“မခေါ်ဘဲလာ… မနှင်ဘဲပြေးတဲ့”

Share |
ကန်ရေပြင်ထက်က
ဝဲဂယက်ကလေးတွေ
နေခြည်ကိုရှက်
နှင်းစက်ကလေးလို
ပျောက်ပျက်ပြေးတဲ့ တခဏမှာ….

မနှင်ပေမယ့်လည်း
ဗြုန်းစားကြီး စွန့်ခွာ
ကမ္ဘာတဖက်ခြမ်းကို
ခြေလှမ်းရင်း ကျောခိုင်းသွားခဲ့သူ….။

တကယ်တော့ မင်းဟာ….
မထင်မှတ်တဲ့အချိန်မှာ
ဘယ်သူမှ မဖိတ်ခေါ်ပါဘဲနဲ့
မင်းဆန္ဒ မင်းသဘော တခုတည်းနဲ့
ဘာကိုမှ မစောကြောဘဲ
ငါတို့ရဲ့ ကမ္ဘာလေးထဲကို
ထင်တိုင်းကြဲပြီး ၀င်ရောက်ခဲ့သူပါ။

တည်ငြိမ်နေတဲ့ ကန်ရေပြင်ပေါ်
ခဲလုံးလေးပစ်ချလိုက်သလို
လှိုင်းဂယက်တွေကို
ထပွက်စေခဲ့သူဟာလည်း… မင်းပဲပေါ့။

မင်းကြောင့်

အပြစ်မဲ့တဲ့ တဖက်သားမှာ
ရတက်ပွားစရာတွေ ဖြစ်ခဲ့ရတယ်ဆိုတာ
မင်းသိပါစ။

အခုကျတော့…
ဆေးလိပ်မတို
နေမညိုဘဲ
ပြန်လိုဇောနဲ့
ကျောခိုင်းရက်ပြီပေါ့။

အင်း…. ယက်တော၊ ယက်တော…
မင်းတော်တော် ခက်တဲ့ ကောင်ပါလားကွာ။

-ကိုပေါ-


5 comments:

တောင်ပေါ်သား said...

း( တကယ့်ကို မပြောတတ်တော့ဘူး အကိုရေ..

လေးစားလျက်
တောင်ပေါ်သား

Thant said...

အဲဒီမျက်နှာမြင်ရတာ အန်တောင်အန်ချင်တယ် ဝေါ့...။ ( သူများကိုမကောင်းပြောတာမဟုတ်ပါဘူးဘုရား ။ အဖြစ်မှန်ကိုပြောတာပါ )

Nge Naing said...

ကဗျာလေးကတော့ ကောင်းပါရဲ့ ဒါပေမယ့် ကျွန်မတော့ ယက်ထောကို အဲးဒီလောက် ကဗျာတွေနဲ့ တင်စားပြီး အမွမ်းမတင်နိုင်တာ အမှန်ပဲ။

Anonymous said...

ကျနော်ကတော့ သူ့ မျက်နှာမြင်ရင် ဟိုသီချင်းလေးပဲသတိရမိတယ်.. ဘာတဲ့... ငါမင်းကိုသတ်ချင်တယ်.. xxxx
ငါမင်းကိုသတ်ချင်တယ်.. xxxx

jojo said...

ဘယ်သူမှဖိတ်ခေါ်တာမဟုတ်ဘူးဆိုတာတော့သံသယရှိစ ရာပဲကိုပေါရေ..ဆင်ကွက်ကြီးပါဗျာ...အားလုံးဇတ်ရည်လည်တော့ ကျနော်တို့DASSK ခံလိုက်ရတယ်..ဒါပေမဲ့ Yettaw မဟုတ်ရင်လည်းတခုခုရှာပြီးဒီအခြေအနေရောက်အောင်လုပ်ဦးမှာပါပဲ၊လုပ်စရာရှိတာတွေဆက်လုပ်ကြတာပေါ့။ ဘချုပ်ကြီးကကျေးဖူးတင်လွန်းလို့ဘွဲ့မချီးမြှင့်လိုက်တာကံကောင်း နို.မို.ဆိုဒီကောင် သူခိုးမသာသွားရည်စီသူJohn William Yettaw ဖြစ်နေဦးမယ်..သွားရည်စီသူဖြစ်တာကတော့ တရားဆိုင်နေတုံးခဏခဏတက်လို.လေ...

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs