“ချစ်တတ်ကြရဲ့လား”

Share |
ကျန်စစ်သားမင်းကြီး……။ မြန်မာရာဇ၀င်ထဲမှာတော့ တော်တော်လေး နာမည်ကောင်းတဲ့ မင်းပေါ့။ သစ္စာရှိတယ်။ ကတိတည်တယ်။ ပြည်သူပြည်သားတွေအပေါ် ညှာတာထောက်ထားတယ်။

သစ္စာရှိတယ်ဆိုတာကတော့ အနော်ရထာမင်းမရှိတော့တဲ့နောက် စောလူးမင်းကို မင်းတင်မြှောက်ဖို့ ရန်သူ့တပ်တွင်းကို တိတ်တိတ်ဝင်ကယ်တဲ့ အကြောင်းကြောင့် သစ္စာရှိတယ်လို့ပြောတာပါ။ (အနော်ရထာအတွက် ဆက်သလိုက်တဲ့ မွန်မင်းသမီးခင်ဦးနဲ့ လူငယ်သဘာဝ လမ်းမှာ ငြိစွန်းမိတာတခုတော့ ပြောစရာရှိတာပေါ့လေ။)

ကတိတည်တယ်ဆိုတာက သားတော်ရာဇကုမ္မာနဲ့ သူ့မယ်တော် သမ္ဘူလ နန်းတွင်းကို ရောက်လာကြပေမယ့်လည်း မြေးတော်အလောင်းစည်သူမင်းကို ထီးနန်းလွှဲအပ်မယ်ဆိုတဲ့ ပေးပြီးကတိကို ပြန်မဖျက်တဲ့အတွက်ပါ။ မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့စကားကို ယနေ့ခေတ် နအဖ ဗိုလ်ချုပ်များ အထူးမှတ်သားသင့်လှတယ်။

ဒီလိုကျန်စစ်သားမင်းကြီးတောင်မှ စောလူးမင်းကို ၀င်ကယ်စဉ်တုန်းမှာ စောလူးမင်းက “ငါ့ကို ကျန်စစ်သားခိုးပါသည်” လို့ အော်တဲ့အခါ “ဟယ်… သူယုတ်။ လူမသမာတို့၏ လက်တွင် ခွေးသေ၀က်သေ သေပေရော့” ဆိုပြီး ပစ်ချထားခဲ့တယ် ဆိုပဲ။ လူဆိုတော့လည်း ဒေါသစိတ်တို့၊ မခံချင်စိတ်တို့၊ စိတ်ကုန်တာတို့ ရှိပေမပေါ့။ ဒါမှမဟုတ် သူ့ကို ထမ်းပိုးပြီး ထွက်ပြေးဖို့ရာကလည်း မလွယ်ကူလို့ ဖြစ်မှာပေါ့။

ဗုဒ္ဓ…….။ ကျနော်တို့တတွေ ကိုးကွယ်တဲ့ ဗုဒ္ဓကျတော့ သုမေဓာရှင်ရသေ့ဘ၀ကတည်းက ကျွတ်တမ်းဝင်နိုင်ပါလျက် သတ္တ၀ါဝေနေယျတွေကို ကယ်ချွတ်ချင်လို့ သဗ္ဗုညုတ ဉာဏ်တော်ကို ရည်မျှော်မှန်းပြီး လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းကာလပတ်လုံး ပါရမီဖြည့်ဆီးခဲ့ရသတဲ့။ အဲသည်လောက် ကြာတဲ့ ကာလအတွင်းမှာ စောလူးမင်းလို ပုဂ္ဂိုလ်တွေနဲ့ ဘ၀အဆက်ဆက် တွေ့ဆုံ ကြုံကြိုက်ခဲ့ရမှာ အသေအချာပါ။ ဒါပေမယ့် အလွယ်တကူ စိတ်ပျက်အားလျော့မသွားပဲ ပါရမီဖြည့်ဆီးခဲ့ပုံကတော့ အံ့သြချီးကျူးစရာပါ။

တခါ…. သဗ္ဗညုတဉာဏ်တော်ကို ရပြီးတဲ့အခါမှာ သတ္တ၀ါတွေကို သက်တော်ရှစ်ဆယ်ကျော်သည်အထိ ကယ်ချွတ်နိုင်ခဲ့တယ်။ ဒါပေမယ့်လည်း လောကကြီးမှာ ရှိရှိသမျှ သတ္တ၀ါဝေနေယျအားလုံး ကျွတ်တမ်းဝင်အောင်တော့ မစွမ်းဆောင်နိုင်ခဲ့ဘူး။ သေချာတာကတော့ ကျနော်တို့တတွေ… ကနေ့ လူဖြစ်နေကြတဲ့ လူတွေအားလုံးဟာ အဲသည်အချိန်က ဗုဒ္ဓတရားတော်တွေကို မနာကြားနိုင်တဲ့ ဘုံဘ၀မှာ ရောက်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါမှမဟုတ် လူဖြစ်ပါလျက် နာကြားခွင့် မရခဲ့တာလည်း ဖြစ်နိုင်မယ်။ ဒါမှမဟုတ် နာကြားခွင့်ရခဲ့ပါလျက် မကျွတ်နိုင်လောက်အောင် မောဟဖုံးလွှမ်းနေခဲ့လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ တခုခုပဲ။

ဒေါ်အောင်ဆန်းစုကြည်……။ အခုနောက်ဆုံး စဉ်းစားမိတာကတော့ ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ သူလည်း သူ့တကိုယ်ရည်တကာယအတွက်သာ စဉ်းစားမယ်ဆိုရင် အောက်စဖို့ဒ်တက္ကသိုလ်က ပညာတတ်၊ နိုင်ငံခြားမှာ မပူမပင် မကြောင့်မကျ နေနိုင်သူ။ ဒါပေမယ့် မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခကို စာနာတဲ့အတွက် မြန်မာပြည်မှာ ပြန်လာပြီး အဆင်းရဲ အပင်ပန်းခံပြီး ပြည်သူတွေကို ကယ်တင်နိုင်ဖို့ ကြိုးစားနေသူပဲ။ သူ့ကြောင့် အတွေးအခေါ်လွတ်မြောက်သွားသူတွေလည်း မနည်းပါဘူး။ ဒါပေမယ့် လူတိုင်းတော့ မလွတ်မြောက်သေးဘူး။ စောလူးမင်းလို ပုဂ္ဂိုလ်တွေနဲ့လည်း ကြုံရပေသပေါ့။ ဒါပေမယ့် သူက ကျန်စစ်သားမင်းကြီးလို ပစ်ချထားခဲ့မယ့် လူမျိုးလည်း ဟုတ်ပုံမရဘူး။

ဗုဒ္ဓက ကယ်တင်တယ်ဆိုရာမှာ လမ်းပဲပြနိုင်တာ။ ကိုယ်တိုင်က ကိုယ့်လွတ်မြောက်မှုအတွက် ကိုယ်တိုင်ကြိုးစားမှရတာပဲ။ ဗုဒ္ဓကို ယုံကြည်ကိုင်းရှိုင်း ကြည်ညိုတယ်လို့ ဘယ်လောက်ပဲ ပြောနေပေမယ့် ဗုဒ္ဓဟောကြားတဲ့တရားတွေကို တကယ်တမ်း လက်တွေ့မကျင့်သုံးရင် သံသရာကနေ လွတ်မြောက်နိုင်ဖို့ မလွယ်နိုင်ဘူး။ ဗုဒ္ဓကလည်း ဒါကြောင့်မို့ပဲ အာနန္ဒာနဲ့ ရဟန်းတွေကို မှာခဲ့တာထင်ပါရဲ့။ သူ့ကိုချစ်ရင် ငိုကြွေးနေမယ့်အစား သူဟောကြားခဲ့တဲ့ တရားတွေကို ကျင့်ကြံအားထုတ်ဖို့ကိုလေ။

အလားတူပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက် ချစ်ပါတယ်ပြောနေပေမယ့် မိမိကိုယ်တိုင်က အကြောက်တရားကနေ လွတ်မြောက်ဖို့ မကြိုးစားဘူးဆိုရင်ဖြင့် အမှန်တကယ်မလွတ်မြောက်နိုင်သလို ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ် ချစ်မြတ်နိုးရာလည်း မရောက်ပါဘူး။

နှင်းခါးမိုးဘလော့ဂ်မှာ တင်ထားသလို ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ချစ်တယ်ဆိုရင် သူမစကားကို နားထောင်ပါ။ သူမလမ်းစဉ်ကို လက်တွေ့ကျင့်သုံးပါ။ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ကြပါ။

အဲသည်လို ပူးပေါင်းပါဝင်မှုမရှိဘဲ အပေါ်ယံလျှာဖျားလေးက ချစ်ပြနေကြတာမျိုးဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ရာမရောက်။ တိုင်းပြည်ကိုလည်း ချစ်ရာမရောက်။ “ငါတို့ အောင်ဆန်းစုကြည်ကို ချစ်တယ်၊ ငါတို့ မြန်မာပြည်ကြီးကို အသက်တမျှချစ်တယ်” ဆိုတာ လက်တွေ့ကြိုးစားမှုမပါရင် ဖက်ရှင်သဘောသက်သက်မျှသာ၊ လူကြားကောင်းတရားနာ ပြောဆိုနေရုံမျှသာ သဘောသက်ရောက်ပါတယ်။ ရင်ထဲကမပါဘဲ လျှာဖျားကလေးနဲ့ ပြောနေတတ်တဲ့လူတွေကို သူသူကိုယ်ကိုယ် မည်သူမှ နှစ်ခြိုက်နိုင်ကြမယ် မထင်ပါဘူး။

ဒါကြောင့် အပြောမဟုတ်၊ လက်တွေ့ကျင့်ကြံနိုင်ကြဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။

23 comments:

ZT said...

ကိုပေါ။ ငရမန်ကန်း နဲ့ စောလူး ပြောင်းပြန် ဖြစ်နေပြီ။

ကိုပေါ said...

ZT…. ကျေးဇူးပဲဗျိုး။ မှားလိုက်တာမှ တက်တက်စင်အောင်ပဲ။ အခု ပြင်လိုက်ပါပြီ။

မေငြိမ်း said...

ကိုပေါရေ.. ဆောင်းပါးရဲ့ ဆိုလိုရင်းနဲ့တော့ မဆိုင်လှပါဘူး.. ဒါမဲ့ ပြောချင်လို့..:D (တကယ်ဟုတ်မဟုတ် မသေချာပေမဲ့)မဏိစန္ဒာနဲ့ ကိစ္စကို သစ္စာ မရှိတာလို့ ပြောမရဘူးထင်ပါတယ်။ ကျန်စစ်သားဆိုတာအတွက် သစ္စာတရားဆိုတာက တိုင်းပြည်နဲ့ လူမျိုးနဲ့ပဲ ဆိုင်မယ်ထင်တာပဲနော်..။ :P
အချစ်ဘက်ကတော့ လိုက်ရလိမ့်မဗျို့...

ကိုပေါ said...

မေငြိမ်း…. ဆရာမပြောတာ မှန်ပါတယ်။ နည်းမှန်လမ်းမှန် ကြည့်ရင်တော့ နှလုံးသားပါတဲ့ လူလွတ် ယောက်ျားတယောက်နဲ့ မိန်းမတယောက် နှစ်ဦးသဘောတူ ရည်ငံသွားတာက အပြစ်တင်ဖို့ မရှိပါဘူး။ အခုခေတ် အတွေးအခေါ်နဲ့ ကြည့်ရင်လည်း ကျန်စစ်သားဟာ နိုင်ငံနဲ့ လူမျိုးအပေါ်မှာပဲ သစ္စာစောင့်သိရမယ့် အမှုထမ်းပေါ့။ ကျန်တာ သူ့ကိုယ်ရေးကိုယ်တာပေါ့။

ခက်တာက အဲသည်တုန်းက သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်ဖြစ်နေလေတော့ အဲသည်ခေတ်ထုံးစံအရ ကျန်စစ်သားက သူ့ဘုရင်ဆီမှာ သစ္စာစောင့်သိရမယ့် ၀တ္တရားရှိတယ်လေ။ ခုတော့ သူ့ဘုရင်အတွက် ဆက်သတဲ့ လက်ဆောင်ပဏ္ဏာကို သူက ကြားက ဖြတ်အုပ်သလို ဖြစ်သွားတဲ့အတွက်

“မသင့်လျော်တာ ချစ်လာခဲ့သူမို့
အရှင့်အပေါ်မှာ သစ္စာမဲ့သူလို့
ကဲ့ရဲ့ကာ ဆိုချင်ဆို
ငြိုငြင်လိုက ငြိုငြင်လိုက်
ကိုယ့်ထိုက်နဲ့ ကိုယ့်ကြမ္မာပေါ့
ဘုရင့်အာဏာ မဖီဆန်ရဲတာကြောင့်
လက်လွှဲကာ ရှေ့တော်ဆက်ရပေမယ့်
မွေ့ပျော်ရက်တယ် သခင်ထင်သလား”

ဟီး…ဟီး…. ခွင့်လွှတ်ပါ။ ငယ်ငယ်က မောင်စိန်ဝင်းကဗျာ ဖတ်တာများသွားလို့။

နောက်တချက်က ကျနော်နောက်တပိုဒ်မှာ ရေးမယ့် စောလူးမင်းအပေါ်သစ္စာစောင့်သိပုံမှာ အဲသည်တကွက်က ထောက်ကွက်လို ဖြစ်နေတာကြောင့်တကြောင်း သူများမထောက်ခင် ကြိုပိတ်လိုက်တာ။ ခုတော့…. ဆရာမနဲ့ တည့်တည့်တိုးပါပေါ့။း-)

Anonymous said...

"တခါ…. သဗ္ဗညုတဉာဏ်တော်ကို ရပြီးတဲ့အခါမှာ သတ္တ၀ါတွေကို သက်တော်ရှစ်ဆယ်ကျော်သည်အထိ ကယ်ချွတ်နိုင်ခဲ့တယ်။"

ကိုပေါ ...
ဗုဒ္ဓက သက်တော် ၈၀ မကျော်ဘူးလေ။ သက်တော် ၈၀ ၀ါတော် ၄၅ မှာ ပရိနိဗ္ဗာန်စံတော်မူတာ မဟုတ်လား။

သက်တော် ရှစ်ဆယ်ပြည့်တဲ့နှစ်၊ မွေးတဲ့လ မွေးတဲ့နေ့ (ကဆုန်လပြည့်) မှာပဲ ပရိနိဗ္ဗာန် ပြုပါတယ်။
ဆု-ဖွား-ပွင့်-စံ ဤလေးတန် မှတ်ရန် ကဆုန်လ လို့ မှတ်ခဲ့ဖူးတာကြောင့်ပါ။

မျိုးမြင့်မောင် said...

ကိုပေါရေ

ကျနော်တော့ တကယ်ချစ်တတ်ပြီလားဆိုတာ မသိသေးဘူး။ အခုတော့ ကျေးဇူးတော်တော်တင်တတ်လာပြီ။ :D

ကိုပေါ said...

အမည်မသိ.... မှန်ပါတယ်။ ကျနော် အမှတ်မှားတာပါ။ သက်တော် ရှစ်ဆယ် ဖြစ်ပါတယ်။ ထောက်ပြတဲ့အတွက် ကျေးဇူးပါ။

Anonymous said...

So many times came out so many faults and still believe in yourself to say things to other... loudly...?

ကိုပေါ said...

Anonymous,

Why not? These are just minor factual errors which don't effect my message at all.

Are you perfect? Is your teacher perfect? Are your parents perfect?

No. Nobody is perfect. Not even the professional writers and columnists are perfect. So, should they wait until they become perfect before they start writing about something?

But it is important to improve ourselves through learning and scrutinizing each other. If you are closing your mind and not willing to listen to others, you are no differnt from the corpse.

Be mature, man.

စု့သမီး said...

စိတ်ထဲကအေ၇ာက်သွားခဲ့တယ်။။။။။။။။။။။။။ထွက်ပေါက်အနေနဲ့မပြောပါ။။။။။။။။။။။။။တုတ်ကွေးဖြစ်နေလို့မေ၇ာက်ခဲ့တာပါ။။။။။။။။။။။။ခုတောင်နဲနဲကျန်နေသေးပါတယ်။။။။။။။။။။။။။ကြောက်၇င်ကြောက်တယ်လို့ပြောမှာပါ။။။။။။ကဗျာလေးတောင်ေ၇းခဲ့သေးတာပဲ။။။။။။။။။။။။အမေ့ကိုမချစ်ဖူးလို့တော့မစွတ်စွဲပါနဲ့လေ။။။။။။။။။။။။လာချင်၇က်နဲ့အခြေအနေမပေးလို့မလာနိုင်တဲ့ကိုယ်လိုလူတွေကိုကိုယ်ချင်းစာလို့ပါ။။။။။။။။။။။။။။။။။လာခဲ့သူတွေအားလုံးအတွက်ဂုဏ်ယူပါ၏။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Anonymous said...

U Know...

Talent and professionalism show whatever we write, we say, and we do things...

We don't try to excuse ourself with that word " nobody is perfect "...

It's pity...

But Ok lah...

At least It's fun...

Anonymous said...

Hi Anonymous,

You are English is very bad. There are a lot of mistakes. Using your own logic, you should not shout to Ko Paw, right?

You are the most stupid person in the world. Ha Ha.

Anonymous said...

Hi anonymous,
Your English is very bad. There are a lot of mistakes. Using your own logic, you should not shout to Ko Paw, right?

You are the most stupid person in the world. Ha Ha.

ကျော်ထင် said...

အရင်ပို့စ်ကတည်းက သတိထားမိနေတယ်။ ကွန်မန့်ထဲမှာမရောင်ရာ ဆီလူးကြတာ အတော်များတာပဲ။ ပေးချင်တဲ့မက်ဆေ့ကဘာလဲ အဲဒါကိုယူမယ်။ စာရေးသူလဲ သူမှားတာ မှားမှန်း ရိုးရိုးသားသားဝန်ခံရေးတာပဲ။ ဒါဘာဆန်းလဲ? အချို့သူတွေအနေနဲ့လဲ ငါ့များပြောတာလားလို့ တွေးပြီး မလုံမလဲဖြစ်စရာမလိုပါ။ ကျုပ်ကိုယ်တိုင်လဲ ပွဲတိုင်းလိုက်မနွှဲပါ၊ မနွှဲနိုင်ပါ။ ယခုပွဲလဲ ပွင့်ပွင့်လင်းလင်းပြောရင် မပါခဲ့ပါ။ ဒါပေမယ့် ငါ့များစောင်းပြောနေလားလို့ မခံစားရပါဘူး။ လူတိုင်းမှာ ကိုယ့်ပြသနာနဲ့ကိုယ်၊ ကိုယ့်ခံယူချက်ကိုယ်ရှိပါတယ်။ If your conscience is clear; so long as you have justification for your action, stay silent! Accept the reality and no more rebuke please. ကိုယ့်စိတ်ထဲမှာ မတရားတာကို ဆန့်ကျင်တဲ့အသိရှိမယ်။ အခြေအနေပေးရင်ပေးသလို ပါဝင်လှုပ်ရှားမယ်ဆိုတဲ့ အသိရှိရင် လိပ်ပြာသန့်သန့်နဲ့ ပဲနေလိုက်ကြပါ။ စာရေးသူဆိုလိုတာက တာဝန်မဲ့နေသူများကိုပဲ တာဝန်သိစိတ်လေး နဲနဲရှိစေချင်တဲ့ ဆန္ဒကိုဖေါ်ပြတယ်လို့ပဲ ခံယူလိုက်ပါ။ ဒါဆိုအငြင်းပွားဖွယ်ရာ အကြောင်းမရှိတော့ပါ။

Mei Mei said...

ကိုကျော်ထင်ရေ..

အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်ပြောချင်နေတာနဲ့ တထပ်ထဲပါဘဲ။
ခက်တာက တချို့လူတွေက ကိုယ့်လိပ်ပြာ ကိုယ်မလုံကြလေတော့ ပြဿနာပေါ့ဗျာ။
ဒီလို နိုင်ငံရေးအသွင်ဆောင်တဲ့ ပွဲတွေမှာ မချီးမွမ်းချင်နေ ( နိုင်ငံသား တယောက် သူလုပ်ရမယ့် အလုပ် သူလုပ်နေတာမို့ ချီးမွမ်းစရာမလိုပါ။) မကဲ့ရဲ့မိဖို့ အရေးကြီးပါတယ်။
ဥပမာ.. "အန်တီစုရော လွတ်မြောက်ပြီလား ခင်ဗျာ..." ဆိုတာမျိုး။ ဘယ်သူ ကို မကြိုက်လို့၊ ဘယ်သူ ဦးဆောင်လို့၊ ဘယ်သူ ရဲ့စည်းရုံးရေးက မကောင်းလို့၊ ဘယ်သူ နဲ့ ဖြင့်တွဲမသွား ချင်လို့…စသဖြင့် လျှာအရိုးမရှိရေးနေသူများ ကိုယ်စီးတဲ့မြင်း ကိုယ် အထီးမှန်း အမမှန်းသိပါစေ။ ( နအဖ လူ ဆိုရင်တော့ ဘာမှပြောစရာမရှိပါ။)

စည်းရုံးရေး နဲ့ ပတ်သက်လို့ ပြောရရင်..မြန်မာ့နိုင်ငံရေးဟာ ( အထူးသဖြင့် ဒေါ်စုလွတ်မြောက်ရေးဟာ) အထူးတလည် ထပ်မံစည်းရုံးစရာမလိုအပ်တဲ့၊ ပါဝင်တဲ့နေရာမှာ ချေးများနေဖို့မဖြစ်သင့်တဲ့ ၊ နိုင်ငံသားအားလုံးပါဝင်သင့်တဲ့အရေးမှန်း လူတိုင်း နီးပါးသိပြီးသားပါ။
‘ဘာကြောင့် ကိုယ်မပါဝင်နိုင်သေးတာလဲ ’. .ဆိုတဲ့မေးခွန်းကို ကိုယ့်ဘာသာအရိုးသားဆုံးပြန်ဖြေကြည့်ပြီး..ကိုယ့် ကို ကာရံထားတဲ့ တံတိုင်းတွေ၊ ကိုယ် ပိတ်မိနေတဲ့ တံတိုင်းတွေ ကို ကိုယ့်ဘာသာဘဲခြေဖျက်နိုင်ကြပါစေ။ အရိုးသားဆုံးဖြေ မှ ကိုယ့် ကို ကာရံထားတဲ့ တံတိုင်းအမှန်ကိုသိနိုင်မယ်..ဒါမှလည်း ခြေဖျက်ဖို့ဆိုတာ ဖြစ်နိုင်မယ်။ ဒါပါဘဲ။

Anonymous said...

Anonymous said...

oh..So what...?

Do candle light and pray for what happen next and talk what you did is right..?

That's all..?

Wake Up guys...

it's been century..

June 3, 2009 11:08 AM

မျိုးမြင့်မောင် said...

တခြားလူတွေ တုပ်ကွေးကူးမှာစိုးလို့ ပွဲကိုမလာတဲ့ တဘက်သားအပေါ်မှာ ထောက်ထားတတ်သော မစုသမီးကို အရမ်းကျေးဇူးတင်ပါတယ်။ အမရဲ့ ဖေဖေ အန်ကယ်စုလည်း ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

မျိုးမြင့်မောင် said...

ဖုယောင်းတိုင်ထွန်းပြီး ဆုတောင်းရုံနဲ့ ဘာဖြစ်မှာလည်းလို့သာ ပြောပြီး ဘာလုပ်သင့်တယ်လို့ အကြံမပြုတတ်သော ဘာမှလုပ်ချင်ပုံမရတဲ့ ဘာမှန်းမသိရသော အမည်မသိကြီးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

Anonymous said...

So you want advice..

Ever heard of ABSDF..

Vigorous Burmese Student Warriors (VBSW) ..

etc..

please stop alot of talks & for shows and


Start do some action ...

1st time in your life..

if you wanna talk about Fear..

Anonymous said...

so still continue planning praying with beautiful candles...romantically.?

မျိုးမြင့်မောင် said...

အမည်မသိရယ်

အဲဒီနာမည်တွေကို မကြားဘူးပဲနေမလားဗျာ။ ကြားဘူးတာပေါ့။ ကဲပါ ကျနော်ဘာလုပ်သင့်တယ်ဆိုတာကို တိတိကျကျပြောစမ်းပါ။ ဖုယောင်းတိုင်မထွန်းပဲ ဘာကိုဘယ်လိုလုပ်ပါ ဆိုတာမျိုးပေါ့။ အဲဒီလို လုပ်ရင် ဘယ်လိုမျိုး ထိရောက်တဲ့အကျိုးဆက်တွေရနိုင်တယ် ဆိုတာပါထည့်ပြောနော်။ ကျနော် စောင့်ဖတ်ပါ့မယ်။

Anonymous said...

အော်..သိဘီ..

ငပေါက .. သူပြောချင်တဲ့သူတွေဆီ email (သို့) phone နဲ့ပြောရမှာကြေက်လို့ .. ဘလော့ထဲကနေ ..စောင်းပြောလိုက်တာကိုးးးးး ..

kkkt

Alicetan04 said...

just curious....
just wondering if Buddha remembered His own commitment/pact he made during the life time of "Thu-May-Dar Hermit" when He was facing somebody like saw lu in the forthcoming lives...I think it'd be very hard to just keep the good things going in such situation; and maybe that's why it takes Him a very long time to become Buddha and save others afterward...
any thought/idea/reference? I didn't mean to insult anyone with this question. I know very little of Buddhism and am just being curious....

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs