“ပြဿနာအပေါင်းတို့ မြစ်ဖျားခံရာ”

Share |

မြစ်ဆုံမှာ ဆည်ဆောက်ရုံမျှနဲ့ ဧရာဝတီမြစ်ကြီး တိမ်ကောနိုင်ပါ့မလား။

ဒီမေးခွန်းက ကျနော့်ခေါင်းထဲမှာ ရောက်နေတဲ့ မေးခွန်းများထဲက တစ်ခုဖြစ်သည်။

လျှပ်စစ်ဓါတ်အားထုတ်ယူရေးအတွက် သတ်မှတ်ထားသော ရေတွန်းအားရရှိစေရန်၊ ရေပမာဏများလာစေရန် ဆည်ဆောက်ပြီး ရေကို ခေတ္တ တန့်သည့် သဘောမျှဖြစ်သည်။ ပြီးလျှင် ထိုရေသည် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တာဘိုင်ဒလက်များကို ဖြတ်သန်းပြီးသည့်အခါ ဧရာဝတီ မြစ်ထဲသို့ပင် ပြန်လည် စီးဝင်မည်။ ထိုမြစ်ရေကို လုံးဝရပ်တန့်သွားအောင် တားရန်မူကား မဖြစ်နိုင်။

နောက်စဉ်းစားရန်တချက်မှာ ဧရာဝတီမြစ်သည် မေခ နှင့် မလိခ မြစ်နှစ်သွယ်တွင် မြစ်ဖျားခံလာခဲ့သည် မှန်သော်လည်း ချင်းတွင်းမြစ်အပါအဝင် မြစ်လက်တက်၊ ချောင်းလက်တက်များစွာ စုဆုံ စီးဝင်လာသည့် မြစ်ကြီးဖြစ်သည်။ ထိုသို့ဆိုလျှင် ဓါတ်အားပေးစက်ရုံအတွက် ဆည်ဆောက်ရုံမျှဖြင့် မြစ်ကောသွားနိုင်ပါမည်လော။ လောပိတ ရေအားလျှပ်စစ်စက်ရုံကြောင့် ဘီလူးချောင်း တိမ်ကောသွားသည်ဟုတော့ မကြားမိ။

ဆည်များတည်ဆောက်ပြီးသည့်အခါ မိုးများပြီး ဆည်ရေမြင့်တက်လာသည့်အချိန်မျိုးတွင်မူ ရေကို ဖောက်ချရသည့် ကိစ္စများရှိနေသည်။ ရေကာတာ အနီးပတ်ဝန်းကျင် အနိမ့်ပိုင်းတွင် တည်ရှိသော လူနေမြို့ရွာများကို ရေလွှမ်းခံရမည့် အန္တရာယ်ကတော့ အမှန်တကယ်ပင်ရှိသည်။

ဤကား မြစ်ဆုံရေကာတာနှင့် ပတ်သက်၍ ကျနော့်ခေါင်းထဲ ပထမဦးဆုံး ဝင်ရောက်လာသော အတွေးများ ဖြစ်ပါသည်။ နောက်ဆက်တွဲ အတွေးများ ရှိပါသေးသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုတရပ် ပြည်တွင်းပြည်ပတွင် ပေါ်ပေါက်လာသည်ကို တွေ့ရပါသည်။ ကျနော်ဖတ်ရှုတွေ့မြင်ရသလောက် ဆန့်ကျင်ကန့်ကွက်ကြသူများသည် (၁) သဘာဝ ဘေးပတ်ဝန်းကျင် ကာကွယ်ရေး ရှုထောင့်မှလည်းကောင်း (၂) ဘိုးဘွားအစဉ်အဆက် အမျိုးသားအမွေအနှစ် မပပျောက်ရေး ရှုထောင့်မှသော်လည်းကောင်း (၃) ရေကာတာ ပတ်ဝန်းကျင် မြို့ရွာများ ရေလွှမ်းခံရမည့် အန္တရာယ်ကို ကာကွယ်ရေး ရှုထောင့်မှသော်လည်းကောင်း ဆန့်ကျင်ကန့်ကွက်ကြသည်ကို တွေ့ရပါသည်။

ကျနော်သည်လည်း ယခု ရေကာတာ ဆောက်လုပ်မည့်အရေးကို ဆန့်ကျင်ကန့်ကွက်လိုသူ တဦးပင် ဖြစ်ပါသည်။ သို့သော် ကျနော်ကန့်ကွက်လိုခြင်းမှာ အထက်ပါ အကြောင်းများကြောင့်တော့ မဟုတ်ပါ။ ရှင်းပါဦးမည်။

ပထမဦးဆုံး အချက်မှာ ဤရေကာတာစီမံကိန်းကို စတင်ခဲ့သည့်အစိုးရမှာ လူထုက ရွေးချယ်တင်မြောက်ခဲ့သည့် လူထုအစိုးရမဟုတ်ဘဲ ၁၉၈၈ ခုနှစ်က တရားမဝင် အာဏာသိမ်းပြီး တက်လာသည့် စစ်အစိုးရဖြစ်နေခြင်းပင်ဖြစ်သည်။ လူထုအစိုးရမဟုတ်သဖြင့် ဤသို့သော စီမံကိန်းများကို ပြုလုပ်ရန် ထိုအစိုးရတွင် အခွင့်အာဏာမရှိပါ။

ဒုတိယအချက်အနေဖြင့် ထိုအစိုးရသည် စစ်အစိုးရပီပီ လူထုအား ချပြတိုင်ပင်ခြင်းမရှိဘဲ၊ လူထုသဘောထား စစ်တမ်းကောက်ယူခြင်းမရှိဘဲ ထိုစီမံကိန်းကို ၄င်းတို့သဘောသက်သက်ဖြင့် တရုတ်အစိုးရနှင့် စာချုပ်ချုပ်ဆိုကာ စတင်ခဲ့ခြင်းဖြစ်ပါသည်။

တတိယအချက်အနေဖြင့် ထိုရေကာတာစီမံကိန်း လျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ရရှိမည့် ဓါတ်အားအများစုကို အမှန်တကယ်လိုအပ်နေသည့် မြန်မာပြည်သူများက ခံစားခွင့်မရှိဘဲ တရုတ်ပြည်သို့ ရောင်းစားသည့်အချက်မှာလည်း အတော်ပင် နည်းလမ်းမကျသည့် လုပ်ရပ်ဖြစ်သည်။

ဤအချက်သုံးချက်သည် ယခုလောလောဆယ် တည်ဆောက်ဆဲဖြစ်သော မြစ်ဆုံရေကာတာ စီမံကိန်းကို ကျနော့်အနေနှင့် ဆန့်ကျင်ကန့်ကွက်ရခြင်း၏ အကြောင်းရင်းများဖြစ်ပါသည်။

အမှန်တကယ် ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးချယ်တင်မြှောက်ထားသော လူထုအစိုးရတရပ် (ယခု ကြံ့ဖွံ့အစိုးရမျိုးမဟုတ်) တက်ရောက်လာသည့်အချိန်တွင်လည်း ကျနော်တို့တိုင်းပြည်၏ စွမ်းအင်လိုအပ်ချက်များအရ မြစ်ဆုံဒေသအပါအဝင် မြန်မာပြည်တဝှမ်းရှိ မြစ်ချောင်းများတွင် ရေအားလျှပ်စစ် စီမံကိန်းများကို ဆောက်လုပ်ဖို့ လိုအပ်လာပါလိမ့်မည်။ သို့သော် ထိုသို့သော စီမံကိန်းများကို စတင်ခြင်းမပြုမီ သက်ဆိုင်ရာ အစိုးရအနေနှင့် လူထုသဘောထားစစ်တမ်းများကောက်ယူခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ပညာရှင်များ၏ အစီရင်ခံစာများကို အလေးဂရုပြုခြင်း၊ လွှတ်တော်အတွင်း အတည်ပြုချက်အတွက် ဆွေးနွေးခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းများကို ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။

ဤရေကာတာစီမံကိန်းသည် မြန်မာပြည်အတွင်းတွင် ယနေ့ဖြစ်ပေါ်နေသော အခြား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ပြဿနာအများစုနည်းတူပင် အဓိကသော့ချက်ဖြစ်သည့် နိုင်ငံရေးစနစ် (နိုင်ငံရေးအရလွတ်လပ်ပွင့်လင်းမှု)ကို ပြုပြင်ပြောင်းလဲဖန်တီးယူခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်ဆိုသည့် အချက်ကို မီးမောင်းထိုးပြလိုက်သည့် ဥပမာကောင်းတခုပင် ဖြစ်တော့သည်။

ကိုပေါ။
(စက်တင်ဘာ ၁၁၊ ၂၀၁၁)


13 comments:

Anonymous said...

Yes..Good. Agreed it.

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာအကြောင်း ကိုပေါ ရေးထားတာ ကောင်းတယ်၊ ကိုပေါအပြင် အင်တာနက်ပေါ်က တခြား ဘလော့ဂါတွေပါ အတတ်နိုင်ဆုံး ၀ိုင်းဝန်လှုံဆော်သင့်ပါတယ် ...

Anonymous said...

ကိုပေါ ရေးတာနဲ့ ၀န်ကြီးဇော်မင်း ပြောတာနဲ့ ထပ်တူကြနေလို့ အောက်ကလင့်ကို ထည့်ပေး လိုက်ပါတယ်။ အသံတူနေလို့ပါ။ ကမ္ဘာမှာ ဆည် အသစ်ဆောက်တဲ့ ကိစ္စတွေ အတော် စဉ်းစားလာပါပြီ။ တရုတ်မှာ ထပ်ဆောက်မယ်ဆို ထပ်ဆောက် နိုင် မယ့် မြစ်တွေ ယူနန်ထဲမှာပဲ သံလွင် အပေါ်ပိုင်း ကျန်နေသေးတယ်။ စီမံကိန်းချပြီးပေမယ့် ဘာကြောင့် ဆက်မလုပ်တာလဲ။ မြန်မာပြီးမှာ မြစ်ကြောင်း ပြောင်းမှာ စိုးရိမ်လို့တော့ မဟုတ်တန်ကောင်းပါ။
http://www.11-media.com/index.php?option=com_content&view=article&id=10124:2011-09-11-18-18-04&catid=42:2009-11-10-07-36-59&Itemid=112

ကိုပေါ said...

Hi Anonymous ( 3:04 pm),

Thanks for your link. I didn't know about it before you mentioned. By the way, U Zaw Min's stand and my stand are not the same. He is for the present dam project and I am against the present dam project. I have clearly stated my reasons in my post.

Anonymous said...

ဘီလူးချောင်း. ရေအားလျှပ်စစ်ဟာ
(၅၂). နှစ်ကြာသည့်တိုင်. Going Strongဖြစ်နေတာဟာ. အခုမြစ်ဆုံ
စီမံကိန်းလို. ရေကာတာ(ရေလှောင်တာတမံ)မဟုတ်ခဲ့လို့ဘဲ၊. သ ဘာဝ
ရေတံခွန်အောက်မှာTurbineကို. လည်စေပြီးလျှပ်စစ်. ထုတ်လုပ်ခဲ့တာ
ဖြစ်လို့. ရေစီးမှာအနှောက်အယှက်. တစုံတရာမရှိခဲ့ဘူး၊. ဒါကြောင့်
သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှု. သိပ်မရှိခဲ့ ဘူး၊.

Thu said...

River lives like a man in three stages, younger, matured and older.
Natural processed such as erosion, deposition of sediments, forming the sand bars, shallowing and shifting, stacking the channels occurs prior than civilization.
Present Irrawaddy dispute is happened between sentimental and economical issues.

K.Z.Thant said...

Anonymous@September 14, 2011 9:37 PM သို့
တစ်ဝက်မှန်ပြီး တစ်ဝက်မှားနေပာတယ်။
လောပိတဓာတ်အားပေးစက်ရုံအတွက် အင်းလေးကန်တောင်ဖက် မိုင် ၅၀ လောက်အကွာ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်မှာ ၂၀၇ စတုရန်းကီလိုမီတာရှိတဲ့ မိုးဗြဲဆည်ကို ၁၉၇၀ မှာ အပြီးဆောက်ထားပာတယ်။ သဘာဝရေတံခွန်လဲ မဟုတ်ပာဘူး။ မိုးဗြဲကရေကို မိုင် ၃၀ ကျှော ရေမြောင်းနဲ့သွယ်ယူလာပြီးမှ ပေ ၁၃၀၀ လောက် နက်တဲ့ ချောက်ကြီးထဲမှာ စက်ရုံကို ဆောက်ထားတာပာ။ ( 19°33'18.69"N 97°21'30.35"E )
ဒာကြောင့် ရေနည်းနည်း, စက်တပ်ဆင်အား နည်းနည်းနဲ့ ထုတ်နိုင်စွမ်းများတာပာ။ အခု မြစ်ဆုံကတော့ ဒီဇိုင်းအရကို Gravity Difference မရှိလို့ လောပိတလောက် အမြတ်မထွက်ပာ။ ပေ ၈၀၀ လောက်မြင့်တဲ့ တမံမှာ ရေအပြည့်ဖြည့်ပြီးမှ လေပိတက ရေအရှိန်ကို ရမှာပာ။

ကိုပောခင်ဗျား
၁. လူထုအစိုးရမဟုတ်တဲ့ စစ်အစိုးရက
၂. လူထုကို တိုင်ပင်ချပြခြင်းမရှိဘဲ
၃. ပြည်တွင်းမှာသုံးဖို့ သက်သက် စက်ရုံဆောက်မယ်ဆိုရင်ရောဗျား...
သဘောတူ မတူသိချင်ပာဘိ။

ကျွန်တှောဆိုရင်တော့ အပှောကအချက်တွေအရ ဆောက်ရင် သဘောတူတယ်။
အခု မြစ်ဆုံကို သဘောမတူတာက ပညာရှင်တွေနဲ့ နိုင်ငံသားတွေရဲ့ သဘောထားကို အရေးတယူမလုပ်ဘဲ ကိုယ့်နိုင်ငံအမြတ်မရှိတဲ့ ကိစဿစကို လုပ်ချင်တိုင်း လုပ်သွားလို့ ပာ။

ကိုပေါ said...

KZ Thant,
မိတ်ဆွေရဲ့ မေးခွန်းတွေအတွက် ကျနော့်ပို့စ်ထဲမှာ အဖြေပါပြီးသားပါ။ ကျနော် ကန့် ကွက်ရခြင်း အကြောင်း ၃ ချက်ကို ပြန်ဖတ်ကြည့်ပါ။

Thu said...

Poet Innwa U Ko Lay said to Min Ko Nang " I'm emotional, practical thing was done by politician like as you".
Most artists' view is based on sentimental view rather than technical.
They are good sense to love nature but look after whole country development that need well set up infrastructure.

hlamyint said...

dear ko paw,
thanks for ur discussion of Irrawaddy dam project;
*this is an enormous project
*the present regime is "illegitimate".
*they have no RIGHT to handle this giant project.
*actually they are transitional defacto gov.
*this issue should be settled by next "legitimate"
govt. by the people ,for the people of Burma.

ကိုပေါ said...

Dear Hlamyint,

Thanks for your summarized views. I fully agree with them. One more thing to add, the present government should stop constructing it right now.

Anonymous said...

When you use your brain, you are not that bad!

Anonymous said...

i agree with above Anonymous...
nga paw.. good job for this one.. :D:D
u should use your brain more..
or may be u took your med before u wrote this..

aww.. nga paw.. nga paw...

mun tal a ka lal mum pae ma pot..

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs