“၂၀၀၉ ဘလော့ဂ် ဟောစာတမ်း”

Share |
၂၀၀၈ ခုနှစ်ကုန်ဖို့ ရက်အနည်းငယ်မျှသာ လိုတော့သည့်အတွက် ရှေ့ဖြစ်ဝိဇ္ဇာ ဆြာပေါရဲ့ ၂၀၀၉ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၇၀-၇၁ ခုနှစ်) အတွက် ဟောကိန်း (၁၀) ချက်ပါ ရှေ့ဖြစ်ဟောစာတမ်းကို ထုတ်ပြန်လိုက်ပါတယ်။

(၁) ၂၀၀၉ မတိုင်မီမွေးဖွား၍ အသက်ရှင် ထင်ရှားရှိကုန်ကြကုန်သေးသော အကြင်ယောက်ျား၊ မိန်းမအပေါင်းတို့သည် ၂၀၀၉ ခုနှစ်တွင် ဧကန်ဒိဋ္ဌ အသက်တနှစ်ပို၍ ကြီးကြကုန်အံ့။

(၂) စင်္ကာပူတွင် မြန်မာဘလော့ဂါစုံတွဲ တတွဲထက်မနည်း ဖူးစာဆုံအံ့။ (မျက်စိထဲမှာ မြင်နေတယ်နော်။ ပြောပြ၀ူး။ ကိုယ့်ဟာကိုယ် သိကြ။)

(၃) ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်ကတည်းက ဘလော့ဂ်ကို တစိုက်မတ်မတ် ရေးလာခဲ့သော အနှီဘလောဂါအချို့အနေဖြင့် ၂၀၀၈ ခုနှစ်အတွင်း ကံကောင်းထောက်မစွာ အိမ်ထောင်ကျခဲ့သည်ရှိသော် ၂၀၀၉ ခုနှစ်တွင် ပို့စ်များ အရေးကျဲပါးလတ္တံ့။ (ကိုကဒေါင်းတို့ မလင်းလက်တို့ကို စောင်းမြောင်းရေးခြင်းမဟုတ်ပါကြောင်း......း-)

(၄) အိမ်ထောင်မကျသေးကုန်သော လူပျို၊ လူလွတ် ဘလော့ဂ်ဂါတို့အနေဖြင့်လည်း အသက်တနှစ်ကြီးရင့်လာသည်ကို သတိ သံဝေဂ ရကြကာ မိမိကိုယ်ကို အမြန်အစွံထုတ်နိုင်ရေးအတွက် မိမိ၏ ကောင်းခြင်းရှစ်ဖြာ ဂုဏ်အင်္ဂါတို့ကို ဘလော့ဂ်ပေါ်မှ မသိမသာတမျိုး၊ သိသိသာသာတဖုံ ကြော်ငြာကြကုန်လတ္တံ့။ ( တီဇက်အေတို့၊ ကိုဘွိုင်းဇ်၊ ကိုရွှေအောင်တို့ကို စောင်းမြောင်းရေးခြင်းမဟုတ်ပါ။ တည့်တည့်ရေးခြင်းလည်း မဟုတ်ပါကြောင်း။ မတည့်မစောင်းလေးပေါ့။)

(၅) လူလတ်ပိုင်းအရွယ် ဘလော့ဂါတို့အနေဖြင့် မိမိတို့ မင်္ဂလာဆောင်စဉ်က ကိုယ်ဟန်နေထား သေးသွယ်လှပသော ဓါတ်ပုံအဟောင်းများကို ဘလော့ဂ်ထက်တွင် တင်ပြခြင်းအားဖြင့် ကိုယ်ခန္ဓာတို့၏ မမြဲသောသဘော၊ ပျက်စီးယိုယွင်းတတ်သော သဘောတို့ကို စာဖတ်သူအပေါင်းတို့အား သံဝေဂ ရစေလတ္တံ့။ (ပန်းတောင်က မမကို စောင်းမြောင်းရေးသားခြင်းမဟုတ်ပါ။ ကိုယ့်ဟာကိုယ် ရည်ရွယ်ပါကြောင်း...ဟီး။)


(၆) ကိုပေါဆိုသူ ဘလော့ဂါသည်ကား ToTo ထီ သန်းဆုကြီး ပေါက်ကာ လက်ရှိအလုပ်မှ အနားယူလျက် အချိန်ပြည့် ဘလော့ဂါ ဖြစ်လာပြီး ယခုကဲ့သို့ အရည်မရ အဖတ်မရများကို ဆထက်တံပိုးတိုး၍ ရေးသားလတ္တံ့။ (မနာလို မဖြစ်ကြပါနဲ့ဗျိုး၊ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပါ....)
မဒမ်ပေါသည်လည်း ပဲရစ်တို့ လန်ဒန်တို့တွင် ဈေးဝယ်ထွက်လတ္တံ့။ (အခုတော့ ချင်ကျားပူမှာ ကြမ်းခင်းဈေးနဲ့ ချရောင်းတဲ့ ဘလန်နို တီရှပ်ကလေးတွေပဲ ကျေနပ်ပါအချစ်ရယ်)


(၇) မြန်မာဘလော့ဂါများအနေဖြင့် ကဗျာရေးသူက ပန်းချီဆွဲ၊ ပန်းချီဆွဲသူက ဓါတ်ပုံရိုက်၊ ဓါတ်ပုံရိုက်သူက သီချင်းဆို....စသဖြင့် နယ်ပယ်သစ်များသို့ ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားကြလတ္တံ့။

(၈) အချို့လည်း သက်ရှိလူတို့အကြောင်းကို ကျော်လွန်၍ သက်မဲ့များအကြောင်းကို ရေးသားကြလတ္တံ့။ (ဥပမာ.... ဆိုက်ကားကလေး၊ ဆာလာအိတ်ကလေး၊ လေဆိပ်အိမ်သာမှ ရေပိုက်ခေါင်းကလေး.... စသဖြင့်....)

(၉) အချို့သော ဘလော့ဂါများအနေဖြင့် အစားအသောက်များကို ကြိုးစားပမ်းစား ပြင်ဆင်ချက်ပြုတ်ခဲ့ပါသော်လည်း ဓါတ်ပုံများကိုမူ ပြီးစလွယ် ရိုက်ကူးတင်ပြသဖြင့် ဖတ်ရှုရသူအပေါင်း ခံတွင်းပျက်လတ္တံ့။ (ဟင်းချက်နည်းများကို ရံဖန်ရံခါ ရေးတတ်သော ဘလော့ဂါများကို စောင်းမြောင်းရေးခြင်း မဟုတ်ပါကြောင်း)။

နောက်ဆုံးအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ အရေးကြီးဆုံးဖြစ်သော ဟောကိန်းကို အောက်ပါအတိုင်း ဟောကိန်းထုတ်လိုက်သည်။

(၁၀) ၂၀၀၉ ခုနှစ်တွင် ကြက်ဆူနက္ခတ် နဲ့ ကြပ်ပြေးနက္ခတ်သည် စန်းယှဉ်ကုန်သည်ဖြစ်၍ မြန်မာပြည်၏ ကံဇာတာသည် အထူးပင် မြင့်တက်နေချိန်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် စိန်စီသော အသုဘ ဗီဒီယိုအခွေကို ကြည့်ရှုခွင့် ကြုံရပေလတ္တံ့။ (ကြပ်ပြေးက အဘကို စောင်းမြောင်းရေးခြင်းမဟုတ်ပါ။)

... စသဖြင့် အတတ်ဟောလိုက်ပါသည်။ ကျွန်ုပ်၏ ဟောကိန်းများ လွဲချော်ခဲ့ပါက ရှေ့ဖြစ်ဟောသူ ဗေဒ၀ိဇ္ဇာတို့၏ ထုံးတမ်းစဉ်လာအတိုင်း ကျွန်ုပ်သည် စိုးစဉ်းမျှ တာဝန်ယူမည်မဟုတ်ပါကြောင်း။

၇ ရက်သားသမီး ဘေးဘယာဝေးကွာကြစေကုန်...

(ဖြည့်စွက်ချက်။ ။ ကမောင်ရင် ရေးသားသော “ဦးနာအောက်၊ အောက်မအောက်” အခန်းဆက်ဆောင်းပါး၏ ဇာတ်သိမ်းပိုင်းကို ၂၀၀၉ ခုနှစ် အကုန်တွင်မှ ဖတ်ရှုရကိန်းရှိသည်ဖြစ်၍ စာဖတ်သူအပေါင်းတို့ ပဒေါင်လည်ပင်းရှည်ဘ၀သို့ အရှင်လတ်လတ် ဆိုက်ရောက်ကြပေအံ့။)

27 comments:

Anonymous said...

အမြဲလာဖတ်နေပေမဲ့ ဒီတခါ မရေးရ မနေနိုင်လို့ ရေးသွားတယ် ဆရာပေါရေ ။
နံပါတ် ၇ နဲ့ နောက်ဆုံး ဟောချက်ကလေး သဘောကျသဗျာ ။ နံပါတ် ၆ အတွက်လည်း ခုကတည်းက ဖားထားပါရစေ ဘရားသားပေါရေ ။ ညီလေး အနော့နမတ်စ်စ်စ် ကို မမေ့ပါနဲ့ဗျား ။
မိသားစု အားလုံး ချမ်းမြေ့စေကြောင်းပါဗျာ ။

သစ်နက်ဆူး said...

မရောက်တာကြာတဲ့ကာလအတွင်း...
ကိုပေါတောင် ရှေ့ ဖြစ်ဟောဆရာ ဖြစ်နေပြီကိုးးးးး။

Anonymous said...

ဘလော့ရေးတဲ့ ကိုပေါက ဗေဒင်ဆရာဖြစ်နေပြီ... အဲဒါဆို.. ဆောင်းပါးရေးသူက ဗေဒင်ဆရာဖြစ်လို့ ဆိုတာ ထည့်ရေးပေးပါ..အဲဒါမှ မျှတမှာပေါ့....

ATN said...

၇ ရက်သားသမီး ဘေးဘယာဝေးကွာကြစေကုန်....

သတ္တ၀ါအများ ကျန်းမာ ချမ်းသာကြပါစေ
ခေါင်းရင်းအိမ်က ငတိုးကြီး မပါ - ဆိုတဲ့ ဟာသ ပုံပြင် ကိုပေါ ကြားဖူးမယ်ထင်တယ်...

(ကြပ်ပြေးက... အဘတို့လည်း... ၇ ရက် သားသမီးတွေလေဗျာ...)

ATN said...

မေ့သွားလို့ဗျ...

Merry X'Mas & Very Happy New Year!!!!!!!!!!!! ကိုပေါရေ့.....

Anonymous said...

ဆြာပေါ....
ဒီလိုဂျီးရေးသလားးးးးးး
ဆြာပေါတို့ စုံတွဲပုံအား အားကျကာ မင်္ဂလာပုံများတင်ချင်သော်လည်း ကိုယ့်ဖာသာ မရေးနိုင်ဖြစ်နေသဖြင့် ကန်ထရိုက်ဖြင့်လေလံပေးလိုက်ခြင်းသာ ဖြစ်ပေ၏။

ပုံ
ပန်းတောင်မမ

pandora said...

တချို့ ဘလော့ဂါများသည် ကိုယ့်ဘလော့တွင် ရေးသောပို့စ်ထက် ရှည်လျားထွေပြားသော ကွန်မန့်များကို အခြားဘလော့များ၌ လိုက်လံရေးသားခြင်းကို အထူးမွေ့လျော်ကြကာ ၂၀၀၈ နှစ်အကုန်တွင် ကွန်မန့်ပေါင်းချုပ်ကြီး စာအုပ်ထွက်ကာ ဖြန့်ဖြူးလတ္တံ့။ အခြားဘလော့ဂါများလည်း အားကျကာ ကွန်မန့်များကို သူ့ထက်ငါ အပြေးအလွှား ရှည်ရှည်လျားလျား ရေးသားလာကြတော့အံ့။

ဟဲဟဲဟဲဟဲ

Anonymous said...

အဟီး..
ရီရတယ်..ဆြာပေါ...
...........
ပေါက်

Anonymous said...

ha ha ha.....
So funny.:)
Merry X'mas n Happy new year !!!

သက်ဝေ said...

ဟီးဟီး...
မိုက်တယ်ဗျာ...
Merry X'Mas & Very Happy New Year ပါ
ကိုပေါ နဲ့  မဒမ်ပေါရေ့.....

:P said...

ဘလော့မှန်မှန်ရိဒ်သူများလည်း
တိုတို၊ ဆွိ၊ ဖိုးဒီ ဆက်တိုက်ပေါက်အံ့။

testarrman said...

Merry X'Mas and Happy New Year To Ko Paw Family and Others.
ထီဆုကြီးတကယ်ပေါက်ပြီး စာများများရေးနိုင်ပါစေ။

Thargyi(Gyobingauk) said...

ဗေဒင်ဆရာဆြာပေါ...
ယတြာလေးများရှိရင်မစပါ..
အိမ်ထောင်မြန်မြန်မကျအောင်နော်..
လာရောက်ကမ်းလှမ်းနေသူအလွန်များနေလို့ပါ..

ကိုပေါ said...

အနော့နမတ်စ်စ်စ်.... နံပါတ် ၆ အတိုင်းသာ မှန်ခဲ့ရင် ညီလေးကို မမေ့ပါဘူးဗျာ။း-)

ဆူးပြတိုက်........ ဒီလိုပဲ။ စီးပွားရေးအခြေအနေတွေက မကောင်းတော့ ၀ိဇ္ဇာသိပ္ပ လူ့ကိစ္စကို နည်းနည်း လေ့လာပြင်ဆင်ထားရတယ်။

မုန်းစရာ..... ကျနော်ဗေဒင်ဆရာလုပ်ရင် မဒမ်ပေါက မှန်ဘောင်ရောင်းမလို့တဲ့။ ကျနော်က ရှေ့ “ဗေဒင်” လို့ အော်ရင် သူမက နောက်ကနေ “မှန်ဘောင်” ဆိုပြီး အော်မလို့တဲ့။

အောင်သာငယ်..... သဗ္ဗေသတ္တာ...ကြပ်ပြေးကဟာ အလွတ် ပေါ့ဗျာ။ မဲရီးခရစ်စမတ် နဲ့ ပျော်ရွှင်ဘွယ်နှစ်သစ်ပါဗျိုး။

ပန်းတောင်မမ.... နောက်တာပါဗျာ။ ပန်းတောင်မမက ပန်းကလေးတွေနဲ့ အပြိုင်လှနေဆဲပါ။ နော်ဝေက ပြန်လာရင် မုန့်ဝယ်ခဲ့။

ပန်ဒိုရာ..... တချို့ဘလော့ဂါများသည် ကိုယ့်ဘလော့ဂ်တွင် ရေးသောပို့စ်ထက် ရှည်လျားထွေပြားသော ကွန်မင့်များကို အခြားဘလော့များ၌ လိုက်လံရေးသားခြင်းကို အထူးမွေ့လျော်ကြကာ....တဲ့။ ဧကန္တတော့ ကိုမောင်ရင်ကို စောင်းပြောချင်တာပဲ ဖြစ်ရမယ်။ ဟိဟိဟိဟိ။

ပေါက်..... ရယ်သောသူ အူနာ၏တဲ့။ ၂၀၀၉ ခုနှစ် တနှစ်လုံး ရယ်နိုင်ပါစေ ပေါက်ရေ။

စကိုင်း.... ကျေးဇူးပါ။ ဆိမ်းတူယူ။း-)

သက်ဝေ..... လိမ္မာပါတယ်..တို့က။ ဆိမ်းတူယူ။

ဆင်ဒဏ်လား.... အဲသလောက် လောဘ မကြီးနဲ့လေ။ တဆုလောက်ဆို တော်ရောပေါ့။

သီဟသစ်..... ကျေးဇူးဘဲဗျိုး။ မဲရီးခရစ်စမတ်ပါ။ ထီမပေါက်လည်း စာတွေတော့ ရေးဦးမှာပါ။

ကိုရွှေအောင်.... ယတြာကတော့ သူများမင်္ဂလာဆောင်တွေမှာ လက်ဖွဲ့များများဖွဲ့ပါ။း-)

TZA said...

နောက်ဆုံးဖြည့်စွက်ချက်၊ ကိုပေါနှင့်မဒမ်ပေါတို့ ချင်ကျားပူကျွန်းကြီးအတွက် ပေါဂျူနီယာများ ထပ်မံဖြည့်စွက်လတ္တံ့၊ ဟာဟ။

ကိုပေါ said...

တီဇက်အေ….. ချင်ကျားပူ ဘိုးလေး

Anonymous said...

ကိုပေါ လဲ စွံချင်လို့ အဲဒီနေ့က တယောက်ထဲ လာတာလား။

မဒမ်ပေါကို မတွေ့ဘူ: နော်

ဘလောက်မှာ နဲနဲ တယူသန်ဆန် တယ် ထင်ရပေမယ့် အပြင်မှာ တော့ သဘောကောင်းတဲ့ ရုပ် ပေါက်သားပဲနော်

ဟဲ :P

Moe Cho Thinn said...

သူတပါးကို စောင်းမြောင်း ဟော လိုက်၊ အတည့် ဟော လိုက် ရေးတတ်သော ဆြာဂျီး ပေါ လဲ ပေါမြဲပေါ၊ ချောမြဲ ချော လတံ့။
(ချောမြဲချော ကိုလဲ ထည့်လိုက်ရသေးတာ။ နို့မို့ဆို စိတ်က လက်တဆစ်နဲ့ လာရိုက်နေဦးမှာ.. :)) ရုပ်ကလေးက စိတ်ကြီးတယ်လို့ ထင်ရဘူး..

mabaydar said...

ကိုပေါရေ.. နံပါတ် ၂ သတင်းကိုစိတ်ဝင်စားတယ်.. မဗေဒါက သိပ်မသိဘူး.. သတင်းထူးရင် သံချောင်းခေါက်လိုက်ပါ.. နောက်ဆုံးအချက်က စိန်စီသော အသုဘဆိုတော့ သူက နောက်ဆုံးအချိန်ထိ စံစားသွားရမဲ့ကိန်းဖြစ်နေတယ်.. လုံးဝမဖြစ်သင့်ဘူး.. ခဲတွေ ရွံ့တွေ ချီးတွေစီသော အသုဘ ဖြစ်ရမှာ..

ကိုပေါ said...

ခရေဖြူရေ.... မဒမ်ပေါ ဘေးမှာ ပါတာကို မသိချင်ယောင် မဆောင်ပါနဲ့ဗျာ။ ခရေဖြူ ဘယ်သူလဲဆိုတာ ကျနော်သိပြီးသားပါ။း-)

မမိုးချိုသင်း.... မမိုးချိုသင်းကို စောင်းရေးဖို့ ကျန်သွားတယ်ဗျ။း-)

မဗေဒါ....... နောက်ဆုံးအချက်အတိုင်း တကယ်သာ သေပေးမယ်ဆိုရင် “ခေါင်းတလား” ကို စိန်စီပေးဆိုလည်း ပေးချင်ပါတယ်ဗျာ။ အဲသည်လောက် မေတ္တာထားတာပါ။ လှိုင်ထိပ်ခေါင်တင်ရဲ ဖားတင်္ဂါ ကဗျာထဲကလို.... “တကယ်သာ သေရွာမြန်းရင်ဖြင့် ခေါင်းကိုသာ စိန်နဲ့မွှန်းပါမယ် ယွန်းပါ့ရွှေသန်း”... ဟိဟိ။

Anonymous said...

လက်ချိတ် မထားတော့ ကိုပေါဘေးကပါသူကို မဒမ်ပေါလို့ မစွတ်စွဲဝင့် လို့ပါကွယ်
ဥပမာ TZA နာ: ထိုင်သူကို မဒမ် TZA လို့ မယူဆ ရဲ သလိုပေါ့ (ဟဲ)
ယူဆလို့ရမယ် ဆိုလဲ နောက်တပွဲ စားရမှာမို့ စိတ် အဆိုးပေါင်

ဘရား ဘရား အီစကို ကိုသိနေတယ်ဆိုပလား နောင်ဆို အနေအထိုင် အပြောအဆို ဆင်ချင်မှ
တော်ကြာ ချောင်းရိုက် ခံနေရမယ် :P

ကိုပေါ said...

ခရေဖြူ....

ကိုယ့်လူက လုံလှပြီထင်နေတာကိုး။ ကိုယ့်လူ နာမည်အရင်းနဲ့ ကျနော်တို့ဆီ ပို့တဲ့ အီးမေးတခုကို အဲသည် ခရေဖြူ နာမည် အီးမေးလ်နဲ့ မှားပြီး ပို့ဖူးသဗျား။ အဲလောက်ဆို သဘောပေါက်တော့နော်။ နောက်ကျရင် လူကြီးတန်မဲ့ ကိုယ့်လူဗရုတ်ဗရက်လုပ်ခဲ့တာတွေ လူပြောစရာ ဖြစ်ကုန်မယ်။ လုပ်ချင်လည်း ပိပိရိရိ လုပ်ပါ။ လင်းလက်ကြယ်စင် ဘလော့ဂ်မှာ ကွန်မင့်တွေ ရေးနေကတည်းက သတိထားမိပါတယ်။

Anonymous said...

်ကိုပေါရေ

တခုခုတော့မှားနေပီ ထင်ပါတယ်
ကျမ တခါမ ကိုပေါ အီးမေ: ကို မပို့ ရဘူ: ပါ (ကိုယ့်အီးမေ:တောင် ကိုမှန် အောင် မစစ်မိပါ)
မြန်မာလိုတောင် ခုမှ မဗေဒါ ဘလောက်က ဘားဂလိ က ရိုက်ရတာပါ (ဒါကြောင့် ခုမ ကွန်မန့် တွေ စမ်: ရိုက်ကြည့်နေတာပါ)
လင်းလက်နဲ့ခင်ပါတယ်
ဒါပေမယ့် သုဘလောက်မှာ ကွန်မန့် တခါမ မရေ: မိပါ (ဖုန်းပဲ ပြောနေကျမို့)
ကျမက လူကြီးလဲဖြစ်သေးပါဘူ:။ ၃၀တောင် ရောက်သေးဘူ: (ကြော်ညာတာ)
ဟိုနေ့က မင်ဂလာစောင်မှာ တောင် "ပြန်တော့ မယ်နော်" လို့ကိုပေါကို နှုတ်ဆက်သွားပါသေးတယ်
ကိုပေါကပဲ လူတွေကို သံသဃ များနေသလား၊ ကျမပဲ နံမယ်ပေး မှားသလား (မဖြစ်ဘူ: ယတြာချေ မှ)
လူမ မှားရအောင် လှို့ဝှက်အမှတ်တောင် လုပ်ထားရမလိုလို (ဟူး)

ကိုပေါ said...

ခရေဖြူရေ.... အဲသည်နေ့က မဗေဒါနဲ့ မယ်လိုဒီမောင်ကို ကိုဂျေမိုးက မိတ်ဆက်ပေးလို့ သိလိုက်ရတာက လွဲပြီး (ကျနော်မသိသူ) တခြား ဘယ်သူမှလည်း နှုတ်မဆက်ရပါလားခင်ဗျာ။ ကျနော်ကပဲ အလွယ်တကူ မေ့လျော့တတ်သလားတော့မသိ။

ကျနော်ထင်တဲ့ ခရေဖြူ မဟုတ်ဘူးဆိုရင်လည်း ပြီးတာပါပဲဗျာ။ ကျနော်သိတဲ့ခရေဖြူက ယောင်္ကျား။ နိုင်ငံရပ်ခြားက အာဏာရအစိုးရတွေကို မျက်စိမှိတ်ထောက်ခံတတ်သူ။ ဘာ Principle မှ မရှိသူ။ စင်္ကာပူက မြန်မာ့နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ နာမည်မကောင်းသူ။

ကျနော့်ဘလော့ဂ်မှာ ရေးသမျှ ခရေဖြူရဲ့ ကွန်မင့်တွေကနေကြည့်ပြီး ကျနော်သိတဲ့လူနဲ့ အတွေးအခေါ်တော်တော်ဆင်တာမို့ တဦးတည်းပဲ ဖြစ်မယ်လို့ သုံးသပ်လိုက်တာပါ။

လင်းလက်ဘလော့ဂ်မှာ ကွန်မင့်ကတည်းကလို့ ပြောတာကတော့ ကျနော် အမှတ်မှားတာပါ။ အမှန်က လင်းလက်က ခရေဖြူရဲ့စာကို ပို့စ်တခုအနေနဲ့ တင်ထားတာကို ဖတ်ဖူးတာပါ။

Anonymous said...

ကိုပေါရေ

အဲဒီနေ့က ပြန်ထွက်တော့ ကိုဂျေမိုးက "ကျွန်တော်တို့ဝိုင်း က active ဖြစ်တယ်" လို့ပြောနေတုန်း ကျမက နုတ်ဆက်သွားတာပါ။ (ဟို ခပ်ချောချော တယောက်လေ ။။။ဪ ပြောရတာ ရှက်တောင်လာပီ :P)
ကိုဂျေမိုး တို့ စားပွဲ မှာ ထိုင်ပါတယ်။ မိန်:မ ဆိုလို့ မဗေဒါ၊ မယ်လိုဒီ၊ ကျမ နဲ့ ကိုဂျေမိုး အမျို: သမီ: ၄ ယောက်ပဲ အဲဒီ ဝိုင်း မှာ ရှိတာပါ (ဒီတခါ မိတ်ဆက် ရတာ အမောဆုံးပဲ):

ကိုပေါ ဘလောက်ကို တခါတလေ ဝင်ဖတ်ပေမယ့် ကွန်မန့် မရေးမိသလောက်ပါ (၂ ခါလားပဲ ရေးမိပါတယ် :-)
ကဲကဲ ဘော်ဘော် တွေဖြစ်သွားပြီ။ နံမယ် အရင်းနဲ့ပဲ ကွန်မန့် ပွတ် တော့မယ် (ဪ မဟုတ်တဲ့ လူမှပဲ နာတော်တော် စဉ်:စားပီ:ရွေးထားတဲ့ နာမည်က တူနေတယ်၊ဇာတာ ညံ့နေတယ်ထင်တယ်)
နံမယ်ကြီ:သူများ ကျတော့လည်း တုချင် သူတွေ တယ်ပေါ သကိုး (ဟ:ီ အဲလိုပဲ မှတ်လိုက်မယ်)

Anonymous said...

ပန်းသတင်းကို ပန်းသည်ဆောင်(ရောင်းကောင်းအောင်)
လူသတင်းကိုတော့......... (ဆောင်ချင်တာနဲ့ဆောင်ပါစေ)
Ko Paw ရဲ့ ဟောစာတမ်းလည်းတွေ့ရော လူနေပေမဲ့ ပညာမနေ ဆိုတဲ့အတိုင်း ဗေဒင်ဟောပေးချင်တာ လက်တွေတောင်တုန်လာတယ်[အရက်မသောက်ရရွေ့(ကိုယ်ဘာသာပြင်ဖတ်ပါ)မဟုတ်ပါ] ဟောစရာလည်း လူမရှိတော့ Ko Paw ကိုပဲ ဟောပေးပါ့မယ်
ဟောခပေးစရာတော့မလိုပါဘူး ကဲဟောပြီ.......

Ko Paw ရေ မကြာခင်မှာ ရောက်ရှိတော့မယ့် 2009ခုနစ် မှာ တစ်ပတ်မှာ ၈ ရက် ထီထိုးပါ။ထီထိုးတဲ့ငွေ ကိုလည်း ကိုယ့်ရဲ့မဒီဒေ၀ီ ဆီက ရတဲ့ money နဲ့ထိုးပါ. အထက်ပါနည်းအတိုင်း 48 weeks ခန့် ထိုးပါ(ထီကိုဆိုလိုပါသည်) ၃၆၅ ရက်အတွင်း သိန်း၅၀၀ထီ ပေါက်စေရမည်.

အကယ်ရွေ့(ပြင်ဖတ်ပါ)မပေါက်ခဲ့ပါက အလကားဟော ပေးတဲ့ဆာရန်ပိုင်ဦး(Sonic)၏ ဟောစာတမ်းကို မှားယွင်းအောင်ပြုလုပ်တဲ့အတွက် ပေါက်မည့်ငွေ၏ ၅၀%ကို ပေးလျော်စေ....

ပေါက်ခဲ့သည်ရှိသော် ဆာရန်ပိုင်..၏ ဟောစာတမ်းကြောင့်ဟု မှတ်ယူကာ 10 ပုလင်း(အရက်ပုလင်းမဟုတ်ရပါ) ခန့် ချီးမြှင့်ပါ....

ဥုံဖွ Ko Paw ပေါက်ပါစေ( ဘာပေါက်လဲဆိုတာတော့ You can think for yourself )
ဒါပါပဲ နောက်တစ်ခါ လက်ယားလာရင်ထပ်ဟောပေးမယ်.......

M.Y. said...

သူနမိတ်ဖတ်တာလဲပါတယ်နေမှာ..
ရေးရင်းနဲ့ ခုတော့အပိုင်း ၆ နဲ့ လဲနိမဂုံးနိုင်တော့ဘူး..
အင်း.. ဆြာပေါ..ဆြာပေါ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs