“လောကနတ်တော့ လောကနတ်”

Share |


အမှားနဲ့အမှန်
ရွေးဖို့ဖန်ရင်
အမှန်ဖက်မှာ
ရပ်မယ့်အစား
ကြားနေလိုက်မတဲ့။

ဓမ္မနဲ့ အဓမ္မ
ရွေးကြဖို့ဆို
ဓမ္မကိုရှု
လက်ကိုင်ပြုမယ့်အစား
ကြားနေဦးမတဲ့။

တရားမှုနဲ့ မတရားမှု
မျက်မှောက်ပြုလျှင်
တရားမှုကို
တောင်းဆိုမယ့်အစား
ကြားနေတတ်သတဲ့။

သြော်…လောကနတ်အတုတွေနဲ့
အမှုပွေနေတဲ့ ဒီကမ္ဘာမှာ
လူဖြစ်လာရ
ငါ့ဘ၀နှယ်
သေတာပဲ ကောင်းပါတယ်တော်*….။


* “သေတာပဲ ကောင်းပါတယ်တော်” ဆိုသောစကားမှာ တီပီသင်္ကြန် ဟာသတခုမှ ယူထားခြင်းဖြစ်ပါသည်။

21 comments:

yehtutnaung said...

ကိုပေါ.. ဒါဆိုရင် လောကနတ် ဆိုတာ လောက အကြောင်း နတ် နေပြီဆိုတဲ့ လူပဲပေါ့။ :P

Phyo Maw said...

လောကနတ်ဆိုတာ ဒီလောကကို စိတ်ကုန်ပြီးသေသွာတဲ့ နတ်မို့ လောကနတ် တဲ့...
(ခလေးအတွေးပါ ဘာရယ်တော့မဟုတ်ဘူး :D )

မိုးတိမ်ညို said...

ဟားဟား ကောင်းပါ့မှန်ပါ့ဗျာ

Thinzar said...

ပုံလေးဆွဲထားတာကို သဘောကျတယ်။

Thant said...

ဟား..ဟား..ဟား... သဘောကျတယ် ။

Rita said...

ပြောပေမယ်လို့...........(သံရှည်ဆွဲရန်)
ဒါမျိုးက ရိုးမယ် မထင်ပါသည်..........
:D

kay said...

ကိုပေါရေး- ဒါဆို မြတ်စွာ ဂေါတမ ရဲ့အလယ်အလတ်လမ်းစဉ် ကရော-
း)

မောင်လမ်းသစ် said...

အားပေးလျှက်ဗျို့။ ခင်ဗျား အတွေးတွေ ကောင်းတယ်။

ကိုပေါ said...

နေညိုရင့်….<<< နေညိုရင့်အဓိပ္ပါယ်ဖွင့်ဆိုပုံကို မြင်ရတော့ ဟို အလယ်တန်းကျောင်းသားတယောက် ခက်ဆစ်အဓိပ္ပါယ်ဖွင့်ပုံကို သတိရမိသေးတယ်။
“ချွတ်ခြုံကျ = ချွတ်ဆို ချုံပေါ်သို့ ကျသည်”။း-)

Phyo Maw….<<< လောကနတ်သံဆိုတာ အဲဒါပဲနဲ့တူတယ်။

မိုးတိမ်ညို….<<< ကျေးဇူးပါဗျိုး။

သဉ္ဇာ….<<< အဲဒါ ရေသာခိုရေးဆွဲနည်းလို့ ခေါ်တယ်။း-)

သန့်….<<< ဘာလဲ ကြားနေမလို့လား။း-)

Rita….<<< ပြောပေမယ့်လို့ဟို့ဟို့ ဒါမျိုးတော့ ရိုးမယ်မထင်ပါသည်။ ချစ်ပင်ချစ်မိုး ချစ်လက်စ ပျိုးခဲ့ကြသည်…. ချစ်မိုးကြီး မစဲဘဲ….သဲသဲမဲမဲ….အမြဲရွာစေချင်သည်း-)

Kay….<<< ဂေါတမမြတ်စွာရဲ့ အလယ်အလတ်လမ်းစဉ်ကတော့ ပြောစရာမရှိပါဘူး။ ဒါပေမယ့် အလယ်အလတ်လမ်းစဉ်ကို နေရာတကာ အစွန်းရောက်စွာ ကျင့်သုံးနေသူများအတွက်ပါ။း-)

မောင်လမ်းသစ်….<<< ကျေးဇူးတင်ပါတယ်။

Zephyr said...

ကိုပေါရေ ....

ဒီလောကနတ်ကြီးကိုတော့ .. ရာထူးကဖြုတ်ဖို့ကောင်းနေပြီ ....

လက်ထဲက စည်းလေးကို တချွမ်ချွမ်လုပ် ပြီး သူ့ဘာသာသူ စည်းနဲ့ ၀ါး ၊ စည်းနဲ့ဝါး ပဲ ဆိုနေတော့တယ်ထင်တယ် ...။

:)

ကိုပေါရဲ့ ကာတွန်းလက်ရာလေးတွေ က တယ်ကောင်းပါလား .... ဆရာ အော်ပီကျယ်တို့ကို သနားလို့ ကာတွန်းမရေးတာများလားဗျ :)


p.s
ကျွန်တော့် blog မှာ
ကိုပေါရဲ့ blog ကို link ချင်လို့ ခွင့်တောင်းပါတယ်...။

ကိုပေါ said...

Zephyr ….<<< ဆရာအော်ပီကျယ်နဲ့ နှိုင်းလို့ ကျနော် ချေးစိမ်းပန်းနေပါ့မယ်ဗျာ။ ဆရာက တကယ့် ကာတွန်းဆရာစစ်စစ်။ ကျနော်က မဖြစ်ညစ်ကျယ် ပါ။ လုံးဝ မယှဉ်သာပါဘူး။ ကျနော်က အော်ပီကျယ် ပုရိသတ်ပါ။

ဘလော့ဂ်ကို လင့်ခ်ပေးမယ်ဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Thant said...

အလာမား...သေတာပဲကောင်းပါတယ်တော်... ဟား ဟား..ဟား..

ကိုပီတာ said...

ကိုပေါအီးမေးလ်လိပ်စာလေးသိပါရစေခင်ဗျ။ မေးစရာကိစ္စလေးရှိလို့ပါ။ ( ကိုပေါရဲ့ စာဖတ်ပရိတ်သတ်)

သတိ said...

အားလုံးသတိ

မှားတယ်ဆိုတာတွေကရော.. တကယ်မှားလို့လား.. မှန်တယ်ဆိုတာကရော.. တကယ်မှန်လို့လား.. အမှားအမှန်တွေ ရှုပ်ထွေးလှတဲ့လောကမှာ ကိုယ်မှန်တယ်ထင်လို့ စွတ်ကြမ်းခဲ့တာမျိုးများ နောင်တစ်ချိန်မှာ မှားနေရင် ဟော.. တခါတုန်းကတို့ကမ္ဘာမှာ ကဗျာကို ထပ်ရေးနေရပါဦးမယ်ဗျာ.. ဒါကြောင့်လည်း လောကနတ်ခမျာ နှာစီးချင်ယောင်ဆောင်တယ်ထင်ပ ကိုပေါရေ.. ဟားဟား..

မောင်သတိ

ကိုပေါ said...

ကိုပီတာ.... kopaw07@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။

ဧရာ said...

ကိုပေါရဲ့ လောကနတ်ပုံကို ကြိုက်သွားတယ်...

ဗုဒ္ဓရဲ့ အလယ်အလတ်ကျင့်စဉ်က အမှားနဲ့ အမှန်ကြား အလယ်မှာ နေတာမဟုတ်ပါဘူး။ အမှား အစွန်းနှစ်ခုရဲ့ အကြားအလယ်မှာ နေတာပါ။ Marx ရဲ့ Dialectical process ကြီးကို မဇ္ဈိမပဋိပဒါလမ်းစဉ်လို့ ဘာသာပြန် ပွဲထုတ်ခဲ့မိကြလို့ ရှုပ်ကုန်တာဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓရဲ့ မဇ္ဈိမပဋိပဒါက မဂ္ဂင်-၈ ပါး (မှန်စွာမြင်, မှန်စွာတွေး, မှန်စွာပြော, မှန်စွာ... စသဖြင့်) ... အမှားနဲ့ဖြောင့်ဖြောင့် ဆန့်ကျင်ဖက် အမှန် ၈-မျိုးပါ။

Zephyr said...

ကျေးဇူးတင်ပါတယ် ကိုပေါရေ ..Link ထားလိုက်ပါပြီ...

တန်ခူး said...

ကိုပေါရေ… သရုပ်ဖော်ပုံလေးက အတော်အားကောင်းပါတယ်… ကဗျာကို ပိုအသက်ဝင်သွားစေတယ်…

Bino said...

Ko Paw
You are so smart.
My heart will go on because of you.

I think you don't mention to "DIALECTIC".

Bino

ကြည် said...

အော်လောကနတ်...လောကနတ် သူလည်းအလယ်အလတ်လမ်းစဉ်ကိုသိနေတာပဲနော်။

ကိုပေါ said...

>>> ဧရာ… အခုလို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကွန်မင့်ပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဗုဒ္ဓရဲ့ အလယ်အလတ်လမ်းစဉ်က အမှန်ပင် ကောင်းမွန်ပါတယ်။

အဓိက ကတော့ “အလယ်အလတ်လမ်းစဉ်” ဆိုတဲ့ ဝေါဟာရကို တလွဲအနက်ဖွင့်ဆိုပြီး အမှန်နဲ့အမှား၊ တရားမျှတမှုနဲ့ မတရားမှုမှာတောင် ကြားနေချင်ကြတဲ့ အဖြစ်သနစ်တွေကို မြင်တွေ့ရတာကြောင့် အလယ်အလတ်လမ်းစဉ်ကို အစွန်းရောက်စွာ ကျင့်သုံးနေသူများလို့ ရေးလိုက်တာပါ။ တကယ့်အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးသူများကို ရည်ရွယ်ခြင်းမဟုတ်ပါ။

တကယ်တော့ ကိုဧရာပြောသလိုပဲ အမှားနဲ့ဖြောင့်ဖြောင့် ဆန့်ကျင်ဖက် ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ ကို ကျနော်လည်း နှစ်ခြိုက်ပါတယ်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs