ထက်ထက်မိုးဦးကို ဆန္ဒပြုပါတယ်

Share |

(ဓါတ်ပုံကို ဒီက ယူပါတယ်။)

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ရင် ဒေါ်ခင်ကြည်နေရာမှာ ပြည်သူ့အချစ်တော် မင်းသမီးချော ထက်ထက်မိုးဦးကို သရုပ်ဆောင်အဖြစ် ရွေးချယ်ဖို့ ဆန္ဒပြုလိုက်ပါတယ်။

ကိုပေါ။
(ထက်ထက်ရဲ့ အမာခံပရိသတ်)

52 comments:

Anonymous said...

Hayyyyyyyyyyyy!

Paw Gyi Kwa,

:D

Anonymous said...

Paw Gyi's idea ka GOOD te !

No one can think like Paw Gyi !

Anonymous said...

Daw Khin Kyi is honest, kind and brave. She is ESKL actress.....How can she do ?


Jasmine

Anonymous said...

Daw Khin Kyi is honest, kind and brave. She is ESKL actress.....How can she do ?


Especially her voice and eyes

Anonymous said...

" Sout Yuu ,Sout Yuu ""

Anonymous said...

'' Na Paw , Sout Yuu ''

Anonymous said...

'' Singapore ka... Sout Yuu ""

Anonymous said...

'' Singapore Mar....CITIZEN..KAN PEE...MYANMAR...Ma kaung kyaung....Pyaw nay det...Sout yuu Mg Paw...""

Anonymous said...

ဂဠုန်ဦးစောနေရာကနေ သရုပ်ဆောင်ဖို့ ကိုပေါကို ဆန္ဒပြုပါတယ်။

Khin said...

ကိုပေါရဲ့ နောက်ပိုင်းစာတွေဖတ်ရတာစိတ်မကောင်းဘူး။ အရင်တုန်းက ကိုပေါရဲ့စာတွေဖတ်ပြီး လေးစားခဲ့တာ။ ကိုယ်မကြိုက်တဲ့သူကို ဝေဖန်လို့ရပါတယ်။ ထောက်ပြလို့ရပါတယ်။ ပေါ်တင်ရှုတ်ချလို့ရပါတယ်။ ဒါပေမယ့် ကိုပေါကို တခြားသူတွေလို အတင်းဆန်ဆန်တွေ လုပ်မယ့်သူလို့ ထင်မထားမိဘူး။

တုတ်တို said...

နောင်တချိန် ထက်ထက်မိုးဦး ဘ၀ဇတ်လမ်းကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ရင်တော့ ကိုပေါသမီးကို ထက်ထက်မိုးဦးနေရာမှာ သရုပ်ဆောင်ခိုင်းရမယ်နော်....

Anonymous said...

တခါတုန်းက ဒေါင်းမွေးတာ ၀ါသနာ ပါတဲ့ ဘုန်းကြီး တပါးရှိတယ်။
ဘုန်းကြီး ကျောင်းသား ကလေးတယောက်က သားပေါက်ဖို့ ၀ပ်နေတဲ့ ဒေါင်းသိုက်ထဲကို တောထဲက ရှာလို့ ရတဲ့ ဥတွေ သွားထည့်သတဲ့။

တကယ်တော့ အဲဒီဥတွေက ကျီးကန်းဥနဲ့  (လင်းတ) လဒ ဥတွေ ဆိုတာ သူ မသိခဲ့ဘူး။
သူ တောထဲက ဥတွေ ယူလာပြီး ထည့်လိုက်တာကိုလည်း တခြားလူတွေက မသိကြဘူး။
နောက်တော့ အကောင်လေးတွေ ပေါက်လာကြရော ဆိုပါတော့။

အကောင်ပေါက် ဘ၀ ငယ်စဉ်မှာ အားလုံးကို လူတွေက ဒေါင်းတွေလို့ ထင်နေကြတယ်။
အဲဒီလို ထင်နေတာကို အချိန် ကာလ ဆိုတဲ့ တရားက အဖြေပေးခဲ့တယ်။

သိကြတဲ့ အတိုင်း ကျီးကလေးတွေ ဘယ်လို ပဲ ဒေါင်းယောင်ဆောင်ချင်ပေမယ့် ဇာတိသွေးကပြလာတော့ ခိုးစား လုစား တတ်လာတယ်။
အဲသလိုပဲ လင်းတလေးတွေကလဲ ကြီးလာတော့ အသေကောင် အပုပ်ကို ရှာစားတတ်လာတယ်။
ဘယ်နေရာမှာ သူများစွန့် ထားတဲ့ စားကြွင်း စာကျန်ရှိမလဲ၊ သူနဲ့ အဆင်ပြေအောင်ပေါင်းရင် အရိုးကပ် အသားပုပ်လေးတွေ ရနိုင်မလဲ။ ဘယ်နေရာမှာ တောကောင်ကြီးတွေ စားကြွင်း စားကျန် ရှိမလဲ ဆိုတာ ရှာတတ်လာကြတယ်။
အချိန်တန်တော့ ကျီးဟာ -ကျီး၊ လဒဟာ- လဒ ဆိုတာ ထင်ရှားလာတယ်။

Aung Naing Moe @ ဒေါင်းယောင်ဆောင်ရသောလဒ

Anonymous said...

နောင်တချိန် ထက်ထက်မိုးဦး ဘ၀ဇတ်လမ်းကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ရင်တော့ ကိုပေါသမီးကို ထက်ထက်မိုးဦးနေရာမှာ သရုပ်ဆောင်ခိုင်းရမယ်နော်....Way Hay..hay....KO Paw will agree it.

Anonymous said...

Agree with khin comment, Nw aday I don't want to read this blog.

Khin said...

ကိုပေါကိုအရင်ကကြိုက်ခဲ့ပေမယ့် အခုတော့လည်း ချစ်နေဆဲပါနော်

Anonymous said...

ထက်ထက်မိုးဦး ဘ၀ဇတ်လမ်းကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ရင်တော့ ကိုပေါသမီးကို ထက်ထက်မိုးဦးနေရာမှာ သရုပ်ဆောင်ခိုင်းရမယ်......

Kyaw Kyaw Singapore said...

http://www.facebook.com/notes/nyi-nyi-thanlwin/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%80%80%E1%80%AD%E1%80%AF-%E1%80%85%E1%80%80%E1%81%A4%E1%80%AC%E1%80%95%E1%80%B0%E1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%90%E1%80%B0%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%90%E1%80%9A%E1%80%B9%E1%80%86%E1%80%AD%E1%80%AF%E1%80%9B%E1%80%84%E1%80%B9-/10150438394364647

Nga paw!

You should study how to think and talk positively.

Pls go and read that. We can see positive approach of writer.

Not like you!

White said...

ရည်ရွယ်ချက် သိမ်ဖျင်းယုတ်ညံ့ခြင်းကလဲ ဆဲနည်းတစ်မျိုးဖြစ်မယ်ထင်ပါတယ်..။ လူတိုင်း တစ်ဦးနှင့်တစ်ဦး အတွေးအမြင်အယူအဆ ကွဲပြားနိုင်ပါတယ်..။ လွတ်လပ်စွာ ထောက်ပြဝေဖန်ပိုင်ခွင့်လဲ ရှိပါတယ်..။ အဓိကကတော့ ကိုယ်ထားတဲ့စေတနာမှန်ဖို့လိုအပ်တာပါ..။ ပညာရှင်ဆန်ဆန်ပြောတဲ့စကားတွေကိုဘဲ ပညာရှိတွေက သုံးသပ်ဆင်ခြင်ဖို့ ထည့်စဉ်းစားမှာပါ..။ နုံချာသေးနုတ်တဲ့စာတွေအတွက်ကတော့ ကိုယ်ပေးတာနဲ့ ထိုက်တန်တာဘဲ ပြန်ရပါလိမ့်မယ်..။

Kyaw Kyaw Singapore said...

I agree with you, Ko paw
You can think whatever you wish.

Anonymous said...

နင် သွားလိုက်တော့ ပေါကြီး ... တရားဝင် လင် ၄ ယောက် ယူထားသူ ကို ဒေါ်ခင်ကြည် နေရာ ကို ပေးတာ ကတော့ တနည်း အားဖြင့် စော်ကား လိုက်တာဘဲ .. " ထက်ထက်မိုးဦး ဘ၀ဇတ်လမ်းကို ရုပ်ရှင်အဖြစ် မှတ်တမ်းတင်ရင်တော့ ကိုပေါသမီးကို ထက်ထက်မိုးဦးနေရာမှာ သရုပ်ဆောင်ခိုင်းရမယ်......" ဆိုတာ သဘောတူတယ် .. How?

Anonymous said...

ထက်ထက်မိုးဦးက အိမ်ထောင်တစ်ဆက်ပြီးမှ တစ်ဆက် ကျတာပါ။ အပြစ်တင်စရာ မလိုဘူး။ တရားဝင် လင်လေးယောက် လို့ လိမ်ညာသုံးလိုက်သူက တရားမ၀င် လင်အယောက် ၆၀ တစ်ပြိုင်တည်း ယူထားသူဆိုရင်တော့ မပြောတတ်ဘူး။

အိမ်ထောင်ရေးကံဆိုးသူဆိုတာ ဘယ်မိန်းကလေးမှ ဖြစ်ချင်တာ မဟုတ်ပါဘူး။ ရဟန္တာအရှင်မ က္ကုသိဒါသီထေရီ လဲ လူ့ဘ၀တုန်းက ဒီလို အိမ်ထောင်ရေး ကံနည်းခဲ့တာပဲ။ ဒါ သူ့ဘ၀ကုသိုလ်ကံကိစ္စပါ။ ကိုယ်လဲ ခြောက်ပြစ်ကင်းနေတာ မဟုတ်ဘဲနဲ့ သူတော်စင်ကြီးတွေလို သူတစ်ပါး အတင်းမပြောစေလို။

Kyaw Swar said...

ရည်ရွယ်ချက် သိမ်ဖျင်းယုတ်ညံ့ခြင်းကလဲ ဆဲနည်းတစ်မျိုးဖြစ်မယ်ထင်ပါတယ်..။ လူတိုင်း တစ်ဦးနှင့်တစ်ဦး အတွေးအမြင်အယူအဆ ကွဲပြားနိုင်ပါတယ်..။ လွတ်လပ်စွာ ထောက်ပြဝေဖန်ပိုင်ခွင့်လဲ ရှိပါတယ်..။ အဓိကကတော့ ကိုယ်ထားတဲ့စေတနာမှန်ဖို့လိုအပ်တာပါ..။ ပညာရှင်ဆန်ဆန်ပြောတဲ့စကားတွေကိုဘဲ ပညာရှိတွေက သုံးသပ်ဆင်ခြင်ဖို့ ထည့်စဉ်းစားမှာပါ..။ နုံချာသေးနုတ်တဲ့စာတွေအတွက်ကတော့ ကိုယ်ပေးတာနဲ့ ထိုက်တန်တာဘဲ ပြန်ရပါလိမ့်မယ်..။

I agree with White.

Nga Paw, I think u can understand what White said. I do hope you would understand cos you are so called educated.

:D

Khin said...

ထက်ထက်မိုးဦးကမို့မို့မြင့်အောင်တို့လိုအိမ်ထောင်ရှိသားကြီးမယားကြီး
ရှိတဲ့သူကိုသိသိကြီးနဲ့လက်ထပ်ပေါင်းသင်းခဲ့တာလည်းမဟုတ်
မထက်အိမ်ထောင်ရေးကံမကောင်းပေမယ့်လူပျိုလေးတွေကိုဘဲယူခဲ့တာပါ

Anonymous said...

ဟုတ်ပါတယ်။ တရားဝင် ၄ ယောက်ထဲပါ။

Maung Maung Singapore said...

ကိုပေါသမီးကိုမထက်နေရာမှာသရုပ်ဆောင်ခိုင်းရအောင် - အမလေးလေ
ကိုပေါသမီးက မထက်လောက်လှလို့လား
စဉ်းစားပြီးပြောကြပါအုံး

ပေါအောက်ဆွဲ said...

“စကားပြောကောင်းတဲ့မသည်းအူ” “သိန်းစိန်ဖီးလ်လာမှ ခေါ်တွေ့ခံရတဲ့သူ” “အမုစေ” စသဖြင့် စော်ကားသရော်ခဲ့သမျှ ပျော့များတောင်နေသလားလို့ ကိုကိုပေါအောက်ဆွဲတို့၊ ပေါဘောမလေး စိုးမြတ်သူရှင်တို့ကို အားနာသမှုနဲ့ ပေါကြီးက လုပ်ချလိုက်ပြန်ချေပြီတကား။

တီးပြီဆိုမှတော့ တိန်တိန်မြည်အောင်တီးတတ်တဲ့ ပေါတိ၊ ပေါချာ၊ ပေါဆရာ၊ ပေါကြီးပါကွဲ့။ little knowledge is too dangerous (နည်းနည်းပဲသိတာဟာ သိပ်ကိုအန္တရာယ်များတယ်) လို့ မတောက်တခေါက်နဲ့ ဆရာလုပ်တတ်တဲ့သူတွေကို ပညာရှိများအမြင်ကပ်ကပ်နဲ့ တွယ်တတ်တဲ့စကားထဲကလိုတော့ ဒို့ပေါကြီးက နည်းနည်းသာသိသူ မဟုတ်ဘူးဆိုတာ မြင်ကြပြီမဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်ကို သရော်စော်ကားလို့အားမရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေကိုပါ ကွက်ကျော်မြင်ပြီးတီးလိုက်ပြီကွဲ့။ နောက်တခါတော့ ဗိုလ်မင်းရောင်အလှည့်ပဲ။

မိသားစုဘဝကိုစတေးပြီး အသက်ပါလုပ်ကြံခံရနိုင်တဲ့ မြန်မာ့နိုင်ငံရေးထဲမှာ နှစ်မြုပ်လုပ်ကိုင်နေတဲ့ အမေကိုနားမလည်နိုင် မိဘမဲ့အနေအထားနဲ့ကြီးပြင်းခဲ့ရလို့ စိတ်အနာကြီးနာ၊ မခေါ်နိုင်မပြောနိုင်တဲ့သားကြီး အလက်ဇန္နား၊ အဖေရော အမေပါ ပညာကို တန်ဖိုးထားတတ်တဲ့ ပညာတတ် အသိုင်းအဝိုင်းကဖြစ်ပါလျက် ဆေးစွဲပြီး၊ ပညာမဲ့ လက်သမားဘဝနဲ့ အသက်မွေးဝမ်းကျောင်းနေရတဲ့ သားငယ် ကန်မ် တို့အကြောင်းတွေကိုလဲ ပေါကြီးက အသေအချာ တီးဦးမှာ။

စင်ကာပူအရပ်မှာ ဘီယာလေးမြုံ့ ရင်း သမီးလေးရဲ့ အနာဂတ်ပညာရေးကို စီမံကိန်းချနေရုံတင်မက မြန်မာပြည်အရေးကိုပါ လှမ်းမျှော် ရင်လေးပေးနေတဲ့ ပေါကြီးပါကွဲ့။

Anonymous said...

ကိုပေါရေ ၊၊ပိုစ်တခုတက်တိုင်း ၀ိုင်းဟောင်ကြပါလား၊၊

White said...

ဟုတ်ကဲ့.. ခွေးဖြစ်ရင်တောင် ကိုယ့်သခင်ကို ရန်မူလာမဲ့အန္တရာယ်ကို မြင်ရင် ဟောင်ပေးကိုက်ပေးရမဲ့ ၀တ္တရားကို ကျေပွန်အောင်ထမ်းဆောင်မှာပါ..။ ကိုယ့်ကျေးဇူးရှင်ကို ရန်ပြုဖို့လာသူကိုတောင် ထန်းလျက်တစ်ခဲမျက်နှာနဲ့ (သို့) တအို့အို့ချော့ပေးလိုက်တာနဲ့ ပါးလျက်နားလျက်လုပ်ပြီး ခွေးတာဝန်မကျေတဲ့ ခွေးလေခွေးလွင့်တစ်ကောင်တော့ မဖြစ်ချင်ပါဘူး..။

Anonymous said...

ကိုပေါကိုလက်ခုပ်တီးပေလို့လည်းဘာမှစားရမှာမဟုတ်ဘူး
ကိုပေါကိုဝိုင်းဟောင်လို့လည်းကိုပေါကဘာမှပေးမှာမဟုတ်ဘူး
ကိုပေါကိုမထောက်ခံသလိုသူပြောတာကိုလည်းငြင်းခုံမနေနိုင်ဘူး
မထင်မှတ်ဘဲသူ့ဘလော့ကိုရောက်လာမိတာကိုကငါ့အမှားပါဘဲ

Anonymous said...

ကိုယ့်သမိုင်း ကိုယ်ရေးကြရတယ်ဆိုသော်လည်း ကိုယ့်အဖေရဲ့သမိုင်းကိုယ်ရုပ်ရှင်ရိုက်တာကြီးကတော့ ကိုယ့်ဂုဏ်ကိုယ်ဖေါ်နေသလိုဖြစ်နေတယ်။ ကိုယ့်ဂုဏ်ဆိုတာ သူများကဖေါ်ပါလိမ့်မယ်။ အခုလည်းဗိုလ်ချုပ်အောင်ဆန်းရဲ့ဂုဏ်က ဘယ်သူမှဖျက်လို့မရအောင်ရှိနေပြီသားပါ။ ဒါလေးကိုနှောင်းလူတွေသိစေချင်တာကို အခုလိုရုပ်ရှင်ရိုက်မှာဆိုတော့ လူပြောစရာဖြစ်နေတာလို့ထင်တယ်။ အခြားသူကရိုက်ရင်တော့တမျိုးဖြစ်ပါမယ်။ ဒါကြောင့် ဆြာပေါက အမြင်ကပ်ကပ်နဲ့သရော်ထားပုံရပါတယ်။ သို့သော်လည်းမင်းသမီးအချို့ ရဲ့ personal တွေကိုထည့်ဆွေးနွေးကြတာကတော့ အချင်းချင်း ကျင့်ဝတ်ထိခိုက်နိုင်ပါတယ်။
ကျန်းမာကြပါစေဗျား...။

Anonymous said...

ကိုယ့်အဖေရဲ့  သမိုင်းကိုရိုက်တာလား အမျိုးသားခေါင်းဆောင်အကြောင်း ရိုက်တာလားတောင် မသိရှာပဲကိုး။ စစ်အစိုးရ အဆက်ဆက် ဖျောက်ဖျက်ထားတဲ့ ဗိုလ်ချုပ့် သမိုင်းကို နောက် မျိုးဆက်တွေ သိအောင် အားကျ အတုယူတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက် ကို မင်းကလွဲပြီး လူတိုင်းသိတယ်။ ဒေါ်စု ကိုယ်တိုင်က ဗိုလ်ချုပ်အားနည်းချက်တွေလည်း ထည့်ရိုက်ရမယ်ပြောပြီးသား။ ဂုဏ်ဖော်ချင်တာလား။ အမှန်ဖော်ချင်တာလား။ စဉ်းစားကြည့်။
အခု ခလေးတွေ မေးကြည့်လိုက် အာဇာနည် ဆိုတာ အဆိုတော်ပဲ သိတယ်။

Copy and Paste said...

သူ၏ အိမ်ထောင်ရေးအကြောင်း ဂျာနယ်များက ရေးသားကြရာတွင် သူပြုခဲ့သည့် အလှူအတန်းများအကြောင်း ထည့်သွင်းခြင်း မရှိသည့်အတွက်လည်း မင်းသမီးက ကန့်ကွက်လိုက်သည်။

“သမီးလေ ကျောင်းတွေ၊ သိမ်တွေ၊ ဘုရားတွေ၊ စာသင်ကျောင်းတွေ လှူခဲ့တဲ့အပြင် တစ်သက်တာ ရဟန်းအစ်မ၊ ကျောင်းအစ်မ ခံယူထားတာတွေလည်း အများကြီးပါ။ ဒါပေမယ့် အဲဒါတွေကျတော့ ထည့်မပြောကြတော့ပါလား။ ကောင်းတာကို မမြင်တတ်ကြဘဲ မကောင်းတာကိုချည်း ရွေးမြင်ကြတာက လူ့သဘာဝပဲ လို့ ထက်ထက် ဖြေပါတယ်” ဟု ဆိုသည်။

ref: http://moemaka.com/2009/09/htet-htet-and-marriage/

Anonymous said...

Nga Paw

Nga Paw


South Yuuuuuuuuuuu

Anonymous said...

Copy and Paste ကိုထောက်ခံပါသည်

Anonymous said...

ဘာအကြောင်းကြောင့် ကိုပေါက ထက်ထက်ကို ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်စေချင်တာပါလဲ။ ဗိုလ်ချူပ်ကွယ်လွန်ပြီးနောက် ဒေါ်ခင်ကြည်က နောက်အိမ်ထောင်တွေပြုတာလဲ မဟုတ်။ မုဆိုးမဘ၀နဲ့ သားနဲ့သမီးကို ပညာတက်တွေဖြစ်အောင် ပျိုးထောင်လာတဲ့ မိန်းမသားတစ်ဦးပါ။ ကျနော်လဲ ထက်ထက်ကို အရမ်းကိုနှစ်သက်တဲ့ ပရိသတ်တစ်ဦးပါ။ ထက်ထက်နံမည်ကျသွားတာ ပရိသတ်အမြင်ရိုးသွားလို့ထက် အိမ်ထောင်တဆက်ပြီးတဆက်ထူထောင်တာ မြန်လွန်းတဲ့အချက်ကြောင့်လဲ ပါတယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒါကြောင့် ဘယ်လိုမှ ကာရိုက်တာချင်း ဆက်စပ်လို့မရတဲ့သူကို ဒေါ်ခင်ကြည်နေရာမှာ သရုပ်ဆောင်စေချင်ပါတယ်လို့ ပြောတာ သက်သက်ပွဲဆူအောင် လုပ်တာပါပဲ။ စော်ကားတာပါပဲ။(အထက်က ရေးထားကြသလိုပါပဲ။ စာရေးသူမှာ ပြောချင်တာ ပြောခွင့်ရှိပါတယ်။ လာဖတ်မိတာ ကျနော့်အပြစ်ပါ။)

Htet Khaing Oo said...

ဇာတ်လိုက်လုပ်ရတာ သိပ်မလွယ်လှ။ လူဆိုးက ကြိုက်တဲ့အချိန်မှာ ပစ်လို့ရသည်။
သူ့မှာစည်းမျဉ်း ၊ ဥပဒေ လိုက်နာစရာမရှိ ၊ အခြား မဆိုင်သူများကို ထိခိုက်နစ်နာ
မှာကိုလည်း ဂရုမစိုက်။ သူ့သဘော သူဆောင်သည်။ ဇာတ်လိုက်ကတော့ မရပါ။
ဥပဒေကို လိုက်နာရသည်။ လူဆိုးမှန်းသိသော်လည်း သူသေနတ်မထုတ်လျှင် ကိုယ်
က ပစ်လို့မရ။ လူဆိုးမိဖို့အတွက် ကြားက မဆိုင်သူတွေ သေသေကျေကျေ ဟူ၍
သဘောထားလို့မရ။ ဇာတ်လိုက်က ဥပဒေကိုလည်း လိုက်နာရသည်။ အနိုင်လည်း
တိုက်ရသည်။ အမှန်တရားကိုလည်း လက်ကိုင် ထားရသည်။

(ပြည်သူ့ခေတ် ဂျာနယ်မှ ကောက်နုတ်တင်ပြသည်။)

Anonymous said...

မထက်ကခိုးစားတာမှမဟုတ်တာ
သူအိမ်ထောင်ရေးကံမကောင်းလို့အိမ်ထောင်ဆက်များခဲ့တာကိုဘဲရိုးမယ်ဖွဲ့ပြီးပြောနေကြတယ်
အိမ်ထောင်ရေးကံမကောင်းလို့အရွယ်ရှိတုန်းယူတာဘာဖြစ်လဲ
ပြီးတော့သူကဘဲပေး-ကျွေးရတာဘဲမဟုတ်လား
အကောင်တွေကအဆံတွေပါလာလို့လား
သူများအိမ်ထောင်ကိုလုတာလည်းမဟုတ်ဘဲနဲ့
အပေါ်ကရေးတဲ့လူတွေမထက်လောက်အဖြစ်ရှိကြရဲ့လားလို့မေးချင်ပါတယ်
နိုင်ငံခြားကနေအော်မနေကြနဲ့
သတိရှိရင်မထက်နဲ့တွေ့ပြီးအင်တာဗျုးကြည့်လေ

Htet Khaing Oo said...

(ပြည်သူ့ခေတ်ဂျာနယ်)တွင်ရေးသားထားသည်မှာလူတစ်ဦးတစ်ယောက်၏အာဘော်ဖြင့်ရေးသာထားခြင်းသာဖြစ်ပါသည်
ကိုပေါလည်းကိုပေါအမြင်ဖြင့်ဆုံးဖြတ်သည်ကိုမည်သူမျှမနာလိုဖြစ်စရာအကြောင်းမရှိသင့်ကြောင်းပြောချင်ပါသည်

Myo Myint Maung said...

Awww lu twe lu twe,


Nga Paw ka A-lann-shuu lote pi

A-yuuu Kwet ning nay dar ko ma ti kya

buuuu!

:D

Anonymous said...

တွင်ရေးသားထားသည်မှာလူတစ်ဦးတစ်ယောက်၏အာဘော်ဖြင့်ရေးသာထားခြင်းသာဖြစ်ပါသည်
ကိုပေါလည်းကိုပေါအမြင်ဖြင့်ဆုံးဖြတ်သည်ကိုမည်သူမျှမနာလိုဖြစ်စရာအကြောင်းမရှိသင့်ကြောင်းပြောချင်ပါသည်

Anonymous said...

Even after comments count had reached to 40, I observe that no one understands the actual essence ( message ) of ko paw post. Or may be many of commenters did not read Ko Paw's old posts. Here it goes...

In the past, Ko Paw and Htet Htet's supporters had fought each other very severely in this blog after Htet Htet's assult ( allegedly ) to the reporter. One of the Htet Htet supporters fought against Ko Paw and consistantly write his/her signature as ( Htet Het Yae` a mar kan pa yate tat ) at the end of each of his/her comment. And there were also many other supporters of Htet Htet who protect and love her and hammered Ko Paw.

Now Ko Paw is giving a creative message to them.
If you guys ( Htet Htet's supporters who not only protect Htet Htet but also forgive her for her the so called infamy) genuinely and consistantly love Htet Htet, will you guys agree to let Htet htet to act for the character of Daw Khin Kyi who is reverent?
This is the question Ko Paw is asking to them.

Ko Paw also purposely signed as " Htet Htet Yae` a mar khan pa yate tat" under his post. Because he wants to mock Htet Htet's supporters satirically.

But Ko Paw don't ask his question directly. He indirectly wrote this post. He is too creative for average people to follow him. Interpretation needs certain level of IQ and knowledge of background story.

I am neither supporting Ko Paw post nor fighting against him. I also love Htet Htet and getting married four times in her life is nothing to be criticized in my opinion. What's wrong with it? She is just a successful actress. It is fine for me if she act for Daw Khin Kyi's Character.

There was one case a few years back when Madona was nominated to act for Mother Mary Character (If my memory does not serve me wrong ), there emerged a lot of opposers saying that Madona is a slut and not worth acting the character of a saint. But this is a religious matter. I treat it as a separate issue.

My intention of writing this comment is just to highlight the actual message of Ko Paw.
Your agreement or not disagree with ko paw should come only after you have understood what he implies.

Try to have more analytical mind rather than just keep expressing your vulgarism.



Kyaw

Anonymous said...

Typo Error
*Your agreement or disgreement with ko paw should come only after you have understood what he implies.

စိုးမြတ်သူရှင် said...

ကိုပေါရေ
လာတာနောက်ကျသွားတယ်
ကော်မန့်တွေလည်းဖတ်ပြီးသွားပြီ
ကိုပေါက-မထက်ထက်ရဲ့အမာခံပရိတ်သတ်ဆိုတော့
စိုးကလည်းကိုပေါရဲ့အမာခံပရိတ်သတ်ပါဘဲ

Anonymous said...

Hayyyyyy........

Nin pyan lar pelar?

:D

Anonymous said...

မိန်းမလို မိန်းမရ ကိုပေါ....

Anonymous said...

Nga Paw


A-yuuu kwet ning nay p

Anonymous said...

ဒေါ်ခင်ကြည်ကတော့ ထက်ထက်မိုးဦး ဟုတ်ပါပီ၊ ဗိုလ်ချုပ်အောင်ဆန်းနေရာကြတော့ ဘယ်သူဆိုရင်ကောင်းမလဲမသိဘူးနော်

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ ဗေလုဝ ကိုသရုပ်ဆောင်ဘို့ ဆန္ဒပြုပါတယ်

ကိုကိုကြောင်ချေး said...

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ ကြောင်ချေး သရုပ်ဆောင်

ပေးပါ.မယ်ခည။။။

Anonymous said...

လာဖတ်တာ နောက်ကျသွားတယ်။
ဘယ်သူပဲသရုပ်ဆောင်ဆောင်၊ အနုပညာကို အနုပညာလိုပဲ မြင်ပါမယ်၊ ခံစားပါမယ်၊ ဝဖန်ပါမယ်။ တခုတော့ရှိတယ်၊ တကယ့် biography အတိုင်းတော့ဖြစ်ရပါမယ်။ ဝင်သရုပ်ဆောင်မယ့်သူရဲ့ လူမှုရေးနောက်ခံနဲ့ ချိန်ထိုးပြီး မခံစားချင်ပါ၊ မဝေဖန်ချင်ပါ။ ဇလပ်သားလေး

အောင်ဆန်းဘုကြည့် said...

အောင်ဆန်းစုကြည် ဘဝဇာတ်ကား ရိုက်ရင် မိုးဟေကိုနဲ့ဆိုလိုက်မယ်ထင်တယ်

NLS said...

မရယ်ဖြစ်တာ ကြာ်နေတဲ့ စိတ်တစ်ခုလုံး ပို့စ် ဖတ်တာနဲ့တင် အသံထွက် ရယ်လိုက်မိတယ် ကိုပေါရယ်။ ဟားဟား။ ကိုပေါတစ်ယောက် စလုံးမှာ ပျင်းနေပုံရတယ်။ :D

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs