ကိုပေါရေ ...ဖေ့ဘွတ်ခ်မှာ ရှယ်လိုက်ပြီ။ ကျေးဇူးပါ။
ဆရာတို့ဘဲ NLD ရွေးကောက်ပွဲဝင်မယ် ဆိုတော့ နေရာ ၄၀ ထဲနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆို။ဟိုတလောကဆို ပိုင်ချပ်တွေ ဘားချပ်တွေနဲ့တောင် ဘာမှမလုပ်နိုင်မှာဖြစ်တဲ့ အကြောင်းကို ဆရာတို့တွေဘဲရှင်းပြထားကြသေးတယ်လေ။အခုကျတော့ NLD က ၁နှစ်အတွင်း ပဒေသာပင် မြေကပေါက်အောင် မစွမ်းနိုင်ရင် ဘာဖြစ်တယ်ညာဖြစ်မယ်ဆိုပြီးလုပ်လာကြပြန်ပြီ။ဆရာတို့ရေးတာတွေဖတ်ရတာ ဦးနုခေတ်က သတင်းစာတွေဖတ်ရသလိုပါဘဲ ဝေဖန်လိုက် ကြတာဗျာ… တော်လှန်ရေးကောင်စီလဲတက်လာရော အမြီးကိုပေါင်ကြားမှာ ကပ်နေအောင်ညုပ်ပြီး အကုန်ဝပ်တွားကုန်ကြရော။NLD လွှတ်တော်တခါတက်တာနဲ့ တိုင်းပြည်ကြီးတခါတည်းငြိမ်းချမ်းပြီး တိုးတက်သွားမယ်လို့ ဆရာတို့ တကယ်ထင်ကြတာလား၊ အဲဒီလောက်တောင် မျှော်လင့်ထားရင်လည်း NLD ရွေးကောက်ပွဲဝင်မယ်ဆိုတုန်းက ဘာလို့ အသံအကျယ်ကြီး အူကြတာလဲ။NLD ကို ဘဝအပျက်ခံပြီး ဝိုင်းရံပေးကြတဲ့ လူတွေတောင် လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေဘဲထားကြတာပါ။အခုကျတော့ ဆရာတို့ပြောကြတာတွေကို ကြည့်လိုက်ရင် ပြည်တွင်းစစ်ချက်ချင်းမရပ်တာလည်း NLD အပြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ချက်ချင်းမပြင်နိုင်တာလည်း NLD အပြစ်၊ ပြည်နယ် အခွင့်အရေး ချက်ချင်းမရတာလည်း NLD အပြစ်၊ ဟိုဟာဆိုလည်း NLD အပြစ်၊ ဒီဟာဆိုလည်း NLD အပြစ်၊ ဘာဖြစ်ဖြစ် NLD အပြစ် ဆိုတာမျိုးဖြစ်နေတယ်နော်။အင်း ဘာဘဲဖြစ်ဖြစ်ဆရာ တို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် နေတဲ့ ပုံကတော့ Myanmar Express တို့ဘာတို့ဘာတို့ထက်တော့သာပါတယ် ဘာလို့လဲဆိုတော့ အောက်ပိုင်းတွေ ညစ်ညမ်းတွေ သိပ်မပါ (သေး)ဘူး၊ စစ်ဗိုလ်ချုပ်ကြီးတွေကို ပေါ်တင်ကြီးမကိုးကွယ် (သေး)ဘူး။ဆရာတို့တွေလည်းရေးကြပေါ့၊ Myanmar Express ကလည်းရေးနေမှာဘဲ၊ ငါးမင်းဆွေကလည်း ရေးနေဦးမှာဘဲ၊ လူတွေဖတ်ကြလား ဆရာတို့ရေးတာတွေကို လူတွေက ဘယ်လောက် ဂရုစိုက်ကြလေးလည်းဆိုတာကတော့ ဆရာတို့ အရေးအသားအဆင့်အတန်း အပေါ်မှာဘဲတည်မှာဘဲလေ။ ဥပမာဆိုရင် တချိန်ကတော့ BCP ကပြောပြီဆိုရင်လူတိုင်း က (ကြိုက်ကြိုက် မကြိုက်ကြိုက်) ဂရုတစိုက်နားထောင်ကြတယ်၊ အခုဆို ရဲဘော်ဖိုးသံချောင်း ပြောချင်ရာပြော ၉၉စနေ ပြောတာလောက်တောင် လူတွေ သတိမပြုမိကြတော့ဘူး။
ဘယ်က ၉၉စနေကိုဆွဲထည့်နေပါလိမ့်နော်
Post a Comment
3 comments:
ကိုပေါရေ ...
ဖေ့ဘွတ်ခ်မှာ ရှယ်လိုက်ပြီ။ ကျေးဇူးပါ။
ဆရာတို့ဘဲ NLD ရွေးကောက်ပွဲဝင်မယ် ဆိုတော့ နေရာ ၄၀ ထဲနဲ့ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆို။
ဟိုတလောကဆို ပိုင်ချပ်တွေ ဘားချပ်တွေနဲ့တောင် ဘာမှမလုပ်နိုင်မှာဖြစ်တဲ့ အကြောင်းကို ဆရာတို့တွေဘဲရှင်းပြထားကြသေးတယ်လေ။
အခုကျတော့ NLD က ၁နှစ်အတွင်း ပဒေသာပင် မြေကပေါက်အောင် မစွမ်းနိုင်ရင် ဘာဖြစ်တယ်ညာဖြစ်မယ်ဆိုပြီးလုပ်လာကြပြန်ပြီ။
ဆရာတို့ရေးတာတွေဖတ်ရတာ ဦးနုခေတ်က သတင်းစာတွေဖတ်ရသလိုပါဘဲ ဝေဖန်လိုက် ကြတာဗျာ… တော်လှန်ရေးကောင်စီလဲတက်လာရော အမြီးကိုပေါင်ကြားမှာ ကပ်နေအောင်ညုပ်ပြီး အကုန်ဝပ်တွားကုန်ကြရော။
NLD လွှတ်တော်တခါတက်တာနဲ့ တိုင်းပြည်ကြီးတခါတည်းငြိမ်းချမ်းပြီး တိုးတက်သွားမယ်လို့ ဆရာတို့ တကယ်ထင်ကြတာလား၊ အဲဒီလောက်တောင် မျှော်လင့်ထားရင်လည်း NLD ရွေးကောက်ပွဲဝင်မယ်ဆိုတုန်းက ဘာလို့ အသံအကျယ်ကြီး အူကြတာလဲ။
NLD ကို ဘဝအပျက်ခံပြီး ဝိုင်းရံပေးကြတဲ့ လူတွေတောင် လက်တွေ့ကျတဲ့ မျှော်လင့်ချက်တွေဘဲထားကြတာပါ။
အခုကျတော့ ဆရာတို့ပြောကြတာတွေကို ကြည့်လိုက်ရင် ပြည်တွင်းစစ်ချက်ချင်းမရပ်တာလည်း NLD အပြစ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ချက်ချင်းမပြင်နိုင်တာလည်း NLD အပြစ်၊ ပြည်နယ် အခွင့်အရေး ချက်ချင်းမရတာလည်း NLD အပြစ်၊ ဟိုဟာဆိုလည်း NLD အပြစ်၊ ဒီဟာဆိုလည်း NLD အပြစ်၊ ဘာဖြစ်ဖြစ် NLD အပြစ် ဆိုတာမျိုးဖြစ်နေတယ်နော်။
အင်း ဘာဘဲဖြစ်ဖြစ်ဆရာ တို့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက် နေတဲ့ ပုံကတော့ Myanmar Express တို့ဘာတို့ဘာတို့ထက်တော့သာပါတယ် ဘာလို့လဲဆိုတော့ အောက်ပိုင်းတွေ ညစ်ညမ်းတွေ သိပ်မပါ (သေး)ဘူး၊ စစ်ဗိုလ်ချုပ်ကြီးတွေကို ပေါ်တင်ကြီးမကိုးကွယ် (သေး)ဘူး။
ဆရာတို့တွေလည်းရေးကြပေါ့၊ Myanmar Express ကလည်းရေးနေမှာဘဲ၊ ငါးမင်းဆွေကလည်း ရေးနေဦးမှာဘဲ၊ လူတွေဖတ်ကြလား ဆရာတို့ရေးတာတွေကို လူတွေက ဘယ်လောက် ဂရုစိုက်ကြလေးလည်းဆိုတာကတော့ ဆရာတို့ အရေးအသားအဆင့်အတန်း အပေါ်မှာဘဲတည်မှာဘဲလေ။ ဥပမာဆိုရင် တချိန်ကတော့ BCP ကပြောပြီဆိုရင်လူတိုင်း က (ကြိုက်ကြိုက် မကြိုက်ကြိုက်) ဂရုတစိုက်နားထောင်ကြတယ်၊ အခုဆို ရဲဘော်ဖိုးသံချောင်း ပြောချင်ရာပြော ၉၉စနေ ပြောတာလောက်တောင် လူတွေ သတိမပြုမိကြတော့ဘူး။
ဘယ်က ၉၉စနေကိုဆွဲထည့်နေပါလိမ့်နော်
Post a Comment