“Free Aung San Suu Kyi now”

Share |
ဒီနေ့ စင်္ကာပူနိုင်ငံ Speakers' corner မှာ ပြုလုပ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားမှု မှတ်တမ်းတင်ဓါတ်ပုံအချို့ပါ။ ကျန်တဲ့ ဓါတ်ပုံတွေနဲ့ ကြွေးကြော်သံဗီဒီယိုကို ပို့စ်အဆုံးပိတ်မှာ ဖော်ပြထားတဲ့ လင့်ခ်တွေမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီနေ့ပွဲကို လာရောက်ပူးပေါင်းပါဝင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို အထူးကျေးဇူးတင်ပါတယ်။








မှတ်တမ်းတင် ဓါတ်ပုံတွေကို ဒီမှာ ကြည့်ပါ။

မှတ်တမ်းတင် ဗီဒီယိုကို ဒီမှာ ကြည့်ပါ။

50 comments:

yehtutnaung said...

ဝမ်းသာပါတယ်ဗျာ..။
"Free Daw Aung San Su Kyi" !!
"Free Daw Aung San Su Kyi" !!
"Free Daw Aung San Su Kyi" !!

အောင်ဆန်း said...

ဝမ်းသာပါတယ်။ ကိုပေါတို့ လှုပ်ရှားမှုအတွက် ဂုဏ်ယူပါတယ်။ ဒါပေမယ့်ဗျာ။ ဆန်းဒေး အဲဒီအချိန်မှာ စီးတီးဟောမှာရှိမယ့် ဗမာအရေအတွက်ဟာ အဲဒီမှာရှိတဲ့လူဦးရေစုစုပေါင်းထက် ၁၀ဆမကလောက်ပါဘူး။ ဦးဆောင်ပြုလုပ်သူက သူများနိုင်ငံသားတွေ။ တက်ကြွတဲ့ အမာခံကိုပေါတို့လို လူတွေကလွဲလို့ အခြားတာဝန်သိသိလာသူ ဟာ အဲဒီမှာရှိတဲ့ လူဦးရေနဲ့စာရင် နည်းနေတယ်ထင်တယ်။ အမေစုရဲ့ ဒီနိုင်ငံအတွက် အနစ်နာခံစွန်လွှတ်မှုတွေဟာတခါတလေ ဒီနိုင်ငံသားတွေအတွက် ထိုက်တန်ရဲ့လား မေးခွန်းထုတ်ချင်လာတယ်။ Anyway..
Stop this unfair groundless trial !!!
Free Daw Aung San Suu Kyi !!!

လွန်လွန်း said...

ဒီနေ့ ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုအရ ပြောရရင် ...

၁။ စင်္ကာပူနိုင်ငံမှာ မြန်မာတွေ သောင်းချီရှိပါလျှက်နဲ့ 1%တောင် ပါဝင်ဆောင်ရွက်တာ မတွေ့ရှိရတဲ့အတွက် စင်္ကာပူနိုင်ငံရောက် မြန်မာများအစား ရှက်ရွံ့ခြင်း၊ မိမိ တိုင်းပြည် နဲ့ လူမျိုးကောင်းစားရေးအတွက် မြန်မာပြည်တွင်းမှာ အသက်၊ ဘ၀ပေးပြီး ရွံ့ရွံ့ချွံချွံ ဆောင်ရွက်နေသူတွေနဲ့ စစ်မိစ္ဆာကောင်တွေကြောင့် ဆင်းရဲဒုက္ခရောက်နေသူများအတွက် ၀မ်းနည်း ကြေကွဲခြင်းတို့ကို ခံစားရတယ်။

၂။ အခုလို ဘေးအန္တရာယ် ကင်းရှင်းစွာ တရားဝင် လုပ်ဆောင်ခွင့်ရတဲ့ လှုပ်ရှားမှုမျိုးမှာ မိမိရဲ့ အားလပ်ချိန်တည်းက အချိန် ၄ နာရီလောက် မိမိတိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ချင်စိတ် မရှိကြတော့လောက်အောင် မိမိတို့ကိုယ် မိမိတို့ မြန်မာနိုင်ငံသားဆိုတာကို မေ့များသွားကြပြီလားလို့ တွေးရင်း အနာဂါတ် မြန်မာပြည်အတွက် ရင်လေးမိပါတယ်။

၃။ မိမိတိုင်းပြည်နဲ့ လူမျိုးကောင်းစားပြီး ကမ္ဘာ့အလယ်မှာ ငါ မြန်မာကွလို့ ရင်ကော့ပြောချင်စိတ် အမှန် ရှိသေးတယ်ဆိုရင်၊ အရင်က အကြောင်းကြောင်းကြောင့် ဘာသိဘာသာ နေခဲ့တာတွေကို တတ်နိုင်သမျှ ပြုပြင်ပြောင်းလဲကြပါ။ မိမိနဲ့ ရင်းနှီးကျွမ်းဝင်သူများကိုလည်း တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ပါဝင်ဆောင်ရွက်လာအောင် ပြောဆိုအားပေးကြပါစေချင်ပါတယ်။

၎။ နောင်အခွင့်အလန်းသာတိုင်း တရာဝင် ပြုလုပ်ခွင့်ရတဲ့ မြန်မာ့ အရေး လှုပ်ရှားမှုတွေမှာ အကြောင်းကြောင်းကြောင့် နိုင်ငံရပ်ခြားမှာ ရောက်ရှိနေသော်ငြား မိမိတို့သည်လည်း ပြည်တွင်းမှ ညီအစ်ကိုမောင်နှမများနဲ့ တစ်သွေးတစ်သားတည်း အမြဲ ရှိနေကြောင်း ပြသနိုင်ပါစေလို့ မျှော်လင့်မိပါတယ်။

kittyaye said...

Pls not to care about those selfish people in Penisular or somewhere at that time. (Some are just worried or need to do some matters). They will create about their life. The person who doesn’t know how to gratitude about his/ her country, doesn’t care/ know about value of truth, never think about the brave people who sacrificed their life miserably, THOSE PEOPLE NEVER BE SUCESSFUL. If those people succeed, that will be short while. We don’t care friends. We must continue to do our work. We ourselves can’t avoid these types of events and we have to support morally to our leaders and friends in prisons. Sometimes quantity doesn’t matter quality is more important. Anyway we will try to attract them to involve in next coming events. But hard to say.( Some say that they ever love their native country very much in their heart, but never involve in these events also)

Thargyi(Gyobingauk) said...

လာတဲ့မြန်မာအင်းအား နည်းတာတော့ PR and Singaporean ပဲလာလို့ရတယ်လို့အဓိပ္ပါယ်ကောက်လွဲ သွားတာလို့ပဲယူဆပါတယ်... လာတဲ့အင်းအားဟာ ကျွန်တော်ထင်တယ် တစ်ယောက်လာတာဟာ မြန်မာ 100 လောက်ကို ကိုယ်စားပြုနိုင်တယ်လို့ထင်ပါတယ်.. ဘာပဲဖြစ်ဖြစ်ပါ... နောင်လုပ်မယ့်ပွဲတွေမှာမြန်မာတွေ ကိုယ့်နိုင်ငံအတွက်ဆိုတဲ့ စိတ်ဓါတ်နဲ့ရောက်လာကြမှာ မလွဲဘူးလို့ ယုံကြည်ပါတယ်...

Anonymous said...

Don't blame to others...

Do your best...

မျိုးမြင့်မောင် said...

တစ်ချို့ကတော့ သားရေးသမီးရေးနဲ့ စိတ်ရှုပ်နေလို့ပါတဲ့။ တစ်ချို့ကျတော့ မြန်မာပြည်ထဲကို ကိုယ်ရောင်ဖျောက်ဝင်ပြီး မြေအောက်တော်လှန်ရေးသမား လုပ်မှာမို့လို့ပါတဲ့။ တစ်ချို့ကျပြန်တော့ "ငါတို့တော့ ကြောက်တယ်။ နင်တို့ မကြောက်ကြဘူးလား။ လူဆိုတာ ပါးနပ်ရတယ်။ မကြောက်ရင်တော့ နင်တို့ထိုက်နဲ့ နင်တို့ကံပဲ" တဲ့။

လွန်လွန်း said...

Anonymous သို့ .....

ဘယ်သူ့ကိုမှ အပြစ်တင် ပြောဆိုခြင်းမဟုတ်ပါ။

အခုလို ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အောက်ဆုံးရောက်နေတာတောင် နေတတ်သလို၊ နေသာသလို နေနေကြတဲ့ သဘောသက်ရောက်နေလို့ ဖြစ်သင့်ဖြစ်ထိုက်တာကို စည်းလုံးညီညွှတ်စွာ လုပ်ဆောင်စေလိုသော ဆန္ဒအရင်းခံနဲ့သာ တင်ပြပြောဆိုခြင်းတာ ဖြစ်ပါတယ်။

မြန်မာ့အရေးဟာ ကျွန်တော်တို့တွေချည်း အကောင်းဆုံးဖြစ်အောင် လုပ်နေလို့ မရပါဘူး။ အားလုံး တစ်စုတစ်စည်းတည်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့် အရေးသာ ဖြစ်ပါတယ်။

တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ကောင်းနဲ့ ပြီးမြောက်အောင်မြင်မယ့် အရေး မဟုတ်တာကို အားလုံးနားလည်မယ်လို့ ယုံကြည်ပါတယ်။

အစဉ် စည်းလုံးညီညွှတ်မှုကို အလေးထားလျှက် .....

Anonymous said...

I salute those who contribute to this event.

May justice win over injustice.

Free Daw Aung San Suu Kyi. Save Burma!!!


Good Day!!!

Yellow Rose said...

"THEY"

THEY pretend "business as usual".
THEY label themselves as "pragmatists".
THEY give "millions of excuses".
THEY behave that is "nothing to do with them".
THEY think "those are not smart enough".
THEY try to forget "what is happening on our land".
Finally,
THEY will say "those are not the good persuaders".

Come on, dear!
The truth is here and...
It is "FEAR".

Everyboday has FEAR!
Some fear not to do the right things,
But for some,their fear is the other way round.
----------------------

P.S( I do appreciate the efforts of those who made this event happened. )

Anonymous said...

Inn...

Say fault to each others..

U can't blame to society..

Most of the time, it's the way they are...
For whatever reasons...

Even among alot of Myanmar bloggers in spore. some are still concentrating their fun and their personal feelings..Not even political thoughts yet..

We really need some people as Fresh, Energetic, credible professional, positive and humble, political Open minded, reliable myanmar national with NLD blood....to lead or to influence to others myanmar national to attend and support these kind of events...

Not in this way of -ive shouting to others can't attract Others...

Or you rally need to change the way your style or to progress atleat +ive mindset...

weik.zar said...

သာမန်ပြည်သူဆိုတာကသူ့အတွက်အနည်းဆုံးအန္တရယ်ကင်းမှ(သို့မဟုတ်)အောင်ပွဲဆိုတာသေချာမှလူလုံးပြရဲတာဗျ။ဒီအတွက်တော့စိတ်မပျက်နဲ့ဗျို့။အဓိကက Activists ညီညွတ်ဖို့ဗျ။

ခင်မင်းဇော် said...

ဘာလို့ လူဒီလောက်နည်းတာလဲ။ ဘာ့ကြောင့် ဒီလောက်နည်းတာလဲ စိတ်မကောင်းလိုက်တာနော်။ လွန်လွန်း ပြောသလိုပဲ ၀မ်းနည်းလိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်လို လူမျိုးကို နောက်နှစ် ၁ ထောင်လောက်စောင့်ရင်တောင် ထပ်ပေါ်တော့မယ် မထင်ဘူး။ သူ့အခွင့်အရေးတွေအားလုံး သူ့အနာဂတ်တွေအားလုံးကို စွန့်လွှတ်ထားတဲ့ ကိုယ့်ခေါင်းဆောင်အတွက် ကိုယ့်ရဲ့ အချိန်လေးကိုတောင် မပေးနိုင်တော့တာလားဟင်။

ဲီဲJD said...

Singapore မှာရှိတဲ့ မြန်မာအားလုံးဟာ သာမန်ပြည်သူတွေချည်းပါ။

ချိန်သီး said...

လုပ်တဲ့သူတွေလုပ်၊ မလုပ်တဲ့သူမလုပ်၊ ဒါဟာထုံးစံပဲ၊ လုပ်သူကမလုပ်သူကို အပြစ်ပြောနေရင် လမ်းမမှန်ဘူး၊ သူတို့ကို စည်းရုံးရမှာ၊ အချိန်ယူပီးစည်းရုံးရမှာ၊ စင်ကာပူကလူတွေ သွေးမနည်းပဘူး၊ Vote No တုန်းက MC, Leave တွေယူပီး ချီတက်ခဲ့ကြတာ သက်သေပဲလေ၊ ခုဟာက စက်တင်ဘာနောက်ပိုင်း စလုံးအစိုးရကို လန့်နေရလို့ပါ၊ PR, Citizens မှဆိုတာလဲပါတယ်၊ ကိုယ့်လောက်မလုပ်လို့  အပြစ်တင်နေရင် အန်တီတို့၊ ကိုပေါ်ဦးတို့ ဘာမှလုပ်ရမှာ မဟုတ်ဘူး၊ လူတွေကို မိုးလင်းမိုးချုပ် အပြစ်တင်ရင်း အချိန်ကုန်နေမှာ၊ အားမရတာကို လက်ခံပါတယ်၊ နောက်ခါတွေမှာ လူများလာမှာပါ၊ လူဆိုတာ အစုအစည်းလိုက် လုပ်တဲ့သတ်တ၀ါပါ၊

မျိုးမြင့်မောင် said...

ကဲပါဗျာ...လာလာ မလာလာ မြန်မာဆိုရင်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျန်တဲ့သူတွေလည်း နှီးစပ်ရာက မြန်မာမှန်သမျှကို ကျေးဇူးတင်လိုက်ကြစမ်းပါ။ စင်ကာပူက မြန်မာတွေ သွေးမနည်းပါဘူး။ ကိုချိန်သီးပြောသလို စလုံးအစိုးရကို လန့်နေတာပါ။ တကယ်တော့ သူတို့ကို ကျေးဇူးတင်ကို တင်ရမှာ။ အချိန်ယူပြီးတော့ ကျေးဇူးတင်ရမှာ။

မှတ်ချက်။ ။ မြန်မာဆိုတာ ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ခံချင်တဲ့ သတ္တ၀ါပါ။

လူထဲက လူတယောက် said...

ကြိုက်သလိုသာ ဆဲကြပါဗျာ...
စည်းရူံးရေးစွမ်းရည်လေးကိုရော.. ဘာပြောချင်ကြသတုန်းဗျာ...
အန်တီစုရော လွတ်မြောက်ပြီလား ခင်ဗျာ...

Dr. Yi Yi Win said...

ကိုပေါပုံကို မြင်နေရတယ်။

မျိုးမြင့်မောင် said...

အော်...ခက်ပကော လူထဲကလူတစ်ယောက်ရာ။ မဆဲရဲပါဘူးဗျာ။ ကျေးဇူးတင်နေတာပါ။ ဒီက မြန်မာဆိုတာနဲ့ အချိန်ယူပြီးကို ကျေးဇူးတင်နေတာ။ အခုလို comment ရေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

Anonymous said...

ကိုမျိုးမြင့်မောင်..အကြောင်းအရာတခုကို
ခင်ဗျားမြင်တဲ့ရူထောင့်ကနေဆွေးနွေးတာပိုအကျိုးရှိမယ်နဲ့
တူတယ်၊ အခုဟာကမိန်းမကြီးတယောက်လိုဟိုလူ့ရန်တွေ့၊
ဒီလူ့ရန်တွေ့နဲ့။ ခင်ဗျားအတွက်အကျိုးရှိမယ်မထင်ဘူး၊
အဆိုးမြင်တဲ့စိတ်တွေများနေသလားလို့။

မျိုးမြင့်မောင် said...

အမည်မသိရယ်

ရန်မတွေ့ပါဘူးဗျာ။ ရန်စကား တစ်ခွန်းမှကို မပြောမိတာပါ။ မယုံရင် ပြန်ဖတ်ကြည့်ပါ။ ကျေးဇူးတင်နေတာပါ။ အကောင်းမြင်စိတ်နဲ့ မြန်မာမှန်သမျှကို အချိန်ယူပြီး ကျေးဇူးတင်နေတာလေဗျာ။ ဒီလောက် ကျေးဇူးတင်တာတောင် အပြစ်ပြောခံရတုန်းပါလားဗျာ။ ကဲ...အခု အဲဒီထက်ကို ပိုပြီးကျေးဇူးတင်ကြောင်းပါဗျာ။

Anonymous said...

I think...

Because of all these guys....

people don't wanna join these kinds...

even if they want...

Is't possible...?

just a thought..

Anonymous said...

U know...

Most of myanmar at singapore are so called- educated...

so they need...trust.and image..

just a thought..

Anonymous said...

--------------
---------------
--------------
THEY will say "those are not the good persuaders".

I would like to add,

THEY said " they need trust and image"

THEY said "because of all these guys, they don't want to join"

Come on, dear!
The truth is here and...
It is "FEAR".

Thank you all! Ha Ha

မျိုးမြင့်မောင် said...

I know, I understand, and I thank you.

Anonymous said...

လူတဘက်သား ကိုကြောက်တတ်တဲ့လူတွေ လို့ ဒီနေရာကနေ မြိန်ရေ ယှက်ရေ ထိုင်ပြောနေတာကို အရသာတွေ့နေကြတယ်...
ပြောလိုက်ရတဲ့ အရသာထက် လူတွေရဲ့ ယုံကြည်မှု ဆုံးရှုံးကုန်တာ မသိကြဘူး...
လူတွေကြောက်ကြတာရော သေချာရဲ့လား...
ခင်ဗျားတို့ နဲ့ အတူတော့ မလာချင်တော့တာတော့ သေချာသွားပြီ...
အမှန်တကယ် ဆို ဒါမျိုးလုပ်ရပ်တွေက အန်တီစုလွတ်မြောက်ရေးအတွက် ဘာအထောက်အကူမှ မပြုပါဘူး... သေချာပါတယ်...
ခင်ဗျားတို့ ကြောက်တယ်လို့ တွင်တွင်စော်ကားနေတဲ့သူတွေက အသိဥာဏ် နုန့်နဲသူတွေ မဟုတ်ဘူး... သောက်ချဉ်တွေလဲ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်ပါ...
ကိုယ်မျက်ချေးလဲ ကိုယ်မြင် အောင်ကြည့်ကြပါ...

Anonymous said...

ဂျီမေးလ် မသုံးလို့ အနောနီးမတ်နဲ့ရေးတာဗျာ.. ဒီကော်မန့်ကိုရေးချင်တာနဲ့ အကောင့်တခုတော့ ကောက်ဖွင့်စရာ မလိုပါဘူး... ကြောက်တတ်တဲ့ အနေနီးမတ် လို့ပြောမှာ ကြိုမြင်ယောင်လို့ပါ..

Anonymous said...

I did not go there because I am really afraid. That is the truth.

မျိုးမြင့်မောင် said...

ကြောက်တယ်လို့ မပြောလိုပါဘူးဗျာ။ ကိုချိန်သီးတောင် ပြောထားတာဘဲ။ မကြောက်ပါဘူးတဲ့။ လန့်တာပါတဲ့။ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ပွဲမှန်သမျှလည်း ကျနော်တို့နဲ့အတူ သွားရမယ်၊ လာရမယ်လို့လည်း အမိန့်မပေးရဲပါဘူး။ ကိုယ့်စိတ်တိုင်းကျ ကိုယ်ဟာကိုယ်ပဲ လာကြပါ။ ဝေဖန်ဖို့လည်း မစဉ်းစားပါဘူးဗျာ။ လာလာ မလာလာ မြန်မာဆိုရင် ကျေးဇူးတင်ပြီးသားပါဆိုဗျာ။ ဘာပဲပြောပြော အခုလို မှတ်ချက်ပေးသွားတဲ့ သတ္တိမခေသော အမည်မသိသူကို တခြားမြန်မာတွေနဲ့ ထပ်တူ ကျေးဇူးတင်ကြောင်းပါ။

မှတ်ချက်။ ။ မြန်မာတွေကို ကျေးဇူးတင်ရတာ တော်တော်မလွယ်ပါဘူးဗျာ။ ဒါပေမယ့်လည်း အချိန်ယူပြီး ကျေးဇူးဆက်တင်သွားမှာပါ။

Anonymous said...

Hey guys...

Alot of people there at myanmar are sacrifice their whole generation and in prison.
for their believe and for the sake of all myanmar people...

You all are enjoying your status at singapore , spending S$$$ and enjoying your good student life, happily family staying together and Shouting to other people...

What are the point to talk about here..?

မျိုးမြင့်မောင် said...

My point is simple. I'm thanking all Burmese. What's the problem?

hate you said...

You yourselves Myanmar too... Shameful.

မျိုးမြင့်မောင် said...

I'm a Burmese. So what? Why is it a shameful thing for me to thank other Burmese? Dude, I'm really confused why you guys are pissed off by my giving thanks to my fellow countrymen. Anyway, I still thank you. :D

ကိုပေါ said...

မျိုးမြင့်မောင်ရေ....

အမ်အာရ်တီပေါ်မှာ လူကြီးသူမတွေအတွက် ထားတဲ့ခုံပေါ်မှာ ၀င်ထိုင်ပြီး အိပ်ငိုက်ချင်ယောင်ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ ပုဂ္ဂိုလ်မတွေကို တွေ့တယ်မို့လား။ ထိုင်ခုံကို တကယ်လိုအပ်တဲ့ ဗိုက်ကြီးသည်တို့၊ လူကြီးသူမတွေလာရင် မသိကျိုးကျင်ပြုပြီး ဆက်ထိုင်နေကြတယ်။ ထမပေးကြဘူး။

အဲဒါဟာ သူတို့ ထပေးရမယ့် ၀တ္တရားကို တမင်မသိချင်ယောင်ဆောင်နေကြတာ။ အဲဒီအချိန်မှာ ဘေးက မနေသာသူတယောက်က ဖယ်ပေးဖို့ သွားပြောမိရင် အဲသည် ပြောတဲ့လူကို ဒေါသထွက်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ မသိချင်ယောင်ဆောင်နေတာကို သွားပြီး ဖော်ထုတ်လိုက်သလို ဖြစ်သွားလို့ပဲ။ သူတို့ တာဝန်မဲ့မှုကို ဖော်ထုတ်လိုက်သလို ဖြစ်သွားလို့ပဲ။ သူတို့ကို ဖယ်ပေးဖို့ ယဉ်ယဉ်ကျေးကျေးပြောလည်း အငြိုးထားတာပဲ။ ခပ်တည်တည်ပြောလည်း အငြိုးထားတာပဲ။ ဘယ်လိုပြောပြော အငြိုးထားတယ်။ အဓိက အကြောင်းရင်းကတော့ သူတို့ရဲ့ တာဝန်မဲ့မှုကို လှစ်ပြသလို ဖြစ်သွားလို့ပါ။

တချို့ဆိုရင် ပြန်တောင်ပြောတတ်သေးတယ်။ “ငါက လူကြီးကို ဖယ်ပေးချင်ပါတယ်။ ဒါပေမယ့် မင်းဝင်ပြောတာကို သောက်မြင်ကပ်လို့ ဖယ်မပေးတော့ဘူး” ...တဲ့။

အဲလိုလူစားမျိုးတွေ လောကကြီးမှာ အများကြီးရှိနေပါတယ်။

Anonymous said...

I think...

whatever you say, you think right, isn't.?

So ...

Be enjoy yourself with whatever you think is right...in your own world...

OMG said...

Disappointed. .. ..

ချိန်သီး said...

ကိုယ့်လူတို့ က တယ်လဲ စိတ်ဆတ်ပြီး ခနဲ့ ချင်ကြသကိုး၊ ကျုပ်ကခင်ဗျားတို့ ရဲ့ လုပ်ရဲ ကိုင်၇ဲ၊ ရှေ့တန်းကတိုက်ပွဲ ၀င်ရဲတာတွေကို
လေးစားပါတယ်၊၊ ဟို OBP အစ ဘုန်းကြီးကျောင်း meeting ကတည်းကဆိုပါတော့၊ ကိုပေါဆိုရင်လည်း လူချင်းမသိပေမယ့် ကျောင်းကစီနီယာ
စာေ၇းကောင်းသူ တစ်ယောက်၊ မျိုးမြင့်မောင် ဆိုလည်း ငယ်ငယ်ရွယ်၂ နဲ့ တက်ကြွသူ ဆိုပီး သိထားတာပါ၊ လူချင်းမသိတာ ကတပိုင်းပ၊
ဒီကိတ်စမှာတော့ အမြင်မတူဘူးဗျို့ ၊ တခြားအပြင်ကလူဆိုရင်တော့ ဆွေးနွေးမနေပါဘူး၊ ခင်ဗျားတို့ ကတော့ ဦးစီးဦးဆောင်လုပ်ကိုင်တဲ့သူတွေ
ဆိုတော့ နည်းနည်း highlights လုပ်တာပါ၊
ကျုပ်လည်း speaker's corner ကို လာတာပဲ၊ မလာတဲ့သူငယ်ချင်းတွေ ပေါမှပေါ၊ ဒီကောင်တွေ တစ်ယောက်မှ အန်တီ့ကို မလွတ်စေချင်သူ၊
စစ်အာဏာရှင်ကို သက်ဆိုးရှည်ချင်သူတွေ မဟုတ်ဘူး၊ ဒါပေမယ့် ဒီကောင်တွေ မလာလို့  အပြစ်သွားတင်လို့ ကတော့ အကျိုးထက် အပြစ်များ
ှဖွယ်ရှိတယ်၊
ုခုလည်း ဒီလိုပဲ၊ လူမလာရင် လာအောင်စည်းရုံး၊ စင်ကာပူမှာ ရောက်နေတဲ့ မြန်မာတွေ သောင်းသိန်းချီတယ်၊ စစ်အစိုးရကောင်းပါတယ် ပြောတဲ့လူ ထမင်းထုပ်သိုးအောင်
ရှာရမယ်၊ ဒါကို ရာဂဏန်းပဲလာတယ်ဆိုပီး ညည်းနေရင် နည်းနည်းလွဲနေပြီ၊ စဉ်းစားရမှာက သူတို့ တွေကိုလာအောင် ဘယ်လိုနည်းလမ်း
ရှာမလဲဆိုတာပဲ၊ နိုင်ငံေ၇းမှာ အမြင်မတူတဲ့သူကို တောင် ကိုယ့်ဖက်ပါအောင် စည်းရုံးရတယ်ဆိုတာ ခင်ဗျားတို့ ကပိုနားလည်မှာပါ၊
စင်ကာပူအစိုးရလည်း MRT က ဦးစားပေးနေရာထိုင်ခုံတို့ ၊ အထွက်ဦးစားပေးတို့ ကို ကမ်ပိန်းတွေ၊ မီဒီယာတွေနဲ့  စည်းရုံးပညာပေးခဲ့၊ ပေးဆဲ၊ ပေးလတ္တံ့ ပါပဲ။
အဲဒီလို နေရာမပေးလို့  ဒဏ်မရိုက်ပါဘူး၊ အပြစ်ပြောမနေဘူး၊ နေရာဖယ်ပေးချင်လာအောင် လုပ်ဆောင်ဆဲပါ၊

ကိုပေါ said...

ကိုချိန်သီး…. ဒီပွဲက ကျနော်တို့ ဦးစီးဦးရွက်လုပ်တာမဟုတ်ပါဘူး။ စင်္ကာပူနိုင်ငံသားတွေ ကမကထ ပြုတဲ့ပွဲပါ။ ကျုပ်တို့က မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ ဒီပွဲရှိမှန်းသိအောင် မက်ဆေ့ခ်ျဖြန့်ပေးရုံမျှပါ။

ကျနော်တို့လည်း ဦးစီးဦးဆောင်လုပ်ကိုင်နေကြတာမဟုတ်ဘူး။ ကိုယ့်မှာ တာဝန်ရှိတယ်လို့ ယူဆလို့ ကိုယ့်အပိုင်းကိုယ်တာဝန်ကျေအောင် လုပ်နေတာ။ မြန်မာပြည်သူပြည်သားတိုင်းမှာ ကျနော်တို့နဲ့ တန်းတူရည်တူ တာဝန်ရှိတယ်။ ခင်ဗျားပြောသလိုပဲ… စစ်အစိုးရကောင်းပါတယ် ပြောတဲ့လူ ထမင်းထုပ်သိုးအောင် ရှာရသလို…. ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် လုပ်တဲ့လူလည်း ထမင်းထုပ် သိုးအောင် ရှာရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒီအခြေအနေအကြပ်အတည်းမှာ ရောက်နေတဲ့အချိန်မှာ လူတိုင်း ကိုယ်တတ်နိုင်သမျှ လာကြဖို့က ကိုယ့်အသိစိတ်ဓါတ်နဲ့ ကိုယ် လာကြဖို့ပဲဗျာ။ ဘယ်သူ့ဘယ်သူကိုမှ ချော့လည်း နေစရာမလိုဘူး။ ခယနေစရာလည်းမလိုဘူး။ တောင်းပန်နေစရာလည်းမလိုဘူး။ ဟောက်ဟန်းပြီး ခေါ်စရာလည်းမလိုဘူး။ ကိုယ့်အသိစိတ်နဲ့ကိုယ် လာကြသင့်တဲ့ လူတွေချည်းဘဲ။

လူထုကို စည်းရုံးတယ်ဆိုတာက ကျနော်တို့က အမတ်နေရာ ဘာညာ ၀င်ပြိုင်မှာမို့ ကိုယ့်ဖက်ပါအောင် စည်းရုံးနေတာမျိုးမဟုတ်။ ဒီမြန်မာပြည်မလွတ်လပ်ရင် ဘယ်သူတွေ အဲသည်ဒဏ်ကို ဘယ်သူတွေ ခံကြရမလဲ။ ခင်ဗျားတို့ ကျုပ်တို့ အပါအ၀င် မြန်မာပြည်သူပြည်သားတိုင်း ခံကြရမှာပဲ။ ကျုပ်တို့ ရှုံးလို့လည်း ကျုပ်တို့ချည်း ခံရမှာ မဟုတ်။ ကျုပ်တို့ နိုင်လို့လည်း ကျုပ်တို့ချည်း စံကြရမှာမဟုတ်။ အားလုံးသာတူညီမျှ ခံကြ၊ စံကြရမှာဘဲ။

ဒီတော့ တိုင်းပြည်လွတ်မြောက်ရေးမှာ အားလုံးမှာ သာတူညီမျှ တာဝန်ရှိတယ်။ ဦးဝင်းတင်မှာ တာဝန်ရှိသလောက် ခင်ဗျားမှာလည်း တာဝန်ရှိတာပဲ။ ကိုယ့်တာဝန်ကိုယ်မကျေပဲ ဟိုလူက ဦးစီးဦးဆောင်လုပ်တာမဟုတ်လို့၊ စည်းရုံးရေးမကောင်းလို့၊ လုပ်ပုံလုပ်နည်းမမှန်လို့ ငါတော့ မပါဝင်ဘဲ နေလိုက်မယ်ဆိုလည်း အားလုံး ဒုက္ခသက်ရှည်တာပဲရှိမယ်။

အဓိက က လက်တွေ့ပါဝင်လှုပ်ရှားဖို့ဘဲ။ အဲသည်လှုပ်ရှားကြတဲ့လူတွေထဲကမှ အရည်အချင်းရှိတဲ့လူ၊ ပိုပြီး ပေးဆပ်နိုင်တဲ့လူတွေဟာ ဦးစီးဦးဆောင်နေရာကို အလိုအလျောက် ရောက်သွားလိမ့်မယ်။

ဘာမှ တစွန်းတဖဲ့လေးတောင် မပေးဆပ်ဘဲ လွတ်မြောက်ချင်တယ်၊ ဒီမိုကရေစီလိုချင်တယ် လို့ ထိုင်ပြောနေရုံနဲ့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။

ကျုပ်တို့အနေနဲ့ ကျုပ်တို့မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတိုင်း လှုပ်ရှားမှုတိုင်းမှာ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်တယ်။ ဘယ်သူဦးဆောင်တာဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ်။ Cause ကိုပဲ ကြည့်တယ်။ ကိုယ်သွားချင်တဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင်နေရင်တော့ မပါဝင်ဘူးပေါ့။

အခုမပါဝင်ကြတဲ့လူတွေဟာ Cause ကြောင့်မဟုတ်ဘဲ မိမိဘက်က နှမ်းစိမျှတောင် မပေးဆပ်ချင်လို့၊ အားမထုတ်ချင်လို့၊ ပုဂ္ဂိုလ်ရေးမကြေနပ်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အမှန်တကယ်မှာတော့ နိုင်ငံသားတာဝန်ကို ရှောင်လွှဲဖို့ ကြိုးစားနေကြတာမို့ အဖြစ်မှန်ကို အဖြစ်မှန်အတိုင်း ထောက်ပြခြင်းသားဖြစ်တယ်။ ဒါပေမယ့် ခက်တာက ရိုးသားမှုကလည်း မရှိတဲ့အခါ အကြောင်းပြချက်အမျိုးမျိုးပေးပြီး စွတ်ကန်နေတာကတော့ ခင်ဗျားအမြင်ပဲလေ။ ကျနော်တို့က ပြောစရာရှိရင် ပြောမယ်။ လုပ်စရာရှိရင်လုပ်မယ်။ အဲသည်လို အမှန်အတိုင်းမပြောခဲ့လို့၊ မလုပ်ခဲ့လို့လည်း ကျနော်တို့ နိုင်ငံ ဒီအခြေအနေကို ဆိုက်နေတာပေါ့။

Anonymous said...

OK...

Finally...

The whole society is wrong..

You all " little bit " are right..?

That's all you want to say..?

Anonymous said...

If the whole society is right, our country won't be in such a bad situation. Can't you see it by yourself, you dumb stupid moron.

Anonymous said...

oh..So what...?

Do candle light and pray for what happen next and talk what you did is right..?

That's all..?

Wake Up guys...

it's been century..

မျိုးမြင့်မောင် said...

ဖုယောင်းတိုင်ထွန်းပြီး ဆုတောင်းရုံနဲ့ ဘာဖြစ်မှာလည်းလို့သာ ပြောပြီး ဘာလုပ်သင့်တယ်လို့ အကြံမပြုတတ်သော ဘာမှလုပ်ချင်ပုံမရတဲ့ ဘာမှန်းမသိရသော အမည်မသိကြီးကို အရမ်းကျေးဇူးတင်ပါတယ်ဗျာ။

momiji (a) Shun Tha Zin said...

I really appreciate all the efforts, and thanks to Ko Paw, Mdm Paw, Ko Myo Myint Maung, Ko Soe Htun, and of course many more. Have a nice day!

Thway Ni said...

မေတ္တာတရားကို အမြဲအဓိကထားတဲ့ ဒေါ်စုအတွက် လုပ်တဲ့ပွဲရဲ့ နောက်ဆက်တွဲမှာ ခုလို ဟိုဘက် ဒီဘက် ပြောနေတာတွေမြင်ရတော့ စိတ်မကောင်းမိတာ အမှန်ပဲဗျာ ။

ကိုမျိုးမြင့်မောင်ကို တခုလောက်ပြောချင်ပါတယ် ။ ခင်ဗျားက ကိုယ်ကျိုးတောင်အထိခိုက်ခံပြီး မြန်မာနိုင်ငံအတွက် တကယ်လှုပ်ရှား လုပ်ဆောင်နေတဲ့ မျိုးဆက်သစ် ၊ အရည်အချင်းရှိတဲ့ လူငယ်တယောက် ။ ဒါပေမယ့် သဘောထားမတူသူတွေကို ဘာလို့ အရွဲ့တိုက်ပြီး တုန့်ပြန်တာပါလဲ ။ ဘယ်လိုရည်ရွယ်ချက်နဲ့လဲဆိုတာ ကျနော် တကယ်နားမလည်ပါ ။

ခင်ဗျားတို့လို တကယ်လုပ်နေသူတွေက တခါတရံ အားမလို အားမရဖြစ်တာ နားလည်ပါတယ် ။ စင်္ကာပူကမြန်မာတွေကြားလည်း တချို့က တကယ်ပဲ ကိုယ့်နိုင်ငံအတွက် မေ့လျော့နေကြတယ် ။ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ရှိနိုင်တယ် ။ ဆင်ခြေတွေပေးတာလည်း ဖြစ်နိုင်တယ် ။ ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျားတို့တွေက ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေတာ အချိန်က သက်သေပြသွားတဲ့အခါ အဲဒီဟာက လူတွေကို အလိုလိုစည်းရုံးခြင်းတမျိုးပဲလို့ ကျနော်မြင်ပါတယ် ။ မလုပ်တာကို အပြစ်တင်နေကြရင်တော့ အဲဒီသံသရာက ပြီးတော့မှာ မဟုတ်ဘူး ။

ဒေါ်စုက အလုပ်နဲ့ လက်တွေ့သက်သေပြထားပြီးပါပြီ ။ ကျနော်တို့လည်း ဒေါ်စုကို တကယ်လေးစားကြည်ညိုရင် သူ့စိတ်ဓါတ်မျိုး ရင်ထဲကိန်းအောင်းနိုင်အောင် ကြိုးစားဖို့ လိုအပ်တယ်လို့ ထင်တယ် ။

ဒေါ်စုနဲ့ ပတ်သက်ပြီးရေးထားတဲ့ မခင်ဥမ္မာရဲ့ အင်တာဗျူးကိုလည်း ဖတ်ကြည့်စေချင်ပါတယ် ။

http://irrawaddy.org/bur/index.php?option=com_content&view=article&id=1166:freedom-from-fear---&catid=4:interview&Itemid=10

မျိုးမြင့်မောင် said...

ကိုသွေးနီရေ

ကျနော်လည်း အခုလို အရွဲ့တိုက်ရတာ ပျော်လွန်းလို့တော့ မဟုတ်ပါဘူးဗျာ။ အဲ...စိတ်တော့ မညစ်တော့ဘူးဗျ။ ခင်ဗျား စိတ်မကောင်းတာကိုတော့ ကျနော်လည်း ၀မ်းနည်းပါတယ်။

တချိန်ကတော့ ကျနော်လည်း သဘောထားကွဲလွဲမှု (Conflict of opinions) လို့ပဲ ထင်ခဲ့တာပါ။ အဲဒါကြောင့် စိတ်ပါလာအောင်စည်းရုံး (Convince) ရမယ်လို့ မှတ်ခဲ့တယ်။ အခုတော့ အဲဒီလို မထင်တော့ဘူး။ ဒါဟာ Conflict of interests လို့ မြင်လာတယ်။ ဒီကိစ္စဟာ Public interest နဲ့ Self interest တို့ရဲ့ Conflict လို့ မြင်တယ်။ ကျဉ်းမြောင်းတဲ့ Self interest ကို အခြေခံထားတဲ့ ဆင်ခြေတွေကိုတော့ ကျနော်လည်း ရွဲ့ပဲရွဲ့ချင်တော့တယ်ဗျာ။ ရည်ရွယ်ချက်ကတော့ သူတို့ကိုသူတို့ လိမ်လို့ရတယ်၊ လူတိုင်းကိုတော့ လိမ်လို့မရဘူးဆိုတာ သိစေချင်လို့ပဲ။

kittyaye said...

Ko Myo Myint Mg,
I have been respecting you much because of your activity, good leader & good follower although you are so young. That is different from other young guys now a day i ever see most. Why are you wasting time on this issue? Sometimes you need to know the exact meaning of ignore & neglect. Pls forget it and spend time on reading good books instead of writing comments here. Pls stop on this issue. Very precious time in SG to be spent wisely for valuable matters. Hope that you understand what I mean. How many young guys as you actively involved at these events in SG? Countable numbers (less than 10 only).

မျိုးမြင့်မောင် said...

ဟုတ်ကဲ့ပါ မ Kitty ရေ။ ကျနော့်ရဲ့ ကျေးဇူးတင်ခြင်းဇာတ်ကို ဒီ comment မှာ တစ်ခန်းရပ်လိုက်ပါပြီ။

သူများကိုသာ ချော့မပြောချင်တာ ကျနော်ကိုယ်တိုင်ကတော့ အချော့ကြိုက်တယ်ဗျ။ အဲဒီအတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်လိုက်ပါတယ်။ :D

Anonymous said...

Ha ha..

This age is Internet world...

If you enjoying here, You'll be smarter, sharper and efficient person..

Don't be a bookworm as old age...

you know what they look like ?

Enjoying life and be smart..in modern ways..lah

Anonymous said...

Anonymous (June 4, 2009 11:28 AM),

Don't you know how to type Burmese?

I'm totally sick of your broken English.

Anonymous said...

Hello Guys,
Sorry about the comment Ko Paw.
Any of you, how many of you have been in Jail (I mean in Myanmar)?
How many of you have been tortured?
How many of your relatives in jail?
How many of you involved since 1988 till now? I was on of the activists since then.I'm now in Singapore and do you know if I joined that event, what will happen with my family (my mom and dad)who left behind in Yangon? That was really happened to me and my family. If you go today, your picture will be with military that evening. That's 120% true. So please, don't bother about whether we joined there or not. Dont argue each other. Your words become insulting each other and others. Please be understand.
Thanks for everything.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs