ကိုပေါရဲ့ အသံ

Share |
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အသံကို နားထောင်ချင်တယ်ဆိုတော့... ကျနော်လည်း ပြည်သူတယောက်အနေနဲ့ ကျနော့်ဉာဏ်လေးရှိသလောက် ခြစ်ခြုတ်စဉ်းစားတွေးခေါ်ပြီးသကာလ ကျနော့်အသံလေးကို အခုလို ထုတ်လိုက်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကြားပါစေသတည်း....း-)

(၁) ထောင်သောင်းချီတဲ့ လူစုလူဝေးကြီးတွေလုပ်တဲ့အခါ အားလုံး ကြားနိုင်ဖို့အတွက် အသံချဲ့စက်ကောင်းကောင်းတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကို အသံဖမ်းတဲ့အခါ ကြည်ကြည်လင်လင် ကြားရအောင် မိုက်ကရိုဖုန်းက အသံကို တိုက်ရိုက် ဖမ်းယူထားတာမျိုး လည်း (ပါတီဝင်တွေကိုယ်တိုင်က တာဝန်ယူပြီး) လုပ်သင့်ပါတယ်။

(၂) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်တွေ၊ အသိပေးချက်တွေကို ပြည်တွင်းပြည်ပကို အလျှင်အမြန် ဖြန့်ဖြူးပေးနိုင်မယ့် တရားဝင်အင်တာနက်စာမျက်နှာ (official webpage) တခု လိုအပ်နေပါတယ်။ မိန့်ခွန်းတွေကိုလည်း အဆိုပါ အင်တာနက်စာမျက်နှာပေါ်မှာ အများပြည်သူ အလွယ်တကူ နားထောင် ကိုးကားနိုင်အောင် စီစဉ်ပေးထားသင့်ပါတယ်။

(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီပိုင် ဓါတ်ပုံဆရာ ကောင်းကောင်းတွေ လိုအပ်နေပါတယ်။ (ကိုကျော်သူ ပန်းချီကား လှူနေတဲ့ပုံတွေကို ကြည့်ရတုန်းက မှုန်ဝါးနေတဲ့အတွက် ကျနော်များ မျက်မှန်မတပ်မိလို့လေလား သေချာအောင် ပြန်စမ်းကြည့်ရပါသေးတယ်။)

(၄) ထုတ်ပြန်ကြေညာချက်တွေကို လက်နှိပ်စက်ရိုက်ပြီး ထုတ်ပြန်တာထက် ကွန်ပြူတာများကို သုံးစွဲပြီး စာစီစာရိုက်လုပ်ကာ ထုတ်ပြန်ဖို့လည်း အကြံပြုပါတယ်။

(၅) ဒေါ်အောင်ဆန်းစုကြည် Facebook သုံးရင် မိတ်ဆွေအများဆုံး ဖေ့စ်ဘွတ်ခ် ဖြစ်သွားနိုင်ပါတယ်။ သုံးဖို့လည်း တိုက်တွန်းပါတယ်။

(၆) ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒီမိုကရေစီကွန်ယက် ဆိုတာကို အင်မတန် စိတ်ဝင်စားပါတယ်။ စင်္ကာပူ၊ ထိုင်း၊ မလေးရှားက စလို့ သြစတေးလျ၊ အင်္ဂလန်၊ အမေရိကန်စတဲ့ ကမ္ဘာ့တိုင်းပြည်အရပ်ရပ်ကို ရောက်နေတဲ့ ကျနော်တို့လို မြန်မာပြည်သူတွေအားလုံး တစုတစည်းတည်း တက်ညီလက်ညီ ပါဝင် လှုပ်ရှားနိုင်တဲ့ ကွန်ယက်ကြီးတခု ဖွဲ့စည်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်။

(၇) ပြည်ပမှာ မြန်မာလူမျိုးတွေ အများအပြားရှိတဲ့အတွက် One Dollar Campaign လို့ခေါ်တဲ့ တစ်လကို မြန်မာတဦးလျှင် တစ်ဒေါ်လာ ထည့်ဝင်ပြီး ပြည်တွင်းက ဒီမိုကရေစီ ကွန်ယက်ကို ထောက်ပံ့တဲ့ အစီအစဉ်မျိုး ပေါ်လာရင် ပြည်တွင်းက လှုပ်ရှားမှုတွေကို တော်တော်လေး ထိထိရောက်ရောက် ကူညီနိုင်မယ်လို့ တွေးမိပါတယ်။

29 comments:

အောင်ကျော် said...

ကန့်ကွက်ရန် မရှိ။ သဘောမျှပါကြောင်း။

ရွှေရတုမှတ်တမ်း said...

ကျနော်တို့ ပြည်တွင်းကွန်ယက်တွေ တတ်နိုင်သလောက်လှူနေပါတယ်.ပြည်တွင်းမှာ ရှိတဲ့သူတွေအတွက်အင်မတန် အန္တရာယ်များတော့ လူသိရှင်ကြားအလှူခံဖို့ခက် ပါသည်၊ ပြည်တွင်းကရုံးတရုံးကို ကွန်ပြူတာလှူဖို့ မေးတဲ့အခါ မီးမလာလို့ လက်နှိပ်စက်ပဲ တောင်းလို့ အဲဒါပဲဝယ်ပေးဖူးပါသည်..အသံချဲ့စက်ကိစ္စတွေကတော့ သူတို့ရုံးကလူကြီးတွေ စီစဉ်လျင်တော့ကောငင်းတာပေါ့..ငွေထုတ်ပေးမဲ့သူတွေ ..အဆင်သင့်ရှိပါတယ်..

မောင်ဝေး said...

(၁) လော်တွေလိုတယ်၊ မိုက်တွေလိုတယ်၊ အမ့်တွေလိုတယ်။
(၂) ဝက်ဘ်ပေ့ခ်ျ ဒီဗလိုပါနဲ့ အယ်ဒီတာတွေလိုတယ်။
(၃) အုန်းသီးကြီးကြီးကောင်းကောင်းလိုတယ်၊ ကင်မလာမန်းကောင်းကောင်းလိုတယ်။
(၄) လက်ပုတော့တွေလိုတယ်၊ ပရင့်တာတွေလိုတယ်။
(၅) အင်တာနက် လိုင်းကောင်းကောင်းလိုတယ် (ဟင်း...ရွှေပြည်ထဲမှာ)
(၆) နက်ဝေါ့ကြီးတခုလိုတာပေါ့နော်။
(၇) ပေးပယ်လ်အကောင့်နဲ့ စုဘူးကြီးကြီးပေါ့နော်။
ကိုပေါရဲ့ အကြံတွေကို အကျဉ်းချုံး စာရင်းလုပ်ကြည့်တာပါ။

ကိုဇော် said...

အရမ်းသင့်တော်တယ်ဗျာ။

Anonymous said...

ကိုပေါရဲ့ အကြံပြုချက်များကို လုံးဝ ထောက်ခံပါတယ်။
အသံ အရုပ် ၀ါးတားတားတွေကို ကြည့်ပြီး အားမလိုအားမရ ဖြစ်နေမိတယ်

ခင်မင်သူ

Morris said...

ကောင်း ဗျာ ..၊ အ ရမ်း ကောင်း ပဲ ၊ ကို ပေါ် ရဲ့ အ သံ ၊ အဲ့ အ တိုင်း ပဲ ကျ နော့ ရဲ့ အ သံ လည်း :D ။ ဒါ ပေ မယ့် ကို ပေါ ရေ.. ၊ ကျ နော့ စိတ် ထင် တော် တော် လေး ကို လုံ ခြုံ ရေး အား နည်း နေ တယ် လို့ ခံ စား ရ တယ် ၊ ဒေါ် စု ရဲ့ သွား လာ လှုပ် ရှား ပုံ တွေ မှာ ( တော် တော် များ များ လည်း အဲ့ ဒါ ကို ထောက် ပြ တာ ကို တွေ့ ရ တယ် လေ။ )ကျ နော် ၀ါ ရီ ဖြစ် တဲ့ ဥ ပ မာ တ ခု ဗျာ ၊ ပါ က စ္စ တန် တုန်း က မစ် ဘူ တို တ ယောက် လူ ထု ရှေ့ ကို ရောက် ချ လာ တုန်း က ဒေါ် အောင် ဆန်း စု ကြည် အ ခု လို ကြို ဆို ခံ ရ တာ ထက် မ များ တောင် မ နိမ့် ပါ ဘူး ၊ အဲ... သူ ဘာ ဖြစ် သွား လဲ ( ဒါ တောင် သူ့ မှာ လုံ ခြုံ ရေး တောက် လျှောက် လိုက် ပေး ထား တာ နော် )။ အဲ့ တုန်း က အား လုံး လဲ သိ ကြ တာ ပဲ လေ ၊ တ က မ္ဘာ လုံး ရဲ့ သ တင်း စာ တွေ ရဲ့ ခေါင်း ကြီး ပိုင်း မှာ မစ် ဘူ တို နေ ရာ အ ပြည့် ယူ ခဲ့ တယ် ။ သူ တ ခု ခု ဖြစ် ရင် ပဲ သူ့ လူ တွေ ကော အ ခြား က မ္ဘာ့ နိုင် ငံ အ သီး သီး က အ ထင် က ရ ပု ဂ္ဂိုလ် တွေ က ပါ မြေ လှန် ပြီး ပြ သ နာ ရှာ မယ့် အ ပေါက် မျိုး နဲ့ သူ့ ဘက် မှာ ရှိ ခဲ့ ကြ တယ် ။ ပြီး တော့ လဲ လုပ် ကြံ ခံ ရ ပြီး တ လ တောင် မကြာ ပါ ဘူး အဲ့ ဒီ ဆင် ဖမ်း မယ် ကြား ဖမ်း မယ် ဆို တဲ့ အ သံ တွေ ဘယ် ရောက် ကုန် မှန်း ကို မ သိ တော့ ဘူး ( တ က မ္ဘာ လုံ: )။ လုပ် ကြံ ခံ ရ ကာ စ လက် တ လော လေး လောက် တော့ လက် ရှိ ပါ က စ္စ တန် အ စိုး ရ က တော် တော် လေး ကို ရှင်း လိုက် ရ တယ်။ ဒါ ပေ မယ့် ပြီး တော့ လဲ ပြီး သွား တာ ပါ ပဲ ဆို တာ အဲ့ ဒါ သာ ဓ က ပဲ ။ ကျ နော် ၀ါ ရီ ဖြစ် တာ က အဲ့ လို အ ပေါက် မျိုး အ ချိုး ခံ ရ မှာ အ ရမ်း ကြောက် တယ် ။ ကို ပေါ ရဲ့ အ သံ မှာ အဲ့ ဒီ လုံ ခြုံ ရေး ဆို တဲ့ စ ကား (အ ကြံ ပေး ချက် ပေါ့ လေ ) မ ပါ တော့ မ ပြည့် စုံ ဘူး လို့ ထင် တယ် ဗျာ။

ကိုပေါ said...

Morris... ဟုတ်တယ်။ အဲဒီ လုံခြုံရေးကိစ္စက တကယ်တော့ အရေးကြီးလှပါတယ်။ လူတိုင်းလည်း ပူပန်နေတဲ့ကိစ္စပေါ့။ ဒါပေမယ့် အဲသည်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တော့ မကျွမ်းကျင်တဲ့အလျောက် အကြံမပေးတတ်ဘူး။ တခြား မိတ်ဆွေနိုင်ငံတခုခုက လုံခြုံရေးနဲ့ ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့ လုံခြုံရေးအဖွဲ့အစည်းတွေဆီက အကူအညီတောင်းပြီး (လုံခြုံရေးတာဝန်ယူတဲ့)အဖွဲ့ချုပ်လူငယ်တွေကို သင်တန်းပေးတာမျိုးဆိုရင် ပိုသင့်လျော်မယ်လို့ ထင်ပါတယ်။

Anonymous said...

No.2>> Gov will definitely block their internet connection. So, at the moment, NLD-LA should do that.

No. 5>> Twitter messages can be linked on Facebook, so can setup both accounts, then linked. So it will be even better.

No. 1, 3 & 4 >> Agree, but they may need equipments and technicians.

No. 6 >> The best idea in your post.

No. 7 >> Agree but will need a respectable person/ organisation to do it.

Ngaman said...

Dear KP,
Absolutely agree wz u, especially in such facts; to set up Net Work and 1$ campaign. Pls try to pass these voice to Daw Suu.

ကိုဇော် said...

အစစ်အမှန်လို့တော့ မပြောရဲသေးပါဘူး။
ဘာလို့လဲ ဆိုတော့ ဒေါ်စုက အခုမှ ဖုန်းနဲ့ အင်တာနက် သုံးဖို့ လျှောက်မယ် လို့ ဆိုထားတာကိုး။
ဒါပေမဲ့ အခု တွေ့တာလေးကို မျှတာပါ။ ဒေါ်စု ရဲ့ Facebook ပါ။

http://www.facebook.com/aungsansuukyi.peoplevoices?notif_t=friend_confirmed%E1%80%B1%E1%80%99%E1%80%85%E1%80%AF%E1%80%9B%E1%80%B2%E1%82%95#!/aungsansuukyi.peoplevoices?v=wall

ကြည်လင်တဲ့ အသံဖိုင်ကိုတော့ တင်ပေးနေပါတယ်။

Anonymous said...

Ko Gyi Paw, I think well experienced person must do and develop pro-active plan like risk assessment for Aunty Su.

Anonymous said...

ပ၇ိုဂျက်တာကောင်းကောင်းတခုလည်လိုတယ်ဗျာ...နော်လို့ 
(အောင်ကို)

ဟန်ကြည် said...

မှန်ပါတယ် ဒါပေမယ့် ကန့်သတ်ခံပါတီတစ်ခုအနေနဲ့တော့ ဒါတွေလုပ်နိုင်ဖို့ အခက်အခဲရှိတာ တစ်ခုပါပဲ...

အောင်ကိုကိုထိုက် said...

စမယ်လေ ကိုပေါဆီမှာစုမယ် ပြီးတော့စီစဉ်ပြီးပို့မယ် လောလောဆယ် ပထမအရစ် က ဒေါ်လာငါးဆယ်အထက်နဲ့စကြစို့ မကောင်းဘူးလား

အောင်ကိုကိုထိုက် said...

ပရောဂျက်တာက ဘုန်းကြီးတရာ့းပွဲတွေတောင်ထောင်ကြတာ ဒေါ်စုအတွက်ကတော့အဲဒါအရင်လုပ်သင့်တာပေါ့

Anonymous said...

For requirement of 1 to 4, instead of posting on your blog, why don't you initiate to accept donation, buy all those things and send it to NLD.
You have to be aware that, NLD does not have fund to buy all those things. It is better to watch out what you post not to offend who are working with what they have and afford.
All the tax that you paid at Burmese embassy goes to USDP!

Aung Nyein said...

"အစစ်အမှန်လို့တော့ မပြောရဲသေးပါဘူး။
ဘာလို့လဲ ဆိုတော့ ဒေါ်စုက အခုမှ ဖုန်းနဲ့ အင်တာနက် သုံးဖို့ လျှောက်မယ် လို့ ဆိုထားတာကိုး။
ဒါပေမဲ့ အခု တွေ့တာလေးကို မျှတာပါ။ ဒေါ်စု ရဲ့ Facebook ပါ။

http://www.facebook.com/aungsansuukyi.peoplevoices?notif_t=friend_confirmed%E1%80%B1%E1%80%99%E1%80%85%E1%80%AF%E1%80%9B%E1%80%B2%E1%82%95#!/aungsansuukyi.peoplevoices?v=wall

ကြည်လင်တဲ့ အသံဖိုင်ကိုတော့ တင်ပေးနေပါတယ်။"

I am not sure this is the correct facebook page. The one I am following is below:

http://www.facebook.com/#!/aungsansuukyi

Anonymous said...

FB page is Daw Su's fan page. Fan pages are set up by maintained by fans and not by (and should not be
as it is a waste of time) statesman or politicians themselves. If that fan page is not controlled by Daw Su supporters then it is a risk for her reputation as serious amount of moderation will be needed.

Anonymous said...

ကျွန်တော် သက်တော်စောင့်သင်တန်းတက်နေပါတယ်.....တစ်ချိန်ဒေါ်စု သက်တော်စောင့်လည်းဖြစ်လိုပါတယ်.....သင်တန်းပြီးရင် မြန်မာပြည်ပြန်ပြီး ဒေါ်စုလုံခြုံရေးလက်ရှိယူထားတဲ့လူတွေကိုလည်း သင်တန်းပေးပြီး ကျွန်တော်ကိုယ်တိုင်လည်း (သတို့လက်ခံရင်) ဒေါ်စု သက်တော်စောင့်အနေနဲ့ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိပါတယ်....ဒေါ်စု လုံခြုံရေးကို အခုထက် အဆပေါင်းများစွာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်......တော်တော် အန္တရာယ်များတဲ့အနေအထားပါ

ကိုပေါ said...

Anonymous (November 16, 2010 12:36 AM)....
လွန်ခဲ့တဲ့ ငါးနှစ်ကျော် ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ ပြည့်မွေးနေ့ကစလို့ ယခုအချိန်အထိ အိုးဝေစင်္ကာပူက ကမကထ လုပ်ပြီး ပြည်တွင်း ဒီမိုကရေစီအင်အားစုတွေကို လစဉ်မပျက် ထောက်ကူ ပံ့ပိုးနေတာရှိပါတယ်။ အလားတူပဲ အခြားအဖွဲ့ငယ်လေးတွေကလည်း သူ့အစီအစဉ်နဲ့သူ မြန်မာပြည်တွင်းက အင်အားစုတွေကို ထောက်ကူနေတာရှိပါတယ်။ မိတ်ဆွေအနေနဲ့ စိတ်ဝင်စားရင် ကျနော့် ဂျီမေးလ်ကို ဆက်သွယ်နိုင်ပါတယ်။ ကောက်ခံနေတဲ့ လူတွေရဲ့ ဆက်သွယ်ရန် အီးမေးလ်၊ (သို့မဟုတ်) ဖုန်းနံပါတ်ကို ကျနော်ပေးပါမယ်။

Anonymous said...

အမေစု ကိုလွတ်ပေးလိုက်တော့ သူတို့ မဲလိမ်တာတွေ ကို ဖုံးသွားတယ်။အခုအချိန်မှာ အရာအားလုံးသတိထားရမယ်။အမေ့ ကို ပြည်သူလူထုတွေ ထောက်ခံနေတာ သူတို့ တွေစိတ်ထဲမှာ မနာလိုတွေဖြစ်ပြီး အကောက်ကြံနေလောက်ပြီ။ေ၇ွှးကောက်ပွဲ မဲလိမ်တာတွေကို အာရုံလွှဲပေးပြီး နောက်ပိုင်းပြန်ဖမ်းမှာစိုးရိမ်မိတယ်။

Anonymous said...

Ko Paw

Totally agree with u.

Thanks for ur idea
SYN

Moe Cho Thinn said...

ကိုပေါရေ
မိုးမခမှာ တွေ့လို့ လိုက်လာပါတယ်။
၁၀၀ရာခိုင်နှုန်း သဘောတူ ထောက်ခံပါကြောင်း အိမ်တိုင်ရာရောက် လာပြောတာပါ။

Anonymous said...

ASEAN should back Daw Aung San Su Kyi before this hoppla die down!

kittyaye said...

100% agreed with Ko Paw and comments are good also.

ကိုရင်နော် said...

ကိုပေါရေ..
၁၀၀% ထောက်ခံပါတယ်..။

ကိုပေါ said...

လာရောက်ဖတ်ရှုသွားသူများ၊ ကွန်မင့်ရေးသွားသူများ အားလုံးကို ကျေးဇူးတင်ပါတယ်။

Witmone said...

ကိုပေါရေ .. အက်ရှင်စပိလောက်ဒါး ဆိုတဲ့အတိုင်း အန်တီစု ပြောတာ၊ လူလုပ်တဲ့ အက်ရှင်တွေ ကြည့်ပြီး .. တသသဖြစ်မိ၊ မျက်ရည်ကျ၊ ၀မ်းနည်း၊ စိတ်အားထက်သန် စေတာ အံ့သြစရာပါ။ သူ့ရဲ့ အက်ရှင်ကတော့ မိုးဒင်းအနပ် ပေါ့နော်..။

အန်တီစု အက်ရှင်အတိုင်း လိုက်လုပ်မဲ့ လူမျိုးကတော့ အလိုအပ်ဆုံးပေါ့ဗျာ၊ ကိုယ်တိုင်ပဲ အနစ်နာခံတဲ့လူတွေ လောလောဆယ် အန်တီစုလို မြန်မာပြည်ထိ ပြန်ကြည့်ရှုတဲ့ မြန်မာနိုင်ငံဘွားတွေကို အထူးဂုဏ်ပြုလိုက်ပါတယ်....။

ကျွန်းပိစိကွေးကလေးမှာ သောင်တင်နေတဲ့ ကိုပေါနဲ့ ကျုပ်တို့အတွက်တော့ ၀မ်းနည်းစရာပဲနော်.။ ကွာလတီကောင်းကောင်း နားထောင်၊ကြည့်ရှုဖို့ တောင်းဆိုတဲ့ ကိုပေါရဲ့အသံကို စိတ်မ၀င်စားပါဘူးဗျာ....

Anonymous said...

သဘောတူပါကြောင်း

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs