ဒေါ်စုအတွက် မေးခွန်းများ

Share |

ရှေ့ကပို့စ်မှာ လာရေးသွားတဲ့ မှတ်ချက်တွေထဲက ဒီမှတ်ချက်တခုဟာ စဉ်းစားဆင်ခြင်စရာ အချက်တွေ ပါတဲ့အလျောက် ပို့စ်အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ ရေးသူ ဘယ်သူလဲဆိုတာ ကျနော်မသိပါ။ TYK လို့ အတိုကောက် အမည်ကိုသာ ဖော်ပြထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတွေ မေးရမယ်လို့ မှာကြားသွားတဲ့အလျောက် ဈေးဦးပေါက်အနေနဲ့ သူမကိုပဲ ဦးတည်လိုက်ပါတယ်။

Anonymous said...
မနေ့ က ဒီပို့ စ်ကို ဖတ်မိပြီး ဗွီအိုအေမှာ သွားနားထောင်မိတယ်။ ဒီမနက် ဗွီအိုအေ နောက်ဆုံးသတင်းအကျဉ်းမှာလည်း သတင်းဖတ်သွားတာ ကြားလိုက်တယ်။ တခြား ဘီဘီစီ ဒီဗွီဘီ အာအက်ဖ်အေ မြန်မာသတင်းတွေမှာ မကြားမိဘူး။ တခြား မြန်မာဆိုဒ်တွေမှာလည်း မတွေ့ မိဘူး။

ဒီသတင်းဟာ ထူးခြားတယ်ဆိုတာထက် အရေးကြီးတဲ့သတင်း ဖြစ်ပါတယ်။

ကိုပေါရဲ့  ဒီပို့ စ်ကို လာပြီး ကွန်မန့် ပေးကြသူတွေက အဓိက အကြောင်းအရာ ပေါ်မှာ ထင်မြင်ချက်ပေးတာ မတွေ့ ရဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီလမ်းကြောင်းပေးတဲ့စကား (အစိုးရအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်တာဟာ ရှေ့ကို ခရီးရောက်နိုင်ဖို့အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်တယ် )ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမြင်ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ဒီလမ်းကြောင်းကို တရားဝင်အောင် အဖွဲ့ အစည်းရဲ့ တာဝန်ပေးချက်သဘောဖြစ်အောင် ဆုံးဖြတ်ပေးရင် ကြံ့ ဖွံ့ အစိုးရထဲ ၀င်လုပ်မယ် ဆိုတာပါပဲ။


ဒေါ်အောင်ဆန်းစုကြည် ဒီသဘောထားကို ဘာလို့ နိင်ငံခြားသတင်းဌါန တစ်ခုကနေ ပြောတာလဲ။ ကိုယ့်ပါတီထဲမှာ စီအီးစီထဲမှာ ဆွေးနွေးဖြစ်လား။ ဆွေးနွေးတော့ အများစုက သဘောမတူလို့  ဒီလိုပြင်ပ မီဒီယာကနေ ထုတ်ပြောပြီး ကိုယ့်ပါတီက သဘောတူအောင် ပြောလိုက်တာလား။ ဖိအားပေးနည်းတခုလား။ အစိုးရအဖွဲ့ ထဲ ဘယ်လိုပါဝင်မှာလဲ။ တယောက်ထဲပါမှာလား ကိုယ့်ပါတီက တခြားပါတီခေါင်းဆောင်တွေကော ပါမှာလား။ အစိုးရအဖွဲ့ ထဲ ၀င်လုပ်ပါလို့  သိန်းစိန်အစိုးရက နှစ်ကိုယ်ကြား ကမ်းလှမ်းထားပြီလား။ ဘယ်အဆင့်က ပါခွင့်ရမှာလဲ။ ၀န်ကြီးလား၊ ဒု ၀န်ကြီးလား၊ ပြည်ထောင်စုအဆင့်ထဲမှာလား၊ ပြည်နယ် တိုင်းဒေသကြီးအဆင့်ထဲမှာလား။ ဒီလိုပါနိုင်ဖို့ ပါတီမှတ်ပုံပြန်တင်ဖို့ လိုလား။ ဦးသိန်းစိန်က တိုက်ရိုက်ခန့် တဲ့ အစိုးရအဖွဲ့ ဝင်လား။ အဲဒီလိုကော ပါလို့ ရလား။ အစိုးရအဖွဲ့ ထဲပါဖို့  အကောင်းဆုံးနည်းလမ်းဖြစ်တယ် ဆိုတာကို အန်န်အယ်လ်ဒီပါတီရဲ့ ဘယ်အဆင့်က ဆုံးဖြတ်ပေးမှာလဲ။ စီအီးစီလား။ ၂၀၁၀ ရွေးကောက်ပွဲ ၀င် မ၀င် ဆုံးဖြတ်တုန်းကလို ပါတီကိုယ်စားလှယ်တွေကလား။ အစိုးရသစ်ထဲက အပြောင်းအလဲလိုလားတဲ့ အင်အားစုတွေဆိုတော့ သူတို့ ဟာ အင်အားစုဆိုတဲ့အဆင့် အရေအတွက်တစုံတရာ ရှိတယ်လို့ ဘယ်လိုပြောနိုင်လဲ။ ဘယ်လောက် ကိုယ်နဲ့ ဆက်ဆံဖူးတာ ရှိခဲ့လဲ။ အစိုးရအဖွဲ့ ထဲ ကိုယ်ဝင်ပါတာနဲ့  အပြောင်းအလဲဖြစ်မှာ ဘယ်လောက်သေချာလဲ။ အစိုးရသစ်ထဲက အပြောင်းအလဲ လိုလားတဲ့ အင်အားစုတွေ အားကောင်းလာအောင် ဒီမိုကရေစီအရေး လိုလားသူတွေက ဘယ်လိုဘယ်ပုံ ကြိုးစားပေးရမှာလဲ။ ဘယ်လို တာဝန်ရှိတာလဲ။ ကြိုးစားပေးနိုင်တဲ့ အစိုးရအဖွဲ့ ထဲက လူတွေနဲ့  ဒီမိုကရေစီရေးလိုလားသူတွေရဲ့  ဆက်သွယ် ဆက်ဆံ ပြောဆိုနိင်တဲ့ နေရာက ဘယ်မှာလဲ။ အစိုးရသစ်က ဒီမိုကရေစီရေး လိုလားသူ ဘယ်နှစ်ယောက်ကို ဆက်သွယ် ဆက်ဆံ ပြောဆိုနေလဲ။ တနိုင်ငံလုံးကိုလား၊ တပါတီလုံးကိုလား၊ တယောက်တည်းကိုလား။
ဒီလိုအရေးကြီးတဲ့ ကိစ္စရပ်မျိုးကို ကိုယ့်ပါတီထဲမှာ သဘောထားကျအောင် ချပြီး မှန်တယ်ထင်ရင် ရဲရဲလုပ်သင့်ပါတယ်။ လူများစု မသိနိုင်တဲ့ သတင်းဌါနတခုကနေ တိုက်ရိုက်မဟုတ်ဘဲ ကာတင်ပစ်ပြီး ကိုယ့်ပါတီကို တွန်းအားပေးလိုက်တယ်လို့  ယူဆပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် လုပ်နေသမျှ ကိုလည်း ပါတီက ထောက်ခံနေတာပဲ မဟုတ်ပါလား။ အစိုးရသစ်ထဲ ၀င်လုပ်ဖို့ ကိစ္စကျမှ ပါတီဆုံးဖြတ်ချက် ဘာလို့ တောင်းနေလဲဆိုတာ မစဉ်းစားတတ်ပါ ။
TYK
September 28, 2011 11:22 AM


20 comments:

Soe Tun said...

မေးခွန်းတွေက စေ့စပ်ပါပေတယ်။

Anonymous said...

I do not see a problem for her working with new government.
If she be be prime minister or
senior ministorial duty, she
can work with the president.

Do you guys prefer her to be
in another house arrest when
you guys were browsing web,
enjoying beer and BBQ in east
coast, posing photos to post
those on FB, touring Burma
and Bangkok, etc.. Have some
heart for my leader, 60+ years
old widow.

Anonymous said...

တစောက်ကန်းပေါ

Anonymous said...

Do you think this government will be let her Prime Minister ???? Dreamingggggggg. :) Btw I'm not supporter of either Daw Aung San Su Kyi or Ko Paw. Just silent reader.

Thanks and Regards
KPS

Anonymous said...

ကိုပေါရဲ့  လမ်းပြ မြေပုံလေး လုပ်ပါဗျို့ ။

Anonymous said...

They have to, they should give
her such important portfolio
for national reconciliation
among Burmese.

Khin said...

ဒေါ်အောင်ဆန်းစုကြည် က
"ကျွန်မ ဒီလို လုပ်နေတာ တွေ ကို မကြိုက်ရင် ကျွန်မ ရှေ့ဆက် ဘာလုပ်ရမယ် ဆိုတာကို အကြံပေးကြပါ။"
လို့ ပြန်မေးရင် ရော ဖြေစရာ အဖြေ ရှိကြရဲ့လား။
"ခင်ဗျား ထောင်ထဲပြန်ဝင်နေပါ" လို့ သွယ်ဝိုက်ပြီး အကြံပြုကြ ဦးမှာလား။
"ပါတီ ကိုသာ ကယ်ပါ။ ပြည်သူလူထု က အရေးမကြီးပါ" လို့ တစ်ကိုယ်ကောင်း အဆင်အခြင်မဲ့ အကြံပြုကြ ဦးမှာလား။

သိထားဖို့ လိုတာက မြန်မာပြည်သူအများစု ဟာ လက်ရှိဆင်းရဲတွင်း ကသာ အမြန်ထွက်ချင် နေကြပါတယ်။
ရေငတ်နေချိန်မှာ ရေတစ်စက် ကလဲ ရှေ့ဆက် အသက်ဆက်ရမဲ့ အား ၊ အမှောင်ထဲ မှာ အလင်းပျပျလေးဟာလဲ ရှေ့ဆက်သွားရမဲ့ ခရီး အတွက် အား ပါဘဲ။
ကိုယ်ကိုတိုင် ရေငတ် ၊ ကိုယ်ကိုတိုင် အမှောင်ထဲ မှာ မနေရချိန်မှာတော့ အဲဒါတွေ ကို ကိုယ်ချင်းစာ စိတ် ရှိနိုင်ကြမှာ မဟုတ်ပါဘူး။

ရှင်းရှင်း ပြောရရင် မြန်မာပြည်သူအများစု ဟာ ဘာကို မှ အစွဲမရှိပါ။
ငရဲတွင်း က လွတ်ဖို့ ဘယ်သူဘဲ ကယ်ကယ်ပါ။
အဲဒါကို အပြင်က နေ ငါစွဲ တွေ၊ လေမန်း တွေ နဲ့ ငရဲတွင်း ဝကို ပိတ်မထားမိဖို့ သာ ဂရုစိုက်ကြပါ။
ကိုယ့်ပြည်တွင်း က ပြည်သူလူထု ကို တကယ် စေတနာထားတယ် ဆိုရင်ပေါ့။

Khin said...

တိုင်းပြည် ရဲ့ ကံကြမ္မာဟာ လူတစ်ဦး ပေါ်မှာဘဲ တည်မနေသင့်ဘူး လို့ ဖြစ်သင့် ပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့ချိန် တနည်း သူ့အရည်အသွေး ကိုတိုင်းပြည် က လက်လွှတ် လိုက်ရချိန်မှာ သူ့လို လူ ကို ဘယ်သူ အစားထိုး နိုင်ခဲ့ပါသလဲ။ အဲလို အစားထိုးနိုင် ခဲ့ရင် တော့ မြန်မာပြည် ဟာ ဒီလိုဖြစ်နေမယ် မထင်ပါဘူး။
ဒီတော့ ဝမ်းနဲစွာဘဲ အခုချိန်မှာလဲ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အသွေးကသာ တိုင်းပြည်ကို ငရဲကလွတ်အောင် လုပ်ပေးနိုင်ပါမယ်။
တစ်ခြား ဘယ်သူ ရှိပါလဲ။ ဘယ်သူ က သူ့ကို အစားထိုးနိုင်ပါသလဲ။
ကိုယ့်ကိုကိုယ် မင်းသား ထင်ရင်း လူကြမ်း ဖြစ်သွားတတ်တာ ကို သတိထားကြပါ။

Anonymous said...

ကိုပေါကို အစားထိုးလို့ ရပါတယ်။
သူဦးဆောင်နိုင်တယ်။ သူဘာလုပ်ရမယ်ဆိုတာသူသိပါတယ်။
ကိုပေါကိုသာ ၀ိုင်းရံကြပါ။

Anonymous said...

Na Paw,
U want to see Peace & Wealth of Myanmar People or fighting in Myanmar ? Not only Nga Paw , I want to ask Lwan Swe and other who want to see crisis in Myanmar.

Paw Asshole said...

F**K urself nga paw
:D :D :D
Without u, everybody can be happy beside ur family ( Not so sure also :P )
Without our mother su, we cant be happy.
thats is sure.

Anonymous said...

ပေါကြီးကိုဝန်းရံကြ
တလောကကြားလိုက်ရတဲ့ကြွေးကြော်သံလေး၊ ပေါအောက်ဆွဲတို့တော့ လက်ခမောင်းကို ထခတ်ပစ်လိုက်တယ်။ ကဲ အခုတော့ ပေါကြီးသာလျှင် မြန်မာပြည်အနာဂတ်အတွက် အားထားရာမှန်း သိကုန်ကြပြီမဟုတ်လား။ ပြိုင်ဘက်တွေကို အပြတ်ဖြတ်ပစ်ခဲ့တဲ့ပေါကြီးပါ။

ပညာရှိများတွေးကြည့်ရင် ပြေးကြည့်စရာမလိုပါဘူးလေ၊ ပြေးကြည့်လိုက်ရင် “ပုဒ်မငါး”တော့အကြောက်သား၊ အဟိ။ ဝေးဝေးကသာ မြင်းအီးပေါက်သလို မြန်မာ့ရေးရာ၊ ရမ်းကားဝေဖန်ရေးလုပ်နေသူများကို အကဲဖြတ်ရရင်တော့။

မြန်မာပြည်ရဲ့ အနာဂတ်ကို စင်ကာပူအရပ်ကနေ ယမကာလေးတမြမြနဲ့ မှန်းဆတွက်ချက်ပြခဲ့တဲ့ပေါကြီး။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်၊ ရှတ်ချရုံတင်မက စောင်းမြောင်း ဆဲဆိုခြင်းအထိ ပေါကြီးတို့က ရမ်းပြီကွဲ့။ ဂျောက်ဂျက်လို စာသားကြမ်းကြမ်းမှ သဘောကျတတ်တဲ့ပေါကြီးဆိုတော့ အညှီလေးနဲ့မှ ပေါကြီးက ရင်ချောင်သကွဲ့။ ဝေဖန်လေကန် ရုံတင်မက အခုတော့ ဘောင်းဘီချွတ်ပြီး ကော့တောင်ပြလိုက်သေးဗျား။

ပေါကြီးနောက်မှာ မထိတထိ ကပ်လိုက်နေသူကတော့ ဘိလပ်ကနေ ကုန်းကုန်းအော်နေတဲ့ ဝတုတ် ခေါ် သူရိန်ကျော်ဇော (ကုန်းကုန်းအော်နေတယ်လို့ ပြောရတာက ဗကပရဲ့ အိမ်ရှေ့ စံ ကိုယ်တော်လေး ပေကိုးဗျ၊ အဲဒီတော့ မျှစ်စို့ပေါက်ကြီးထိုးထားသလို တရုတ်ကြီးက နောက်ကကျုံးနေတော့ သူ့ခမျာ ပေါကြီးလို ကော့ပြလို့မရဘူးပေါ့၊ ဗမာလို ရေးတတ်၊ ပြောတတ်ရဲ့သားနဲ့ မြန်မာပြည်ကိစ္စကို ဘိုလိုလေး ဆရာလုပ်လိုက်ရမှ သူ့ခမျာ ရင်ချောင်ရှာတယ်။)

နောက်တဦးကတော့ ဘိလပ်ကပါပဲ ဘိုဘိုလန်းစင်ပါ။ သူရိန်ကျော်ဇော အဆက်အသွယ်တွေနဲ့ စတာလင်ပေါင်လေး ခပ်ချောင်ချောင်ရနိုင်တဲ့ ရေဒီယိုအလုပ်လေးတွေကို မျှော်ကိုးရင်း သူရိန်ကျော်ဇောအောက်ဆွဲ ဖြစ်ခဲ့ရရှာသူပါ။ (ရိုင်းစိုင်း ရမ်းကားတဲ့နေရာမှာ ထိပ်သီးပါခင်ဗျ၊ ပေါကြီးထက်တောင် သာပါတယ်။ ဘဝင်မြင့်တတ်တဲ့နေရာမှာ အတုမရှိဘူးကွဲ့လို့ သူ့အဖွား လူထုဒေါ်အမာကိုယ်တိုင် အသိအမှတ်ပြုထားရသူပါ)။ သူတို့တွေကတော့ ပညာတတ်ဆိုတဲ့ လည်ပတ်လေးနဲ့ ခွေးကတက်မှာ နေရာရထားကြသဗျ၊

သူတို့လောက် အဆင့်မရှိဘဲ မြေကြီးပေါ်မှာ ဝဲကုပ်နေတဲ့ တိမွေးကု လွဏ်းဆွေကတော့ မဲဆောက်ရပ်ကွက်သားခင်ဗျ။ မရောက်ဘူးတဲ့ ဖာရုံမရှိစေရဆိုတဲ့ ကြွေးကြော်သံနဲ့ နယ်စပ်နိုင်ငံရေးကို အပီအပြင်အကောင်အထည် ဖော်နေသူကြီးပါခင်ဗျ။ အဲသလိုလူတွေကို ပေါကြီးက အပြတ်ဖြတ်လိုက်ပြီကွဲ့။

ထလော့မြန်မာ။ အိုမြန်မာတို့။ ပေါကြီးကို ဝန်းရံကြလော့။
အရေးတော်ပုံအောင်ရမည်။

Anonymous said...

ကိုဝတုတ်တဲ့။ ။
ဗိုလ်မှူးချုပ်ကျော်ဇောမြေးတဲ့။ မျိုးကောင်းရိုးကောင်းပါ။ အင်္ဂလန်မှာ ဘွဲ့လွန်တွေ ဘာတွေတောင်တက်နေတာ လူတော်ပါ။ ဒေါ်စုကို အားမရဖြစ်နေရှာတာ။
သူ့အဖိုးကို ဥပမာယူကြည့်စမ်းပါ။ တရုတ်ပြည်ရောက်နေတာ ဘယ်နှစ်နှစ်ရှိပြီတုန်း။ ဘာများ လုပ်နိုင်တုန်း။ သူ့အဖိုးအကြောင်း သူအသိဆုံးနေမှာပါ။ တရုတ်ကွန်မြူနစ်ပါတီက လိုအပ်ရင် ထုတ်သုံးဖို့ မွေးခံထားရတာ ကြာပြီ။

ရဲဘော်ဖိုးသံချောင်းတို့အပါအ၀င် ကိုယ့်ကိုကိုယ် တကယ်ဝေဖန်ဆန်းစစ်ကြည့်ကြရင် သတ်သေဖို့တောင်ကောင်းတယ်။ သူတို့ အားထားရာ တရုတ်ကွန်မြူနစ်ပါတီက သူတို့ကိုလည်းမွေးထား။ နအဖကိုလည်း မြှောက်စား။ တရုတ်က သူတို့ကို ချကျွေးလိုက်တုန်းက လွတ်အောင် ပြေးရမှာပေါ့။ လက်တွေ့အလုပ်လုပ်ရတာ မလွယ်မှန်း သူတို့တွေသိပါတယ်။ ကိုဝတုတ်ကလည်း ခေသူမဟုတ်ပါ။ ကွန်မြူနစ်ဝါဒ၊ ဘာသာဆန့်ကျင်သူဆိုတာ သူ့ဖေ့ဘုတ်မှာ ကြေငြာထားပါတယ်။ ကားမတ်ရဲ့ အုတ်ဂူကိုသွား ၊ ဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်မှာ တင်၊ ကွန်မြူနစ်ဖြစ်ကြောင်း ပြထားတာ။ မိန်းမနဲ့ ဟော်လန်၊ တရုတ်ပြည် လည်ပတ်လိုက်၊ အင်တာနက်နဲ့ တော်လှန်ရေးလုပ်လိုက်။ အင်္ဂလန်မှာ ကောင်းနေတဲ့ အနာဂတ်ကို စွန့်ပြီး ဘယ်မှာ လက်တွေ့တော်လှန်ရေး လုပ်မလဲဗျာ။

ကိုလွမ်းဆွေ ။ ။
ကျောင်းသားဘ၀မှာ ၈၈ ဖြစ်တယ်။ ဘာလုပ်နေမှန်း မသိဘူး။ အင်တာဗျူးထဲမှာတော့ ပြောထားတာပဲ။ ဘာမှ မလုပ်ဘူးဆိုတာ။ အဖေက မဂ်ဂဇင်းထောင်ထားတာဆိုတော့ အချိန်တန်တော့ အယ်ဒီတာဖြစ်တယ်။ ချေဂွေဗားရားအားကျပြီး နယ်စပ်သွား၊ ကိုယ်ရေးကိုယ်တာကို မပြောတော့ဘူး။ စာပေတော်လှန်ရေးသမားလုပ်ချင်တယ်
တဲ့။ နယ်စပ်ကနေ။ ဒုတိယ စိတ်ကူးယဉ်တော်လှန်ရေးစာရေးဆရာတော့ ဖြစ်လာမှာပါ။ ဗန်းမော်တင်အောင်လို့တော့ ပထမဘယ်ဖြစ်ပါ့မလဲဗျာ။ ထောင်မှ မကျဘူးတာ။ ပြည်တွင်းဝင်လာပြီး လက်တွေ့အလုပ်လုပ်ရင်တော့ ပထမဖြစ်လာနိုင်ပါတယ်။

ကိုပေါ။ ။
နာမည်ကိုက ကိုပေါ။ ဘလော့ခေတ်ဦးမှာ အသံထွက်ထားတော့ လူသိနေတာပေါ့ဗျာ။ ဘာများ လက်တွေ့လုပ်ဖူးသလဲ။ စလုံးက ပါတီတွေနဲ့ လုပ်တာတော့ ရှိပါတယ်။ ခုတော့ အဲဒီပါတီလည်း ခေတ်မကောင်းဘူး။ ငြိမ်နေရတယ်။ အရင်က ဗိုလ်သန်းရွှေကို အပုပ်ချပြီး နာမည်ယူတယ်။ ခုတော့ ဒေါ်စုကို အပုပ်ချတယ်။ အလုပ်မဖြစ်ဘူး ဘာညာနဲ့။ ဒေါ်စုကို ခေါင်းဆောင်မတင်ချင်တော့ရင် ဘယ်သူ့ကို တင်မလဲဆိုတာ စဉ်းစားထားစေချင်ပါတယ်။ ဟုတ်ပြီ ဒေါ်စုကို ခေါင်းဆောင်တင်တာ ၂၃ နှစ်ရှိပြီ ဘာမှမဖြစ်ဘူး။ ဘယ်သူ့ကို ထပ်တင်မလဲ။ ဦးဝင်းတင်လွတ်တာလည်း ဘယ်လောက်ကြာပြီလဲ။ လူပြိန်းကြိုက်စာတွေနဲ့ သကြံ င်္န်အမြောက်တွေ ဖောက်လို့ကောင်းတယ်။ ရေးတတ်ရင် ရေးစမ်းပါဗျာ။
~~~~~ကိုပေါ၏ လမ်းပြမြေပုံ။ ။~~~~

တုတ်ကြီး တာဝင်္တိသာဆိုတာ။ ပြည်ပမှာနေပြီး နာမည်ရင်းတောင် မဖော်ရဲဘဲနဲ့ လူထုတိုက်ပွဲတွေ ပြောနေတာ။ ဘယ်လိုလုပ် ယုံရမလဲဗျာ။ အပေါ်က လူတွေလောက်တောင် သတ္တိမရှိဘူး။

Anonymous said...

ကိုပေါ ကို ဘူးဂစ် မှာ သောက်နေဒါ ခဏ ခဏ တွေ့ ဒယ် ၂၀၀၇ တုန်းက တက်ကြွဘူးဒဲ့ ဟိုကောင်လေးနဲ့ ဟီး ဟီး

ကိုပေါ said...

Anonymous (September 30, 2011 5:00 PM),

နှုတ်ဆက်လိုက်ရောပေါ့ဗျာ။ အခု အဲဒီ ဘူးဂစ်က လေးမျက်နှာဘုရားလေးနဲ့ ဆိုင်က ပိတ်သွားလို့ ဘုံပျောက်သွားပြီး အိမ်နဲ့မလှမ်းမကမ်းက ဆိုင်မှာ ပြောင်းသောက်နေရတယ်ဗျာ။

Anonymous said...

နှုတ်မဆက်ချင်ပါဘူး ခင်ဗျား နဲ့ ဘုံတူညီတဲ့အ ကြောင်းအရာဘာမှမ ရှိဘူး ခစ် ခစ်

ကိုပေါ said...

ပိုင်သဗျာ။ :-)

Anonymous said...

What Ko Paw, Wa Tote and Lun Swe have shown is that combination of
big egos, a few pieces of papers
and little knowledge is dangerous.

There are more than 10000 Burmese
with (degree diploma)qualification papers with MA, MSc, MEng, MBA, MD and PhDs from OECD countries: US, UK, Canada, Australia, Japan and Europe and from well regarded unis in Asia, Russia and eastern
Europe. There are respectable
wise folks in Burma without foreign degrees and experience.

How that 10000 arrived is because
every year more than 1000 Burmese
left overseas for education for real studies. Most may end up in
unis in neighbouring nations, low
ranking western universities, or Singapore polytechnics but they went on to earn undergraduate degrees and advanced degrees (MS,MA), professional degrees
(MD, MBA) and terminal degrees
(PhD). Also Burmese with first degrees and Masters from Burma
went on to earn higher degrees
in overseas. Some ABSDF members
also managed to earn such degrees
and so are the ethnic minorities.

When I was familiarizing with FB,
I found some Burma born Burmese
in late 20s have become a junior faculity member in top US unis.
Some Burmese with first degrees from Burma later become reader
(associate professor)in British
red brick university. Some are
working as post doctrates and
some also rise up. This trend
persist since 1988 and we will
easily have 10000 with graduate
or terminal degrees, that means
they have papers as good as such
folks who are targetting Daw Su.
They should think twice before
they want to flaunt off their
tainted stiff certificates.
Or they may become like little
peacocks who expose their asses
while showing off their feathers.
No one will impress with their
feathers but disgust observing
their reddened swollen asses.

မန်းကိုကို said...

ကိုပေါရဲ့ပို့စ်ကို ဒီညနေမှ ဖတ်ဖြစ်တော့တယ် ။ ကျနော့် အမြင်ကတော့ နည်းနည်း အကျယ်ချဲ့ထားတာ ရှိပါတယ် (http://mahnkoko.blogspot.com/2011/09/blog-post_30.html)။ ဒါပေမယ့် ကိုပေါရဲ့ပို့စ်ကို ဖတ်လိုက်တော့မှ ကျနော် သတင်းလိုက်တာ မစုံလင်လို့ ရေးတာ နည်းနည်း နောက်ကျသလိုဖြစ်သွားတယ်လို့ နားလည်မိတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်ရဲ့ သဘောထားကို အသင့်အတင့် ပေါ်လွင်အောင်တော့ ရေးပြထားနိုင်မယ်လို့ ယုံကြည်ပါတယ် ။

Anonymous said...

Another swollen pinky ass exposed!

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs