ကျောကို အကြိမ်ကြိမ် အချကြမ်းလွန်းလို့
ဓားပြမှန်း သိခဲ့တာ ကြာပြီ။
အကြိမ်တိုင်းမှာလည်း
ဒီတခါ လုပ်ရပ်ဟာ လူမဆန်ဆုံးဘဲရယ်လို့
အော့နှလုံးနာစွာနဲ့ စွဲထင်ထားသမျှ
အမြဲပင်မှားသဗျလို့ သက်သေပြနေသလို
အခွင့်ရတာနဲ့ စံချိန်ချိုး
တမျိုးပြီးတမျိုး
မရိုးလည်း မရိုးရအောင်
ဆိုးပြီးရင်း ဆိုးရင်းက
နအဖ ဗိုလ်ချုပ်တစု
တိုးတိုးပြီး မိုက်ခဲ့သည်။
မိုက်တဲ့လူကို
မကြိုက်တဲ့လူတွေက…
“သင့်မှာ လူစိတ်မရှိဘူး။
လူသားချင်းစာနာမှု အကူအညီကို
ပြည်သူဆီမရောက်အောင် ဟန့်တားနေတာ
ဒါ…သူတော်ကောင်းအလုပ်လား…”လို့
တွင်တွင်မေးကြတော့
မေးတဲ့လူတွေသာ ပါးစပ်ကအမြှုတ်တကယ်ထွက်သွားမယ်
ဗိုလ်ချုပ်တွေကတော့ အရယ်ပျက်မယ်မထင်။
ဗိုလ်အောင်ဒင် ရုပ်ရှင်ထဲက
မင်းသားခင်မောင်ရင်လေသံနဲ့
မဲ့ပြုံးလေး ပြုံးတဲ့ပြီး..
“ဟင်း ဟင်း ဟင်း ဟင်း…
မေးမှ မေးရက်ပလေတယ်ဗျာ….
ကျုပ်..သူတော်ကောင်းမဟုတ်လို့ ဓားပြဗိုလ်လုပ်စားနေတာပေါ့။
ဒီမယ်……ကျုပ်နာမည် ဘုရားဒကာ ဦးအောင်ဒင်လား…
ဓားပြခေါင်းဆောင် ဗိုလ်အောင်ဒင်လား….”လို့
မဟားဒယား ပြန်ဖြေလိမ့်မယ်။
မှား၏။ မှား၏။
မေးသူမှာသာ အပြစ်ရှိတော့၏။
မုံလာ ချဉ်ဖတ် ပဲတီချဉ် တည်နည်း
1 day ago


6 comments:
Pls see the attached photos...so sad
http://media.theaustralian.com.au/multimedia/2008/05/06-burma/index.html
အပစ်ရှိတာပေါ့ကိုပေါရယ်----နောက်ကျနေပြီဗျ--သဘောပေါက်တဲ့အချိန်တွေက
လာရောက်ခံစား ဖတ်ရှုသွားပါသည်
ပန်းခရမ်းပြာ
ငါတို့ နိုင်ငံကြီးကတော့အဲဒီသွေးစုတ်ဖုတ်ကောင်တွေလက်ထဲမှာအရေခွံတွေစုတ်ပြတ်သတ်သွေးတွေခမ်းခြောက်အရိုးတွေစိစိညက်ညက်ကြေအသားတွေရှာမရလောက်အောင်အဖြစ်ဆိုးနေပြီကိုပေါရေ!@#$%^&*()_+
ကိုပေါက သွားမေးမိတာကိုး။
သူတို့ လူစကားနားမလည်။
The final nail to hit into the coffin!!!!!
Post a Comment