“ရွေးချယ်ခွင့်”

Share |
ကြိုတင်စိတ်ကူးထားခြင်းမရှိဘဲ ဖြစ်ပျက်သွားသောအရာများ၌ ကျွန်ုပ်တို့တွင် ရွေးချယ်ခွင့်မရှိချေ။

ဤကိစ္စနှင့်ပတ်သက်၍ ဆရာအောင်သင်းက စာပေဟောပြောပွဲတခုတွင် အောက်ပါအတိုင်း ဥပမာပေးသည်ကို သတိရမိပါသည်။ (ဆရာ့ စကားလုံး အတိအကျတော့ မမှတ်မိတော့ပါ။)

“ဒီ စင်မြင့်ရဲ့ အစွန်းမှာ လူတယောက် မတ်တပ်ရပ်နေတယ် ဆိုပါစို့။ သူ့ကို နောက်ကနေ တစုံတယောက်က အလစ်မှာ တွန်းချလိုက်ရင် အဲသည်လူဟာ စင်အောက်ကို မလွဲမသွေ ပြုတ်ကျမယ်။ အဲဒီအချိန်မှာ သူ့အနေနဲ့ “ငါ… ပြုတ်ကျရင် ကောင်းမလား။ ပြုတ်မကျဘဲ နေရင် ကောင်းမလား” ….(ပရိသတ်၏ ရယ်သံများ)….အဲဒီလို ရွေးချယ်ပိုင်ခွင့်မရှိဘူး”……။

အဆိုပါ ဖြစ်ရပ်မျိုးများမှလွဲလျှင် ကြိုတင်စိတ်ကူး၍ လုပ်ဆောင်ရသော အရာမှန်သမျှ၌ လူတိုင်းတွင် ရွေးချယ်ခွင့်ရှိသည်ဟု ကျွန်ုပ် ဆိုချင်ပါသည်။

လူတယောက်က သင့်အား ဓါးနှင့်ထောက်၍ တစုံတရာကို မရမက မေးလျှင်ပင် သင့်၌ ပြန်ဖြေမည်လော၊ မဖြေဘဲနေမည်လော ဟု သင့်ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိပါသေးသည်။ အဘယ့်ကြောင့်ဆိုသော် သင့်တွင် စဉ်းစားတွေးတောချိန် ရသောကြောင့် ဖြစ်ပါသည်။

ဓါးထောက်မေးခြင်းဖြစ်၍ အသက်ဘေးကို ကြောက်ရွံ့သောကြောင့် ဖြေဆိုမည်ဆိုလျှင်လည်း သင်၏ ရွေးချယ်ခွင့်ဖြစ်ပါသည်။ မဖြေဆိုလိုဘဲ အသက်ကို အသေခံလိုက်မည်ဆိုပါကလည်း သင်၏ ရွေးချယ်ခွင့်ပင် ဖြစ်ပါသည်။

ဤသို့လျှင် လူတိုင်းလူတိုင်း၏ နေ့စဉ်ဘ၀တွင် ရွေးချယ်ခွင့်များကို အစဉ်လိုလို ကြုံကြိုက်ခဲ့ပါသည်။ အချို့သောကိစ္စများတွင် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်သင့်မှန်းသိသိနှင့် သူရဲဘောကြောင်မှုကြောင့် မလုပ်ခဲ့ကြသည်လည်း ရှိခဲ့ကြပါသည်။ မလုပ်သင့်မလုပ်ထိုက်သည်များကို မလုပ်သင့်မှန်းသိသိနှင့် သတ္တိနည်းမှုကြောင့် လုပ်ခဲ့ကြသည်လည်း ရှိခဲ့ကြပါသည်။

သို့သော် လူအများစုမှာ ကိုယ်လိုပင် သူရဲဘောကြောင်သူများဖြစ်ရကား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လုပ်ရပ်မှားများအတွက် ကျွန်ုပ်တို့ဘာသာ လိပ်ပြာသန့်စေရန် ကြိုးပမ်းသည့်အနေဖြင့် “အများညီလျှင် ဤကို ကျွဲဖတ်ရသည်” ဆိုကာ ကြံဖန်၍ ဖြေတွေး တွေးတတ်ကြပါသည်။ သို့မဟုတ် “အများမိုးခါးရေ သောက်သဖြင့် ကိုယ်လည်း လိုက်သောက်ရပါသည်”ဟု ဆင်ခြေကန်သော အတွေးဖြင့် ဖြေတွေး တွေးတတ်ကြကုန်၏။ သို့တည်းမဟုတ်….. “ခေတ်ကာလကြီးက မကောင်းလို့ပါ”ဟု ခေတ်၊ စနစ်အပေါ်တွင်လည်း အပြစ်ပုံချ တတ်ကြကုန်၏။

သို့သော် လူတိုင်းသည်ကား ကျွန်ုပ်တို့ အများစုကဲ့သို့ သူရဲဘောကြောင်သူများမဟုတ်ကြ။ သူတို့သည် ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်ရမည်ကိုသိသိနှင့်ပင် သူတို့ လုပ်သင့်လုပ်ထိုက်သည်ဟု ယုံကြည်သောအရာများကို ရဲဝံ့စွာ၊ သတ္တိရှိစွာ ရွေးချယ်ဝံ့ကြလေသည်။ ထိုရွေးချယ်မှု၏ အကျိုးဆက်အဖြစ် ကြုံတွေ့ရသော ဆင်းရဲဒုက္ခများကို ကြံကြံခံဖို့ ကြိုးစားတတ်ကြလေသည်။ ထိုသူများသည် လူနည်းစုဖြစ်သည်။ အများစုဖြစ်သော ကျွန်ုပ်တို့က အနည်းစုဖြစ်သော ထိုသူများကို သူရဲကောင်းများအဖြစ်၊ ကြီးမြတ်သူများအဖြစ် လေးစား တန်ဘိုးထား အသိအမှတ်ပြုကြလေသည်။

ထိုသူများကို သူရဲကောင်းအဖြစ်လည်း အသိအမှတ်မပြုလို၊ မိမိလုပ်ရပ်ကို မှားသည်ဟုလည်း ၀န်မခံလိုသူများလည်း ရှိပါသည်။ ထိုသူတို့မှာလည်း သူတို့ ရွေးချယ်ခွင့်နှင့် သူတို့ ဖြစ်ပါသည်။

လူတိုင်းတွင် ရွေးချယ်ခွင့်ရှိပါသည်။ ဘာကိုရွေးချယ်သနည်းဟူသည့် အချက်
အပေါ် မူတည်၍ လူတို့သည် ကိုယ့်သမိုင်းကိုယ် ရေးနေကြပါသည်။

ကျွန်ုပ်တို့တွေ့ကြုံရမည့် မနက်ဖြန်ပေါင်းများစွာတွင်လည်း အလားတူရွေးချယ်ခွင့်များကို အစီအရီ တွေ့ကြုံ ကျော်ဖြတ်နေရဦးမည်သာ ဖြစ်ပါသည်။

မည်သို့မည်ပုံ ရွေးချယ်ကြမည်လဲဆိုသည့်ကိစ္စမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။

27 comments:

ကြည် said...

“ငါ… ပြုတ်ကျရင် ကောင်းမလား။ ပြုတ်မကျဘဲ နေရင် ကောင်းမလား”တဲ့လား။ စင်အောက်က ပရိတ်သတ်တင်မကဘူး ဒီကစာဖတ်ပရိတ်သတ်လည်းရီမိပါတယ်။

ခရေဖြူ said...

ဒီနေ့နဲနဲ အားနေသမို့ အလုပ်မရှိ ကြောင်မရေချိုး အာ ဟုတ်ပေါင် - အလုပ်မရှိ ကိုပေါအကြောင်းတွေးနေမိပါတယ်၊ ကျမမှာ အလုပ်၅ရက်လုပ်၊ part-time ကျောင်းတက်၊ ပိတ်ရက်မှာ မိဘတွေကို ဘုန်းကြီးကျောင်းလိုမျိုး၊ ဈေးလိုမျိုး လိုက်ပို့၊ ဟိုဟိုဒီဒီအလည်အပတ်လေးပို့၊ အိမ်ရှင်းအဝတ်လျှော် မီးပူတိုက်၊ စာကျက်၊ ကျန်တဲ့ ဖြစ်ဖြစ် ညစ်ညစ်အချိန်လေး ဘဲဘဲနဲ့ ရှော့ရှော့လေးသွား၊ နာရီတွေက ကွက်တိ၊ ကိုပေါရဲ့ အချိန်စီမံခန့်ခွဲပုံကို တွေးကြည့်နေတာပါ၊ စာတွေမှန်မှန် တင်တယ် <၁ရက်၁ပို့စ် လောက်နီးနီ:> သူများဘလောက်တွေသွားဖတ်နိုင်တယ်၊ ကွန်မန့်တွေတရှည်တလျားရေးနိုင်တယ် ဒါဆို ဟင်းချက်အဝတ်လျှော်မီးပူတိုက်အိမ်ရှင်းတွေ ဘယ်သူလုပ်သလဲ? မဒမ်လား? ဒါဆို မဒမ်ကအလုပ်မလုပ်ဘူးလား မဖြစ်နိုင် မဒမ်အလုပ်လုပ်တယ်ဟု ပို့စ့်၁ခုတွင်ဖတ်ရတယ် အမ်း ဒါဆို မဒမ်ကချည်း အိမ်အလုပ်တွေလဲ ကျုံးလုပ၊် အပြင်လဲအလုပ်သွားလုပ်ရတာလား? [ဒါဆိုရင်တော့ fairness အကြောင်းပြောနေတဲ့ကိုပေါက မိသားစုထဲမှာတောင် fair မဖြစ်ပါ]၊ ဒါမှ မဟုတ် ကွန်ပြူတာစီပြေးရိုက်လိုက် အလုပ်လေးသွားကူလိုက်လား? ဒါဆိုရင်တော့ weight ကျသွားမှာ -- အေးလေ တကယ်ဆိုတော့ ဒါတွေဟာ သူတို့မိသားစုရဲ့ ရွေးချယ်ခွင့်တွေပဲ၊ မည်သို့မည်ပုံ ရွေးချယ်ကြမည်လဲဆိုသည့်ကိစ္စမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ [သူ့မန့်ရတာ နာ့ထမင်းစားချိန်လေး ကုန်ပါပြီ] :(

yehtutnaung said...

ဟုတ်တယ်ဗျာ.. လူတိုင်း ရွေးချယ်မှုတွေနဲ့  ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပါပဲ။

ကိုပေါ said...

>>>ကြည်…. ဆရာဦးအောင်သင်းက တကယ်အဟောအပြောကောင်းပါ။ ပရိတ်သတ်ပွဲကျအောင်လည်း ပြောတတ်တယ်။ ကျနော်လည်း ဆရာ့ဟောပြောပွဲတွေကို နားထောင်ရရင် ရယ်နေရတယ်။ မှတ်သားစရာတွေလည်း ပါတယ်။

>>>ခရေဖြူရေ…. ကျနော်လိုမျိုး အားလပ်ချိန်ရချင်ရင် တဖက်မှာ စွန့်လွှတ်ရမယ့် အရာတွေရော စွန့်လွှတ်ဖို့၊ ရွေးချယ်ဖို့ အသင့်ရှိမယ်ဆိုရင် စင်္ကာပူလိုနိုင်ငံမျိုးမှာ အလွယ်တကူ ရနိုင်ပါတယ်။

မှန်ပါတယ်။ ကျနော်ရော၊ မဒမ်ပေါပါ နှစ်ယောက်လုံး အချိန်ပြည့် အလုပ်လုပ်ကြပါတယ်။ ဒါပေမယ့် ကျနော်တို့နှစ်ယောက်က တပတ်လုံးလုံး အပြင်မှာပဲ ၀ယ်စားကြပါတယ်။ နံနက်စာနဲ့ နေ့လည်စာက အလုပ်ခွင်မှာ။ ညစာက မဒမ်နဲ့ လမ်းမှာချိန်းပြီး အပြင်မှာ စားကြတယ်။ (ဘီယာလေးပါ နှက်လိုက်သေးတယ်။)
တော်တော်များများ မြန်မာမိသားစုတွေကတော့ အိမ်မှာပဲ ချက်စားကြတဲ့အတွက် ရုံးကပြန်ရောက်လာရင် ချွေးတလုံးလုံးနဲ့ ချက်ကြ၊ ပြုတ်ကြ၊ စားကြနဲ့ တခြားဘာမှ သိပ်မလုပ်နိုင်ဘဲ အချိန်ကုန်သွားတာကို တွေ့ရပါတယ်။ (ဒါပေမယ့် အဲဒါက ရွေးချယ်ခွင့်လေ…. ရွေးချယ်ခွင့်……း-)။ အဲသလို သူတို့ ချက်ပြုတ်နေချိန်မှာ ကျနော်က သမီးနဲ့ ဆော့ရင်ဆော့တယ်။ Documentary သို့မဟုတ် သတင်းတွေ ကြည့်ရင်ကြည့်တယ်။ ပြီးရင် ကွန်ပြူတာရှေ့မှာ စွေ့ကနဲ ထိုင်လိုက်တာပေါ့ဗျာ။

ကျနော်တို့လို အပြင်မှာ ၀ယ်စားလိုက်ရင် ခရေဖြူအဖို့လည်း အချိန်တွေ အများကြီး ထွက်လာပါလိမ့်မယ်။ ကျနော့် သမီးနဲ့ သူ့အဖွားကတော့ သူတို့ တနိုင်အတွက် အိမ်မှာပဲ ချက်ပြုတ်စားပါတယ်။ အဲသည်အတွက် အဖွားက ချက်ပြုတ်ပါတယ်။ အဖွား(မဒမ့်အမေ)က ၅၄ နှစ်ရှိပါပြီ။ တခါတလေတော့လည်း သူတို့လည်း မချက်ချင်တဲ့အခါ ၀ယ်စားတာပေါ့။

အ၀တ်အစားအသုံးအဆောင်ဝယ်ဖို့ ရှော့ပင်ထွက်ရတာ ၀ါသနာ မပါတဲ့အတွက်၊ အိမ်လည်ရတာ ၀ါသနာ မပါတဲ့အတွက်၊ လူတကာနဲ့ မပြီးနိုင်မစီးနိုင် ဖုန်းလျှောက်ဆက်တာမျိုးတွေ၊ ဂျီတော့ခ်ပေါ်မှာ ပြောကြတာမျိုးတွေ၊ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေကို စွဲစွဲလန်းလန်း ကြည့်တာမျိုးတွေ၊ စီဘောက်စ်တကာ လိုက်အော်တာမျိုးတွေ မလုပ်တဲ့အတွက် ကျနော်တို့မှာ အချိန်တော်တော်များများ ပိုထွက်လာပါတယ်။

အ၀တ်အစားဝယ်တာမျိုးကလည်း မေ့လောက်မှ တခါတခါ လုပ်ပါတယ်။ ၀ယ်တဲ့အခါမှာလည်း ကိုယ့်နံပါတ်အရွယ်အစားကို မှတ်ထားပြီး ၀ယ်ဝတ်လိုက်တာပဲ။ ၀င်ပြီး ၀တ်ကြည့်ခဲပါတယ်။ မဒမ်ကလည်း သူများမိန်းမတွေလို နှုတ်ခမ်းနီတွေ၊ ဖိနပ်တွေ၊ ရေမွှေးတွေ၊ အ၀တ်အစားတွေ၊ လက်ကိုင်အိတ်တွေအတွက် သိပ်အချိန်ပေးချင်တဲ့ သူမျိုးမဟုတ်ဘူး။ တခါတလေမှ ထွက်ဝယ်ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းလည်း အခုနောက်ပိုင်း မရောက်သလောက်ပဲ။ လူတွေထက်တောင် လောဘ၊ ဒေါသ၊ မောဟများပြီး အကြောက်တရားကြီးတဲ့ ဘုန်းကြီးတချို့ကို စိတ်ပျက်လို့။

အ၀တ်လျှော်တာနဲ့ မီးပူတိုက်တာ၊ အိမ်ရှင်းတာ တစ်ပတ်တခါ မဒမ်ပဲ လုပ်ပါတယ်။ အ၀တ်လျှော်တာကလည်း ဗမာပြည်မှာလို လက်နဲ့ လျှော်စရာမလိုတဲ့အတွက် နေ့ဝက်လောက်ဆို ပြီးသွားတာပဲ။

ကျနော်တခါတလေ မီးပူဝင်တိုက်ရင် အင်မတန် ကြာပါတယ်။ (ငယ်ငယ်ကတည်းက အစ်မတွေက ဖွတ်လျှော်မီးပူတိုက်ပေးတာကို အခန့်သား ၀တ်လာခဲ့တော့ အကျင့်ပျက်နေတာပါ။) ဒီတော့ မဒမ်က ခိုင်းတာလေးတွေပဲ ထ လုပ်ပေးရပါတယ်။ ဥပမာ သူမီးပူတိုက်ပီးသား အ၀တ်ကလေးတွေကို ဗီရိုထဲမှာ ထချိတ်ပေးရတာတို့၊ အင်္ကျီချိတ်တွေ ယူပေးရတာတို့၊ အ၀တ်ကူ ရုတ်ပေးရတာတို့။ အဲဒါလည်း…. ခရေဖြူပြောသလို ကွန်ပြူတာရှေ့မှာ လုပ်နေရင်းက ထထပြီး လုပ်ပေးရတာမျိုးပေါ့။ ဒါဟာ Fair မဖြစ်ဘူးဆိုတာ လက်ခံပါတယ်။ အဲသည်ဖက်မှာ ကျနော်ညံ့ပါတယ်။ ၀န်ခံပါတယ်။ ဒါပေမယ့် ကျနော့်လုပ်ရပ်ကို ဖာထေးပြီး ပြောမနေပါဘူး။ ကျနော် ကူလုပ်သင့်တယ်ဆိုတာလည်း သဘောပေါက်ပါတယ်။ တတ်နိုင်သမျှ ပြောင်းလဲဖို့လည်း ကြိုးစားနေပါတယ်။ အခုထိတော့ မအောင်မြင်သေးဘူး။

ဘာပဲဖြစ်ဖြစ် အဲဒါဟာ ကျနော်တို့မှာ အချိန်ပိုတွေ အများကြီးထွက်လာရခြင်းရဲ့ အကြောင်းရင်းတွေပေါ့။ ကျနော်တို့ စိတ်ပါရင် လျှောက်လည်လို့ရတယ်။ ဓါတ်ပုံလျှောက်ရိုက်ဖို့ အချိန်ရတယ်။ ရုပ်ရှင် ဗီဒီယို အခွေတွေ ၀ယ်ကြည်ဖို့ အချိန်ရတယ်။ မြန်မာ့အရေးလှုပ်ရှားမှုတွေအတွက် ပေးဖို့ အချိန်ရတယ်။ ဘလော့ဂ်ရေးတာက အရင် အိုးဝေ(စင်္ကာပူ)စာမျက်နှာမှာ ဆောင်းပါးတွေအတွက် သရုပ်ဖော်ပုံလုပ်ပေးရတာ၊ စာရိုက်ပေးရတာ၊ စာလုံးပေါင်းတွေပြင်ပေးရတာမျိုးတွေလို အချိန်မကုန်လှပါဘူး။ နောက်တခုက ညဥ့်နက်အောင် နေတာကလည်း အကျင့်ပါနေတော့ အချိန်တွေ ပိုထွက်လာခြင်းရဲ့ အကြောင်းတခု ဖြစ်လာတော့တာပေါ့။

ကဲ…. ဒီအကြောင်းတွေကို သိပြီးတဲ့နောက် ခရေဖြူရော ဘယ်လမ်းကို ရွေးချယ်မလဲဆိုတာ စိတ်ဝင်စားပါသေးတော့။

>>>နေညိုရင့်….. မှန်ပါတယ်။ လူတွေဟာ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ့်သမိုင်းကြောင်းကို ရေးကြတာပါပဲ။

မြန်မာပြည်သား said...

အော်... သိပြီ.. သိပြီ... သိလေပြီ...။
ဒီလိုနေ့တိုင်း အပြင်မှာပဲစားနေလေတော့ မသန့်မပြန့် စားအုန်းဆီနဲ့ ချက်တဲ့ အစားအစာတွေကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပဲ အခုလို ကိုယ်လုံးတွေ ဖြစ်နေကြတာကိုး...
(အသေစောမှာ စိုးရိမ်နေသူ မြန်မာပြည်သားတစ်ဦး)

Anonymous said...

Oh..ho..hooo...People like to say things that are none of their business especially when the message in the post hit them.

Anonymous said...

well obviously i eat out everyday. but unfortunately i don't have that much time.

eating out everyday in hawker center sucks... that's obvious too. :) so after office, i need to arrange with my gf somewhere downtown and walk around, looking for something interesting to eat. and when we find something to eat, thats always at a place where we need to q. thats a waste of time.

So half of my dinner time, i spent waiting in the q. :(

တန်ခူး said...

ရွေးချယ်ခွင့်… တွေဝေသွားတယ်… တခုတော့ရှိတယ်… သူရဲဘောင်ကြောင်ပြီး မိုးခါးရေသောက်မိတဲ့အခါ မဖုန်းကွယ်ဖြစ်အောင် ကြိုးစားတယ်… တတ်နိုင်သမျှ ရိုးသားပွင့်လင်းမှုကို ရွေးချယ်ဖို့  ကြိုးစားပါတယ်…

မိုးတိမ်ညို said...

ကိုပေါရေ ရွေးခြယ်ခွင့်ဆိုလို့ ကြားဖူးတဲ့ စကားပုံလေး တစ်ခုပြောချင်လို့ပါ
“လူတစ်ယောက် က မိုးရွာမရွာကို ဆုံးဖြတ်လို့ မရသော်လည်း ထီးယူမယူကိုတော့ ဆုံးဖြတ်လို့ ရသည်” တဲ့။

Phyo Maw said...

ဆရာအောင်သင်း အဟောအပြောတွေကို ဘယ်မှာ နားထောင်လို့ရမလဲ အန်ကယ်ပေါ ရေ။ လင့်လေး မစ ပါဦး။

Anonymous said...

Ko Paw said...

" လူတွေထက်တောင် လောဘ၊ ဒေါသ၊ မောဟများပြီး အကြောက်တရားကြီးတဲ့ ဘုန်းကြီးတချို့ကို စိတ်ပျက်လို့။."

This Kind of ရွေးချယ်ခွင့်…?

So-called-Budhist-people' Choice....?

Go Ahead with Your Very Own Life...!

Seriously..!

ကိုပေါ said...

>>>Phyo Maw…. ၁၉၉၈ ခုနှစ် နောက်ပိုင်းမှာ ဆရာ့စာပေဟောပြောပွဲ အခွေ (ကက်ဆက်ခွေ၊ ဗီဒီယိုခွေတွေ) ထွက်ပါတယ်။ ကျနော်လည်း အဲသည်တုန်းက ကြည့်ဖူးတာပါ။ အခုတော့ ဘယ်မှာ ရနိုင်မလဲ ကျနော်လည်း မသိပါ။ ရရင် ကျနော်လည်း လိုချင်ပါသေးတယ်။

aung said...

Like what Anonymous (April 27, 2009 5:00 PM) said...

Some people are funny. They can't stand someone comes up with good point to discuss like this post. They may want to shoot back but they don't have such kind of capabilities to debate so they will look into personal things. They just show their origin through their words. I remember Saya U Khaing Oo, once he wrote down on the black board before start the class that "Great minds discuss ideas; Average minds discuss events; Small minds discuss about people".

May God bless those people who have small minds. They need it.

Anonymous said...

But..

Small People can Pretend To Discuss Great Idea...

So People Criticize only to Small People..!

Great People Do Great Things..

People Appreciate..!

But...

If U think Small People as Great People...

U'll Lose Your Life..

Nice day..

JD said...

To Big One-Small One:

small people ????
How small?? Ha ...Ha...!
You better be careful......people talk about MIND and you talk about SIZE.
It's funny. Isn't it?

aung said...

To Anonymous (April 28, 2009 9:40 AM) who said...

"Small People can Pretend To Discuss Great Idea..."

That's what I am talking about. You want to talk back but you are even not reading carefully what I commented. I said "Small minds" not "Small people". With that reading skill, how can you understand what I meant? Then how will you talk back with that worng understanding (concept)? How you come up to discuss on the topic with misconception? My advice to you, take GRE test if you are graduate. have a good day ahead...

မျိုးမြင့်မောင် said...

ဒါကဒီလိုလေ။ ဘယ်လိုပြောရမလဲ။ သူတို့နဲ့တို့က မတူဘူးလေ။ တို့က အောင်ပွဲရရင် အလံတိုင်ထူဖို့ ကိုယ့်ဘာသာကိုယ် တာဝန်ယူထားတယ်လေ။ ဒီလိုပဲ ကျရာတာဝန် ယူရတာပေါ့။ သတ္တိနည်းလို့ မဟုတ်ဘူးနော်။ တို့ကရေရှည်ကို ကြည့်တယ်လေ။ ခပ်ရေးရေးတောင် တွေးမမြင်နိုင်တဲ့ အနာဂတ်အထိကို ရေရှည်တွေးတာ။ မတော်လို့ အားလုံးကျဆုံးသွားရင် အလံတိုင်ထူဖို့လူ ဘယ်ကျန်မလဲ။ ဒါကြောင့်လည်း ဒီတာဝန်ကို မတတ်နိုင်တဲ့အဆုံး ရိုးရိုးသားသား ရွေချယ်ခဲ့ရတာပေါ့။ ကဲ...နားလည်ကြပြီလား။

JD said...

ဟယ်…နစ်နာနေပါအုန်းမယ် ‘များ’ ရယ်..:D:D:D

Anonymous said...

Heee...

I love it these kinds of supporting-buddies...

Go ahead boys..

Have fun...

Anonymous said...

Hey..

I beautifullly mixed with your quote...

"Great" minds discuss "Ideas"
Average minds discuss events
"Small" minds discuss about "People"

U don't get It..
Fun of Writing Concepts..?

How Small Mind U are...

Wake up ..!

ခရေဖြူ said...

ကိုပေါရေ - အရှည်ကြီးပြန်ဖြေထားလို့ ကျေးဇူးပါ ဟီး အထင်မကြီးပါနဲ့ ဟင်းချက်မစားပါဘူး ကြုံရာမှာ [အမေချက်ထားရင် အိမ်မှာ သို့ ကျောင်:မှာဝယ်စားတာ။။။]စားပါတယ် မစားပဲလဲ နေချင်နေပါတယ်၊ မြန်မြန်ကြီး ဝန်ခံလိုက်တော့ ဘာပြောရမှန်: မသိလို့ - နဲနဲကူတာ မကူတာထက်တော့ တော်သေးတာပေါ့ မဒမ်လဲ ကျေနပ်မှာပါ :P

Bino said...

When I am getting a hiccup, I can't control it.

Bino

ကိုပေါ said...

>>>Bino.... အသက်အောင့်ပြီး အနည်းဆုံး ရေ ၇ ကြိုက်တိတိ ဂလု ဂလု မည်အောင် ဆက်တိုက်သောက်လိုက်ပါ။ တော်တော်ဆိုးဆိုးရွားရွားမဟုတ်ရင် လူအတော်များများမှာ ကြို့ထိုးတာ ရပ်သွားပါတယ်။

မျိုးမြင့်မောင် said...

ရေကို အနည်းဆုံး ၇ကြိုက်တိတိ မသောက်နိုင်အောင် ဗိုက်တင်းနေတုန်း ကြို့ထိုးတာဆိုရင်တော့ သကြားကို စတီးဇွန်းကြီးတစ်ဇွန်းစာ ပါးစပ်ထဲ ငုံထားကြည့်ပါ။ ပျောက်ကောင်း ပျောက်ပါလိမ့်မယ်။

Bino said...

Thank you very much Ko Paw and Myo for good advices. I will try it.

Actually, I know the principle of hiccup. But I don't know how to stop it.
Hiccups start from the diaphragm,a wide muscle below the lungs. It pulls down to draw air into the lungs. It relaxes and moves up to breathe out.

Normally, this happens smoothly. But sometimes, the diaphragm pulls down with sudden jerk.This causes to breathe in quickly. When this happens, the opening into the windpipe shuts. The flow of air is cut off. That’s what makes the hic sound.

I heard that
Even unborn babies can get hiccup.
The longest recorded attack of hiccups in 60 years.

Thank you a lot.

Sonata Cantata said...

ကိုပေါရေ ရွေးချယ်ခွင့် ပို့စ်လေးကို သဘောကျလို့ ခဏခဏ လာဖတ်တယ်။ ဖတ်ပြီးပွားသွားတဲ့ အတွေးတွေကနေ ပို့စ်လေးတခု ရေးနိုင်ရင် ကောင်းမယ်လို့ ကိုယ့်ကိုကိုယ်ပြောရင်း အခုရေးရင်ကောင်းမလား မနက်ဖန်မှ ရေးရင်ကောင်းမလား ရွေးချယ်နေလို့...

ကိုပေါ said...

>>>sonata-cantata... ကိုဧရာ ထင်ပါရဲ့။ အခုရေးပါလို့ နားပူပါရစေဗျာ။ နောက်ပိုင်းမှာ အမှန်တရားနဲ့ ပတ်သက်လို့ ကျနော်ပို့စ်ရေးဖို့ အစီအစဉ်ရှိပါတယ်။ ကိုဧရာ ရေးတာကိုလည်း ဖတ်ချင်ပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs