ရှိပါစေတော့ ရှိစေတော့

Share |

အနီရောင်ပတ်စ်ပို့တ်သက်တမ်းနဲ့ ဝင်ငွေခွန်ပြေစာဟာ
အညမညပစ္စယောဟောတု ဆိုလို့
နှမြောမြောနဲ့ စုထားသမျှ ပိုက်ဆံလေးကို
ဘဏ်ထဲကနေ ထုတ်ယူပေးလိုက်ရတဲ့အကြောင်း
ကြေညာမောင်းခတ်မနေချင်တော့ပါဘူး။
ငါ့ဝဋ်ကြွေးနဲ့ငါ
ရှိပါစေတော့ ရှိစေတော့။

ချစ်ခြင်းမေတ္တာတွေကို လျှပ်စစ်လှိုင်းပေါ်ကတဆင့်
ပို့သခွင့်တောင်းတဲ့အခါ
ဂွစ်ကနဲ တချက်သာမြည်ပြီး
တချီတည်း ပြုတ်ကျသွားပေမယ့်
မသက်ကလေးရယ်တဲ့မှ သြော်မသာ
တဒေါ်လာစီ ကောင်တာတက်လွန်းလို့
ဖုန်းဘီလ်လာမှ မျက်ဖြူဆိုက်ရတဲ့အကြောင်း
ပြန်ပြောင်းပြီး မလှစ်ဟချင်တော့ပါ။
ငါ့အပြစ်နဲ့ငါသာ
ရှိပါစေတော့ ရှိစေတော့။

ပြည်တွင်းက သတင်းတွေ ကြားကြားသမျှ
အားရစရာ တကွက်မပါ။
ကမ္ဘာမှာ နေရာမှားပြီး လူဖြစ်လာခဲ့လေသလားလို့
စိတ်ညစ်ညစ်နဲ့ ညည်းတွားလိုက်ပြန်ရင်လည်း
နမီးဘီးယားက AIDS ရောဂါသည် မိဘမဲ့ကလေးက
မျက်စောင်းထ ထိုးချင်ထိုးနေဦးမှာမို့
မညည်းဝံ့တော့ပါဘူး။
ငါ့ဘဝနဲ့ငါသာ
ရှိပါစေတော့ ရှိစေတော့။

သစ်တပင်ကောင်း ငှက်တသောင်းနားရတယ်ဆိုပေမယ့်
သစ်ပင်က လက်မောင်းလောက်
ငှက်ပေါင်းက တကုဋေ
သေပြီဆရာ။
မညှာမတာ ချီးပါချတဲ့ အကောင်တွေကလည်း တင်းကြမ်းပြည့်။
ပင်စည်ကို တေ့ပြီး သေးပန်းတတ်တဲ့ကောင်တွေလည်း
သောက်ကျိုးနည်း များမှများဆိုတာ
ဝေဒနာပြပွဲ ခင်းမနေတော့ပါဘူး။
ငါ့အဖြစ်နဲ့ငါသာ
ရှိပါစေတော့ ရှိစေတော့။

10 comments:

ဂျစ်တူး ( မုံရွာ ) said...

ပို့ စ်ကိုတော့ဖတ်ပြီးသွားပြီ-
မှတ်ချက်က ခါတော်မီ ကိုပေါ အတွက်ပေးချင်တာ-
အသဲကြားကမဲတပြားပေးခဲ့ပါတယ်ဗျာ-
မောင့်ကြက်သရေခေါင်းပေါင်းကြီးနဲ့ ကိုပေါ ကခန့် လိုက်တာ-
တကယ်ပြောသွားတာပါဗျာ-

ကိုပေါ said...

အဲ့သလို မကွယ်မဝှက်၊ မမြှောက်မပင့် အမှန်အတိုင်း ဘွင်းဘွင်းကြီး ပြောတတ်လွန်းလို့ ဂျစ်တူးကို ခင်တာပေါ့ဗျာ.... အဟက်ဟက်။

Aung said...

ကိုပေါရေ..
စလုံးအစိုးရက ဘယ်လို pressure တွေပေးပေး၊ မြန်မာသံရုံးကို လျှာထွက်မတတ်၊ မသဒါရေစာ ဆက်ကြေး တွေ ဘယ်လောက်ဆက်သ နေရနေရ၊ နိုင်ငံတကာလေဆိပ်မှာလဲ မျက်နှာငယ်ငယ်နဲ့  အခက်အခဲအမျိုးမျိုးရင်ဆိုင်ပြီး ဒီအနီရောင် ပတ်စပိုစ့် ကိုင်ထားသူတွေအားလုံးကို လေးစားချီးကျူးမိပါကြောင်း။

:P said...

လောလောလတ်လတ်များ.. အညမည လုပ်ထားတာများလား...

ကိုပေါ said...

:P.... လောလောလတ်လတ်အနေနဲ့ကတော့ မဒမ်ပေါ နဲ့ မဒမ်ပေါအမေတို့အတွက် အလှူပါ။ ကျနော့် အလှူက အဲသည်ထက် စောပါတယ်။ သာဓုခေါ်ကြပါကုန်....း-)

Anonymous said...

Read the poem n try to match with KHANT KHANT GYI portrait of u.Thardu,thardu,thardu for ur donation as u wish.Thidingyut is just around the corner.:).....Gyidaw

မိုးယံ said...

ရှိစေတော့ ရှိစေတော့

စန္ဒကူး said...

မငြီးနေတော့ပါဘူး..ရှိပါစေတော့ရယ်လေ..

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

prosaiccollector said...

သစ်တပင်ကောင်း ငှက်တသောင်းနားရတယ်ဆိုပေမယ့်
သစ်ပင်က လက်မောင်းလောက်
ငှက်ပေါင်းက တကုဋေ
သေပြီဆရာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs