ဟောစိလို ကို တူးဖော်ခြင်း

Share |

(၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တင်ခဲ့တဲ့ပို့စ်ကလေးဟာ အခုအချိန်အထိ အံဝင်နေသေးတာတွေ့ရလို့ ပြန်လည်ဆန်းသစ်လိုက်ပါတယ်။)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေ မြန်မာပြည်ကို ဝင်အလာ....။

ရွာတရွာ ရောက်တော့ ဂျပန်တပ်တွေက ရွာထဲရှိသမျှ မိန်းမမှန်သမျှကို တယောက်မကျန် မုဒိန်းကျင့်သတဲ့။ အဲသည်လို အကျင့်ခံရတဲ့အထဲမှာ မြန်မာနိုင်ငံသား ပေါက်ဖော်ကြီးတယောက်ရဲ့ ဇနီးလည်း ပါသတဲ့။

ဒီကိစ္စဖြစ်ပျက်ပြီး ခြောက်လ တနှစ်လောက် ကြာတဲ့အထိလည်း တရုတ်ကြီးက အဲဒီကိစ္စအပေါ် မကျေမချမ်းနိုင်သေးဘဲ တဖွဖွ ပြောနေသတဲ့။ ဒီတော့ မိန်းမကလည်း ကြာလာတော့ သည်းမခံနိုင်တော့ဘူး။ သူ့ယောက်ျားကို ပြောတယ်။ “ဒီမယ်၊ ကျုပ်တယောက်တည်း ကွက်ပြီး မုဒိန်းအကျင့်ခံရတာမဟုတ်ဘူး။ တရွာလုံးအကျင့်ခံရတာပဲ။ ရှင်က ဘာလို့ တမူထူးခြားပြီး မကျေမချမ်းဖြစ်နေတာလဲ” လို့ ပြောသတဲ့။

အဲသည်အခါ တရုတ်ကြီးက တရုတ်သံဝဲဝဲနဲ့... “အေး.... တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ” လို့ ပြန်ပြောလိုက်ပါသတဲ့။

အခုလည်း နအဖ အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို မဟားဒယားကြီးကျင်းပလို့ သူတို့လိုချင်ရာကို (မုဒိန်းကျင့်သလို) အဓမ္မနည်းနဲ့ အရယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအနေအထားမှာ အချို့သောပြည်တွင်းအတိုက်အခံနိုင်ငံရေးသမားများ၊ (၁၉၉၀ခုနှစ်က ရွေးချယ်ခံ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။

21 comments:

Anonymous said...

စကား စကား စကားထဲက ဇာတိပြ။

Anonymous said...

ကိုပေါရယ်... လို့ပဲ တလိုက်မိတော့တယ်.... သူများတွေကို မလေးစားရင်တောင် ကိုယ့်ကို ကိုယ်တော့ လေးစားပါဦး ကိုပေါရယ်...

Anonymous said...

How you can get degree from YIT. Millions of people are jobless in our country and facing problems in health, education and economic. we should solve these issues. In fact, people in Myanmar want Daw Su's leadership, not democracy. Clear! I think you dont even have common sense.

Anonymous said...

ကိုပေါခင်ဗျား တော်တော် အိုင်ကျူနိမ့်တာပဲ မထင်ရဘူး

Anonymous said...

ကိုပေါလဲ...အောက်ကနေ ဟောစိလို ဟောစိလို အလိုက်သင့် ကော့ ကော့ပေးတာပါဘဲ ...

Anonymous said...

ကိုယ့်မိသားစုထဲမှာနိုင်ငံရေးလုပ်လို့အကျဉ်းကျခံနေရသူမရှိတိုင်းကိုယ်ချင်းမစာမပြောကြနဲ့
အရေခြုံစစ်အစိုးရဲ့လုပ်ရပ်တွေသိနေလို့အော့အမ်မိတာအမှန်ဘဲ
အော့-အံ့-ထွီ

စိုးမြတ်သူရှင် said...

ဟောစိလို မကောင်းတဲ့ ကိုပေါ...

Anonymous said...

သြော် စရိုက် စရိုက်
အဆင့်ရှိတဲ့ စာပေသမားများ အဲဒီလို ရေးတာ တွေ့ ဘူးကြသလား။

Anonymous said...

ကိုပေါရယ် ကိုပေါ biography ထဲက အင်ဂျင်နီယာဆိုတာလေးဖြုတ်ပေးပါလားဗျာ၊ အင်ဂျင်နီယာတယောက် ဘလော့မှာ ဒီလိုရေးတယ်ဆိုတာ အင်ဂျင်နီယာတယောက် အနေနဲ့ ရှက်လွန်းလို့ပါဗျာ၊ ကျွန်တော်တို့ YTU ဆိုတာကြီးလဲ မတက်ခဲ့ရပါဘူး၊ ဆရာကောင်းတွေနဲ့လဲ မကြုံခဲ့ရပါဘူး၊ ဒါပေမယ့်ကျွန်တော်တို့ ကောင်းမကောင်း တော်မတော် ဆိုတာကိုတော့ နားလည်ပါသေးတယ်၊ မောင်နဲ့နှမ သားနဲ့အမိဖတ်လို့မှမတော်၊ အပြာရောင် စာအုပ်တအုပ်လောက်မှ ရည်ရွယ်ချက်မရှိတဲ့ စာမျိုးရေရဲတဲ့ ကိုပေါကိုတော့ အံ့သြတယ်ဗျာ၊ နောက်ကိုယ့်ကိုကိုယ် ရှက်တတ်မယ်ဆိုရင်၊ အင်ဂျင်နီယာတယောက် အနေနဲ့စဉ်းစားတတ်မယ်ဆိုရင် ကျေးဇူးပြုပြီး နောက်မရေးပါနဲ့ မတင်ပါနဲ့ဗျာ၊ ....

Tote Gyi said...

Since a few months back, I didn't read the mg Paw's articles anymore because no more standard. But I like to read all the sclolding from commentators and having fun with this. hahahahaha... Great! commentators! Cheers!

Anonymous said...

NLDကသုဝဏအားကစားကွင်းမှာပြုလုပ်မယ့်ဈေးရောင်းပွဲတော်ကို
တာဝန်ရှိသူတွေကခွင့်မပြုဘူးတဲ့လေ
ကဲ-ကဲ ဟောစိလိုတွေဘာလုပ်ကြမလဲ

Anonymous said...

NLD ကလုပ်မယ့်ဈေးရောင်းပွဲတော်ကိုခွင့်မပြုဘူးတဲ့
ကဲ-ကဲ-ဟောစိလိုတွေဘာလုပ်ကြမလဲ

Anonymous said...

ကိုပေါတောင် ဒီလို ဖြစ်သွားပြီကိုး

Anonymous said...

တရွာလုံး မုဒိန်းအကျင့်ခံရတာတော့ မှန်တယ်။ ဒါပေမယ့် ဂျပန်တွေ မင်းကို မုဒိန်းကျင့်တုန်းက မင်းက အောက်ကနေ ဟောစိလို ဟောစိလို (ဟောဒီလို ဟောဒီလို) အလိုက်သင့် ကော့ ကော့ပေးတာကို မြင်ရလို့ ငါက မကျေမချမ်း ဖြစ်နေတာကွ”

Anonymous said...

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးတချို့နဲ့ ဂျာနယ်လစ်အမည်ခံ တတိယ အုပ်စုဝင် အချောင်နှိုက်သမားများဟာ ပြည်သူ့ရှေ့က မားမားမတ်မတ် ရပ်ပြရမယ့်အစား နအဖကို အလိုတူ အလိုပါ “ဟောစိလို ဟောစိလို” အလိုက်သင့် လှုပ်ရှားပေးနေတာ တွေ့မြင်နေရတဲ့အတွက် ပြည်သူတဦးအနေနဲ့ အင်မတန်မှ အော့နှလုံးနာမိပါတော့တယ်။

Anonymous said...

နိုင်ငံရေးအကျဉ်းသမားတွေကိုလွှတ်ပေးမပေးစောင့်ကြည့်ရသေးတာပေါ့
လွှတ်ပေးရင်လည်းကိုပေါပြောသလိုဘဲဟောစိလို-ဟောစိလိုလုပ်ပေးဖို့ဘာတွေကိုဘယ်လောက်အာမခံပေးခဲ့ရမလဲမှမသိတာ
ကိုယ်မိသားစုထဲမှာနိုင်ငံယုံကြည်ချက်ကြောင့်အကျဉ်းချခံထားရတဲ့သူမရှိတိုင်း
ကိုယ်ချင်းမစာမနာမပြောကြနဲ့
ပြီးတော့ကိုပေါရဲ့ပိတောက်ရိပ်ကိုမကြိုက်ရင်လည်းဘာလို့အချိန်ကုန်ခံပြီးလာဖတ်နေသေးလဲ
နင်တို့ကိုယ်တိုင်ကကိုပေါဆီမှာသူပြောသလိုဟောစိလိုဖြစ်ချင်လို့လား

Anonymous said...

ကိုပေါရေ..
ဒီကော်မန့် ကို မဖော်ပြချင်လဲနေ..
ကိုယ့်အကြိုက် Selection comments လေးတွေကိုမှ ဖော်ပြပေးတဲ့ ကိုပေါအကြောင်းကို ကော်မန့် ရေးပြီး မဖော်ပြခံရတဲ့သူအတိုင်း သိနေကြပြီ။ ကိုပေါလဲ Anonymous နာမည်နဲ့  ကော်မန့် တွေ တင်နေတာ သိတဲ့လူတွေ သိကုန်ကြပြီ။ ဒေါက်တာလွမ်းဆွေ ကို တုယူရင်လဲ သူလိုလဲ သတ္တိရှိမှပေါ့.. ဟား ဟား

Anonymous said...

I am sure that story is not your own story..
But if you really think that story you will realize who is right and who is wrong..
If you are in chinese wife situation what will you do?
Nobody help her to escape from that situation and her husband also can not protect her.....
so inated of getting bad geeling in that moment she enjoy her situation ...
Her husband should think for her to console...

Anonymous said...

ဟုတ်ပါတယ်... တရုတ်ကြီးလို စိတ်တိုနေမယ့် အစား တရုတ်မကြီးလို ကော့ကော့ပေးတာ ခံရသက်သာပါတယ်။
စိတ်ဆိုးနေလို့  အကျိုးမရှိဘူး ကိုပေါ... ကော့ကော့ပေးလိုက်။
ဂျပန်ကြီးလည်းကောင်း တရုတ်မကြီးလဲ ကောင်း။
တရုတ်ကြီးကလဲ ငါတောင် သက်သာသေးတယ်လို့ တွေးရင်.. win-win-win situation!

Anonymous said...

"စိတ်ဆိုးနေလို့  အကျိုးမရှိဘူး ... ကော့ကော့ပေးလိုက်။
တရုတ်မကြီးလို ကော့ကော့ပေးတာ ခံရ သက်သာပါတယ်။"


အေး ... အဲဒီ စကားကို
မင်း အစ်မ၊ မင်းညီမ၊ မင်းမိန်းမကို ဂျပန်ကြီးက မုဒိန်းကျင့်တဲ့အခါမှာ သွားပြောပေါ့ကွာ။


ဂျပန်ကြီးလဲ ကောင်း၊ မင်းအစ်မ၊ မင်းညီမလဲ ကောင်း။
မင်းယောက်ဖကလဲ "ငါတောင် သက်သာသေးတယ်" လို့ တွေးရင်.. win-win-win situation!

ဂျပန်ကြီးလဲ ကောင်း၊ မင်းမိန်းမလဲ ကောင်း။
မင်းကလဲ "ငါတောင် သက်သာသေးတယ်" လို့ တွေးရင်.. win-win-win situation!

Anonymous said...

တချို့လူတွေက အဲဒီလို ပွင့်ပွင့်လင်းလင်း ရေးတာတောင်မှ မမှတ်ကျဘူး ကိုပေါရေ... ကိုရေးစရာရှိတာသာရေးပါ။ ဖတ်ချင်တဲ့သူ လာဖတ်လိမ့်မယ် အခု လက်ရှိအခြေအနေမှာတော့ ဒီလိုရေးတာအကောင်းဆုံးပါဘဲ...ဆက်သာရေးပါ အားပေးနေပါတယ်...။
counc

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs