“ ၅ ပြားဖိုးတောင် မလျှော့နိုင်သူ”

Share |
ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်အပါအဝင် ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အားလုံးနီးပါး ပြန်လွတ်လာပါပြီ။
ဒါဟာ မင်္ဂလာသတင်းပါပဲ။

ရန်ကုန်အပြန်ခရီးလမ်းတလျှောက် မင်းကိုနိုင်ပြောခဲ့တဲ့ မိန့်ခွန်းတွေထဲမှာ အခုလို လွတ်မြောက်လာမှုမှာ “ အဓိက ကတော့ ပြည်သူ့အားပဲဗျ။ ပြည်သူ့အားကြောင့် ၆၅ နှစ် နောက်တသက်တောင် ပြန်လွတ်မလာနိုင်တဲ့ ကျောင်းသားတယောက်က အခု ပြည်သူလူထုကြီးရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ” လို့ ပေါင်းတည်မြို့မှာ ပြောခဲ့တာကို သတိပြုမိပါတယ်။

မြောက်ဥက္ကလာပမှာ ပြောတဲ့ မင်းကိုနိုင်ရဲ့ မိန့်ခွန်းထဲက ကျနော် သဘောကျမိတဲ့ မိန့်ခွန်းကောက်နှုတ်ချက်တွေကတော့ ...

ပြည်သူလူထုသာလျှင် အရာရာရဲ့ အခရာဖြစ်တယ်။ ပြည်သူလူထုရဲ့ အောင်ပွဲက တနေ့မုချ ရကို ရရမယ်။

ပြည်သူလူထုကြီး လိုချင်တာက ဘာတုန်း။ ဒီမိုကရေစီ။” (ဒီမိုကရေစီ - အောက်ကလူထုရဲ့ အော်သံပါ)

ဒီမိုကရေစီကနေ ၅ ပြားဖိုး မလျှော့နိုင်ဘူးမဟုတ်လား။” (မလျှော့နိုင်ပါဘူး။)

ဒီမိုကရေစီ ဒင်းပြည့်ကျပ်ပြည့်ရဖို့အတွက် ပြည်သူလူထုကြီးက လိုအပ်ရင် သတ္တိရော ပြရဲသေးလား။” (ပြရဲပါတယ်)

အဲတော့ ဒီမိုကရေစီဆိုတာ အနှစ် ၂၀ လောက် ပေးဆပ်ပြီးတော့ တိုက်လိုက်တော့လေ အခုအချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကအစ ဒီမိုကရေစီကို မသွားရင် မရတော့ဘူးလို့ သဘောပေါက်သွားရတဲ့ အနေအထားကို ရောက်ခဲ့ပြီမဟုတ်လား။” (ရောက်ခဲ့ပါပြီ)။

သူတို့ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမိုကရေစီကို ငြင်းလို့ မရတော့ဘူး။ အဲဒါ ပြည်သူ့အောင်ပွဲ မဟုတ်ဘူးလား။” (ဟုတ်ပါတယ်)

ယနေ့နိုင်ငံရေးအခြေအနေဟာ ယခင် အနှစ် ၂၀ တိတိ ပေးဆပ်ခဲ့တဲ့သူတွေ၊ ပြည်သူတွေတောင်းဆိုတိုက်ပွဲဝင်ခဲ့တာရဲ့ အကျိုးဆက်လို့ မှန်မှန်ကန်ကန် ချိတ်ဆက်ပြလိုက်တာကို အင်မတန် သဘောကျမိပါတယ်။ ကျနော့်ဘလော့ဂ်မှာလည်း မြန်မာ့နိုင်ငံရေးနှင့် ကျနော့်အမြင်(၁) နဲ့ (၂) ဆိုတဲ့ ပို့စ်တွေမှာ ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံဟာ မြန်မာ့နိုင်ငံရေးအခြေအနေကို ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်ပေးလိုက်သလို ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အချိန်ဆွဲနေတဲ့ နအဖကို နောက်ကနေ သံချွန်နဲ့ တို့လိုက်သလို တွန်းအားပေးလိုက်လို့ ဒီကနေ့အခြေအနေကို ရောက်လာခဲ့ရကြောင်း မကြာခင်ကပဲ ရေးသားခဲ့ဖူးပါတယ်။

(ဒီအကြောင်းကိုရေးရင်းနဲ့ မင်းကိုနိုင်တို့ အဖမ်းခံရစဉ်က သူတို့တတွေကို “အုတ်နံရံကို ခေါင်းနဲ့တိုက်သူများ” ၊ “ဥာဏ်ကို လွှာမသုံးတတ်သူများ” အစရှိသဖြင့် ကျနော့်ဆီကို မကြာခဏ ဖုန်းဆက် ဝေဖန်တတ်တဲ့ အသိဘလော့ဂါတယောက်နဲ့ လူထုအုံကြွမှုတွေဟာ ဘာမှ အရာမထင်ဘူးလို့ ပြောလေ့ရှိကြတဲ့ သူတွေရဲ့မျက်နှာတွေကို အစီအရီ ပြေးမြင်မိပါတယ်။)

နောက်ထပ် ထုတ်နှုတ်ပြချင်တဲ့ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်တခုကတော့....

ဓားအိမ်ကို မြင်ရုံနဲ့ ဓားကောင်းမှန်းသိရင်တော့ ဓားကို ဆွဲထုတ်စရာ မလိုပါဘူး။ ဓားအိမ်ပြလို့မှ မလုံလောက်သေးရင်တော့ ဓားဆွဲထုတ်ပြဖို့ သတ္တိရှိဖို့ လိုပါတယ်။ ပြည်သူလူထုကြီး ဓားဆွဲထုတ်ရဲတယ် မဟုတ်လား။ (ထုတ်ရဲပါတယ်)

အောက်မှာ မြောက်ဥက္ကလာမှာ ပြောခဲ့တဲ့ ဗီဒီယိုကို တင်ပေးလိုက်ပါတယ်။


21 comments:

Anonymous said...

Now, it is not time to shout “ဒီမိုကရေစီကနေ ပြားဖိုး လျှော့နိုင်ဘူးမဟုတ်လား။”but to think how to deliver.

Rules of the game has changed.
Now 88-ers must focus how to
create jobs, increase foreign
and local investments, and to
educate themselves by earning
degrees, by going back to to universities. Grow up!

Anonymous said...

ကိုမင်းကိုနိုင်ပြောသွားတဲ့ အထဲမှာပြည်သူတွေတင်မက ဒေါ်အောင်ဆန်းစုကြည်တို့ခေါင်းဆောင်ပိုင်းတွေရဲ့ ကြိုးပမ်းအားထုတ်မှု့ကိုပါ အသိအမှတ်ပြု ပြောသွားပါတယ်။
သွေးခွဲခြင်တဲ့စိတ်နဲ့ မဟုတ်ဘူးဆိုရင်
ပြည်သူတွေကိုချည်း ပြောသွားသလိုမျိုး
စကားလုံးရွေးချယ် ဖော်ပြမယ်မထင်ပါ။

Anonymous said...

“အုတ်နံရံကို ခေါင်းနဲ့တိုက်သူများ” ၊ “ဥာဏ်ကို လွှာမသုံးတတ်သူများ”

ဖြူတုတ်လေး said...

ကိုကြီးပေါ ... with all do respect, ဒီလို ယုန်ကလေးနှာစီး post ကို တင်မယ့်အစား ဒီ လေး ငါး ခြောက်လအတွင်း ပြောင်းလဲ ဖြစ်ပျက်လာပုံများအပေါ်မှာ ကိုကြီးပေါရဲ့ perspective ကို ဖတ်ချင်ပါတယ်။ ကိုကြီးပေါ ဆုပ်ကိုင်ထားသောအမြင် ငါးပြားမှမလျော့သေးဘူးလား သို့ ဘယ်လောက်ထိ flexible ဖြစ်လာသလဲ အစရှိသဖြင့်ပေါ့လေ ... Thank you!

Anonymous said...

i think you should take a look what Ko Min Ko Naing and his 88 generation group will do in this month... I don't wanna see your attacking post about Ko Min Ko Naing later.

You must admit that Myanmar political atmosphere is better than last time. The progress may be slow because there are alot to change. But no one wants the looping back to last time again.

In his speech, he mentioned alot about current situation. But i don't know why you can't mention. You can ask yourself.

Anonymous said...

အုတ်နံရံကို ခေါင်းနဲ့တိုက်သူများ” ၊ “ဥာဏ်ကို လွှာမသုံးတတ်သူများ” "ဆင်ခြင်ဥာဏ်နည်းသူများ" "အမြော်အမြင်မရှိပြောချင်ရာပြောသူများ" "သာမန်ပြည်သူတစ်ယောက်လောက်တောင်မှ မတွေးခေါ်တတ်သူ နိုင်ငံရေးသမားယောင်ယောင် ဘလော့ဂါများ "

တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေ said...

တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေ

http://nge-naing.blogspot.com/2012/01/blog-post_15.html

တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေ

သတိ said...

အားလုံးသတိ

ဒီကနေ့ ဒီအခြေအနေ?? ဟားဟား.. ကိုပေါမလိုချင်တဲ့ အခြေအနေကြီး မဟုတ်ဘူးလားဗျ.. ဘာမှထူးမှာမဟုတ်.. ဘာအပြောင်းအလဲမှမရှိ.. တသက်လုံး စစ်ဖိနပ်အောက် ရောက်မဲ့ စစ်ကျွန်ဘ၀အခြေအနေလို့ ကိုပေါအစဉ်တစိုက် ပြောခဲ့တဲ့.. အခြေအနေဆိုးကြီး မဟုတ်ဘူးလားဗျာ.. အဲဒီအခြေအနေဆိုးကြီးကို ပြည်သူ့အင်အားနဲ့ ရောက်ခဲ့တာလား.. မဟုတ်သေးပါဘူး.. ဟီးဟီး..

ခုလို တိုးတက်မှုတွေ ရှိလာတာဟာဖြင့် ကျွန်တော်ကိုပေါ သုံးသပ်ခဲ့သလို လူထုလှုပ်ရှားမှုနဲ့ ဂလိုဂလို ဂလိုဂလို လုပ်ခဲ့လို့ပါဆိုတဲ့ ခုဆောင်းပါးရှင်ဟာဖြင့် အရင် အမုစေတို့.. ဖောင်ချိုးတိုက်ပွဲတို့နဲ့ ရွေးကောက်ပွဲကြီး အောင်မြင်သွားမှာ.. အခြေခံဥပဒေကြီး အတည်ဖြစ်သွားမှာ.. ဒေါ်စု လွှတ်တော်ထဲဝင်သွားမှာ ထွန့်ထွန့်လူးခဲ့တဲ့ ကိုပေါမှ ဟုတ်ပလေစဗျာ.. ကဲ.. ဒီတော့လဲ မေးစမ်းပါရစေ.. ခုအခြေအနေဟာ စစ်ဖိနပ်အောက်က ရာသက်ပန်စစ်ကျွန်ဘ၀ကို အဆိုးရွားဆုံးေ၇ာက်သွားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ကိုပေါသုံးသပ်ချက်ကို အတည်ယူရမှာလား.. ပြည်သူ့အားကြောင့် ဂလိုအောင်မြင်မှု ရပြီး အခြေအနေတွေ ကောင်းနေသပေါ့ဗျာဆိုတဲ့ ခုကိုပေါသုံးသပ်ချက်ကို အတည်ယူရမှာလား..

တခါတလေကျတော့လဲ နိုင်ငံရေးသမားတွေတင်မက နိုင်ငံရေးကို စိတ်ဝင်စားပြီး ဟိုပြောဒီပြော လျောက်ပြောတဲ့ ကျွန်တော်တို့ ကိုပေါတို့လို လူတွေတောင် အခြေအနေပေါ်တည်ပြီး ကိုယ်ပြောတာနဲ့ မကိုက်ရင် ရူးချင်ယောင် ဆောင်ရသေးပါလားလို့ ခုဆောင်းပါးမြင်ပြီး သဘောတကျ သင်ခန်းစာ ယူမိပါရဲ့ဗျာ..

ဘာပဲပြောပြော... ကျွန်တော့်ဆောင်းပါးမှာ ပြောခဲ့ဘူးသလို ဒီလို ဒီလိုဖြစ်တာပါဆိုတဲ့ ခုဆောင်းပါးရှင် ပညာရှိတပိုင်း ဆရာ.ကြီးပေါဟာ ဘေးထိုင်ဘုပြော မျက်စိမှိတ်ပြီး မှားပြီ မှားပြီ အော်တဲ့ ကိုပေါထက် အများကြီး ကောင်းပါတယ်လို့ ငြင်းဖော်ငြင်းဖက်ကြီးကို စိတ်ရင်းမှန်နဲ့ အားပေးပါတယ်ဗျား.. နောက်ပြန်မဆုတ် ရှေ့ဆက်တိုးမယ် ဆိုလို့ကတော့ အမြင်တူတူ ကွဲကွဲ.. ကိုယ့်ဘက် သူ့ဘက် ဘယ်ဘက်ဖြစ်ဖြစ် အေးဆေးပဲပြောပြော.. ခပ်ရင့်ရင့်ပဲပြောပြော မြင်တာကို ပြောသာပြောပါဗျာ.. စိတ်ဝင်စားပါတယ်.. ဒါဟာ ဘေးထိုင်ဘုပြော ဖောင်စုတ်ဖက်နေ တာထက်တော့ အများကြီး သာပါလိမ့်မယ်..

မင်္ဂလာသတင်းအပေါင်းနဲ့ သက်သက်သာသာပါဗျို့..
မောင်သတိ

Anonymous said...

ဒါတွေဟာ ..သမ္မတကြီးဦးသိန်းစိန်ရဲ့လုပ်ဆောင်ချက် တွေကြောင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပူးပေါင်းပါဝင်မှု တို့ရယ်ကြောင့် ရရှိလာတဲ့ အလားအလာကောင်း ရလဒ်တွေဖြစ်ပါတယ်။

Anonymous said...

ပြစ်မရှိ ပြစ်ရှာ ..
လမင်းကို ခွေးဟောင်လို့ ..
ရွှေလရောင် ပြောင်မပျက်တယ် ..
ထွန်းလျှက်ပင် သာ ..

မြရွှေဂူ ပတ္တမြားကိုလ ..
ဝက်များက ငြူစူစွာ ..
ညွန် လူးကာ ပွတ်နဲ ..
ပွတ်လေလေ .. ဂူရွှေမှာ အရောင်ထွက်တယ်
ရှေးကထက် ကဲ ..

Anonymous said...

မောင်သတိပြောတာအမှန်ပဲဗျို့၊ ကြိုက်၊ မကြိုက်ကဝေဖန်ခွင့်ရှိပေမယ့် ဘေးထိုင်၊ဘုပြောတာတော့ ဆိုးလွန်းတယ်ဗျာ။

A guy in Singapore said...

ဝေဖန်ရေးသမားဆိုတာ အသိအမှတ်လဲပြုတတ်ရတယ်ဗျ
မောင်သတိဆိုတာတော့ စစ်တပ်ဖက်ကပုံမှန်ရေးနေတဲ့သူလို့နားလယ်မိတယ်
ဒါတောင် Comment သူရေးထားတဲ့ ကိုသဘောတူတယ်ဗျ
နောက်ပီး ခင်ဗျားရဲ့ Home မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 152 ရက် တိတိကြာခဲ့ပါပီးနောက်
ကိုမင်းကိုနိုင်အပါအဝင် 88 ကျောင်းသားခေါင်းဆောင်တွေ ပြန်လွတ်လာပါပြီ ဆိုတာပြောင်းရေးသင့်တယ်
မေ့လို့ ကျနော်ပုံမှန်ပေးနေရတဲ့ မြန်မာသံရုံးအခွန်လဲပေးစရာမလိုတော့ပါဘူး စိုတာပါရေးလိုက်အုန်းဗျာ

အခုဟာက ခင်ဗျားဟာကဝေဖန်ရေးမှမဟုတ်တာပဲ. ဘာလာလာကန့်လန့်တိုက်ပီးထိုင်ဆဲနေတာပဲဗျ
ဘာနဲ့တူလဲဆိုတော့ ခလေးတွေဆော့ ရင်းရှုံးတော့ညစ်လုံးလုံး တာမျိုးးD

လူထုအားတခုထဲ ကြောင့်စိုရင် ခင်ဗျား ရော၊ကျနော်ရော Singapore လာပီးပိုက်စံရှာဖိုလို့ပမလား ၁၉၈၈ ထဲက Democracy ရတာကြာပေါ့ / ၁၉၉၀ Election / 2007 Revolution။ စဉ်းစားပါဗျာ
လူထု + ဒေါ်စု +Army+Timing+ဦးသိန်းစိန်+ ဦးရွှေမန်း+Obama's Policy+ Other Factors လို့ထင်မိတယ်
စောင့်ကြည့်ပါဥန်းဗျာ ကိုမင်းကိုနိုင် ကဒေါ်စုကိုဝိုင်းရံကြစို့လို့ပြောလာရင် ခင်ဗျားဘာပြောဥန်းမလဲ

Set Htun said...

Be Honest Man !
"ကျွန်တော်တို့ဟာတလျှောက်လုံး တောင်းဆိုလာခဲ့တာက တွေ့ဆုံဆွေးနွေးရေးပါ။
တွေ့ဆုံဆွေးနွေးရေးကို အတောင်းကောင်းလို့လည်း ကျွန်နော်တို့ကိုဆုံးမလိုက်တာလည်း တော်တော်များပါတယ်။ အဲဒီဆုံးမတဲ့ ဒါဏ်ရာဒါဏ်ချက်တွေက ကျွန်နော်တို့ ကျောမှာ အခုထိကျန်နေတုန်း။ သို့သော်လည်း နောက်ဆုံးကျတော့ တွေ့ဆုံဆွေးနွေးရေးက ဖြစ်ကိုဖြစ်လာရတာပါပဲ။ အဲဒီအပေါ်မှာ အားလုံးရဲ့ပေးဆပ်မှုတွေ အင်မတန်ရှိခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရေးက ထွက်လာတဲ့အဖြေ ရလဒ်အပြီးသတ်လို့ မပြောနိုင်သည့်တိုင်အောင် အခုလို မှတ်ပုံတင်ခြင်း ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ကိစ္စ အားလုံးဟာ တွေ့ဆုံဆွေးနွေးရေးက အသီးအပွင့် တခုလို့ ကျွန်တော်မြင်ပါတယ်။ အဲဒါကြောင့် တွေ့ဆုံဆွေးနွေးရေးကို ဘ၀တွေ အသက်တွေပေးခဲ့ရတဲ့သူတွေ အားလုံးရဲ့ကိုယ်စား တွေ့ဆုံဆွေးနွေးရေးကလာတဲ့ အသီးအပွင့်တွေကိုတော့ ကျွန်နော်တို့ မြတ်မြတ်နိုးနိုးနဲ့ ပန်ရတော့မှာပါ။ အဲဒီတော့ ကျွန်နော်တို့ လိုက်ပါဆောင်ရွက်ဖို့ပဲ ရှိပါတယ်" ကိုမင်းကိုနိုင်
http://nge-naing.blogspot.com/2012/01/blog-post_15.html

ရလွတ်ပလွတ်ရွာစားကြီး said...

ကိုပေါရေ...


ဘယ့်နှာတွေ ဖြစ်နေကြသတုန်း...


ရလွတ်ပလွတ်ရွာစားကြီး

Law Shay said...

ကိုပေါရေ

NLD ကတော့ အမတ်လောင်းရွေးရာမှာ အမျိုးသမီးတွေကို ဦးစားပေးမယ်တဲ့။

ဒါ discrimination လုပ်တာပဲဗျ။

ဖွဲ့စည်းပုံမှာလဲ လွှတ်တော်အမတ်က အသက်ဘယ်လောက် ရှိရမယ်လို့ ပါတယ်။

ဒါလဲ discrimination ပဲဗျ။

Anonymous said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 161 ရက် တိတိကြာခဲ့ပါပြီ။

We are wondering when will you delete the above sentence.

ကိုပေါ said...

I will remove it when ASSK let the people know about the meetings (as she promised.) or when she can show concrete results such as the release of all political prisoners, the major amendment of 2008 constitution, the media freedom, the cease of civil war etc.

Anonymous said...

ဒေါ်အောင်ဆန်းစုကြည် == DASSK

Anonymous said...

နိုင်ငံတော် သမ္မတ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့..ပူးပေါင်း
ပြီး အမိမြန်မာနိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ကျဉ်းနိုင်ပါစေ..

Anonymous said...

http://www.demowaiyan.co.cc/2012/01/blog-post_5618.html

Khin yadana said...

http://nge-naing.blogspot.com/2012/01/blog-post_30.html

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs