“လွဲချက်က နာ”

Share |

ဓါတ်ပုံကို ဒီက ယူပါတယ်။

ဧရာဝတီအွန်လိုင်းမဂ္ဂဇင်းမှာ တင်ထားတဲ့ ထက်ထက်မိုးဦး အင်တာဗျူးအောက်က ကွန်မင့်တွေကို လျှောက်ဖတ်ရင်း ကွန်မင့်တခုကိုတွေ့တော့ အသံထွက်အောင် ရယ်မိပါတယ်။ ထွန်းလှ ဆိုသူရဲ့ ကွန်မင့်မှာ…..

“များလိုက်တဲ့ ကွန်မင့်တွေ၊ ဒေါက်တာဇာနည်ကို ထက်ထက်တို့က ပျင်းတောင်ပျင်းသေးတယ်”…. တဲ့။

သူပြောလည်း ပြောစရာပါပဲ။ ကျနော် ညွှန်းထားတဲ့ ဒေါက်တာဇာနည်ရဲ့ ပို့စ်တွေမှာ သွားကြည့်ရင်တောင် ကွန်မင့်က ဆယ်ဂဏန်းပဲ ရှိတယ်။ မြန်မာတွေပဲ အင်္ဂလိပ်ဆောင်းပါးတွေကို သိပ်မဖတ်ဖြစ်လို့လား၊ ဒါမှမဟုတ် နိုင်ငံရေးကိုပဲ စိတ်မစားကြလို့လား။

ကျနော့်ဘလော့ဂ်မှာ ဆိုရင်လည်း “ထက်ထက်မိုးဦးနဲ့ သူတို့တတွေ” ပို့စ်ကို တင်လိုက်တဲ့အခါ လာရောက်ဖတ်ရှုသူအရေအတွက်ဟာ မကြုံစဖူး ထိုးတက်သွားပါတယ်။ ထက်ထက်အရောင်နဲ့ ပါးပြောင်သွားတဲ့ သဘောပေါ့။ နာမည်ကြီးမင်းသား၊ မင်းသမီးတွေနောက် မီဒီယာတွေ ဘာကြောင့် ကောက်ကောက်ပါအောင် လိုက်နေရသလဲဆိုတဲ့ အချက်ကိုလည်း ပိုပြီး နားလည်သဘောပေါက် သွားပါတော့တယ်။

အဲဒီပို့စ်မှာ စာဖတ်သူတွေရဲ့ မှတ်ချက်တွေကိုလည်း အတော်များများ ရလိုက်ပါတယ်။ အများစုကတော့ ထက်ထက်မိုးဦး လွန်တယ်၊ မလွန်ဘူး ဆိုတဲ့အချက်ကို အသားပေး ရေးကြတာကို တွေ့ရပါတယ်။ ဒါနဲ့ ကျနော်က မဒမ်ပေါကို ညည်းပြမိတယ်။ ဘလော့ဂ် လာဖတ်တဲ့လူတွေ ကျနော်ပေးချင်တဲ့ မက်ဆေ့ခ်ျကို မရဘူးထင်တယ်လို့။ ဒါပေမယ့် အဲဒီအပေါ်မှာ ပို့စ်တပုဒ် သီးသန့် ရေးချင်လောက်တဲ့အထိတော့ တွန်းအားဖြစ်မလာပါဘူး။

ဒီနေ့မနက်တော့ ညီလင်းဆက်ဘလော့ဂ်က “ထက်ထက်မိုးဦး တကယ်ပဲ မလွန်ဘူးလား” ပို့စ်ကို သွားဖတ်ဖြစ်တယ်။ ထုံးစံအတိုင်း သူရေးထားတာလေးတွေကို ဖတ်ရင်းနဲ့ သဘောကျနေတုန်း ပို့စ်တဝက်လောက်ရောက်တော့… “ကိုပေါတို့လို အမာခံ ပရိသတ်တွေကလည်း ဒါကို အပြည့်အဝ ထောက်ခံကြပြန်တယ်”…. ဆိုတာတွေ့လိုက်ရတဲ့အခါ ညက အိပ်ရေးမဝလို့ မှေးစင်းနေတဲ့ မျက်လုံးနှစ်လုံးဟာ လင်းကွင်းလောက် ပြူးထွက်လာပါတယ်။ ပါးစပ်ကလည်း “ဟဲ့၊ ပလုပ်တုတ်” လို့ အာမေဋိတ်သံ ထွက်သွားပါတော့တယ်။

ကျနော်ရေးတဲ့ပို့စ်ကို အသေအချာ ဖတ်ကြည့်မယ်ဆိုရင် ထက်ထက်မိုးဦးရဲ့ ပါးရိုက်တဲ့လုပ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာထက် အဲဒီဖြစ်ရပ်ကြောင့် ထက်ထက်မိုးဦး နာမည်ကျသွားနိုင်တယ်လို့ ပြောနေကြသူတွေရဲ့ ထင်မြင်ချက်ဟာ မဖြစ်နိုင်ဘူးဆိုတာကို ဥပမာအချို့နဲ့ ပထမဦးဆုံး သက်သေပြတယ်။ ဒုတိယအနေနဲ့ လူတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာ ခြောက်ပစ်ကင်းသဲလဲစင် မဟုတ်ပေမယ့် သူတို့နဲ့ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်းမှု၊ ကျင်လည်ရာ ပညာရပ်နယ်ပယ်တွေမှာ အကောင်းဆုံးလူတွေအဖြစ်၊ ကျော်ကြားတဲ့လူတွေအဖြစ် ဆက်လက်ရပ်တည်နေနိုင်တယ် ဆိုတဲ့ အချက်ကို ဦးတည် ရေးထားခြင်း ဖြစ်ပါတယ်။ ဒီအချက်တွေ မှန်ကန်ကြောင်းကိုလည်း ထက်ထက်မိုးဦးကို ဆက်လက် အားပေးနေတဲ့ ပရိသတ်ရဲ့ မှတ်ချက်တွေနဲ့ ညီလင်းဆက်ရဲ့ စစ်တမ်းအရ ကြည့်ရင်ပဲ ထင်ထင်ရှားရှား သိသာနိုင်ပါတယ်။

အရင်ပို့စ်ထဲမှာ အဲဒီလို ကိုယ်ထိလက်ရောက် (စိတ်လိုက်မာန်ပါ) လုပ်ရပ်ကို ကျူးလွန်ခဲ့ဖူးသော်လည်း ဆက်လက်ကျော်ကြား အောင်မြင်နေခဲ့သူတွေထဲက ဥပမာအနေနဲ့ မာရာဒိုနာနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဥပမာပေးထားပါတယ်။ ဒါပေမယ့် ဒီလို ဥပမာပေးတဲ့အတွက် သူတို့ရဲ့ လုပ်ရပ်ကို ကျနော်က ထောက်ခံရေးသားရာရောက်တယ်လို့ မမြင်စေချင်တဲ့အလျောက်….. “ ဒီလိုရေးပြလို့ ထက်ထက်မိုးဦးတို့ မာရာဒိုနာတို့၊ ကိုအောင်ဆန်းတို့ရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်ပုံကို မှန်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူး” လို့ ကျနော့်သဘောထားကို ရှင်းရှင်းလင်းလင်း ထည့်သွင်းရေးသားထားပါသေးတယ်။ ဒီကြားထဲကမှ ဒီပို့စ်ဟာ ထက်ထက်မိုးဦးမလွန်ပါ ဆိုတဲ့အဆိုကို အပြည့်အဝထောက်ခံတယ်လို့ အဓိပ္ပါယ်ကောက်လွဲတာဟာ စာဖတ်သျှမ်းတာကြောင့်လား၊ ဒါမှမဟုတ် ကျနော်ကပဲ ရှင်းလင်းအောင်မရေးနိုင်တာလား ဝေခွဲမရအောင် ဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် လွဲချက်က နာတာကြောင့် “မေ... ဘယ်သူ့ကိုမှ အပြစ်လဲ မတင်ချင်ပေ...အေ့...အေ” လို့သာ ငြီးတွားချင်ပါတော့တယ်။

တကယ်တော့ ကျနော်ဟာ ကျနော်တို့ မနှစ်မြို့သူ စစ်အစိုးရဝန်ကြီးချုပ်သိန်းစိန်ကို မိုးသီးဇွန်တို့ ဖိနပ်နဲ့ ပစ်တဲ့လုပ်ရပ်ကိုတောင် ရှုတ်ချခဲ့သူဖြစ်ပါတယ်။ အလားတူပဲ လူထုအကြားမှာ ဗုံးဖောက်ခွဲတဲ့ အကြမ်းဖက်မှုတွေကို အစဉ်တစိုက် ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။

ထက်ထက်မိုးဦးရဲ့ ကိုယ်ထိလက်ရောက် တုန့်ပြန်မှုမှာလည်း မှန်ကန်တယ်လို့ မမြင်ပါဘူး။ အဲဒီအပြုအမူကို ထောက်ခံစရာ အကြောင်းမရှိပါဘူး။ ကုန်ကုန်ပြောရရင် အဲဒီလို ကိုယ်ထိလက်ရောက် တုန့်ပြန်တာမျိုးဆို ဗိုလ်ချုပ်အောင်ဆန်းလို လူမျိုးက (ကျောင်းသားကို ဆွဲထိုးဖို့ ) ကြိုးစားခဲ့တာတောင် မထောက်ခံသူပါ။ ဒါကြောင့် အဲဒီပို့စ်မှာ ဗိုလ်ချုပ်အောင်ဆန်းဥပမာကို တမင်ထည့်သွင်းရေးသားခဲ့တာပါ။

ဒါပေမယ့် အဲဒီလုပ်ရပ်ကို မထောက်ခံတာဘဲရှိပါတယ်။ ကျနော့်ပို့စ်မှာ ရေးခဲ့သလိုပဲ အဲဒီလုပ်ရပ်တခုတည်းက ထက်ထက်မိုးဦးအနုပညာကို အရိပ်မထိုးပါဘူး။ ထက်ထက်မိုးဦးရဲ့ ပရိသတ်အဖြစ် ဆက်လက်အားပေးနေဦးမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ထက်ထက်မိုးဦးရဲ့ အနုပညာနဲ့ ကိုယ်ပိုင်ဘဝကို ကျနော်က စည်းခြားထားလို့ပါပဲ။

အောက်ဆုံးမှာ စာကြွင်းအဖြစ် ထည့်လိုက်တဲ့ လစာနဲ့ပတ်သက်တဲ့ မှတ်ချက်ကတော့ အရေးသိပ်မပါလှတဲ့ ကိစ္စမှာ သည်းသည်းလှုပ် နာနေကြတဲ့ မီဒီယာသမားတွေကို ကလိချင်တဲ့အတွက် သက်သက် အချပ်ပို ထည့်လိုက်တာပါ။

ပြဿနာတခုမှာ လူတွေရဲ့ တုန့်ပြန်တတ်ပုံ အမျိုးမျိုးနဲ့ ကျနော့်အမြင်ကို နောက်ပိုင်းမှာ သီးသန့်ပို့စ်တခုအနေနဲ့ ရေးရန် စိတ်ကူးမိပါတယ်။

27 comments:

Rita said...

ဖိနပ်နဲ့ ပစ်တဲ့ ကိစ္စဆိုလို့...
အဲဒီ သတင်းကြားကြားချင်းမှာ အတော် ကျေနပ်အားရတယ် ဆိုတာ ကိုပေါ post မှာပဲ တခါလာရေးခဲ့ဖူးပါတယ်။

ဒါပေမဲ့ သေချာ မရှင်းခဲ့ရဘူး။
ကြားကြားချင်း စိတ်ထဲမှာ အတော်သဘောကျသွားတာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒါကို ဘယ်သူလုပ်မှန်း မသိဘူး။ ဒီလိုပဲ အဲဒီကို အလုပ်လုပ်ရင်း ပညာသင်ရင်းရောက်ပြီး၊ နောက် နိုင်ငံသားခံထားတဲ့သူ တယောက်ယောက်က လုပ်တယ်လို့ပဲ ထင်ခဲ့မိတာ။ (အဲဒီ အတွေးအခေါ် အတော်တုံးမှန်း ခုမှ သိတယ်) လောလောဆယ်ရောက်နေတဲ့ စင်ကာပူပဲ စိတ်ထဲစွဲနေတာကိုး။

နောက်မှ ဘယ်သူဆိုတာကို သိတယ်။

ကျော်ထင် said...

ကိုပေါပါ ထက်ထက် fever ၀င်သွားပြီမှတ်နေတာဗျ။ အတော်တော့ စိတ်ဝင်စားစရာပဲဗျ။ ကိုယ့်ဘ၀လက်ရှိအခြေအနေရော၊ အနာဂါတ်ရှေ့ရေးအတွက်ပါ အရေးပါမယ့် ကိစ္စတွေမှာ လူတွေသိပ်စိတ်မ၀င်စားကြသလောက် ဆယ်လီဘရစ်တီ ကိစ္စတော့ လူတိုင်းကို စိတ်ဝင်စားကြတယ်ထင်သဗျ။ ကျုပ်တောင် ဒီလိုသတင်းမျိုး ငါစိတ်ဝင်စားစရာလားလို့ ခပ်တင်းတင်း နေပေမယ့် ကိုပေါနဲ့အခြား လူသိများတဲ့ဘလော့တွေမှာ တင်ကြတဲ့ ပို့စ်တွေမှာ ဘယ်သူတွေ ဘာတွေများပြောနေကြသလဲ ဆိုပြီး လာလာချောင်းရတာ အမောပဲ။ vote လဲ ဒါမျိုးကိစ္စပေးစရာလား တွေးပေမယ့် ဘယ်ဖက်ကို ဘယ်လောက်ထောက်ခံကြသလဲ ဆိုတာလဲ ကြည့်မိသေးတယ်။ နောက်ပြီး ပို့စ်က ပေးတဲ့ မက်ဆေ့ကို အဲဒီအတိုင်းရတာ အတော်နည်းတယ်ဗျ။ ပိုဆိုးတာ ကွန်မန့်တွေထဲမှာ ထင်ရာမြင်ရာတွေပြောဆို ငြင်းခုန်ကြရင်း လွဲသထက် ပိုလွဲကုန်တော့တာပဲ။ ဒါသင်ခန်းစာပဲဗျို့။ နောင်ကို ကလိချင်ရင် သတ်သတ်မှတ်မှတ်ကလိဗျ။ မဟုတ်ရင် အမြဲလွဲချက်ကနာနေလိမ့်မယ်။

ဖိုးတုတ် said...

ဖိနပ်နဲ. ပစ်တဲ့ ကိစ္စထက် နယူးယောက်မြို. က အမျိုးသမီးတွေက သူတို.မှာရှိတဲ့ အရာနဲ. နှိုင်းပြီးဆဲတာ ပိုဆိုးပါတယ်၊ သိပ်ဆိုးနေလို. ဒီိမှာ မဖော်ပြတော့ပါဘူး၊ မိုးသီးဇွန် ကလဲ သူ. blog မှာ တင်ပေးပါတယ်၊ ကျွန်တော်က နအဖ လူမဟုတ်ပါဘူး ၊ ဒီမိုဘက်ကလည်း မဟုတ်ပါ ၊ မှန်တယ်ထင်ရင်ပြောတယ်၊ နအဖ မကောင်းရင် မကောင်းဘူးပြောတယ်၊ ကောင်းရင်ကောင်းတယ် ပြောတယ်၊ (ကောင်းတာတော့ သိပ်မရှိပါ)၊ အဲဒီ အမျိုးသမီးတွေ အော်ဟစ်ဆဲနေတုန်း နယူးယောက်မြို.သား၊ သူ (သို.မဟုတ်) နယူးယောက်မြို. မှာရောက်နေတဲ့ tourist
တစ်ယောက်က ဘာတွေပြောပြီး ဆန္ဒပြနေတာလဲ ဘာသာပြန်ပေးပါ ဆိုလို. ဆဲတာကို အတိအကျ ဘာသာပြန် ပေးလိုက်လို. ကတော့ ဗမာဟာ ကမ္ဘာ မှာ အရိုင်းဆုံးလို. သတ်မှတ်ခံရမှာ ဖြစ်ပါတယ် ၊ ဆန္ဒပြတာနဲ. တစ်ဆက်တည်း ပြောချင်တာ က ဘန်ကောက်မြို.က မြန်မာတွေ ဟာ သံရုံးမှာဆန္ဒပြတာ မြန်မာအလံကို မီးရှို.ကြပါတယ်၊ ဒီအလံဟာ မဆလ လက်ထက်မှာ ပြောင်းခဲ့ပြီး နအဖ က ဆက်သုံးနေတာပါ၊ အလံက နိုင်ငံနဲ. လူမျိုးကို ကိုယ်စားပြုပါတယ်၊ ပါလက်စတိုင်းတွေ က ဆန္ဒပြရင် အစ္စရေး နဲ. ကျောက်ထောက်နောက်ခံပြုနေတဲ့ အမေရိကန် ရဲ. အလံကို မီးရှိုကြပါတယ်၊ ထိုင်းမှာ အ၀ါရောင်၊ အနီရောင် ဘဲဖြစ်ဖြစ် ဆန္ဒပြရင် သူတို.ရဲ. အလံကိုထောင်ပါတယ်၊ အစိုးရကို စိတ်ဆိုးတာ နဲ. အလံကို မီးမရှို.ကြပါဖူး၊ တခြားနိုင်ငံတွေ မှာ ပြည်သူတွေ ဆန္ဒပြရင်းလဲ သူတို.ရဲ. အလံတွေကို ထောင်ပါတယ်၊ ကိုယ်ပိုင်အလံကို မီးရှိ.တာ မြန်မာနိုင်ငံသား တစ်မျိုးပဲ ရှိပါတယ်၊ အဲဒီ အလံမီးရှို.တဲ့ သတင်းကို CNN နဲ. အခြားသတင်းဌာနတွေ မှာ ဖော်ပြတာ စိတ်ပျက်စရာ၊ ရှက်စရာ အလွန် ကောင်းပါတယ်၊ အဲဒီလို mindset တွေ ရှိနေသေးသရွေ. မြန်မာနိင်ငံ ဟာ ဒီမိုကရေစီ နဲ. အလှမ်းဝေးနေဦးမှာပါ ၊

Crystal said...

လွဲလွဲလေးပဲ ကောင်းပါတယ်။

စိတ်ပျက်သူ said...

ဟုတ်တယ် နိုငံရေးကို လုံးဝစိတ်မ၀င်စားလို့ပဲ
အများစု နိုင်ငံရေးသမားတွေဟာ လိမ်နေကြတယ်လို့ခံစားရလို့ပဲ
ဒါကြောင့် ပြည်သူအများစုဟာ နိုင်ငံမှာ ဘာပါတီပဲတက်တက် မိမိစီးပွါးရေးကိုပဲ စိတ်ဝင်စားကြမှာပဲ။ ဘယ်သူမှမယုံရတာကို လက်တွေ့သိရှိနားလည်နေလို့ နိုင်ငံရေးကို ဘယ်သူမှစိတ်မ၀င်စားကြတာကို နိုင်ငံရေးလုပ်နေသူတိုင်း နားလည်ပေးရင် သိပ်ကောင်းမှာပဲ။ ဒီလိုရေးလို့ နိုင်ငံရေးသမားတွေက ကလောဆဲဦးမှာကိုလဲ ကြိုသိပါတယ်။

Anonymous said...

ပရိတ်သတ်တွေက ထက်ထက်ရဲ့ အနုပညာ နဲ့  သူမရဲ့  ကိုယ်ရေးကိုယ်တာ ကို ခွဲခြား မြင်နေလို့  သူမရဲ့  ခံစားချက်ကို နားလည်ပေးနေတုန်းပဲ။ သားဆုံးတဲ့  မိခင်တစ်ယောင်အနေနဲ့  မေးလာတဲ့ မေးခွန်းအပေါ် အတော် ခံစားရ မှာပါ။ စာနယ်ဇင်းသမားတွေ လဲ ဆင် ဆင်ချင်ချင်မေးသင့် တယ်လို့  ထင်ပါတယ်။ နှစ်ဖက်စလုံး အတိုင်းအတာတစ်ခုလွန်သွားတော့  ဒီလိုဖြစ်ကုန်တယ်လို့ မြင်ပါတယ်။

NLS said...

ဟားဟား ကိုပော ရေးထားတာ ကျွန်တှော သိတယ်။ တမင်ကို ထည့်လိုက်တာ အဲလို Intentionally !! ဟိ :D

ဖိုးတုတ် said...

ကိုပေါ က ထက်ထက်မိုးဦး ရဲ. အနပညာ ကို သိပ်အမွန်းတင်နေလို. ဘယ်ရုပ်ရှင်၊ ဗွီဒီယို ကား ကောင်းတယ်ဆိုတာ ညွှန်း ပေးစေချင်ပါတယ်၊ ကျွန်တော် သူ.ဇတ်ကား တွေ ကို ကြည့်ဖူးမယ်ထင်ပေမဲ့ မမှတ်မိတော့ပါ၊ ကျွန်တော် ရန်ကုန်ပြန်ရောက်တော့ သတိထားမိတာ ကတော့ သူရဲ. ကြေငြာတွေ TV မှာ ခဏခဏ တွေ.ရခြင်းပဲ ဖြစ်ပါတယ်၊ သူ.ရဲ. သတင်းထောက် လစာကို ဝေဖန်တာက မာန်မာန တော်တော်မောက်မာ တယ်ဆိုတာ ကိုပြသနေပါတယ်၊ လောက မှာ အာဏာ၊ ချမ်းသာခြင်း၊ ရုပ်ရည် ဘာမှ မမြဲပါဘူး၊ မင်းသား၊ မင်းသမီး ဆိုတာလည်း ရုပ်ရည် ကို အမှီပြုပြီး လုပ်ကိုင်စားရတာပါ၊ လူဆိုတာ တနေ.ထက် တနေ. ပိုပြီး အိုလာတာပါ၊ နုပျိုသွားတယ်ဆိုတာ မရှိပါဘူး ၊ ခုကိစ္စ က ထင်ရှားအောင်မြင်နေတဲ့ မင်းသမီး တစ်ယောက်က သတင်းထောက် ကို ဆံပင်ဆွဲ၊ လည်ပင်းညစ် တယ်ဆိုတာ ကတော့ သူ.ဘ၀မှာ ဖျက်လို.မရတဲ့ အမဲစက်ကြီးပါပဲ၊ ကျွန်တော် သူ.အကြောင်းကို တကယ် သေသေချာချာ အတွင်းကျကျ မသိပါဘူး၊ သူတင်မဟုတ်၊ တစ်ခြား မင်းသား၊မင်းသမီး အကြောင်းတွေ ကို လဲ စိတ်မ၀င်စား ၊မသိပါ ၊ သိလဲမသိချင်ပါ၊ မြန်မာပြည်နှင့် ကမ္ဘာ တစ်ဝန်းမှာ ရှိတဲ့ မြန်မာ တော်တော်များများ ကလည်း ကျွန်တော်လိုဘဲ ဘယ်သူမှ အတွင်းကျကျ သိမယ် မထင်ပါဘူး၊ သတင်းထောက် နှင့် ပြဿနာ ပေါ်လာမှ သူအကြောင်း ကို လူတွေက ခရေစင် တွင်းကျ ရေးတော့တာပါဘဲ ၊ (ထိုင်နေကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုတာမျိုးဖြစ်နေပါတယ်) ၊ အာဇာနည် ဘလော့မှာ ထက်ထက်မိုးဦး ကို ခြင်ထောင်ဆိုပြီး ရေးထားတာ တော်တော် ဆိုးပါတယ်၊ (အဲဒီလောက်တော့ မရေးသင့်ဖူးထင်ပါတယ်) ၊ တကယ်တော့ သူ အဲဒီအချိန်မှာ ကြိတ်မှိတ်ပြီး စိတ်ချုပ် တီးလိုက်ရင် ပြီးသွားမဲ့ ကိစ္စပါဘဲ၊ မာန်မာန နှင့် ဒေါသ ပေါင်းလိုက်တော့ ပိုဆိုးသွားတာ ပေါ့၊ ကျွန်တော့်အမြင်အရတော့ တောင်းပန်ပြီး နစ်နာကြေး (ဆေးကုသစရိတ်)၊ ပေးလိုက်တာ အကောင်းဆုံးပါပဲ၊ တရားရုံး မှာ ရင်ဆိုင်ရင်လည်း ရှေ.နေခ ရယ် တရားသူကြီး ကို လာဘ် ထိုးရတဲ့ ၀န်တွေလည်းပိုလာမယ် ထင်ပါတယ်၊ မြန်မာနိုင်ငံ ရဲ. တရားစီရင်ရေး ကလဲ သိတဲ့ အတိုင်းဘဲ ၊ ငွေများတဲ့သူ၊ အာဏာရှိတဲ့ သူတွေ နိုင်နေတာ လူတိုင်းသိပါတယ်၊ လူဆိုတာ မှားရင် မှားတယ်လို. ၀န်ခံလိုက်တာ အကောင်းဆုံးပဲ၊ ဘယ်နေရာမှာမဆို မှားမှားနဲ. မှန်တယ်လို. ဖင်ပိတ်ပြီးငြင်းခုံနေတာ က အခြေအနေကို ပိုပြီး ဆိုးစေပါတယ် ၊ အရင်ပို.စ်က ကျွန်တော်ကွန်.မန်. ကို စိတ်ရှည်လက်ရှည် နှင့် ရှင်းပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ခင်ဗျား ရဲ. ကွန်.မန်.ရယ် ၊ ထက်ထက်မိုးဦး ပြဿနာရယ်၊ တစ်ခြား ဆောင်းပါးရေး နေတဲ့ blogger တွေ ကို စဉ်းစားမိတော့ ကျွန်တော် အမြင်တစ်ခု ပေါ်လာပါတယ်၊ အဲဒါကတော့ အမျိုးသား blogger တွေ ဟာ စိတ်ရှည် ၊ နူးညံပြီး အမျိုးသမီး blogger တစ်ချို.ဟာ စိတ်တိုတတ်၊ ဒေါသကြီး တတ်တယ် ဆိုပါဘဲ၊ blogger အားလုံး ဒေါသ ကင်းဝေးကြပါစေ၊

ကိုပေါ said...

kokosan,

ကျနော်လည်း ကြော်ငြာပဲ ကြည့်ဖူးတာပါဗျာ...အဟီး။ ဗီဒီယိုကြည့်ဖူးတယ်ဆိုရင်လည်း ဘာကားလဲဆိုတာ အခု စဉ်းစားလို့တောင် မထွက်ပါဘူး။

ကျနော်တို့ခေတ်က “နဂါးညီနောင် ယိုစုံ” မှာ ထက်ထက်မိုးဦး ခိုးခိုးခစ်ခစ် ရယ်လိုက်တာတို့၊ “ရွှေမှာဆို...အိုကေ”တို့၊ “ပန်ပန် ပန်ပန့်ပန်.... ရွှေစင် အနုအရွအလှတို့စုံလင်... ” တို့ စတဲ့ ကြော်ငြာလေးတွေနဲ့ ထက်ထက်မိုးဦး ပရိတ်သတ်ဖြစ်သွားတာပါ။း-)

Rita said...

ကိုပေါ ကွန်မန့် အရီရဆုံးပဲ :D

ကျွန်မ ထက်ထက်မိုးဦး မကြိုက်ပါဘူး။
ဒီကိစ္စမှာလဲ ဦးနှောက်နဲ့ တွေးတော့ ဘယ်လိုတွေးတွေး သူ့ကိုမှားတယ်ပဲ မြင်တယ်။ (နှစ်ယောက်လုံးမှားတယ်လို့ မြင်တာပါ)

ဒါပေမဲ့ အရင်ကရှိတဲ့ မကြိုက်တဲ့စိတ်တောင် နည်းနည်း ပျောက်သွားသလိုရှိတယ်။ မှားတယ်လို့ ဆုံးဖြတ်မိတာ တခြား၊ သူ့စိတ်ခံစားမှုကို နားလည်လို့ ရလိုက်တာက တခြား။ အဲဒါကြောင့် ညလဆဆီမှာ vote ကို မထည့်လိုက်ဘူး။

Anonymous said...

ထက်ထက်မိုးဦးက အရွယ်ရောက်နေတဲ့ မိန်းကလေးမို့ အိမ်ထောင်ပြုတာ ပြုခွင့်ရှိပါတယ်။ အိမ်ထောင်ရေး ကံမကောင်းလို့ အိမ်ထောင်ပြိုကွဲရတာတော့ သူ့ကံပဲ။ ဘုရားလက်ထက်ကတောင် အိမ်ထောင်ပြုတိုင်း ပြိုကွဲလို့ ရဟန်းပြု၊ နောက် ရဟန္တာမ ဖြစ်သွားတဲ့ ထေရီမကြီး ရှိတာပဲ။
အိမ်ထောင်တစ်ဆက်ထက် ပိုမပြုရလို့ ဥပဒေ ထုတ်ထားတာမှ မရှိတာ။ ဆရာကြီး ဦးစိန်ဝင်းလဲ ရဟန်းမဝတ်ဘဲ အိမ်ထောင်သည်ဘဝမှာ နေတာပဲ။ ထက်ထက်မိုးဦးကို အိမ်ထောင်တစ်ဆက်ထက် ပိုပြုလို့ ဒီလို မေးတဲ့ သတင်းထောက်ရော၊ ဝေဖန်တဲ့ ဆရာတွေရော အိမ်ထောင်မပြုတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေဆို သည်းခံလို့ ရပါတယ်။ (ရဟန္တာကလဲ ဒီလိုအကျိုးမဲ့စကားမျိုး ပြောပါမေးပါဆိုတောင် လုံးဝ ပြောမှာမဟုတ်)။ ကိုယ်တော့ ရဟန်းမဝတ် သီလရှင် မဝတ်နိုင်ဘဲ သူများ အိမ်ထောင်ပြုတာ ဒီလိုပြဿနာရှာတာတော့ မကောင်းဘူး။

အဝေဖန်မခံချင်ရင် သန့်ရှင်းစင်ကြယ်အောင် နေကြဆိုတော့ ပြောသူတွေလဲ အရင်ဆုံး စံပြအဖြစ် သန့်ရှင်းစင်ကြယ်အောင် နေပြသင့်ပါတယ်။ သူများကို မေးချင်ရင် ကိုယ်က အရင် သန့်ရှင်းသင့်တာဆိုတော့။

Anonymous said...

သူမို့ ပါးရိုက်ရုံ ရိုက်တာ၊ ငါ့သာ လာမေးရင် ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ် ပြောတဲံသူ ပြောတယ်။ အစက ထက်ထက်မိုးဦး ကြားဖူးရုံ ကြားဖူးတဲ့ သူတွေတောင် သူ့ဘက်သား ဖြစ်ကုန်ပြီ။

ကျွန်တော် မြန်မာရုပ်ရှင်ကြည့်ခဲတော့ သူ့ကား မကြည့်ဖူးဘူး။ ဒါပေမယ့် သူ့မျက်နှာ ကလေးဆန်ပြီး အပြစ်ကင်းတာ၊ မာနရုပ် မပေါက်တာ သတိထားမိတယ်။ ဒါ ဟန်ဆောင်လို့ မရဘူး။ သဘာဝ အတွင်းခံစိတ်ဓာတ်က မျက်နှာပေါ် ဟပ်လာမှ ဒီရုပ်မျိုး ပိုင်တာ။ သူ့ထက်လှတဲ့ မင်းသမီးတွေ အများကြီး ရှိမှာပဲ။ ဒီလို စင်ကြယ်တဲ့ရုပ်က ဘဝပေးနဲ့ပဲ ဆိုင်တယ်။ ဒီကလေးမကိုမှ မေးတဲ့သူကလဲ မညှာမတာ မေးရက်တယ်။ ခပ်စွာစွာပုံ ပေါက်နေရင် မေးရဲမှာ မဟုတ်ဘူး။
်ကျွန်တော်မြင်တာတော့ မစွာတတ်တော့ ခံမယ့်သူထင်ပြီး သွားလုပ်တာ ဟိုက မခံတဲ့အခေါက်နဲ့ သွားတိုးတာဖြစ်မယ်။ ရန်လိုလေ့ မရှိတဲ့သူတွေ ဒေါသထွက်ရင် ပိုဆိုးတယ်ဗျ။ ပါးရိုက်မိတဲ့အထိ ဖြစ်သွားတာ နားလည်ပေးလို့ရတယ်။ ယောက်ျားတွေလဲ ရန်တစ်ခါမှ မဖြစ်ဖူးတဲ့ လူအေးတွေ သည်းမခံနိုင်တော့လို့ ထိုးမိကြိတ်မိရင် သူများထက် ဆိုးသလိုပေါ့။

မေးတဲ့သူကလဲ ယောက်ျားတစ်ယောက်ကို သွားမေးရင် သူခံရမယ်ဆိုတာ သိမှာပဲ။ အစ်ကို အိမ်ထောင်ပြုများတာ လူတွေ ဝေဖန်နေကြတာ ဘယ်လိုမြင်လဲလို့ ခု ထက်ထက်မိုးဦးကို မေးသလို သွားမေးကြည့်။ နင့်ပါယူမယ် ပြောထည့်မှာပေါ့။

ခရေဖြူ said...

ထက်ထက်က ကြော်ငြာတွေမှာ အတော်ချစ်စရာကောင်းတာပါ၊ သူ့လောက် ၁ယောက်ထဲကြော်ငြာအများကြီးရိုက်ရတဲ့ စံချိန်ကို ဘယ်သူမှ ခုထိချိုးနိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ သရုပ်ဆောင်တော့မကောင်းပါဘူး၊ သူအကယ်ဒမီရတဲ့ကားတွေကို ဒီရောက်နေလို့ မကြည့်ဖြစ်တော့ပေမယ့် ကြည့်ဖြစ်တဲ့ကားတွေမှာ တော်ရုံတန်ရုံအသစ်တယောက်လိုပါပဲ ဘာမှ ပြောင်မြောက်စွာ သရုပ်ဆောင်ထားတာ မတွေ့မိဘူး။ နောက်သူ့ဘဝ။ ရုပ်ရှင်မင်းသားမင်းသမီးတွေကို အရမ်းကြိုက်အရမ်းစိတ်ဝင်စားသူ မဟုတ်ပေမယ့် သူတို့ရဲ့ ဗျူးတွေကို စိတ်ဝင်စားပါတယ် သူ့တို့ရဲ့ ဖြေနည်းဖြေဟန် ကိုကြည့်ပီး ဒီမင်းသားက ဘယ်လောက်ပြောတတ်ဆိုတတ်တယ် ဒီမင်းသမီးက ဘယ်လောက်တိမ်တယ် ဆိုတာ ခန့်မှန်းပါတယ်။ ဒါပေမယ့် ကိုပေါပြောထားသလိုပဲ သူတို့ဘယ်လို ဗျူးမှာဖြေဖြေ ဇါတ်ကားကောင်းရင် သရုပ်ဆောင်ကောင်းရင် ကြည့်တာပါပဲ။ သပ်၂စီပါ၊ ကြုံလို့ပြောရရင် - ဟိုးလွန်လေပီးသောအခါက မဂဇင်းအဟောင်းတအုပ်ကို ဖတ်မိတဲ့ ဗျူးမှာ မင်းသမီးနွဲ့၂မူကို အားလပ်ချိန်တွေကို ဘယ်လိုဝါသနာနဲ့ အသုံးချပါသလဲ ဆိုတော့ - အိပ်ပါတယ်တဲ့ (ရယ်လိုက်ရတာ အမေဆို ကျမကိုအမြဲစ ပါတယ်)။ တခါဒွေးရဲ့ ဗျူးတခုမှာ YIT ပီးပီး ဘာလို့မင်းသားလုပ်လာလဲ ဆိုတဲ့မေးခွန်းကို "ကျနော်က မနက်ထမင်းဗူးလေးနဲ့ သုတ်၂သွား၊ ညနေသုတ်၂ပြန် မလုပ်တတ်ဘူး" ဆိုတာဖတ်မိတော့ "အမ် မှားပါတယ်" ဆိုပီးဖြစ်မိပါတယ်။ တခါ ခိုင်ခင်ဦးက အပျိုကြီးပဲလုပ်တော့မယ်လို့ ဗျူးမှာပါပီး နောက်လလဲကျရော မင်ဂလာဆောင်တော့ "ဪ သူ မရသေးလို့အပြောစောသွားတယ်" လို့ရယ်ရပြန်ရော။ တခါ မော်ဒယ်လေးတယောက် (နံမယ် မမှတ်မိတော့ဘူး) ဗျူးမှာ သူမက ထက်ထက်ရဲ့ ညီမအရင်းပါလို့ဖြေထားတယ်၊ အမေနဲ့ ကြော်ငြာရိုက်ဖို့ နယ်ကလာပါတယ် ရန်ကုန်မှာ အိမ်ငြားနေပါတယ်တဲ့ (အဲဒီအချိန်မှာ ထက်ထက်က မင်းဦးနဲ့ပါ) ဒါကိုကြည့်ချင်းအားဖြင့်ထက်ထက်ဟာ မိသားစုနွေးထွေးမှူ မရှိပါဘူး (စိုးမြတ်သူဇာတို့ဆို ဘာပဲဖြစ်နေနေ ညီအမချင်းလက်တွဲခေါ်တယ်)။ ဦးဝင်းဦးကောင်းစားစဉ်က သူ့အဖေက ဂျပန်ဖိနပ်ကို ချိပ်နဲ့တွယ်စီးနေရတယ် (လုံးဝ ပြန်မထောက်ဖူး) လို့ကြားဖူးပါတယ်။ ဒီတော့လင်တွေတယောက်ပီး တယောက်ယူ၊ သူတို့အတွက်အကုန်ခံ (မင်းဦးညီမတွေက စိန်တွေ ထက်၂ဆီက ငြားဝတ်ပီး အတုတွေနဲ့လဲ ပြန်ပေးလို့ အကုန်ဆုံးလို့ ကောလဟာသရပ်ကွက်က ကြားမိတာပဲ)၊ မိသားစုဆိုတာ ဘယ်မာမှန်းတောင်မသိ (သူများ မင်းသမီးတွေလို အမေက ဘယ်လို အဖေကဘယ်လို လုံးဝ မကြားရ) လို့များ စိတ်ခံစားမှူတွေပိုများနေသလားစဉ်းစားသွားကြောင်းပါ။။။။.
ကိုကိုစံ - "အမျိုးသမီး blogger တစ်ချို.ဟာ စိတ်တိုတတ်၊ ဒေါသကြီး တတ်တယ် ဆိုပါဘဲ" ==> ဟုတ်တယ်၊ ရီတာလေးက ထိပ်ဆုံးက (ဟိ)

ခရေဖြူ

Anonymous said...

ကောက်ရွေးပွဲ ကိစ္စတွေ၊ ရေရှား၊ရေကြီး ၊မီးလောင် တာတွေကြား မင်းသမီး နဲ့  သတင်းထောက် လေး နှစ်ယောက်ကြား ဘာမှ အရေးမပါတာတွေ တင်ကြ၊ကွန်မင့်တွေ ၀င်ရေးကြ အားအားယားယားတွေ အားလုံး ကို ကျေးဇူးတင်ပါတယ်။

သံလျင် ရင်ခွဲရုံ က သတင်းမျိုးတွေ နဲ့  ပျော်ရွှင် နိုင်ကြပါစေသော်ဝ်။

မောင်မောင်ရှင်း။ said...

သြော်။ သြော်။
တတိုင်းတပြည်လုံး ခံစားနေရတဲ့ ဆင်း၇ဲမွဲတေမှု ကို ပေလာယျကံ ပြုပီး ရုပ်ရှင်မင်းသမီးတယောက်နဲ့  သတင်းထောက်မလေးတယောက် တို.၇ဲ့  ဇာတ်ကို အရေးတမူ ကွန်မင့်တွေ ရေးနေကြတာ ဟီးဟီး နိုင်ငံရှေ့ ရေး အားတက်စရာပါဘဲ။ဟီးဟီး။
သတင်း၈ျာနယ်ထဲမှာပါရင် ပုဒ်မ ၅၀၀ အသရေဖျက်မှု ဆိုတာ ရှိပါတယ်။
assault ဆိုတဲ့ လက်ရောက်မှု (ရာဇသတ်ကြီး) ပုဒ်မ ကို ဘယ်သူ စ ကျူးလွန်ပါသလဲ။
ခလေးပျက်ကျတာ ဘယ်လိုခံစားရပါသလဲ ဆိုတဲ့ မေးခွန်း က လွယ်လွယ်လေး ဖြေရပါတယ်။ ရင်သွေးလေးတယောက် အချိန်မတန်ဘဲ လူ.လောကထဲ မ၀င်ခဲ့နိုင်ဘူးပေါ့ကွယ် လို. --မဖြေနိုင်ဘူးလား။
အင်တာဗျူး အကြိမ်ပေါင်း များစွာဖြေဘူးတဲ့ မင်းသမီး ဒါကလောက်မဖြေတတ်ဘူးလား။
အဲလစ်စဘက်တေလာ လင်ကိုးယောက် ယူပီးပီ။ လင်များတာ မင်းသမီး အားကျဖို.ဘဲ ရှိတယ်။
၂ ပဲတပြား လို. သတင်းသမားကို ပြောစရာမရှိဘူး။

ဘာလို. ကိုယ်ထိလက်ရောက် စော်ကားသလဲ။
မင်းသမီး ရုပ် ကို အမွှန်းတင်နေတဲ့လူတွေ ကိုပြောနေတာ။ မင်းသမီး မပြောဘူး။ ဒါဘဲ။

မောင်မောင်ရှင်း။ said...

သြော်။ သြော်။
တတိုင်းတပြည်လုံး ခံစားနေရတဲ့ ဆင်း၇ဲမွဲတေမှု ကို ပေလာယျကံ ပြုပီး ရုပ်ရှင်မင်းသမီးတယောက်နဲ့  သတင်းထောက်မလေးတယောက် တို.၇ဲ့  ဇာတ်ကို အရေးတမူ ကွန်မင့်တွေ ရေးနေကြတာ ဟီးဟီး နိုင်ငံရှေ့ ရေး အားတက်စရာပါဘဲ။ဟီးဟီး။
သတင်း၈ျာနယ်ထဲမှာပါရင် ပုဒ်မ ၅၀၀ အသရေဖျက်မှု ဆိုတာ ရှိပါတယ်။
assault ဆိုတဲ့ လက်ရောက်မှု (ရာဇသတ်ကြီး) ပုဒ်မ ကို ဘယ်သူ စ ကျူးလွန်ပါသလဲ။
ခလေးပျက်ကျတာ ဘယ်လိုခံစားရပါသလဲ ဆိုတဲ့ မေးခွန်း က လွယ်လွယ်လေး ဖြေရပါတယ်။ ရင်သွေးလေးတယောက် အချိန်မတန်ဘဲ လူ.လောကထဲ မ၀င်ခဲ့နိုင်ဘူးပေါ့ကွယ် လို. --မဖြေနိုင်ဘူးလား။
အင်တာဗျူး အကြိမ်ပေါင်း များစွာဖြေဘူးတဲ့ မင်းသမီး ဒါကလောက်မဖြေတတ်ဘူးလား။
အဲလစ်စဘက်တေလာ လင်ကိုးယောက် ယူပီးပီ။ လင်များတာ မင်းသမီး အားကျဖို.ဘဲ ရှိတယ်။
၂ ပဲတပြား လို. သတင်းသမားကို ပြောစရာမရှိဘူး။

ဘာလို. ကိုယ်ထိလက်ရောက် စော်ကားသလဲ။
မင်းသမီး ရုပ် ကို အမွှန်းတင်နေတဲ့လူတွေ ကိုပြောနေတာ။ မင်းသမီး မပြောဘူး။ ဒါဘဲ။

ဖိုးတုတ် said...

ပို.စ် နှင့် မဆိုင်ပေမဲ့ ခရေဖြူ ရဲ. ကျွန်တော့် comment (ဒေါသ အကြောင်း) ကို ထောက်ခံချက် အပေါ် ဆွေးနွေးချင်ပါတယ်၊ တစ်ချို. blogger တွေက ဒေါသကြီးတယ်ဆိုတာ ကျွန်တော်ထင်တာ ပြောတာပါ၊ ဒါပေမဲ့ ယေဘုယျ အားဖြင့်တော့ သူတို.ကို ကျွန်တော် ထောက်ခံပါတယ်၊ ဒါပေမဲ့ အမြဲတမ်းတော့ သူတို.ရဲ.အမြင် နဲ.ထပ်တူမဖြစ်နိုင်ပါဖူး၊ ပြည်ပမှာ လုပ်စားတဲ့ blogger များမှ အပ မရီတာ၊ ကိုပေါ နှင့် မငယ်နိုင် စတဲ့ blogger တွေကို ကျွန်တော် လေးစားပါတယ်၊ သူတို.က အလုပ်အကိုင် အခြေတကျနှင့် သူ.မိသားစု နှင့် အေးအေး ချမ်းချမ်း နေနိုင်ကြပါတယ်၊ နိုင်ငံရေး နှင့် ပတ်သက်ပြီး သူတို.နှင့် မဆိုင်သလိုနေပြီး ကိုယ့်မိသားစု ကောင်းစားရေးပဲ လုပ်နေနိုင် တဲ့ အခြေအနေရှိနေပေမဲ့ အဲဒီလို မဟုတ်ဘဲ သူတို.ရဲ.သိတာတွေ၊ အတွေ.အကြုံ တွေကို အချိန်ပေးပြီး ရေးနေ တဲ့ သူတွေပါ၊ ပြည်ပက Blogger တွေ ဆိုပေမဲ့ အနည်း နှင့် အများ risk တော့ ရှိပါတယ် ၊ ရှုံးတာ ၊ နိုင်တာ ထက် မှန်တဲ့ဘက် က ရပ်တည်တာ ဘ၀ မှာ အကောင်းဆုံးပါပဲ ၊ အားလုံး ကျန်းမာ ရွှင်လန်းကြပါစေ၊

အောင်ကိုကိုထိုက် said...

ကျွဲပါးစောင်းတီးမိတာကိုး

Anonymous said...

အိမ်း.....


အများတကာတွေ ရေပြတ်လို့ ဒွတ်ခအတိ ပြီးနေချိန်မှာ မသိချင်ယောင်ဆောင်ပြီး သူများတကာအကြောင်း မြိန်ရည်ရှက်ရည် ၀င်ဆွေးနွေးဦးမှပဲ .... ။ သတင်းသမားဘက်က မမေးသင့်တာမေးမိတယ်ပဲ ထားဥိး ။ကောင်းကောင်းမွန်မွန် တောင်းပန်ပြီးပြီပဲကွယ်... ကျေရောပေါ့... ။ နေရာမှာတင် ဒေါသအလျောက် တုံ့ပြန်မိတယ်ဆိုရင်တောင် နားလည်ပေးလို့ရသေးရဲ့ ... ။ အခုတော့''ပါးရိုက် ပြီးအရှက်ကို ခွဲပစ်လိုက်ဥိးမယ် တွေ့ကြရောပေါ့ '' ဆိုတဲ့ အတွေးနဲ့ သတင်းထောက်ဖြစ်သူ က ကောင်းကောင်းမွန်မွန်တောင်းပန်ပြီး အပြန်ကျခါမှ အပေါက်ဝ က နေစောင့်ပြီး မြန်မာ အမျိုးသမီးတယောက်ဖြစ်လျက်ကယ်နှင့် တပါးသူ အရှက်တကွဲ အကျိုးနည်းဖြစ်ရလေအောင် ကြိုတင်ကြံစည်လက်ရောက်မှု ကျူးလွန်တာကိုတော့ မည်သို့မည်ပုံမျှ လက်ခံနားလည်ပေးနိုင်စရာ မရှိပါကြောင်း ကြေငြာမောင်းခတ်လိုက်ရသည် တမုံ့ ....။


ရလွတ်ပလွတ်ရွာစာကြီး

Anonymous said...

မခရေဖြူ ရေးတာကတော့ လူတကာ အတင်းအဖျင်းတွေ မဆီမဆိုင် လာပြောသွားသလို ဖြစ်နေတယ်ခင်ဗျ။
ဝင်းဦးနဲ့ သူ့အဖေကိစ္စက မခရေဖြူပြောတာ ဟုတ်မဟုတ်တော့ ပြောသူကိုယ်တိုင်တောင် သက်သေမရှိ၊ ဒီလိုပဲ ဝါသနာတူ အတင်းအဖျင်းရပိကွက်က ကြားတာပဲဆိုတော့ မဟုတ်ခဲ့ရင် သေပြီးသူတွေလဲ သိက္ခာကျပါတယ်။ ဆရာကြီး ဦးဘညွန့်က ရန်ကုန်တက္ကသိုလ်က ပါမောက္ခဟောင်းဖြစ်တော့ ဖိနပ် ချိပ်နဲ့တွယ်စီးရအောင် ဆင်းရဲမဆင်းရဲ ကျွန်တော်လဲ မသိဘူး။ ခိုင်ခင်ဦး ကိစ္စကတော့ သူ မယူချင်သေးတဲ့အခ်ျိန် သွားမေးလို့ အပျိုကြီးလုပ်မယ်ပြောတာ ဖြစ်မှာပေါ့။ နောက် စိတ်ပြောင်းလို့ ယူတော့ ဘာဖြစ်လဲ။ ကိုယ့်လင်လာမလု ပြီးတာပဲဗျာ။ ထက်ထက်မိုးဦးနဲ့ သူ့မိသားစုကိစ္စလဲ သူများအတွင်းရေး ဘာပူစရာရှိလဲ

ဗိုလ်ကျော် said...

တောင်းပန်ပြီး ထသွားတာကို ပါးလိုက်ရိုက်တယ်လို့ အပြစ်ရှာရအောင်က အချက်အလက်က မခိုင်လုံသေးဘူး။ ဘယ်လို မျက်နှာထားနဲ့ တောင်းပန်သွားလို့လဲ။ စော်ကားချင်တိုင်း စော်ကားပြီးမှ ဆောရီးပဲနော်.. ဟဲဟဲ ဆိုတဲ့ပုံမျိုး လုပ်ရင်တော့ ကျုပ်ဆိုလဲ ခံနိုင်မှာ မဟုတ်ဘူး။

Anonymous said...

Anonymous ရေ -
မဆီမဆိုင် လာပြောသွားသလို ဖြစ်နေတယ် ဆိုရင် စောတီးပါ။ သေပြီးသူတွေလဲ သိက္ခာကျပါတယ် လို့အယူရှိရင် ကျမတို့ ဦးသန်း
ရွှေသေတဲ့အခါ သူ့ကောင်းကြောင်းတွေပဲ ရွေးပြောကျရအောင်။ သိက္ခာကျတယ် မကျဘူးဆိုတာ လုပ်သူနဲ့ပဲဆိုင်တာပါ။ ဆရာကြီး ဦးဘညွန့်က ရန်ကုန်တက္ကသိုလ်က ပါမောက္ခဟောင်းဖြစ်တာ ကျမသိပါတယ်။ မြန်မာပြည်မာ ကျောင်းဆရာ/မတွေ၊ ဆရာဝန်တွေ (အပြင်ဘေးဝင်ငွေမရှာရင်) နပ်မမှန်တာ တကယ်ဘဲ Anonymous မသိတာလားရှင်။ မြန်မာပြည်မာ ဒီလိုသတင်းမှန်သမျဟာ သတင်းစာပေါ်မှာ မတွေ့ရပါဘူး ဒါပေမယ့် ကောလဟာသရဲ့ ၉၅%က မှန်နေတတ်ပါတယ်။ ဒီတော့ Anonymous ပြောတဲ့ သက်သေဆိုတာ မပြနိုင်ဘူးပေါ့။ ကိုယ့်ကိစ္စပဲကိုယ်ပြောပါ သူများကိစ္စပြောရင်အတင်းပဲလို့ယူဆရင် ကမ္ဘာမာ သတင်းဌာနတွေ၊ သတင်းစာတွေ ဘယ်ရှိပါ့မလဲ။ ပီးတော့ ဒီမာပြောနေကြသူတွေ "ကောက်ရွေးပွဲ ကိစ္စတွေ၊ ရေရှား၊ရေကြီး ၊မီးလောင် တာတွေကြား မင်းသမီး နဲ့  သတင်းထောက် လေး နှစ်ယောက်ကြား ဘာမှ အရေးမပါတာတွေ" ဆိုတာဟာ "နိုင်ငံက သူကျွန်ဘဝ ရောက်နေချိန် မင်:က ဒီမှာ ထမင်းလာစားနေသကိုး" လို့ ဆိုသလိုဖြစ်နေပါတယ်။ ဒီပို့စ တင်သူကိုပေါကိုယ်တိုင် ကောက်ရွေးပွဲ ကိစ္စတွေ၊ ရေရှား၊ရေကြီး ၊မီးလောင်တဲ့ကိစ္စတွေလဲ တင်ပါတယ် (ဘက်စုံရတယ် ဆိုပါတော့ ဟဲဟဲ)
ခရေဖြူ

Anonymous said...

Anonymous ရေ -
ခိုင်ခင်ဦး ကိစ္စကတော့ သူ မယူချင်သေးတဲ့အခ်ျိန်နဲ့ ယူချင်တဲ့အခ်ျိန်ဟာ တလအတွင်းဖြစ်နေတာ ထူးဆန်းတာပေါ့ရှင်။ ဘယ်အရာမဆို စူးစမ်:စိတ်လေးနဲ့ သတိထားရမယ်လေ။ (ဗျူးတွေကို ရေးထားလို့ဖတ်လိုက်တာပဲ မသိပါဘူး၊ ဆိုတာမျိုးမဖြစ်သင့်ဘူးလေ)။
ခရေဖြူ

Nyi Nyi Nyut said...

A good and wide view from NLS. Appreciate it. I like the idea of consensus as well. Ko Paw posts are also good.
“နဂါးညီနောင် ယိုစုံ” မှာ ထက်ထက်မိုးဦး ခိုးခိုးခစ်ခစ် ရယ်လိုက်တာတို့၊ “ရွှေမှာဆို...အိုကေ”တို့၊ “ပန်ပန် ပန်ပန့်ပန်.... ရွှေစင် အနုအရွအလှတို့စုံလင်... ” တို့ စတဲ့ ကြော်ငြာလေးတွေနဲ့ ထက်ထက်မိုးဦး ပရိတ်သတ်ဖြစ်သွားတာပါ

I follow this piece of news on the internet especially comments and votes on comments. I don't care about who is right or wrong. I d like to know the public response. Nobody can deny that public interest is there. Hit counts and Comment counts show very well.
I also checked other sites with vote buttons on comments especially Irrawaddy.

I sadly found out that ..
emotion > reason
which can lead to ...
rule by decree > rule of law

But I am hoping someone to dig deeper into this issue and come out with an behavioral analysis.

Thu said...

Oscar-winning actress ELizabeth Taylor (four times married) said that I've only slept with men I've been married to. How many women can make that claim?
"What you sow you will reap"

ခရေဖြူ said...

ကိုကိုစံ - ခုမှ comment ကိုတွေ့တယ်။ ရီတာက ဒေါသကြီးတာ ရှေ့ဆုံးက ဆိုတာ ရီတာကို ကျီစယ်တာပါ။ ကိုကိုစံ ပြောတဲ့၃ယောက်မှာ ၃ယောက်လုံ:ကို ပုံမှန်ဖတ်ပါတယ်။ ကိုပေါကို တခါတခါအရမ်:ကြိုက်ပီး တခါတခါ အရမ်:မကြိုက်ပါဘူး (မကြိုက်ရင် မကြိုက်ကြောင်းလာမငြင်းပါဘူး ဘာလို့စို သူ့ကိုနိုင်အောင် မငြင်းနိုင်လို့ပါ၊ စာရိုက်နှေးတာလဲ ပါတာပေါ့လေ)။ မငယ်နိုင်ကို အလယ်အလတ်ကျလို့ကြိုက်ပါတယ်၊ တချို့သူရေးတာတွေတော့ လိုက်မမီပါဘူး(တရားအကြောင်းတွေ)။ ရီတာကို အကြိုက်ဆုံးပါ၊ ဘာလို့စို ကိုယ်ပြောချင်တာတွေ သူကပြောပေးနေသလို ခံစားရလို့၊ ကိုယ်က အဲလောက်သတ္တိမရှိပါဘူး၊ လူမုန်းမယ့်ကိစ္စတွေ ရှောင်ရင်း ရှောင်ရင်း ပြောချင်တာတွေ မြိုမြိုချထားမိတာပဲ။အသက်ချင်း သိပ်မကွာတာမို့ အမြင်ချင်းနီးစပ်သလား မသိပါဘူး။
ပို့စ်နဲ့ မဆိုင်လို့ ကိုပေါဖျက်ချင် ဖျက်ပါ။ စီပုံ:လဲမရှိလို့ ဒီမှာပဲ ရေးသွားတယ်

Anonymous said...

ညိုချောလေး ကိုပေါက နောင်၁၀ နှစ်ကျရင် မြန်မာပြည် ဘာဖြစ်မယ်၊ စင်္ကာပူ ညာဖြစ်မယ် ဆိုတဲ့ အပိုသဘောတွေ ပြောမနေတော့ဘဲ၊ ထက်ထက်အရေး ဒို့အရေး လုပ်နေတာကို တွေ့ရတော့ နည်းနည်းရီမိတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs