“အမုစေ နဲ့ ရက်ပေါင်း ၁၀၀ ”

Share |

“A day in politics is a long time”

တရက်တာဆိုတဲ့အချိန်ဟာ နိုင်ငံရေးမှာ အင်မတန်ကြာတဲ့ အချိန် လို့ အဆိုရှိပါတယ်။ တရက်တာအတွင်း ဖြစ်ထွန်းမှုတွေရဲ့ အကျိုးဆက်အဖြစ် အစိုးရအဖွဲ့တွေ၊ သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ အာဏာရလာတာ၊ အာဏာစွန့်သွားရတာ၊ ထို့အတူ တိုင်းပြည်ရဲ့ ကံကြမ္မာပါ တဆစ်ချိုးပြောင်းလဲသွားရတာမျိုးတွေ ရှိတတ်ပါတယ်။

ဒီကနေ့ဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့ တကြိမ်တည်းသော တွေ့ဆုံပွဲကြီး ပြီးမြောက်ခဲ့တာ ရက်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။ နောင် ဘယ်တော့ ထပ်တွေ့ကြမလဲဆိုတာကိုတော့ ဦးသိန်းစိန်ကိုယ်တိုင်နဲ့ ဘုရားသခင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။ ဒီမိုကရေစီရဲ့ မိခင်ကြီး အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည်တောင် သိရှာသေးပုံမရပါဘူး။ ဦးသိန်းစိန်ကိုယ်တိုင်တောင် သိခွင့်ရှိပါရဲ့လား ကျနော်ဖြင့် သံသယရှိဆဲ။

သို့သော်….. ဦးသိန်းစိန်နဲ့ ပထမအကြိမ်တွေ့ဆုံခဲ့စဉ်က၊ ဝန်ကြီးဦးအောင်ကြည်နဲ့ လေးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့စဉ်က ဘာတွေဆွေးနွေးခဲ့သလဲ၊ ဘယ်လိုသဘောတူညီချက်တွေ ရခဲ့ကြသလဲဆိုတာကိုတော့ ကာယကံရှင်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခရေစေ့တွင်းကျ သိရမယ့် ကိစ္စပါ။ ဒီနေရာမှာ ဆွေးနွေးပွဲပြီးတိုင်း နှစ်ဦးသဘောတူထုတ်ပြန်တဲ့ ယေဘုယျ သဘောဆောင်တဲ့ ဝေဝေဝါးဝါး သဘောတူညီချက်တွေကို ဆိုလိုချင်တာမဟုတ်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေ သိချင်တာက ကျမနဲ့ ဦးအောင်ကြည် ဘာတွေ ဆွေးနွေးသလဲ ဆိုတာ သိချင်ကြတာ မဟုတ်လား။ အချိန်တန်ရင် ကျမ ပြည်သူကို အသိပေးပါမယ်။” ဆိုတဲ့ သဘောမျိုးပြောခဲ့ပါတယ်။ နောက်တခါ… “အခု ပြောလိုက်ရင် နောင်..ပြောစရာမကျန်တော့မှာ စိုးလို့” ဆိုတဲ့သဘောမျိုး ပြောပြန်ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ ဘီဘီစီသတင်းတပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြောပြန်တာက ဦးသိန်းစိန်နဲ့တွေ့စဉ်က တိုင်းပြည်အတွက် အရေးကြီးတဲ့ သဘောတူညီမှု အတော်များများ ရလိုက်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဗီအိုအေ ဒေါ်ခင်စိုးဝင်းနဲ့ အင်တာဗျူးမှာတော့ တွေ့ဆုံဆွေးနွေးမှုတွေအပေါ် ပြည်သူလူထုကို အသိပေးဖို့ လိုအပ်ကြောင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က “ဒါမျိုးဆိုတာ အချိန်သိပ်ဆွဲထားလို့ မကောင်းဘူး။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ ယုံကြည်မှု ကျဆင်းသွားတတ်တယ်” ဆိုတဲ့ သဘော ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အခု ရက်ပေါင်း ၁၀၀ တိတိ ရှိလာတဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူတွေအပေါ် ဝတ္တရားရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြခြင်း မရှိခဲ့သေးပါဘူး။ ရေငုံနှုတ်ပိတ်နေဆဲပါ။ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခြင်း တနှစ်ပြည့်အထိမ်းအမှတ် သတင်းစာ ရှင်းလင်းပွဲလုပ်စဉ်ကလည်း တရားဥပဒေ စိုးမိုးရေးနဲ့ ပညာရေး အရေးကြီးကြောင်းသာ ပြောဆိုသွားပြီး တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ဖြင့် လေသံမျှ မဟခဲ့တာကို တွေ့ရပါတယ်။

ယုတ်စွအဆုံး နိုင်ငံရေးအကျဉ်းသားလွှတ်ပေးရေးနဲ့ ပတ်သက်လို့ ဘယ်နေ့ဘယ်ရက်မှာ ဘယ်ရွေ့ဘယ်မျှ လွှတ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုးတောင် ရခဲ့ဟန်မတူပါဘူး။ ဘာကြောင့်လဲဆိုတော့…. သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒီရက်ပိုင်း အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ သတင်းတွေ ကြားရပါတယ်”လို့သာ မရေမရာ ဝေဝေဝါးဝါးသာ ပြောကြားခဲ့ပါတယ်။။ ဒီလိုသတင်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်။ ကျနော်တို့လည်း ဖေ့စ်ဘွတ်ခ်ပေါ်မှာတောင် မမြင်ချင်အဆုံးကြားနေကြရပြီးသားပါ။ ကောလဟာလ အဆင့်ထက်မပိုပါဘူး။ တကယ်တမ်းမှာ အခုထိ လွှတ်ပေးသေးတာမဟုတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ဆုံဆွေးနွေးပွဲရဲ့ ရလဒ်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတယ်ဆိုတဲ့သဘောမျိုး အသားယူ ပြောကြားချင်တယ်ဆိုလည်း ဒီ့ထက်တော့ တိတိကျကျ ပြောဖို့လိုပါလိမ့်မယ်။

ဒီ ရက်ပေါင်း ၁၀၀ အတွင်းမှာ တွေ့ဆုံဆွေးနွေးပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူကို ရေရေရာရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့်…. အစိုးရနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က အပြုသဘော ရှုမြင်သုံးသပ်တဲ့ အပြောမျိုးတွေ၊ အပြောင်းအလဲရဲ့ လမ်းစကို ရောက်ပြီဆိုတဲ့ စကားမျိုးတွေ၊ မကြာခင် ကြီးမားတဲ့အပြောင်းအလဲကြီးတွေ ဖြစ်လာတော့မယ်ဆိုတဲ့ စကားမျိုးတွေ လှိုင်လှိုင်ကြီးပြောဆိုနေခဲ့တာကို သတိထားခဲ့မိပါတယ်။ ဘာကြောင့် ဒီလိုမြင်ရတယ်၊ ပြောဆိုရတယ်ဆိုတဲ့အကြောင်းကိုတော့ တလုံးတပါဒမှ လှစ်ဟ ရှင်းလင်းပြောဆိုတာမတွေ့ခဲ့ရပါဘူး။

ဒါပေမယ့် ဒီရက်ပေါင်း ၁၀၀ အတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ပါတီဖက်မှာတော့ ကြီးမားတဲ့ပြောင်းလဲမှုကြီးတွေ အမှန်တကယ် ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ဆိုရင် တချိန်က သူမ ကြွေးကြော်ခဲ့တဲ့ “မတရားတဲ့ အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ” ဆိုတဲ့ ကြွေးကြော်သံနဲ့ မူဝါဒကို အပြီးတိုင် စွန့်လွှတ်လိုက်ပုံ ရပါတယ်။ အဖွဲ့ချုပ်အနေနဲ့လည်း “ထွေးပြီးသား တံတွေးပြန်မျို” ဆိုသလို ရွှေဂုံတိုင်မူကနေ ရှုံချည်နှပ်ချည် ဂငယ်ကွေ့ကွေ့ပြီး ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးကို ရှေ့တန်းတင်လာတာကို တွေ့ရပါတယ်။ ၂၀၀၈ စစ်ကျွန်ပြုရေးအခြေခံဥပဒေအောက်ကို အလိုတူအလိုပါ ခေါင်းလျှိုဝင်လိုက်ကြတာကို တွေ့ရပါတယ်။ ဦးဝင်းတင် ၂၀၁၀ မတိုင်ခင်က ပြောတဲ့ ဥပမာမျိုး စကားလုံးအချို့ကို ချေးငှားပြီး ဒီအချိန်မှာ ပြန်ပြောရရင် “၂၀၀၈ အခြေခံဥပဒေဆိုတဲ့ နွားသတ်ရုံကြီးထဲကို မှတ်ပုံတင်ဥပဒေပြင်ဆင်ချက်ဆိုတဲ့ မြက်ပြခေါ်လိုက်တဲ့အခါ ဝင်ချင်လွန်းလို့ ဘွတ်အဲ ဘွတ်အဲ အော်နေတဲ့ ဥဿဘ ကြီးတွေ” နဲ့ အလားသဏ္ဍာန်တူနေပါတယ်။

ယနေ့မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် တချို့က “ဘယ်သူမှ မမျှော်လင့်တဲ့ အပြောင်းအလဲကြီးတွေ ဖြစ်နေပြီ” ဆိုတာမျိုး ရေးသားတာ တွေ့ရပါတယ်။ ဘယ်လို အပြောင်းအလဲကြီးတွေလဲဆိုတာ သေသေချာချာ ပြန်မေးစရာရှိပါတယ်။ အကျဉ်းသားတွေ သောင်းဂဏန်းလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို မစို့မပို့ ကြားညှပ်လွှတ်ပေးတာမျိုးဟာ ဘယ်သူမှ မမျှော်လင့်တဲ့ အပြောင်းအလဲမျိုးလား။ စစ်အစိုးရလက်ထက်မှာ အရင်ကလည်း ဒီလိုပဲ ဖမ်းလိုက် လွှတ်ပေးလိုက် လုပ်ခဲ့ဖူးတာပဲ မဟုတ်ဘူးလား။ ကိုမင်းကိုနိုင်တို့ ဇာဂနာတို့ကို အရင်တုန်းကလည်း လွှတ်ပေးဖူးတာပဲ မဟုတ်လား။ အာဆီယံအစည်းအဝေး၊ ကုလသမဂ္ဂ အထွေထွေညီလာခံ စတဲ့ အပြည်ပြည်ဆိုင်ရာ ဖိအားတွေအောက် ကျရောက်ကာနီးတိုင်း ဒီအစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံ အနေနဲ့ ကျင့်သုံးတတ်တယ်ဆိုတာကို မေ့လျော့နေကြလေသလား။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုကျော်မင်းယု(ကိုဂျင်မီ)၊ မမီးမီး၊ မနီလာသိန်း စတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး၊ အရှင်ဂမ္ဘီရ စတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားသဖြင့် ချမှတ်ထားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ထောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ အကျဉ်းကျခံနေရဆဲပါ။

သတင်းစာလွတ်လပ်ခွင့်တွေ ရှိလာတယ်လို့ ဆိုကြတယ်။ ဒီအစိုးရဟာ သူ့အာဘော်နဲ့ တထပ်တည်းကျနေသရွေ့ လွတ်လပ်ခွင့်ပေးတာ မဆန်းပါဘူး။ ပြန်ကြည့်မယ်ဆိုရင် ၂၀၁၀ မတိုင်ခင်ကတည်းက နေဝင်းမောင်တို့ မောင်စူးစမ်းတို့ အာဘော်တွေကို လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ရခဲ့တယ် မဟုတ်ပါလား။ ဒေါ်စုအာဘော်ကလည်း သူတို့နဲ့ တထပ်တည်းကျရင် ဒေါ်စုကို ဖွင့်ပေးမှာပဲ။ ဒေါ်စုလိုလူက သူတို့ဖက်မှာပါတယ်ဆိုရင် သူတို့အတွက် အမြတ်တောင်ထွက်သေး။ ဒါတောင် တနှစ်ပြည့်သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (လွတ်လာပြီးနောက်ပိုင်း) တခုတည်းသော နိုင်ငံရေးအရ ဝေဖန်မှုဖြစ်တဲ့ “လွတ်လပ်ပြီး တရားမျှတတဲ့ တရားရေးမဏ္ဍိုင် မရှိသေးဘူးလို့ပဲ ပြောရမယ်” ဆိုတဲ့ စကားကို ဆင်ဆာဖြတ်နေသေးတယ် မဟုတ်ပါလား။

တကယ်သာ မီဒီယာ လွတ်လပ်ခွင့်ရှိခဲ့တယ်ဆိုရင် စစ်အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ မတရားမှုတွေအကြောင်း၊ ရွှေဝါရောင်တော်လှန်ရေးကြီးအကြောင်းတွေကိုလည်း မီဒီယာအပေါ်မှာ ဒီကနေ့ ရေးသားကြ၊ ဖော်ထုတ်ကြတာကို ဖတ်ကြရမှာပါ။

တဖက်မှာလည်း အစိုးရဟာ တိုင်းရင်းသားတွေအပေါ် အရှိန်မြှင့် ထိုးစစ်ဆင်နေဆဲရှိပါသေးတယ်။ ယခု ကချင်ပြည်နယ်ဖက်က တိုက်ပွဲတွေမှာ အစိုးရက ရဟတ်ယာဉ်တွေကိုပါ အသုံးပြုလာတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အကုန်အစင် ချွင်းချက်မရှိ လွှတ်မပေးမချင်း၊ မီဒီယာတွေမှာ အစိုးရကို ဝေဖန်တဲ့အရေးအသားတွေ၊ ရွှေဝါရောင်တော်လှန်ရေးအကြောင်းတွေကို ဖော်ပြခွင့်ရလောက်အောင် မီဒီယာလွတ်လပ်မှု မရမချင်း၊ တိုင်းရင်းသားတွေအပေါ် ထိုးစစ်တွေကို တပြိုင်နက်မရပ်မဆိုင်းမချင်း၊ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီဟု ယုံကြည်၍ မရသေးပါကြောင်း။ လက်ရှိလုပ်နေတဲ့ ဟန်ပြအပြောင်းအလဲတွေဟာ နိုင်ငံတကာမျက်နှာစာနဲ့ ပြည်သူလူထုအကြားမှာ တရားဝင်မှုကို လိုချင်နေတဲ့အတွက် နည်းပရိယာယ်မြောက် ကြိုးပမ်းမှုတရပ်အဖြစ်သာ လက်ရှိအနေအထားမှာ ထင်မြင်ယူဆလျက်ရှိကြောင်း ရေးသားလိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မှာ အခုအချိန်အထိ ပြည်သူလူထုကို ထုတ်ပြစရာ ဝမ်းသာစရာ သတင်းကောင်း ရှိဟန်မတူသေးပါ။

70 comments:

Anonymous said...

saut ruu.. im happy that im the first one to post...

btw did you wife give your mouth time off from sucking that thing to talk abt this post? :D

YIT Classmate, singapore said...

Dar Ma Paw Gyi Kwa!

De lo ma pot Kwa Paw Gyi Ya!


Nyein Ma nay par ne`

He` He` He` :D

Anonymous said...

Prove yourself that your are not so-called "air-con expert", who post their misguided opinion to internet from your comfortable air-conditioned room without realizing how hard others are trying for the betterment of their life under the reality, under the hot Sun.

Instead of criticizing others, why don't u propose a complete solution to current problems and boost the PPP to match that of Malaysia. If your solution is creditable and implementable, the whole population will be so grateful to you and you will become the Architect of First World Myanmar!!!

If not ,you should shut your mouth up and observer others doing something good for the country.

Anonymous said...

ကိုပေါရေ-ကိုယ်.လွတ်လပ်ခွင်.နဲ.ကိုယ်ဘလော.ခ်မှာ
ကိုယ်မှန်တယ်ထင်တာပြောတာပြောလို.ရပါတယ်။
သတ္တိရှိလို.ပြောတာလို.လည်းယူဆပါတယ်။ဒေါ်စုကို
ဝေဖန်ထောက်ပြတာတွေကောင်းပါတယ်၊ဒါပေမယ်.
၃၆၀ဒီဂရီဗျူးနဲ.ကြည်.ပြီးမှရေးရင်ပိုကောင်းပါလိမ်.
မယ်။ဒေါ်စုကိုယ်တိုင်မှာကြုံရတဲ.ဖိစီးမှုတွေနဲ.ရင်ဆိုင်
ရတဲ.အခြေအနေတွေကိုခင်ဗျားတို.၊ကိုလွမ်းဆွေတို.လိုလူတွေကတွက်ဆစဉ်းစားပေးသင်.ပါတယ်။သေ
ချာတာကဒေါ်စုကတန်ခိုးရှင်မဟုတ်ပါဘူး၊ဘာကိုမဆိုဥုံဖွနဲ.လုပ်ယူမပေးနိုင်ပါဘူး။ဒါနဲ.ခင်ဗျားကဘာအသင်း
ဝင်၊ဘာအဖွဲ.အစည်းဝင်ဆိုတာလည်းသတ္တိရှိရှိပြောစေ
ချင်တယ်ဗျာ။ ခင်ဗျားကပွင်.လင်းမြင်သာမှုကိုလိုလား
တဲ.သူမှတ်လား၊ဆိုတော.ကာစာလာဖတ်သူတွေကို
လည်းခင်ဗျားကဘာဆိုတာ၊ဘာသဘောနဲ.ဘာတာဝန်
နဲ.ရေးတာလဲဆိုတာတော.ရှင်းပြလိုက်ပါဗျာ။
စကားမစပ်စကားဆိုတာပြောပါများရင်အမှားပါတတ်
တယ်ဗျ။အထူးသဖြင်.နိုင်ငံရေးသမားပါးစပ်ကအမှား
အထွက်ဆုံးပဲ၊ဒါတွေကိုခင်ဗျားလယ်ဗယ်လ်လောက်က
နားလည်ပြီးသားလို.ယုံကြည်ပါတယ်။
(တစ်ခါတစ်လေကျရင်ကိုယ်ရေးတာတွေကတစ်ကယ်
ကောအကျိုးပြုရဲ.လား၊ထိရောက်မှုရှိရဲ.လားလို.ဆင်
ခြင်စေ.ချင်တယ်)ကျွန်တော်ကတော.မနေနိုင်မ
ထိုင်နိုင်မြင်ရင်ဖတ်မိတယ်ဗျာ။အဲ.ဒါအတော်ဆိုးတယ်။
း)

Anonymous said...

ကိုပေါရဲ့  ROAD MAP ကဘာလဲဗျ။
ဒို့ က ကိုပေါကြီးကို ၀ိုင်းရံဖို့  လူစုနေတာ။

Anonymous said...

င်္Facebook ပေါ်မှာတင် မိန်းမလို မိန်းမရ ရေးတာမဟုတ် ။ အခု ဘလော့ဂ် ပေါ်မှာပါ လုပ်လာပြီ။ အားပေးတယ် မပေါရေ။

Anonymous said...

လူ့အဆင့်အတန်းအား ထိုသူပါးစပ်မှ ထွက်သော စကားသည် ပြဌာန်းလေသည်။ လေတိုက်တိုင်းလမ်းပျောက်ရလျှင် ယနေ့ဒေါ်အောင်ဆန်းစုကြည်ဟူ၍ ဖြစ်လာမည်မဟုတ်။ ယခု လေပုပ်လေသိုးများ တိုက်ခြင်းထက် အဆများစွာ ပြင်းထန်သော ဖိနှိပ်ခြင်းများကို ထို အမျိုးကောင်းသမီးသည် ကြံ့ကြံ့ခံ ရှင်သန်ပြခဲ့ပြီးလေပြီ။ မစင်ဘုပ်နံ့သည် မဇ္ဈူသက နတ်ပန်းရနံ့ကို မလွှမ်းစကောင်းချေ။ နားမလည်သော ထိုလူမိုက်အားသာလျှင် ကရုဏာသက်ရပေသည်။

ABC said...

ကျွန်တော့်ရဲ့ အရင်က ကွန်မန်.တွေမှာ အစိုးရနဲ. အတိုက်ခံတို.ပူးပေါင်းဆောင်ရွက်ဖို. အမြဲတမ်း တိုက်တွန်းခဲ့ပါတယ်၊ အစိုးရ အတိုက်ခံတို. မလျော့ပဲတင်းခံနေရင်တော့ တိုင်းပြည်က မွဲသထက် ပိုမွဲမှာတော့ သေချာပါတယ်၊ ဘာပဲဖြစ်ဖြစ် အစိုးရ နှင့် အတိုက်ခံ (ဒေါ်စုနှင့် NLD) တို.ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကတော့ ဒီမိုကရေစီအစ ရောင်နီဦးလေးသန်းလာ တယ်လို. ဆိုရပါမယ်၊ သိုသော်လည်း
ဦးသိန်းစိန်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တူတာတွေလုပ်မယ်၊ မတူတာတွေခဏထားဦး ဆိုတာက ဘာကိုဆိုတာလဲ၊ နိုင်ငံတကာမှာ အမှတ်ရမဲ့ အာစီယံဦးဆောင်မူ.ကိုလား၊ ဒီမိုကရေစီ ဗန်းပြပြီး အနောက်နိုင်ငံတွေက အကူအညီတောင်း ၊ အတိုက်ခံတွေကို ထောင်သွင်းအကျဉ်းချနေဦးမှာလား၊ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေမရှိဖူးလို. ပြောသွားတာလည်း ရိုးသားမူမရှိဖူး၊ အဲဒီ့သတင်းစာရှင်းလင်းပွဲနားထောင်ပြီး တော်တော်စိတ်ပျက်သွားမိပါတယ်၊ ရိုးသားမူမရှိရင်တော့ အတိုက်ခံနဲ.ပူးပေါင်းတဲ့ကိစ္စက ရေရှည်မှာ ပြဿနာတက်ပါလိမ့်မယ်၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမူကို ကြိုဆိုပေမဲ့ စနစ်ကျတဲ့ပြောင်းလဲမူမရှိတဲ့ အပြင် ကသောင်းကနင်းနိုင်လွန်းတယ်၊

အဓိက ပြဿနာက ယခင် နအဖ ၊ လက်ရှိကြံဖွံ.အစိုးရက အာဏာကို လက်လွှတ်ချင်တဲ့ ဆန္ဒရှိပုံမပေါ်ဖူး၊ တစ်ချို.နိုင်ငံတွေနဲ.မတူတာက ပြည်သူတွေကို မတရားနှိပ်စက်ခဲ့တော့ အာဏာလွတ်သွားတာနဲ. မူဘာရက်၊ ကဒါဖီတို.လို. အဖြစ်ဆိုးကိုကြုံမှာ စိုးရိမ်နေပုံရတယ်၊ အပြစ်ကျူးလွန်ခဲ့တာကိုတော့ တစ်ချိန်ချိန်မှာ ပေးဆပ်ရပါလိမ့်မယ်၊ ဒါပေမဲ့ " ရှည့်လည်းလျှောက်သာ ပျားလဲစွဲသာ " ဆိုသလို ဘယ်လိုအသိမ့်မွေ.ဆုံးနဲ. အညင်သာဆုံးဆောင်ရွက်ရမယ်ဆိုတဲ့ အချက်က အရေးကြီးပါလိမ့်မယ်၊ အဲဒီ့ကိစ္စကတော့ လက်ရှိအာဏာရသူတွေ အာဏာစွန်.လွှတ်ချင်တဲ့ ထွက်ပေါက်တစ်ခုကို ပေးထားရပါလိမ့်မယ်၊ အဲဒီလိုမဟုတ်ရင်တော့ နိုင်ငံရေးအဆိုးသံသရာလည်နေပါလိမ့်မယ်၊
အမှန်ကတော့ ကြံဖွံ.အစိုးရနဲ. ဗိုလ်သိန်းစိန်က တကယ်ပဲ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်နေတာလား၊ ဒေါ်စုကို အသုံးချတာလား ကို ဦးသိန်းစိန် ကိုယ်တိုင်ပဲသိပါလိမ့်မယ်၊

ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဒေါ်စုရွေးကောက်ပွဲဝင်ပြီး တိုင်းပြည်အတွက် လုပ်ဆောင်မူကို (better than nothing) ကြိုဆိုရပါလိမ့်မယ်၊

YIT Classmate, singapore said...

Nga Paw!

You should understand yourself by seeing comments.

Finding out mistakes of others is most easiest thing on world.

What is your real intention?

What did you do for country?

Do u think that blaming to Daw Su can change present situation of Myanmar??

Pls understand yourself.

Although Daw SU is doing wrong, pls dont say anything ( only for u) because you don't have positive approach.

Saying nothing is better for you because everybody in Singapore knows what your real attitude is.

Anonymous said...

င်္Facebook ပေါ်မှာတင် မိန်းမလို မိန်းမရ ရေးတာမဟုတ် ။ အခု ဘလော့ဂ် ပေါ်မှာပါ လုပ်လာပြီ။ အားပေးတယ် မပေါရေ။

Anonymous said...

why don't you make a poll to measure how many of us accept your opinion? If you got more than 25%, u can continue to write your opinion. If its less than 25%, you should shut your mouth up in shame..

Can you accept this challenge before your mouth open and shit come out of it?

Dare or Not?

Anonymous said...

aww.. nga paw nga paw.. now everybody knows about your paw-chin..

where is your another paw buddy who always come to rescue you whenever u were force into the corner?

Anonymous said...

YIT Classmate, please don't criticize our nga paw just like that... Please remember he marched twice on Orchard road before.

Please recognize him as our "Orchard Road Nga Paw Hero".

Anonymous said...

We(burmese people) don't need you. Don't waste your time on writing bullshits. Everyone in Singapore know what you are and better get your singapore citizenship and stay there forever.

Anonymous said...

Hi Anonymous :November 28, 2011 2:03 AM

Ko Paw could not get Singapore citizenship as he involved in orchard Road and Myanmar Embassy protest. He was called to police station. He was in record Singapore police. Therefore, he could not get Singapore citizenship. In addition to that he could not extend his PR in Singapore.

Not only, he could not even get Australian migrant visa because Australian migrant visa required to have police clearance from Singapore.

He might able to try US and Australian Refugee or Asylum. But it is not guarantee now. Since U Thein Sein announced all Myanmar citizen are able to come back if they want to. Therefore, refuge and asylum seeker from Myanmar could not able to get and the chance is very very slim now.

So, What Ko Paw is going to do. This is the question mark for him. He might be angry that these situation is created by Daw Suu. Therefore, his anger and anguish goes to Aunty Suu.

He is the same boat as Dr. Lwan Swe & Moe Thee Zun. But he is worst among them. Moe Thee Zun got status in US, Dr Lwan Swe could able to stay in Thai border but illegally. He could not stay in Singapore illegally.

Anonymous said...

င်္Facebook ဆိုလို့  ၀င်ရှာကြည့်တယ်။ သူ့ ပိုစ်တွေ အဖတ်လုပ်ပြီး like လုပ်တဲ့သူ ၅ယောက်တောင် မပြည့်ရှာဘူး။ ဒီတော့ ခင်ဗျားတို့ ပြောသလို vote လုပ်ခိုင်းဖို့ ဆိုတာ လုပ်ရဲရှာမှာ မဟုတ်ဘူး။ ကျွတ် ကျွတ် ကျွတ်..

Kyaw Kyaw Singapore said...

Nga Paw ,,, Nga Paw ,,

Now you get comments from readers those are reflection for your attitude. YOu should understand yourself.

Anonymous said...

ဘာကြောင့် ဒေါ်စုကို အငြိုးတကြီးဖြစ်နေတယ် ဆိုတာ တကယ်နားမလည်ပါဘူး.... အခြားသူကို ဝေဖန်သူတစ်ယောက်အနေနဲ့ ကိုယ်ကိုတိုင်ရော ဘယ်လောက်ကောင်းနေလဲဆိုတာ ပြန်စမ်းစစ် သင့်ပါတယ် ဘာ့ကြောင့် ငပေါနဲ့ နိုင်ငံရေးကို ဆက်မရေးတာလဲ .. ရေးမယ်ပြောပြီး ဆက်ရေးပါ... ဒီလောက်ကလေးတောင် စကားမတည်နိုင်သူက နိုင်ငံ့အရေး တိုင်းပြည် အေ၇းကို အသက်စွန့်ဆောင်ရွက်နေသူကို အပုတ်ချနေတာတော့ လွန်လွန်းပါတယ်
ဖြစ်နိုင်တာနောက်တစ်ခုက ဒေါ်စုက သူပေးတဲ့ မဟာအကြံကို လက်မခံခဲ့လို့ဖြစ်မယ်... ဘာလဲဆိုတော့ သူက အကြံပေးတယ် .. NLD Website မှာ ၂ဒေါ်လာ ၅ ဒေါ်လာစသည်ဖြင့် ဒီမိုကရေစီ အရေးအတွက် အလှူခံဖို့ paypal လို အကောင့်လေး တစ်ခု လုပ်ထားဖို့လေ ဟိဟိ ... မဟာအကြံကြီး ကိုပေးတာ မြန်မာပြည် ဒီမိုကရေစီအတွက် အသံညောင်ညက်ညက်နဲ့ ကြားဖူးလိုက်တယ် ... ဒါကို ဒေါ်စုက လက်မခံလို့ စိတ်ဆိုးနေပုံရတယ် .. စောက်ပေါကြီး စေတနာရှိရင် မင်းရတဲ့လခ လှူလိုက်လေ... မင်း နော်အုန်းလှတို့ကိုရော ဘယ်လောက်များ ကူညီထောက်ပံ့လည်း ... မင်းထက် သိတိရှိတယ် ၊ သိကာရှိတယ် ၊ တကယ် စေတနာရှိတယ် အဲဒီအမျိုးသမီးက

Anonymous said...

သူက မကောင်းတဲ့အမြင်ဘဲ ရေးတတ်တာ..
အရင် သန်းရွှေ မကောင်းကြောင်းရေးပြီး နာမည်လေးရလာတယ်။
နောက်.. သန်းရွှေမရှိတော့ ဒေါ်စုဘက်လှည့်လာတယ်။
အဲ.. ဒေါ်အောင်းဆန်းစုကြည် အကြောင်း ရေးစရာ မရှိတော့ရင် သူ့ မိန်းမကောင်းကြောင်းရေးမယ်။
ပြီးရင် သူ့ မကောင်းကြောင်းသူရေးပြီး အရူးထောင် သွားမယ်။
န.အ.ဖ ပြောတဲ့ အစိုးမြင် ၀ါဒီ ဆိုတာ ဘယ်သူဖြစ်မယ်ထင်လဲ

Anonymous said...

Ko Paw said(နောင် ဘယ်တော့ ထပ်တွေ့ကြမလဲဆိုတာကိုတော့ ဦးသိန်းစိန်ကိုယ်တိုင်နဲ့ ဘုရားသခင်ကလွဲလို့ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။)


ကိုပေါက ဘယ်ဘာသာ ကိုးကွယ်တာလဲ။
ဗုဒ္ဓဘာသာဆိုရင် မြတ်စွာဘုရား ပရိနိဗာန် ပြုသွားတာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာပြီ။ ဘယ်နားကနေ ဘုရားသခင်က သိနေတာလဲ။
ဘုရားရိုက်လိမ့်မယ်တို့  ဘုရားပဲ သိတယ်ဆိုတာတို့ ကို ဗုဒ္ဓဘာသာကို အခြေခံလောက်ပဲ သိတဲ့ လူတွေတောင် မသုံးပါဘူး။

Anonymous said...

ဆဲချင်လို့ လာဖတ်တာ..
ဆဲလိုက်ပီ


သေနာ ငပေါ

Anonymous said...

Ko Paw's Profile
အမည်ရင်း- အောင်နိုင်မိုး(ငပေါဆိုတဲ့ နာမည်နဲ့ ပိုလိုက်တယ်) ။ မြန်မာနိုင်ငံသား တယောက်ပါ။ လည်စရာမရှိ ကျွန်းပိစိမှာ သွားစရာမရှိအောင် လုပ်နေပါတယ်။ အင်ဂျင်နီယာအလုပ်နဲ့ ကိုယ့်ထမင်းကိုယ်စားပြီး လူထုမေတာ ခံယူနေပါတယ်။

Anonymous said...

Ko Paw's Profile
အမည်ရင်း- အောင်နိုင်မိုး(ငပေါဆိုတဲ့ နာမည်နဲ့ ပိုလိုက်တယ်) ။
မြန်မာနိုင်ငံသား တယောက်ပါ။
လည်စရာမရှိ ကျွန်းပိစိမှာ သွားစရာမရှိအောင် လုပ်နေပါတယ်။
အင်ဂျင်နီယာအလုပ်နဲ့ ကိုယ့်ထမင်းကိုယ်စားပြီး လူထုမေတာ ခံယူနေပါတယ်။

Anonymous said...

ကိုယ့်လက်ရှိ အသက်အရွယ်၊ အတွေ့အကြုံနဲ့ တတ်ထားတဲ့ ပညာနဲ့ ဖတ်ထားတဲ့ စာတွေကို ထောက်ထားသော အားဖြင့် လက်ခုပ်တီးလိုက်၊ လက်ညှိုးထိုးလိုက်ထက် ပိုသာသော လက်တွေ့ကျကျ အလုပ်များလုပ်ချိန်တန်ပါပြီ ကိုပေါရယ်။
ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေကို လေသနတ်ပစ်ပြီး အလဟသ ဖြစ်ခံနေတာ အံ့စရာပါတော်။။။။။

စိုးမြတ်သူရှင် said...

ကိုပေါကသူ့ဘလော့မှာသူထင်မြင်ချက်သူရေးတာကို
နင်တို့ကဘာမနာလိုဖြစ်နေကြတာလဲ
အမျိုးသားတွေဖြစ်ပြီးနှုတ်သီးကောင်းနေလိုက်ကြတာအံ့သြဘ
ကိုပေါကိုယ်ယုံကြည်ရာကိုဆက်သာပြောနော်
စိုးအားပေးနေမယ်

ပေါအောက်ဆွဲ said...

လွဏ်းတုတ်ပေါဂိုဏ်း

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တဲ့အဆင့်လောက်က တော့ ပျင်းတောင်ပျင်းသေးဆိုသူများ စုစည်းပြီး သရော်စော်ကားဆဲဆိုရမ်းကားရန်အတွက် လွဏ်းတုတ်ပေါဂိုဏ်းကြီးကို ဖွဲ့စည်းလိုက်ပါပြီ။ လွဏ်းဆွေ၊ ဝတုတ်(သူရိန်ကျော်ဇော) နဲ့ ကိုပေါ(ပေါကြီး)တို့ ဦးဆောင်မယ့် ဂိုဏ်းကြီးပါ။ ဝတုတ်က “ဆွေ-ဝ-ကို” ဆိုရင်မကောင်းဘူးလားလို့ ညှောင်နာနာနဲ့ အကြံပေးပါသေးတယ်။ ဘိုဘိုလန်းစင်က “ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါဆို နဲနဲ တယုတ်ပိုဆန်တယ်” လို့ ထုံးစံအတိုင်း ဝင်ဖားပါတယ်။ ဝတုတ်က ဒီအကောင် မသိသားဆိုးရွားလှချည့်လား ငါ့ရည်ရွယ်ချက်ကို ပေါ်တင်ကြီးပြောရသလားဟ ဆိုပြီး ဘိုဘိုလန်းစင် ညို့ သကျီးကို လှမ်းကန်ပါတယ်။ ပေါကြီးက မူးလာရင် မဒမ်ပေါကိုဟောက်တဲ့ အသံကြီးနဲ့ “တော်ကြစမ်း၊ လွဏ်းတုတ်ပေါသာ အတည်ဖြစ်ရမယ်၊ ဒီဘိတ်လုပ်ချင်ရင် ပြောမနေနဲ့ ငါ့ဘလော့ဂ်မှာ ကော်မန့်ရေး”လို့ ဝင်ဟန့်လိုက်ပါတယ်။ လွဏ်းဆွေကတော့ မဲဆောက်ကိုအလယ်လာဖို့နဲ့ သိသင့်သိထိုက်တာ တွေလိုက်ပြမယ်ဆိုပြီး ပေါကြီးကို လာဘ်ထိုးထားတာမို့ ဂိုဏ်းအမည်မှာ သူ့စာလုံးထိပ်ဆုံးကပါတာကို ဝဲကုပ်ရင်းကျေနပ်နေ ပါတော့တယ်။

စိုးမြတ်သူရှင် said...

ကိုပေါကသူ့ထင်မြင်ချက်ကိုလွတ်လပ်စွာပြောဆိုတာ
နင်တို့အပူတစ်ပြာသားမှမပါဘူး
နင်တို့လဲကိုပေါလိုပြောရဲရင်ပြောလေ
ကိုပေါရဲ့ဘလော့ကိုလာပြီးဆဲဆဲဆိုဆိုနဲ့နှုတ်သီး
ကောင်းလျှာပါးမိန်းမကြမ်းတွေထက်ကိုဆိုး
ပါ့ အံ့သြဘ အံ့သြဘ
ကိုပေါရေမှန်တယ်ထင်ရင်ဆက်လုပ် စကားကြမ်းနဲ့သာမဆဲမိစေနဲ့ စိုးတို့ကတော့အား
ပေးနေမယ်

Tin said...

ကိုပေါရဲ့ တချို့ အမြင်တွေကို ကျနော်လည်းသဘောတူလှ တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဗျာ ကိုပေါ က အားလုံးကို လွတ်လွတ်လပ်လပ်ရေးခွင့်ပေးထားတာကို အခွင့်ကောင်းမယူချင်ကြပါနဲ့။
အခု ဒေါ်စုကို ဝိုင်းထောက်ခံနေသူတွေကော ကိုပေါလောက် လွတ်လပ်ခွင့်ပေးနိုင်ပါ့မလား ဆိုတာ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်ပါဦး။
ကိုပေါကို ပြောချင်တယ် ဝေဖန်ချင်တယ် ဆိုလည်း လူကြီးလူကောင်းလိုပြောပေါ့ဗျာ။ ကိုယ့်အဆင့်ကိုယ် တော့ထိန်းဖို့သင့်ပါတယ်။
တစ်ခုတော့ပြောမယ်.. သိပ်လည်းစိတ်ကူးနဲ့ ရူးမနေကြပါနဲ့ဦး၊ အခုတောင် အာဆီယံ ဥက္ကဌလေးဖြစ်မယ်ဆိုတာ နဲ့ ကိုမင်းကိုနိုင်တို့ ကိစ္စ ဘယ်ချောင်ထဲ ရောက်သွားပြီလည်းမသိဘူး။ ဟို လိမ်စဉ်အစိုးရ က ထဖောက်တော့မှ အော် ကိုပေါ ပြောတာလည်း ဟုတ်တုတ်တုတ်ဆိုပြီး ဖြစ်နေဦးမယ်။

Shame On You , Suu Kyi's supporters! said...

" Kyaw Kyaw Singapore said...

Nga Paw ,,, Nga Paw ,,

Now you get comments from readers those are reflection for your attitude. YOu should understand yourself."

What a stupid logic!!
Those comments only reflect the attitudes of the people who wrote such comments.Those people should know themselves.

What an amazing scene to witness Suu Kyi has all these supporters with bad attitudes and low standards !! SHAME ON YOU ALL !!
People can only get the leader they deserve and the lousy leader will only get the lousy supporters he/she deserves.

Anonymous said...

I understand your concern, and all of us also have the same worry of Daw Suu and the whole country falling into the trap of Military. But Daw Suu and all the leaders are well aware of the risk they are taking ( even it may tarnish their reputation).
What is your option for our country?

Anonymous said...

You should clearly show your vision for the country instead of attacking Daw Su. What is solution? Show us. If its better than current NLD strategy, well support u and become our leader. Clear?

Anonymous said...

စိုးမြတ်သူရှင်
မင်းရဲ့ ကိုကို ကိုပဲ လူထုခေါင်းဆောင်ကို အမုစေလို့  မခေါ်သင့်မှန်း သိအောင် သင်ပေးလိုက်ပါဦး

စိုးမြတ်သူရှင် said...

အဲဒါတော့ဟုတ်တယ်
အမေစုကိုအမုစေလို့တော့ကိုပေါမခေါ်သင့်ပါဘူး
အမေစုကိုကျမလည်းလေးစားပါတယ်
ပြီးတော့ကိုပေါက စိုးရဲ့ကိုကိုလည်းမဟုတ်ဘူး
ကိုပေါရဲ့သည်းခံခွင့်လွှတ်တတ်တဲ့စိတ်ကိုလည်းချစ်လို့ဝင်ပြောတာပါ
ကိုပေါကစလုံးမှာ စိုးကပြည်တွင်းမှာ အဝေးကြီးပါနော်

Kyaw Kyaw Singapore said...

Mg Paw do ka tot "A lan shuu " twe le lote tar pe naw :D

Harrr: Harrrr:


စိုးမြတ်သူရှင် ! Not only u, Everybody in Singapore who know Nga Paw, respect his attitude. You can clearly see in above comments. Harrrr Harrrrr : D

Si Thu said...

Nga paw , Nga Paw !

You still dont understand yourslef.

You should change your bad attitude first. You need to understand how to think and speak positively.

If not so, all things (reflection) come back to you.

I really very sad for you.

Anonymous said...

nga paw believe in utopia and nililism. He is an anti-estblishiment and an anachist.

He has too much hatred towards estiblishment because of childhood experience in Burma. It has already consumed him.

Anonymous said...

စောက်ရူး ...

Anonymous said...

Aww Paw Gyi , Paw Gyi

Anonymous said...

http://burma.irrawaddy.org/archives/3014

ထိပ်တန်း အတွေးအခေါ်ရှင် များတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်
ကို ပေါ် နာမည် ကိုတော့ မတွေဘူး ဗျ ။ ထိပ်စုံး အမှတ် တစ်ကနေ ကျော် ပြီ သုံည ရောက်သွားတာများလား

Anonymous said...

ပြည်ပမှာ (ဘီယာသောက်ရင်း )ဒေါ်စုကို ဝေဖန် ကဲ့ရဲ့ နေသူ "အောင်နိုင်မိုး" မိမိကိုယ်မိမိ ဒေါ်စုရဲ့  ခြေဖျားမှာ ကပ်နေတဲ့ ဖုံမှုန့် လောက် အရည်အချင်း အစွမ်းအစ ရှိရဲ့ လားလို့  ပြန်မေးကြည့်စေချင်တယ်။ (ရှက်တတ်ပါလို့ ပဲ ပြောချင်တယ်။)

Anonymous said...

ဆဲချင်လို့ လာဖတ်တာ..
ဆဲလိုက်ပီ


သေနာ ငပေါ

Kyaw Kyaw Singapore said...

http://www.lubo601.com/2011/11/blog-post_110.html

Kyaw Kyaw Singapore said...

ဒေါ်စုကလဲသူ့ကိုယ်သူအစားခံပြီးကင်းယူဘို့လုပ်တာထင်ရှားတယ်၊ပွင့်လာတဲ့အပေါက်ကလေးကိုချဲ့ပြီးတဖြေးဖြေးဝင်မယ်ဆိုတာသူမနဲ့ NLD ရဲ့သမိုင်းဘဲ၊ သူတို့ရဲ့ကြံရည်ဖန်ရည်၊ ကံဥာဏ် ဝိရိယ အ ပေါ်မှာမူတည်ပြီးဒီလမ်းကြောင်းဟာမှန်တယ်၊ မှားတယ်ဆိုတာသမိုင်းကဆုံး ဖြတ် သွား မှာဖြစ်တယ်။ အခုကတည်းကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပက်ပက်စက်စက်ဝေဖန် နေ သူတွေထဲမှာဆိုက်ဝါးတွေ ကြိမ်းသေပါတယ်၊သူ့လူကိုယ့်ဘက်သားတွေ အများကြီးဘဲဆို တာသတိရှိဘို့လိုတယ်။ အပြတ်သားဆုံး ပြောနိုင်တာကဒေါ်အောင်ဆန်းစုကြည် ဟာရန်သူမ ဟုတ်ဘူးဆိုတာဘဲ၊ ရန်သူရဲ့အဝန်းအဝိုင်းထဲ ကို တိုက်ဘို့စွန့်ပြီးဝင်သွားတဲ့သူရဲကောင်း တ ယောက် လို့မှတ်ယူနိုင်တာကပိုကောင်းတယ်လို့မြင်တယ်။ ဒီလိုမြင်တာဟာအားလုံးအတွက် အကောင်းဆုံးဖြစ်တယ်။ သူအခွင့်အရေးရဘို့၊သူနံမည်ကျော်ကြားဘို့ လုပ်နေတာမဟုတ်တာ တော့ကျိမ်းသေတယ်၊ ဘာကြောင့်လဲဆိုတော့သူမဟာကမ္ဘာသိကျော်ကြားပြီး သူဖြစ်နေလို့ပါ ဘဲ။ သူလုပ်နေတာတိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်ဘဲ၊ သူသွားတဲ့လမ်းကိုလက် မခံ နိုင်တောင်၊သူ့စေတနာကိုအနည်းဆုံးနားလည်ပေးနိုင်ဘို့လိုတယ်။
ပြည်ပကနေဒေါ်စုကိုဆဲနေသူ တွေကိုပြောချင်တာကဒေါ်စုသာသူတို့လိုပြည်ပကိုထွက်လာရင် ငွေသန်း ချီပုံပေးမဲ့သူတွေအများကြီးရှိတယ်ဆိုတာပါဘဲ၊ ပြည်ပမှာကောင်းကောင်း ဇိမ်နဲ့နေနိုင် ရဲ့သားနဲ့ပြည်တွင်းမှာသားတွေကိုပစ်ပြီး တိုင်း ပြည်နဲ့လူမျိုးကိုငဲ့ပြီးနေနေတာကိုက လေးစား ထိုက်တယ်ဆိုတာပါဘဲ။

Kyaw Kyaw Singapore said...

ဒါကြောင့်ဒေါ်စုသွားတဲ့လမ်းကြောင်းကိုမကြိုက်ရင်ဘာလုပ်ကြမလဲ?
ဒေါ်စုသွားနေတဲ့လမ်းကိုမကြိုက်ရင်ကိုယ့်လမ်းကိုယ်ထွင်ယုံဘဲရှိတယ်၊ အချင်းချင်းပုတ်ခတ် တိုက်ခိုက်နေစရာမလိုဘူး၊ ရန်သူအားရအောင်လုပ်နေစရာမလိုအပ်ဘူး။ အခုဖြစ် နေတဲ့ပြသ နာကကိုယ်ကလဲ ဘာမှမလုပ်နိုင်လုပ်နိုင်သလောက်လုပ်နေသူတွေကို တစ်တစ်ခွခွဆဲပြီးရဲရဲ တောက်သူရဲကောင်းကြီးတွေလို လုပ်နေတာအတော်အကြည့်ရဆိုးပါတယ်၊ နှစ်၂၀ ကျော်ဖြတ် သန်း လာပြီးရင့်ကျက်လာသူတွေဖြစ်မလာကြဘူး၊ ကိုယ်ကဘာတွေလုပ်နေတယ်ဘာမှမပြော နိုင်ဘဲဒေါ်စုကို လက်ညှိုးထိုးပြောနေကြသူတွေကိုယ်ကိုယ်ကိုဘာလုပ်နိုင်သလဲ၊ ဘာတွေလုပ် ပြီးပြီလဲ မေးကြည့်ကြ ဘို့လိုပြီ။

Tin said...

ဒေါ်စု တိုင်းပြည်အတွက် အနစ်နာခံခဲ့တာ၊ စေတနာရှိတာတွေဟာ သံသယဖြစ်ဖွယ် အငြင်းပွါးဖွယ် မရှိပါ၊ လုံးဝရှင်းပါတယ်။
သို့သော်လည်း အဲ့ဒီ အချက်တွေ ကြည့်ပြီး ဒေါ်စု အမှားလုပ်မိမှာ မဟုတ်ပါဘူးလို့ ထင်နေရင်တော့ အဲ့ဒီလူရဲ့ အတွေးအခေါ် အတော် နိမ့်ပါးနေသေးတယ်လို့ပြောရပါ့မယ်။
အဲ့ဒီတော့ ဖြစ်လာနိုင်တဲ့ နစ်နာမှုတွေ လုပ်လာနိုင်တဲ့ အမှားတွေ ကို တွေးတောပြီး ဝေဖန်တာ ထောက်တာ လုပ်ပိုင်ခွင့်ရှိရပါ့မယ်။ အခု ကိုပေါရဲ့ ဒီပို့စ်မှာ ဒေါ်စုကို အမုစေ ဆိုပြီး နာမ်စားလိုလိုသုံးထား တာ သိပ်အထာမကျတာကလွဲ လို့ ဘယ်အချက်များ မကိုက်တာ မှားနေတာရှိပါသလဲ။
ကိုပေါက ဒီလိမ်စဉ်အစိုးရရဲ့ history and facts ပေါ်မှာ အခြေခံပြီးပြောထားတာလို့ပဲ မြင်ပါတယ်။ ဒါကို မှ မပြောရဘူး မဆိုရဘူးဆိုရင် တော့ ဒီမိုကရေစီဆိုတာ မှာ freedom of speech လည်းပါကြောင်း၊ defamation မဖြစ်သရွေ့ criticism ဆိုတာ ရှိနေရမှာပဲဖြစ်ကြောင်း ပြောလိုပါတယ်။
အရေးကြီးတာ က ဒီအစိုးရဟာ သဘောရိုးမရှိဘူး၊ တိုင်းပြည်အတွက်စေတနာလုံးဝ လုံးဝမရှိဘူး၊ ကန့်လန့်ကာနောက်က ချုပ်မှူးကြီးနဲ့ ဗိုလ်ချုပ်ဟောင်း ဆွေမျိုးတသိုက် သူတို့ အစိုးရအဖွဲ့ဝင်လူကြီးတသိုက် အနာဂါတ်ရင်အေး ဖို့ပဲ နည်းမျိုးစုံသုံးနေတယ် ဆိုတာ သိနေမယ် သတိရှိနေမယ်ဆိုပြီးတာပါပဲ။
လူပေါင်းများစွာ သံဃာပေါင်းများစွာ အသက်ပေး၊ ဘဝပျက်ခံပြီး ဖြစ်တည်လာတဲ့ ဒီစစ်အုပ်စု ကို အမြဲလည်ပင်း ညှစ်၊ အသက်ရှူကျပ်နေစေတဲ့ ဒီပိတ်ဆို့မှုတွေကို ဒေါ်စုအနေနဲ့ ဘာမှ မဟုတ်တဲ့ အပေါစား အပေးအယူတွေအတွက် မဖွင့်ပေး မိပါစေနဲ့လို့ ပဲ ဆုတောင်းနေရမှာပါပဲ။
(လောလောဆယ်တော့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးကို ဘာပြောလိုက်လဲမသိ၊ အာဆီယံမှာတော့ မိန့်မိန့်ကြီး ဥက္ကဋ္ဌ လုပ်ဦးမယ်)

Tin said...

နိုင်ငံရေး ဘယ်လောက်လုပ်ဖူးလဲ၊ မလုပ်ဖူးရင် နိုင်ငံရေးသမားတွေကို လာမဝေဖန်နဲ့ ဆိုတာ အတော်တိမ်လွန်းပါတယ်။
ပြည်ပက လုပ်စားလောကထဲမှာ ထောင်ကျဖူးလား၊ ထောင်မကျဖူးဘဲ လာမလုပ်နဲ့ဆိုတဲ့ policy နဲ့ တထပ်ထဲပါပဲ။
အမေရိကားမှာ အိုဘားမားရဲ့ ကျန်းမာရေး policy ကို မကြိုက်တဲ့ သာမန်ပြည်သူတွေ သမ္မတ အိမ်ဖြူရှေ့မှာ ဆိုင်းဘုဒ်ထောင်ဆန္ဒပြတယ်၊ ဝေဖန်တယ်၊ ဒါဒီမိုကရေစီရဲ့ အနှစ်သာရပဲ။
ဒါကို လက်မခံနိုင်ရင် မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားဖို့ လာ ပြောမနေပါနဲ့၊ တရုတ်ပြည်သို့မဟုတ် မြောက်ကိုရီးယားမှာသွားနေပါ။

Anonymous said...

ဟုတ်ပါတယ်။ ပေါ-စု-စိန် သုံးပွင့်ဆိုင် တွေဆုံရေး ပေါ်ပေါက်လာဖို့  တောင်းဆိုကြပါစို့ ။

Anonymous said...

:D

Paw Gyi ka dot kwar !

A-Lan-shuu le lote tar pe

Harrrrrrrrrr Harrrrrrr

စိုးမြတ်သူရှင် said...

A-Lan-shuu ဆိုတာဘာကိုပြောတာလဲဆိုတာသိပ်တော့နားမလည်ဘူးပေါ့နော်
ထင်တာကိုပြောရရင်ကိုပေါကပို့စ်ရေးပြီးနောက်ရေးလာကြတဲ့ကော်မန့်တွေကိုကြည့်ပြီးနောက်ကွယ်ကများရီမောနေသလားလို့ထင်မိတယ်
ထင်တာကိုပြောတာနော် မှားသွားရင်လည်းကိုပေါကိုတောင်းပန်ပါတယ်
Tin ရေးထားတာလက်ခံပါတယ်
ရုံးဆင်းပြီ အိမ်ပြန်တော့မယ်
နောက်နေ့မှလာဖတ်တော့မယ်
အချင်းချင်းတွေဘဲငြင်းခုံနေမယ့်အစားနားလည်မှု့နဲ့အောင်မြင်မှု့ရယူကြရင်ကောင်းမယ်လို့ထင်ပါတယ်

YIT Classmate, singapore said...

Mg paw , Mg Paw

U r so funny !

:D

Anonymous said...

သိပ်လည်းစိတ်ကူးနဲ့ ရူးမနေကြပါနဲ့ဦး၊ အခုတောင် အာဆီယံ ဥက္ကဌလေးဖြစ်မယ်ဆိုတာ နဲ့ ကိုမင်းကိုနိုင်တို့ ကိစ္စ ဘယ်ချောင်ထဲ ရောက်သွားပြီလည်းမသိဘူး။ ဟို လိမ်စဉ်အစိုးရ က ထဖောက်တော့မှ အော် ကိုပေါ ပြောတာလည်း ဟုတ်တုတ်တုတ်ဆိုပြီး ဖြစ်နေဦးမယ်။ကိုယ်.လွတ်လပ်ခွင်.နဲ.ကိုယ်ဘလော.ခ်မှာ
ကိုယ်မှန်တယ်ထင်တာပြောတာပြောလို.ရပါတယ်။
သတ္တိရှိလို.ပြောတာလို.လည်းယူဆပါတယ်။ဒေါ်စုကို
ဝေဖန်ထောက်ပြတာတွေကောင်းပါတယ်၊“ဒီရက်ပိုင်း အကျဉ်းသားတွေ ထပ်လွှတ်ပေးဦးမယ်လို့ သတင်းတွေ ကြားရပါတယ်”လို့သာ မရေမရာ ဝေဝေဝါးဝါးသာ ပြောကြားခဲ့ပါတယတိုင်းရင်းသားတွေအပေါ် ထိုးစစ်တွေကို တပြိုင်နက်မရပ်မဆိုင်းမချင်း၊ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်နေပြီဟု ယုံကြည်၍ မရသေးပါကြောင်း။ လက်ရှိလုပ်နေတဲ့ ဟန်ပြအပြောင်းအလဲတွေဟာ နိုင်ငံတကာမျက်နှာစာနဲ့ ပြည်သူလူထုအကြားမှာ တရားဝင်မှုကို လိုချင်နေတဲ့အတွက် နည်းပရိယာယ်မြောက် ကြိုးပမ်းမှုတရပ်အဖြစ်သာ လက်ရှိအနေအထားမှာ ထင်မြင်ယူဆရပါတယနိုင်ငံရေးအကျဉ်းသားတွေမရှိဖူးလို. ပြောသွားတာလည်း ရိုးသားမူမရှိဖူး၊ အဲဒီ့သတင်းစာရှင်းလင်းပွဲနားထောင်ပြီး တော်တော်စိတ်ပျက်သွားမိပါတယ်၊ ရိုးသားမူမရှိရင်တော့ အတိုက်ခံနဲ.ပူးပေါင်းတဲ့ကိစ္စက ရေရှည်မှာ ပြဿနာတက်ပါလိမ့်မယ်၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမူကို ကြိုဆိုပေမဲ့ စနစ်ကျတဲ့ပြောင်းလဲမူမရှိတဲ့ အပြင် ကသောင်းကနင်းနိုင်လွန်းတယ်၊

Anonymous said...

နာမည်နဲ့လိုက်အောင်လဲ ပေါလွန်းလှပါတယ်

Tin said...

Yes, Really !

Attitude is same as his name, Nga Paw

Very stupid Nga paw

စိုးမြတ်သူရှင် said...

Paw Gyi !

Paw Gyi !

A-Lan- shuu paw gyi'

စိုးမြတ်သူရှင် said...

ဒီပို့စ်ကိုစာလာဖတ်သူများသိရှိရန်
အထက်ပါ Paw Gyi! Paw Gyi! A-Lan-shu paw gyi ဆိုတာ စိုးရေးတာမဟုတ်ဘူးနော်
ဘယ့်နှယ့်တော်- နောက်ထပ် စိုးမြတ်သူရှင်ဘယ်နှစ်ယောက်များပေါ်လာအုံးမလဲမသိ
အချင်းချင်းတွေကိုယုံထင်ကြောင်ထင်ဖြစ် အောင်သူများနာမည်မျိုးလိုက်ရေးနေတဲ့သူရဲ့စိတ်ဓါတ်ကိုတော့ အံ့သြပါ့

Anonymous said...

Awww

Nga Paw , Nga Paw

:D

စိုးမြတ်သူရှင် said...

ကျမ က တိုတိုပေါရဲ့ချစ်ဇနီးချောလေးပါရှင့်
တိုတိုပေါကို ဂျိုးထောက်ခံမယ်
တိုတိုပေါတိုဂျစ်ဒယ်

FakeDoctors said...

http://burmesewithfakephds.blogspot.com/

Some people like Zarni should not be addressing themselves like 'Dr'.

http://burmesewithfakephds.blogspot.com/

စိုးမြတ်သူရှင် said...

နင့်ဟာနင် ကိုပေါရဲ့ဇနီးမကလို့ဘယ်နှစ်ယောက်မြောက်ဘဲဖြစ်နေဖြစ်နေ
ဒီပို့ရဲ့ကော်မန့်မှာငါ့နာမည်ကိုယူမသုံးနဲ့
အံ့ပါရဲ့

Anonymous said...

Aww Nga paw Nga Paw

:D

Anonymous said...

"စိုးမြတ်သူရှင်"? A Gandoo name!

စိုးမြတ်သူရှင် said...

Hote par de shin!

mee ka A-lan-shuu de`

Gandoo par

Tin said...

Awww

Nga Paw !

Nga Paw


:D

Anonymous said...

I do not know that Ko Paw is after slipping in via backdoors. But now seeing စိုးမြတ်သူရှင် gandoo's comments,
we know his gender preferenes :))!

Anonymous said...

dear Nga Paw,

We will vote for you if you come back to Myanmar and carry out the political activities. But you are coward enough and stying outside country and critizing our DASSK.
You eat shit Nga Paw. You are nothing in our political history. I am 88 generation student and i was one of activist. Now our griends THar Kyaw Mg is also in Singpaore. You be careful. We will give you alot of shit.

Anonymous said...

CANINA,ငပေါ
အင်ဂျင်နီယါတွေသိက္ခကျတယ်။
ဆောက်ပေါဆောက်ပေါ.....

Anonymous said...

Ko Paw's next target will be Mrs.Hillary Clinton....

Cho Yee Latt said...

လူဆိုတာအသုံးကျအောင်နေတတ်ရင်အင်မတန်အသုံးဝင်တဲ့ Creature တစ်ခုပါ
ကိုပေါရဲ့ခံစားချက်ကိုကျမနားလည်နိုင်ပါတယ်ရှင်

Anonymous said...

ကိုပေါရဲ့  ခံစားချက်ကို နားလည်ရင် ကိုပေါရဲ့ Facebook က ရဲရဲတောက် comment တွေကို ဖတ်ကြည့်ပါ။ ဒေါ်ဂွတ်ထော် ဒေါ်မြလေး အရှုံးပေးရမယ်။

Anonymous said...

NLD က U turn လား မturn လားတော့မသိဘူး။ ငပေါကတော့ ကိုယ့်တွင်း ကိုယ်တူးပြီးဝင်သွား ပြီ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs