ဖောင်ချိုး တိုက်ပွဲ

Share |
မြစ်တဖက်ကမ်း၌ ဖောင်များ ဆိုက်ကပ်လိုက်သည့်အချိန်မှာပင် နေမင်းသည် ရိုးမတောင်တန်းနောက်ကွယ်သို့ လုံးလုံးလျားလျား ငုပ်လျှိုးသွားချေပြီ။

မြစ်ကမ်းနဖူးရှိ တောတန်းထက်မှ အိပ်တန်းပြန် ငှက်ကျေးတို့၏ ကျီကျီကျာကျာ အော်မြည်သံများကို ကြားရပါ၏။ မြစ်တဖက်ကမ်းဆီမှာတော့ ခရီးတထောက် နားခိုခဲ့ရာ ညောင်နှစ်ပင်စခန်းကို ဆည်းဆာရိပ်တွင် ခပ်ပျပျ လှမ်းမြင်နေရသေးသည်။

“ကဲကဲ…. လူတွေ စုံမစုံ စစ်ကြဟေ့။ လက်နက်နဲ့ ရိက္ခာတွေ ကမ်းပေါ်ကို ချကြ”

မိုးချုန်းသံပမာ ကျယ်လောင်လှသော တပ်မှူးကြီး၏ အမိန့်သံကို နာခံကာ ကိုယ်စီကိုယ်ငှ တာဝန်တွေကို တက်ညီလက်ညီ ဆောင်ရွက်ကြရသည်ပ။ သည်အခိုက်မှာပင် ကမ်းနဖူးဆီသို့ မြင်းဒုန်းစိုင်းစီးလာသူ တဦးကို မြင်လိုက်ကြရသည်။

“ဟာ…. ကင်းထောက် တပ်မှူးလေး ပွေးလွင် ပါလားဟေ့၊ စစ်သတင်းထူးများ ပါသလား”

တပ်မှူးလေးပွေးလွင်သည် မြင်းပေါ်မှ ဖုတ်ကနဲ ခုန်ဆင်းကာ တပ်မှူးကြီး ခေါ်မင်နောင်ရဆွေ ၏ ရှေ့တွင် ကပျာကယာ ဒူးထောက်ခစားလိုက်ရင်း…

“မှန်ပါ။ ဗိုလ်သန်းရွှေတို့၊ ဗိုလ်သိန်းစိန်တို့သည် ဆင်တပ်၊ မြင်းတပ်၊ လားတပ် တပ်မကြီး သုံးခုနှင့် မျက်နှာတူရူ ကုန်းကြောင်းက စစ်ကုန်ဖွင့်၍ ချီလာကြောင်းပါ။ ကြံဖွံ့၊ စွမ်းအားရှင်နဲ့ အမျိုးသမီးရေးရာ စစ်သည်အင်အား စုစုပေါင်းလိုက်လျှင် ကျွန်တော်မျိုးကြီးတို့ အင်အားထက် အဆပေါင်း သိန်းနဲ့ချီ၍ များပြားလှကြောင်းပါ”

တပ်မှူးကြီး ခေါ်မင်နောင်ရဆွေလည်း တပ်မှူးလေးပွေးလွင်၏ စစ်သတင်းစကားကို လည်လည်ထပ်ထပ် နားထောင်သုံးသပ်ပြီးလတ်သော်……

“အိမ်း၊ တချီတမောင်းတော့ တွေ့ကြသေးတာပ။ ကဲ…. တပ်မှူးတို့… ငါတို့ စီးနင်းလာခဲ့တဲ့ “ရွှေဂုံတိုင်ကြေညာစာတမ်း” ဖောင်တော်ကြီးနဲ့ “၉၀ ရွေးကောက်ပွဲရလဒ်” ဖောင်တော်ကြီးတွေကို အခုချက်ချင်း ဖျက်ကြ”

တပ်မင်းအမိန့်ကို ကြားသောအခါ “တပ်မှူး ဗညားသန်းထိန်း” က စိတ်မသက်မသာဖြင့် အောက်ပါအတိုင်း အတွန့်တက်လိုက်သည်။

“တပ်မှူးကြီး… ဖောင်တွေ ဖျက်လို့ ကောင်းပါ့မလား။ ကိုယ့်အင်အားက နည်းပါးနေတော့ မတော်တဆ အရေးအရာ နိမ့်ပါးခဲ့လျှင် ပြန်ဆုတ်ရန်အတွက် ဖောင်တွေပြင် ဖို့ အချိန်မရရင် မခက်ပါလား”

ဤစကားကို ကြားသော် တပ်မှူးကြီး ခေါ်မင်နောင်ရဆွေလည်း နည်းနည်းတော့ တင်းသွားလေသည်။ အင်း….အရေးထဲ ဗိုလ်သန်းရွှေရှေ့မှာ ဖောင်ပြင် ချင်တဲ့ ပုဂ္ဂိုလ်ကလည်း ရှိသေးသကိုး။ သို့သော် အကြီးအကဲပီသစွာ ဒေါသစိတ်ကို ချွန်းနဲ့ ထိန်းအုပ်လိုက်ပြီး အောင်မြင်ခန့်ငြားသော အသံဝါကြီးဖြင့် ဤသို့ မိန့်ကြားလေသည်။

“အစ်ကိုတို့ စိတ်နှစ်ခွ မဖြစ်ကြလင့်။ သေလျှင်ရေဝေး ရှင်လျှင်ကြပ်ပြေး ဆိုတဲ့အတိုင်း စွန့်စွန့်စားစား တိုက်ကြမှသာ တော်ကာကျမည်။ စစ်တို့မည်သည်မှာ အင်အားအနည်းအများသည် ပဓာနမကျ။ လေကြောင်းအသာစီးရမှု…အဲအဲ.. လုပ်ရည်ကိုင်ရည်နှင့် ရဲစွမ်းသတ္တိသာလျှင် အဓိက ဖြစ်ပေသည်”

ဤနေရာတွင် တပ်မှူးလေး စိန်လှပြူး ကလည်း မျက်နှာလိုအားရဖြင့် ကပျာကယာ….

“တပ်မှူးကြီးပြောတာ မှန်ကြောင်းပါ။ သေနင်္ဂဗျူဟာသာလျှင် အရေးအကြီးဆုံးပါ။ ဟိုသီချင်းထဲမှာလည်း ပါတယ်မဟုတ်လား။ ဘာတဲ့… သေနင်္ဂဗျူဟာ ဆိတ်၏အင်္ဂါ…တဲ့။ ရန်သူအင်အားကြီးတယ်ဆိုရင်လည်း ဘာမှုစရာလိုလဲ။ ဆိတ်ဟိုဒင်းဗျူဟာသုံးပြီး ပြေးဝင် ပူးပေါင်းလိုက်တာပေါ့” ......... ဟု ဝင်ရောက် ပြောဆိုလေရာ ခေါ်မင်နောင်ရဆွေ လည်း သူ့လူများအား စိတ်ဆိုးမာန်ဆိုးဖြင့် ဟန့်တားရလေသည်။

“ဟေ့… အားလုံး အတွန့်မတက်ကြနဲ့။ ကြားဖူးတယ်မို့လား။ ခေါ်မင်နောင်ရဆွေ တဲ့။ တဆွေပဲ ရှိတယ်။ ဖောင်တွေဖျက်လိုက်ကြ။ မနက်ဖြန် ၂၀း၁၀ နာရီမှာ တိုက်ပွဲစမယ်။ ဘယ်တောင်ပံမှာ ဗိုလ်သမိန်သေဝုနဲ့ အအိုတော်ယိမ်းတသိုက်က တာဝန်ယူကြ။ ညာတောင်ပံမှာ ဗညားသန်းထိန်းနဲ့ အဖွဲ့ ။ ငါက အလည်ကြောင်းက ချီတော်မူမည်။ ငါတို့၏ ဆုံရပ်သည် ကြပ်ပြေးလွှတ်တော်။ သဘောမတူတာ၊ မရှင်းလင်းတာရှိရင် ဗဟိုကော်မတီအစည်းအဝေး အဲ…ခုကတည်းက ထပြောကြ။ နောက်မှ တောင်ပြောမြောက်ပြော လျှောက်မပြောကြနဲ့။ အဲဒါ ငါလုပ်နေကျ အထာတွေကွ… ရိုး….ဟိုး…ဟိုး…နေပြီ… ဝူးထွား…ဟား….ဟား။”

တပ်မှူးများလည်း တပ်မှူးကြီး၏ စကားကို မလှန်ဝံ့သဖြင့် ရွေးကောက်ပွဲဝင်ရန်… အဲလေ ဖောင်တွေကို ချိုးဖျက်၍ တိုက်ပွဲဝင်ရန် ပြင်ဆင်ကြရလေသည်။

(ကားလိပ်ချ)

ဤသမိုင်းနောက်ခံဝတ္ထုကြီးမှာ အချိန်နှင့် တပြေးညီတည်း ရေးသားစီရင်နေရသည်ဖြစ်၍ နိဂုံးအထိ တထိုင်တည်းရေးသားရန် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်သည့်အလျောက် ဤမှာပင် တခန်းရပ်ပါဦးမည်။ ဤဝတ္ထုကို ရုပ်ရှင်ရိုက်ကူးလိုသူများ အမြန်ကမ်းလှမ်းနိုင်ပါသည်။

အဲ…အဲ… ဘလော့ဂ်ဖတ်သူများအနေနဲ့လည်း တချိန်တွင် လိုအပ်လာနိုင်သည့်အလျောက် ဆိတ်သေနင်္ဂဗျူဟာများကို ကျေကျေညက်ညက် လေ့လာထားကြဖို့ တိုက်တွန်းလိုက်ရပါသည်။

22 comments:

Anonymous2 said...

ဖောင်ချိုး = ဖိုးချောင် :)

wai said...

Again,I like it too.:D

ဧပရယ်လ်ပူး@ပူးတေ said...

;P
:)

PhotoVigor said...

Wow man, another great post.
I will be waiting for the next show..
See you..

Moe Tain Nyo said...

Interesting..

သတိ said...

အားလုံးသတိ

အင်း.. ရာဇ၀င်ရိုင်းပါဘိ ခေါ်မင်နောင်ရဆွေရယ်..
ဒီဖောင်တော်ကြီး နှစ်စီးကြောင့် မင်းတို့ငါတို့ အရေးပါလို့ လူတွင်ကျယ် လုပ်ခွင့်ရနေတာ မဟုတ်ပါလားကွဲ့.. လှိုင်းအပွေ လေအထမှာ အချောင်ရခဲ့တဲ့ ဒီဖောင်ကိုများ ဖျက်ပစ်ဖို့ မင်းမို့ ကြံရက်ပလေတယ်.. ဒီဖောင်အခံမရှိပဲ တိုက်ရလောက်အောင် ကိုယ့်အရည်အချင်း ကိုယ်မသိလေရော့လား ငမိုက်သားရဲ့..

ခုတော့ကာဖြင့်.. ဒီရန်သူတပ်ထုဗိုလ်ပါကို မနိုင်တာလဲ သေချာတဲ့အချိန်မှာ မင့်လိုလဲ မိုက်မိုက်မဲမဲတော့ ရင်ဆိုင်မတိုက်ရဲ.. နေစရာအသိုက်ကလဲ ပျက်တာမို့.. အမယ်မင်း.. ရေမျောကမ်းတင် ဖြစ်ရပါပေါ့လား.. ဟဟာဟား...
(ကားလိပ်ချစဉ် အပျိုတော် တစ်သိုက်မှ ဆရီးဂျာရေဟု ၀မ်းနဲပက်လက်အသံဖြင့် ၀ိုင်းအော်ကြရန်..)

ဟီးဟီး..

ကဲ.. သက်သာပါဗျာ
မောင်သတိ

ကိုပေါ said...

အားလုံးငပိ…
ဒညင်းသီး၊ ကန်ဇွန်းရွက်၊ ငံပြာရည်၊ မုန့်လေပွေ….

အဲလေ… မောင်သတိ…. မိတ်ဆွေကြီးကို ခင်လို့နောက်တာနော်။ စိတ်မဆိုးနဲ့။

ဘာတဲ့…. “လှိုင်းအပွေ၊ လေအထမှာ အချောင်ရခဲ့တဲ့ ဒီဖောင်ကိုများ”…. ဆိုပါလား။ အလဲ့… တယ်ဆိုတဲ့ စာပါလား။ ကိုယ့်လူ ကလောင်တက်လာပြီ။ တကယ်ပြောတာ။

လှိုင်းအပွေ လေအကြွမှာ၊
ဗျိုင်းတွေ ကြွေပြနေသလို (ဘာမှတော့ မဆိုင်ဘူး…. မိတ်ဆွေကို အားကျလို့ ကာရန်ယူပြီး စပ်ကြည့်တား-)
(ဝါဒ)မှိုင်းတွေ အသေဝ နေသလားကွယ်။
ဦးနှောက်မှာ မှောင်အတိဖုံးနေဟန်တူတဲ့
ပြုံးလောက်စရာ မောင်သတိငတုံး… အဲလေ… မောင်သတိဂမုန်းလေးရေ။

ဒါကြောင့်ရှေးလူကြီးတွေက ပြောတာကိုးဗျ။ “ပညာရှိ မောင်သတိဖြစ်ခဲဆိုတာလေ”။
ကိုယ့်လူက မောင်သတိသာဆိုတယ်။တယ်လဲ သတိမေ့တတ်တာကိုးဗျ။ “ကိုးဆယ်ရွေးကောက်ပွဲရလဒ်” ဆိုတဲ့ဖောင်ကြီးက လှိုင်းအပွေ၊ လေအထမှာ အချောင်ရခဲ့တာမဟုတ်ဘူးခင်ည။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဆိုတဲ့ တပ်မတော်အစိုးရကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်နေတုန်း ပြည်သူလူထုကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တခဲနက် တည်ဆောက်ပေးလိုက်တဲ့ မင်္ဂလာဖောင်တော်ကြီးပါဗျာ။ ဒါနဲ့များ လှိုင်းအပွေ၊ လေအထ လို့ပြောတာဟာ နဝတကို တည်ငြိမ်အောင် မအုပ်ချုပ်တတ်ဘူး။ အုပ်ချုပ်မှုညံ့တယ်။ အသုံးမကျဘူးလို့ ပြောရာရောက်နေတဲ့အတွက် နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုနဲ့ ကိုယ့်လူကို အဘတို့က အရေးယူနေဦးမယ်။

အခု မောင်သတိမှာ ဖောင်မရှိတဲ့အတွက်၊ ဖောင်ရှိသူထံက ဖောင်လုရ ဖောင်ခိုးရတော့မယ်။ ဗိုလ်သိန်းစိန်တို့အဖွဲ့ ဖောင်ခိုးရတော့မယ်။ တပ်မတော်အစိုးရကြီး ဖောင်ခိုးရတော့မယ်။ ဖောင်ခိုးပြီးရင်တော့ ချောင်တိုးရုံပဲ ကျန်တော့တယ်။

ဒါပေမယ့်…. အားမငယ်ပါနဲ့။ ဖောင်ခိုးတယ်ဆိုတာဟာ့ ပြောင်းပြန်လှန်လိုက်ရင် ဖိုးခေါင် တဲ့။ နာမည်လေးက သိပ်လှတယ်။ ဟိုသီချင်းလေးတောင် သတိရမိတယ်။

“အမယ် ပြောတဲ့စကားလည်း နားလည်သယောင်၊ လေများချွန်သမောင်။ ကျေးလှောင်အိမ်မှာ မွေးလှောင်၊ သီးနှံစုံအကုန်ရအောင်၊ ………………သနားစဖွယ် ရွှေဖိုးခေါင်။”

ကဲ… သက်သာပါဗျိုး။

ဖိုးတုတ် said...

ခင်ဗျားကတော့ တွေ.ကရကို ခလုပ်တိုက်တော့တာပဲ၊ ကြိုက်တယ်ဗျို. ၊ ရယ်ရတယ် ၊

ဒါပေမဲ့ ဦးခင်မောင်ဆွေ တို. ရွေးကောက်ပွဲဝင်တဲ့ ကိစ္စက သူတို.ကောင်းမယ်ထင်လို. လုပ်တဲ့အလုပ်ပါ ၊ သူတို.ရဲ. ကိုယ်ပိုင်အခွင့်အရေးလိုပဲ ကျွန်တော်မြင်မိတယ် ၊

သတိ said...

အားလုံးသတိ

ဟားဟား.. မြှောက်ပြောလို့ ၀မ်းသာမလား အောက်မေ့တယ်.. ကျွန်တော့် လျှို့ဝှက် အရည်အချင်းကို ယောင်သလိုလိုနဲ့ လူသိရှင်ကြား ကြေငြာမှပဲ ကိုပေါဟာ ခေသူမဟုတ်လို့ ဖြုံသွားရပါရောဗျာ..

ဟုတ်ကဲ့.. ကျွန်တော်အဲဒီဖောင်ကြီး အချောင်ရတယ်လို့ အကြောင်းမဲ့စွပ်စွဲတာ မဟုတ်ရပါဘူးဗျာ.. အဲဒီအချိန်တုန်းက မဲပေးဖို့အသက်ကလဲ ထက်ဝက်လောက်လိုသေး.. နိုင်ငံရေး ဆိုတာထားလို့ ဖွန်ရေးတောင် လုံးလုံးနားမလည်သေးတဲ့ အရွယ်မို့ အဲဒီဖောင်တော်ဆောက်ချိန်ကို တော်တော်ဝေေ၀၀ါးဝါးပါပဲ.. ဒါပေမဲ့ ဘယ်ရမလဲဗျာ.. ပြေးမကြည့်တော့ဘူး တွေးပဲကြည့်လိုက်တယ်.. ပညာရှိ မောင်သတိ ဖြစ်ခဲတယ်ဆိုပေမဲ့ ဖြစ်လိုဖြစ်ငြားပေါ့..

ဟော.. ရွေးကောက်ပွဲဆိုတာ ပြည်ပအဖွဲ့အစည်းတွေ၊ နိုင်ငံတွေ စောင့်ကြည့်ခွင့်မရရင်.. ပါတီတွေ လွတ်လပ်စွာ စည်းရုံးခွင့်မရရင်.. ဟောပြောခွင့်တွေကို တားမြစ်ပိတ်ပင်နေရင်.. လှုပ်ရှားသူတွေကို ထောင်သွင်းအကျဉ်းချထားရင်.. အခြေပြုတဲ့ ဖွဲ့စည်းပုံဆိုတာ လက်ခံနိုင်စရာမရှိရင် (အဲဒီတုန်းကတော့ လက်ခံစရာ မရှိရင်ပေါ့ဗျာ) ရလဒ်ဆိုတာ အာပလာဖြစ်လို့ လက်ခံယုံကြည်စရာမရှိ.. ၀င်ပြိုင်သမားတွေဟာ အချောင်နှိုက်သူတွေပဲလို့ မဟာ့မဟာ ပညာရှင်ကြီးများ ဆရီးဂျာများရဲ့ ဝေဖန်သုံးသပ်မှုတွေကို ခုတလော ဆက်တိုက်ကြားရပါသဗျ.. ဒီတော့လဲ သြော်.. ဂလိုဂလို တွက်ချက်ရသကိုးလို့ ကူးချပီး အချောင်ရခဲ့တဲ့ ဖောင်လို့ သုံးသပ်မိတာပါဗျ.. ဟဲဟဲ

အဲဒီအချိန်ဟာ လှိုင်းအပွေ လေအထမဟုတ်ပဲ တပ်မတော်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ တည်ငြိမ်အေးချမ်းပါဘိကွယ် ဆိုရင်တော့ မမှီလိုက်တဲ့ ၀ါးတားတားအချိန်မို့ ဆရာ ကြီးပေါ စကား (ကံထူးပုံများ အကို့လိုတောင် ယောင်ပြစရာမလို.. ဟားဟား..) မောင်သတိကြား လက်ခံရမှာပါပဲ..

တကယ်လို့များ အဲလိုအခြေအနေတွေမှာ ရှိတဲ့ ရလဒ်ဟာ မင်္ဂလာဖောင်တော်ကြီးဆိုရင်တော့လဲ.. ကဲ အဲဒီအချိန်ထက် အဆပေါင်းများစွာ တည်ငြိမ်အေးချမ်းတဲ့ ခုအချိန်မှာ အလားတူအင်္ဂါရပ်တွေနဲ့ ပြန်ကျင်းပမဲ့ မင်္ဂလာဖောင်တော်ဆောက်ပွဲက ဖောင်သစ်ကြီးက အနှစ်နှစ်ဆယ် အိုဟောင်းဆွေးမြေ့နေပီး ဘယ်မှမရွေ့တဲ့ ဖောင်စုတ်ကြီးထက်စာရင် ကောင်းလှတာမို့ ခေါ်မင်နောင်ရဆွေရဲ့ ဖောင်စုတ်ဖျက်ပွဲကို လက်ခုပ်လက်ဝါးတီး ကြိုဆိုရအောင်လားဗျာ..

အားလုံးသက်သာပါဗျာ
မောင်သတိ

ကိုပေါ said...

“ကဲ အဲဒီအချိန်ထက် အဆပေါင်းများစွာ တည်ငြိမ်အေးချမ်းတဲ့ ခုအချိန်မှာ....”

လက်သည်မပေါ်တဲ့ ဗုံးတွေ ဟိုနားတလုံး ဒီနားတလုံး ကွဲနေတယ်။

ဘုန်းကြီးတွေ အသတ်ခံထားရတယ်။

ကျောင်းသားတွေ၊လူငယ်တွေ အဖမ်းခံထားရတယ်။

နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိတယ်။

ကလေးတွေကို ပြန်ပေးဆွဲပြီး စစ်ထဲအတင်းသွင်းနေတယ်။

နယ်စပ်က တိုင်းရင်းသားရွာတွေကို မီးရှို့တယ်။ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ မြို့တော်ဝန်က ဝန်ထမ်းတွေကို ပါးရိုက်တယ်။ စစ်ဗိုလ်စစ်သားတွေ ထင်သလို ရမ်းကားနေကြတယ်။ စည်းကမ်းမရှိတဲ့ တပ်ထဲမှာ စစ်ပြေးတွေများနေတယ်။ တချို့က လက်နက်နဲ့ ထွက်ပြေးပြီး ဓမြတိုက်မယ်။

ဈေးတွေ မီးလောင်နေတယ်။ ရေလျှံတယ်၊ ရေရှားပါးတယ်။ မီးပျက်တယ်။

ပြည်သူတွေ ၉၀ ကထက် အဆပေါင်းများစွာ မွဲတေနေတယ်။ အောက်ခြေစစ်သားမိသားစုတွေလည်း ငတ်ပြတ်နေပြီ။

အပစ်အခတ်ရပ်စဲထားတဲ့ ငြိမ်းအဖွဲ့တွေနဲ့ စစ်ပြန်ဖြစ်တော့မယ်။ ဖြစ်တဲ့အဖွဲ့နဲ့ ဖြစ်တောင်နေပြီ။

စစ်တပ်ရဲ့ အကြီးအကဲဆိုသူတွေ သေကာနီးတာတောင် ပင်စင်မယူရဲသေးဘူး။ ကိုယ်ကျိုးအတွက် သဲသဲမဲမဲ မိုက်တွင်းနက်ကြဆဲ။

အင်း..... မောင်သတိ... မောင်သတိ.... အချောင်ကလိချင်ပေမယ့် အမောင်မသိတာတွေက များလွန်းတယ်။

ဖိုးတုတ် said...

အားပါး ---

တယ်ပြောင်မြောက်တဲ့ ကွန်မန်.ပါလား

အစားအသောက်အနေနဲ.ပြောမယ် ဆိုရင်တော့ ---

ကိုပေါ ချက်တဲ့ side dish (ကွန်.မန်.) က main dish (ပို.စ်) ထက် ပိုကောင်းနေသလိုပါပဲ ၊

လောင်းကစား (ချဲထီ) အနေနဲ. ပြောရရင်တော့

တွတ်ဝင်တာမဟုတ်ဖူး ၊ ဒဲ့ကြီးဗျို. ၊ ဒဲ့ကြီး

ကိုပေါ နှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ

သတိ said...
This comment has been removed by the author.
သတိ said...
This comment has been removed by the author.
သတိ said...
This comment has been removed by the author.
သတိ said...

အားလုံးသတိ

အင်း.. နဲနဲတော့ လေသားဗျ.. ခုကိုပေါ ထောက်ပြခဲ့တဲ့ ဘယ်အချက်မှာများ ၉၀ တုန်းကမှ တော်သေးတယ်လို့ ကိုပေါ တကယ်ယုံကြည်ပါသလဲ..

ဗုံးတွေကွဲနေသေးတာ မှန်ပေမဲ့ မြန်မာတစ်နိုင်ငံလုံး အမဲရောင်နယ်မြေရဲ့ ပမာဏဟာ ရာခိုင်နှုန်း ထက်ဝက်ကျော်လျော့သွားတယ်..

ခု ကိုပေါပြောတဲ့ ရွေးကောက်ပွဲနှစ်ရဲ့ ရှေ့နှစ်နှစ်သုံးနှစ် ကပ်ရပ်ခြင်း ယှဉ်ရင်လဲ ရဟန်း ပြည်သူ စစ်သား ၀န်ထမ်း အချင်းချင်းသတ်ကြတာတွေ နှိမ်နှင်းခံရလို့ သေပျောက်နှုန်းတွေဟာ ခုအချိန်ထက် ရာနှုန်းအများကြီး ပိုများတယ်..

ကလေးတွေကို အတင်းစစ်မှု ထမ်းခိုင်းစေတာတွေ၊ နယ်စပ်မှာ ရွာမီးရှို့ မုဒိန်းကျင့်.. တပ်ပြေး.. ဓါးပြတိုက် ဘာညာကွိကွတွေ ခုခေတ်မှာ သတင်းဖြစ်သွားပီ.. ၉ ၀ တုန်းက အသားကျပီး သတင်းအဖြစ်တောင် မရှိခဲ့ဘူး.. (အဲဒါတွေ အဲဒီအချိန်တုန်းက မရှိဘူး.. ရှိလဲ ခုထက် အများကြီးသက်သာမယ်လို့ ပြောချင်လား..) အဲဒီကိစ္စတွေဟာ ခုကေအန်ယူတို့ ဘာတို့လို သောင်းကျန်းသူတွေမှာတော့ အသားတကျနဲ့ သတင်းအဖြစ်တောင် မရှိသေးဘူးလေ.. ဒါပေမဲ့ အဲဒီလူတွေကိုလဲ နိုင်ငံအပြင်ကို မောင်းထုတ်ထားလို့ နယ်စပ်တည်ငြိမ်မှုဟာ အဲဒီအချိန်ထက် အများကြီး မြင့်ပါတယ်..

မှန်တယ်.. မီးတွေလောင်တယ်.. မီးတွေပျက်တယ်.. ရေတွေလျှံတယ်.. စိတ်ညစ်တယ်ဗျာ.. ဒါပေမဲ့ နိုင်ငံနဲ့ယှဉ်ရင်တော့ ဒါဟာ ၉ ၀ ထက်ဆိုးတယ်တော့ ပြောလို့မရပါဘူး.. မြန်မာနိုင်ငံဆိုတာ ရန်ကုန်တစ်ခုထဲမှ မဟုတ်တာဗျနော..

ပြည်သူတွေ ၉ ၀ထက် အဆပေါင်းများစွာ (ဆိုပဲ) မွဲတေနေတယ်.. ဒီအချက်ကိုတော့ ကိုပေါဟာ ဘာလို့ပြောရဲလဲ အံ့သြောမိပါတယ်.. (ပြောရဲဆိုတာက မဟုတ်မှန်းသိတဲ့ စကားတစ်ခုကို ခပ်တည်တည်ပဲ ပြောချရဲတာကို ဆိုလိုတာပါ).. ကမ္ဘာပေါ်က ဘယ်အဖွဲ့အစည်းက ထုတ်ခဲ့တဲ့ ဘယ်ဂရပ် ဘယ်ကိန်းညွှန်းကဖြင့် ခုလက်ရှိ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး စာရင်းမှာ အောက်ကကပ်နေတဲ့ ကိုးဆယ်အခြေအနေထက် အဆပေါင်းများစွာ ပိုငတ်ပြတ်နေပါတယ်လို့ ပြလဲ.. သိချင်စမ်းပါဘိ..

၉ ၀ ရဲ့ နယ်စပ်ဟာ ဖြစ်တဲ့အဖွဲနဲ့တောင် ဖြစ်နေပီမဟုတ်ပဲ အဖွဲ့တိုင်းနဲ့ ဖြစ်နေတာ ရှင်းပါတယ်လေ..

အဲ.. မိုက်တွင်းနက်တဲ့ အကြီးအကဲ.. ဟီးဟီး.. ဟုတ်ပ.. ကိုးဆယ်ကတော့ ပိုကောင်းလေမလား.. ထူးမခြားနားလား.. မသေချာဘူးဗျ.. အဲဒါတစ်ခုတော့ ခုလက်ရှိက ပိုမကောင်းတာ သေချာတယ်.. (ရေးရတာ ကျောတော့အေးသား.. ကမ္ဘာမှာ ကျွန်တော် တန်ဖိုးအထားဆုံး အချစ်ဆုံးစာအုပ်က စာအုပ်နီလေးဆိုတော့ အဲဒါလေ့းတော့ သတိထားရသေးသဗျ.. မပြန်ပဲတော့ မနေနိုင်ပါဘူးဗျာ.. ဟဲဟဲ)

ချုပ်ရင်ဗျာ တခါတလေ မဟုတ်မှန်း တကယ်သိနေရဲ့နဲ့ ကိုယ်ကိုယ်တိုင်တောင် မယုံကြည်တဲ့စကားတွေ ဘာကြောင့် ပြောချင်ရတာလဲဗျာ.. အနဲဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ရိုးသားဖို့ လိုတယ်လို့တော့ ကျွန်တော်ထင်ပါရဲ့..

ဘာမှမသိတဲ့ မောင်သတိ အချောင်ကလိချင်ပေမဲ့ မဟုတ်မမှန်တာတွေကို လုပ်ကြံကာရယ်တော့ မပြောပါဘူး အထာကြီးနဲ့ ပြောတဲ့ ဆရာ ၊ ကြီးပေါခင်ဗျား..

ဟားဟား.. ကာရံအဖွဲ့နွှဲ့ မှာတော့ ကိုပေါဆီက အများကြီးသင်ရဦးမှာပဲဗျ.. ကျွန်တော်လဲ အဲလိုရေးရတာလေးတွေ သဘောကျသား..

အားလုံးသက်သာ
မောင်သတိ

cloud9 said...

Maung Thadi,
ဗုံးတွေကွဲနေသေးတာ မှန်ပေမဲ့ မြန်မာတစ်နိုင်ငံလုံး အမဲရောင်နယ်မြေရဲ့ ပမာဏဟာ ရာခိုင်နှုန်း ထက်ဝက်ကျော်လျော့သွားတယ်..

What if another attack blow your monther, let's see what would you say

Anonymous said...

I do not like those opposition suckers like Maung Maung from
FCUB but I hate suckers like
Maung Tha Di as much as I hate
Kyant Phont mother fuckers.

ကိုပေါ said...

“ပြည်သူတွေ ၉ ၀ထက် အဆပေါင်းများစွာ (ဆိုပဲ) မွဲတေနေတယ်.. ဒီအချက်ကိုတော့ ကိုပေါဟာ ဘာလို့ပြောရဲလဲ အံ့သြောမိပါတယ်.” (မောင်သတိ)

၉၀ ခုနှစ်ကနဲ့စာရင် ရန်ကုန်တမြို့ထဲမှာပဲ တောင်းစားတဲ့ သူတောင်းစားအရေအတွက်ဟာ အဆ ၁၀၀ မက တိုးတက်လာတယ်ဆိုတာ လူတိုင်းသတိထားမိတဲ့အချက်ပါ မောင်သတိရေ။ တောင်းစားသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ကုန်ကုန်ပြောရရင် ကိုယ်အင်္ဂါစွန့်လွှတ်ထားရတဲ့ တပ်မတော်သားတွေ ကိုယ်တိုင် ပါပါတယ်။ ဒါမျိုးတွေကို တပ်မတော်အစိုးရက နိုင်ငံတကာက အဖွဲ့အစည်းတွေကို လွတ်လွတ်လပ်လပ် ဝင် စစ်တမ်းကောက်ခိုင်းလိုက်ရင် ကြည့်ကောင်းမယ်ဗျနော်။

၉၀ ခုနှစ်လောက်ဆီက မြို့ထဲသွားဖို့ ကားခ လမ်းစားရိတ်မရှိလို့ မှတ်ပုံတင်ပေါင်ရတယ်ဆိုတာ မကြားဖူးသေးဘူး။ ထမင်းရည်ပုလင်း အရောင်းဆိုင်တွေလည်း မပေါ်သေးဘူးခင်ဗျ။

၉၀ ခုနှစ်များဆီက မီး တခါတလေ ပျက်တတ်ပါတယ်။ ဒါပေမယ့် အခုအခါမှ မီး တခါတလေ လာတတ်ပါတယ်။ သိပ်မကွာပါဘူး။

အဖြူရောင်နယ်မြေ၊ အမဲရောင်နယ်မြေဆိုတာကလည်း မောင်သတိက တပ်မတော်အစိုးရရဲ့ လေသံကို လိုက်ပြောနေတာကိုးခင်ဗျ။ အမဲရောင်နယ်မြေတုန်းက သူ့ဘာသာ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်နေခွင့်ရတဲ့ တိုင်းရင်းသားညီအကို မောင်နှမတွေခမြာ မောင်သတိတို့ တပ်မတော်က အဖြူရောင်ဖြစ်အောင်လည်းလုပ်လိုက်ရော နေထိုင်ဖို့ရာတောင် မဖြစ်နိုင်တော့လို့ အိုးပစ်အိမ်ပစ် ရွာပစ်ပြီး ဘေးနိုင်ငံထဲကို ထွက်ပြေးကြရရှာတယ်မဟုတ်လား။

ပြောသာပြောရတာပါ... ၆၂ခုနှစ်ကစလို့ ဒီ စစ်အစိုးရလက်အောက်မှာပဲ တနေ့တခြား အခြေအနေတွေ ယိုယွင်းပျက်စီးလာလိုက်တာ နိုင်ငံသားတွေလည်း လူမွှေးမပြောင်တော့ဘူး။ တပ်ထဲက အောက်ခြေစစ်သည်တွေလည်း လူမွှေးမပြောင်တော့ဘူး။ ဝန်ထမ်းတွေလည်း လူမွှေးမပြောင်တော့ဘူး။

အဲ... တပ်က အကြီးအကဲအချို့နဲ့ သူတို့ရဲ့ အရိုးအရင်းကိုက်ကြသူတချို့တော့ ပြောင်ရောင်ပါသဗျိုး။

အခုလို အတော့်ကို ရိုးသားဖြူစင်ကြယ်ပုံရတဲ့ မောင်သတိနဲ့ ဆွေးနွေးရတာ ဂုဏ်ယူပါသဗျာ။း-)

ဖိုးတုတ် said...

ကိုပေါ ခင်ဗျား

ကျွန်တော် ကတော့ ကိုပေါ ရဲ. ကွန်.မန်.ကို ကြိုက်သွားပါပြီ

ကျွန်တော်က မောင်သတိ ရဲ့ ကွန်.မန်.လည်းကြိုက်ပါတယ် ၊ နှစ်ယောက်စလုံး အပြန်အလှန်ရေးတာ တွေက ကောင်းပါ့ဗျာ ၊ ပွဲကြည့်ပရိတ်သတ် ဆိုပေမဲ့ ရွှေဘကြီး (ကိုပေါ) ဘက်ကပေါ့ ၊ တစ်ခါတစ်လေ ရွှေဘကြီး တစ်လွဲတစ်ချို. ဖြစ်ခဲ့ရင်လည်း ကျွန်တော်ဝေဖန်မိတယ်ပေါ့ ၊ ဂရုဏာဒေါသောလို.ပဲပြောရမလား ၊

မောင်သတိ ကလည်း နာမည်တစ်လုံးနဲ. နေလာတာ ဆိုတော့ သူ.ကတော့ အလွယ်တစ်ကူ နောက်ဆုတ်သွားမယ်လို. မထင်တော့ဖူး ၊ ကျွန်တော် ကမ္ဘာ့ဖလားဘောလုံးပွဲမကြည့်တော့ဖူး (subscription မတတ်နိုင်လို.) ၊ ကိုပေါ နဲ. မောင်သတိ နှစ်ယောက်ရဲ့ ကွန်မန်.တွေဘဲ ထိုင်ပြီးဖတ်တော့မယ် ၊ ဒါပေမဲ့ သူ.ကို အချိန်နည်းနည်းတော့ပေးပါ ၊ စဉ်းစားခွင့်လေးပေါ့ ၊ ကိုပေါ ရေးတာကလွယ်ပါတယ်၊ အမှန်တွေကိုပဲ ချရေးလိုက်တော့ နအဖ မကောင်းတာတွေပေါ့ ၊ ဒါပေမဲ့ ပြန်ပြီးချေပရရင်တော့ နအဖ ကောင်းကွက်လေးတွေတော့ တော်တော်ခက်ခက်ခဲခဲ ရှာရမှာပေါ့ဗျာ ၊ ရေလောင်းအိမ်သာ ဘယ်နှစ်လုံး ဆောက်ပြီးပြီ ၊ ကြက်ဆူပင် ဘယ်နှစ်ပင် စိုက်ပြီး ပြီဆိုတာပေါ့၊ကျွန်တော် ထင်တာကတော့ နအဖ ကောင်းကွက်လေး တွေလည်းရှိမှာပါ ၊ ကောင်းတယ် ဆိုတာကလည်း စိတ်ပျက်ဖို. ကောင်းတယ်ဆိုတာများ ဖြစ်နေမလား မသိပါဘူး ၊

ခုတော့ မောင်သတိ က ကိုပေါ ကို အပွဲပွဲ နွှဲလာသမျှ ဒီတစ်ပွဲတော့ မောင်သတိ တစ်ယောက် " အင့် " ကနေ နေသွားမှာကိုတော့ မြင်ယောင်မိ ပါသေးတယ် ၊ ကျွန်တော် စိုးရိမ်တာက ကိုပေါဘလော့ မှာ မောင်သတိ comment လာမရေးတော့မှာကိုပါ ၊ မောင်သတိ တစ်ယောက် comments phobia ရောဂါ မရပါစေနဲ.လို.ပဲ ဆုတောင်းပေးလိုက်ပါတယ်

U.K မှာ ခေတ်စားတဲ့ dance with celebrities လိုပေါ့ ၊

ကျွန်တော်အမည် ပေးချင်တာကတော ဘလော့ဂါနဲ.အငြင်းအခုံ ပြုလုပ်ခြင်းနဲ.လို.ပဲ ပြောရမလား ၊ တစ်ခါတစ်လေ ကိုပေါ က kokosan ဆိုပြီးပြန်ချေပရင် ပျော်တာပေါ့ ၊ စလုံးမှာ နာမည်ကြီးတဲ့ အန်ကယ်ကြီး (ကိုပေါ) နဲ. ငြင်းရတာလည်း ဂုဏ်တစ်ခု လို.ထင်မိပါတယ် ၊ ကျွန်တော်လည်း ကိုပေါ နဲ. ဦး နှစ်ဦး (ထက်ထက်မိုးဦး နဲ. ဦးအောင်ဆန်းဦး ) ကိစ္စနဲ. တော်တော်လေး ငြင်းကြရတာ မှတ်မိပါသေးတယ် ၊ ကျွန်တော် ကိုပေါ ကို အထက်ပါ ကွန်မန်.တွေမှာ ဖတ်လိုက်ရတာကတော့ ကိုပေါ က မပိုင်ရင် ဘယ်တော့မှ မတွယ်ဖူးပေါ့ ၊ ကျွန်တော် တောင် ကျောနည်းနည်း ချမ်းသွားပါတယ် ၊ နောက်ပိုင်း ကျွန်တော်လည်း နည်းနည်းတော့ သတိထားရဦးမယ် ၊ ဒါပေမဲ့ တစ်ခုတော့ ပြောချင်တယ် ကျွန်တော်က ကိုပေါ နဲ. ငြင်းတာသာရှိပြီး ဒေါသ မပါပဲ ကိုပေါ ရဲ. ပျက်စီးရာ ပျက်စီးကြောင်း ကို မစဉ်းစားမိတဲ့ အတွက် စိတ်အေးချမ်း ရပါကြောင်းကိုလည်း အလျဉ်းသင့်တုန်း ပြောပြချင်ပါတယ် ၊ ကျွန်တော် အရင်ကိစ္စတွေမှာ ငြင်းခဲ့တာ ကိုယ်မှန်တယ်ထင်လို. ကိုယ်ငြင်းခဲ့တာပါ ၊ နောင်လည်းအလားတူ ကိစ္စမျိုး မှာ ငြင်းဖို. အဆင့်သင့်ပါပဲ ၊ ဒါပေမဲ့ အထက်က ကွန်.မန်.ကိုတော့ ကျွန်တော်မငြင်းနိုင်ပါဘူး ၊ အချက်အလက်တွေက သိပ်မှန်နေလို.ပါ ၊ ကျွန်တော်က ကြမ်းပိုး ကို လိပ်ဖြစ်တယ်လို. ဗြောင်ကြီး မလိမ်တတ်တော့ မငြင်းရဲဖူး ၊ ကျွန်တော်က ရှက်တတ်တယ် ၊

မှားရင်ဝန်ခံတောင်းပန်လိုက်မယ် ၊ ရှက်ရမ်းရမ်းပြီး တော့ မှားတာကို မှန်တယ်လို.တော့ မပြောတတ်ဖူး ၊


အားလုံးကျန်းမာချမ်းသာကြပြီး မုသားများ ဝေးကြပါစေ -----

ဖိုးတုတ် said...
This comment has been removed by the author.
ဖိုးတုတ် said...
This comment has been removed by the author.
ကိုပေါ said...

ကိုကိုစန်းရေ...

ကျနော့်ကွန်မင့်ကို သဘောကျတယ်ဆိုလို့ ဝမ်းသာပါတယ်။

မပူပါနဲ့။ ကျနော်လည်း ကမ္ဘာ့ဖလား ဘောလုံးပွဲ Subscribe လုပ်မထားလို့ သူများတွေလို World Cup fever မတက်ရသေးပါဘူး။ လာမယ့် ဆီမီဖိုင်နယ်ပွဲတွေနဲ့ ဖိုင်နယ်ကျမှ ချင်နယ်ဖိုက်က အလကားပြမယ်ဆိုလို့ အဲသည်ကျမှ အများနည်းတူ ခါတော်မီ World Cup Fever တက်လိုက်ဦးမယ်။း-)

ဘာပဲပြောပြော.... မောင်သတိတို့၊ မောင်လမ်းသစ်တို့ကိုလည်း ကျနော့်ဘလော့ဂ်မှာ လာပြီး ကွန်မင့်လုပ်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မောင်လမ်းသစ်တော့ လမ်းသစ်ထွင်သွားပြီထင်တယ်။ မတွေ့တာ ကြာပြီ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs