“နတ်ဖက်တဲ့အတွဲ….”

Share |
ရွှေဘ ခံနေရတုန်းတော့
တရုံလုံးဟာ
အသာတိတ်ဆိတ်
မျက်ရည် ကျိတ်လည်
ရင်မောတယ်….တဲ့။

ရွှေဘ ပြန်ထလာမှ
ရွှေဘဟေ့ ရွှေဘ
ဒါမှ တို့လူ
ဂုဏ်ယူမဆုံး
အုံးအုံးကျွက်ကျွက်
လက်ခုပ်ဖြောင်းဖြောင်း
မညောင်းတမ်း တီးတယ်။

ပရိသတ်နဲ့ ရွှေဘ
ရွှေဘနဲ့ ပရိသတ်
ပေါင်းစပ်ကြည့်တော့
နတ်ဖက်တဲ့အတွဲ
လိုက်လည်းလိုက်ပါ့
မြန်မာ့ရုပ်ရှင်သမိုင်းဝယ်……။


-ကိုပေါ-

10 comments:

Anonymous said...

Its' Sincerity of Our Myanmar traditional people' art of viewing movies ... without biased idea...

မျိုးမြင့်မောင် said...

ရွှေဘ ထရင်ထ၊ မထရင် ရမ်ဘိုကို ပြောင်းအားပေးမယ်။ ရမ်ဘို မထနိုင်တော့ရင် နောက်လူပြောင်း အားပေးမယ်။ အားကိုအားပေးဦးမှာ။ ဒါ...တို့မြန်မာ။

ကိုပေါ said...

>>>မျိုးမြင့်မောင်…….. အားပေးတာများ နောက်စရာလား။ ငယ်ငယ်ကတည်းက ဖတ်စာမှာ….. “ရွှေလက်ခုပ်ကြီး အုပ်ကာတီး.... ပျောသီးမှည့်မှည့် စားရအောင်” ဆိုပြီး သင်လာရတဲ့ ဟာပဲ…ဟာပဲကို။

ရွှေဘခမျာ အခြေမလှလို့ နွေမသီချင်းသံကြားတာတောင် ထ မကနိုင်တော့ဘူး။

မျိုးမြင့်မောင် said...

ရမ်ဘိုခမျာလည်း ဗန်တိုမသင်နိုင်ပဲ ဂျမ်ဘိုဂျက်စီးပြီး အမေရိကကို ပြန်သွားရှာပြီ။ :( သူချည်းပဲ ချရတာကိုး။

Bino said...

Most of movies are edited by producer
regarding to people desire.
Otherwise, he will lost commercial properties.
If you have an idea of artist, you will proceed different way. It is a better way.
How about the following movies.
SLUMDOG MILLIONAIRE,
THE READER,
HERO (DUSTIN HOFFMAN) and
Related Dustin Hoffman's movies
CHOCOLATE,
SOME MORGAN FREEMAN'S MOVIES,
SOME CLINT ESTWOOD MOVIES (Film Director Himself)
ERIN BROCKOVICH and movies of Julia Roberts
ALL MOVIES OF DENZEL WASHINGTON
so on.

Bino.

Anonymous said...

Comparing ...Apple & Orange..?

မိုးတိမ်ညို said...

ရွှေဘ နဲ့ပတ်သက်ပြီး ကြားဖူးတဲ့ ဟာသလေး တစ်ခုပါ။
တစ်ခါက မြို့သားတစ်ယောက်က ရွာတစ်ရွာကို သွားလည်တုံး အဲဒီရွာပွဲမှာ ရွှေဘရုပ်ရှင်ငှားပြသတဲ့။ ဖိုက်တင်ခန်းလည်း ရောက်ရော ရွာသားတွေက ချကွ နှက်ကွ ဘာညာနဲ့ ရွှေဘဖက်က အော်လိုက်ကြတာ ပွက်လောညံရောတဲ့။ အဲဒီမြို့သားက ရွှေဘ မကြိုက်ဘူးတဲ့။ ဒါပေမယ့် သူတစ်ယောက်ပဲ ငြိမ်နေတာ နဲ့ မဖြစ်သေးပါဘူး ရွာသားတွေနဲ့ လိုက်လျှောညီထွေဖြစ် အောင်လုပ်ဦးမှ ဆိုပြီး “ရွှေဘကွ ရွှေဘ” ဆိုပြီး ထအော်လိုက်သတဲ့။ အဲဒီအချိန်မှာပဲ သူ့နားမှာ ရှိတဲ့ ရွာသားတစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ လည်ဂုတ်ဆွဲကိုင်ပြီး “ဟေ့လူ ကိုရွှေဘလို့ ပြောပါဗျ” လို့ ဟောက်လိုက်သတဲ့။

Anonymous for Anonymous said...

Comparing ...Apple & Orange..?

Nooooooooooo..It's comparing "cows & goats" in Norway and Burma..Ha Ha

ကြည် said...

ရွေဘ ကိုအားပေးတာများကြားဖူးတာပေါ့။ ဘာတဲ့ လူဆိုးနဲ့ရွေဘ ချကြတော့ ရွေဘ ခံရတာကိုမကျေနပ်လို့ ပိတ်ကားကို ဖိနပ်နဲ့ ၀ိုင်းပေါက်ကြတယ်ဆိုလား ဘာလား။ ကြားဖူးတာပြောတာပါ။

Anonymous said...

haha... now u all start to understand what and who are Myanmar.

any way im still waiting for Rambo VI.. :D

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs