ဒီနေ့အဖို့ အိမ်ကမထွက်ခင် ကာတွန်းလေးတပုံ ဆွဲပြီး တင်ခဲ့လိုက်ပါတယ်။
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်တွင်းကို အလျှင်အမြန် ပေးမ၀င်ရကောင်းလားဆိုပြီး အားမလိုအားမရဖြစ်နေသူများအတွက် အများအချစ်တော် “နအဖ”က ပြန်လှန်မေးခွန်းတခု ထုတ်လိုက်ကြောင်း သိရပါတယ်။ အဲဒီမေးခွန်းကတော့....“လူသားချင်း စာနာတယ် ဆိုတာ ဘာလဲဟင်...၊ တို့များ နားလည်ဝူး....” တဲ့။
2 comments:
" တော်တော်ခက်နေပါလားနော်။
သူများက နားမလည်ချင်ယောင်ဆောင်တာကို
ဘာလို့ လာဖေါ်ရသတုန်း ။
သွား .... လူဆိုး ....... "
ပုံလေးကြိုက်သဗျာ ။
တီတီအယ်
ကိုပေါရေ...ပုံလေးကြိုက်တယ်။
စိတ်ထဲခံပြင်းမိလို့ ဒီကဗျာလေး ဝေမျှလိုက်ပါတယ်
ရှက်တတ်ပါ
ကိုယ့်အပေါ် တုတ်ကျမှ
နာတတ်တာဆိုရင်....
ကိုယ့်ရဲ့ဖြစ်တည်မှုကို ပြန်စမ်းစစ်ဖို့လိုပြီ။
ဒီအစိုးရလက်ထက်မှာ....
ဆန္နပြ မှ သေတာမဟုတ်
လမ်းပေါ်တက်မှ သေတာမဟုတ်
သူတို့ ....အသက် နဲ့ အာဏာမြဲနေသရွေ့
တို့....အသက်တွေ စတေးနေရအုန်းမှာဘဲ။
ကဲ...ဒီနိုင်ငံတော်မှာ ဖြစ်ပျက်နေသမျှ
လက်ပိုက်ကြည့်နေကြတော့မှာလား
တတိယအုပ်စု ဆိုတဲ့ ဥာဏ်ကြီးရှင်များ...
analysis ပေါ်မှာ အဖြေရှာမနေကြနဲ့
ဧရာဝတီတကြော ပေါလောပေါ် ဝိဥာဏ်တွေက
နင်တို့ကို ခွင့်လွှတ်မယ်ထင်သလား..။
'မြန်မာပြည်' ဆိုတာနဲ့
နိုင်ငံရေး ရယ်လို့
လုံးထွေးမစဉ်းစားပါနဲ့ဆိုတဲ့သူတွေ..
ခါးကော့အောင်ခံရမှ
ငယ်သံပါစိတ်နာပြမနေကြနဲ့
နောင်ဆိုရင် ကြပ်ကြပ်မှတ်
နင်တို့ ဖိနပ်ဖြစ်လိမ့်မယ်။
ကိုယ့်စီးပွားလေး အသက်ဆက်ဖို့
deadlock ကိုဖြိုရမယ်ရယ်လို့
စေတနာဘရဗွနဲ့
အလယ်ထိုင် အကြံပေး
ဒိုင်လူကြီး ဆိုသူတဲ့လူကလေးတွေရေ
ရွှေပြည်အေးတရား နားချဖို့မစဉ်းစားနဲ့တော့
လူမှန်လျှင် ရှက်တတ်
အမှန်ဘက်က ရပ်ဖို့တန်ပြီ။.
PZ
Post a Comment