“၀မ်းမြောက်ဖွယ် သတင်း”

Share |
ဒီနေ့ ဦးဝင်းတင် ပြန်လည် လွတ်မြောက်လာတဲ့နေ့ ....


ဦးဝင်းတင် (ဓါတ်ပုံ-ရိုက်တာ)

ဘဘဦးဝင်းတင် ကျန်းမာပါစေသတည်း။

အန်တီစု အမြန်ဆုံး လွတ်မြောက်ပါစေသတည်း။

ဒို့နိုင်ငံ...ဒို့လူမျိုးရဲ့ လွတ်မြောက်ခြင်း လမ်းစ၊ လွတ်လပ်ခြင်းလမ်းစ ဖြစ်ပါစေသတည်း။

-- AGENCE FRANCE-PRESS

“"ကျနော်က နိုင်ငံရေးသမားတယောက် ဖြစ်တဲ့အတွက် နိုင်ငံရေးပဲ ဆက်လုပ်မှာပဲ” ဟု နာမည်ဆိုးဖြင့်ကျော်ကြားလှသော အင်းစိန်ထောင်ကြီးနှင့် မလှမ်းမကမ်းရှိ သူ့မိတ်ဆွေအိမ်တွင် လာရောက်စုဝေးကြသော လူများကို ဦးဝင်းတင်က ပြောသည်။

"တိုင်းပြည်မှာ ဒီမိုကရေစီ ဖြစ်ထွန်း ပေါ်ပေါက်လာတဲ့အထိ ကျနော် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်" ----------- ဦးဝင်းတင်။

ပူးတွဲဖတ်ရှုရန်။
(၁) ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
(၂) Regime Frees Longest-serving Political Prisoner, Win Tin

9 comments:

Anonymous said...

ဘဘဦးဝင်းတင်ကျန်းမာပါစေ
အမေစုအမြန်လွတ်ပါစေ

Moe Cho Thinn said...

စိတ်နေ မြင့်မြတ် မှန်ကန်တဲ့၊ တိုင်းပြည်အပေါ် စေတနာရှိ၊ အနစ်နာခံတဲ့ ဘဘ ဦးဝင်းတင်ရဲ့ ကျေးဇူးကို ထိပ်မှာ တင်မိုး ရှိခိုး ကန်တော့လိုက်ပါတယ်။

ဒေါ်စုနဲ့ တကွ နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်လပ်ပြီး အမိမြေ လွတ်မြောက်ပါစေကြောင်း ဆုမွန်တောင်းလျက်..

မိုးချိုသင်း

ကလိုစေးထူး said...

ဝမ်းမြောက်ဖွယ် သတင်းအတွက် ကျေးဇူး အထူးပါ ကိုပေါရေ...။

Myo Win Zaw said...

ကျွန်တောတို့မြန်မာနိုင်ငံအတွက် ရှားရှားပါးပါး မင်္ဂလာရှိတဲ့ သတင်း

Thargyi(Gyobingauk) said...

တကယ့်ကိုဝမ်းမြောက်ဖွယ်သတင်းပါ .. ကိုပေါ
နိုင်ငံအပေါ် ပြည်သူတွေအပေါ် တကယ့်စေတနာမှန်နဲ့ ချစ်တဲ့ဘဘဦးဝင်းတင် ကျန်မာသက်ရှည်စွာနဲ့ နိုင်ငံ့ရှေ့ ရေးဆောင်ရွက်နိုင်ပါစေလို့ဆုမွန်ကောင်း တောင်းလိုက်ပါတယ်..

maung aung said...

ကျန်တဲ့လူတွေလဲဘဘလိုဘဲအမြန်လွတ်ကြပါစေ

pandora said...

အားလုံး အမှန်တကယ် လွတ်မြောက်ကြပါစေ

လင်းလက်ကြယ်စင် said...

အမှန်တကယ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ မလွတ်မြောက်သေးသူများအားလုံးလည်း အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေ။ သတ္တိနှင့် အမှန်တရားသစ္စာ ၊ စစ်မှန်သော စေတနာယုံကြည်ချက်ပိုင်ဆိုင်သူများအားလုံး နိုင်ငံရဲ့ အရေးကြီးသော တာဝန်တွေကို ထမ်းဆောင်နိုင်ကြပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းနေမိပါတယ် :)

Anonymous said...

သေချာတာ တစ်ခုက သူတို့က ကျုပ်တို့ ၀မ်းသာအောင် လုပ်ရုံ သတ်သတ်တော့ လုပ်မှာမဟုတ်ဘူးဆိုတာပဲ

လွှတ်ဝမ်းသာ မနေနဲ့ဦး

ဆုတောင်းတိုင်းလဲပြည့်တယ်ဆိုတာ မရှိတာကိုလဲ သတိချပ်ဦး
ဝိုင်းဆုတောင်းနေကြတာကိုရီချင်လို့ပါ
သူတို့လွတ်အောင် ဆုတောင်းမယ့် အစား ၀ိုင်းဝန်းမကြံဆောင်ကြသင့်ဘူးလား :)
ကျုပ်ကတော့ ဘေးထိုင်ဘိုင်ကျဘုပြောတယ်
လူကြားထဲမှာ လက်အုပ်ချီဆုတောင်းတာထက် ပိုအဓိပါယ်ရှိတယ်လို့ ယူဆလို့ပဲ ဟတ်ဟတ်

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs