ကြားကြားသမျှ

Share |
(၁) တရုတ်ပြေးမင်း

မြန်မာရာဇဝင်ထဲက တရုတ်ပြေးမင်းအကြောင်း အခုတလော အတွေးထဲကို ရောက်နေတယ်။ ရာဇဝင်ကို မဖတ်ဖူးတဲ့လူဆိုရင်တော့ တရုတ်ပြေးမင်းဆိုတာ… ကိစ္စကြီးငယ်ရှိတိုင်း တရုတ်ပြည်ကိုပြေးပြီး သံတော်ဦးတင်တတ်တဲ့ ဘုရင်လား၊ ဒါမှမဟုတ် တရုတ်တွေကို ကြောက်ပြီးထွက်ပြေးရတဲ့မင်းလား၊ ဒါမှမဟုတ် သူ့ကိုကြောက်လို့ပဲ တရုတ်တွေ ထွက်ပြေးရတဲ့မင်းလား စသဖြင့် သို့လော သို့လော ဖြစ်စရာပါ။

အဲသည်မင်းက အကျင့်မကောင်းဘူးလို့ သိရတယ်။ သူ့ကို မင်းခွေးချေးလို့လည်း ခေါ်ကြသေးတယ်။ ပွဲတော်တည်ရင် (ထမင်းစားရင်) ဟင်းခွက် ၃၀၀ ပြည့်မှ တည်တတ်တယ်လို့လည်း သိရတယ်။ အမြော်အမြင်မရှိဘူး။ ကျေးဇူးမသိတတ်ဘူး။ ရက်စက်တယ်…..စတဲ့ အရည်အချင်းများနဲ့ ပြည့်စုံသူလို့လည်း မှတ်သားရပါတယ်။

ရာဇဝင်ထဲက မင်းခွေးချေး ခေါ် တရုတ်ပြေးမင်းအကြောင်းပါ။ ဘာကြောင့် အခုတလောမှ ခေါင်းထဲရောက်လာသလဲ မစဉ်းစားတတ်အောင်ပဲ။

(၂) တရားစီရင်ရေး နည်းလမ်းနှစ်မျိုး

တရားရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီး မြန်မာ့အသိုင်းအဝိုင်းမှာ ပြောကြတဲ့ စကားကို ငယ်ငယ်က ဖန်တရာတေအောင် ကြားဖူးတယ်။

“ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” ဆိုတဲ့စကား။ ဘာအဓိပ္ပါယ်နဲ့ ပြောသလဲဆိုတာ ငယ်ငယ်က သဘောမပေါက်ဘူး။ အခုမှ သဘောပေါက်တယ်။

စစ်အစိုးရ (နအဖ) လက်ထက်မှာ စစ်တပ်က ကျူးလွန်သမျှ ရာဇဝတ်မှုတွေဆိုရင် “ကြီးသည့်အမှုငယ်အောင်၊ ငယ်သည့်အမှု ပပျောက်အောင်” လုပ်ရုံတင်မက ကြီးသည့်အမှုကိုပါ ပပျောက်အောင် လုပ်နေတာကို တွေ့နေရတယ်။

ပဲခူးမှာ လူငယ်လေးနှစ်ယောက်ကို မကြာခင်ရက်ပိုင်းကမှ စစ်တပ်က ရက်ရက်စက်စက် ပစ်သတ်တဲ့အမှုကို ကြားကြမှာပေါ့။ ရပ်ကွက်ထဲ သာမန်ခိုက်ရန်ဖြစ်ပွားတာကို သွေးသောက်ရဲဘော် ဇာနည်ရှော်ကြီးများက သူရသတ္တိပြည့်ဝစွာဖြင့် လက်နက်ကိုင်စစ်သားတွေကို ခေါ်ချလာပြီး လက်နက်မဲ့ကလေးတွေကို ရပ်ကွက်ထဲအထိ လိုက်လံပစ်သတ်တဲ့ ရာဇဝတ်မှုကြီးပေါ့။ ဒီရာဇဝတ်မှုကြီးကို တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းရမယ့်အစား သက်ဆိုင်ရာများက ဘယ်လိုလုပ်သလဲဆိုတော့…..

- အမှုဖြစ်ပွားရာနေရာက သွေးတွေကို သဲတွေနဲ့ ဖုံးတယ်။ ရေနဲ့ဆေးတယ်။ ဒါဟာ ရာဇဝတ်မှု သက်သေခံ အထောက်အထားတွေကို ဖျက်ဆီးခြင်း ဖြစ်ပါတယ်။ အဲဒါနဲ့တင် နောက်ထပ် ပြစ်မှု ထပ်မြောက်နေပါသေးတယ်။

- အလောင်းတွေကို ရင်ခွဲရုံယူသွားပြီးတဲ့နောက် သက်ဆိုင်ရာ မိသားစုလက်ထဲကို ပြန်မအပ်ဘူး။ စစ်တပ်က တာဝန်ယူပြီး သဂြုင်္ိဟ်တယ်။ ဒါလဲ နောက်ထပ် သက်သေခံပစ္စည်း ဖျောက်ဖျက်မှုပဲ။

- သေဆုံးသူမိဘတွေကို ငွေ ဆယ်သိန်း လာပေးပြီး ကြေအေး ခိုင်းတယ်။ သဘောကတော့ ယူချင်ယူ မယူချင်နေ။ ဒို့ဖက်က လုပ်ပေးနိုင်တာကတော့ ဒါအကုန်ပဲဆိုတဲ့ သဘောလားတော့ မသိ။ ကျနော့်အမြင်မှာတော့ အထက်က ပြောခဲ့သလို “ကြီးသည့်အမှု ပပျောက်အောင်” လုပ်ဖို့ ကြိုးစားတာနဲ့ ဘာမှ မထူးပါဘူး။

ဒီ ပဲခူးက ဖြစ်ရပ်ဟာ “တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး” လို့ အသံကောင်းဟစ် တကြော်ကြော်အော်နေတဲ့ နအဖရဲ့ “ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား” လုပ်ရပ်ကို ထပ်မံမီးမောင်းထိုးပြလိုက်တဲ့ ဖြစ်ရပ်တခုဖြစ်ပါတယ်။ မြို့ပေါ်မှာတောင် ဒီလောက် ရမ်းကားတယ်ဆိုရင် နယ်စပ်က တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လောက် ရက်စက်မယ်၊ တရားလက်လွတ်ပြုမူမယ်ဆိုတာ တွေးကြည့်လို့ ရပါတယ်။

ဒီလို စစ်တပ်က ကျူးလွန်တဲ့အမှုတွေမှာသာ အပြစ်ပေါ့အောင်၊ ပပျောက်အောင် လုပ်ပေမယ့် ပြည်သူ့ဖက်က ရပ်တည်သူတွေနဲ့ ပတ်သက်လာရင်တော့ နအဖ က “ငယ်သည့်အမှု ကြီးအောင်၊ မရှိသည့်အမှုကို ရှိလာအောင်” ဆိုတဲ့ အဆိုကို လက်ကိုင်ထားပြီး မတရားစီရင်တတ်ပါတယ်။ ဒါကတော့ နအဖ စစ်အစိုးရလက်ထက် မြန်မာပြည်က တရားစီရင်ရေးနဲ့ ပတ်သက်တဲ့ နည်းလမ်း ၂ မျိုးပါ။

(၃) လေထီးတပ်သား

နိုဝင်ဘာလရောက်ရင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရတော့မှာပါ။ နောက်ထပ် ၂ လ နီးပါးခန့်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ဂျွန်ဝီလျံယက်တော တယောက် လေထီးခုန်ကျင့်မနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ရော ပြည်သူတွေပါ သတိနဲ့ စောင့်ကြည့် ကာကွယ်သင့်ပါတယ်။

(၄) ချီးကုန်းစက္ကူတဲ့ဗျား

မကြာခင်က စင်္ကာပူက အကြီးတန်းဝန်ကြီး ဂိုချုပ်တောင် ပြောသွားတယ်။ စင်္ကာပူမှာ ပီအာရ် ငါးသိန်းလောက်ရှိတဲ့အနက်က ဆယ်ရာခိုင်နှုန်းလောက်ကို သူတို့က ချဉ်းကပ်ပြီး နိုင်ငံသားခံဖို့ ကမ်းလှမ်းမတဲ့။ ကမ်းလှမ်းချက်ကို လက်မခံရင် အဲဒီလူတွေရဲ့ ပီအာရ် status ကို ထပ်ပြီးတော့ သက်တမ်းတိုးမပေးတော့ဘူးတဲ့။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက ပီအာရ်ဆိုတာ အမြဲတမ်းနေထိုင်ခွင့်လို့ အဓိပ္ပါယ်ရပါတယ်။ ကျနော်ပီအာရ်လျှောက်လွှာတင်စဉ်က စင်္ကာပူအင်မီဂရေးရှင်း အရာရှိတယောက်ကို မေးမြန်းခဲ့ဖူးလို့ သူမ ရှင်းပြပုံရအရ အမြဲတမ်းနေထိုင်ခွင့်ဆိုတဲ့အတိုင်း အသက်ထက်ဆုံးနေထိုင်ခွင့်ကို ဆိုလိုတာပါ။ အင်မီဂရေးရှင်းမှာ သွားပြီး သက်တမ်းတိုးနေရတာက ရီအင်ထရီပါမစ် (Re-entry permit) လို့ ခေါ်ပါတယ်။ အရင်တုန်းက အဓိပ္ပါယ်အရဆိုရင် ပီအာရ်ကျထားသူတယောက်ဟာ စင်္ကာပူမှာပဲ နေထိုင်မယ်ဆိုရင် ဘာမှ သက်တမ်းတိုးစရာမလိုဘဲ သူကြိုက်သလောက် စင်္ကာပူမှာ နေလို့ရတယ်။ စင်္ကာပူနိုင်ငံရဲ့ ပြင်ပကို ခရီးထွက်ပြီး စင်္ကာပူကို ပြန်ဝင်မယ်ဆိုရင်တော့ သူ့အတွက် ရီအင်ထရီပါမစ် လိုအပ်ပါတယ်။ အဲသည်အချိန်မှာ ပါမစ်ကို သက်တမ်းတိုးထားတာမရှိဘူးဆိုရင် ပြန်ဝင်လို့ မရတော့ပါဘူး။ အကျိုးဆက်အနေနဲ့ ပီအာရ် Status ပါ ပျက်ပြယ်သွားပါတယ်။

ဒီတော့ အခု ဂိုချုပ်တောင်ပြောတဲ့ ကိစ္စက နည်းနည်းတော့ ထူးဆန်းနေပါတယ်။ ပီအာရ်ဆိုတာ သက်တမ်းတိုးစရာ မလိုတဲ့ကိစ္စမှာ ဘယ်လိုလုပ် သက်တမ်းတိုးမပေးတော့ဘူးလဲဆိုတာ စဉ်းစားစရာပါ။ ပီအာရ်အဆင့်အတန်းကို ပြန်လည် ရုတ်သိမ်းတာကို ဆိုလိုသလားတော့ မသိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဂိုချုပ်တောင်ပြောပြီးတဲ့အခါ သူတို့နိုင်ငံသားတွေအကြားမှာရော၊ ပီအာရ်တွေ အကြားမှာပါ ဝေဖန်ပြောဆိုမှုတွေ ကြီးထွားလာတဲ့အတွက် ဂိုချုပ်တောင်ရဲ့ သတင်းပြန်ကြားရေးမှူးက ကပျာကယာ ဖြေရှင်းချက်ထပ်ထုတ်ရတဲ့ အခြေအနေကို ဆိုက်သွားပါတယ်။

အဲဒီဖြေရှင်းချက်ကို စထရိတ်တိုင်းမ်စ် သတင်းစာမှာဖော်ပြတော့ အောက်မှာ မှတ်ချက်ရေးသူတယောက်က ဟောသည်လို ရေးသဗျ။

“ကမ္ဘာပေါ်မှာ စင်္ကာပူနိုင်ငံဟာ ပီအာရ်တွေကို ဖိအားပေးပြီး နိုင်ငံသားပြောင်းခိုင်းတဲ့ ပထမဦးဆုံး နိုင်ငံတနိုင်ငံဖြစ်သွားပါပြီ။ စင်္ကာပူနိုင်ငံသားအဖြစ်ဟာ ဘာအဓိပ္ပါယ်မှ မရှိတော့တာ အံ့သြစရာမလိုတော့ပါဘူး။ စင်္ကာပူနိုင်ငံသားဖြစ်ကြောင်း အထောက်အထားစာရွက်ဟာ ချီးကုန်းစက္ကူနဲ့ ပို၍ ပို၍ တူလာတယ်”

ဆိုပြီး ရေးသားသွားတာကို တွေ့ရလို့ ပြုံးရပါသေးတယ်။

ဒီကိစ္စကြေညာအပြီးမှာ စင်္ကာပူ နိုင်ငံသားခံယူရမှာကို ဝန်လေးသူများဟာ တခြားနိုင်ငံကို ပြောင်းဖို့ အသည်းအသန် စလုပ်လာကြတာကို တွေ့ရပါသဗျား။ ကိုယ့်မျက်စေ့အောက်မှာတင် ဟောတယောက် ဟောတယောက် မြင်နေရပါတယ်။

ဒါကတော့ အခုတလော တွေးမိသမျှ ကြားမိသမျှကို ရေးပြလိုက်ခြင်းဖြစ်ပါတယ်။

15 comments:

Thu said...

Very coincidence, the exiled king name appeard in my mind when Gyokokes visit to China.
In 1973, soldiers fought with young guys in Meiktila city, a corporal was beaten.
He informed his commander and next day soldiers seized three cinemas and search for long hair young men and cut their hairs.
Zwe cinema did not open and soldiers blasted bombs, hundreds of civilians got injured. This division moved to another place very soon.
Peoples did not get any compensation, I still remember one of my friend sister’s leg had been splinted and she walks with limped leg her hole life.

pandora said...

ကောင်းပါလေ့။
အဲဒီလို update လေးတွေ ဆက်ရေးပါဗျို့။

Anonymous said...

ကျောင်းသားဘ၀က ဘူတာ မှာ စစ်သား တယောက်နဲ့ စကားများဘူး တယ်။ အရာရှိ တယောက်ဆင်း လာခဲ့ပြီး ကျနော် တို့ကို .... " မင်းတို့ စစ်သားတွေနဲ့ ရန်မဖြစ်နဲ့ .. စစ်သားတွေ မင်းတို့ကို သတ်ပစ်လို့ဘာမှ မဖြစ်သွား ဘူး .. ရှေ့တန်း တခေါက်လွှတ် လိုက်ရင် ပြီးသွားပြီ" တဲ့ ။

ကျနော်တို့ နိုင်ငံကြီးက တတိုင်းပြည်လုံး အမြဲ စစ်ဖြစ်နေတဲ့ အနေအထားကြီး လိုဘဲဗျာ ...
မင်းခွေးချေး ပြီးရင် ကြောင်ချီး တွေဘဲ လာမှာထင်ရဲ့ ... သူတို့ပြောနေကြတာကတော့ .. ဒီ သန်းရွှေ ပြီးရင် .. ပညာ မတတ်တဲ့ အုပ်စု ကုန်ပြီ ဆိုဘဲ .. နောက် ကျန်တဲ့ လာ လတ္တံ့ လူတွေက ပညာ တတ်တွေ လို့ ဆိုလိုချင် ပုံဘဲ။ အတန်း ပညာသင်ဘူးရင် ပညာတတ်တွေ ဖြစ်သွားရောလား မသိ။

ကိုပေါ ရဲ့ ပရိဿတ်တယောက်ပါ...

ခွန်စိုး

Dr. Yi Yi Win said...

“တရားစီရင်ရေး နည်းလမ်းနှစ်မျိုး” ကိစ္စကတော့ ဘယ်ကိစ္စမှာဖြစ်ဖြစ်ပါ နှစ်မျိုးဖြစ်နေတာကတော့မကောင်းဘူး။ double standard ဆိုတဲ့ကိစ္စကို လှန်နေရတာ သိပ်မလွယ်လှဘူးကိုပေါရေ။ equity, equality, fairness တို့ ဆိုတာတွေ ဘယ်တော့မှ ကျယ်ကျယ်ပြောနိုင်မလဲဘဲ မသိဘူးပေါ့။ diversity ဆိုတဲ့ကိစ္စကို တရားစီရင်ရေးနည်းလမ်းအဖြစ်များ သုံးနေကြလို့ ကတော့ “လူခင်ရင် မူပြင် လူမုန်းရင် မူသုံး၊ လူချစ်ရင်မူပစ်” ဆိုသလို အမျိုးမျိုးလုပ်နေကြလိမ့်မယ်။ တရားဥပဒေဆိုတာကတော့ လိုအမျိုး မလိုတမျိုး မဖြစ်သင့်တဲ့ကိစ္စပါဗျို့ ။

ဖိုးတုတ် said...

ကက်စီနို ဆိုတာ သာမန် စင်ကာပူနိုင်ငံသား နှင့် ပီအာများ ၊ နိုင်ငံခြားသား အလုပ်ကြမ်းသမားများ အတွက် မဟုတ်ပဲ နိုင်ငံတကာက ချမ်းသာတဲ့သူများကို ကစားဖို့  ခရီးသွားလာရေးကိုတိုးမြှင့်ဖို.နဲ့  အခွန်ကောက်ရဖို. အဓိကရည်ရွယ်တာပါ ၊ ကက်စီနို အကြောင်းရေးလိုက်တာနဲ့  ပို့ စ်နဲ့  ဘာဆိုင်လို့ လဲလို့ မေးစရာရှိလာပါမယ် ..

ထိုအတူ ပီအာမှ စင်ကာပူနိုင်ငံသား ဆိုတာလည်း နိုင်ငံတကာမှ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်များကိုသာ အဓိက ရည်ရွယ်တာပါ ၊ အဲဒါကို လွှဲမှားစွာတွေးပြီး ပီအာမှ စင်ကာပူနိုင်ငံသား ပြောင်းဖို့ ဖိအားပေးတယ်ထင်ပြီး ပီအာတွေ နိုင်ငံသားလျောက်ရင် ပီအာ အားလုံးဟာ နိုင်ငံသားရမယ်လို.မထင်မိပါ ၊ သူတို့ က သိပ်ပေးနေချင်ရင် ပီအာ အပြာရောင်ကဒ်ကို လ၀က မှ နိုင်ငံသား ပန်းရောင်ကဒ်နဲ. တစ်ခါတည်း လဲပေးရလောက်အောင်တော့ မလွယ်လှပါဖူး ၊ လျောက်လွှာ တင်ခိုင်းတယ်ဆိုမှတော့ လျောက်ထားသူရဲ့ စင်ကာပူမှာရှိတဲ့ employment history ၊ လုပ်သက် ၊ ပုံမှန်ဝင်ငွေနဲ့  အခြားအကြောင်း အရာတွေကို စိစစ်ပြီးမှ နိုင်ငံသားချပေးတာပါ သူတို့ ရဲ့ သတ်မှတ်ထားတဲ့ category နဲ့ မကိုက်ညီရင် လ၀က က စင်ကာပူနိုင်ငံသား ချပေးလိမ့်မည်ဟုမထင်ပါ ၊

နိုင်ငံတကာက ချမ်းသာတဲ့ သူတွေမဆိုထားနဲ. ၊ မြန်မာနိုင်ငံသား ချမ်းသာတဲ့ စီးပွားရှင် ပီအာတွေတောင် စင်ကာပူနိုင်ငံသား လျောက်တာ သိပ်မရှိလှပါ

ပီအာတွေကို အတင်းအကြပ် စလုံးနိုင်ငံသား ပြောင်းခိုင်းရင်လည်း အောင်မြင်မည် မဟုတ်ပါ အောက်ပါလင့်ကို ဖတ်ကြည့်စေချင်ပါသည်

http://sg.yfittopostblog.com/2010/09/09/government-won%E2%80%99t-force-prs-to-take-up-citizenship/

ကက်စီနိုက ၀င်ကြေးက စင်ကာပူဒေါ်လာ ၁၀၀ နဲ့  စင်ကာပူနိုင်ငံသားက ဒေါ်လာ ၉၀ ဆိုတော့ ကက်စီနိုကိုဝင်သွားရင် နိုင်တာမနိုင်တာအပထား ၀င်ကြေး ၁၀၀ ရုံးသွားပြီ ၊ စလုံးနိုင်ငံသားလျောက်ရင် နိုင်ငံသားဖြစ်တာ မဖြစ်တာအပထား တစ်ယောက်ကို လျောက်ထားကြေး ဒေါ်လာ ၉၀ နှုန်းနဲ. အရင်ပေးရမှာ ဖြစ်ပါတယ် ၊

မြန်မာနိုင်ငံသားတော်တော်များများ စင်ကာပူနိုင်ငံသားပြောင်းကြတယ်ဆိုတာ ကြီးလေးသောအခွန်ကို မြန်မာသံရုံးသို့ မပေးချင်တာရယ် ၊ စလုံးနိုင်ငံသားဖြစ်သွားရင် အိမ်အသစ်ဝယ်လို့ ရတာရယ် ၊ ကလေးတွေရဲ့ ပညာရေးအတွက် အစိုးရရဲ့ subsidies နဲ့  အခြားအခွင့် အရေးတွေ ကြောင့်ပါ ၊ ကျွန်တော့်အမြင်အရ စင်ကာပူနိုင်ငံသား ပြောင်းသွားတဲ့ မြန်မာတွေဟာ သူတို့ ရဲ့ ကိုယ်ပိုင် အခွင့်အရေးနှင့် လွတ်လပ်ခွင့်လို့ ထင်မိပါတယ် ၊ ကိုယ်လည်းတစ်နေ့ မှာ အဲဒီ့လိုအတွေးများနဲ့  လျောက်နိုင်တဲ့ အခွင့်အလမ်းရှိခဲ့ရင် စင်ကာပူနိုင်ငံသား လျောက်မိမလားမသိဖူး ..

ပျော်ရွှင်ချမ်းမြေ့ ကြပါစေ .....

Anonymous said...

ပီအာ ချ ပေးတုန်းက လ၀က ရုံးရှေ. ဖြတ်သွားတဲ. ကုလားကိုတောင် ချ ပေးတဲ. အဖြစ်....
ခုတော....
ပီအာတွေ ဘုန်းပေါ လအော ဖြစ်ကုန်လို. ရုံခါတော. မှာလား...
စ လုံး အစိုးရ ဖြစ်စေချင်တာက....လခ သောင်းကျော် တဲ. အဖြူ တွေ ပီအာ...ပီးတော. စီတီဇင်
လက်တွေ. မှာတော. ၁၀တန်း မအောင် တဲ. ကုလား..ပြည်ကြီးတယုတ်...နဲ.ရွှေ တွေ အပါ အ၀င်..ပါမစ်က နေ s pass, ပီးတော. ပီအာ နောက်ပိုင်း စီတီဇင် လုပ် ပီအေပီ ဂရန်. နဲ. အိမ်တွေ ပြစ် ၀ယ်ကြ
တော. ကျန်တဲ. ပီအာတွေ ကို လူစစ် မဲ. သဘောရှိပါတယ်
ရှေ.ရှောက် စလုံး စီးပွားရေး အခြေ အနေ သိပ် မကေါင်းတာကတော. အမှန်ဘဲ
သင်္ဘောကျင်း နဲ. ဆောက်လုပ်ရေး လုပ်ငန်း အခြေ အနေ အတော် ဆိုးနေပီကြားပါတယ် ။ ။

Moe Cho Thinn said...

ဒီ သတင်းလွှာတော့ စောင့်ဖတ်ရတော့မှာပဲ။ :))

morris said...

ဟူး...၊သား တို့ ဘ ၀ က တော့ တွေး တိုင်း မော တယ်..။ဘဘသန်း တို့ တိုင်း ပြည် မှာ ၀မ်း တ ခါး အ တွက် ရုန်း တုန်း က လဲ သွက် သွက် ကို ခါ လို့..၊စ လုံး ရောက် ပြန် တော့ လဲ ရုန်း လိုက် ရ တာ မျက် ဖြူ တောင် ဆိုက် တယ်..၊ အ ထိုင် လေး ကျ အ နာ ဂတ် လေး အေး လောက် ပီ လို့ တွေး ပြီး မယ် ကြံ သေး ၊ ခောတ် မ ကောင်း တဲ့ ကာ လ ရောက်.. အင်း။။ 2009 အ ကုန် လောက် က စာ အုပ် တ အုပ် မှာ ဖတ် ဖူး တယ် ၊ က မ္ဘာ ပေါ် မှာ နည်း ပ ညာ တွေ ကို ကာ လ ဒေ သ နဲ့ လိုက် ပြီး စီး မျော နိုင် တဲ့ နိုင် ငံ တွေ မှာ စ လုံး က NO:9 မှာ ရှိ နေ တယ် ၊ အဲ.. ဥ ပ ဒေ ချိန် ခွင် ရှာ ကို က မောက် က မ အ များ ဆုံး လုပ် တဲ့ နိုင် ငံ တွေ ထဲ မှာ လဲ ပါ နေ ပြန် ရော..။ ဘ ၀ ပေး ကံ ပေါ့ ကွယ်..။သား တို့ တွေ ကို က ကံ ဆိုး တာ ပါ ..၊ သား တို့ ထက် စာ နာ စ ရာ ကောင်း တာ က ထိုင်း နိုင် ငံ က မြန် မာ ရွှေ့ ပြောင်း လုပ် သား တွေ ပါ..၊ ကျ နော် တို့ က မှ အ တတ် ပ ညာ တ ခု ကို သာ သေ သေ ချာ ချာ ဖတ် တွယ် ထား ၊ ကံ မ ကောင်း လို့ ပီ အာ ပြုတ် ရင် တောင် WP လောက် တော့ ကျန် နေ ခဲ့ ဦး မှာ ပါ..၊ (ထင် တာ ပဲ လေ ဟီး ဟီး )။ ကျုပ် တော့ oversea မှာ နေ တဲ့ ကာ လ တ လျောက် တ ခု ခု အ ဆင် မ ပြေ တိုင်း "ဒင်း ကြောင့် ကွာ..၊ ဒင်း ကြောင့် " ဆို ပြီး ဟို လူ ကြီး မျက် နှာ ကြီး ကို မြင် မြင် နေ တတ် တာ တော် တော် ဆိုး တယ်..၊ ရုတ် ဆွ အ ဆုံး မြန် မာ ပြည် ကို ဖုန်း ခေါ် လို့ မ ရင် တောင် " တောက်...!! ဒင်း ကြောင့်..၊ ဒင်း ကြောင့် " လို့ ပဲ အော် နေ မိ တယ်..၊ တ ခါ က များ ဖုန်း ကတ် တ ခု ကို သုံး ပြီး လွင့် ပစ် မယ် လုပ် တော့ စက် ရုံ က တ ရုတ် တ ယောက် က ငါ့ ပေး စမ်း ပါ ဆို လို့ ပေး လိုက် တယ်..၊ ( အ လွန် ဆုံး ကျန် မှ ၂၀ ဆင့် လောက် ပေါ့ ) အံ မာ အဲ့ ကောင် က အဲ့ လက် ကျန် ကို သုံး ပြီး ဆက် တာ များ လျှာ တောင် လေ ဖြတ် မ တတ် ပဲ..၊ (အဲ့ ဒါ လဲ ဒင်း ကြောင့် ပဲ )။ ဖုန်း ကိ စ္စ လေး တောင် မှ ဒီ လောက် heat တွေ များ နေ ရင် ပဲခူး က ရင် ကွဲ ပတ် လတ် မိ သား စု ဆို ဘယ် လို များ နေ ပါ့..။

Anonymous said...

ကိုပေါပို့်စ်ကိုလဲ သဘောကျတယ်။ အပေါ်က ကိုမောရစ်ရဲ့
ကွန့်မန့်ကိုလဲ ကြိုက်တယ်။ စလုံးမှာလဲ ခေတ်မကောင်းတော့ ဘယ်ပြေးရမယ်မသိဘူး ...

Anonymous said...

ကိုပေါရဲ့ စာဖတ်ပရိတ်သတ်တစ်ယောက်ပါ..
ကြာပြီဗျဖတ်နေတာ ဒီဘလော့ကို..
(ကိုပေါရေ ကျုပ်တို့ ဘ၀ က 'ကတော့'(funnel)ကြီးထဲမှာ
ရောက်နေသလိုပါပဲ၊အစကတော့ကျယ်ပြီး တဖြေးဖြေး ကျဉ်းလာတာ၊သေခါမှ လွတ်တော့မယ်နဲ့တူရဲ့..)

ကိုစိုင်း

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ဦးပေါရေ

အချိန်လေးရမယ်ဆိုရင် တခြားဆောင်းပါးတွေ ရေးနေတာရပ်ထားပါဦး။ ဒီမိုယောကျားတွေ အခြောက်စိတ်ဝင်နေတဲ့ ကိစ္စကို ဆုံးမဖို့ ဆောင်းပါးလေးတွေရေးပေးဖို့ မေတ္တာရပ်ခံပါတယ်။ သူတို့က အွန်လိုင်းမှာတောင် စစ်သားတွေကို ချေးထွက်မတတ် ကြောက်နေကြတယ်။ ဒေါက်တာလွမ်းဆွေ ဘလော့ဆိုရင် တစ်နေ့ကို လူတစ်သောင်းဝန်းကျင်အထိ ဖတ်ရှုပါတယ်။ ပဲခူးလူသတ်တဲ့ကိစ္စကို စစ်ဗိုလ်တွေက ဒေါက်တာလွမ်းဆွေဘလော့ရဲ့ ကော်မန့်မှာ ပြောင်ပြောင်တင်းတင်းကို ထောက်ခံနေပါတယ်။ ဒီမိုယောကျား ၃ ယောက်လောက်ကပဲ စစ်ဗိုလ်တွေကို ယှဉ်ပြီးပြောရဲပါတယ်။ တစ်သောင်းမှာ ၃ ယောက်ကပဲ စစ်ဗိုလ်တွေကို ယှဉ်ပြီးပြောရဲတဲ့သူပဲ ရှိတဲ့အဖြစ်ဟာ ခင်ဗျားတို့ ဒီမိုတွေအပေါ် အထင်သေးစရာဖြစ်နေပါတယ်။ပိတောက်မြေနဲ့ ကျေးစေတမန် ဘလော့မှာလည်း ဒီမိုယောကျားတွေ အသံမထွက်ရဲပါဘူး။ အွန်လိုင်းပေါ်မှာ အမှန်တရားအတွက် နည်းနည်းပါးပါးလေးတောင် မပြောဆိုရဲဘူးဆိုရင် ဘယ်လိုလုပ်ပြီး အပြင်မှာ သေနတ်ကိုင်ထားသူတွေကို ရင်ဆိုင်ရဲမှာလဲ? ဒါ့ကြောင့်.. စစ်သားတွေရဲ့ကွယ်ရာမှာ နအဖကို ဒေါသထွက်နေတဲ့ ဒီမိုယောကျားတွေကို … အွန်လိုင်းမှာ စစ်သားတွေနဲ့ ယှဉ်ပြိုင်ပြီးပြောဖို့တိုက်တွန်းပေးပါဗျာ။ စစ်သားအဆဲခံရမှာကြောက်လို့ဆိုပြီး ဘာမှ မပြောတာဆိုရင်တော့ ဒင်းတို့ကို သနတ်ခါးလေးလူး… ထမိန်လေးဝတ်ပြီးနေဖို့ပြောပေးပါဗျာ။

လေးစားလျက်
ဇော်မျိုး

Anonymous said...

ပီအာတိုးမပေးတော့ စီပီအက်ဖ် ပြန်ရတာပေါ့ဗျာ

Anonymous said...

ပီအာရ်က တိုးပေးကြပါတယ်။ ၅ နှစ်ရတယ်။

Anonymous said...

Ko Paw.....decades ago or so SG gov offered selectively its citizenships to Prs who were gov or gov subsidized colleges' professionals. If they did not wish to switch to ,they could decline its offer. It could offer three or four times and the employees felt under pressure because they could not go back home ,nor could they establish in other better countries. But they were never threatened the Pr statas be revoked. They eventually took up the citizenship as they felt very uncomfortable declining its offer again and again.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs