"သားမောင်ကြေကွဲ"

Share |
"သားမောင်ကြေကွဲ"

လုနေသူဟာ
လူယောင်ဆောင်ထား
အသားစားကြူး
ဘီလူးဖြစ်ကြောင်း
ကောင်းကောင်းသိလျက်
သားအသက်ကို
သူ့လက်အတွင်း
အပ်နှင်းမှာလား။

မဟော်သဓာ
ဘယ်မှာရှိလဲ
မသိဘဲနဲ့
စွန့်စားခဲ့လျှင်.....
စွန့်ထားခဲ့လျှင်.....။

ကိုပေါ
(ဒီဇင်ဘာ ၂၀၁၁)

16 comments:

အထူးသတင်း said...

ကိုပေါရဲ့ ရဲရဲတောက် ပို့ စ်များကို ဒေါ်အောင်ဆန်းကြည် ဖိတ်မိပြီး နောင်တရကာ နိုင်ငံရေးဆက်မလုပ်တော့ပဲ ကိုပေါကို NLD နှင့် လူထု အား ဦးဆောင်စေမည်ဟု သိရပါသည်။

Anonymous said...

အကောင်းမြင်ရမယ့်အချိန်ရောက်ပြီ.....

Anonymous said...

Ko Gyi Paw

အကောင်းမြင်ရမယ့်အချိန်ရောက်ပြီ.....

ကိုပေါ said...

ကြက်ဆီပြန်အိုးကြီးထဲ
ချီးအစိတ်သား
ဖိတ်ကျထားရင်
အကောင်းမြင်ဝါဒနဲ့
မြည်းစမ်းကြသူတွေထဲ
ဘယ်ဒူဒွေ ပါမလဲငှင်။

တို့ကတော့.... ဝေါ့..တ်....။

Htet Khaing Oo said...

ကိုကြီးပေါ

ဆောင်းပါးတစ်ပုဒ်လောက် ရေးပါလား မြန်မာနိုင်ငံက ပါတီတွေ ဘယ်လို လှုပ်ရှားရမယ်ဆို တာ ။ သူတို့ ကိုကြီးပေါရဲ့ အကြံအစည်းမရလို့ ထင်မိထင်ရာလုပ်နေကြတာနေမှာ။ ဒါမှမဟုတ် ဘယ်လိုတော်လှန်ရမယ်ဆိုတာ မြန်မာပြည်ပြန်ပြီး လက်တွေ လုပ်ပြလိုက်။ ကိုကြီးပေါ တစ်ကယ်လုပ်ရင် ဒီမိုကရေစီ ဆိုတာ လက်တစ်ကမ်း ပါ ။ တိုင်ပြည်ကောင်းစားဖို့ ကိုကြီးပေါသာ ထွက်ပေါက်ပါ ။ မြန်မာပြည်အမြန်ပြန်ပြီး တိုင်ပြည်ကိုကယ်တင်ပေးပါ ။ ကျွန်တော် လေယာဉ်ခလှူမယ်.....

Anonymous said...

>>> သို့  ကိုပေါ
ချီး ချည်းပဲ တပိသာ အပြည့် စားချင်ရင်တော့ ကြက်သား အစိတ်သား ဖယ်ထုတ်ပေးပါ့မယ်။ sorry

Law Shay said...

ကိုပေါ

ကိုပေါကို ရုပ်ရှင်လေးတွေ ညွှန်းချင်တယ်။

ပထမတစ်ကားက Watchmen။ စစ်အေးခေတ် alternate history ဇာတ်ကား။ ရိုက်ထားတာလဲ လှတယ်။ ဒါပေမဲ့ အဓိက ကြည့်စေချင်တာက မျက်နှာဖုံးတပ်ထားတဲ့ No comprimise ဆိုတဲ့ ဟီးရိုးနဲ့ တခြား ဟီးရိုးတွေ အားပြိုင်တာကို ကြည့်စေချင်တာ။ အမြင်သစ်ရစေချင်တဲ့ သဘောပါ။ (အဲဒီဇာတ်လမ်းက ၂၀ ရာစုမှာ အကောင်းဆုံး graphic novel တစ်ခုပေါ်မှာ အခြေခံထားတာ)

ဒုတိယတစ်ကားက ရုပ်ရှင်မဟုတ်ဘူး။ ဂျပန် ကာတွန်း anime series ပါ။ Code Geass: Lelouch of the Rebellian တဲ့။ အင်မတန်ကောင်းတဲ့ နိုင်ငံရေးကားပါပဲ။ ဒါပေမဲ့ အတွေးသစ် အမြင်သစ်တွေကို ပေးနိုင်တယ်။ တချက်လောက် ကြည့်စေချင်တယ်။ အပိုင်း ၅၀ အတိမှာ ဇာတ်သိမ်းပါတယ်။ (Naruto, Bleach တို့လို နို့စားနွား ဂျပန်ကာတွန်းတွေလိုမျိုး မပြီးနိုင် မစီးနိုင် မဟုတ်ပါဘူး)

တတိယတစ်ကားကလဲ ဂျပန် ကာတွန်းပါပဲ။ Death Note တဲ့။ ဒါလဲ အမြင်သစ်တွေ ပေးနိုင်တာပဲ။ ၃၂ ပိုင်းအတိမှာ ဇာတ်သိမ်းပါတယ်။

စတုတ္ထကားကတော့ အမေရိကန် ဇာတ်လမ်းပါ။ Dark Knight။ လင်းနို့လူသား လို့မမြင်ပဲ လူနှစ်ယောက် struggle လုပ်တာအနေနဲ့ တချက်ကြည့်ပေးပါ။ တတိယကားနဲ့ ပုံစံချင်း တူပါတယ်။

ပဉ္စမအနေနဲ့ ဂျပန် ထရိုင်လော်ဂျီ ၃ ကားတွဲ 20th Century Boys ကို ကြည့်ပေးပါ။ ဒီဇာတ်လမ်းဟာ ဂျပန် ရုပ်ရှင်သမိုင်းမှာ ငွေကုန်ကြေးကျအများဆုံးနဲ့ သရုပ်ဆောင်အင်အား အများဆုံး ဇာတ်လမ်းဖြစ်ပါတယ်။ ကောင်းလဲ အတော်ကောင်းပါတယ်။

နောက်ဆုံးဇာတ်လမ်းကတော့ ဂျက်လီပါတဲ့ ဟီးရိုး ရုပ်ရှင်ပါ။ (ဟီးရိုး ဇာတ်လမ်းတွဲ မဟုတ်ပါ) တရုတ်ကားပါ။ ဒါလဲ ကြည့်သင့်ပါတယ်။

ဒါတွေအားလုံးကြည့်ပြီးသွားရင် ပြဿနာက ကိုပေါထင်သလောက် မတိမ်ဘူးဆိုတာ ခပ်ရေးရေး ပေါ်လာပါလိမ့်မယ်။

ခင်တဲ့
လောရှည်

ကိုပေါ said...

>>>Anonymous (3.11pm)

(((((ဝေါ့...တ်)))))

Anonymous said...

ပေါ-စု-စိန် သုံးပွင့်ဆိုင် တွေ့ ဆုံးဆွေးနွေးရေး ×× ဒို့ အရေး
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ×× ဒို့ အရေး
ပြည်တွင်း အပစ်အခတ် ရပ်ဆဲရေး ×× ဒို့ အရေး


(NLD လမ်းကြောင်းအမှန်ပေါ်ရောက်ရန် ငပေါ ဦးဆောင်မှဖြစ်မည်။ ဒေါ်စုကို ငပေါ Check and Balance လုပ်ရန် အရေးတကြီး လိုအပ်နေပေသည်။)

ပေါ ပါမှ ချမ်းသာမည်။
ရူး ပါမှ ချမ်းသာမည်။
နှမ်း ပါမှ ချမ်းသာမည်။

Anonymous said...

>>> သို့  ကိုပေါ (၃း၂၅ Pm)
ချီး ချည်းပဲ တပိသာ အပြည့် စားချင်ရင်တော့ ကြက်သား ၇၅ကျပ်သားလုံး (not အစိတ်သား) ဖယ်ထုတ်ပေးပါ့မယ်။

YIT classmate said...

Nga paw , Nga Paw

Nothing to say for U !

You look like a dog at the corner.


:(

Anonymous said...

၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် ဒီချုပ်က မှတ်ပုံ မတင်ဘူးလို့ ဆုံးဖြတ်ပြီးချိန်၊ ဒေါ်စုက ကိုယ်မဲပေးချင်တဲ့ ပါတီ မရှိရင် ရွေးကောက်ပွဲ မဝင်နဲ့ပေါ့လို့ သွယ်ဝိုက်ပြီး သပိတ်မှောက်ဖို့ ပြောတဲ့အချိန်၊ NDF အပါအ၀င် ရွေးကောက်ပွဲ ဝင်တဲ့ ပါတီတွေကို နအဖ အောက်ဆွဲတွေလို့ ပုတ်ခတ်နေတဲ့ အချိန်တုန်းက ပိတောက်မြေမှာ ဆောင်းပါး တစ်စောင် ရေးခဲ့ဖူးတယ်။

အဲဒီဆောင်းပါးမှာ ရွေးကောက်ပွဲ မဝင်ဖို့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက်ဟာ မှားတယ်။ ဒီလို ဆုံးဖြတ်တဲ့ အတွက်လည်း လမ်းပြမြေပုံက ရပ်သွားမှာ မဟုတ်ဘူး။ နောက်ကျတော့မှ ဒီချုပ်ဟာ အဲဒီ လမ်းပြမြေပုံထဲ ပါချင်လို့ နောက်ဖေးပေါက်က တက်ရတဲ့ကိန်း ဆိုက်မယ်လို့ ရေးခဲ့တယ်။ အဲဒီလို ရေးလိုက်တော့ ဒီချုပ်နဲ့ ဒေါ်စုကို ထောက်ခံသူ တွေက ခါးခါးသီးသီး တုံ့ပြန်ခဲ့တယ် ။

ဒါပေမယ့် အခုတော့ ဒေါ်စုနဲ့ ဒီချုပ်က သမိုင်းတွင်မယ့် ဆုံးဖြတ်ချက်လို့ သူတို့ဘာသာ အမည်ပေးထားတဲ့ နောက်ဖေး ပေါက်က ပြန်တက်ရေး လမ်းစဉ်ကို ရွေးခဲ့ပါပြီ။ အစထဲက လွှတ်တော် ထဲကနေ ဒီချုပ် ဝင်လုပ်စေချင်တဲ့ အတွက် ဒီဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ သို့သော် ဒေါ်စုနဲ့ ဒီချုပ်ဟာ ပြည်သူတွေကို တောင်းပန်ဖို့တော့ လိုလိမ့်မယ်။ ဘာ့ကြောင့် တောင်းပန်ဖို့ လိုသလဲ ဆိုတော့ ---

၂၀၁၀ ရွေးကောက်ပွဲမှာ မပါဖို့ ဆုံးဖြတ်တုန်းက အဓိက အကြောင်း နှစ်ချက်ကြောင့်လို့ ဒေါ်စုတို့က ပြောခဲ့တယ်။ ပထမ အချက်က ရွေးကောက်ပွဲ ဥပဒေမှာ အကျဉ်းကျခံ နေရသူ တွေကို ပါတီဝင်အဖြစ် သတ်မှတ်လို့ မရတဲ့ကိစ္စ၊ နောက်တစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ဖူး ဆိုတဲ့ကိစ္စ၊ ဦးဝင်းတင် ကတော့ နအဖ နွားတင်းကုတ် ထဲကို နဖားကြိုး ဆွဲသွင်းတာ မခံနိုင်ဘူးလို့ ဆိုတယ်။ ရွေးကောက်ပွဲ ဝင်မယ်လို့ ဆုံးဖြတ်တဲ့ သူတွေကိုလည်း စစ်ကျွန် အဖြစ် ဒီချုပ်က ပုတ်ခတ်ခဲ့တယ်။

အဲဒီတုန်းထဲက ရွေးကောက်ပွဲ ဥပဒေမှာ လက်ရှိ အကျဉ်းကျ နေသူပဲ ပါတီဝင် လုပ်လို့ မရတာ၊ ပြန်လွတ်လာရင် လုပ်လို့ ရတာပဲ။ ၉၀ တုန်းကလည်း ဒေါ်စုကို ပါတီမှ အထွေထွေ အတွင်းရေးမှူး အဖြစ်က ထုတ်ပယ်ကြောင်း ကြေညာပြီး လုပ်ခဲ့ရတာ ပဲလို့ ပြောသူတွေ ရှိပေမယ့်လည်း ခေါင်းမာသူ တွေက ခါးခါးသီးသီး ငြင်းခဲ့ကြတယ်။

အဲဒီလို ဒီချုပ်က သပိတ်မှောက်ရေး လမ်းကို ရွေးခဲ့တဲ့ အတွက် ပြည်ခိုင်ဖြိုး အတွက် အသာစီးရဖို့ လုပ်ပေး လိုက်သလို ဖြစ်ခဲ့တယ် ဆိုတာ လူတိုင်းသိတယ်။ ဒီချုပ် ဒေါက်ဖြုတ်လို့ NDF အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတာ လူတိုင်းသိတယ်။ အခုတော့ ၂၀၁၀ တုန်းက ပြောခဲ့တာတွေ လွယ်လွယ်နဲ့ မေ့ပြီး နောက်ဖေးပေါက်က တက်ဖို့ ဆုံးဖြတ် လိုက်ပြန်ပြီ။

အဲဒီလို ဆုံးဖြတ်တဲ့အခါ အစိုးရဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးလို့ ဆိုပြီး အကြောင်း ပြတယ်။ ဒါပေမယ့် စစ်ကျွန်ဖြစ်မယ့် ဥပဒေလို့ တစ်လျှောက်လုံး ပုတ်ခတ်လာခဲ့တဲ့ ၂၀၀၈ အခြေခံ ဥပဒေနဲ့ ပတ်သက် လို့တော့ ဘာတစ်ခွန်းမှ ဟမသွားဘူး။ ဒီဥပဒေကို လွှတ်တော်ထဲက ဝင်ပြင်မယ်လို့ ဘာ့ကြောင့် ဆုံးဖြတ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ရှင်းမပြခဲ့ဘူး။

ဒေါ်စုက နိုင်ငံရေးသမား ဆိုတာ ရိုးသား ရတယ်လို့ အမြဲပြောတယ်။ ဒါကို တကယ်လက်တွေ့ ကျင့်သုံးမယ် ဆိုရင် ဒေါ်စုနဲ့ ဒီချုပ်ခေါင်းဆောင် တွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မဝင်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ အတွက်၊ NDF ကို ပြည်ခိုင်ဖြိုး ထက်တောင် ခါးခါးသီးသီး တိုက်ခဲ့တဲ့ အတွက် ဒီမို အင်အားစုတွေ လွှတ်တော်ထဲကို ရောက်သင့် သလောက် မရောက်ခဲ့ဘူး၊ အခြေခံအရ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အခင်းအကျင်း အပေါ် အကဲခတ်တာ မှားခဲ့ပါတယ် ဆိုတဲ့ အမှားကို ဝန်ခံသင့်တယ်။

ဒါ့ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ မစခင်မှာ ဒေါ်စုက ရိုးရိုးသားသားနဲ့ မှားခဲ့ပါတယ်လို့ တောင်းပန်ခဲ့ပါဦးလို့ တိုက်တွန်း လိုက်ပါတယ်။

Posted by Ko Paul (padaukyeik)

Kyaw Kyaw Singapore said...

Ko Paw

I agree with you.

Kyaw Kyaw Singapore said...

Nga paw,

I also agree with your post 7:34 PM

Ko Thant said...

ဒီလိုကောင်မျိုး YIT ကနေ ဘယ်လိုနည်းနဲ့ 
ဘွဲ့ ရလာလည်းမသိဘူး?
တို့ ကျောင်း
မင်းကြောင့် တော့နာမည်မပျက်စေနဲ့ ကွာ။

Anonymous said...

ကိုပေါက နိုင်ငံသားခံလိုက်ပီးမှ စိတ်တွေပြောင်းသွားတာ အံ့ဩစရာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs