“ခေါ်သံ”

Share |
ငါဟာ ခေါ်သံကို
စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့တယ်။

နှစ်၊လ၊ရာသီ
ကြာရှည်မြင့်စွာ
ပြင်ဆင်လာပြီးတဲ့နောက်မှ
သည်တခဏလေးကို
ငါ…..ဘာကြောင့်များ စိတ်မရှည်နိုင်ရသလဲ။

ကိုယ့်ရှေ့မှာ…
ကိုယ့်နောက်မှာ…
ကိုယ့်ဘေးပတ်လည်မှာ….
စိတ်မရှည်တဲ့မျက်နှာနဲ့
လူတွေဟာ လူတွေဟာ..
ခေါ်သံကိုသာ နားစွင့်နေကြတယ်။

တယောက်ပြီးတယောက်
အလှည့်ရောက်ရင်မနွဲ့စတမ်း..
တလှမ်းချင်းလျှောက်
သူ့ရှေ့မှောက်ကို
ရွံ့ကြောက်မှုတွေ ကိုယ်စီနဲ့လေ။

ဟော…
ငါ့နာမည်ကို ခေါ်သံပါလား….
ရင်ခုန်သံတွေ
ဆူညံလာတယ်။
ခြေဖျားလက်ဖျားတွေ
အေးစက်လို့လာတယ်။

နားသယ်ဆံစမှာ
ချွေးတစ တွဲခိုလာတယ်။

ရှောင်လွှဲလို့မရတဲ့
သည်ခဏအချိန်ကလေးအတွင်း
ဘယ်လိုပင် အားတင်းပေမယ့်
နှမြောတသခြင်း မြားတံတွေက
ငါ့နှလုံးသားမှာ
နေရာမလပ် စူးဝင် နှိပ်စက်လို့နေလေရဲ့။

အဆုံးမတော့

ငါဟာ…တုန့်ဆိုင်းလေးလံနေတဲ့ ခြေလှမ်းတွေနဲ့ပဲ
သူ့ရှေ့မှောက်အရောက်
ကြိုးစားပြီး လျှောက်လှမ်းခဲ့ပါတယ်။


ကမ္ဘာလောကကြီးက

အသံဗလံတွေအားလုံးဟာ
အဲသည်တခဏမှာ
ငြိမ်ကျသွားတယ်လို့လည်း ငါထင်လိုက်မိပါရဲ့။

ခေါ်သံရှင်ဟာ
ငါ့မျက်နှာကို
တချက်သာကြည့်ပြီး
အပေါ်စီးလေသံနဲ့ မေးခွန်းထုတ်လိုက်တယ်။

“အခွန်ဆောင်မှာလား။ သက်တမ်းတိုးမှာလား”…….တဲ့။

22 comments:

Anonymous said...

ဟာ..ကိုပေါ တော်တော်ဆိုးပါလား...
သေမင်းမှတ်လို့...အတူတူပါပဲ...သူတို့က သေမင်းထက်တောင် ဆိုးသေး....

Ko Boyz said...

တန်တော့ ကိုပေါ လောလောလတ်လတ်ပဲ အလှူသွားပေလာတယ် ထင်ပါ့...။

kay said...

ကိုပေါ ကတော့..အတည်ပေါက်နဲ့ နောက်တယ် ဗျိုး။
း))))

ဇနိ said...

အနှီကိုပေါ့ နောက်ပေါစွ
ဟီးဟီး

Moe Cho Thinn said...

သေမင်းလို့ ထင်နေလို့ အခု လတ်တလော ကိုယ့်မှာဖြစ်နေတဲ့ ခံစားချက်နဲ့ တိုက်ဆိုင်လွန်းလို့ တရားသဘောတွေဘာတွေ ရလို့..။
အတော်ဆိုးတဲ့ လူပဲ။
နောက် မဖတ်တော့ဘူး။ :)

khin oo may said...

ဟုတ်ပြီဟုတ်ရဲ့နဲ့ သယ်လာပြီးမှ....:P

khin oo may said...

အခွန်ဆောင်ရဲုံတင် မက /သက်တမ်းပါ တိုးလာခဲ့ ရု့မက/ စာအုပ်ပါ change လာ/ ခဲ့ပုံပေါ်တယ်။ ဒီလောက်တောင် စိတ်ထိခိုက်နေပုံထောက်တော့။

Anonymous said...

Arrr parr parr !!!!!!!

Anonymous said...

How you answer the aunty question?

:P said...

ခေါ်သံလေးများကြားခွင့်ရချင်သေးးးးးးး

Anonymous said...

ဘယ်လိုဖြေခဲ့လဲဗျ..

ကိုပေါ said...

လာရောက် အားပေးကြတဲ့အတွက် ၀မ်းသာပါတယ်။

ဘယ်လိုပြန်ပြောခဲ့သလဲဆိုတော့………

(အရိုးစွဲနေတဲ့ အောက်ကျသံလေးနဲ့ မျက်နှာကို အချိုသာဆုံးထား၊ ပြီးတော့ သွားကလေးဖြဲပြီး)

“အခွန်လည်း သုံးလစာ ဆောင်မယ်။ ပတ်စ်ပို့လည်း သက်တမ်းတိုးချင်ပါတယ် ခင်ညာ”

(ဟိုး ၅ နှစ်ကျော်ကျော်လောက်က မအူအလည် အတွေ့အကြုံကို ရေးပြတာပါ။ အခုတော့ မောင်ပေါ စာတတ်မြောက်သွားပါပြီ။)

Unknown said...

ကိုပေါ
မုန်းဖို့ကောင်းတယ်ဗျာ။
ကဗျာရေး ကောင်းချက်။
အဆုံးသတ်တော့ မေ့ချင်ယောင်ဆောင်ထားတွေ သတိရအောင် လုပ်သွားတယ်။ ဒီတစ်ခေါက် မရစ်ပါစေနဲ့ အီး ဟီး။

Anonymous said...

သာဓုသာဓုသာဒု.. အိမ်က၀က်မကြီးကို လွမ်းတယ်

Anonymous said...

ကိုကြီးရေ့
အခုတခါထပ်ခေါ်လိုက်ပြီ
ှဓါတ်ပုံရိုက်ရအောင် အမြန်လာခဲ့
ဟားဟားးးးးးးးးးး
ပျော်ရွှင်ပါစေ။

ရေကြည် said...

ကိုပေါရေ အဲဒါခေါ်သံ မဟုတ်ဘူး...
ဟောက်သံ

Kaung Kin Ko said...

သြော...သူတို့ လည်း သေမင်းလိုပဲ ဆိုးသကိုး။

Anonymous said...

ဓါတ်ပုံတွဲရိုက်ပေးတဲ့ အစ်ကို အစ်မတွေ
မင်းသား မင်းသမီး ဖြစ်ပါစေ..
နတ်သား နတ်သမီး ဖြစ်ပါစေ... :)
ပျက်ကွက်သူများ ရွှေကြိုင် သားသမီး ဖြစ်ပါစေ... :P
အဝေးရောက်နေသော အစ်ကို အစ်မများ
ကျန်းမာ ချမ်းသာ ကြပါစေ..... :D
ဆုတောင်းပေးသော ကျွန်တော်
အနေကောင်း အသေကောင်း ပါရစေ.... ( :ီ`ီ)

တန်ခူး said...

ဒါ… ကိုပေါစတိုင်ပေါ့… မဖတ်ရတာကြာပြီနော်…
အင်း… မြန်မာပြည်ကို ချစ်လွန်းနေတော့လဲ ဝေဒနာတွေအောင့် ခေါ်သံနောက်လိုက် လိုက်နေရတာပေါ့ ကိုပေါရေ…
အိမ်ကသူလဲ ကိုပေါလို ဒုက္ခမကြာခင် ခံရတော့မှာ… အားမွေးနေလေရဲ့….

chocothazin said...

ကိုပေါရေ ဒီကဗျာလေးကို သူငယ်ချင်းကနေတဆင့်
ရလိုက်လို့ ပိုင်ရှင်ကို ခွင့်မတောင်းခင် ပို့စ်တင်လိုက်မိတယ်
ဆက်ပြီး တင်ခွင့်ရှိပါသလားသိချင်ပါတယ်
ကိုပေါရဲ့ ပို့စ်လင့်လေးကို ပါတင်ထားပါတယ်
http://chocothazin.blogspot.com/2008/11/blog-post_12.html

ကိုပေါ said...

Choco Thazin.... နှစ်သက်တယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ ဆက်တင်လို့ ရပါတယ်။ ကျေးဇူးပါ။

Anonymous said...

ခေါ်သံကို နောက်တစ်နေရာမှာတွေ့ ပြန်ပါပြီ
blogger တို့ရဲ့ credit ကို အလေးထားသင်ပါတယ်

http://htethtetnyein.blogspot.com/2008_11_01_archive.html

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs