“သမီးရဲ့ အဖြေများ”

Share |
“လာ.... သမီးကို စကားထာမေးမယ်”

“စကားထာ ဆိုတာ ဘာလဲ ဖေဖေ”

“စကားထာဆိုတာ အင်္ဂလိပ်လိုတော့ Riddle ပေါ့။ ဖေဖေက အဓိပ္ပါယ်ဝှက်ထားတဲ့ စာကြောင်းတခု ရွတ်ပြရင် သမီးက ဘာလဲဆိုတာကို အဖြေဖော်ရမယ်။ ဟုတ်ပြီလား”

“ဟုတ်ပြီ။ မေးတော့”

“ကဲ စပြီ။ သေသေချာချာ နားထောင်။ မြေမသက် ငှက်လည်းမဟုတ်။ မုတ်ဆိတ်ဖွား ကုလားလည်းမဟုတ်......”

(သမီးက မေးခွန်းမဆုံးခင် ကြားဖြတ်၍) “သြော.... သိပြီ၊ သိပြီ။ အဲဒါ မလေး(Malay)ကို ပြောတာ”

ဘေးက နားထောင်နေသော မဒမ်ပေါဆီက ရယ်သံ ထွက်လာသည်။ သမီးကို မြန်မာစကားထာတွေနှင့် ယဉ်ပါးအောင် ကြံရွယ်ထားသမျှ ရယ်သံတွေ ကြားထဲမှာ လွင့်ပါသွားသည်။ အေးလေ..... သမီးကလည်း စင်္ကာပူမှာ အနေကြာလာတော့ မုတ်ဆိတ်မွှေးပါတာဆို ကုလားမဟုတ်ရင် မလေးပဲလို့ တွက်ပေမပေါ့။

သမီးနှင့် စကားပြောရသည်မှာ သည်လို မထင်မှတ်ဘဲ ရယ်စရာတွေ ကြုံရတတ်သည်။ ဘလော့ဂါ အန်တီဆွိကတော့ သူမရဲ့ ပို့စ်တပုဒ်ထဲမှာ “ခုလက်ရှိအနေအထားအရ ဂျူဂျူဆိုတဲ့ ချစ်စရာသမီးလေးတစ်ယောက် ပိုင်ဆိုင်တာနဲ့တင် တန်နေပြီလို့ သူတွေးမိနေတော့တယ်။
” လို့ ရေးထားတာကို တွေ့ရ၏။ ကျနော်လည်း အန်တီဆွိလိုပင် တွေးမိပါသည်။ သားသမီးရတနာဆိုတဲ့အတိုင်း သမီးက ကျနော်တို့စိတ်ကို ပျော်ရွှင်ညွတ်နူးစေတာကတော့ အမှန်ပင်ဖြစ်သည်။ (တခါတလေ သူ့ကို စိတ်တိုရတာလည်း ရှိပေသပေါ့။)

ကျနော်ကလည်း စိတ်ကူးရလျှင် ရသလို သမီးအား သိပ္ပံဗဟုသုတတွေ တီးခေါက် မေးမြန်းနေတတ်သူ။

“သမီးရေ ဂြိုဟ်ကြီးကိုးလုံး အမည်ကို ပြောပြ” ဆိုတာမျိုး။ “ကမ္ဘာပေါ်မှာ တိုက်ကြီး (Contenants Continents) ဘယ်နှစ်တိုက် ရှိသလဲ” ဆိုတာမျိုးတွေ။

တနေ့က သမီးအခန်းထဲဝင်လာတော့.... “လေထဲမှာ ပါတဲ့ ဓါတ်ငွေ့ လေးမျိုးကို သမီးပြောပြနိုင်မလား”ဟု ကောက်ကာငင်ကာ မေးလိုက်သည်။

သမီး (မဆိုင်းမတွပင်)။..........။ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်......(ပြီးလျှင် ခဏ ရပ်တန့် စဉ်းစားပြီးမှ).... မီသိန်း။

ကျနော်။........။ အာ... ဘယ်က မီသိန်းက ပါလာရတာလဲ။ လေထုထဲမှာ မီသိန်း ရှိတယ်ဆိုရင်လည်း နည်းနည်းလေးပဲ ရှိမှာပေါ့။

သမီး။.........။ ဟုတ်တယ်လေ။ လေထုထဲမှာတော့ နည်းနည်းလေးပဲရှိတာ။ ဒါပေမယ့် ဒီအိမ်ထဲမှာတော့ အများကြီးရှိတယ်။ ဖေဖေ ဒီလောက် အီးတွေ အကျယ်ကြီး ပေါက်နေတာ။

ဤနေရာတွင် ဘေးက မဒမ်ပေါရော မေးခွန်းထုတ်သူ ကျနော်ပါ ပွဲကျသွားသည်။ သမီးပြောလည်း ပြောစရာပင်။ ကျနော်သည် စကားကို လေးလုံးကွဲအောင် မပြောတတ်သော်လည်း အီးကိုတော့ လေလုံးကွဲအောင် ပေါက်တတ်သူတဦး ဖြစ်နေသောကြောင့်ပင်တည်း။

ထိုနေ့အဖို့ သိပ္ပံဗဟုသုတနှင့်ပတ်သက်၍ သမီးကို အမှတ်ပြည့် ပေးလိုက်ပါသည်။

18 comments:

Kaung said...

continents စာလုံးက ဒီလိုထင်တယ်နော်

:P said...

ရင်အေးရတဲ့ သမီးကလေးပေါ့.....။

နေနှင့်အုံး...
နောက်မှ နောက်မှ.. ရေးပလိုက်မယ်......... ဟောတစ်ပုဒ် ဟောတစ်ပုဒ်.။။။။

မောင်ဝေး said...

သမီးရဲ့ဖေဖေကလေ တကမ္ဘာလုံးကို ကယ်တင်ဖို့ ဂရင်းအင်နာဂျီ ထုတ်လုပ်နိုင်အောင် ကြိုးစားနေတာ။ သိပ်ပြီး မျက်လုံးပြူးမသွားနဲ့အုံး၊ တကမ္ဘာလုံးအတွက် သူတယောက်ထဲ လုပ်ပေးမှာပြောတာ မဟုတ်ဘူး။ သူစမ်းသပ်တာ အောင်မြင်ရင် လူတိုင်းကို သင်တန်းပေးပြီး နည်းပွားပေးမှာလို့ ပြောတာ။ ဒါမဲ့ သမီးပြောသလို၊ သူ့နည်းက အသံသိပ်ကျယ်တော့ လူသိပ်ကြိုက်မှာမဟုတ်လို့ သိပ်တော့စွံမယ်လို့မထင်ပါဘူး။ ခုတော့ ဘေးကလူတွေ အားနာနာနဲ့ သည်းညည်းခံပေးရအုံးမှာပေါ့။

ကိုပေါ said...

Kaung..... Kaung ပြောတာမှန်ပါတယ်။ စာလုံးပေါင်းအမှန်ကို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပို့စ်ထဲမှာ ပြင်လိုက်ပါ့မယ်။

:P..... အဲဒီ ဟောတစ်ပုဒ် ဟောတစ်ပုဒ် လုပ်လိုက်မှာကို လန့်နေရတယ်။

မောင်ဝေး.... အခုလောလောဆယ်တော့ မဒမ်ပေါကလည်း အသက်အောင့်နည်း နိဿရည်း ကို ထုတ်ဝေဖို့ ပြင်နေပါသတဲ့။

Rita said...

ကိုပေါ တခြားအကြောင်း ဘယ်လောက်အရေးကောင်းကောင်း သမီးအကြောင်း ရေးတာလောက် မဆွဲဆောင်နိုင်ဘူး။
=D

T T Sweet said...

ဒီသမီးလေးကလဲ အဖေလိုပဲ ဟာသဥာဏ်အပြည့်ရှိတယ်နဲ့တူတယ်နော်။ အရယ်သန်တဲ့ မဒမ်ပေါတစ်ယောက် သွားထက်တွေရော ပါးချိုင့်တွေပါ ပေါ်အောင် ပြုံးရယ်နေမှာ မြင်ယောင်သွားပါတယ်။

ကိုပေါနဲ့ အိမ်ကလူနဲ့ တူတယ်ဗျ။ ညည တစ်ရေးနိုးချိန်ဆို အခန်းထဲမှာ အနံ့လေးတွေ ထုံသင်းနေလို့ နှာခေါင်းကို ခေါင်းအုံးနဲ့ အမြန်ပိတ်လိုက်ရတယ်။ လျပ်တပျက် တိုက်ချက်ပေါ့ဗျာ။

မေဓာဝီ said...

ကိုပေါသမီးက အတော်ရယ်ရတာပဲ။ အဖေကို နိုင်အောင်ပြောနိုင်တာ သူပဲ ရှိမယ်ထင်တယ်။ နည်းနည်းကြီးလာရင် ဘလော့တခုဖွင့်ပေးပြီး ကိုပေါကို နိုင်အောင်ပြောခိုင်းရမယ်။ ဟဲဟဲ :D

ရွှေရတုမှတ်တမ်း said...

မိသန်းက မလာအားလို့ မိသိန်း ကို အသံကျယ်ကျယ်နဲ့ ထွက်ခိုင်း ထင်ပါရဲ့...

Htun Win Min said...

Hi Ko Paw,

If I am not wrong, Pluto has been get rid as a planet. So, there won't be no longer 9 planets in our solar system.

ဂျစ်တူး ( မုံရွာ ) said...

ကြိုက်သဗျို့ -
ပျော်ရွှင်နေတဲ့မိသားစုကလေးကိုလည်းသဘော
ကျတယ်ဗျာ-

ကိုပေါ said...

Rita ... ကျနော့်ဓါတ်ပုံတွေ တင်ခဲ့တုန်းက ဒီထက်ပိုပြီး ဆွဲဆောင်မှုကောင်းမယ် ထင်ခဲ့တာ။ ဟီး.....း-)

တီတီဆွိ.... ဟာသဉာဏ်အပြည့်ရှိမရှိတော့မသိ။ အစ အနောက်သန်လွန်းလို့ ကျနော်တောင် လက်မြှောက်ထားရတယ်။

မေဓာဝီ... မလုပ်နဲ့ဗျိုး။ အရင်က တခါပြောဖူးတယ်။ မီးကို ဘလော့ဂ်စပေါ့တ်လေးတခု ဖွင့်ပေးပါတဲ့။ ဘလော့ဂ် ဘာလုပ်ဖို့လဲမေးတော့.... နင့်အဖေလေး မကောင်းကြောင်းတွေကို သူ့သူငယ်ချင်းတွေသိအောင် ရေးပြချင်လို့ပါတဲ့။ အဲသည်လို ကိုယ့်ကို ပြန်ခြောက်ချင်နေလို့ မနည်းသတိထားရတယ်ဗျိုး။

ရွှေရတုမှတ်တမ်း... မိသောင်းလာရင်တော့...“ဟင်... ဗမာလို မသောင်း... ကရင်လို နန်းပုံ.... ဟားဟားဟားဟား... နန်းပုံ” ဆိုပြီး ဗိုလ်အောင်ဒင်လို ရယ်လိုက်မယ်။

Htun Win Min... မှန်ပါ၏။ အဲသည်သတင်း ကျနော်လည်း ဖတ်လိုက်ရပါတယ်။ သို့သော်... ကျောင်းတွေမှာကအစ မပြောင်းလဲသေးဘူးလို့ ယူဆရတာပဲ။

ဂျစ်တူး.... မင်္ဂလာပါ ခင်မြောင်..... သဘောကျရင် ရိုက်ထားသမျှ ဓါတ်ပုံလေးတွေ ပို့ပေးပါ။း-)

Anonymous said...

ဒါမျိုးလေးတွေဖတ်ပြီ:ယောက်ကျားတောင်ယူချင်လာပြီ။ ဪ တလွဲမတွေးပါနဲ့ ချစ်စရာ သမီးလေးများရမလားလို့ပါ
ဒုက္ဓ ကိုပေါ သမီးကိုမေးတာတွေ ခရေဖြူ့လာမေးရင်အကုန်မေ့ကုန်ပြီ ဟီး

ခရေဖြူ

Anonymous said...

Never forget many families in Myanmar are not having this kind of happy family life.

Most of them are struggling daily and facing inferior status in overseas quite a number because of so called politicians' successful campaign on economic sanctions.

One day you'll definitely get it back...Karma

Naing said...

Because of Ko Paw or your Stupid Stubborn Senior Step-father?
Awaiting your answer. Don't run away.

ကိုပေါ said...

ခရေဖြူ.... အားပါးပါး ကျနော့်ပို့စ်ကို ခုတုံးမလုပ်ပါနဲ့ ခရေဖြူရယ်။ သမီးကလေး ရချင်ရင် ဖြတ်လမ်းနည်းနဲ့ ကလေးတယောက် မွေးစားလို့ရပါသဗျိုး။း-)

Anonymous.... ဒါဆိုရင် ပြည်သူကို သေနတ်နဲ့ပစ်သတ်တဲ့သူတွေ၊ သံဃာတွေကို တုတ်နဲ့ရိုက်နှက် သတ်ဖြတ်သူတွေ၊ အတိုက်အခံတွေကို နှိပ်စက်ညှင်းပန်း ထောင်ချသူတွေ ဆိုရင် ဘယ်လို ကံအကျိုးပေးများ ကြုံရမလဲ မသိဘူးနော်။ သားသားကြောက်ကြောက်။

Naing..... မပြေးပါဘူးတဲ့။ အစကတည်းက အမည်မဖော်ဘဲ ပုဆိုးခြုံပြီး လာရေးတာဆိုတော့ မေတ္တာခြုံတာထက်တောင် ပိုပြီးလုံခြုံပြီးသားတဲ့။း-)

Sonata Cantata said...

music box တွေခေတ်စားနေတာကို ချိုးနှိမ်ချင်လို့
ဂီတဆရာအချို့က စာအပြောင်စပ်ဖူးသေးတယ်။

“တဘူဘူ တဘင်ဘင် သံစုံသေတ္တာပါတဲ့ ဖင်
သူ့နှာခေါင်းကိုဝင်၊ ငါ့နှာခေါင်းကိုဝင်
နံလိုက်လေခြင်းရှင်၊ သံစုံသေတ္တာဖင်။” တဲ့။

ဒဂုန်ခင်ခင်လေးရဲ့ ရတနာပုံ၏နိဒါန်းနှင့်နိဂုံး (နှာ-၁၉၄)မှ အမှတ်တရကူးပေးလိုက်ပါတယ်။

Anonymous said...

If you are really good people as you said then go back to country and fight for it.

Alternatively,you can critize other countries in the world who are also engaged in the conflicts costing many lives.

But if you have nothing to do except aiming to get REFUGEE status for your kids future then keep quiet.

otherwise you have nothing to do.

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs