“ဇွန်းရှည်ရှည်တချောင်းတော့ လိုနေပြီ”

Share |
အမတ်ကြီး ဦးပေါ်ဦးကို သူ့ ဘုရင်က “မောင်မင်း၊ ငါနဲ့ လူမိုက် ဘယ်သူ့ကို ပိုကြောက်လဲ” မေးတော့ “လူမိုက်ကို ပိုကြောက်ပါတယ်ဘုရား” လို့ ဖြေသတဲ့။ ရှင်ဘုရင်က “သယ်….မင်းကို ငါက အခုချက်ချင်းသတ်ပစ်လိုက်လို့ရတယ်၊ နားလည်လား” လို့ ပြောတော့ ဦးပေါ်ဦးက “ကိုယ်တော်ကမှ စဉ်းစားသေးတယ်။ ဟိုကောင်က အခုလိုတောင် စဉ်းစားနေမှာမဟုတ်ဘူး” လို့ ပြန်ဖြေသတဲ့။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ ပတ်သက်လို့လည်း အခုတလော “ဘယ်နည်းနဲ့ သွားရသွားရ၊ ပန်းတိုင်ရောက်ဘို့ အရေးကြီးတယ်”ဟု ဆိုကာ ကိုယ်စီးသည့်မြင်း အထီးမှန်းအမမှန်းမသိ စွတ်အော်နေသူတွေကို တွေ့ရသည်။

“ဘယ်နည်းနဲ့ဘဲ သွားရ၊ သွားရ။ ပန်းတိုင်ရောက်ဘို့ အဓိက” တဲ့။ ဘာ Principle မှ မရှိဘူးဆိုတာကို ပြနေတာနဲ့ အတူတူဘဲ။

ဘုရား၊ ဘုရား….။ အဲသည်လို အယူအဆလက်ကိုင်ထားတဲ့လူမျိုးနဲ့ အတူလက်တွဲလုပ်ရန်မှာ အန္တရာယ်များပေစွတကား။ ဖွဟဲ့..မပြောကောင်း၊ပြောကောင်း….“အချင်းချင်း နောက်ကျောကို ဓားဖြင့်ထိုးခြင်းသည် ဒီမိုကရေစီပန်းတိုင်ကို ရောက်စေနိုင်၏ ” လို့ ပေါက်ကရ အတွေးအခေါ်တွေ သူ့စိတ်ထဲဝင်သွားမှဖြင့် ကိုယ်ပါ နေရင်းထိုင်ရင်း အချောင်ဒုက္ခရောက်နိုင်သည်။ ပြောသာပြောရ… အခုတောင် ကိုယ့်နောက်ကျောမှာ အပေါက်ကလေးနဲ့ ဖြစ်နေပြီ ထင်ပါရဲ့။ ဒါကြောင့် အင်္ဂလိပ်စကားပုံမှာ “နတ်ဆိုးနဲ့အတူ ညစာ စားဘို့ဆိုရင် ဇွန်းအရှည်ကြီးတချောင်း လိုလိမ့်မယ်” ("If you sup with the devil you need a long spoon") လို့ ဆိုထားတာဘဲ။ အဓိပ္ပါယ်က ဝေးဝေးနေပေါ့ဗျာ။ တနည်းပြောရရင် “အသေ၀နာစ ဗာလံနံ” ပေါ့။

အဲသည် “ဘယ်နည်းနဲ့ဘဲ သွားရ၊ သွားရ။ ပန်းတိုင်ရောက်ဘို့ အဓိက” ဆိုတဲ့ ကြွေးကြော်သံအတိုင်းသာ မှန်တယ်ဆိုရင် စိတ်မပူကြပါနဲ့တော့ဗျိုး။ နအဖ စစ်အစိုးရကလည်း ဒီမိုကရေစီပန်းတိုင်ကို အာဏာရှင်စနစ်နဲ့ ချီတက်နေပါတယ်။ စစ်အာဏာရှင်နည်းလမ်းကနေ မှန်မှန်ကြီး ချီတက်နေပါတယ်။ ရိုးရိုးဒီမိုကရေစီစနစ်ကိုတောင် မဟုတ်ရပါဘူးတဲ့ဗျာ။ စည်းကမ်းရှိသော ဒီမိုကရေစီစနစ်သို့ပါတဲ့။ မြန်မာပြည်လွတ်လပ်သွားရင် စင်္ကာပူရဲ့ နိုင်ငံရေးစနစ်မျိုး ကျင့်သုံးချင်တယ်ပြောနေကြတဲ့ ပရိတ်သတ်ကြီးအတွက်တော့ ၀မ်းမြောက်အားရှိစဘွယ်ပါဘဲ။ ဒီတော့ နအဖရဲ့ လမ်းပြမြေပုံအတိုင်း ပျော်ပျော်ကြီးသာ လိုက်သွားလိုက်ကြပေတော့ဗျာ လို့တောင် တိုက်တွန်းရမလို ဖြစ်နေပြီ။ နအဖကတော့ ပျော်သည် ပေါ့ဗျာ။

စဉ်းစားလည်း ကြည့်ကြပါဦးဗျာ။ ဝေးဝေးလံလံမဟုတ်ဘူး။ ကျနော်တို့မြန်မာတွေ အများစု ယုံကြည်သက်ဝင်တဲ့ ဗုဒ္ဓဘာသာမှာဘဲ စဉ်းစားကြည့်ပါ။ နိဗ္ဗာန်ကို ဘယ်လမ်းက ဘယ်လိုသွားသွားရောက်နိုင်တယ်လို့ ဗုဒ္ဓဟောခဲ့ဘူးသလား။ ဖြတ်လမ်းက ရောက်နိုင်တယ်လို့ရော ဗုဒ္ဓက ဟောခဲ့ဘူးလို့လား။ ဒုစရိုက်မှုတွေ၊ အကုသိုလ်တွေလုပ်ပြီး နိဗ္ဗာန်ရောက်မယ်လို့ ဟောခဲ့ဘူးသလား။

နိဗ္ဗာန်ရောက်ချင်ရင် မဂ္ဂင်ရှစ်ပါး လမ်းအတိုင်းဖြောင့်ဖြောင့်သွားမှ ရောက်ပေမပေါ့။ နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ကျင့်ကြံကြိုးကုပ်မှ ရပေမပေါ့။ ဖြတ်လမ်းမရှိဘူး ကိုယ့်လူတို့။ ခင်ဗျားတို့ လူအထင်ကြီးအောင် ယောဂီတဘက်ကလေး ပုခုံးပေါ်တင်ပြီး အပတ်စဉ် ဟန်ဆောင်ပန်ဆောင် ဘုန်းကြီးကျောင်းမှာ ၀တ်သွားရွတ်နေလည်း ခင်ဗျားတို့ရဲ့ လောဘတွေ၊ ဒေါသတွေ၊ အတ္တတွေ၊ မောဟတွေကို စိုးစဉ်းမှ ခ၀ါမချသရွေ့ သံသရာက ကျွတ်မယ်မထင်နဲ့။ အလကား ကိုယ့်ကိုယ်ကို လိမ်ညာနေတာဘဲ။

အလားတူ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လိုချင်ရင် မိမိကိုယ်၌ကလည်း ဒီမိုကရေစီထုံးတမ်းနည်းနာတွေ၊ လူ့အခွင့်အရေးတွေကို နားလည်သဘောပေါက်ပြီး ဒီမိုကရေစီနည်းနာအတိုင်း ကျင့်ကြံနေထိုင်မှ ဖြစ်ပေမပေါ့။ ဒီလိုမဟုတ်ဘဲ လက်တွေ့မှာ ကျနော်တို့ တဦးချင်းစီက ဦးသန်းရွှေအငယ်စားလေးတွေလို၊ နအဖ အငယ်စားလေးတွေလို ကိုယ်ကျိုးအတ္တနဲ့ အကြောက်တရားကို ရှေ့တန်းတင်ပြီး ပြုမူကျင့်ကြံနေရင် နအဖလို အစိုးရတွေဘဲ ကျနော်တို့တိုင်းပြည်မှာ အစဉ်အဆက် အုပ်ချုပ်နေမှာပေါ့။ ဘယ်လိုလုပ်ပြီး ဒီမိုကရက်တစ်အစိုးရကို ရနိုင်မလဲ။ ရှင်းနေတာဘဲ။

ကျနော်တို့ ဒီမိုကရေစီလိုချင်ရင် ဒေါ်အောင်ဆန်းစုကြည်လို တွေးပါ။ ကျင့်ကြံပါ။ နေထိုင်ပါ။ သူမကို အတုယူပါ။ လူ့အခွင့်အရေးကို လိုချင်ရင် မစုစုနွေးတို့ ကိုအောင်ဖေတို့လို ပြုမူပါ၊ ကျင့်ကြံပါ၊ နေထိုင်ပါ။ သူတို့ကို အတုယူပါ။

အားလုံးအတွက် လွတ်လပ်မှု “Freedom for all” လို့ အကျယ်ကြီး ကုန်းအော်နေပြီး ကိုယ်တိုင်ကျတော့ အကြောက်တရားရဲ့ ချုပ်နှောင်မှုအောက်က ရုန်းမထွက်နိုင်လို့ အိမ်တွင်းပုန်းနေတဲ့နောက် ဘယ်လိုလုပ်ပြီး သူတပါးလွတ်လပ်မှုကို ဆောင်ကြဉ်းပေးနိုင်ပါ့မလဲ။ ဥပမာပေးရရင်… ချောင်းတဟွတ်ဟွတ်ဆိုးနေသူက ဘလော့ဂ်တံဆိပ် ချောင်းဆိုးပျောက်ဆေး လိုက်ရောင်းနေသလိုဘဲ ရှိပေမပေါ့။ ယုံရခက်ကြီးပေါ့။ အဲ…အဲဒါကြီးကိုဘဲ ယုံယုံကြည်ကြည် ၀ယ်သောက်နေရှာတဲ့ ပရိသတ်လည်း ရှိပေမပေါ့ဗျာ။ ဒါတော့ဘယ်တတ်နိုင်ပါ့မလဲ။ နို့မဟုတ်ရင် ဒီလောကကြီးမှာ မျက်လှည့်ပြပြီး ဆေးညာရောင်းတဲ့လူတွေ ထမင်းငတ်ကုန်ပေမပေါ့။

ကျနော်တို့မှာ ရွေးချယ်စရာနှစ်လမ်းရှိပါတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း စွမ်းစွမ်းတမံ ကျင့်ကြံခြင်းဖြင့် ကျနော်တို့ လေးစားကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးက ချီးမွန်းလောက်တဲ့ အပြုအမူမျိုးကို လုပ်မလား။ ဒါမှမဟုတ် အမြဲတစေ လိပ်ခေါင်းလို အခွံထဲမှာ အသာလေးလျှိုနေပြီး ကိုယ့်လိုဘဲ ဘာမှမလုပ်ဘဲ အိမ်တွင်းပုန်း လေသေနတ်ဖောက်နေသူတွေရဲ့ ချီးမွန်းသံမှာ သာယာယစ်မူးနေမလား။ လူမိုက်တစ်ယောက်ရဲ့ ကဲ့ရဲ့တာကို ခံရတာဟာ ပညာရှိဆယ်ယောက်ချီးမွန်းတာကို ခံရတာနဲ့ ညီမျှသတဲ့။

ဒီမိုကရေစီစနစ်ဆိုသည်မှာ “အပ်ချလောင်း” ဆိုကာ အမည်ပြောင်း တံဆိပ်ကပ်လိုက်ရုံဖြင့် ဖြစ်ပေါ်လာနိုင်သည်မဟုတ်။ ပြည်သူအများစုက နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်မှ ဒီစနစ်ကို အောင်အောင်မြင်မြင် ထူထောင်ကျင့်သုံးနိုင်မယ်။ ဒီမိုကရေစီလိုချင်ရင် ကိုယ်တိုင် ဒီမိုကရေစီကျတဲ့ နည်းလမ်းတွေကို ယုံကြည်မှုရှိရမယ်။ လူ့အခွင့်အရေးကို လိုချင်ရင် အဲသည်အခွင့်အရေးတွေကို ကိုယ်တိုင်အသုံးချရမယ်။ ချိုးဖောက်နေတာတွေ့ရင် ကာကွယ်ပေးရမယ်။ ပြည်သူကိုလည်း ကိုယ်က ရှေ့ကနေ နမူနာပြ စည်းရုံးရမယ်။

ဒီလိုမဟုတ်ဘဲ ကိုယ်သူရဲဘောကြောင်တာလေးတချက်နဲ့ ရှေ့ကနေ စွမ်းစွမ်းတမံ လုပ်နေတဲ့လူတွေကိုပါ အချင်းချင်း တောင်ပြောမြောက်ပြော ပြောလာရင်တော့ ဗိုလ်ချုပ်အောင်ဆန်းစကားကိုဘဲ ပြန်ကိုးကားရမယ် ထင်ပါရဲ့။

“ခင်ဗျားတို့ အဲဒီ သောက်ကျင့်တွေ ပြင်ဘို့ လိုပြီ”

18 comments:

Anonymous said...

အင်မတန်ကိုမှ ထိမိပြီး သင့်မြတ် လျှော်ကန်လှပေတယ်။

ရွှေမြန်မာများ မိမိတို့နဲ့ ထိုက်တန်တဲ့ အစိုးရတစ်ရပ် ရရှိဖို့ ဘာလုပ်သင့်သလဲဆိုတာ မြန်မြန် ဆုံးဖြတ် လုပ်ဆောင်ကြပါ။

မတရားမှု မှန်သမျှကို ရဲရင့် တည်ကြည်သော စိတ်ဖြင့် တော်လှန်ကြပါ ။ ။ ။

Anonymous said...

ကောင်းလိုက်တဲ့ဆောင်းပါး..... ဟုတ်တယ်..တယောက်တပေါက်ရှိလို့ပဲ တော်တော့တယ်... ပါးစပ်ပေါက်အမျိုးမျိုးပဲ...

Anonymous said...

ဒါမှမဟုတ် အမြဲတစေ လိပ်ခေါင်းလို အခွံထဲမှာ အသာလေးလျှိုနေပြီး ကိုယ့်လိုဘဲ ဘာမှမလုပ်ဘဲ အိမ်တွင်းပုန်း လေသေနတ်ဖောက်နေသူတွေရဲ့ ချီးမွန်းသံမှာ သာယာယစ်မူးနေမလား။ လူမိုက်တစ်ယောက်ရဲ့ ကဲ့ရဲ့တာကို ခံရတာဟာ ပညာရှိဆယ်ယောက်ချီးမွန်းတာကို ခံရတာနဲ့ ညီမျှသတဲ့။

I think something reversed. It should be ten wises' critic is better than one idiot's praise.

Anonymous said...

I am a regular reader of both of you, and feel really sorry since your argument began.
Now, I think you really mean it, I am very sad.
Freedom of speech is one of the basic human right, and he also has the right to speak what he thinks. Then we have to consider his purpose.
I do not say who is right, but, the only thing I am sure is this will not bring any good for all of us.
If you 2 are doing "Nga- ne- ma- tu- nga-yan-thu" you will be the same as SPDC.
They always consider anyone do not agreee with them is the enemy. Do you think it is right?
I feel deeply sorry for you and fo rhte future of all of us. Why can't you (including we all) cannot work together for the same goal?
I admire both of you, and I still do.

Anonymous said...

ခေတ်ပြိုင် ဖခင်ကြီး ဦးတင်မောင်ဝင်း ပြောသလို အချိန်က အရာရာ အားလုံးကို ဆုံးဖြတ်မှာပါ။ ကိုပေါ အနေနဲ့ အခုလို ကလူသစ်နဲ့ ဘလော့ စစ်တုရင် ကစား နေတာကို ဗိုလ်သန်းရွှေ သိရင် ၀မ်းသာ နေအုံးမယ်ဗျာ။ အသက်ကြီးတဲ့ လူက နားလည် ပေးလိုက်ရင် ဒီလို သဘောထား ကွဲလွဲမှုဟာ မပြောလောက်ပါဘူး။ သူတပြန် ကိုယ်တပြန် စာတွေ ရေးနေလို့ ကတော့ ... အင်း ...ခင်ဗျာ တို့ အဖြစ် ခက်သေးတယ်။

ကိုပေါ said...

To nyaungshe,

Thank you for your concern. Thanks for supporting my blog.

I do respect the basic human rights. So, I have never taken away anybody's right to speech. At the same time, I maintain my right to speak what I believe.

In democracy, you will need to accept the fact that there will be different views and opinions. Heated arguments are inevitable.

If you want us all to have the same view, it is only possible in dictatorship ( Ta-Thway, Ta-Than, Ta-Meint = One blood, One voice, One order). It is not possible in democracy.

You should accept the reality. You won't be able to preach Obama and McCain to work together for the same goal, either. If we don't have the common ground it is better not to work together because the unity founded on different ground won't last for long.

It is very healthy to have argument among different opinions as long as we have equal rights. The other person has equal rights as mine.

You are saying that we will be the same as SPDC, if we regards different opinion holders as our enemy. We beg to differ. SPDC is not giving its opponents equal rights. If SPDC is giving the opposition the same freedom of speech and other basic rights, I have nothing to object to your assumption that we are like SPDC. It is nothing wrong to have different views and to have argument. The strongest and the best opinion will survive. We are regarding different opinion holders as our opponents, not enemy.

I hope this will explain what I think of having different opinions and of arguments.

With best regards,
Ko Paw

ကိုပေါ said...

To nyaungshe,

(ဗမာလို ဖတ်လိုသူများအတွက် အပေါ်က ကျနော့် ကွန်မင့်ကို ဘာသာပြန်တင်လိုက်ပါတယ်။)

ကျနော့်ဘလော့ဂ်ကို လာဖတ်တဲ့အတွက်ရော စေတနာနဲ့ ၀င်ရောက်ပြောဆိုတဲ့အတွက် ကျေးဇူးပါ။

ကျနော်လည်း အခြေခံလူ့အခွင့်အရေးတွေကို အထူးလေးစားပါတယ်။ ဒီအတွက် မည်သူတဦးတယောက်ရဲ့ ထုတ်ဖော်ပြောဆိုပိုင်ခွင့်ကို မပိတ်ပင်ခဲ့ပါဘူး။ ဒါပေမယ့် တချိန်တည်းမှာဘဲ ကျနော့်ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကိုလည်း တန်ဘိုးထားဆုပ်ကိုင်ထားပါတယ်။

ဒီမိုကရေစီစနစ်မှာ မတူညီတဲ့ အမြင်တွေ၊ အတွေးအခေါ်တွေ ရှိနေတာ သဘာဝပါ။ အဲဒီအတွက် အသည်းအသန် ငြင်းခုန်မှုတွေလည်း ရှိမြဲ ရှိနေပါတယ်။ အဲဒီအချက်ကို နားလည် လက်ခံဘို့ လိုအပ်ပါတယ်။

တကယ်လို့သာ ကျနော်တို့ အားလုံးကို အမြင်တခုတည်း တသားတည်းဖြစ်နေစေချင်တယ်ဆိုရင် အဲဒါမျိုးက အာဏာရှင်စနစ်မှာဘဲ ဖြစ်နိုင်ပါတယ်။ တသွေး၊ တသံ၊ တမိန့် ဆိုတာနဲ့ ပြီးသွားပြီ။ ဒီမိုကရေစီမှာတော့ အဲဒီလို မဖြစ်နိုင်ဘူး။

အဲဒီအရှိတရားကို လက်ခံနှလုံးသွင်းဘို့ လိုပါလိမ့်မယ်။ အိုဘားမားနဲ့ မက်ကိန်းကို ပန်းတိုင်တခုတည်းအတွက် အတူလုပ်ဘို့ သွားတရားဟောရင် ပါးစပ်က အမြုတ်ထွက်သွားတာဘဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်လို့ ရပ်တည်ချက်မတူဘူးဆိုရင် အတူလက်တွဲ မလုပ်တာက ပိုကောင်းပါတယ်။ ရပ်တည်ချက်မတူဘဲ အပေါ်ယံအတင်းဆွဲစေ့ရင် မကြာခင်မှာဘဲ ပြိုကွဲတတ်ပါတယ်။ နမူနာ သာဓကတွေ အများကြီးပါ။ ဒီတော့ ပေါင်းစည်းချင်ရင် မပေါင်းခင်ကတည်းက တူညီတဲ့ ရပ်တည်ချက်တခုအပေါ်မှာ အကြေအလည် ညှိနှိုင်းပြီး ရပ်တည်ရပါတယ်။ ကဲ...ဒီလိုဘဲ တွဲလုပ်ကြတာပေါ့ကွာ...လို့ ဆိုပြီး လုပ်ခဲ့တဲ့အဖွဲ့မှန်သမျှ ရေရှည်မခံဘဲ ကွဲပြဲသွားလေ့ရှိပါတယ်။
နောက်တခုက နှစ်ဖက်စလုံးမှာ တန်းတူရည်တူ အခွင့်အရေးတွေ ရှိနေသရွေ့ အယူအဆမတူတာ၊ ကွဲလွဲတာ၊ ငြင်းခုန်တာဟာ အင်မတန် ကောင်းမွန်တဲ့ အနေအထားတခုပါ။ အခုကိစ္စမှာ တခြားတဖက်မှာလည်း ကျနော့်တန်းတူ အခွင့်အရေးရှိပါတယ်။

ဒီလို ကိုယ့်နဲ့မတူ ကိုယ့်ရန်သူသတ်မှတ်ရင် နအဖ နဲ့ အတူတူဘဲ ဆိုတဲ့ စွပ်စွဲချက်ကို ကန့်ကွက်ပါတယ်။ နအဖဟာ သူနဲ့ အမြင်မတူသူတွေကို ဘယ်တော့မှ တန်းတူအခွင့်အရေးမပေးပါဘူး။ တကယ်လို့သာ နအဖက အတိုက်အခံတွေ၊ အမြင်မတူသူတွေအားလုံးကို ကျနော်တို့လိုဘဲ တန်းတူရည်တူ အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ပေးထားခဲ့မယ်ဆိုရင်တော့ ကျနော့်ကို နအဖ နဲ့ နှိုင်းလို့လည်း ကန့်ကွက်စရာအကြောင်းမရှိပါဘူး။ ဒါပေမယ့် နအဖ က သူနဲ့ အမြင်မတူသူတွေကို ဘယ်လို ကန့်သတ်ချုပ်ချယ်ထားသလဲဆိုတာတော့ အများအသိဘဲ မို့လား။

အတွေးအခေါ်တွေ မတူညီတာ၊ ငြင်းခုံတာဟာ ဘာမှ မမှားယွင်းမပါဘူး။ အကောင်းဆုံးအယူအဆဟာ ရေရှည် ရှင်သန်မယ်။ သမိုင်းမှာ မှတ်ကျောက်အတင်ခံမယ်။ မကောင်းတဲ့ အယူအဆက တချိန်မှာ မြောင်းထဲရောက်သွားလိမ့်မယ်။

နောက်တခုက အယူအဆ မတူသူတွေကို ကျနော်တို့က ရန်သူလို့ မသတ်မှတ်ပါဘူး။ အတိုက်အခံ ကွဲလွဲသူ၊ ကိုယ့်ရဲ့ ဆန့်ကျင်ဘက်၊ ကိုယ့်ရဲ့ ပြိုင်ဘက်လို့ဘဲ သဘောထားပါတယ်။ အဲဒီ အဓိပ္ပါယ်နှစ်ခု မတူညီပါဘူး။ အမေရိကန်မှာ အိုဘားမားနဲ့ မက်ကိန်းဟာ တယောက်နဲ့ တယောက် ဆန့်ကျင်ဘက်တွေပေါ့၊ တယောက်နဲ့တယောက် မဲဆွယ်ပွဲတွေမှာ ထိုးနှက်မယ်၊ သတင်းစာကနေ တိုက်ခိုက်ပြောကြားမယ်။ ဒါပေမယ့် ရန်သူတွေမဟုတ်ဘူး။ တယောက်နဲ့တယောက် သေကြောင်းကြံတာတို့၊ အန္တရာယ်ပေးတာတို့ မရှိ။ တယောက်ယောက်က နိုင်သွားရင် တဖက်လူက သဘောထားကြီးကြီးနဲ့ နောက်ဆုတ်ပေးလိုက်တာဘဲ။ ဒါဟာ ပြိုင်ဘက်နဲ့ ရန်သူ အဓိပ္ပါယ်နှစ်ခုအကြားက ကွာခြားချက်ဘဲ။ နအဖက အခု အတိုက်အခံတွေကို ပြိုင်ဘက်လို သဘောထားသလား၊ ရန်သူလို သဘောထားသလား။ ကိုယ့်ဘာသာ တွေးကြည့်ပါ။

ဒီလောက်ဆိုရင် အယူအဆ ကွဲလွဲမှုအပေါ်၊ ငြင်းခုန်မှုအပေါ် ကျနော့်သဘောထားကို ရှင်းလောက်ပြီထင်ပါတယ်။

ကိုပေါ။

Anonymous said...

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သက်တော်ရာကျော် ရှည်ပါစေ

Anonymous said...

ဟားဟား
နာမည်နဲ့လိုက်အောင် လေတော်တော်ပေါတာပဲ..။
အားလုံးလုပ်နေကြတာလေပေါခြင်းပဲ။
သေချာပါတယ် မြန်မာပြည်လပ်လပ်ရေးရဦးမှာ မဟုတ်ဘူး။
အားလုံးက လေပေါနေတာတောင်မှ မညီညာဘူး

စိတ်ပျက်သူ

Anonymous said...

I do agree with above comments. I am very upset and feel like I shouldn't read the blog and waste my time.

HTL

Anonymous said...

ဟုတ်ပါ့ဗျာ...အလကား..မရောင်ရာ ဆီလူး...အချိန်ဖြုံးနေကြတယ်...

Anonymous said...

Ko Paw,

I wanna know how are you involving for Myanmar's democracy? Posting a blog about democracy doesn't mean you are involving.. yes?

Anonymous said...

အတင်သေးတယ်...အပြုသဘော မဆောင်ဘူး... တဖက်ကပြောတာ ပိုနည်းလမ်းကျတယ်..

Anonymous said...

ဖြေရှင်းချက် ....

Anonymous said...

"Ko Paw,

I wanna know how are you involving for Myanmar's democracy? Posting a blog about democracy doesn't mean you are involving.. yes?"

ခုချိန်မှာ ဘေးက ပြောချင်တာ ပြောတာတွေကို ဖြေရှင်းချင်တဲ့စိတ် မရှိသော်လည်း အခု မေးခွန်းက ရိုးရိုးစာဖတ်သူ (သို့) စင်္ကာပူနိုင်ငံ ရောက်ကာစ မြန်မာ့အရေးကို စိတ်ဝင်စားသူများ အထင်လွဲစေရန် ရည်ရွယ်ချက်နဲ့ မေးထားတယ်လို့ ယူဆတာကြောင့် အမြင်ရှင်းစေရန် ရေးလိုက်ပါတယ်။

ဒီမေးခွန်းကို မေးကတည်းက ခင်ဗျားဟာ စင်္ကာပူနိုင်ငံမှာ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ဖို့ မဆိုထားနဲ့ အားပေးထောက်ခံသူအဖြစ်တောင် လာမတက်ဖူးဘူးသူ (သို့) တမင်တကာ သူတစ်ပါး သိက္ခာကျရင် ပြီးရော ဆိုပြီး ပြောတတ်သူဆိုတာ အင်မတန် ထင်ရှားပါတယ်။

ကိုပေါဟာ ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်ကတည်းက တောက်လျှောက် လုပ်လာခဲ့တာ Orchard က ဆန္ဒပြပွဲအပါအ၀င် ခုချိန်ထိဆိုတာ စင်္ကာပူနိုင်ငံ အပါအ၀င် အခြားနိုင်ငံတွေမှာရှိတဲ့ မြန်မာ့အရေး လှုပ်ရှားသူ မဆိုထားနဲ့ မြန်မာ့အရေးကို စိတ်ပါဝင်စားစွာ စောင့်ကြည့် လေ့လာသူတိုင်း သိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင် သေသေချာချာ မသိရင် ငြိမ်ငြိမ်လေး နေပါ။ သိပ်ပြောချင်ရင်လည်း အချက်အလက်တွေရှာ ရှေ့မှီနောက်မှီတွေကို မေးမြန်းပြီးမှ ပြောစေချင်ပါတယ်။

ဒီမိုကရေစီကို တကယ် မြတ်နိုးရင်၊ နိုင်ငံကြီးသား ပီသရင် ကိုယ်ပြောတဲ့ စကားအတွက် ကိုယ်တာဝန်ယူရပါတယ်။ အချိန်မနှောင်းခင် ကိုယ်ပြောတဲ့ စကားအတွက် ကိုယ်တာဝန်ယူတဲ့ အလေ့အထရှိအောင် ကျင့်ကြံပါလို့ တိုက်တွန်းချင်ပါတယ်။

Anonymous said...

To Anonymous, ( the one that lun lunn mentioned above )

I pity you because you will be very busy writing comments ,in both Burmese and English , and even use the nick name like HTL to make your own script more vibrant.
What a poor soul!

( don't ask me how I know you are the only one writing all,you know, i have sixth sense. :D )

Anonymous said...

Daw Aung San Su Kyi told explicitly or implicitly us to work hard, study hard for future Burma. But did any of exile politicians help educate future Burmese youth? Do they? Did they? Will they? I admire Daw Su, but not those bums, bastards and bitches who are exploiting the misteries of our people for their benefits. They are as shitty and crappy as sucker generals. So it is time for you to kick the sorry fat asses of those suckers who are living on money begged. Welfare bums and all bastards begging for money.

Anonymous said...

The bastard who writing the above comment is also as shitty and crappy as those bastards !

Anonymous said...

အားလုံးက လေပေါနေတာတောင်မှ မညီညာဘူး



Absolutely right. Exactly right. Dump right!!!

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs