“ကံမကောင်း အကြောင်းမလှခဲ့လျှင်”

Share |
စင်္ကာပူနိုင်ငံသား မာတင်ဆီး(Martyn See) ရိုက်ကူးထားတဲ့ ဗီဒီယိုကို ယူကျု ကနေ ကူးယူပြီး တင်လိုက်ပါတယ်။ အရင်ကတော့ မာတင်ရဲ့ ဗီဒီယိုတွေကို စင်္ကာပူအစိုးရက စင်္ကာပူနိုင်ငံတွင်းမှာ ပြသခွင့် မပေးဘဲ ပိတ်ပင်တားမြစ်ထားခဲ့ပါတယ်။ အခုတော့ အချို့ကို Rating တစ်ခုနဲ့ စတင် ခွင့်ပြုလာပါပြီ။ အခု ဗီဒီယိုကို NC16 သတ်မှတ်ထားပါတယ်။ ဗီဒီယိုထဲမှာ အကြမ်းဖက်မှုတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေ၊ ညစ်ညမ်းတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ တစ်ခုမှ မပါဝင်ဘဲနဲ့ ဘာကြောင့် ဆင်ဆာဘုတ်က NC16 သတ်မှတ်ထားရသလဲ ဆိုတာကတော့ အတွေးပွားစရာပါ။

စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာလူမျိုးအများစုကတော့ ဒီဗီဒီယိုမှာပါတဲ့ မြင်ကွင်းတွေကို မြင်ဖူးကြမှာပါ။ ဒါပေမယ့် တခြားနိုင်ငံက မြန်မာတွေအနေနဲ့ စင်္ကာပူမှာ ဒီလို အဖြစ်အပျက်တွေ ရှိတယ်ဆိုတာကို ယုံနိုင်ကြမယ် မထင်ပါဘူး။ တကယ်တော့ ဒီအဖြစ်အပျက်တွေဟာ ဘဝမှာ ကံအကောင်းအကြောင်းမလှတဲ့ စင်္ကာပူနိုင်ငံသားတချို့အနေနဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်တွေပါ။ ကျနော်သတိထားမိတဲ့ နောက်တချက်ကတော့ ဒီနိုင်ငံမှာ အသက်ကြီးမှ ဒုက္ခရောက်သူတွေအများစုဟာ တရုတ်လူမျိုးတွေဖြစ်နေတာကို တွေ့ရပါတယ်။ ကျန်တဲ့ မလေးနဲ့ အင်ဒီယန်းတွေကို တွေ့ရခဲပါတယ်။ ဗီဒီယိုထဲမှာလည်း ဒီအချက်ကို သတိပြုနိုင်ပါတယ်။ ဘာကြောင့်ပါလဲ။



မာတင်ဆီးရဲ့ ဘလော့ဂ်ကို ဒီလင့်ခ်ကတဆင့် သွားနိုင်ပါတယ်။

ဒီဗီဒီယိုကိုပဲ The Online Citizen အင်တာနက် စာမျက်နှာမှာ ခရစ်စမတ်အတွက် တင်ထားတာကို တွေ့ရပါတယ်။

(ဖြည့်စွက်ချက်) ပို့စ်ခေါင်းစဉ်တွေကို ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း ခပ်ဆင်ဆင် ခေါင်းစဉ်တခုနဲ့ အကြောင်းအရာလည်း ဆင်တူတဲ့ ပို့စ်တခု တင်ခဲ့မိတာကို သွားတွေ့ရတယ်။ အောက်မှာ အဲဒီပို့စ်ရဲ့ လင့်ခ်ကို ထည့်ပေးလိုက်ပါတယ်။

“ကံမကောင်း အကြောင်းမလှခဲ့လျှင်ဖြင့်…”

15 comments:

Bino said...

Merry Christmas Ko Paw,

Thanking you for information and link.

BINO

Rita said...

မကြည့်သွားဘူး။

ဒါပေမဲ့ မလေးနဲ့ အင်ဒီယန်းတွေမှာ အတွေ့ရနည်းတယ် ဆိုတာတော့ စိတ်ဝင်စားမိတယ်။ သူတို့မှာ family life ပိုရှိလို့ဖြစ်မယ်ထင်တယ်။ တယောက်နဲ့ တယောက် ပိုပြီး ချည်နှောင်မှု ရှိလို့လား။

မေဓာဝီ said...

ကျမလည်း မကြည့်သေးဘူး။
စိတ်မကောင်းစရာတွေ ဒီရက်ပိုင်း မကြည့်ချင်လို့ပါ။
ကံဆိုတာ မိမိကိုယ်တိုင်က ပြုလုပ်တာမို့ လူတိုင်း ပစ္စုပ္ပန်မှာ ကောင်းသောအလုပ်တွေလုပ်ပြီး အနာဂတ်မှာ ကံကောင်းနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ်။
ပျော်ရွှင်စရာ ခရစ်စမတ် ဖြစ်ပါစေရှင် ... ။

ဖြိုးအောင် said...

့ကျနော့် စိတ်အထင်ပြောရရင်တော့ တရုတ်တွေတော်တော်များများ အအားမနေချင်ကြတာရှိတယ်။ အသက်ကြီးလဲ တတ်နိုင်သလောက်လုပ်လေ့ရှိတယ်။ ကိုပေါပြောတော့ သူတို့နိုင်ငံသားတွေဆို..
သူတို့နိုင်ငံသားအသက်၆၀ကျော် တွေရဲ့ ဘယ်နှစ်ရာခိုင်နှုန်း အဲ့လို လမ်းပေါ်မှာ ရှာစားနေရတာလဲခင်ဗျား။
အဲ့ဒီလို ဘ၀ရောက်နေသူတွေရဲ့ ငယ်စဉ်ဘ၀တွေကရော ဘယ်လိုဖြတ်သန်းခဲ့သလဲသေချာမသိနိုင်တော့
ခက်တယ်ဗျ။
ဘာလို့လဲ ဆိုတော့ တချို့စနစ်သိပ်ကောင်းတဲ့ တိုင်းပြည်တွေမှာလဲ လူကြီးတွေလမ်းပေါ်ရောက်တာရှိတယ်။ ငယ်စဉ်က ဖြစ်သလိုနေ ဖြစ်သလိုစား ပြီး ဘ၀ကို ရေစုံမျှောခဲ့သူတွေပေါ့။ လူတိုင်းတော့ ဟုတ်မယ်မထင်ပါဘူး။ တော်ယုံ ပုံမှန်ကြိုးစားခဲ့တဲ့ သူတွေဆိုရင်တောင် ပြည့်ပြည့်စုံစုံ မဟုတ်သည့်တိုင်
ဒီလောက်တော့ အခြေနေမဆိုးသွားဘူးထင်ပါတယ်။
ဒါကျနော့် ကိုယ်ပိုင်အမြင်ပါခင်ဗျား။

မျိုးမြင့်မောင် said...

NC16 လို့ သတ်မှတ်တာ အသက် 16 နှစ် ပြည့်ပြီးသူဆိုရင် brainwash လုပ်ထားတာ စိတ်ချလို့ရတဲ့ အခြေအနေမှာ ရှိတယ်ဆိုပြီး ယူဆလို့ ထင်တယ်။

Anonymous said...

စင်္ကာပူမှာ အပြီးနေမယ်ဆို ဂစ်တာလေး ဘာလေး တီးတတ်ရင် မဆိုးဘူးပဲ..
ကြုံလို့  အရင်၂လလောက်က ကျနော့် အိမ်နီးနားချင်းတစ်ယောက် စလုံးခံပြီးမှ retrench အလုပ်ခံရလို့  အသက်က ၅၀ ကျော်ပြီဆိုတော့ ဘာအလုပ်ကမှလဲလက်မခံ.. မိန်းမကလဲဘာမှမလုပ်တတ်.. ကလေးတွေကလဲငယ်သေး.. ဗမာပြည်လဲ ပြန်လို့ မရနဲ့ 

Nyi Nyi said...

ဗိုလ်ချုပ်၏ သားဦး
ဦးအောင်ဆန်းဦးခင်ဗျာ
ကျနော် ကဗျာဆရာ အောင်ဝေး
ရိုသေစွာ စာရေးလိုက်ပါတယ်။

++++++++
သားဦး အရူး တဲ့
မြန်မာစကားမှာ ရှိပါသည်။

အစ်ကိုကြီးတော့ အဖအရာ
မြန်မာစကားမှာ လာပါသည်။

တို့ ဘုရား မယားဖက် ခပ်ပါပါ တဲ့
မြန်မာ့ဆိုရိုးစကားလည်း ရှိပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံတုန်းက
ကျနော်တို့ မျှော်ခဲ့တာ
နှမ မဟုတ်ပါ
အစ်ကိုကြီး ဦးအောင်ဆန်းဦးကိုပါ။

ဗိုလ်ချုပ်ရဲ့ သားကြီး ဦးအောင်ဆန်းဦး
အမေရိကန် မရိမ်းတပ်တွေနဲ့ 
မြန်မာပြည်ကို ချီတက်လာပြီ …

ဒီသတင်း …
ပြည်တွင်းမှာ တကယ်ဖြစ်ခဲ့တာပါ။

ဒါပေမဲ့
တကယ်ရောက်လာတာက
အစ်ကို မဟုတ်
နှမ အောင်ဆန်းစုကြည်။

ဗိုလ်ချုပ်ရဲ့သမီး
ဒေါ်အောင်ဆန်းစုကြည်။

တကယ် တိုက်ပွဲဝင်တာက
နှမ ဒေါ်အောင်ဆန်းစုကြည်။

ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် … တဲ့
နှမပုံရိပ်က အင်မတန်ကြီးပါရဲ့။

အစ်ကိုကြီး ဦးအောင်ဆန်းဦးခင်ဗျာ …
အစ်ကိုကြီးမှာ
ဘာပုံရိပ်မှ မရှိလည်း
ကျနော်တို့က
ဗိုလ်ချုပ်ရဲ့သားမို့  ချစ်နေဆဲပါ။

ဒါပေမဲ့
အခု အစ်ကိုကြီးလုပ်နေတာတွေက
အဖအရာ မရောက်
နှမကို
(နအဖ အလိုကျ)
ချောက်ကျအောင် လုပ်သလိုဖြစ်နေပါပြီ။

ကန်တော့ပါရဲ့
မယားစကား နားယောင်
အစ်ကိုကြီးအမှားတထောင် ကျူးလွန်နေပြီ။

ဘာ့ကြောင့်
ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေရတာလဲ
အစ်ကိုကြီး။

ဒေါ်အောင်ဆန်းစုကြည်ဟာ
(အစ်ကိုကြီးနှမ)
ဒေါ်အောင်ဆန်းစုကြည်သက်သက် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာဟာ
အဖိနှိပ်ခံမြန်မာပြည်သူတွေကို တိုက်ခိုက်တာပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာပြည်ပဲ။

အစ်ကိုကြီး
အစ်ကိုကြီးရဲ့ မူမမှန်တဲ့လုပ်ရပ်တွေ
ရပ်တန်းကရပ်ပါ။

သားဦးအရူး
အောင်ဆန်းဦး … လို့တော့
ကျနော် မပြောရက်ပါဘူး။

အချုပ်နှောင်ခံနေရတဲ့ နှမကိုမှ
ဆက်ပြီးနှောင့်ယှက်နေမယ် ဆိုရင်
အစ်ကိုကြီးကို
(ချစ်လျက်နဲ့ )
ကျနော်တို့ စစ်ကြေညာရတော့မယ်။

အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ
အောင်ဆန်းဦး အလိုမရှိ

ညီငယ်
မောင်အောင်ဝေး

Anonymous said...

ကို ကို ဆို တဲ့ ငပေါက ဘာမဆိုင်ညာမဆိုင် အာဇာနီ ဘလော့က ကိုအောင်ဝေး ကဗျာကိုလာပြီး ကွန်မန့် မှာ ကော်ပီပေ့ လုပ်ထားတာပါလိပ်
ဂေါက်နေပုံ ရတယ်

Anonymous said...

Chinese has more than 75% of total population. Maybe that's the reason I guess. I met some old folks before. They have money and house. But they can't stop working.

Anonymous said...

IC ပန်းရောင်ပြောင်းဖို့စဉ်းစားနေသူတွေ ကြည့်သင့်ပါတယ်။ ဒီ link ကိုတင်ပေးတဲ့ ကိုပေါကိုကျေးဇူးတင်ပါတယ်။

Anonymous said...

dar so... bae ic ko change ya ma lae?

rita.. u don't see malay and indian coz normally they r the poorest in sg but they don't work no matter how poor they r..

they may die of hunger.. but won't work..

Anonymous said...

It is dark side of Singapore. That kind of dark side can be seen not only in Singapore, but also in US, UK, Japan etc, all over the world. It is an pessimistic outlook.If you look at from optimistic out look, life will be better.

Anonymous said...

Martyn took this video at Chinatown, Outram and Geylang that's the reason why we are seeing most of the chinese folks. If he ever go the Geylang Serai we will see more of Malay or Indian folks. But honestly everywhere same prob not only Singapore!

ကိုဘကြည် said...

ကမ္ဘာကိုဦးဆောင်နေတဲ့ နိုင်ငံကြီးတွေမှာတောင် ဒါမျိုးတွေ ရှိသေးတာပဲ..ဘာတွေဆန်းနေလို့လဲ.. ပိုက်ဆံမချမ်းသာတာ ဆင်းရဲတယ်ဆိုတာ ကိုယ်ပိုင် ကြိုးစားမှု ကံ ညာဏ် ဝိရိယနဲ့လည်း အများကြီးဆိုင်တယ်... တစုံတယောက် အဖွဲ့စည်းတခုခုက အခွင့်ရေးတွေပိတ်ဆို့ ခေါင်းပုံဖြတ် အခွင့်ရေးတွေပျောက်နေတယ်ဆိုတာတွေဆိုရင်တမျိုး...

ဒါမှမဟုတ်လဲ လီကွန်ယူ ဖြစ်ဖြစ် သူ့သားကိုဖြစ်ဖြစ်သတ်ပြီး စင်ကာပူသမတ လုပ်ပါတော့လား...

Anonymous said...

i felt relief that many of us have right judgment on world view... unlike nga paw who only believe in utopia... :D

nga paw.. learn from them...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs