ကျုံးသွင်းခံရသော ဆင်ကြီးတကောင်

Share |
(ဂျီမေးလ်ထဲကို ဒီကနေ့ ထပ်မံရောက်ရှိလာတဲ့ စာတစောင်ကို မျှဝေလိုပါတယ်။ ကျနော် အင်မတန် နှစ်သက်ထောက်ခံမိတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ရေးသားသူက “ဇော်ဝင်း ၈၈မျိုးဆက်” ဖြစ်ပါတယ်။ အရင်တပုဒ်ကိုလည်း သူပဲ ရေးတာပါ။ ကျနော်ကိုယ်တိုင်ရေးရရင် အဲသည်လောက် စေ့စပ်ကောင်းမွန်အောင် မရေးနိုင်ဘူးဆိုတာ ဝန်ခံလိုပါတယ်။ ရေးသားသူကိုဇော်ဝင်းကို လေးစား ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒီစာကို ပြည်တွင်းမှာရှိတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တွေထံ ဆယ့်ရှစ်ရက်နေ့ အစည်းအဝေးမတိုင်ခင် ဖြန့်ဝေနိုင်ရင် အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သူတွေကို လက်လှမ်းမီသမျှ ကူညီဖြန့်ဝေပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ (ကိုပေါ) )

ကျုံးသွင်းခံရသော ဆင်ကြီးတကောင်
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

မကြာသေးခင်က ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာ မြောက် ရွှေ့ကွက်များဆောင်းပါးကို ကျွန်တော် ရေးခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ NLD မှတ်ပုံတင်ရေးပြဿနာကို စူးစိုက် မရေးသားနိုင်ခဲ့တဲ့ အတွက် အခုဒီဆောင်းပါးကို ထပ်ရေးတာ ဖြစ်ပါတယ်။

ကျွန်တော် NLD ပါတီဝင် မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာ့ နိုင်ငံရေးမှာ ၁၉၈၈ ခု မတ်လ ၁၃ ရက်နေ့ကတည်းက စတင် ပတ်သက်လာပြီး ကနေ့ အထိ နိုင်ငံရေးကို ကိုယ့်အစွမ်း ရှိသ လောက် ဆောင်ရွက်နေသူ တယောက်ပါ။ အရင် ဆောင်းပါးနဲ့ ပတ်သက်ပြီး စာဖတ်သူ တွေရဲ့ မှတ်ချက်တွေထဲမှာ အမျိုးမျိုး ထင်မြင်ချက်တွေ ပေးကြတာတွေ့လို့ ကိုယ်တတ်နိုင် သလောက် ရှင်းပြတာပါ။ ဒီ့ထက် တိတိကျကျ ပြောမပြ နိုင်တာကိုလည်း နားလည်ပေးကြ စေချင်ပါတယ်။

တချို့က ဆိုကြပါတယ်။ NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ သူ့ပါတီ အတွင်းရေးမို့ ကိုယ်နဲ့ မဆိုင်၊ ကိုယ့်မှာ ဝင်ရောက်စွက်ဖက်ခွင့် မရှိလို့ ဆိုကြပါတယ်။ အဲဒီအချက်ကို သဘော မတူ နိုင်လို့ ဒီဆောင်းပါးကို ရေးတာဖြစ်ပါတယ်။

မှတ်ပုံတင်ရေး၊ မတင်ရေးသည် တတိုင်းပြည်လုံးရဲ့ အရေး

NLD မှတ်ပုံတင်ရေး၊ မတင်ရေးဟာ တနိုင်ငံ လုံးရဲ့ အရေး၊ လူတိုင်းရဲ့ အရေးပါ။ ဖြစ်လာမယ့် အကျိုးဆက်တွေကို NLD သာမက အများပြည်သူပါ ရင်ဆိုင် ကြရမှာပါ။ ဒါ့ကြောင့် အားလုံး ဆွေးနွေးကြပါ။ စဉ်းစားကြပါ။ သူ့ပါတီ အရေး သူ့ဖာသာ စဉ်းစားပါစေဆိုပြီး လွှတ်ထား လိုက်လို့လည်း နောင်ဖြစ်လာမယ့် အကျိုးဆက်တွေဟာ ကျွန်တော်တို့ ခေါင်းပေါ် ကျမလာ ဘဲ နေမှာ မဟုတ်ပါဘူး။

ဒီတော့ ပြောဖို့ တာဝန်ရှိတယ်ထင်လို့ ပြောပါမယ်။ ပြောပါရစေ။

ဆင်ကို ကျုံးသွင်းရန် ကြံ့ဖွံ့ မုဆိုး ကြံစည်ပြီ

ဒီနေ့အချိန်မှာ ကြံ့ဖွံ့အစိုးရဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုတဲ့ ဆင်ကြီးကို အဘက်ဘက်ကနေ ပြေးပေါက် ထွက်ပေါက် မရှိအောင် ပိတ်ဆို့ထားပါတယ်။

ပါတီဝင်တွေကိုလည်း ဖမ်းပြီး ထောင်ချတယ်။ ရွေးကောက်ပွဲ ဝင်လို့မရအောင်လည်း သူ့တပါတီတည်း အတွက် အထူးသီးသန့်စဉ်းစားပြီး ဥပဒေတွေနဲ့ ပိတ်ဆို့တားဆီး ကာရံပါတယ်။ ပါတီ တရားဝင် ရပ်တည်လို့မရအောင်လည်း ဥပဒေသုံးပြီး ညစ်ပါတယ်။

အဲသလို အဘက်ဘက်က ပိတ်ဆို့ပြီးတဲ့နောက် ခုချိန်မှာတော့ ဘက်တဘက်မှာ လမ်းကျဉ်း ကျဉ်းလေး တပေါက်ကို ဖွင့်ပေး လိုက် ပါတယ်။ အဲဒီလမ်းကျဉ်းကျဉ်းလေးဆီကို မသွားဘဲ မနေနိုင်အောင် တခြားဘက်တွေကနေ ဝိုင်းဝန်း ခြောက်လှန့်ပေးနေတဲ့ အလုပ် ကိုလည်း လုပ်နေပါတယ်။ ပြည်ထဲရေး ဝန်ကြီးက NLD ဟာ တရားမဝင်တော့တဲ့ ပါတီ ပါလို့ ပြောတာ ဟာ ခြောက်ထုတ် ပေးနေတာပါ။ “သဘောထားတင်းမာတဲ့သူတွေက အခြေအနေတွေ နောက်ပြန်ဆုတ်အောင် လုပ်နေတယ်” လို့ The voice ဂျာနယ် က ပြောတာကလည်း ခြောက်ထုတ်ပေး နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် သာမက အမျိုးသား ခေါင်း ဆောင်ဖြစ်ပါတယ်လို့ ပြောတာဟာလည်း ဒေါ်စုကို NLD နဲ့ခွဲထုတ်နေတာပါ။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို လမ်းကျဉ်းလေးထဲ မဝင်၊ ဝင်အောင် ခြောက်လှန့်ပို့ဆောင်ပေးနေတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

အဲဒီလမ်းကျဉ်းကျဉ်းလေး ကနေ သွားရင် ရောက်မယ့် နေရာက ဆင်ဖမ်းတဲ့ ကျုံးကြီးထဲကို ဖြစ်ပါတယ်။

ဖွင့်ပေးလိုက်တဲ့ လမ်းကျဉ်းလေးက ပါတီ မှတ်ပုံတင်ရေး လမ်းကျဉ်းဖြစ်ပြီး၊ မောင်းပို့နေတဲ့ ကျုံးကြီးကတော့ ၂၀၀၈ အခြေခံဥပဒေ ကျုံးကြီးဖြစ်ပါတယ်။

ပါတီမှတ်ပုံတင်ရေး ဥပဒေမှာ “ထိန်းသိမ်းစောင့်ရှောက်” အစား “လေးစားလိုက်နာ” လို့ ပြင်ပေးလိုက်ပါတယ်။ “ထိန်းသိမ်းစောင့်ရှောက်” နဲ့ “လေးစားလိုက်နာ” ဆိုတာ တကယ်တော့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ အနေနဲ့ ကတော့ “ထိန်းသိမ်းစောင့်ရှောက်” ရ မယ့် အစား “လေးစားလိုက်နာ” ရုံက တော်သေးတယ်လို့ ဆိုပါတယ်။ လိုက်နာတာကတော့ ပြဌာန်းထားတဲ့ ဥပဒေတရပ်ကို နိုင်ငံသားတိုင်း လိုက်နာရမှာပဲလို့လည်း ဆိုပါတယ်။ အများပြည်သူ သဘောမတူတဲ့ မတရားတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ ဆိုတဲ့ စကားနဲ့ အခုစကားဟာ ဘယ်လောက် တောင် ကွာခြားလှပါသလဲ။ နိုင်ငံသားကောင်းပီသစွာ ဥပဒေ မှန်သ မျှကို တရားသည် ဖြစ်စေ မတရားသည်ဖြစ်စေ အမြဲတန်းလိုက်နာမယ်လို့ တရားသေ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဥပဒေ ဘောင်တွင်း က NLD ပါတီကြီးကို အစိုးရက ဥပဒေ တမျိုးပြီး တမျိုးထုတ် အရူးလုပ်နေပါလိမ့်မယ်။

ထားပါတော့။ ဒီ “လေးစားလိုက်နာ” စကားလုံးကို အကျယ် မဆွေးနွေးတော့ပါဘူး။ ဒီစကားလုံး နှစ်လုံး အဓိပ္ပါယ် ခြားနားမှု ရှိမရှိဆို တာဟာ သူတို့လက်ထဲမှာပါ။ ဒီအစိုးရလက်ထက်မှာ ဥပဒေဆို တာ မျှော့ကြိုးပါ။ ဒီ့ထက် မကတဲ့ စကားလုံးတွေကိုလည်း လိုသလို ချုံ့ခဲ့၊ ချဲ့ခဲ့ဖူးပါပြီ။

နောက်တချက်က ထောင်ကျနေတဲ့သူတွေကို ပါတီထဲကနေ ထုတ်ပစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ အချက်ပါ။ မှန်ပါတယ်။ ဒီအချက်ကတော့ အစိုးရဘက်က တကယ် လိုက်လျော လိုက်တဲ့ အချက်ပါ။ သူတို့ဖွင့်ပေး၊ ဟပေးလိုက်တဲ့ လမ်းလို့လည်း ဆိုနိုင်ပါတယ်။ ငါးမျှားချိတ်မှာ သူတို့ တပ်ပေး ဆင်ပေးလိုက်တဲ့ အစာလည်းဖြစ်ပါတယ်။ ( ဒါပေမဲ့ တချို့ပြောဆိုနေကြသလို ထောင်ကျနေသူတွေ ရွေးကောက်ပွဲဝင် နိုင်မယ်၊ မဲပေး နိုင်တော့မယ် ဆိုတာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲ ဥပဒေ ကသပ်သပ်ပါ။ အဲဒီမှာ ဘာမှ ပြင်မပေးပါဘူး။)

ဥပဒေကို ပြင်ဆင်လိုက်တဲ့ နေရာမှာ အဓိကကျတဲ့ အချက်တချက် ရှိပါတယ်။ အဲဒါ ကတော့ မှတ်ပုံတင်ပြီးရင် ကြားဖြတ်ရွေးကောက်ပွဲ မှာတောင် သုံးနေရာ မဖြစ်မနေရ ရွေးကောက်ပွဲဝင်ရမယ်ဆိုတာပါပဲ။ (ဒီအချက်ကို သေသေချာချာ ဖတ်ကြည့် စေချင် ပါတယ်။ တချို့ နားလည်မှု လွဲနေကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ မဝင် မနေရလို့ ပြောတာပါ။) ဒါကိုကြည့်ရင် အစိုးရက ဘာလိုချင် နေတယ် ဆိုတာ အရှင်းကြီးပါ။ ၂၀၁၅ အထိတောင် မစောင့်နိုင်ဘူး၊ အခုကြားဖြတ်ရွေးကောက်ပွဲမှာပဲ ချက်ချင်း ရွေးကောက်ပွဲဝင်ရမယ်၊ မဝင်ရင်တော့ မှတ်ပုံတင်ခွင့် မပေးနိုင်ဘူး ဆိုတဲ့ သဘောထားဟာ အထင်အရှားပါပဲ။

မှတ်ပုံတင်ရင် ဘာဖြစ်မလဲ။

ဒီဥပဒေအရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ ပါတီခေါင်းဆောင်အားလုံးသာမ က ပါတီဝင်တိုင်းဟာလည်း လက်မှတ် ရေးထိုးကြရမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းပုဒ်မ ၁၂ (က) အပိုဒ်ခွဲ ၆ ၊ ပုဒ်မ ၁၀ (ဈ) ( ဥပဒေ ပြင်ဆင်ချက်မှာ ပုဒ်မ ၁၀ (ဇ) အဖြစ်ပြောင်းလဲထား) တို့ အရ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်လို့ လက်မှတ်ရေးထိုးမထားတဲ့သူကို ပါတီက သိပါလျက်နဲ့ ထုတ်ပယ် မပစ်ဘဲ လက်ခံထားခဲ့ရင် အဲဒီပါတီကိုယ်တိုင်ဟာ တရားဝင်ပါတီ အဖြစ်ရပ်တည်ခွင့် ဆုံးရှုံးမှာ ဖြစ်ပါတယ်။

ဒီတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်ပြီးရင် “ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြ” လို့ အမိန့် ထုတ်ရတော့မှာပါ။ အဲသလို အမိန့် မထုတ်ရင် ဥပဒေကြောင်းအရကတော့ ပါတီ အနေနဲ့ ရထားတဲ့ မှတ်ပုံတင်ခွင့်လေးက ပြန်ဆုံးရှုံးရဦးမှာပါ။

ဒါပေမဲ့ အခြေခံဥပဒေကို မလေးစား မလိုက်နာနိုင်တဲ့သူတွေ ပါတီကထွက်ကြလို့ ပြောရင် အဲဒီပါတီဟာ ဒီမိုကရေစီ ကျတဲ့ ပါတီ ဖြစ်နိုင်ပါဦးမလား။ လွတ်လပ်စွာ အမြင်ကွဲလွဲခွင့် မရှိတဲ့ ပါတီဟာ ဒီမိုကရေစီ ပါတီ ဖြစ်နိုင်ပါဦးမလား။ စစ်အစိုးရ အလိုကျ အခြေခံ ဥပဒေကို လေးစား လိုက်နာဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ရမယ်ဆိုရင် ဒီပါတီဟာ ဒီမိုကရေစီ ပါတီလို့ ဆိုနိုင်ပါတော့မလား။ ဒါဟာ အလေးအနက် စဉ်းစားသင့်တဲ့ အချက်ဖြစ်ပါတယ်။ ပါတီမှတ်ပုံတင်ခွင့်နဲ့ ပါတီရဲ့ ဒီမိုကရေစီ အနှစ်သာရကို လဲလှယ်ပေး ရမယ် ဆိုရင် ဘာကို ရွေးချယ်ကြမလဲ။ အားလုံးစဉ်းစားကြဖို့ပါ။ မှတ်ပုံတင်လိုက်တဲ့ ပါတီဟာ တချိန်က ကျွန် တော်တို့ တလေးတစား မဲပေးခဲ့ ကြတဲ့ NLD နဲ့ တူနိုင်ပါဦးမလားဆိုတာ ကျွန်တော်တို့ စဉ်းစားစရာ ဖြစ်လာမှာပါ။

ဒါကို စကားကပ်ပြောနေတယ်လို့ ယူဆလို့မရပါဘူး။ မှတ်ပုံတင်ပြီးရင် အခြေခံဥပဒေကို လေးစားလိုက်နာ ပါမည်လို့ လက်မှတ်ရေးထိုးဖို့ ငြင်းဆိုတဲ့သူကို ပါတီက ထုတ်ပယ်ပေးဖို့ စစ်အစိုးရမှာ တောင်းဆိုခွင့်ရှိပါတယ်။ ဥပဒေအရ မည်သို့ပင်ဆိုသော်ငြား ဦးသိန်းစိန်က တော့ စိတ်ကောင်းနှလုံးကောင်းနဲ့ မသိချင်ယောင်ဆောင် နေပါလိမ့်မယ်လို့ ယူဆ (assume လုပ်) ပြီး မှတ်ပုံတင်လိုက်လို့ မဖြစ်ပါ။ ဖြစ်နိုင်ချေ ရှိတာ အားလုံးကို ထည့်သွင်း စဉ်းစားဖို့ လိုပါလိမ့်မယ်။

ဒီတော့ တကယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မှတ်ပုံတင်လိုက်မယ် ဆိုရင် ပါတီ တခုလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို လေးစား လိုက်နာသော ပါတီဖြစ်သွားပြီလို့ ဆိုရပါ လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာ ဦးခင်မောင်ဆွေရဲ့ NDF ပါတီလို ဖြစ်လာ ပါ လိမ့်မယ်။

၉၀ ရလဒ် စွန့်ပြီလား

အဆိုးဆုံး အချက်က ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်ပါ။ မူလဥပဒေအရ ဆိုရင် ၂၀၁၅ ခုကျမှ ရွေးကောက်ပွဲ ဝင်မဝင် ဆုံးဖြတ်ရမှာပါ။ ခုတော့ အဲဒီအထိ မစောင့်နိုင်လို့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရဆိုပြီး ဥပဒေကို ပြင် လိုက်ပါတယ်။ ဒီလို တဘက်စောင်းနင်း ဥပဒေထွက်လာတာကိုကြည့်ရင် လွှတ်တော်ကို သူတို့ ထင်သလို လုပ်နေတယ်ဆိုတာလည်း အထင်အရှားပါပဲ။

မှတ်ပုံတင်ရစေဦးတော့၊ ရွေးကောက်ပွဲ မဝင်ရဘူးဆိုရင်တောင် အခြေအနေက သိပ်အဆိုးကြီးမဟုတ်သေးပါဘူး။ ခုတော့ မှတ်ပုံတင်ချင် ရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရမယ်ဆိုတဲ့ အချက်ကို ဥပဒေ အသစ်ပြင်ထည့်သွင်းလိုက်တဲ့ အချက်ဟာ NLD ကို မကွဲကွဲအောင် တမင် သွေးထိုးတာဖြစ်ပါတယ်။ NLD ကို ၂၀၀၈ ခုအခြေခံဥပဒေအောက် မရောက်ရောက်အောင် ဇွတ်ပို့နေတာလည်း ဖြစ်ပါတယ်။

ဦးဝင်းတင်က ပါတီမှတ်ပုံတင်တာနဲ့ ရွေးကောက်ပွဲဝင်တာကို သီးခြားစီခွဲစဉ်းစားရမယ်လို့ ဒီဥပဒေမူကြမ်းကို စတင် တင်သွင်းစဉ်အခါ တုန်းက မီဒီယာမှာ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့အစိုးရဟာ NLD ကို အဲဒီအခွင့်အရေး ပေးမှာ မဟုတ်ပါဘူး။ မပေးချင်လို့ ဥပဒေထဲမှာ အပိုဒ်သစ် တမင်ထပ်တိုးထားတာပါ။

ဒီတော့ ပြင်ဆင်ထားတဲ့ ဥပဒေနဲ့အညီ NLD ဟာ ပါတီ တရားဝင် ရပ်တည်ချင်ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ပြိုင်ရပါမယ်။ အဲသလို သုံးနေရာ ဝင်ပြိုင်လိုက်ရင် ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တရား ဝင် စွန့်လွှတ်ပြီးသား ဖြစ်သွားပါပြီ။ ကြားဖြတ် ရွေးကောက် ပွဲလည်း ဝင်ပြိုင်ဦးမယ်၊ ၉၀ ရလဒ်လည်း မစွန့်နိုင်ဘူးဆိုပြီး လုပ်နေလို့ မရပါ။

ဒါကိုသိလို့လည်း အစိုးရက သုံးနေရာမှာ မဖြစ်မနေ ဝင်ပြိုင်ခိုင်းနေတာပါ။

NLD ကို ကြားဖြတ်ရွေးကောက်ပွဲမှာ မဝင်မနေရ အတင်းဝင်ခိုင်းနေပေမဲ့ နေရာများများမှာ ဝင်ပြိုင်ခွင့်လည်း မပေးချင်ပါဘူး။ နေရာများများမှာ ဝင်ပြိုင်ပြီး NLD တော်တော်များများ လွှတ်တော်ထဲရောက်လာမှာကိုလည်း တဘက်က ကြောက်ပါသေးတယ်။ ကြည့်ပါ။ NLD ပါတီကို နေရာ ၇၀-၈၀ မှာ ဝင်ပြိုင်ခွင့် ပေးရမှာ စိုးလို့ လောလောလတ်လတ်မှာကိုပဲ ဥပဒေ ပြင်ဆင်ဖို့ မူကြမ်း တခု လွှတ်တော်မှာ တင်နေပါတယ်။ လစ်လပ် နေရာ ၇၀-၈၀ မကျန် အောင်လုပ်မယ့် ဥပဒေပါ။ သမ္မတတို့၊ ဝန်ကြီးတို့ကို လွှတ်တော် ကိုယ်စားလှယ် အဖြစ်က နှုတ်ထွက်ပေးရမယ်ဆိုတဲ့ မူလ ဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတင်နေတာဖြစ်ပါတယ်။ သမ္မတတို့ ၊ ဝန်ကြီးတို့ဟာ လွှတ်တော် ကိုယ်စားလှယ် ဆက်ဖြစ်နေရင် ကြားဖြတ် ရွေးကောက်ပွဲမှာ သူတို့နေရာတွေ မလပ်တော့အောင်လုပ်တာပါ။ လစ်လပ် မယ့်နေရာ နည်းသွား အောင် လုပ်နေတာပါ။ NLD ကို အရိုးအရင်းလေးကိုက်ဖို့ ပေးရမှာကိုတောင် မသဒ္ဓါသေးလို့ အရိုးမှာကပ်နေတဲ့ အသား လေးကို ခြစ်ယူနေတဲ့ လုပ်ရပ်ပါ။ သမ္မတကြီးရဲ့ စေတနာကို ဒါလောက်ဆိုရင်ပဲ နားလည်ဖို့ ကောင်းလှပါပြီ။

NLD ပါတီကို ကြားဖြတ်ရွေးကောက်ပွဲမှာ နေရာတချို့ကို မစို့မပို့ ပေးလိုက်ရုံနဲ့ တသက်လုံး အရှက်ကွဲခဲ့ရရုံသာမက အမျိုးမျိုး ခြောက်လှန့်နေခဲ့တဲ့ အဲဒီ ၉၀ အိပ်မက်ဆိုးကြီး ပျက်ပြယ် သွားအောင်လုပ်ရေးဟာ အစိုးရရဲ့ ရည်မှန်းချက်ပါ။ အဲသလိုသာ ရသွားမယ်ဆိုရင် စစ်အစိုးရ အတွက်တော့ သိပ်အရတော်လှတယ်လို့ ဆိုရမှာပါ။

မှတ်ပုံမတင်ရင် ဘာဖြစ်မလဲ

အခု ရွေးရမယ့် လမ်းက နှစ်လမ်းပါ။ မှတ်ပုံတင်မလား၊ ဒါမှ မဟုတ် မှတ်ပုံမတင်ဘူးလား။

မှတ်ပုံမတင်ရင် ကြံ့ခိုင်ရေး အစိုးရ၊ စစ်အာဏာရှင် စနစ်နဲ့ ၂၀၀၈ အခြေခံဥပဒေတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ရှေးယခင်က အတိုင်း ရန်သူ လို သဘောထား ပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဖမ်းပြီး အကျယ်ချုပ်ချ၊ နိုင်ငံရေး သမားတွေ အကုန်လုံးပြန်ဖမ်းပြီးထောင်ချ၊ သေနတ်မိုး ဓါးမိုး အုပ်ချုပ်တဲ့ အခြေ အနေဆီ ပြန်ရောက်ချင် ရောက်ပါလိမ့်မယ်။ ဒီမိုကရေစီ သမားတွေအနေနဲ့ အဲသလို ပြန်ဖြစ် မှာ စိုးရိမ်လို့ NLD ကို မှတ်ပုံတင်စေချင်ကြတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင်ပြီးရင်၊ ရွေးကောက်ပွဲဝင်ပြီးရင်ရော ဒါမျိုးတွေကို ရှောင်လွဲနိုင်ပြီလို့ ဆိုနိုင်ပါ သလား။

စစ်အာဏာရှင်စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေသမျှမှာ စစ်အစိုးရဟာ ဖိနှိပ်မှုတွေကို လုပ်နေဦးမှာပါ။ ဒါက စစ်အစိုးရဘက်က ရှောင်လွှဲမရတဲ့ ဘဝပေး အခြေအနေပါ။

ကျွန်တော်တို့ ဘက်က အခြေအနေကိုလည်း ကြည့်ရအောင်။ ဒီမိုကရေစီကို လိုလားနေသမျှမှာ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ် တည်ရှိမှုကို ခြိမ်းခြောက်နေရမှာပါ။ ဒါကိုလည်း ကျွန်တော်တို့ဘက်က ရှောင်လွှဲလို့မရပါ။

ဒါဟာ ဒီမိုကရေစီနဲ့ စစ်အာဏာရှင်ကြားက ရှောင်လွှဲ မရတဲ့ ပဋိပက္ခပါ။ ဒါ့ကြောင့် ဒီမိုကရေစီ အရေးကို လက်မလွှတ်သေးသမျှမှာ ဒေါ်အောင် ဆန်းစုကြည်ကို ဖမ်းမယ့် အန္တရာယ်၊ နိုင်ငံရေးသမားတွေကို ဖမ်းမယ့် အန္တရာယ်ကို ကျွန်တော်တို့ ရှောင်လွှဲမရ၊ ရင်ဆိုင်နေရဦးမှာပါ။

တတိယအုပ်စုများက ကျွန်တော်တို့ကို အကြံပေးနေတာက “ဗိုလ်သန်းရွှေ ၊ ဗိုလ်သိန်းစိန်၊ ဗိုလ်တင်အောင်မြင့်ဦးတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်ကို မထိခိုက်စေရ၊ စစ်အာဏာရှင် စနစ်ကိုသာ ကျွန်တော်တို့ ဖြိုချမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စစ်ဗိုလ်ကြီးများ မစိုးရိမ်ကြပါနဲ့ ကျွန်တော်တို့ကို ယုံကြည်ကြပါ” လို့ ပြောခိုင်းနေတာဖြစ်ပါတယ်။ ဒီလိုပြောရင် ပြေလည်သွားနိုင်မယ်လို့ တတိယအုပ်စုက တွေးပုံရ ပါတယ်။ တတိယအုပ်စုဟာ စစ်အာဏာရှင်ရဲ့ အင်အားကို ပိုတွက်ပြီး ကြောက်ရွံ့ ကြပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ကိုတော့ လျှော့တွက်နေပါတယ်။ စစ်အာဏာရှင်တွေ ဟာ တကယ်တော့ သူတို့ ထင်သလို သူတို့ရဲ့ အသက်အန္တရာယ်ကို ကြောက်လို့ အာဏာ မစွန့်နိုင်တာ မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကနေ ဆံခြည်တမျှင်မှ လျှော့မပေးနိုင်လို့ တင်းခံ နေတာပါ။

အစိုးရဘက်က နားလည်မှု ရှိလာနိုး၊ ပြောင်းလဲလာနိုး မျှော်လင့်ပြီး ကိုယ့်ဘက် က တဆင့်ပြီး တဆင့် ကျွန်တော်တို့ အလျော့ပေး သွားမယ်ဆိုပါတော့။ နောက်ဆုံး အားလုံး လျော့ပြီး သွားတဲ့ အချိန်မှာ ဘာမှ ဖြစ်မလာရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ အဲဒီ အချိန်ကျမှ နောက်ပြန်ဆုတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ အတွက် ဆုတ်လမ်းရှိတော့မှာ မဟုတ်ပါ။ အဲဒီဆုတ်လမ်း မရှိတော့တဲ့ အခြေအနေရောက်အောင် စစ်အစိုးရကတွန်းပို့ နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မဖမ်းဖို့၊ နိုင်ငံရေးသမားတွေကို မဖမ်းဖို့၊ ပြည်သူတွေကို မနှိပ်စက်ဖို့ အတွက် စစ်အစိုးရကို ချော့နေမှ ဖြစ်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဟာ တခုခုတော့လွဲနေပြီ လို့ ဆိုရတော့မှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မဖမ်းရဲအောင်၊ နိုင်ငံရေးသမားတွေကို မဖမ်းရဲအောင် လုပ်နိုင်မှသာ ကျွန်တော်တို့ အတွက် အစစ်အမှန် လုံခြုံမှုကို ရနိုင်မှာပါ။

ကိုယ့်ရဲ့လုံခြုံရေးဟာ စစ်အစိုးရရဲ့ စိတ်ကောင်းနှလုံးကောင်း ရှိမရှိ အပေါ်မှာ မှီခိုနေရတယ် ဆိုရင် အဲဒါကို တကယ်လုံခြုံတယ်လို့ မဆိုနိုင်ပါဘူး။ အဲဒါမျိုးကို ကျားသနားမှ နွားချမ်းသာ မယ့် လုံခြုံရေးလို့သာ ဆိုနိုင်ပါလိမ့်မယ်။

ကိုယ့်မှာ စစ်အစိုးရကို ယှဉ်တိုက်နိုင်မယ့် လက်နက်အင်အားလည်း မရှိဘူး၊ လမ်းပေါ်ထွက် ဆန္ဒပြရင်လည်း စစ်အစိုးရက ပစ်သတ်မှာပဲ။ ဒါ့ကြောင့် စစ်အစိုးရနဲ့ ပြေပြေလည်လည် ဆက်ဆံတဲ့ နည်းက အကောင်းဆုံးပါလို့ တချို့က ဆိုကြပါတယ်။ ဒါဟာ အစိုးရ အကြိုက် အတွေးအခေါ်ပါ။ အစိုးရ ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ ပိုပြီးတိကျအောင် ပြောရရင် တတိယ အုပ်စုကနေ တဆင့် ဖြန့်ပေးနေတဲ့ အတွေးအခေါ်ပါ။ စစ်အစိုးရနဲ့ မပြေလည်ချင် လို့ ပြောနေတာ မဟုတ်ပါဘူး။ အခုပြောတဲ့ ပြေလည်နည်းဟာ ကျားသနားမှ နွားချမ်းသာ မယ့် ပြေလည်နည်း ဖြစ်နေလို့ ပြောနေတာပါ။ စစ်အစိုးရ စိတ်ကောင်းနှလုံးကောင်းရှိမှ ချမ်းသာရမယ့် နည်းလမ်းဖြစ်နေပါတယ်။ တကယ်တန်း စစ်အစိုးရသာ စိတ်ကောင်းနှလုံး ကောင်းရှိနေရင် တွေ့ဆုံဆွေးနွေးနေစရာတောင် မလိုပါဘူး။ ဒီမိုကရေစီ ရပြီးတာ ကြာလှ ပါပြီ။ “စစ်အစိုးရက မယုံနိုင်သေးလို့ပါ၊ သူယုံကြည်လာအောင် လုပ်ရမယ်” လို့ တတိယ အုပ် စုတွေက ပြောနေပါတယ်။ ဟုတ်ကဲ့။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလိုက်မှသာ စစ်အ အစိုးရက ယုံကြည်နိုင်မှာပါ။ ၂၀၀၈ အခြေခံဥပဒေကို ပြင်ခိုင်းနေသေး သမျှမှာ စစ်အစိုးရ က ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။ ဒီသဘောထားကို စစ်အစိုးရက အကြိမ်ကြိမ် ပြသ ပြီးပါပြီ။ ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံလို့ကတော့ ဒေါ်အောင် ဆန်းစုကြည်မှ မဟုတ်ပါဘူး။ ဘယ်သူ့ကို မဆို လက်ခံပါတယ်။ ကုန်ကုန်ပြောရရင်၊ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့ အစည်းတွေကိုတောင် ၂၀၀၈ အခြေခံဥပဒေကို လက်ခံမယ်ဆိုရင် စစ်အစိုးရက ကြိုဆိုမှာပါ။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ရွေးချယ်သင့်တဲ့ လမ်းမဟုတ်ပါဘူး။ ဒီမိုကရေစီ သမားရဲ့ လမ်း မဟုတ်ပါဘူး။ တတိယအုပ်စုတို့ ဗဟုတို့ရဲ့လမ်းပါ။

NLD မှတ်ပုံတင်ရင်တော့ စစ်သား တမတ်သားပါဝင်တဲ့ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ လူနည်းစု အဖြစ် ပါဝင် ပူးပေါင်း ရပါလိမ့်မယ်။

ဒါ့အပြင် စစ်အစိုးရဟာ ၂၀၀၈ အခြေခံဥပဒေ ဘောင်ထဲကို လာပါလာပါ လက်ယပ်ခေါ်ပေမယ့် တကယ်တန်း ဝင်ရောက်လာတဲ့ အခါ ဦးထွန်းအောင်ကျော်တို့လို စစ်အစိုးရ သတင်းစာ တွေ ထဲမှာ ဆောင်းပါးရေးနေတဲ့ နိုင်ငံရေး သိပ္ပံ ဘောဂဗေဒ ကျောင်း တော်သားကြီးတွေ၊ ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့် ပေးဖို့ တောင်းဆို ပေးသူတွေ ကိုတောင်မှ မျက်နှာသာ မပေး နေရာ မပေးဘူးဆိုတာ ကိုလည်း သတိထားဖို့ လိုပါတယ်။ တကယ်တန်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF အခု ဘာဖြစ် နေသလဲ ဆိုတာ ကိုလည်း ကြည့်ဖို့ လိုပါမယ်။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက်တောင် နိုင်ငံရေး လုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက် တောင်မှ စစ်အစိုးရက အရေးတယူ ဆက်ဆံပါ ရဲ့လား။

မှတ်ပုံတင်လိုက်ရင် အစိုးရနဲ့ ပြေလည်ချင် ပြေလည်ပါလိမ့်မယ်။ အစိုးရနဲ့ ပြေလည်ဖို့ အဓိက၊ အစိုးရနဲ့ နားလည်မှု ရဖို့က အဓိက ဆိုရင်ဖြင့် မှတ်ပုံတင်တဲ့ နည်းလမ်းဟာ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရနဲ့ ပြေလည်ပြီးရင် ဒီမိုကရေစီ စနစ်ဆီကို ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းသွားမှာလား။ ဒါမှ မဟုတ် စစ်အာဏာရှင်စနစ်ထဲကို ငြိမ်းချမ်းစွာ ပေါင်းစည်းသွားမှာပါလား။

အန္တရာယ်ရှိတာကတော့ မှတ်ပုံတင်လိုက်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေအောက် ကို ချည်ပြီးတုတ်ပြီး အနေအထားနဲ့ ကျရောက်သွား နိုင်တဲ့ အန္တရာယ်ပါ။

ဒါ့ကြောင့် ဘယ်သူမဆို NLD မှတ်ပုံတင်သင့် မတင်သင့်ကို စဉ်းစားမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို တခေါက်လောက် ပြန်ဖတ်စေချင်တယ်လို့ အကြံပြုချင်ပါတယ်။

NLD ပါတီအတွက် အဓိက စိန်ခေါ်ချက် နှစ်ရပ်

အခုအချိန်မှာ NLD အတွက် နံပါတ်တစ် အရေးကြီးဆုံးအချက်က ပါတီမကွဲဖို့ပါ။ ပါတီသစ်ထောင်ဖို့ တိုက်တွန်းသူတွေရှိနေကြတာကို လည်း အားလုံးအသိပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတခုရဲ့ ခေါင်းဆောင် မဖြစ်သင့်ဘူး၊ တမျိုးသားလုံးရဲ့ ခေါင်းဆောင်ဖြစ်သင့်တယ်လို့ ပြောနေကြတာလည်း အားလုံးအသိပါ။ တကယ်တော့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခွဲထုတ်နေတာပါ။ မကွဲကွဲအောင် လုပ်နေတာပါ။ NLD အနေနဲ့ လူသိရှင်ကြား တရားဝင် ကွဲပြဲတာမျိုး မဖြစ်အောင် တားဆီးဖို့လိုသလို တက်ကြွလှုပ်ရှားသူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွားတာမျိုး မဖြစ်အောင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။ ကွဲတာလူမသိစေချင်လို့ တချို့လူတွေ စိတ်ပျက်ပြီး ဘေးထွက် ထိုင်သွား ကြမယ်ဆိုရင် လည်း တိုင်းပြည်အတွက်ကတော့ နစ်နာဆုံးရှုံးတာပါပဲ။

NLD အတွက် နံပါတ်နှစ် အရေးကြီးတဲ့ အချက်က ၂၀၀၈ အခြေခံဥပဒေ လက်အောက်ကို ချည်ပြီးတုတ်ပြီး ကျရောက်သွားတဲ့ အဖြစ်မျိုး မဖြစ်ဖို့ပါ။ ၂၀၀၈ အခြေခံဥပဒေ ပင်စည်ကို၊ ကျောရိုးကို ပြင်ခွင့်မရတော့ပဲ သူ့ဘောင်ထဲဝင်၊ သူ့အရိပ်ကို ခိုပြီး ဟိုအကိုင်းလေးခုတ်ဖို့ကြိုး စားလိုက်၊ ဟိုအတက်ကလေးချိုးဖို့ ကြိုးစားလိုက်လုပ်ရင်း တနိုင်ငံလုံး စစ်ကျွန်ဘဝကို အကာအကွယ်မဲ့ ကျရောက်သွားမယ့် အဖြစ်ကို ရှောင်ရှားနိုင်ဖို့ အရေးကြီးပါတယ်။ အဲသလို အခြေအနေမျိုးဖြစ်သွားရင် ပါတီဟာ နိုင်ငံရေး အညွန့်တုံးတဲ့ ဘဝကို ရောက်သွားမှာပါ။

နိုင်ငံရေးပါတီတခုဟာ မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ရင် အစိုးရဖျက်ပေမယ့် လွယ်လွယ်နဲ့ မပျက်ပါဘူး။ မူပျောက်ရင် ပါတီအလိုလို သေးသိမ် မှေးမှိန်ပြီး တဖြည်းဖြည်း လုံးပါးပါး ပျောက်ကွယ်တတ်ပါတယ်။ မြန်မာ့သမိုင်းမှာရော၊ ကမ္ဘာ့သမိုင်းမှာပါ အဲသလို အစဉ်အလာ နမူနာတွေ အများကြီး ရှိပါတယ်။


၂၀၀၈ အခြေခံဥပဒေသည်သာ အခရာ

လွှတ်တော်ထဲမှာ စစ်သား တမတ်သား ပါဝင်မှာကို သဘောတူရင်၊ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီက အချိန်မရွေး အာဏာသိမ်းမှာကို သဘောတူရင် NLD မှတ်ပုံတင်တာကို လည်း ထောက်ခံလို့ ရပါပြီ။ အဲဒါတွေကို သဘောမတူနိုင်ရင်တော့
NLD မှတ်ပုံတင်ရေးဟာ ရင်လေးစရာကြီးပါ။ ဒီမိုကရေစီပါတီ ဆိုတာ တရားဝင် မှတ်ပုံတင် ရမှာပဲ ဆိုတဲ့ အခြေခံလောက်ကိုတွေးပြီး လွယ်လွယ် မဆုံးဖြတ်ကြစေလိုပါ။

စစ်အစိုးရ အဖို့မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ရထားတာဟာ လိုတရ ဆေးကြိမ်လုံးကို ရထားသလိုပါပဲ။ နောက်ဆုံး ကုန်ကုန်ပြောရရင် ၂၀၁၅ မှာ NLD ရွေးကောက်ပွဲဝင်ပြီး တနိုင်ငံလုံးမှာ အနိုင်ရသွားရမယ်ဆိုပါတော့။ ( ဥပမာပြောတာပါ၊ တကယ်တန်းမှာ သူတို့ ဒါမျိုး နောက်တခါ ထပ် အဖြစ် မခံပါဘူး။ NLD မပါဘဲနဲ့တောင် ၂၀၁၀ တုန်းက ဘယ် လောက် ရုပ်ပျက်ဆင်းပျက် မဲခိုးခဲ့သလဲ ဆိုတာ အားလုံး အသိပါ။ ) တကယ်လို့ ၂၀၁၅ မှာ NLD အနိုင်ရ သွားရင် တောင်မှ ပြဿနာရှာပြီး အာဏာ ပြန်သိမ်းလိုက်ရင် ၂၀၀၈ ခု အခြေခံဥပဒေအရ တရားဝင်နေပါသေးတယ်။ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့ အတွက် အဲသလောက် အာမခံချက်ရှိပါတယ်။ ဒါ့ကြောင့် ၂၀၀၈ ခုအခြေခံဥပဒေကြီးကို သိပ်တရားဝင်စေချင် နေတာပါ။ NLD ကိုယ်တိုင် လက်ခံထားတဲ့ အခြေခံဥပဒေပါလို့ နိုင်ငံတကာကို ပြောချင်နေတာပါ။ အဲသလို ပြောနိုင်ဖို့ အတွက် အခုကြိုးစားနေတာပါ။

ဒီတော့ NLD ပါတီ မှတ်ပုံတင်မတင်ဆိုတဲ့ ပြဿနာရဲ့ အဖြေဟာ ၂၀၀၈ အခြေခံဥပဒေကို လက်ခံ၊ မခံဆိုတဲ့ စိန်ခေါ်မှုသာ ဖြစ်တယ်လို့ ဆိုချင်ကြောင်းပါ။

ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း

40 comments:

Anonymous said...

nga paw.. this is written 4 u... သမိုင်းတဖြတ်အမြင်နဲ့ လူတတ်မလုပ်ချင်ပါနဲ့ တိုင်းပြည်အနာဂါတ် အရေးမို့ပါ

Anonymous said...

nga paw.. r u still anti-pap and pro-opp in SG?

let me tell u.. u have too much hatred and u r anti-establishment..

how many ppl aldy told u that?

Ko Thant said...

The current dialogue is to make or mar our destiny. too early to say.

Anonymous said...

nga paw

Anonymous said...

Very good post. NLD should think carefully before making decision for Party Registration.

Nyunt Shwe said...

ဒီဆောင်းပါးရေးသူဟာ ကိုဇော်ဝင်းပဲဖြစ်ဖြစ် ကိုပေါပဲဖြစ်ဖြစ် ရေးခွင့်ရှိပါတယ်။ သူ့အမြင်ကို ခင်ဗျားတို့မကြိုက်လို့ တင်ပြခွင့်မရှိဘူးဆိုရင် ခင်ဗျားတို့လဲ အာဏာရှင်ပါပဲ။ ကျနော်က ပါတီ မှတ်ပုံတင်ရေးကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပါတယ်။ ဒေါ်စုကလွဲပြီး တခြားခေါင်းဆောင်တွေ အရွေးခံတာကိုလဲ ရာနှုန်းပြည့်ထောက်ခံပါတယ်။ ဒေါ်စုကတော့ လွှတ်တော်ထဲကော၊ အစိုးရအဖွဲ့ထဲကော မ၀င်သင့်ပါဘူး။ ပါတီခေါင်းဆောင်နေရာကပဲ ကြိုးကိုင်စေချင်ပါတယ်။ ဒေါ်စုမှာ မပြေးသော် ကန်ရာရှိ တဲ့၊ နိုင်ငံခြားသားနဲ့လက်ထပ်ထားမှု၊ ဖားတပိုင်း ငါးတပိုင်း မိသားစု ရှိနေမှုစတဲ့ အချက်တွေကြောင့် သားသမီးဝတ်ကို တာဝန်ယူတဲ့အနေနဲ့ကော ယနေ့ခေတ်လို နိုင်ငံခြားသားတွေနဲ့ ပိုမိုလက်ထပ်လာကြတဲ့အချိန်မှာ စံပြအနေနဲ့ ဒီအမတ်လုပ်ရေး၊ အစိုးရခေါင်းဆောင်ဖြစ်ရေးအခွင့်အလန်းလောက်ကိုတော့ စွန့်လွှတ်စေချင်ပါတယ်။ ဒါမှမဟုတ်ရင် မြန်မာပြည်မှာ သားသမီးဝတ်ကို မသင်ကြားဖို့နဲ့ ပိဋကတ်ထဲကပါ ထုတ်ပယ်ပစ်ဖို့ လုပ်သင့်တယ်လို့ မြင်ကြောင်းပါခင်ဗျား။ မိကောင်းဖခင်သားသမီးလို့ မခံယူနိုင်သူများလဲ ဆဲချင်ရင် ဆဲနိုင်ကြောင်းပါခင်ဗျား။

Anonymous said...

Nyunt Shwe, please make yourself clear about parent duty. Being a political leader doesn't necessarily need to be very dutiful parent like you think to show as role model for people. For the country, for the people, for the better purpose, we have to scarify those duties. Please consider Buddha (HE even left his son and wife). Your comment is totally irrelevant with the topic.

Ko Paw, I don’t know you personally but I indirectly know you well via your blog, our activities in SG. In my view, I prefer your own post rather than sharing others’ post. I would like to read the originality of your post. As an activist like you should not do “Monkey business” for the sake of your regular blog reader like me who respect you and your post, and also participated together with you in political activities in SG during 2007 & 2008. Hope you understand my point.

Anonymous said...

အင်မတန် နှစ်ခြိုက်၍ သဘောချင်းလည်း တိုက်ဆိုင်လှသည့်အလျောက် ကူးယူဖော်ပြအပ်ပါသည်။.......


http://moemaka.com/2011/11/nyi-thint-myat-%E1%80%92%E1%80%AE%E1%80%99%E1%80%AD%E1%80%AF%E1%80%80%E1%80%B1%E1%80%9B%E1%80%85%E1%80%AE%E1%80%B1%E1%80%98%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%AD%E1%80%AF%E1%80%81%E1%80%BA/

Anonymous said...

သြော် ငပေါ... ငပေါ.... သူမသေခင် နာမည်သေရှာပြီ။

Anonymous said...

မိုးမခ ဆောင်းပါးက ကောင်းပါသည်။ သို့သော် အရေးကြီး ဆုံးအချက်က မှားနေပါသည်။ ရွေးကောက်ပွဲသုံးနေရာ ပြိုင် ရမည်ဆိုသော ကန့်သတ်ချက်ကို ဖျက်မပေးပါ။ အလွန် အရေးကြီးပါသည်။ မစ္ဈိမလည်း တောက်လျောက် မှားရေးနေပါသည်။

Anonymous said...

if God give u chance, you will become the worst dictator mankind has ever experienced..

so many people have voiced out against your stupid ideas.. and you can't stop preaching it...

if u r not a stupid radical dictator, who else will...

Anonymous said...

NLD land slide winning based on DASSK performance and speech.
Do you think NLD can rule/control current Myanmar situation? I don't think in 1990 year also.
I recommended NLD to registar and go for election. It will give more chance for civilian in Nyi-la-gan meeting.NLD can voice out in meeting.
DASSK is in 65 years old now and we need to give way to her to step on the stage.You will never get such type of HERO quality leader within a few year.She is a very tough lady so army will not rule out her voice.
Bear in mind after Bo Gyoke Aun San, I did find any HERO quality man in Myanmar history. All are followers and to gain the benefit for themself. In the result, the country situation is no face in Politic and Economic status.
Current, Mynamar economic is lower than a big company like General Electic, Samsung, Esson Mobile....
Those companies employees number are 100000 to 300000 people.But Myanamr is 50 millions people are useless at all.
Please do not look at past crazy without direction and visibility agreement/ results.
The best is how to move forwards for all in win-win sitaution.

Anonymous said...

ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်း မြန်မာပြည်မှာ သူရဲကောင်းပေါ်နေပါပြီ။ မသိကြလို့ ပါ။
ဒါကတော့ နာမည်ကြီး ငပေါပါ။
သူကိုသာ ၀န်းရံပေးကြပါ။
သူ့ မှာ လုပ်ပိုင်ခွင့်တွေရလာရင် ဗမာပြည် နူလာကနေ ၀ဲစွဲ လာပါလိမ့်မယ်။

Zwe said...

To Ko Zaw Win and Ko Paw, Thanks for showing your concerns about Myanmar's future. I am sure we all have the same common goal for Myanmar - that is to build a peaceful, prosperous and democratic Myanmar that respects human rights of all its people. To achieve that NLD and all democratic forces:

1. Must build capabilities and institutionalize their governance, leadership development and grass-roots building activities
2. Work constructively with key stakeholders to create conditions on the ground that will impact positively to the livelihood of people (poverty reduction, education, health, economic development etc.)

Once the above two things happen and gain momentum, moving Myanmar to democracy will be much easier.

For that reason, I prefer NLD to register the party and avoid another round of conflicts that will result in lose-lose situation for everyone. If another round of confrontations and conflicts happens, the people who suffer the most will be people of Myanmar. I don't want to see that happens and I hope you don't want to see that either.

Thu said...

Thank you Ko Zaw Win for fruitful data and critics rather than blunt agitating to Daw Su and NLD.

Professional Politician Mg Suu San said for 21 Century politics:
နိုင်ငံရေးကို စဉ်းစားကြတဲ့အခါမှာ တချို့က အုပ်စိုးတဲ့လူရဲ့ intention ကို အဓိကထားတယ်။ တချို့က ခေတ်ကာလ မှာ လွှမ်းမိုးတဲ့ အယူအဆ၊ အိုင်ဒီယာတွေ၊ Ideology ကို အဓိကထား စဉ်းစားတယ်။ တချို့က personality လူပုဂ္ဂိုလ်ကို အဓိကထားစဉ်းစားတယ်။ reality ပကတိအခြေအနေကို အဓိကစဉ်းစားတာ ရှိတယ်။ အဲဒီထဲမှာ reality ကို အဓိကထား စဉ်းစားတာမျိုးပဲ ကျန်မယ်။
အခု ခေတ်က ideology ၀ါဒတွေ ရဲ့ လမ်းညွှန်မှုတွေ မရှိဘူး။ သမိုင်းရဲ့ လမ်းညွှန်မှု၊ သမိုင်းလိုအပ်ချက်အရ ဆိုတာတွေ မရှိဘူး။
sober politic လုပ်ရမယ်။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ကိုယ်တိုင် လေးလေးနက်နက် သုံးသပ်မှုတွေနဲ့၊ creativity နဲ့ လုပ်ရမယ်။ လုပ်တဲ့အခါ ပကတိအခြေအနေ reality အပေါ် better analysis မှန်မှန် ကန်ကန် သုံးသပ်ပြီးနဲ့ better prediction of future အနာဂတ် ကို ပိုပြီးမှန်ကန်အောင်တွက်ပြီး လုပ်တတ်ဖို့ အရေးကြီးတယ်။ နိုင်ငံရေးဆိုတာ The Art of Prediction လို့ ဆိုတာပဲ။
http://www.myanmar.mmtimes.com/2011/news/541/news20.html

My points by common outlook;
Bo Than Shwe retreats with defence strategy left best defender Bo Thein Sein seem to be soft-liner, key transformer of transitional period, till oblige to generals.

NLD will re-register and undertake bi-election realized on to seize the majority in 2nd term election 2014.
The great elephant retreat a foot step for accelerated forward movement.

Similar to Ko Paw said, let inland NLD know " Trust Daw Su's capability, honesty and bow down to NLD prolonged withstands.

Anonymous said...

အင်မတန် နှစ်ခြိုက်၍ သဘောချင်းလည်း တိုက်ဆိုင်လှသည့်အလျောက် ကူးယူဖော်ပြအပ်ပါသည်။...

http://www.demowaiyan.co.cc/2011/11/blog-post_361.html

kyaw myo said...

https://www.facebook.com/notes/maung-maung-wann/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%82%80%E1%80%80%E1%80%8A%E1%80%B9%E1%80%80%E1%80%AF%E1%80%AD%E1%81%80%E1%80%94%E1%80%B9%E1%80%B8%E1%80%9B%E1%80%B6%E1%80%B1%E1%80%95%E1%80%B8%E1%80%95%E1%80%AB-%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9%E1%81%80%E1%80%99%E1%80%B9%E1%80%B8/272586929449713

Anonymous said...

That is a good article. Most commentators are criticized on personal not on articles. It makes me deep sorrow. I want to see a thoughtful counter comments.

thanks

cyrus

Anonymous said...

သောက်ပေါကို သောက်ပေါက ထောက်ခံနေပြန်ပါပီ။

Anonymous said...

ကြာတော့သည်လည်း မောင့်စကား............
“ရီတာတယောက် တယ်လဲ မျက်စိသျှမ်းသကိုး။ “အိုးပင်းဂေါက်” လို့ သူ(ဘိုဘိုလန်းစင်) ထင်တဲ့ လူရဲ့ စာကို သူဖေ့စ်ဘွတ်မှာ တင်ပါ့မလားခင်ဗျ။ ကျနော်တော့ ဖတ်ရင်းနဲ့ အဲသည်နေရာရောက်တော့ ချက်ချင်း သတိထားမိပြီး တယောက်တည်း ရယ်လိုက်ရတာ။ အိမ်ပြန်ရောက်တော့လည်း မဒမ်ပေါကို ဖတ်ပြရင်းနဲ့ ရယ်ကြရသေးတယ်။
ကျနော့်မှာတော့မှန်ဘီလူးမရှိဘူးဗျိုး။ ဆေးတံနဲ့ ခေါင်းပေါင်းနဲ့ဆိုတော့ ဦးရှံစားနဲ့ မှားပြီး လာငှားနေမှာ စိုးလို့။

http://ritako.blogspot.com/2010/10/blog-post.html

Anonymous said...

အဲ့ဒါ ဘိုဘိုလန်းစင်ဆိုတဲ့ အရင် ဧရာဝတီမှာ ဆောင်းပါးရေးနေတဲ့ တစ်ယောက်ပါ။ သူရယ် သူရိန်ကျော်ဇော် (၀တုတ်) ရယ် ကိုပေါ ခေါ် (အောင်နိုင်မိုး) ရယ်က တစ်အုပ်စုပါ။ ဒေါက်တာဇာနည်နဲ့ ဘိုဘိုတို့နဲ့ အလွမ်းသင့်တယ်။ ပြောရရင်တော့ ဘိုဘိုလန်းစင်ဆိုတာ လူထု ဦးလှရဲ့ မြေး၊ သူရိန်ကျော်ဇော်ဆိုတာ ကွန်မြူနစ်ပါတီက ဗိုလ်မှူးချုပ်ကျော်ဇောရဲ့မြေး၊ နှစ်ကောင်စလုံး ဒေါ်စုရဲ့ စကောလားရှစ်နဲ့ အင်္ဂလန်မှာ ကျောင်းတက်ပီး လူဖြစ်လာတဲ့ ကောင်တွေ၊ ဒေါ်စုကို ဝေဖန်တာ နှစ်ယောက်မရှိ၊ ဗိုလ်ချုပ်ကိုတောင် အသေစောလို့၊ သက်ရှိထင်ရှားသား ရှိနေရင် တစ်ခြားနိုင်ငံက စစ်အာဏာရှင်တွေလိုပဲ သိက္ခာဆိုတာ တစ်ပြားသားမှ မရှိပါဘူး ဆိုပီး ပြောနေတာ အဲ့ကောင်တွေလေ... ဝေဖန်တယ်ဆိုတဲ့ ခေါင်းစဉ်အရိပ်ကို ခိုလှုံပြီး အတင်းတုတ်၊ ပုဂ္ဂိုလ်ရေး စော်ကားနေကြတာ... ခွေးလောက်တောင်မှ ကျေးဇူးသိတတ်မှုမရှိတဲ့ကောင်တွေ။ သူတော်ခြင်းခြင်း သတင်းလွေ့လွေ့ ပေါင်းဖက်ကြလိမ့်မယ်.... ဒီလိုကောင်တွေမှ သူတို့ပြောသလိုမလုပ်လို့ ပြည်သူကို ရန်ရှာနေတဲ့ ခွေးရူးတွေပဲ။

Anonymous said...

မပူပါနဲ့ 
ခွေးလေးခုန်လို့ ဖုန်မထပါဘူး..
ဒီကောင်တွေ ဘာအဖြစ်မှ ရှိတဲ့ကောင်တွေမဟုတ်ဘူး..
သူတို့ ဘာပဲရေး လူတွေမှာ လက်ခံသင့်လား လက်မခံသင့်လား စဉ်းစားဥာဏ်ရှိတယ်။ ဒေါက်တာလွဏ်းဆွေနဲ့  irrawaddy blog မှာ vote လုပ်တဲ့ result တွေ ကြည့်ရင် ဒီကောင်တွေလုပ်တာ အရာမရောက်မှန်း အသိသာကြီးပါ။

Anonymous said...

ကိုပေါနဲ့ အပေါင်းတစုရေ..
ဒေါ်အောင်ဆန်းစုကြည်လုပ်ရပ် ဆုံးဖြတ်ချက် မှန်တယ်လို့ ကိုယ်ဘာကိုယ် လက်ခံလာတဲ့ အချိန်မှာတော့ အရင် စော်ကားခဲ့တာတွေ တောင်းပန်ဖို့  မရှက်တတ်ပါစေနဲ့ ။

Anonymous said...

ထောင် မ ပြော နဲ့ ဘာ မ ဟုတ် တဲ့ စ လုံး PR လေး လက် လွှတ် သွား ပြီး မိန်း မ ငြို ညင် မှာ စိုး လို့ သံ ရုံး ရှေ့ တောင် ဖြတ် မ လျှောက် ရဲ တဲ့ သူ က ကျ မ တို့ ခေါင်း ဆောင် ကို ဟို လို လုပ် ပါ ဒီ လို လုပ် ပါ နဲ့ | မှန် တယ် ထင် ရင် လုပ် ချင် ရင် ပြည် တော် ပြန် လုပ် လေ|ဘ ဝ တွေ ပေး ပြီးထောင် ကျ နေ တဲ့ လူ တွေ ကို လဲ ရှက် ပါ အုန်း|

Anonymous said...

ခါင်းဆောင်ကြီးကို စိတ်နှင့်တောင့် မပြစ်မှားကြနဲ့။ သူပြောသမျှ ဘာမှ မဝေဖန်ဘဲ နောက်က တိတ်တိတ်လိုက်ကြ။ ကင်မ်ဂျောင်အီနဲ့ တနေ့တခြား ပိုပိုတူလာပြီ။ နောက်လိုက်တွေက ပိုဆိုးသေးတယ်။ မမြင်မတူသူကို ဖမ်းပြီး လက်သည်းခွံခွာချင်တဲ့ ကင်ပေတိုင်စိတ်ဓါတ်နဲ့။ ထောင်ကျဖူးမှ ခေါင်းဆောင်ကို ဝေဖန်ရမယ်ဆိုတာလည်း အံ့ဖွယ်သုတပါပဲ။

Anonymous said...

ခါင်းဆောင်ကြီးကို စိတ်နှင့်တောင့် မပြစ်မှားကြနဲ့။ သူပြောသမျှ ဘာမှ မဝေဖန်ဘဲ နောက်က တိတ်တိတ်လိုက်ကြ။ ကင်မ်ဂျောင်အီနဲ့ တနေ့တခြား ပိုပိုတူလာပြီ။ နောက်လိုက်တွေက ပိုဆိုးသေးတယ်။ မမြင်မတူသူကို ဖမ်းပြီး လက်သည်းခွံခွာချင်တဲ့ ကင်ပေတိုင်စိတ်ဓါတ်နဲ့။ ထောင်ကျဖူးမှ ခေါင်းဆောင်ကို ဝေဖန်ရမယ်ဆိုတာလည်း အံ့ဖွယ်သုတပါပဲ။
Aung Naing Moe

Anonymous said...

သူများတွေ ဘယ်လိုသွားနေလဲ ကြည့်စရာလား။ မြန်မာ့အမျိုးသားရေးစရိုက်လက်ခဏာတွေနဲ့ ကိုက်ညီတဲ့ စည်းကမ်းရှိသော ဒီမိုကရေစီနဲ့သွားမယ်လို့ ဒယ်ဒီက ပြောပြီးသား။ မာမီကလည်း ယောက်နောက်ဆံထုံးပါဆိုသလို ဖေကြီးသဘောတဲ့။ သားသမီးတွေတိတ်တိတ်နေကြ၊ ဒါပဲ။
Aung Naing Moe

Anonymous said...

အင်မတန် နှစ်ခြိုက်၍ သဘောချင်းလည်း တိုက်ဆိုင်လှသည့်အလျောက် ကူးယူဖော်ပြအပ်ပါသည်။.......

http://drlunswe.blogspot.com/2011/11/blog-post_2596.html

Anonymous said...

ကိုပေါနှင့် အမြင်ခြင်းတူလှ သဖြင့် share လိုက်ပါသည်။

http://www.myanmarexpress.net/2011/11/blog-post_13.html

Aung said...

ကိုပေါ.. အန်တီစုနဲ့ ဦးသိန်းစိန် တွေ့ဆုံကြပြီး ရက်ပေါင်း ၉၀ကျော်အကြာမှာ မြန်မာနိုင်ငံရေး ဘာတွေတိုးတက်လာတယ်ဆိုတာ တကယ်မမြင်တာလား မသိချင်ယောင်ပဲဆောင်နေတာလား၊ တကယ်မသိလောက်အောင် တုံးလွန်းအားကြီးလို့ ကိုပေါလို့ပဲ နံမည်တွင်နေတာလားဆိုတာတော့ ခင်ဗျားကိုယ်ခင်ဗျားပဲ သိမှာပါ။ ပြည်သူတွေကို ကိုယ့်အကြိုက်လမ်းစဉ်လိုက်ခိုင်းမယ့်အစား ပြည်သူတွေစိတ်ချမ်းသာစေမယ့် ပြည်သူ့စိတ်ကြိုက် ပြည်သူနဲ့တသားထဲ ဖြစ်စေချင်ပါတယ်။ အတိတ်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိဖြစ်နေတဲ့ဖြစ်တည်မှုပေါ် အခြေခံပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်စေမယ့်လမ်းကြောင်းကို ရွေးချယ်ခြင်းသာအမှန်ကန်ဆုံးလမ်းလို့ယူဆပါတယ်။ ခု NLD လျှောက်နေတဲ့လမ်းဟာ ဒီနေ့ဒီအချိန်အတွက်တော့ ခေတ်အမှီဆုံးနဲ့ အကောင်းဆုံးရွေးချယ်မှုလို့ ယူဆကြောင်းပါ။ :)

Kyaw Kyaw Singapore said...

PRESIDENT OBAMA:Yet after years of darkness, we've seen flickers of progress in these last several weeks. President Thein Sein and the Burmese Parliament have taken important steps on the path toward reform.

Last night, I spoke to Aung San Suu Kyi, directly, and confirmed that she supports American engagement to move this process forward. So today, I've asked Secretary Hillary Clinton to go to Burma. She will be the first American Secretary of State to travel to the country in over half a century, and she will explore whether the United States can empower a positive transition in Burma and begin a new chapter between our countries.

But today, we've decided to take this step to respond to the positive developments in Burma and to clearly demonstrate America's commitment to the future of an extraordinary country, a courageous people, and universal values.

Nga paw Says :ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 92 ရက် တိတိကြာခဲ့ပါပြီ။

Nga paw : u r not normal person. U can be compared with Obama. :D

Anonymous said...

(Nga paw Says :ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 92 ရက် တိတိကြာခဲ့ပါပြီ။)
ငပေါ က အိမ်မှာနေ အရက်ကလေးသောက်လိုက် မိန်းမနဲ့ နှပ်လိုက် လုပ်နေပြီး အားလို့  ယားလို့  ရေးထားကို ဂရုစိုက်မနေပါနဲ့ ။

Anonymous said...

Ko Paw

You seem to be occupied bashing Daw Su and you also are a supporter of
Bengali Rohingyas. See below:

Genocide of Native Buddhist Rakhines in Maungdaw By Bengali aliens

http://hlaoo1980.blogspot.com/2011/11/begali-maungdaw-genocide-of-native.html

Copy and Paste said...

အဓိကရုဏ်း တစ်ခုပေါ်လာတဲ.အထိ
ဆက်စောင်.ပေါ.ဗျာ။ ရိုးရိုးတန်းတန်း
မစောင်.ပဲအဓိဌာန်ပုတီးလေးစိပ်ပြီးဖြစ်
ဖြစ်သေရည်လေးမှီဝဲရင်းဖြစ်ဖြစ်စောင့်
ပေါ.ဗျာ ။ စေတနာမှန်တဲ.ဆရာတို.ဆု
တောင်းပြည်.၀တော.မှာပါ..နော။
သိပ်လည်းစွေ့ စွ့ မခုန်ပါနဲ.ဗျာ။
ခင်ဗျားတို့ ကတော့ ပြည်သူတစ်ရပ်
လုံးကိုကိုယ်စားပြုတယ်လို့ ထင်နေတာ
လား။ ပြည်တွင်းကလူတွေကခင်ဗျားတို.
ဘာတွေလုပ်ခဲ့ လဲဘာတွေလုပ်နေလဲ
သိလည်းမသိ၊စိတ်လည်းမ၀င်စားဘူးဗျ။

Copy and Paste said...

ဒေါ်အောင်ဆန်းစုကြည်၇ဲ့ ဆုံးဖြတ်ချက်ကို အကောင်းမမြင်နိုင်သေးတဲ့ လူတွေကို မြင်၇၊ သိ၇၊ ကြား၇တော့  ကိုလိုနီခေတ်ကို ပြန်မြင်ယောင်စေပါတယ်။ ဗိုလ်ချူပ်က ဂျပန်နဲ့ပေါင်းလိုက်၊ English နဲ့ပေါင်းလိုက် လုပ်ချင်သလိုလုပ်ပြီး လိုချင်တာကို ၇အောင်လုပ်ဖို့ကြိုးစားနေချိန်က သခင်ကိုယ်တော်မှိုင်းက စပြီး၊ Dr. ဘမော် မကျန် အကုန်လုံးက ၀ိုင်း၇ှပ်ချ၊ အပြစ်တင်ကြပါတယ်။ နောက်ပိုင်းကျမှသာ လွတ်လပ်ေ၇းဖခင် ဆိုပြီးတန်ဖိုးသိလာတာပါ။ ခေါင်းဆောင်ကောင်းဆိုတာ ခင်ဗျားတို့လူပိန်းတွေထက် ပိုမြင်နိုင်(ခဲ့)တယ် ဆိုတာ ဘယ်သမိုင်းကို လှန်လှန်တွေ့၇မှာပါ။ မှန်ခြင်း၊ မှားခြင်းကို သမိုင်းဆိုတဲ့ (အချိန်) နဲ့ ၇လဒ် ကသာ အဆုံးအဖြတ်ပေးပါလိမ့်မယ်း)

Anonymous said...

'ကိုအေးလွင်တို့လို စီးပွားရေးပိတ်ဆို့မှု ဖွင့် ပေးဖို့ တောင်းဆို ပေးသူတွေ ကိုတောင်မှ မျက်နှာသာ မပေး ကိုလည်း သတိထားဖို့ လိုပါတယ်။ NDF အခု ဘာဖြစ် နေသလဲ ဆိုတာ ကိုလည်း ကြည့်ဖို့ လိုပါမယ်။ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ NDF ဟာ ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက်တောင် နိုင်ငံရေး လုပ်ခွင့်ရပါရဲ့လား။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NDF ကို ရွေးကောက်ပွဲ မဝင်တဲ့ NLD လောက် တောင်မှ'

Faulty logic! No one cares who is
Ko Aung Lwin or candidates of NDF,
NLD is NLD because of Daw Su and
U Tin Oo. NLD less Daw Su and U Tin Oo will be just another party
so that logic is faulty.

Kyaw Kyaw Singapore said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 99 ရက် တိတိကြာခဲ့ပါပြီ။

Paw Gyi ! Nyein Hla par lar kwa

He` He` He` :D

Anonymous said...

မိန်းမနဲ့ နှပ် tar ma o thae lo htin pa yea.. dar ma mah hot.. nga paw pa sat ma arr aung thu min ma ka ho ha sote khaing tar tae htin tae.. :D

YIT Classmate, singapore said...

Paw Gyi !

Lote Par Ohm Kwa !
Only you can save Myanmar People under Military Government. You will be only one Great Leader of Myanmar.Dont scare your wife. Let go and shout in front of Myanmar Embassy "
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် ပထမအကြိမ်တွေ့ဆုံပွဲပြီးလို့ ယခု ရက်ပေါင်း 99 ရက် တိတိကြာခဲ့ပါပြီ။ "

Harrr Harrrr Harrrr :D

Anonymous said...

Prove yourself that your are not so-called "air-con expert", who post their misguided opinion to internet from your comfortable air-conditioned room without realizing how hard others are trying for the betterment of their life under the reality, under the hot Sun.

Instead of criticizing others, why don't u propose a complete solution to current problems and boost the PPP to match that of Malaysia. If your solution is creditable and implementable, the whole population will be so grateful to you and you will become the Architect of First World Myanmar!!!

If not ,you should shut your mouth up and observer others doing something good for the country.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs