာကျတော့ ”ကြက်ခေါင်းဆိတ်မခံ မလုပ်နဲ့” စသဖြင့် ပြန်လှန်စောဒကတက်ချင်စိတ်လေးတွေကို သင်းသတ်ခံခဲ့ရတာ ....။ မသိလို့မှ မမေးရဲတာ ... သံသယရှိတာကိုမေးခွန်းမထုတ်ရဲတာ ... ကိုယ့်အမြင်ကို မဖွင့်ဟရဲတာ ... ကောင်းတဲံ့ အစဉ်အလာ လို့မထင်ဘူး..။ ပုဂ္ဂိုလ်ရေးမဆန်တဲ့ ငြင်းခုန်မှုကို အားပေးချင်ပါတယ်။ Thesis, anti-thesis and then "synthesis" လို့ ဆရာတစ်ယောက်က ပြောဖူးတယ်..။

Moe Tain Nyo said...

ဆွေးနွေးတာ အပြုသဘောနဲ့ ငြင်းခုံတာ လိုအပ်ပါတယ်။

ဧရာ said...

အချေအတင်ဆွေးနွေးခြင်းက ကောင်းပေမယ့် အငြင်းသန်ခြင်းကတော့ မကောင်းဖူး ထင်ပါတယ်။ အချေအတင်ဆွေးနွေးဖို့အတွက် အနည်းဆုံး (၁) ကိုယ့်အယူအဆ, ကိုယ့်ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိရတယ်။ (၂) တစ်ဖက်သားရဲ့ အားနည်းချက်, ကိုယ်ရဲ့ အားသာချက်ကို ဝေဖန်ရတယ်။ (၃) ကိုယ့်ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရတယ်။

ဒီနေရာမှာ ကိုယ်က တစ်ဖက်သားရဲ့ အားသာချက်နဲ့ ကိုယ့်ရဲ့ အားနည်းချက်ကိုပါ ရိုးရိုးသားသားမြင်ပြီး လက်ခံမယ်ဆိုရင်တော့ ... စကားစစ်ထိုးပွဲကနေ ဆွေးနွေးအဖြေရှာခြင်းအသွင်ပြောင်းသွားပြီး ပိုအကျိုးဖြစ်ထွန်းပါတယ်။ နှစ်ဦးနှစ်ဖက်လက်ခံနိုင်မယ့် အဖြေမျိုးရကောင်း ရနိုင်ပါတယ်။

ကိုယ်သာအမှန်ဆိုတဲ့ တယူသန် ခံယူချက်နဲ့ အငြင်းသန်နေမယ်... ဒီထက်ပိုဆိုးတာက အကြောင်းရာနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလုပ်လာမယ် ရင်တော့ လူမုန်းများတာပဲ အဖတ်တင်ပါလိမ့်မယ်။

မေဓာဝီ said...

ငယ်ငယ်က သူငယ်ချင်းတွေကြားမှာ၊ မောင်နှမတွေကြားမှာ ငြင်းခုန်ရတာ အလွန်ဝါသနာပါတယ်။ လူကြီးတွေနဲ့ကျတော့ စောဒကတက်တာပေါ့။ ကျောင်းစာသင်ခန်းထဲ စောဒကတက်မိတော့ ဆရာ ဆရာမတွေ မျက်မုန်းကျိုးတာ ခံရတယ်။
ငြင်းခုန်လွန်းတော့ ရန်များတယ်။ စောဒကတက်လွန်းတော့ အကျင့်ပါပြီး ဘယ်နေရာမဆို ဆန့်ကျင်ဘက် တွေးမိတယ်။ သိပ်တော့ မကောင်းဘူး။ ဒါနဲ့ နောက်ပိုင်းတော့ အကျိုးမရှိတဲ့ ငြင်းခုန်မှုမျိုး၊ အဓိပ္ပါယ်မရှိတဲ့ စောဒက တက်မှုမျိုး ကြိုးစားပြီး ရှောင်ပါတော့တယ်။

အထက်မှာ ကိုဧရာပြောခဲ့တာ နည်းလမ်းကျပါတယ်။

ShwunMi- said...

ကလေးတွေငယ်ငယ်တည်းက ဝေဖန်ငြင်းခုန်လိုစိတ်ကို အတင်းဖိနှိပ်ထားတာ မကောင်းပါဘူး။
ပြန်ခံငြင်းသလို အတွန့်တက်သလို မဟုတ်ဘဲ အချက်အလက်စုံစုံ အဓိပ္ပာယ်ရှိရှိ ဝေဖန်ဆွေးနွေးချေပတတ်လာအောင် လူကြီးတွေက လမ်းပြပေးသင့်ပါတယ်။

Bino said...

ငြင်းခုံခြင်းကို ဝါသနာမပါ၍ဖြစ်စေ၊ မကျွမ်းကျင်၍ဖြစ်စေ၊ အကျိုးမရှိဟု ယူဆ၍ဖြစ်စေ…. အကြောင်းကြောင်းကြောင့် နေရာတိုင်းတွင် ငြင်းခုံရန်ဝန်လေးကာ နှုတ်ဆိတ်နေခဲ့ပါလျှင် သူတပါးတို့၏ အစီအမံများ၊ အယူအဆ အတွေးအခေါ်များနှင့် မတရားသဖြင့် အနိုင်အထက် ပြဋ္ဌာန်းသမျှတို့သာ လွှမ်းမိုးသွားပြီး မိမိ၏ လွတ်လပ်မှုနှင့် အခွင့်အရေးများလည်း တစထက်တစ လျော့ပါး ဆုံးရှုံးသွားမည်ဖြစ်သည်။
Great conclusion.
I had argued with my teacher in the past.(High School)
The principal warned me to stop challenge to teacher.
I'm still arguing with examiner or interviewer.

INO

လွန်လွန်း said...

ကိုပေါ ...

ပို့စ် အသစ် မျှော်ရကြိုးနပ်ပါတယ်။

ကောင်းမွန် အကျိုးရှိသော ပို့စ် အတွက် ကျေးဇူးပါ။

လွန်လွန်း said...

ဆော်ရီး ... မျှော်ရ ကျိုး နပ်ပါတယ် ...

ငြိမ်းဝေ said...

ပန်းတိုင်းပွင့်ပါစေ၊
ပညာရှိတိုင်း ငြင်းခုန်ကြပါစေ။
(ဆရာပေါ ကျနော်ပြောတာမဟုတ်ဘူးနော် မော်စီတုံးပြောတာ။)
ကျနော်ကတော့ လှပစွာငြင်းခုန်ခြင်းကို ကြိုက်တယ်..

တန်ခူး said...

ငယ်တုန်းကတည်းက ကိုယ့်ခံစားချက် ကိုယ့်အယူအဆကို မိဘကို ပြန်ပြောတတ်လွန်းလို့  ခဏခဏ တံမြက်စည်းစာမိခံတယ် ကိုပေါရေ… ဟိုတနေ့ က ရုံးမှာ အရာရှိက appraisal အတွက် အစည်းအဝေးလုပ်တော့ အဲဒီအချက်ကိုပဲ weakness အနေနဲ့  ထောက်ပြသွားတယ်… ကဲ အရိုးစွဲနေတော့ ဘယ်လိုလုပ်မလဲနော်… သားက ငယ်ငယ်လေးနဲ့  မိဘပြောတာကို တော်ရုံလက်မခံဘူး… တခါတလေ သူကြောက်အောက် ကိုယ်ကခြောက်ရင် သူအတွေ့ အကြုံပုစိလေးနဲ့  ပြန်ငြင်းချက်ထုတ်သေးတာ… အင်း… ဘယ်သူနဲ့ တူပါလိမ့်နော်…

Anonymous said...

ဧရာ ...

Did you ndirectly talk to Ko Paw?

Anonymous said...

ဧရာ ...

Did you indirectly talk to Ko Paw?

Anonymous said...

ဧရာ said...

အချေအတင်ဆွေးနွေးခြင်းက ကောင်းပေမယ့် အငြင်းသန်ခြင်းကတော့ မကောင်းဖူး ထင်ပါတယ်။ အချေအတင်ဆွေးနွေးဖို့အတွက် အနည်းဆုံး (၁) ကိုယ့်အယူအဆ, ကိုယ့်ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းသိရတယ်။ (၂) တစ်ဖက်သားရဲ့ အားနည်းချက်, ကိုယ်ရဲ့ အားသာချက်ကို ဝေဖန်ရတယ်။ (၃) ကိုယ့်ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရတယ်။

ဒီနေရာမှာ ကိုယ်က တစ်ဖက်သားရဲ့ အားသာချက်နဲ့ ကိုယ့်ရဲ့ အားနည်းချက်ကိုပါ ရိုးရိုးသားသားမြင်ပြီး လက်ခံမယ်ဆိုရင်တော့ ... စကားစစ်ထိုးပွဲကနေ ဆွေးနွေးအဖြေရှာခြင်းအသွင်ပြောင်းသွားပြီး ပိုအကျိုးဖြစ်ထွန်းပါတယ်။ နှစ်ဦးနှစ်ဖက်လက်ခံနိုင်မယ့် အဖြေမျိုးရကောင်း ရနိုင်ပါတယ်။

ကိုယ်သာအမှန်ဆိုတဲ့ တယူသန် ခံယူချက်နဲ့ အငြင်းသန်နေမယ်... ဒီထက်ပိုဆိုးတာက အကြောင်းရာနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေလုပ်လာမယ် ရင်တော့ လူမုန်းများတာပဲ အဖတ်တင်ပါလိမ့်မယ်။

Ko Ayer is right. I agree .

ko u should think for his point out. U should accept for this.

Nge Naing said...

ကိုဧရာ ပြောတာ သိပ်ကောင်းပါတယ်။ ကျွန်မ လေ့လာရသလောက် ကျွန်မတို့ လူမျိုးတွေ စကားစစ်ထိုးတာရော ဆွေးနွေးတာပါ နှစ်ခုစလုံးကို ယဉ်ယဉ်ကျေးကျေး လုပ်မတတ်သေးဘူး။ ကလေးဘ၀ ကျောင်းတက်တဲ့အချိန်တုန်းက စာကို ကျက်ပဲ ကျက်လာရပြီး မိမိလေ့လာနေရတဲ အကြောင်းအရာနဲ့ ပတ်သက်ပြီး အတန်းထဲမှာ Problem Solving တို့ Group Discussion တို့ မလုပ်ခဲ့ဖူးတော့ ကြီးလာတဲ့အချိန်မှာလည်း ပြဿနာတခုကို နည်းမှန်လမ်းမှန် ဖြေရှင်းဖို့ မစဉ်းစားတတ်တော့ဘူး။ နေရာတိုင်းမှာ ဒေါသအရှေ့ထားပြီး ကိုယ်နဲ့မတူ ရန်သူလို့ သဘောထားကာ ကဲ့ရဲ့ အပြစ်တင်ရှုပ်ချ၊ ဆဲဆိုကြိမ်းမောင်းပြီး နောက်ဆုံးမှာ အကွဲအပြဲ ရန်အငြိုးနဲ့ပဲ အဆုံးသတ်ကြတာကို တွေ့ရပါတယ်။

Anonymous said...

စောက်ကျိုးနည်းပါလား ငပေါရေ...။ ငါ့စကားနွားရပြောတတ်တဲ့ မင်းလိုကောင်ကဒီလို Post မျိုးကိုရေးရဲတာကိုအံ့ပါ့ကွာ။ ခုလိုချိန် စလုံးမှာ မင်းဦးဆောင်ပြီး ဆန္ဒပြပွဲတစ်ခုလောက်လုပ်ကြည့်ပါလား ။ လူဘယ်လောက်များ လာမလဲလို. ။ ငါ့စကားနွားရပြောတတ်တဲ့ မင်းလိုကောင်ရဲ. ဦးဆောင်မှုနောက်ကို စဉ်းစားဥာဏ်ရှိတဲ့လူကတော့ ပါမလာတော့တာ အသေအချာ။

Anonymous said...

I love your blog template...can you tell me where you got it?

lin si thu said...

ကို ပေါရဲ့ ပိုစ့်တွေကို ကြိုက်လွန်းလို့....
ဖေးဘရိတ်လုပ်ပြီး...နေ့တိုင်းဖတ်တယ်....
အခုမှ ဖတ်ဖူးတော့အဟောင်းတွေကို...
အတိုးချ ဖတ်ဖြစ်တယ်....အစပိုင်းတော့....
ကော်မန့်တွေကို ဖတ်တတ်တယ်...
နောက်တော့....မဖတ်ချင်တော့ဘူး...
ကိုပေါက ငြင်းခုံခြင်းကို ကြိုက်ပေမဲ့ မလှပတဲ့ ငြင်းခုံခြင်းတွေကိုမဖတ်ချင်
တော့ဘူး...ဆောင်းပါးဘဲဖတ်တော့တယ်...
အတွေးအခေါ်..အရေးအသား..
အရမ်းကောင်းတယ်..အားပေးနေပါတယ်..

တြိရတနာ said...

ုငြင်း ဆိုတာ အများစု စုပေါင်းပြီး နောက်ဆုံးအဖြေ အများကို အကျိုးပြုစေရမည်ဟု သဘောထားက ကောင်းသော အလေ.အထ ဖြစ်စေခြင်ပါသည်

တြိရတနာ said...

စာပေလေးတွေ ရေးတင် ကြသူအားလုံးကို ကျေးဇူးတင် ပါတယ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs