ဟောစိလို ဟောစိလို

Share |
(ဟိုတနေ့က မိတ်ဆွေတယောက် ပြန်လည်ဖောက်သည်ချတဲ့ ပုံပြင်လေးပါ။)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။

ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိ တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမှာ၊ ကျမ တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။

အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။

အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ)ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။

18 comments:

Bino said...

A nice shot.

BINO

ko thant said...

Ko Paw,
Don't you have any other story?
please, control your mind before you share your idea to publish.
otherwise!

မောင်ဝေး said...

ဟုတ်လယ် ကိုပေါ ဝ,အားကီး စိတ်ဆိုးလယ်။ ဂျပန် အားကီးဒုက္ခပေးလယ်။ ဂျပန်ကို စေအောင်စတ်ရမယ်။ ဂျပန်ကို စတ်ပီး ပေါက်စီလုပ်ခွီးကျွီးပစ်မယ်။

Anonymous said...

Right, especially 3rd group should not do "Halsilo Halsilo" as to be prolong power in hand of SPDC.

Ko Phyoe said...

Ko Paw,
I am just one of your readers ... but just nobody ...not even involved in Political movements before. Just a myanmar citizen who like to read your posts...

Infact, I also do not favour of our Election. and how it works !!! however, partly I still support for those small parties no matter what !! why ? Well...letting rather than the entire USDP dominate all the seats, atleast I feel that we have somebody(may be just one or two) who will voice out and let the public knows.. .may be who will tell something which should be / should not be ...even thought they have no power to implement...

Just my thoughts !!!

Anonymous said...

X rated post. It should have warning sign before reading.

ရွှေရတုမှတ်တမ်း said...

ကိုပေါရေ..
ဟောစီလို..ဟောစီလိုတွေလဲ ပြည်ပမှာ အများကြီး.
မြင်နေတယ်.မြင်နေရတယ်..

Anonymous said...

ကိုပေါ ခင်ဗျားအဲဒီလို ခပ်ရိုင်းရိုင်းလေး များများရေးဗျ ဒီမိုကရေစီမြန်မြန်ရအောင်

ဖိုးတုတ် said...

Ko Porn ရဲ့ ချုံပုတ်လို့ အမည်ပြောင်းရင် ကောင်းမယ်ဗျို. ၊ ခင်ဗျား profile က ဓါတ်ပုံကလည်း ဦးကျောက်လုံးကြီးနဲ.တူတယ်ဗျ ၊ ခန်.ချောကြီး ...

Anonymous said...

ရုပ်ရှင်သရုပ်ဆောင်တွေ ဟောစိလို ဟောစိလိုလုပ်တာနဲ့ စာနယ်ဇင်း သမားတွေ ဟောစိလို ဟောစိလို လုပ်တဲ့ အပေါ် ဆြာပေါရဲ့ သဘောထား ကွာပုံလေးကို တဆိတ် ရှင်းပြဖို့ တောင်းဆိုပါတယ်။

ကိုပေါ said...

မကွာဟ ပါဘူးဗျာ။ ဆောင်းပါးနှစ်ပုဒ်ကို အသေအချာ ပြန်ကြည့်ပါဦး။ ဝိုင်းစုကိစ္စတုန်းကတော့ ပြည်ပရောက်အတိုက်အခံများဟာ သူတို့ကိုယ်တိုင်တောင် ကြောက်လို့ ထွက်ပြေးလာပြီးမှ ပြည်တွင်းက သရုပ်ဆောင်အချို့ ကြောက်လို့ လုပ်ရတဲ့ကိစ္စကို ဆန္ဒပြကြတဲ့အပေါ် ရှေ့နောက်မညီလို့ ဝေဖန်တာပါ။ သရုပ်ဆောင်တွေရဲ့ လုပ်ရပ်ကို မှန်တယ်လို့ ကျနော် ချီးကျူးမထားပါဘူး။ ဆောင်းပါးထဲမှာ ရှုတ်ချတောင် ရှုတ်ချထားပါသေးတယ်။ ဆိုလိုတာက နအဖဒဏ်ကို မခံနိုင်လို့ ပြည်ပကို ထွက်ပြေးလာတဲ့ လူတွေမှာ အကြောက်တရားနဲ့ ပတ်သက်ရင် ပြည်တွင်းကလူထက် တမူးပိုရှူဖို့ Morally တဆင့်မြင့်တဲ့နေရာမှာ မရှိဘူးလို့ ဆိုလိုတာပါ။ ပြည်တွင်းက ပြည်သူတွေက ဝိုင်းစုကို ဆန္ဒပြရင် ဘာမှ ပြောစရာအကြောင်း မရှိဘူးလို့ အဲဒီဆောင်းပါးမှာ အတိအလင်းဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲဝင်တဲ့ဆရာများနဲ့ စာနယ်ဇင်းဆရာတွေကတော့ ကြောက်လို့ ငြိမ်ခံနေတဲ့သဘောထက် အလိုတူ အလိုပါ မနေနိုင်မထိုင်နိုင်ဝင်ပါတာကြောင့် (ဝင်မပြိုင်လည်း ရနေတာပဲ မဟုတ်လား) ဟောစိလို ဟောစိလို လုပ်နေတယ်လို့ ရေးသားရခြင်းဖြစ်ပါတယ်။ ဒီလောက်ဆိုရှင်းပြီ ထင်ပါတယ်။

MM said...

nga paw, can u give an alternative solution? if not, u should shut your f***** mouth shut...

Anonymous said...

ကိုပေါ ပြောချင်တဲ့ စကားကို ဥပမာ နဲ့ ရှင်းရှင်း လင်းလင်း ဖေါ်ပြလိုက်တာ ကို ပေါရဲ့ စွမ်းရည်ပဲ၊ ဘာပဲ ပြောပြော ၂၀၁၀ ရွေးကောက်ပွဲကတော့ သေချာပေါက်ဖြစ်တော့မှပြဲ၊ မဲပေးမဲ့သူတွေကလဲ အသင့်ရှိနေကြပါပြီ၊ မဲပေးနိုင်တာ၂၉ သန်း ရှိတယ်ဆိုတော့ ၂၈ သန်းကတော့ သေချာပေါက် လာပေးမှာပဲ၊ ကျန်တဲ့ ၁ သန်းကတော့ ခရီးလွန်နေတဲ့သူတွေ ၊ မအားလပ်တဲ့ သူတွေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ သူတွေ ဖြစ်လောက်တယ်။ အစိုးရ ရဲ့ လမ်းစဉ် (ရ) ရပ်ကိုတားဆီးနိုင်တဲ့ စွမ်းအား မရှိတာ ကတော့ သေချာတယ်။ ဘာပဲ ပြောပြော ၂၀၁၀ နောက်ပိုင်း မြန်မာပြည်ရဲ့ ရှေ့ရေးဟာ ပိုကောင်း လာမှာ သေချာပါတယ်၊

Anonymous said...

ကျော်ခွ ၀င်လာရတော မှတ်ချက်ပေးရတာ အဆင်မပြေဘူး၊ အပေါ်က မှတ်ချက်ပေးတာ ကျွန်တော် မောင်လမ်းသစ်ပါ။ နောင် အစိုးရ တက်ရင် ဘလော့တွေ ဖွင့်ပေးရင် ကောင်းမယ်

Anonymous said...

ကိုပေါခင်ဗျာ face book မှာ ပြန် share ချင်လို့ ယူသွားပါတယ် ...
ကျေးဇူးပါ

ရွှေအိုး

ကိုပေါ said...

ဟုတ်ကဲ့ ယူပါ။ ကျေးဇူးတင်ပါတယ်။

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

Unknown said...

ကိုပေါထံ မရောက်တာ ကြာပါပြီ။ ဒီ စါစု လေးဖတ်ပြီး အရမ်းသဘောကျ လို့ အသံထွက်ပြီး ရီမိပါတယ်။ ဒီလို မရီ ဖြစ်တာ ကြာလှပါပြီ။ ကိုပေါ ရဲ့ ဥပမာ သိတ်ကောင်းတယ်ဗျာ။ ကွက်တိပဲ။ အဲဒီ လို ဟောစိလို လူတွေ ပြည်တွင်းပြည်ပ မှာ ရှိပါဗျား။ ကျွန်တော်ကတော့ ဦးခင်မောင်ဆွေနဲ့ ဦးသုဝေတို့ ကို သနားလို့ မဆုံးဘူး။ တတုံးစားလည်း မမှတ် နှစ်တုံး စားလည်း မမှတ်ပဲကိုး။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs