အိုင်ဗုတ်ဆိုတာ ဘာကြီးလဲဆိုတော့....

Share |

Photo credit - Link -

အိုင်ဖုန်း အိုင်မက် (iphone, imac)
အိုင်ပက်၊ အိုင်ပေါ့ဒ် (ipad, ipod)
အရမ်းဟော့တ် အရောင်းလည်းသွက်
စတိဗ်ဂျော့ဗ်ရဲ့ လက်ရာတွေအကြား
ဆင်တူယိုးမှား စတိုင်ထုတ်လိုသလားမသိ
အိုင်ဗုတ်ဆိုတာကြီး
ကျွန်ုပ်တို့ တိုင်းပြည်မှာ ထွက်ချလာ။

အိုင်ဗုတ်ဆိုတဲ့နောက်တော့
ပုပ်အဲ့နေတဲ့ ရေအိုင်ကြီးပေါ့။
အိုင်ပုပ်ထဲမှာ
စတိုင်ထုတ်နေသမျှ အမောင်တွေကလည်း
(ပြည်သူ့ငွေကို) ထိုင်အုပ်မယ့်ကောင်တွေချည်းသာ။

အမှိုက်သရိုက်တို့ ပြည့်မောက်
ပိုးလောက်တို့ ပျော်ရွှင်
မစင်စွန့်ရာ၊ ကျင်စွန့်ရာ...
အိုင်နာ အိုင်ဆိုး
အိုင်ကျိုး အိုင်ပဲ့
အိုင်ပျက် အိုင်စုတ်
အိုင်ပုပ် အိုင်ညစ်...
(ရပ်ကွက်ထဲ ရန်ဖြစ်ရင်တောင်)
ထစ်ကနဲဆို ပြောင်းဝက ကျည်ထွက်
ခေတ်အပျက်မှာ အမတ်ဖြစ်မယ်အကြံနဲ့
မနှစ်သက်စရာ သေနတ်ပစ် တကယ်သန်တဲ့
သြော်... စစ်ထွက်ငနာတွေ အရပ်ဝတ် ဖလှယ်ပြန်။

စနစ်ကယ် မမှန်
ဒလဝမ် မင်းအတုလုပ်လေတော့
ပြည်သူ့ဥစ္စာကို သူ့ဥစ္စာမှတ်
ပြည်သူ့လုပ်စာ သူ့လုပ်စာမှတ်တဲ့ပြင်
အချုပ်အချာအာဏာကိုပင်
သူ့အမေလင် ပစ္စည်းလို အပိုင်ကုပ်ပြီး
အနိုင်ဆုပ်လိုပါတဲ့ ဖြတ်လမ်းအကြံ
အိုင်ဗုတ်ဆိုတာရဲ့ ဇာတ်လမ်းအမှန်။

15 comments:

Anonymous said...

ဟယ် ကိုပေါရဲ့ ကဗျာ လေးက ထိတယ်တော့။

Anonymous said...

Dear Ko Paw, Compose about our flag that burnt nburied in SHWE PYI GYI pls.Ur poems r mirror of its history.:( Gyidaw

ကျော်ထင် said...

အိုင်ပုတ်ဆိုတော့ ခြေမဆေးတော့ဘူး သေးဘဲပေါက်ထည့်လိုက်မယ်

ကိုဇော် said...

ဟိုက်...အိုင်ဗုတ် နဲ့ စတိုင်လ်ထုတ်နေသူတွေတော့ တိန်ခနဲ နေမှာပဲ..။

Anonymous said...

ဗျိုး ကိုပေါ ။
ဆင်တူလေးတွေနဲ့ပါလား။
မိမဆုံးမ ဖမဆုံးမလေးတွေဖြစ်ပါလိမ့်မယ်။
ကျနော်လည်းပဲ နိုင်ငံရေးနဲ့ ပတ်သတ်ရင် မိမဆုံးမ ဖမဆုံးမပါပဲ။မိဘတွေက ပညာတတ်တွေလည်းမဟုတ်ဘူး။သာမန်အရပ်သားဈေးရောင်းဈေးဝယ်တွေဆိုတော့ နားမလည်ဘူး စိတ်မဝင်စားဘူး။ ကြောက်လည်းကြောက်တတ်တယ်ပေါ့ ။ ကျောင်းသားလေးတွေ သနားပါတယ်။ဗိုလ်ချုပ်သမီးသနားပါတယ်။ဟိုခွေးတိရိစ္ဆာန်တွေ တော်တော်မိုက်ရိုင်းတာပဲ ဆိုတာလောက်ထိပဲ။ ပြီးတော့ နင်တို့ ဝင်မပါနဲ့နော်။ ဒီကောင်တွေက လူစိတ်ရှိတာမဟုတ်ဘူးလည်း ပြောတတ်သေးတယ်။ ကျန်တာတော့ ကိုယ့်ဘာသာ အမှားအမှန် အကောင်းအဆိုး ဖတ်မှတ်လေ့လာပြီး စဉ်းစားချင့်ချိန်ရတာပဲ။
ခုကတော့ ကျနော်တို့ခေတ်ကထက်ဆိုးနေပြီထင်တယ်။မိဘလည်း မဆုံးမ နိုင်(မိဘကိုယ်တိုင်က မိမဆုံးမ ဖမဆုံးမဖြစ်ချင်ဖြစ်နေခဲ့မှာပေါ့)၊ ကိုယ်တိုင်လည်း စဉ်းစားနားလည်ဖို့ အားမထုတ်(သို့)အခွင့်အရေးမရ/မရှိ တော့ နိုင်ငံရေး အမြင်မှန်နဲ့ဝေးတယ်ထင်ပါတယ်။
လတ်တလောအခြေအနေကတော့ "ကျန်တာ မလုပ်ရဲရင်တောင် မလုပ်ပဲ နေရဲဖို့ တခုကတော့ မဲလုံးဝ မပေးခြင်းပဲ" လို့ ထင်တယ်။ ပေးချင်လှပါတယ်ဆိုရင်တောင် ဒီပွဲနဲ့ ဒီကျွဲတွေက ယုံလောက်စရာတကွက်တလေမှ မရှိတာပဲလေ။
ကျန်းမာပျော်ရွှင်ပါစေဗျား။

ko thant said...

KO PAW,
EXCELLENT!

Anonymous said...

လန်းပါ့ဗျား....

Kyaw Htin (EC) said...

The possible organizers of this movement are either from 1.Egress or 2. USDP or some other parties associated with them.
None of the youths in my knowledge believe in this election. They may prefer to vote, if they were forced to, to some democratic forces but that doesn't mean they are too eagerly supportive to vote.

Anonymous said...

These followers( I vote) are scoundrel.

ko thant said...

Ko Paw,
ကဗျာကို သဘောကျလို့ facebook မှာ share လိုက်ပါရစေ။

kma said...

အရမ်းမိုက်တယ်ဗျာ။

Anonymous said...

ko paw, can I share this poem on facebook?

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

Kyaw Htin(EC) said...

Now it has become clear that Egress is behind that movement. It's their right to have belief in this apparently sham election. But, if they are persuading people to vote, they must hold responsibility for the election to be free and fair; people's vote must not be rigged and abused.
If they can't hold such responsibility, this campaign is simply nothing more than but misleading the people by using ignorant youths.

Unknown said...

နေဝင်းမောင် ဆိုတဲ့ လူဟာ မရိုးသားဘူး ဆိုတာ သိတ်ထင်ရှားတယ်ဗျို့။ နအဖ နဲ့ တကြိတ်ထဲ ပဲ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs