“သင်္ကြန်ဗုံးနှင့် သူခိုးတသိုက်”

Share |
“The Kite Runner” ဇာတ်ကားထဲမှ ဇာတ်ပို့ဇာတ်ကောင်တဦးဖြစ်သူ ဘာဘာ(BABA)က မကောင်းမှုဒုစရိုက်နှင့်ဆိုင်သော သူ့အယူအဆကို အောက်ပါအတိုင်း ရှင်းပြသည်။

“လောကကြီးမှာ ဒုစရိုက်မှု (မကောင်းမှု)က တခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုရင် ခိုးမှုပဲ။ ကျန်တာတွေအားလုံးက ခိုးမှုကနေ အသွင်နည်းနည်း ပြောင်းလဲသွားတာပဲ ရှိတယ်။ လူတယောက်ကို သတ်လိုက်တယ်ဆိုရင် သူ့ရဲ့ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ ဒါ့အပြင် ဇနီးဖြစ်သူထံက သူ့ယောက်ျားအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ အလားတူပဲ… ကလေးတွေထံက သူ့တို့အဖေအဖြစ် ရယူပိုင်ဆိုင်ခွင့်ကို ခိုးယူလိုက်တာပဲ။ မုသားပြောတယ်ဆိုရင် နားထောင်သူထံက အမှန်အတိုင်း ကြားသိခွင့်ကို ခိုးယူလိုက်တာပဲ။”

ပြီးခဲ့သော ရန်ကုန်သင်္ကြန်ဗုံးပေါက်၍ လူအများ သေဆုံးကြသည့် သတင်းကို ကြားသိရသောအခါ ဘာဘာ၏ အထက်ပါ ပြောစကားများကို ပြန်လည် သတိရလာမိသည်။ ဗုံးဖောက်ခွဲလိုက်သူများသည် သေဆုံးသူတို့၏ အသက်ရှင်သန်ပိုင်ခွင့်ကို ခိုးယူ၊ လုယူလိုက်ကြပါပြီကော။ ရလဒ်အဖြစ် ပူဆွေးဝမ်းနည်းလျက် ကျန်ရစ်သော မုဆိုးမများ၊ မိဘမဲ့ကလေးများ၊ ရင်သွေးဆုံးရှုံးသွား၍ ပူဗျာပွေနေမည်ဖြစ်သော မိဘများ၊ မောင်နှမသားချင်းများ၊ ဆွေမျိုးများ၊ မိတ်ဆွေများ။

အဆိုပါ ဗုံးများကို မည်သူဖောက်ခွဲသည်ဖြစ်စေ ထိုလုပ်ရပ်အား လူသားဆန်သူအားလုံးက ရှုတ်ချရမည်သာဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသူများက ပို၍ပင် ရှုတ်ချရမည်ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲသည့်ကိစ္စသည် နအဖ စစ်အစိုးရလက်ချက်ဖြစ်နေပါက သိပ်အံ့သြစရာမရှိ။ စစ်အစိုးရသည် ဤထက်မက ပိုမို၍ ပက်စက်သော ရာဇဝတ်မှု၊ ဒုစရိုက်မှုပေါင်းများစွာကို ကြိမ်ဖန်များစွာ လူသိရှင်ကြား ကျူးလွန်ခဲ့သည့် အစိုးရဖြစ်သည်။

သို့သော် အတိုက်အခံတချို့၏ ပယောဂဖြင့် ပေါက်ကွဲသည့် ဗုံးများဖြစ်ပါက အတော်ပင် အံ့သြစရာလည်းကောင်းသည်။ ထိတ်လန့်စရာလည်း ကောင်းသည်။ စိတ်ပျက်စရာလည်း ကောင်းလှပေသည်။ ထိုသို့သော ထင်မြင်စွတ်စွဲခြင်းမျိုးကို မပြုလိုသော်လည်း ယခုအခါ ဘလော့ဂ်စာမျက်နှာများပေါ်တွင် စစ်အစိုးရကို ဆန့်ကျင်တော်လှန်နေသော အင်အားစုတချို့ထံမှ အဆိုပါ ဗုံးဖောက်ခွဲခြင်းသည်ပင် တရားသဖြင့် လမ်းစဉ်ဖြစ်လေသယောင် ယောင်ဝါးဝါး ရေးသားလာခြင်းများကို တွေ့ရသောအခါ ဤကိစ္စသည် အတိုက်အခံ အင်အားစုအချို့၏ လက်ချက်လည်း ဖြစ်နိုင်ပေသည်ဟု တွေးတောလာရပေသည်။ ဤအတိုင်းသာ မှန်ပါက ထိုသူတို့သည် ကိုယ့်ဘာသာ ဘာလိုချင်မှန်း မသိသူများ၊ ကိုယ်စီးနေသောမြင်းကို အထီးမှန်းအမမှန်း မသိသူများသာ ဖြစ်သည်ဟု ဆိုချင်ပါသည်။

စစ်အစိုးရကို ထိုသူတို့ တော်လှန်ဆန့်ကျင်နေသည်မှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် မဟုတ်ပါလား။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုရာ၌ အခြေခံအကျဆုံးဖြစ်သော လူသားတို့၏ အသက်ရှင်သန်ပိုင်ခွင့် (Right to life) ကိုမျှပင် အလေးမထားပါက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အမှန်တကယ်လိုလားသည်ဟု ဆိုနိုင်ပါဦးမည်လော။

ထောင်တန်းကျလောက်သော ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူတို့အဖို့ပင် အများပြည်သူရှေ့မှောက် တရားခွင်တွင် ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့်ရှိသည်။ တရားစွဲဆိုသူဖက်က သံသယဟူ၍ မြူတမှုန်မျှပင် မဖြစ်လောက်အောင် စွဲဆိုချက် အခိုင်အမာ၊ သက်သေအခိုင်အမာ ရှိရမည်။ စွဲဆိုချက်သည် မခိုင်မာ၊ သက်သေအထောက်အထားလည်း မခိုင်လုံပါက ပြစ်မှုကျူးလွန်ခဲ့သည် မှန်သော်လည်း သံသယအကျိုးကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးရသည့်အမှုများ၊ ဥပဒေအရ စွဲဆို၍ မဖြစ်နိုင်သောကြောင့် ကွင်းလုံးကျွတ်လွှတ်ပေးရသည့် သာဓကများလည်းရှိသည်။ ဤသည်မှာ အပြစ်မရှိသူအပေါ် မှားယွင်းအပြစ်မပေးမိအောင် ကာကွယ်ထားသည့် အကြောင်းကြောင့်လည်းဖြစ်သည်။

ယခုဗုံးခွဲလိုက်သည့်ကိစ္စတွင်မူကား ဗုံးခွဲသူများက သူ့တို့ပင်လျှင် ဆွဲချရှေ့နေနေရာမှ စွဲချက်တင်၊ သူတို့ပင်လျှင် တရားသူကြီးနေရာမှ စီရင်ချက်ချကာ၊ သူတို့ပင်လျှင် အာဏာပါးကွက်သားနေရာမှ လူတဖက်သား၏ အသက်တချောင်းကို သူတို့သဘောကျ လက်လွတ်စပယ် စီရင်ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ အဆိုပါ ဗုံးကွဲမှုတွင် သေဆုံးသွားသူအားလုံးတွင် သေဒဏ်ချလောက်သော အပြစ် တစုံတရာ ရှိခဲ့ပါ၏လော။

ထို့အပြင် အဆိုပါ ဖြစ်စဉ်ကြီး တခုလုံးတွင် မည်သည့်နေရာတွင် ဥပဒေနှင့် ညီသနည်း။ မည်သည့်နေရာတွင် တရားမျှတမှုရှိသနည်း။ မည်သည့်နေရာတွင် လူ့အခွင့်အရေး စံနှုန်းစံထားများနှင့် ကိုက်ညီပါသနည်း။ ထိုသူများကို လုပ်ပိုင်ခွင့်အာဏာ မည်သူက အပ်နှင်းထား၍ မည်သည့်ဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်ပါသနည်း။ တကယ်တွင်ကား ဤလုပ်ရပ်သည် ကြိုတင်ကြံရွယ်ထားသော၊ ယုတ်မာပက်စက်သော၊ သွေးအေးအေးနှင့် ကျူးလွန်သော လူသတ်မှု သက်သက်မျှသာ ဖြစ်ချေသည်။

ဤသို့သော လူသတ်မှုမျိုးကို နအဖကျူးလွန်ပါက ရှုတ်ချ တားဆီးရမည်ဖြစ်သလို၊ အတိုက်အခံ အမည်ခံ အကြမ်းဖက်ဝါဒီများက ကျူးလွန်လာပြီဆိုပါကလည်း တန်းတူပင် ရှုတ်ချရမည်ဖြစ်သည်။

“လူတကာ ဒုက္ခရောက်နေချိန်တွင် သင်္ကြန်တွင် သွားရောက်ပျော်ပါးကြသူများ…. အခုတော့ ဘယ်နှယ့်ရှိစ” ဆိုသည့် သဘောမျိုး ရေးသားကြသည်ကိုလည်း ဖတ်ရသေးသည်။ ဒီမိုကရေစီစနစ်တွင် လူတဖက်သားကို မိမိဖြစ်စေချင်သည့်အတိုင်း အတင်းအဓမ္မ လိုက်နာစေချင်၍ မရကြောင်းကို ထိုသူများ သဘောပေါက်သင့်သည်။ အသက်ရှင်သန်ခွင့်အပြင် လွတ်လပ်ခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တွေ ရှိသေးသည်ကို သတိမူသင့်သည်။ သင်္ကြန်ပွဲ (သို့မဟုတ်) ပျော်ပွဲရွှင်ပွဲကို မသွားသင့်ဟု ထင်မြင်ယူဆပါက မိမိဘာသာ မသွားဘဲနေရန်သာရှိသည်။ သွားသည့်သူများကို မသွားနှင့်ဟု အဓမ္မပိတ်ပင်တားဆီး၍ မဖြစ်နိုင်။

နအဖသည် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းဖက်နည်းဖြင့် အင်အားသုံးဖြေရှင်းသည်ဆိုလျှင် ယခု ဗုံးပေါက်ကွဲခြင်းကို ကာကွယ်ပြောဆိုနေသော အတိုက်အခံများသည်လည်း နိုင်ငံရေးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည့်သူများဟု ယူဆ၍ ရနိုင်ပါဦးမည်လော။ နအဖအစိုးရ တနည်းနည်းနှင့် ပြုတ်ကျသွားပြီး ဤသို့သော အတိုက်အခံများ မတော်တဆ အာဏာရလာပါက မိမိနှင့် သဘောထားမတိုက်ဆိုင်သူများ၊ အမြင်မတူသူများ၊ မိမိအလိုကျ လိုက်မလုပ်သူများကို ဤသို့ပင် အကြမ်းဖက်လမ်းစဉ်ဖြင့် ကိစ္စတုံးစေရန် ကြိုးစားကြပေလိမ့်ဦးမည်။ ထိုသူများသည် အာဏာမရမီကပင် အာဏာရှင်ကဲ့သို့ ပြုမူနေကြသည်ဖြစ်၍ အာဏာရသည့်အခါ နအဖထက်ပင် ဆယ်ပြန်ဆိုးမည့်သူများ ဖြစ်လာမည်မှာ မုချပင်ဖြစ်သည်။ ထိုသူများကို တိုင်းပြည်လွတ်လပ်သောအခါတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်း၍ တရားရုံးတော်တွင် ဥပဒေကြောင်းအရ စီရင်ကာ ထိုက်သင့်သည့် အပြစ်ဒဏ်ကို ပေးမှသာလျှင် အပြစ်မဲ့ သေဆုံးရသူများ၏ ကျန်ရစ်သောမိသားစုများအတွက် တရားမျှတမှုရှိရာ ရောက်ပေလိမ့်မည်။

တဖက်တွင်လည်း နအဖ စစ်အစိုးရသည် အစိုးရတရပ်အနေနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရမည့် တာဝန်၌ လစ်ဟင်းလျက်ရှိသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဟူသော အမည်နှင့် ဆန့်ကျင်စွာပင် ယင်းတို့အုပ်ချုပ်စဉ်ကာလတလျှောက်လုံး နိုင်ငံမှာ အေးချမ်းမှုလည်းမရှိ၊ သာလည်း မသာယာ၊ ဖွံ့ဖြိုးတိုးတက်ရမည့်အစား ဆုတ်ယုတ်လျက်ပင် ရှိသည်။

အဆိုးထဲမှ အကောင်းဟု ဆိုနိုင်သည့်အချက်ကား ယခင်က “နအဖကို ဘယ်နည်းနဲ့ တိုက်တိုက်၊ တရားတယ်” ဟု ယူဆသူအချို့ပင် ယခုလုပ်ရပ်အား ဆန့်ကျင်ကန့်ကွက်လာသည်ကို တွေ့ရခြင်းပင်ဖြစ်သည်။

အမှန်တကယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လိုလားကြသည်ဆိုပါက လူထုအားကို ယုံကြည်ရမည်။ လူထုပါဝင်လာစေရန် ကြိုးပမ်းရမည်။ လူထုအားကို မယုံကြည်သူသည် ဒီမိုကရေစီစနစ်ကို အမှန်တကယ် မယုံကြည်သူသာ ဖြစ်ချေမည်။ လူ့အခွင့်အရေးများကို ပါးစပ်က အော်နေရုံမျှမက လက်တွေ့ကျင့်သုံးရမည်။ ကာကွယ်ရမည်။ စောင့်ရှောက်ရမည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ကိုမင်းကိုနိုင်၊ မစုစုနွေး၊ ကိုထင်ကျော်တို့၏ လမ်းစဉ်ကို လိုက်ရမည်။

သို့မဟုတ်ဘဲ အကြမ်းဖက်လမ်းစဉ်ကို လိုက်မည်ဆိုပါက မြန်မာပြည်တွင် ဗုံးတလုံးကွဲတိုင်း ဒီမိုကရေစီရဖို့ ခရီးတာသည် တိုး၍သာပင် ရှည်လျားကြမ်းတမ်းသွားမည်သာဖြစ်သည်။

26 comments:

အေးခိုင် said...

ကိုပေါရဲ့ဆောင်းပါးကိုကြိုက်တယ် အဲဒိ့အယူအဆကိုထောက်ခံတယ်ဗျာ

Rita said...

(“လူတကာ ဒုက္ခရောက်နေချိန်တွင် သင်္ကြန်တွင် သွားရောက်ပျော်ပါးကြသူများ…. အခုတော့ ဘယ်နှယ့်ရှိစ” ဆိုသည့် သဘောမျိုး...)


တပုဒ်လုံး တလုံးတောင်မကျန်အောင် ထောက်ခံပါတယ်။ အထက်က အဲဒီနေရာကို ရောက်တော့ ပိုလို့ ထောက်ခံပါတယ်။

အဲဒီ အရေးအသားမျိုးကို ဦးနှောက်တစက်မှ မပါတဲ့ အရေးအသား၊ လက်ရှိအခြေအနေကို မသိဘဲ၊ တလွဲ အဓိပ္ပါယ်ကောက်ပြီး ရမ်းသမ်းမှန်းသမ်း ရေးတဲ့ အရေးအသား။ ငါ့စကားနွားရ လိုရာဆွဲရေးတဲ့ အရေးအသား။

အဲဒီလူမျိုးကို ဘယ်တုန်းက ဘာကြီး လုပ်ခဲ့လို့ ခု ဘာကြီးပဲဖြစ်နေပါစေ၊ အဲဒီလို အတွေးအခေါ်ရှိနေသမျှကာလပတ်လုံး မြန်မာပြည် ခေတ်ပြောင်းသွားရင်တောင် ပြန်မလာစေချင်ဘူး။ (မလာစေချင် ဆိုတာ အခွင့်အာဏာ မရှိလို့ သုံးလိုက်ရတဲ့ အသုံးလို့ သိပါရန်)

ပြန်လာလို့ မတော်တဆ ဝင်ပါခဲ့ရင် လိုရင်းကို ရောက်မှာမဟုတ်ဘဲ အဲဒီလိုဟာတွေ၊ အဲဒီလို ဦးနှောက်တွေကြောင့်ကို ပြောင်းပြီးသားခေတ်တောင်မှ တပတ်ပြန်လည်ဦးမှာလို့ ခံစားမိလို့ပဲ။

nandalynn said...

Ko paw,
Now, I have read ur post. I everyday come and see ur post. I accepte ur ideas and some are , i donot accept. Now in this post, ur destination, i understand. But, I want to tell u somethings. I never hear and I never read
, cannot get libetity unless revolution, especially
military government. I also donot like bomb explosion to innocent people. But I believe that
we can freedom and libertity if we do revolution to mililtary government. If our national leader, General Aung San decided to fight english to get independent . If General Aung San, not do like that, we cannot get independence. I want to discuss u about political condition.I also an engineer and working singapore.

Aung Aung said...

To: nandalynn

Armed revolution and terrorism are two different things. It is legitimate to target enemy’s armed forces in an armed revolution; but it is totally wrong to target civilians. There may be cases when civilians are unintentionally harmed while you are fighting the armed forces. Even such "collateral damages" can be forgiven in some sense. But, this Thingyan bombing is totally unforgivable because they deliberately (or indiscriminately) attacked the civilians. Down with those terrorists!

Lun Lunn said...

အကြမ်းဖက်မှုသက်သက်ကို လုံးဝ အားမပေးပါ။

သို့သော် တစ်ဖက်မှ အင်အားသုံး အကြမ်းဖက်လာပါက မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ ပြန်လည် ခုခံရင်းသော်လည်းကောင်း၊ အားနည်းသူအား နိုင်ထက်စီးနင်းပြုနေခြင်းအပေါ် ၀င်ရောက် ကူညီရင်းသော်လည်းကောင်း ပြန်လည် အကြမ်းဖက်ရသည်များ ချွင်းချက်အဖြစ် ရှိပါသည်။

တစ်ဖန် ယုတ်မာရက်စက်နေသည်ကို သိလျှက် လာရောက် တိုက်ခိုက်မှ ခုခံသည်ထက် မိမိက လက်ဦးမှုရအောင် အရင် တိုက်ခိုက်ရင်း အပြစ်မဲ့သူများအား တတ်နိုင်သလောက် ကယ်တင်ခြင်းကိုလည်း ထည့်သွင်းစဉ်းစားသင့်သည်။

လူထုအင်အားကို အပြည့်အ၀ ယုံကြည်သော်လည်း လူထုအင်အားကို လူထုက ယုံကြည်ပြီး လူထုအင်အား ဖြစ်ပေါ်လာအောင် ဖန်တီးပေးရမည့် ပတ်ဝန်းကျင် အနေအထား၊ အခြေအနေကောင်းများလည်း အထူး လိုအပ်ပါသည်။

သို့မဟုတ်ပါဘဲ ချောင်ပိတ်ခံရသည့် ခွေးပမာ အခြေအနေအထိ စောင့်ပါက အရင်ဆုံး နှစ်ရှည်လများ ခံစားရမည့်သူများမှာ ဆင်းရဲနွမ်းပါးသော အပြစ်မဲ့ ပြည်သူပြည်သားများသာ ဖြစ်ပေသည်။

ထို့ကြောင့် ရက်စက်ယုတ်မာသော စစ်အာဏာရှင်များအား ထိရောက်စွာ တန်ပြန်ခြင်းမျိုးကို လက်ခံပါသည် (သင်္ကြန် အကြတ်နေ့ ဗုံးပေါက်ကွဲမှုကို မဆိုလိုပါ)။ ထိုသို့သော တန်ပြန် လုပ်ရပ်များကို ပြုလုပ်သူများသည် ဒီမိုကရေစီ နည်းလမ်း မကျသော်လည်း မိမိကိုယ်ကျိုးစွန့်ပြီး တိုင်းပြည် ကောင်းမွန်တိုးတက်ရေးအတွက် မိမိတတ်စွမ်းသမျှ မကောင်းသူများကို ပယ်ရှားပေးသူများ ဖြစ်သည်။ ဥပဒေအရ တိုင်းပြည် ကောင်းစားတိုးတက်ပင်လျှင် မြောက်စားချီးမြှင့်ခွင့် ရရှိမည့်သူများ (သို့) ခံယူချင်သူများလည်း မဟုတ်ပါ။ (ဥပမာ သူခိုးကြီး ငထက်ဖြားကဲ့သို့သော သူရဲကောင်းများ)။ အဘယ်ကြောင့်မှုကား ထိုသို့သော ပုဂ္ဂိုလ်များသည် တိုင်းပြည် ပြည်လည် ထူထောင်ရေး၊ အုပ်ချူပ်ရေး အစရှိသည်တို့တွင် ၀င်ရောက် ဆောင်ရွက်ခွင့်ရရှိမည့်သူများ (သို့) ဆောင်ရွက်ချင်သူများ မဟုတ်ပဲ ကိုယ်ကျိုးစွန့်သူများ သက်သက်သာ ဖြစ်သောကြောင့် ဖြစ်သည်။

ထိုကြောင့် စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းသူ မည်သူကို မဆို ထောက်ခံအားပေးသင့်ပါက အမြဲ ထောက်ခံ အားပေးမည်။

Anonymous said...

Ko Paw.....I ABSOLUTELY agree with you on this issue. Nobody should do such a terrorist act ,no matter which situation we are in. In my opinion,sadly, this is the beginning of the failure to some of the so call oppositions living abroad who wholeheartedly supported that bomb blast if done by anti gov group. Ko paw, you consistently stand by your principle of non violence. In fact, I was waiting for your post related to the bomb blast in Yangon. I agree with Rita 100 % on her comment. Keep going! Thanks!

Unknown said...

" ဒီမိုကရေစီစနစ်တွင် လူတဖက်သားကို မိမိဖြစ်စေချင်သည့်အတိုင်း အတင်းအဓမ္မ လိုက်နာစေချင်၍ မရကြောင်း" ဆိုတာ ဒီမိုကရေစီ ကို ဖော်ဆောင်နေတဲ့ နိုင်ငံတွေ မှာ မဟုတ်ဘူးလား ကိုပေါ၊၊
မြန်မာပြည်မှာလို အကြမ်းဖက်တဲ့စစ်အစိုးရ အုပ်ချုပ်စဉ် ကာလမှာ အကြမ်းဖက်လုပ်ရပ်တွေကို ပြည်သူ တစ်ယောက် အနေနဲံ သိရှိမိသလောက် အကြမ်းဖက် တဲ့လုပ်ရပ်တော်တော်များများ (99.9 % )ကို စစ်အစိုးရဘဲလုပ်နေ တော့ ဒီဗုံးပေါက်ကွဲ မှု့ မှာလဲ သူတို့ အချင်းချင်းချတာ ပြည်သူတွေ မြေစာပင်ဖြစ်ရတာဘဲ ခံယူမိပါတယ်၊၊ ဥပမာ. သိဟသူရတင်အောင်မြင့်ဦးရဲ့ ကော်ဖီဆိုင် နေ့လည်ခင်းမှာ အဖျက်ခံလိုက်ရတာ မျိုးပေါ့၊၊ ဘယ်သူကကျေနပ်မှာလဲ၊၊ နေနှင့်ဦးပေါ့ ပေါ့၊၊
ဒါ့ကြောင့် တိုင်းပြည် မအေးချမ်းသေးသမျှကာလ ပတ်လုံး ပြည်သူတွေ လဲ မတရားတဲ့စစ်အစိုးရ ကို မတွန်းလှန်နိုင်သေးသမျှ ကြည့်ပြီး ပျော်ကြပေါ့၊၊
မတရားသော မည်သည့်အကြမ်းဖက်မှု့ ကိုမဆို ပြည်သူတစ်ယောက်အနေနဲ့ ဆန့် ကျင်တယ်၊၊ ဒါပေမဲ့ တရားသော လက်နက်ကိုင် တော်လှန်ရေးဆိုတာလဲ အောင်ပွဲအတွက်လိုအပ်ပါတယ်၊၊

nandalynn said...

To Aung Aung,
Thanks and I accept ur opinion.
I really mean that I do not accept ko paw's some opinion. Ko paw believe that we can get democracy with strength of our people. I think that we all come out from home and we will ask for democracy all over the country, this government don't care and no afraid any pressure of all over the countries, they will fire and kill all of the people. You can see this conditions 1988 and 2007.China and Russia have their side and they will reject any objective concerning with this government from other countries.So, I don't want to sacrifice like that condition. I want to fight government with guns.
You can see that our neighbours countries indonesion and phillipinies, they sacrificed many people to get democray.Now, I think that u undestand what i really mean. I don't like terrosism.

Nge Naing said...

ကိုပေါရေ လာဖတ်သွားပါတယ်။ အမြင်တွေက ထပ်တူကျပါတယ်။ ဘာမှ အထွေအထူး ပြောစရာမရှိပါဘူး ခေါင်းစဉ်ပေးထားတာကိုတော့ သဘောကျတယ်။ ကျွန်မသိရသလောက်တော့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ သူတွေတချို့မှာလည်း War and Terror ကို မကွဲသေးတာ တွေ့ရတယ်။ တခုရှိတာက ဗိုလ်ချုပ်တို့ လက်ထက်က အမျိုးသားရေးအတွက် တိုက်ပွဲဝင်တဲ့ လွတ်လပ်ရေးတိုက်ပွဲနဲ့ အခုလက်ရှိ ဖြစ်နေတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေး တိုက်ပွဲမှာ မတူတာတွေ ရှိပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး UN ပေါ်လာပြီး နောက်ပိုင်း ၁၉၄၈ ခု ဒီဇင်ဘာမှာ University Declaration of Human Rights (UDHR) ဆိုတာ ပေါ်လာပြီး နောက်ပိုင်း ဘာအတွက်ပဲ တိုက်တိုက် လူ့အခွင့်အရေးကို ချိုးဖေါက်လို့ မရပါဘူး။ လက်နက်ကိုင်တော်လှန်ရေးဆိုတာ တပ်အချင်းချင်း ဒါမှမဟုတ် ၎င်းရဲ့ရန္တရားကို တိုက်ခိုက် ဖျက်ဆီးတာသာ ဖြစ်ပါတယ်။ ဥပမာ - ရေကာတာကို ဗုံးဖေါက်တာ လက်နက်ကိုင်တော်လှန်ရေးသမားတွေ ဖြစ်လို့ရတယ်။ သင်္ကြန်မှာ ဗုံးဖေါက်တာကတော့ ဘယ်အနည်းနဲ့မှ ဖြစ်လို့မရဘူး။ အခုလို ဗုံးခွဲတာအပါအ၀င် အရပ်သားကို သေကြေပျက်စီးအောင် လုပ်တာ လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲသဏ္ဍန်အဖြစ် လုံးဝ ထည့်သွင်းလို့ မဖြစ်ဘူးဆိုတာ ကွဲကွဲပြားပြား ရှိဖို့လိုအပ်ပါတယ်။ လူတွေက ဒါကိုအတော်များများ ရောနေတာတွေ့ရတယ်။

လင်းလက်ကြယ်စင် said...

ကိုပေါရေ

ဒီပို့စ်နဲ့ အယူအဆကို အပြည့်အ၀ ထောက်ခံပါကြောင်း။ အကျိုးအကြောင်းဆီလျော် ကောင်းမွန်ပါပေတယ်။

“လူတကာ ဒုက္ခရောက်နေချိန်တွင် သင်္ကြန်တွင် သွားရောက်ပျော်ပါးကြသူများ…. အခုတော့ ဘယ်နှယ့်ရှိစ” ဆိုသည့် သဘောမျိုးရေးသားကြသည်ကိုလည်း ဖတ်ရသေးသည် .. ။

** အပေါ်က ကူးယူပြထားတဲ့ စာကြောင်းနဲ့ ဒီပို့စ်ရဲ့နောက်ဆုံးစာကြောင်းက အတော်ထိမိတာမို့ အကြိုက်ဆုံးပဲ .. ။ တချို့စာကြောင်းတွေကိုလည်း ဖတ်ရင်း သဘောကျပြုံးမိပါတယ် .. :)

rose of sharon said...

အပြည့်အဝထောက်ခံပါတယ်.... ဘယ်ဘက်ကလုပ်လုပ် ဒီလိုအကြမ်းဖက်မှုမျိုးကို ရှုတ်ချပါတယ်...

ဧရာ said...

အဖွင့်ကစလို့ နိဂုံးသပ်အထိ သဘောကျမိပါတယ်။
ဧရာ

Anonymous said...

ကောင်းပါတယ် ကိုပေါရဲ့ဆွေးနွေးမှု အယူအဆ တင်ပြမှု ငြင်းကပ်ဖဲ့ကုပ် သူများလုပ်ပြီးမှ အလုပ်ကိုကျွန်တော်မကြိုက်ပါဘူး ကောင်းကောင်းရေးပြောတင်ပြနှိင်မှ ကျွန်တော်နဲနဲရေးပါအုံးမယ်

WHY? WHY? WHY? said...

ကိုပေါ၊
ကိုပေါကို ကျနော် မသိပါ။ သို့သော် ကိုပေါရဲ့အယူအဆကို ကျနော် ရာနှုန်းပြည့် သဘောတူတယ်၊ နှစ်ခြိုက် တယ်။ တချို့က ဝေ့လည်ဝေ့လည် နဲ့ အ ကြောင်းပြချက် တွေ ပေးနေတာ တွေ့ရတယ်။ အမြင် မရှင်းကြဘူး။ ခင် ဗျာ ပြောသလို အခုကိစ္စကို ကာကွယ်ပြောနေသူတွေသာ အာဏာရရင် ရင်လေးစရာပဲဗျ။ ဒါပေမဲ့ ဒီအတွက် တော့ မပူပါနဲ့ဗျာ၊ ဒီလို ဖြုတ်ဥ ဏှောက်တွေ၊ အာဏာမရှိခင် ကတည်းက အာဏာရှင် လို ကျင့်သုံးပြောဆိုနေသူတွေ ဆယ်သက်ကြိုးစားတောင် အာဏာမရဘူးဆိုတာ တနည်း ၀ိတ္ထာချဲ့ပြီးပြောရရင် “လဒသာ ပက် လက် ပျံကောင်းပျံနှိုင်မယ်၊ ဒီလူတွေ အာဏာမရဘူးဆိုတာ မြေကြီးပေါ်မှောက်ပြီး မြေကြီးကို လက်ဝါးနဲ့ ရိုက် ခတ် တာ လွဲချင် လွဲမယ်၊ ကျနော့် ဟောကိန်း မလွဲဘူးလို့ ပြောလိုက် ပါတယ်။
ကျန်းမာရွှင် လန်းကြပါစေ၊
ညွန့်ရွှေ

Zizawars said...

အဏ္ဍကမ်းဖက်တယ်ဆိုတဲ့စကားက ကမ္ဘာ့မီဒီယာကိုဏ္ဍကီး
စိုးထားတဲ့ အင်အားဏ္ဍကီးနိုင်ငံတွေက စတင်သုံးစွဲလာ တဲ့စကားပါ၊ အင်အားလွန်နိုင်ငံတွေက စစ်အင်အား သုံးပြီးတိုက်ရင် စစ်ပွဲလို့ခေါ်ရမှာဖြစ်ပြီး အင်အားငယ် တဲ့ဆန့်ကျင်ဘက်တန်ပြန်သူတွေက ဗုံးခွဲတိုက်ခိုက်လာ
တဲ့အခါမှာအကြမ်းဖက်သမားအဖြစ်စတင်ကင်ပွန်းတပ် ခံရတာကစလို့Terroristsအဏ္ဍကမ်းသမားဆိုပြီး သတင်းမီဒီယာလောကမှာ စတင်ခေတ်စားလာတာပါ၊ စစ်ပွဲတိုင်း တိုက်ပွဲတိုင်းမှာ အရပ်သားတွေ ထိခိုက်ခဲ့ရတာ မဆန်းတဲ့သဘာဝတရားအဖြစ် မရှုနိုင်သေးတဲ့ သူတွေအများကြီးရှိနေပါသေးလား၊
ကန်တော်ဏ္ဍကီးဗုံးဟာ အရပ်သားတွေကိုတမင်တကာ သေစေချင်လို့ ဖေါက်ခွဲတာမဟုတ်တာကတော့ကြိမ်း သေပါတယ်၊ ကံဆိုးသူတွေအတွက်တော့လူတိုင်း ၀မ်းနည်းဏ္ဍကမှာအမှန်ပါဘဲ၊ ဒါပေမဲ့ ကိုပေါလို့တော့ ခပ်ပေါပေါအတွေးနဲ့ဒါဟာအကြမ်းဖက်လုပ်ရပ်လို့တော့ လူတိုင်းတွေးမှာမဟုတ်ဘူး၊ ကိုပေါတို့အထင်ကြီးနေတဲ့ အမေရိကန်ဟာ အပြစ်မဲ့တဲ့ဟီရိုရှီးမားလူထုကို တမင်တကာအနုမြူဗုံးကြဲချပြီးသေစေခဲ့တယ်၊ အဏ္ဍကမ်းဖက်တယ်၊ ယုတ်မာပက်စက်တယ်လို့ ဘယ်သူမှမပြောကြဘူး၊ တမင်တကာဗုံးဏ္ဍကဲချတာနော်၊ ကျနော်အထင်ကန်တော်ကြီးဗုံးဟာ ခွေးသူခိုး အကောင်ဗလောင်ဗိုလ်ချုပ်အစုတ်အပြတ်တွေကို ရည်ရွယ်တာ ဖြစ်ပါလိမ့်မယ်၊ မဆိုင်တဲ့သူတွေထိသွား
တာကိုတစ်ခုထဲကိုဏ္ဍကည့်ပြီး ဒါဟာအကြမ်းဖက်တယ် လို့သာပြောမယ်ဆိုရင်တော့တစ်သက်လုံးသာကျွန်ခံလိုက် ပေလို့သာပြောလိုက်ပါရစေ ကိုပေါချာကြီးရယ်၊

Wai Lwin Zaw said...

အရမ်းကောင်းတဲ့ သုံးသပ်ချက်ပါ။ နအဖ ကို တော့ နဂိုတည်း က အမြင်ကတ်တာပါ။ အခုတော့ အတိုက်အခံ ဆိုတဲ့ လူတွေပါ တော်တော် အထင်သေး မိ ပါတယ်။ (မှတ်ချက်။ ။ ပြည်ပရောက် အတိုက်အခံ ဆိုသူများသာ) ဘယ်သူကိုပဲ ရည်ရွယ် ရည်ရွယ်၊ ဘယ်သူပဲ လုပ်လုပ် အကြမ်းဖက်မှု ပါပဲ။ အဲလောက်ကြီး သတ္တိ တွေ ရှိနေကြ ရင်လည်း အသေခံ ဗုံးခွဲပါတော့လား... သူ့ အသက် တော့ အသေမခံ နိုင်ဘဲနဲ့.... အဲဒါကို ထောက်ခံနေတဲ့ လူတွေရဲ့ စိတ်ဓာတ် က လည်း နအဖ နဲ့ ဘာမှ မထူးပါဘူး။

Zizawars said...

ကိုပေါ
အကြမ်းဖက်တယ်ဆိုတာဘာလဲသူတစ်ပါးထိခိုက်
အောင်တမင်တကာလုပ်တဲ့သဘော..ကိုပေါက.
ကန်တော်ကြီးဗုံးဟာ လူထုကိုတမင်ထိခိုက်အောင် လုပ်တယ်လို့ဆိုလိုချင် တာလား၊ ဒါဆိုရင်ကိုပေါ ဆောင်းပါးကို ကြေးမုံသတင်းစာတိုက်ကိုသာ ပို့လိုက်ပါတော့၊ ကံကောင်းရင် သန်းရွေက သူကောင်းပြုတာခံရနိုင်တယ်၊ သေချာတာတစ်ခု ကတော့ ကိုပေါလို့ခပ်ထုံထုံအတွေးမျိုးနဲ့လူတွေများ လာရင် ခင်ဗျားတို့ ကျုပ်တို့နှမတွေအားလုံး မကြာခင်မှာ တရုတ်မယားတွေဖြစ်လာတော့မှာ စိတ်ချ
ပြီးတော့ စစ်ဗိုလ်ချုပ်တွေရဲ့ကိုယ်လုပ်တော်တွေလည်း
ဖြစ်လာဦးမယ်၊ အတွေးပေါရင်ဈေးပေါတယ်ကိုပေါရေ

nandalynn said...

Ma Nge Naing,
I would like to discuss with u somethings when i read ur comment. I would like to say u first, I donot critique u and i only want to discuss with u. First, I donot confuse between terrorism and revloution as well as
I understand well about this. U said that UN published laws concerning with human rights. U also need to check most of the countries obey or not the laws published by UN and most the countries did not obey and not followed the laws published by UN especially developed countries. This countries not impress and don't care the duties of UN. Last time, UN secretary U Thant said that UN have no authorities . I believe that UN look like society team and no authorities, and also their laws are good for listening and not useful in real this team cannot help us. And then,if most of the students believe to get democracy with only strenght of public, there is no need to come out ABSDF. I believe that we can get democray with our people strength and gun revolution co-operating together. Ma Nge Naing, do u really believe to get democracy only asking and showing wishes of our people to military government unless revolution? Ko paw and Ma Nge Naing,
I never co-operate both of u, to get freedom and democracy from military government instead of our trouble people but i really appreciate both of u.Ok, ma nge, I will be waiting ur discussion concerning with my comment.

Unknown said...

ကိုပေါေ၇..ကျမကတော့ထိုင်းနိုင်ငံမှာကျဖန်းအလုပ်ကိုလုပ်ရင်း..နိုင်ငံအရေးကိုနားစွင့်နေသူပါ၊အုံးကနဲပေါက်
သံဏ္ဍကားလို့တက်ဏ္ဍကည့်မိတာပါ၊ပထမဦးဆုံးကျမပြောချင်
တာမပြောခင် အပြစ်မဲ့ဆုံးပါးခဲ့ရသူအတွက်အလွန်ဝမ်း နည်းရဏ္ဍေကာင်းအရင်ပြောပါရစေ၊ ဒါပေမဲ့ အာဏာရှင်
တွေကို ဆက်လက်ရှင်သန်အောင်လုပ်ပေးနေတဲ့ အချောင်သမားနဲ့ေ၇ပေါ်ဆီလူတန်းစားတွေထိသွားတာ ကိုသိရတော့မှ အင်းဒီလိုလူတွေလည်းရှိဦးမှဆိုတာကို သဘောပေါက်သွားမိတယ်၊ အဏ္ဍကမ်းဖက်တာကိုလုံးဝ
ဆန့်ကျင်တယ်လို့ပြောရင် ကမ္ဘာမှာ ဘာဏ္ဍေကာင့် အဏ္ဍကမ်းဖက်မှူတွေဖြစ်လာရသလည်းဆိုတာကိုလည်း
လေ့လာသင့်ပါတယ်၊ အလကားဖြစ်လာရတာတော့
မဟုတ်ဘူး၊ ခံရတာတွေများလွန်းလို့၊ နာကျည်းအောင်
လုပ်ခဲ့ဏ္ဍကလို့ဆိုတာတွေ့ရပါမယ်။ ဘ၀နာခဲ့ဏ္ဍကသူတွေက
တော့ ကိုပေါတို့လိုအတွေးမတိမ်ဘူး၊ ကိုပေါပြောတာ ၁၀-ရာခိုင်နှုန်းပဲထောက်ခံနိုင်တယ်၊များသွားသလား
မသိဘူးနော်၊ ဆော်ရီးဘဲကိုပေါရေ၊

Anonymous said...

I wished those who want US to bomb Burma have families inside Burma.

Revolutions ended up in miseries. Evolutions are the way to go. Burmese government is run by
suckers but there are improvements.
Not as fast as we want though. But what is ironic is that those morons who claim to be revolutionaries cannot think. May be their mothers
eat faeces while they were in wombs.

Anonymous said...

If you want to sacrifice, go and burn your own mother or bomb your
own father (make sure he is your
biological father too). Sick of
all suckers everywhere. Will love
to see how they will suck Than
Shwe's dick when Obama will meet
Than Shwe. Then they will dance
with their masters' new tunes.
Than Shwe is shit head but suckers
who said they are working for the
democracies are shit heads too.

Nge Naing said...

ကျွန်မ အခုတလော သိပ်အလုပ်များလို့ ဘလော့ဂ်တွေဆီကို အရင်ကလောက် အရောက်မစိမ့်ဘဲ ကျွန်မဆီကို ရောက်လာသူတွေ တချို့ဆီကိုပဲ ပြန်ရောက်ဖြစ်လို့ Nandalynn ရေးထားတဲ့ မှတ်ချက်ကို အခုမှ တွေ့ရပါတယ်။ ကျွန်မကို ဆွေးနွေးချင်တယ်ဆိုလို့ ကျွန်မဘလော့ဂ်ကို လာလည်ပြီးလည်း ဆွေးနွေးနိုင်ပါတယ်။ ရေးထားတဲ့ မှတ်ချက်ကို ကြည့်တော့ တချို့အချက်တွေက ကျွန်မ ဆိုလိုတာကို နားလည်မှု လွဲနေတာကို တွေ့ရပါတယ်။ ကျွန်မ မှတ်ချက်ကို ရေးတုန်းက ဘယ်သူရယ်လို့ တဦးတည်း တယောက်တည်းကို ရည်ရွယ်တာ မဟုတ်ဘူး ကျွန်မ အတွေ့အကြုံအရ အကြမ်းဖက်တာနဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရောနေသူ အတော်များများ တွေ့ဖူးလို့ ရေးခဲ့တာသာ ဖြစ်တယ်။ UN နဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်တို့လက်ထက် အမျိုးသားရေးအတွက် တော်လှန်ရေးနဲ့ အခုခေတ် ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် တော်လှန်ရေး နှစ်ခု မတူတာကို ရေးတာကတော့ ဒီထဲမှာ Nandalynn ဆွေးနွေးထားတာကို ရည်ညွန်းခဲ့ပါတယ်။ UN နဲ့ ပတ်သက်ပြီး Nandalynn ပြောထားတာကို မငြင်းပါဘူး။ လူ့အခွင့်အရေး ရှိလှပါတယ်လို့ လူတကာထင်နေတဲ့ အမေရိကန်နိုင်ငံတောင် UDHR ထဲက လူတဦးချင်း တယောက်ချင်းစီနဲ့ အဓိကသက်ဆိုင်တဲ့ Civil and Political Rights နဲ့ ဆိုင်တဲ့ အခွင့်အရေးတွေကိုပဲ အပြည့်အ၀ လက်ခံပြီး Economic Social and Culture Rights နဲ့ ဆိုင်တဲ့အခွင့်အရေးတွေကို အခုထိ လက်မခံသေးပါဘူး။ အစိုးရတွေဟာ လူ့အခွင့်အရေးမှာပါတဲ့ အချက် တွေကို အကုန်လုံး လိုက်နာနိုင်တဲ့နိုင်ငံ ရှားပါတယ်။ ဒါပေမဲ့ လူ့ဂုဏ်သိက္ခကို မြတ်နိုးသူတိုင်း ဒီအချက် ၃၀ စလုံးကို လက်ခံသင့်ပါတယ်။ လက်ခံသင့်လို့ပဲ ဒီ Declaration ကို ၁၉၄၈ က ကန့်ကွက်မဲမရှိဘဲ အတည်ပြုပြဌါန်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ အစိုးရတွေဟာ တနိုင်ငံနဲ့ တနိုင်ငံ အကျိုးစီးပွားတွေကို ပြန်ငှဲ့နေရလို့ တယောက်ချိုးဖေါက်တာကို တယောက် စေဖန်မရဲဘဲ ဖြစ်တတ်တဲ့ ဓလေ့ရှိလို့ လူ့အခွင့်အရေးလုပ်တဲ့ Amnesty International, International Peace Bureau တို့လို လူ့အခွင့်အရေးလုပ်တဲ့ NGO တွေကို UN မှာ Intervention ပါဝင်ဆောင်ရွက်ခွင့် ပေးထားရတာ ဖြစ်တယ်။ အစိုးရတွေ လိုက်မနာကြဖူးဆိုတာကို ကျွန်မ လက်ခံပါတယ် ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။

ကိုပေါနဲ့ မငယ်နိုင်တို့ကို Cooperate လုပ်ဖို့ ဘယ်တော့မှ မရှိဘူးလို့ ပြောထားတာနဲ့ ပတ်သက်ပြီး ကျွန်မတို့က ဘာကိုပြောထားလို့ ဘာကိုဆိုလိုတယ်ဆိုတာ ကျွန်မ နားမရှင်းဘူး။

တယောက်နဲ့တယောက် ဘယ်သူမှ ဆန္ဒထပ်တူကျဖို့ မလွယ်ပါဘူး။ ကျွန်မရဲ့ မှတ်ချက်က ဘယ်သူလက်ခံဖို့ မခံဖို့ဆိုတာထက် ကျွန်မရဲ့ အကြောင်းအရာတခုအပေါ်မှာ ထားတဲ့ ဆန္ဒသာဖြစ်ပါတယ်။ ကျွန်မဟာ ကိုယ်တိုင်ကိုယ်ကျ တော်လှန်တိုက်ပွဲဝင်လာခဲ့သူ လက်နက်ကိုင် တော်လှန်ရေးသမားတယောက် ဖြစ်ခဲ့သလို အခုထိလည်း ကိုယ်တိုင်ကိုယ်ကျ မပါဝင်နိုင်ပေမဲ့ နိုင်တဲ့အခန်းကဏ္ဍကနေ လက်နက်ကိုင် တော်လှန်ရေးအတွက် ပံ့ပိုးနေဆဲ ဖြစ်ပါတယ်။

Ma Nge Naing, do u really believe to get democracy only asking and showing wishes of our people to military government unless revolution?
မေးခွန်းနဲ့ ပတ်သက်ပြီး တလုံးတည်း ဖြေရရင်တော့ No ပါ။ ဖြည့်စွက်ဖြေရမယ်ဆိုရင်တော့

စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နည်းမျိုးစုံဖြင့် တော်လှန်မှ အောင်မြင်မယ်။ အဲဒီနည်းမျိုးစုံကလည်း ညီညွတ်ဖို့နဲ့ ဟန်ချက်ညီဖို့လိုပါတယ်။ သူလုပ်နေတာမှတိုက်ပွဲ၊ ငါလုပ်နေတာမှ တိုက်ပွဲဆိုပြီး အစွန်းရောက်ကြရင်တော့ အောင်မြင်ဖို့လမ်းက အလှမ်းဝေးနေဦးမှာပဲ။ အစိုးရ စစ်တပ်စခန်းကို သိမ်းပိုက်ဖို့ (သို့) စစ်အစိုးရအတွက် အဓိကအချက်ချာဖြစ်တဲ့ လုပ်ငန်းတွေကို ဖျက်ဆီးဖို့ ဗုံးသွားခွဲရင်တော့ လက်နက်ကိုင်တော်လှန်ရေးအတွက် တိုက်ပွဲတွေဖြစ်ပေမဲ့ လက်နက်ကြီးတွေကိုင်ပြီး လက်နက်မဲ့အရပ်သားတွေကို အခုလို သင်္ကြန်မှာ ဗုံးသွားခွဲတဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ကိုတော့ လက်နက်ကိုင်တော်လှန်ရေးအဖြစ် ဘယ်လိုမှ လက်မခံနိုင်ဘူး ဒါဟာ လက်နက်မဲ့ အရပ်သားတွေကို တဘက်သတ် အကြမ်းဖက်အနိုင်ကျင့်တာ သက်သက်ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပါဘူး။

Unknown said...

ကိုပေါကိုထပ်ပြောပါရစေ...ကျမကတော်လှန်ရေးထဲကမဟုတ်ဘူး..စစ်တပ်ကကျမတို့ရွာကိုမီးရှို့ခဲ့လို
မရှိမဲ့ရှိမဲ့ဘ၀ကနေကုန်းကောက်လို့တောင်မရနိုင်တဲ့ ဘ၀ကိုရောက်ခဲ့ရသူပါ..နိုင်ငံခြားဆိုလိုထိုင်းနိုင်ငံ
ကိုပဲအလုပ်လုပ်ရင်းရောက်ခဲ့ဘူးတာပါ...အုန်းကနဲကွဲခဲ့လို့အတွေးအခေါ်တိုက်ပွဲဖြစ်လာတာ့မို့ငါလည်းဒီတိုက်
ပွဲကိုပါလို့ရတာပဲဆိုပြီးဝင်ပါတာပါ..ကျမညီအစ်ကိုမောင်နှမတွေအားလုံး မြန်မာပြည်ထဲမှာထာဝရရှိနေဆဲပါ..
ဒီလောက်ဆိုးဝါးတဲ့အစိုးရလက်ထက်မှာ ဒါတွေဖြစ်လာရတာမဆန်းဘူး...တားလို့လည်းရမှာမဟုတ်ဘူး..ကမ္ဘာကြီးထဲမှာလည်းနေ့တဒူဝဖြစ်နေတာဘဲ..အကျိုးတရားရှိရင်အကြောင်းတရားရှိတယ်...ရှင်တို့ကနေပြီးတော့လည်းဖြစ်လာမဲ့အကြောင်းတရားကိုတားဆီးနိုင်မှာမဟုတ်သလို...ဖြစ်လာမဲ့ကောင်းကျိုးဆိုးကြိုးတရားကိုလည်း..ရှောင်လွဲလို့မရနိုင်ဘူး..လောကရဲ့နိယာမပဲပေါ့...ကျမတို့ကဘ၀နာခဲ့သူမို့ အုန်းကနဲကြားရင်..ခွေးသူခိုးဗိုလ်ချူပ်တွေတစ်ဆွေလုံးတစ်မျိုးလုံး...ကပ်ဖါးယပ်ဖါးတွေတစ်ဆွေတစ်မျိုးလုံး...ရဲတွေ..တရားသူကြီးတွေ..ကြံ့ဖွတ်တွေ..ငြိမ်ပိတွေ..စွမ်းအားရှင်တွေအားလုံး...ထိပါစေလို့တော်ရယ်လို့အမြဲဆုတောင်းပေးနေပါတယ်..အပြစ်မဲ့တဲ့ပြည်သူတွေ..ဘေးမသီရန်မခပါစေရယ်လို..ဗုဒ္ဓဘုရားထံပါးမှာ..အမြဲတန်းရှိခိုးဆုတောင်းမြဲပါ...သေချာတာတစ်ခုက..ကျမမှာရှင်တို့လို့..တဖက်သတ်အမြင်မျိုးမရှိတာမို့..ကိုပေါပြောတာကျမအကုန် လက်မခံနိုင်ပါဘူး
ရှင်တို့ရဲ့လက်မပါဗလာကြီးသက်သက် လေနဲ့တိုက်မဲ့ ဒီမိုကရေစီတော်လှန်ရေးကိုလည်း..ကျမမယုံပါဘူး..
ကျမလည်းအခွင့်ရရင်..လုပ်ချင်လုပ်မှာပဲ..ရှင်တို့ကိုတစ်ခုပြောခင်တာက...ကပ်ဖါးယပ်ဖါးတွေကိုဒီအတိုင်းလွတ်ပေးထားရင်..ရာဇ္ဇပလင်ခွေးတက်တာထက်အောင်ဆိုးဦးမယ်လို့သာ..ပြောလိုက်ပါရစေ..အားတော်နာပါတယ်ဆောင်းပါးရှင်ကိုပေါရေ.....

Unknown said...

မြန်မာနိုင်ငံတွင် ရိုးရာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကျင်းပဆင်နွှဲနေစဉ် သင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ရက်နေ့က ရန်ကုန်မြို့ ကန်တော်ကြီး ပတ်လမ်းပေါ်၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့မှုသည် အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက် တိုက်ခိုက်ခြင်းဟု အမေရိကန် ပြည်ထောင်စု အစိုးရက သတ် မှတ်ပြီး ယင်းလုပ်ရပ်ကို ကန့်ကွက် ရှုတ်ချကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါဗုံးခွဲ တိုက်ခိုက်မှု လုပ်ရပ်ကြောင့် သေဆုံးဒဏ်ရာ ရသူများရှိခဲ့ရာ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ထိခိုက်ခံစားရသူများအတွက် မိမိတို့ ဝမ်းနည်းမိကြောင်း၊ ဗုံးခွဲ တိုက် ခိုက်သူ သို့မဟုတ် တိုက်ခိုက်သည့် အဖွဲ့အစည်းသည် မည်သူမည်ဝါတို့ ဖြစ်သည်ကို မိမိတို့ မသိရသေးသော်လည်း ယင်းတိုက်ခိုက်မှု ဖန်တီးရန် တွေးခေါ် လုပ်ဆောင်သူများသည် အကြမ်းဖက် ဝါဒီများသာ ဖြစ်သည်ဟု မိမိတို့ သတ်မှတ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဖိလစ်ခရောင်လီက ပြောကြားသည်။

ဖိုးတုတ် said...

ကိုပေါ ခင်ဗျား၊ ပို.စ်က ကောင်းပါတယ်၊ သေဆုံးသူအားလုံး အတွက် စိတ်မကောင်းပါ၊ ပြည်သူ၊ ရဲ၊ စစ်သား များ သေဆုံးခြင်းဟာ ၀မ်းသာစရာမရှိပါ ၊ သူတို.အား မှီခိုသော မိသားစုများ အတွက်လည်း စိတ်မကောင်းပါ၊ ရဲ၊ စစ်သား များဟာ ၀န်ထမ်းများဖြစ်လို. အများ နားနေတဲ့ ရုံးပိတ်ရက်မှာ တာဝန်ယူရတဲ့ သူများ ဖြစ်ပါတယ်၊ သူတို.စားဝတ် နေရေး အတွက် လုပ်ဆောင်ရင်း သေဆုံးသွား ကြတာ ဖြစ်ပါတယ်၊ ကိုယ်ပေါနှင့် မိသားစု ကျန်းမာရွှင်လန်းပါစေ၊

Anonymous said...

ကိုပေါရေ ခင်ဗျား ရွေကောက်ပွဲဝင်ချင်သလား

အခုလိုနအဖ သတင်းစာထဲကအတိုင်းဘဲရေးနေတာ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs