မေ့တတ်သူများ သတိထား

Share |

"Those who do not remember their past are condemned to repeat their mistakes."
“အတိတ်ကနေ သင်ခန်းစာ မယူတတ်သူတွေဟာ အမှားတွေကို ထပ်ဖန်တလဲလဲ လုပ်မိဖို့ ကျိန်စာသင့်နေကြသူတွေသာ ဖြစ်တယ်”

ရာစုနှစ်တခု၊ နှစ်ပေါင်း ၁၀၀ ဆိုတာ သမိုင်းအမြင်နဲ့ကြည့်ရင် တကယ်တော့ ဝေးလံလှတဲ့ အတိတ်မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့တတွေ အမှတ်သညာ မနည်းဘူးဆိုရင်၊ အမှုမဲ့ အမှတ်မဲ့ မနေခဲ့ဘူးဆိုရင်၊ သမိုင်းကို လေ့လာတီးခေါက်ကြည့်ခဲ့မယ်ဆိုရင် သတိရသင့်တဲ့ အတိတ်က အဖြစ်အပျက်တွေ ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တရာခန့်က မြန်မာတွေ အင်္ဂလိပ်လက်အောက်မှာ ကျရောက်နေစဉ် ကာလအပိုင်းအခြားကို ပြန်လည် စဉ်းစားကြည့်ပါ။

အဲဒီအချိန်က မြန်မာပြည်မှာ နိုင်ငံပေါင်းစုံက ကုမ္ပဏီကြီးတွေ၊ ကုန်တိုက်ကြီးတွေ၊ ဘဏ်လုပ်ငန်းတွေ စသဖြင့်လာရောက် ရင်းနှီးမြှုတ်နှံကြတာကို တွေ့ကြရပါလိမ့်မယ်။ ထင်ရှားပြီး လူသိများတဲ့ ကုမ္ပဏီအချို့ကို ထုတ်နှုတ်ပြရရင် ဘုံဘေဘားမား၊ စတီးလ်ဘရားသား စတဲ့ သစ်ကုမ္ပဏီတွေ၊ ဘီအိုစီ ရေနံကုမ္ပဏီ၊ ဧရာဝတီဖလော်တီလာ သင်္ဘောကုမ္ပဏီ၊ ရိုးလ်ကုမ္ပဏီစတဲ့ ကုန်တိုက်ကြီးတွေ အစရှိသဖြင့်။ နိုင်ငံစီးပွားရေးတိုးတက်မှုအခြေအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်းသစ်၊ ရေနံ၊ ဆန်စပါးတွေ ထွက်ရှိပြီး အရှေ့တောင်အာရှက အင်္ဂလိပ်လက်အောက်ခံနိုင်ငံတွေထဲမှာ အဖွံ့ဖြိုးအတိုးတက်ဆုံး နိုင်ငံတနိုင်ငံလို့လည်း လေ့လာသိရှိခဲ့ရပါတယ်။

ဒါပေမယ့် တဖက်မှာ ကြည့်လိုက်ပြန်တော့ တိုင်းပြည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်နေပေမယ့် ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းက မြင့်တက်မနေခဲ့ပါဘူး။ ဘီအိုစီ ရေနံကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဆိုရင် ရေနံဆီမီးခွက်တောင် မထွန်းနိုင်လောက်အောင် ဆင်းရဲကြလို့ ဖောင်စီးရင်းရေငတ် ဆိုတဲ့ စကားနဲ့ ခိုင်းနှိုင်းကြပါတယ်။ တဖက်မှာလည်း လယ်သမားတွေဟာ ငွေရှင်ကြေးရှင်တွေဖြစ်တဲ့ ချစ်တီးတွေရဲ့ ခေါင်းပုံဖြတ်မှုအောက်မှာ နလန်မထူနိုင်အောင် ခံကြရပါတယ်။ ဒီလို ဖိနှိပ်မှု ကြပ်တည်းမှုတွေကို မခံနိုင်လို့ ရေနံမြေသပိတ်၊ ၁၃၀၀ ရာပြည့်အရေးတော်ပုံ စတဲ့ အရေးတော်ပုံကြီးတွေ ပေါ်ပေါက်လာခဲ့ကြတာပါ။

ဒီတော့.... နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုရှိပေမယ့် တိုင်းသူပြည်သား အများစုအနေနဲ့ ကိုယ့်ကြမ္မာကိုယ် မဖန်တီးနိုင်တဲ့အခါ၊ လွတ်လပ်မှုမရှိတဲ့အခါ၊ ပြည်သူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဥပဒေပြဌာန်းပြီး ကာကွယ်စောင့်ရှောက်မှုကို မရတဲ့အခါ ဓနရှင်လူတန်းစားတွေ၊ အုပ်ချုပ်သူလူတန်းစားတွေရဲ့ ဖိနှိပ်မှု၊ ခေါင်းပုံဖြတ်မှုကို ပြည်သူတွေ ကျောကော့အောင် ခံစားတတ်ကြရတယ်ဆိုတဲ့ သာဓက အထင်အရှားရှိခဲ့ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီခေတ်က မြန်မာတမျိုးသားလုံးဟာ ကိုယ်ကြမ္မာကိုယ်ဖန်တီးနိုင်အောင်၊ ကိုယ့်အကျိုးစီးပွားကို ကိုယ်ကာကွယ်နိုင်အောင် လွတ်လပ်ရေးကို အရယူခဲ့ကြရတာ မဟုတ်ပါလား။

ဒါတောင်မှ အင်္ဂလိပ်ခေတ်ကို သိမီတဲ့ လူပုဂ္ဂိုလ်တွေ ရေးသားတဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေ၊ သမိုင်းမှတ်တမ်း၊ ဝတ္ထုရုပ်ရှင်တွေကို ပြန်ကြည့်ရင် အင်္ဂလိပ်အစိုးရဟာ နယ်ချဲ့အစိုးရဆိုပေမယ့်လည်း တရားလက်လွတ် စိတ်ထင်တိုင်း ရမ်းကားအုပ်ချုပ်တာမျိုးမဟုတ်။ သူ့ခေတ်ကာလအလျောက် တရားဥပဒေ စိုးမိုးမှုရှိတယ်။ သတင်းလွတ်လပ်ခွင့် အတန်အသင့်ရှိတယ်။ အလုပ်သမားသမဂ္ဂ၊ သတင်းသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ခွင့်ရှိတယ်။ လမ်းပန်းပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေအောင် ဖန်တီးပေးထားတယ်။ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေမှာ အထိုက်အလျောက် ဘဏ္ဍာငွေကြေးတွေ ချထားသုံးစွဲပေးတယ်။ ယုတ်စွအဆုံး ပုဂ္ဂလိက သစ်ကုမ္ပဏီတွေအတွက် သစ်ခုတ်လှဲတဲ့အခါ ကုမ္ပဏီစိတ်တိုင်းကျ အရည်အသွေးကောင်း သစ်တွေကိုချည်း မခုတ်လှဲအောင်၊ သစ်တောမပြုန်းတီးအောင် အင်္ဂလိပ်အစိုးရက သစ်တောအရာရှိတွေ ခန့်ထားပြီး သစ်တောဥပဒေတွေ၊ စည်းကမ်းတွေနဲ့ စနစ်တကျ ခုတ်လှဲစေခဲ့တာကို သတိပြုမိပါတယ်။

ဒီကနေ့ လက်ရှိမြန်မာနိုင်ငံအနေအထားကတော့ အင်္ဂလိပ်လက်အောက် ကျရောက်စဉ်အချိန်ကထက်ကို အဆမတန် ဆိုးရွားတယ်လို့ ပြောနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူလူထုတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့် မရှိပါဘူး။ တရားဥပဒေ စိုးမိုးမှုလည်း မရှိဘူး။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေတွေ အရံအတားတွေ မရှိဘူး။ သတင်းလွတ်လပ်ခွင့်မရှိဘူး။ လူ့အခွင့်အရေးတွေကို အာဏာပိုင်တွေက ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။

နောက်ပြီး အင်္ဂလိပ်ခေတ်ကလို စည်းကမ်းဥပဒေတွေနဲ့ စနစ်တကျ အုပ်ချုပ်တာမျိုးမဟုတ်တော့ဘူး။ ဥပမာ...သစ်ကုမ္ပဏီတွေဆိုရင် ရှိသမျှ သစ်မာတွေကို မဆင်မခြင် ခုတ်လှဲပြီး ပြည်ပကို တင်ပို့ကြလို့ တောပြုန်းသလောက် ဖြစ်နေပါပြီ။ အလားတူ ရေနံနဲ့ ကျောက်မျက်သယံဇာတတွေကိုလည်း နိုင်ငံခြားကုမ္ပဏီတွေက တံခါးမရှိဓါးမရှိ ထုတ်ယူကြလို့ ကုန်သလောက် နီးတော့မယ်။ ဒီလို သယံဇာတ ရင်းမြစ်တွေကို ထုတ်လုပ်ရောင်းချလို့ ပြည်သူတွေမှာ အကျိုးရှိသလားဆိုတော့ လုံးဝ အကျိုးခံစားရခြင်း မရှိပါဘူး။ ရောင်းရငွေတွေဟာ စစ်အစိုးရ အိပ်ကပ်ထဲကိုသာ ဝင်ပြီး ပြည်သူတို့အတွက် သုံးစွဲရမယ့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေအတွက် ဘတ်ဂျက်မှာ အင်မတန်မှ နည်းပါးလှတဲ့ ရာခိုင်နှုန်းအချိုးအစားကိုသာ မသဒ္ဓါရေစာလို ချပေးပါတယ်။ ဒါကြောင့်လည်း ပြည်သူတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးတွေဟာ ပြီးခဲ့တဲ့ ၂၂ နှစ်အတွင်းမှာ လုံးဝဥဿုံ ချွတ်ခြုံကျခဲ့ရတာကို အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီကာလအတောအတွင်း အိမ်နီးချင်းတိုင်းပြည်တွေမှာ ပြည်ပရင်းနှီးမြုတ်နှံမှုတွေကြောင့် အပြိုင်အဆိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာကြတာကို မြင်တွေ့ကြရတဲ့အခါ အချို့သော မြန်မာနိုင်ငံသားတွေအနေနဲ့လည်း နိုင်ငံခြား ရင်းနှီးမြုတ်နှံမှုတွေသာရှိရင် သူများနိုင်ငံတွေနည်းတူ တိုးတက်လာနိုင်ကောင်းရဲ့လို့ စိတ်ကူးယဉ်အိပ်မက်တွေ စတင် မက်လာကြပုံရပါတယ်။။ အဲဒီမှာ စစ်အစိုးရဖက်ကနေ ပင်းပြီး ဆွယ်ပေးရတဲ့ ပညာရှင်ဆိုသူတွေကလည်း စီးပွားရေးပိတ်ဆို့မှုကြောင့် အလုပ်မဖြစ်နိုင်ကြောင်းကို ကျယ်ကျယ်လောင်လောင် အော်လာကြတယ်။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး နိုင်ငံရေးစနစ်ကိုပါ ပြောင်းလဲနိုင်ခဲ့တဲ့ ရှားရှားပါးပါး ဥပမာတခုဖြစ်တဲ့ ပိုလန်နိုင်ငံ ဥပမာကို တွင်တွင်ကြီး ပေးလာကြပါတယ်။ သူတို့အဆိုအရ စီးပွားရေး ရင်းနှီးမြှုတ်နှံမှုတွေ ရှိလာရင်ပဲ တိုင်းပြည်ဟာ နေ့ချင်းညချင်း ကြီးပွားပြီး လူလတ်တန်းစားဆိုတာ ပေါ်ပေါက်လာမယ်။ အခြေခံ စားဝတ်နေရေး ခိုင်မာလာမယ်ဆိုရင် နိုင်ငံရေးအရ လွတ်လပ်မှုကိုလည်း လူတွေဟာ တောင့်တလာကြမယ်လို့ ဆိုပါတယ်။ ဒီအဆိုဟာ နေရာတိုင်းအတွက် မှန်ပါ့မလားဆိုတာကို အထက်မှာ ဆိုခဲ့တဲ့ အင်္ဂလိပ်လက်အောက် မြန်မာပြည်အခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားမိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာပဲ နိုင်ငံခြားသားတယောက်နဲ့ ဒီအကြောင်း ပြောဖြစ်တော့ သူက..... “ဘယ်နိုင်ငံခြားကုမ္ပဏီကမှ စွန့်စားပြီး မမြှုတ်နှံချင်ဘူး။ မင်းတို့ ဗိုလ်ချုပ်တွေက ခုတမျိုး၊ တော်ကြာတမျိုး။ ခဏနေ လုပ်ငန်းလိုင်စင် ပိတ်မပစ်ဘူးလို့ ဘယ်သူက အာမခံနိုင်သလဲ။ သူတို့အကျိုးစီးပွားနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် တရားဥပဒေအရ မှန်မှန်ကန်ကန် ဖြေရှင်းခွင့်ရမယ်လို့ ဘယ်သူအာမခံရဲသလဲ။ မင်းတို့နိုင်ငံမှာ သွားရောက် မြှုတ်နှံမယ့် ကုမ္ပဏီတွေက မင်းတို့ ဒေသခံတွေ အလုပ်ရရှိရေးတွေ၊ အလုပ်လက်မဲ့ပပျောက်ရေးတွေကို ဘာတခုမှ စိတ်မဝင်စားဘူး။ အဓိက က အမြတ်အစွန်းရဖို့ပဲ။ အေး... ရေနံတို့၊ ကျောက်စိမ်းတို့လို သေချာပေါက် အမြတ်အစွန်းရမယ့် လုပ်ငန်းတွေဆိုရင်တော့ မြှုတ်နှံမှာ အသေအချာပဲ”.........တဲ့။ သူပြောတာကလည်း မငြင်းနိုင်လောက်အောင် မှန်နေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှုမရှိ။ အာဏာပိုင်တွေကိုယ်၌က အကျင့်ပျက်ခြစားနေတဲ့ အနေအထားမှာ ရင်းနှီးမြှုတ်နှံမှုလုပ်ဖို့ဆိုတာ မလွယ်လှပါဘူး။ နအဖ ဈေးကွက်စီးပွားရေး စလုပ်ကာစက စင်္ကာပူကနေ သွားပြီး သန်းနဲ့ချီ မြှုတ်နှံခဲ့သူတွေ အကွဲကြီး ကွဲခဲ့ဘူးတဲ့ သာဓက ရှိပါတယ်။

နောက်တချက်က ကိုယ့်တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိသေးခင်၊ တိုင်းသူပြည်သား အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေ အသင့်မဖြစ်သေးခင်၊ တိုင်းသူပြည်သားတွေ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်မရှိသေးခင်မှာ ပိတ်ဆို့မှုကို ဖွင့်ပေးရင်လည်း လူတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ခံရတာနဲ့ တိုင်းပြည်ရဲ့ သယံဇာတတွေကို လာရောက် အဆီအနှစ်စုတ်ယူခံရတာပဲ အဖတ်တင်လိမ့်မယ်လို့ တွေးမိပါတယ်။ ဈေးကွက်စီးပွားရေးဆိုတာ ကိုယ့်တိုင်းပြည်မှာ ရှိသမျှကို တတိတိနဲ့ ထုခွဲရောင်းချတဲ့နည်းဆိုရင်တော့ ပညာမတတ်တဲ့ ကုဋေကြွယ်သူဌေးသားရဲ့ လုပ်ပုံလုပ်ပေါက်နဲ့ အတူတူပါပဲ။ နောက်ဆုံးတော့ ခွက်လက်ဆွဲကာ တောင်းစားရမယ့်ကိန်းပဲလို့ မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။

ကျနော့်တဦးတည်းသဘောအရကတော့ Targeted Sanctions လို့ ခေါ်တဲ့ သတ်သတ်မှတ်မှတ် ဦးတည်ပိတ်ဆို့တဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးတွေကို အထူး သဘောကျပါတယ်။ ဥပမာ.... နအဖ လက်ဝေခံ စီးပွားရေးသမားတွေရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပိတ်ဆို့မှုတွေ၊ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ နအဖ အဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေရဲ့ စီးပွာရေးလုပ်ငန်းတွေအပေါ် တားမြစ်ပိတ်ဆို့မှုမျိုးတွေ၊ စစ်အစိုးရနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့ နိုင်ငံတွေ၊ ကုမ္ပဏီတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ မြန်မာပြည်တွင်းမှာ မသမာတဲ့ နည်းလမ်းတွေနဲ့ ရယူထားတဲ့ ငွေမဲတွေကို တခြား အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက်အပ်နှံတဲ့အခါ လက်ခံထားတဲ့ ဘဏ်လုပ်ငန်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ နအဖ အဖွဲ့ဝင်တွေနဲ့လက်ဝေခံတွေကို ဗီဇာပိတ်ပင်မှုမျိုးတွေ၊ သယံဇာတတွေကို ထုတ်ယူမယ့် လုပ်ငန်းကြီးတွေကို ဟန့်တားပိတ်ဆို့မှုမျိုးတွေကို အထူး သဘောကျပါတယ်။

ဒီနေရာမှာ တချို့ပြောကြတာရှိတယ်။ ဒီစီးပွားရေးပိတ်ဆို့မှုက နအဖ ရဲ့ ထောက်ကွက်ကြီးတခု ဖြစ်နေတယ်ဆိုတာမျိုး။ ကျနော်စဉ်းစားလို့မရတာက နအဖ ထောက်ပြတာကို ဘာကြောင့် အရေးတယူလုပ်ပြီး ဂရုစိုက်နေကြသလဲ။ နအဖက ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်မှုနဲ့ တက်လာတဲ့ အစိုးရမှ မဟုတ်တာဘဲ။ နအဖ ထောက်ကွက်ကြီး ဖြစ်လည်း ဂရုစိုက်နေစရာ အကြောင်းမရှိပါဘူး။ ဂရုစိုက်ချင်ရင် ပြည်သူလူထုရဲ့ အာဏာလွှဲအပ်ခြင်းခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံကိုပဲ ဂရုစိုက်ရမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်အသံကသာ ပြည်သူလူထုရဲ့ ဆန္ဒကို ကိုယ်စားပြုပါတယ်။ နအဖက ပြည်သူလူထု အသံကို ကိုယ်စားမပြုပါဘူး။ ပြည်သူလူထုရဲ့အသံကို နားထောင်တဲ့၊ ပြည်သူလူထုက အာဏာနှင်းအပ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကိုသာ ကျနော်တို့ အလေးမူသင့်တယ်လို့ တွေးမိပါတယ်။

နောက်တချက်က တိုင်းပြည်စီးပွားရေးချွတ်ခြုံကျရတာဟာ နအဖရဲ့ စီးပွားရေး စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့်၊ နအဖရဲ့ အလွဲသုံးစားလုပ်မှု၊ နအဖရဲ့ အကျင့်ပျက်ခြစားတွေကြောင့်ဆိုတာ လယ်ပြင်မှာဆင်သွားသလို ဒီလောက် ရှင်းလင်းနေပါလျက်နဲ့ “စီးပွားရေးပိတ်ဆို့မှုကြောင့် ချွတ်ခြုံကျရတာပါ”ဆိုတဲ့ နအဖရဲ့ ဝါဒဖြန့်စကားကို ယုံစားမယ်ဆိုရင် ကျနော်တို့ ဦးနှောက်မသုံးရာကျပြီး နအဖ နောက်လိုက် ဖြစ်မှန်းမသိလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ကျနော်တို့နိုင်ငံကို စီးပွာရေးပိတ်ဆို့တယ်ဆိုတာက မြောက်ကိုရီးယားကို တကမ္ဘာလုံးက ပိတ်ဆို့သလို ဝိုင်းဝန်းပိတ်ဆို့အရေးယူမှုမျိုး မဟုတ်ပါဘူး။ အမေရိကန်နဲ့ အီးယူက စီးပွားရေးပိတ်ဆို့တယ်ဆိုသော်ငြားလည်း အိမ်နီးချင်းအာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယတို့ တရုတ်တို့က ဘယ်တုန်းကမှ စီးပွားရေးပိတ်ဆို့ခဲ့တာ မဟုတ်ပါဘူး။ ဒါနဲ့လည်း မတိုးတက်ဘူးဆိုတော့ စီးပွားရေးပိတ်ဆို့မှုကြောင့် မတိုးတက်တာ မဟုတ်၊ နအဖ အသုံးမကျလို့သာ မတိုးတက်တာဖြစ်ကြောင်း ဦးပုညစကားနဲ့ပြောရရင် “ကွက်ကွက်ကွင်းကွင်း မုန့်တီဟင်းလို” ရှင်းရှင်းကြီး မြင်နေရတာပါပဲ။ ဒီကြားထဲမှာ ကျနော်တို့အချစ်တော် နအဖ စစ်အစိုးရက စိတ်မထင်ရင် မထင်သလို နယ်ခြားဂိတ်ကို ပိတ်လိုက်ဖွင့်လိုက်နဲ့ စီးပွားရေးပိတ်ဆို့မှု တန်ပြန်လုပ်လိုက်ချင်ပါသေးသဗျား။

ဒါတွေကတော့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ကျနော်တွေးမိသမျှ ကျနော့်အမြင်ပါ။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ကွန်မင့်ကဏ္ဍမှာ လွတ်လပ်စွာ ရေးသွားနိုင်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။

(ခေါင်းစဉ်ကို ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စုံထောက်ဝတ္ထုတပုဒ်ရဲ့ ခေါင်းစဉ်ကို ယူသုံးထားပါတယ်။)

ရေးသူ - ကိုပေါ။
(၁၆ နိုဝင်ဘာ ၂၀၁၀)

38 comments:

Ye Naing said...

Yes,very good Report.Very useful.Because Mother Su Thinking now.She want to request EU and USA for open business.Now This report is very good suggestion to Mother Su.

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

(သူ့ခေတ်ကာလအလျောက် တရားဥပဒေ စိုးမိုးမှုရှိတယ်။ သတင်းလွတ်လပ်ခွင့် အတန်အသင့်ရှိတယ်။ အလုပ်သမားသမဂ္ဂ၊ သတင်းသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ခွင့်ရှိတယ်။)

သို့

ဒီမိုငတုံး ဦးပေါ


ဒီမိုငတုံး တွေရေးလိုက်တဲ့စာကို ဖတ်ရတိုင်း .. ပြောလိုက်တဲ့စကား ပြောသံကြားရတိုင်း .. ဒီမိုတွေ သိပ်တုံးတယ်ဆိုတာ သဘောပေါက်လာတယ်။ ဒီမိုငတုံးတွေကလည်း အဖြူကို ပထွေးတော်ရရင် ကျေနပ်ကြတော့ မင်းအပြောကို ထောက်ခံမှာပါ။ ဒေါ်အောင်ဆန်းစုကြည်အိမ် ပြဿနာကို တခြားနိုင်ငံက တရားရုံးမှာ ရင်ဆိုင်ဖို့ပြောနေတဲ့ ခင်ဗျားစကားကို ကျုပ်က အရမ်းရယ်ချင်နေတာဗျ။ ပြည်နယ် တစ်ခုနဲ့ တစ်ခုတောင် ဥပဒေက ကွာနေတာကိုမသိလေသလားကွယ်? အဲဒါကို မြန်မာနိုင်ငံမှာဖြစ်တာကို တခြားနိုင်ငံက တရားရုံးမှာ အိမ်ကိစ္စဖြေရှင်းဖို့ လျှောက်ထားရမယ်ဆိုပဲ။ အဲလောက်တုံးတဲ့ ဒီမိုငတုံး အင်ဂျင်နီယာလဲ လောကမှာ ရှိသေးတာ တကယ် အံ့အသြလို့မကုန်ဘူး။ ဥပဒေအကြောင်း အခြေခံလေးတောင် မသိတဲ့သူက အင်္ဂလိပ်ခေတ်မှာ တရားဥပဒေက လွှမ်းမိုးတယ်လို့ပြောထားတော့ သိပ်ကိုရယ်ချင်တယ်။

မြောက်အမေရိကဘက်မှာရှိတဲ့ အင်္ဂလိပ်ခေတ်ခေတ် ဥပဒေတွေ ဘယ်လောက် မတရားသလဲဆိုတော့ အဖြူတွေကိုမြင်ရင် အမဲတွေနဲ့ ဒေသခံတိုင်းရင်းသားတွေက ရိုသေတဲ့ အမူအရာ.. ခေါင်းငုံ့မပြရင် ထောင်ဒဏ်ပေးပါတယ်။ ဘတ်စကားပေါ်မှာ အဖြူတွေလာရင် အမဲတွေနဲ့ ဒေသခံတွေက ထိုင်ခုံထပေးရပါတယ်။ အဲဒါက တရားတဲ့ ဥပဒေလား? နောက်ပြီး ဒီဘက်မှာ တိုင်းရင်းသား တွေကို အိမ်မွေးတိရိစ္ဆာန်တွေကို သတ်ဖြတ် စားသုံးခွင့်ကို ပိတ်ပင်ထားတယ်။ ရှိတဲ့ သီးနှံလေးတွေကိုပဲ စားသုံးရပါတယ်။ အဲဒီတော့ ဒီကလူတွေ အစာငတ်ပြတ်ပြီး သေကုန်တယ်။ မနေနိုင်လို့ မိမိနွားကို သတ်စားတဲ့သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေပေးပါတယ်။ အဲဒါက တရားတဲ့ ဥပဒေလား? တကမ္ဘာလုံးမှာ အင်္ဂလိပ်ကမတရားလုပ်ခဲ့တာ အားလုံးသိပါတယ်။ ဒါပေမယ့် မြန်မာပြည်ကိုတော့ တရားမျှတစွာ အုပ်ချုပ်တယ်လို့ . . ဒီမိုငတုံးတွေ မြင်နေတယ်မဟုတ်လား?

ပင်လုံစာချုပ်လုပ်ခိုင်းပြီး မြန်မာအချင်းချင်း သွေးခွဲပေးတဲ့ အင်္ဂလိပ် ကျေးဇူးတင်တာ ဒီမိုငတုံးပါ။ မြန်မာနယ်မြေတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကိုပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။ နအဖရေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို စောက်တင်းပြောပြီးတော့… လွတ်လပ်ရေးခေတ်မှာ အင်္ဂလိပ်ရေးတဲ့ အခြေခံဥပဒေကို အလေးထားနေတာ ဒီမိုငတုံးတွေပါ။ ကမ္ဘာမှာ လိမ်လို့အလွယ်ဆုံးနဲ့ အတုံးဆုံးကတော့ မြန်မာလူမျိုး ဒီမိုငတုံးတွေသာဖြစ်ပါတယ်။ ကဲဗျာ… အဖြူတွေ အုပ်ချုပ်တဲ့အချိန်မှာ တရားဥပဒေက ဘယ်လိုလဲသိချင်ရင် ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါ။ သြော်.. အဲဒီဗီယိုက နအဖက ရိုက်ထားတဲ့ ဗီဒီယိုလေးနော်.. ၀ါးဟားဟား




တုံးလွန်.. အလွန်းသည့် ဒီမိုငတုံးများကို စိတ်ကုန်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s ဒီမိုမီဒီယာတွေက လွတ်လပ်တယ်လို့ ထင်နေတဲ့ ဒီမိုငတုံးများကို မေးခွန်းလေး မေးလိုပါတယ်။ အရေးမကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာကို သတင်းတွေမှာ 24/7 ထုတ်လွင့်နေတယ်။ ဒါပေမယ့် လူတစ်သောင်းကို အမေရိကန် အစိုးရက သတ်တယ်လို့ စွပ်စွဲပြီး နိုင်ငံတကာမှာ ဆန္ဒပြတဲ့ ကိစ္စမျိုးကို သတင်းလေးတောင် မထည့်ပါလား? အဲဒါက မီဒီယာတွေ လွတ်လပ်ယတ်လို့ပြောသလား? ဒီမိုငတုံးများ ဖြေပေးပါ။

Anonymous said...

ကိုပေါရေ Sanctions အကြောင်းပြောရင် စိတ်နာတယ်။ ကိုယ်တွေ့အဖြစ်ကတော့ ပို့ဆောင်ဆက်သွယ်ရေးပိုင်းမှာ ပစည်းလိုတယ်။ လိုတဲ့ ပစည်းကို မှာလို့မရဘူး။ သူ့ရဲ့ပုံမှန်ဈေးက ၁၀၀၀ ရှိတယ်ဆိုပါစို့။ ၀န်ကြီးက ပစည်းမှာပေးတဲ့ ရန်ကုန်က company ကိုခေါ်ညှိတယ်။ ရအောင်မှာပေး ၅၀၀၀ ပေးမယ်။ ဒါပေမယ့် စာရင်းကတော့ ၃၀၀၀ ပဲပြရမယ်။ ၂၀၀၀ က သူ့အိတ်ထဲသွားမယ်။ အဲဒီတော့ မှာတဲ့ company က စလုံးမှာ နာမည်ခံတဲ့ ကြားခံ company တစ်ခုခံပြီးလုပ်ပေးရတယ်။ နာမည်ခံပြီးဝယ်ပေးဖို့ရယ်၊ invoice (2)ခုလုပ်ဖို့ရယ်။ ဘာလို့လဲဆိုတော့ ပစည်းပို့ပေးတဲ့ ပင်မ company ကြီးက invoice ကိုကျသင့်တဲ့ ၁၀၀၀ နဲ့ပဲထုတ်ပေးတာကိုး။ သူကလဲ သူတို့ပစည်းနောက်ဆုံးမှာ ဗမာပြည်သွားမယ်မှန်းသိပေမယ့် မျက်စိမှိတ်ထားပေးတယ်။ စလုံးက ကြားခံ company ကတော့ အချောင် ကော်မရှင်စားရတာပေါ့။ ဗမာပြည်ကတော့ ၁ ထောင်နဲ့ ၀ယ်နေကျပစည်းကို ၅ထောင်နဲ့ ၀ယ်လိုက်ရတယ်။ ၀န်ကြီးကတော့ Sanction ကြောင့် ပစည်းဈေးတက်ရတာပါဆိုပြီး အထက်ကို တင်ပြတယ်။ ဒါဟာ နေရာတိုင်းမှာဖြစ်နေတာပါ။ ၀န်ကြီး၊ ဒုဝန်ကြီး တွေက ဒေါ်လာကို မီလီယံနဲ့ ချီပြီးရနေကြလို့ Sanction lift လုပ်မှာတောင် ကြောက်နေကြတယ်။ (ဆက်ရန်)

Anonymous said...

သန်းရွှေမပြောနဲ့ အောက်ပိုင်းကလူတွေတောင် ဒေါ်လာကို မီလီယံနဲ့ချီပြီးပွနေတာ။ တခါက နာမည်ကျော်ဘလော့တစ်ခုမှာ အင်းလျားလမ်းက (၅)လောင်းပြိုင်လူသတ်မှုက ကြိုင်ကြိုင်က ပတမြားကြီး လိုချင်လို့ လူသတ်တယ်ပြောထားလို့ ရယ်လိုက်ရတာ။ ဟိုကဖြင့် လိုချင်ရင်ငါ့ကိုဆက်စမ်း ဆိုပြီးတခွန်းပြောရုံပဲ။ လူသတ်စရာတောင်မလိုဘူး။ သန်းရွှေတို့ ချမ်းသာတာ မရေမတွက်နိုင်ပဲ။ ကြိုင်ကြိုင်တို့ စင်္ကာပူလာရင် ပစည်းဝယ်တာ လေယာဉ်တစ်ခေါက်နဲ့ မရလို့ နောက်တစ်ခေါက်ပြန်ဆွဲပေးရတာ လေဆိပ်ကလူတိုင်းသိတယ်။ ကလေးတွေးနဲ့ ပစည်းလိုချင်လို့ လူသတ်တာပါဆိုတော့ အဲလောက်အတွေးအခေါ်ကောင်းတဲ့လူတွေ အပြင်မှာ ရောက်နေတာ ဗမာပြည်သူတွေ ကံဆိုးထဲကမှ ကံကောင်းဖို့ပဲလို့မှတ်လိုက်တယ်။ Sanction ကြောင့် ကောင်းတာတွေရှိပေမယ့် သိထားသင့်တာက ဘယ်အရာမဆို မရဘူးဆိုတာမရှိပါဘူးလို့။ ဒီဘက်က မရရင် ဟိုဘက်က လှည့်ကြတာချည်းပါပဲ။

Anonymous said...

သို့ ★သခင်မျိုးဟေ့ဒို့မြန်မာ★

မြောက်အမေရိကဘက်မှာရှိတဲ့ အင်္ဂလိပ်ခေတ်ခေတ် ဥပဒေတွေ ဘယ်လောက် မတရားသလဲဆိုတော့ အဖြူတွေကိုမြင်ရင် အမဲတွေနဲ့ ဒေသခံတိုင်းရင်းသားတွေက ရိုသေတဲ့ အမူအရာ.. ခေါင်းငုံ့မပြရင် ထောင်ဒဏ်ပေးပါတယ်။ ဘတ်စကားပေါ်မှာ အဖြူတွေလာရင် အမဲတွေနဲ့ ဒေသခံတွေက ထိုင်ခုံထပေးရပါတယ်။ အဲဒါက တရားတဲ့ ဥပဒေလား? ............

မြောက်အမေရိကတိုက်က ကိစစိတ်မ၀င်စားဘူး။ ကိုယ့်ဗမာပြည်မှာ ဘယ်လိုအုပ်ချုပ်ခဲ့သလဲပဲ စိတ်ဝင်စားတယ်။ အင်္ဂလိပ်တွေ ဘယ်လောက်စနစ်ကျလဲဆို သစ်တောအရာရှိရဲ့ သားသမီးတွေ ဘယ်သူမှာ သစ်နဲ့ပါတ်သက်တဲ့ လုပ်ငန်းမလုပ်ရဘူးဆိုတာ ဥပဒေရှိတယ်။ ဘာလို့လဲဆိုတော့ အဖေတောခေါင်း။ သားက သစ်ကုန်သည်လုပ်နေမှတော့ တတောလုံးပြောင်တော့မှာပေါ့။ အောင်ဖုန်းနဲ့ သူ့သားတွေကြည့်ပါလား။ အင်္ဂလိပ်ကလဲ ဒီလိုစနစ်တကျလုပ်ခဲ့တာ ဗမာပြည်ကို ချစ်လွန်းလို့မဟုတ်ဘူး။ သူတို့အတွက်ရေရှည်စားချင်လို့။ အင်္ဂလိပ်ကျွန်ဖြစ်တာနဲ့ ပြင်သစ်ကျွန်ဖြစ်တာ ဘယ်ဟာက ပိုကောင်းလဲ စဉ်းစားအုံး။

Anonymous said...

စိတ်ကုန်တယ်။ အကုန်လုံးကို ဟီရိုရှီးမား ဗုန်းကြဲသလို ကြဲပစ်လိုက်ချင်တယ်။ စစ်အုပ်စုနဲ့ ဇော်မျိုးဆိုတဲ့ ကောင်ကိုတော့ ဗုန်းကြဲပြီး မသတ်ချင်ပါဘူး။ သူတို့မျက်စိရှေ့မှာ သူတို့ မြေး၊ သားသမီးတွေကို ရက်ရက်စက်စက် ဒုက္ခပေးတာကြည့်ခိုင်းပြီး ညှင်းသတ်ချင်တယ်။ နာဂစ်တုန်းက လူတွေ ဒုက္ခရောက်သလိုမျိုး၊ နယ်စပ်ကလူတွေ အငတ်ငတ် အပြတ်ပြတ် ခွေးတိုးဝက်ဝင် နေရသလိုမျိုး သူတို့မသေခင် သူတို့ ရင်နှစ်သည်းချာတွေ မချိမဆန့် ခံစားရတာ မျက်စေ့နဲ့ အေးအေးဆေးဆေးြ့ကည့်သွားကြစေချင်တယ်။ ငပိထဲကလောက်ထက် အသားထဲကလောက်က ပိုရွံရှာဖွယ်ဆိုတာ နားလည်သင့်တယ်. အဖြူကောင်က လောက်ပေမဲ့ ငပိထဲက မင်းတို့က အသားထဲကလောက်။ အေး..ဒါပေမဲ့ အသားမကောင်းလို့ လောက်ထွက်တာ. ဒ့ါကြောင့် မကောင်းတဲ့ အသားကိုတော့ အမြန်စာရင်းရှင်းယုံ အနုမြူဗုံးကြဲလိုက်ချင်တာ..အမြီးကျက် အမြီးစား ခေါင်းကျက်ခေါင်းစားတဲ့ သူများလို့ ဒီလိုဖြစ်နေတာ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

လိမ်လို့လွယ်တဲ့ ဒီမိုငတုံးများ

ကျောက်ခဲကို ညှစ်ကြည့်ရင် ရေထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒီမိုငတုံးတွေကတော့ အကျိုးသင့်အကြောင်းနဲ့ ဖြေရှင်းတာ ဘယ်တော့မှ လုပ်မည် မဟုတ်ပါ။ အထက်မှာ ရေးထားတဲ့ ကော်မန့်တွေမှာ အကျိုးအကြောင်းနဲ့ရှင်းပြချင်းမရှိပဲ အရူးချီးပန်းစကားတွေပဲ ပြောနေကြတာကိုက ဒီမိုငတုံး ပီသကြောင်း ထင်ရှားတဲ့ လက္ခဏာပါပဲ။

ကျုပ်က မြန်မာ့သမိုင်းကိုမသိဘူးဆိုတာ ရှင်းရှင်းလေး ၀န်ခံထားပါတယ်. . .အင်္ဂလိပ်တွေဟာ တခြားနိုင်ငံတွေမှာ ရက်စက်မှု အမျိုးမျိုးလုပ်ခဲ့တယ်။ မတရားတဲ့ ဥပဒေတွေ ထုတ်ပြီး ဒေသခံတွေကို ဒုက္ခပေးခဲ့တယ်။ မျိုးတုံးအောင်သတ်ခဲ့တာတွေလဲ အများကြီးပါ။ ဥပဒေပြဒန်းပြီး ကလေးငယ်တွေကို မိဘတွေဆီကနေ အတင်းလုယူခဲ့တာတွေလဲ လုပ်ခဲ့တယ်။ တခြားနိုင်ငံတွေအပေါ်မှာ ရက်ရက်စက်စက်လုပ်တဲ့ အင်္ဂလိပ်က ကျုပ်တို့ မြန်မာပြည်အပေါ်ကို ကောင်းတယ်လို့ ပြောနေတော့ ရယ်ချင်စိတ်ဖြစ်မိလို့ပါ။ (အင်္ဂလိပ်က ဆန္ဒပြခွင့်နဲ့ ကျောင်းသား သမဂ္ဂဖွဲ့ခွင့်ပေးတာ ကျုပ်တို့အတွက်လို့ပြောနေတာဟာ ဒီမိုငတုံးတွေ. . ငတုံးဖြစ်ကြောင်း . . .ဦးဏှောက်မရှိကြောင်း အထောက်အထားတစ်ခုသာ ဖြစ်ပါတယ်) ဒါဆိုရင်လည်း တစ်ခုလောက်မေးဦးမယ်နော်။ မြန်မာတွေက အဖြူတွေကို သခင်လို့ ခေါ်ကြပါတယ်။ အဲလို သခင်လို့ခေါ်တာ မြန်မာတွေက စိတ်ထဲရှိလို့ခေါ်တာလား.. ဒါမှမဟုတ်ရင် သခင်လို့မခေါ်ရင် အပြစ်ပေးတဲ့ ဥပဒေရှိသလား? (ကျုပ်ခန့်မှန်းချက်က သခင်လို့ ခေါ်ရမယ်ဆိုတဲ့ ဥပဒေရှိတယ်။ အဲဒါကို တရားဥပဒေလို့ခေါ်သလား?) ဖြေပေးကြပါဗျာ။

☀ ပင်လုံစာချုပ်နဲ့ မြန်မာအချင်းချင်း သွေးခွဲပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးပါ။

☀ မြန်မာနယ်မြေတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကိုပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။

☀ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။

☀ နအဖရေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို စောက်တင်းပြောပြီးတော့… လွတ်လပ်ရေးခေတ်မှာ အင်္ဂလိပ်ရေးတဲ့ အခြေခံဥပဒေကို အလေးထားနေတာ ဒီမိုငတုံးတွေပါ။

☀ ကမ္ဘာမှာ လိမ်လို့အလွယ်ဆုံး. . ငတုံးဖြစ်ဆုံးနဲ့ ပြောတိုင်းယုံတာကတော့ ကတော့ မြန်မာလူမျိုး ဒီမိုငတုံးတွေသာဖြစ်ပါတယ်။

☀ ကဲဗျာ… အဖြူတွေ အုပ်ချုပ်တဲ့အချိန်မှာ တရားဥပဒေက ဘယ်လိုလဲသိချင်ရင် ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါ။ သြော်.. အဲဒီဗီယိုက နအဖက ရိုက်ထားတဲ့ ဗီဒီယိုလေးနော်.. ၀ါးဟားဟား


တုံးလွန်.. အလွန်းသည့် ဒီမိုငတုံးများကို စိတ်ကုန်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★


p.s ဒီမိုမီဒီယာတွေက လွတ်လပ်တယ်လို့ ထင်နေတဲ့ ဒီမိုငတုံးများကို မေးခွန်းလေး မေးလိုပါတယ်။ အရေးမကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာကို သတင်းတွေမှာ 24/7 ထုတ်လွင့်နေတယ်။ ဒါပေမယ့် လူတစ်သောင်းကို အမေရိကန် အစိုးရက သတ်တယ်လို့ စွပ်စွဲပြီး နိုင်ငံတကာမှာ ဆန္ဒပြတဲ့ ကိစ္စမျိုးကို သတင်းလေးတောင် မထည့်ပါလား? အဲဒါက မီဒီယာတွေ လွတ်လပ်တယ်လို့ပြောသလား? ဒီမိုငတုံးများ ဖြေပေးပါ။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ဒီမိုမီဒီယာတွေက 24/7 ဒေါ်အောင်ဆန်းစုကြည် သတင်းကို လွှင့်နေတာဘာသဘောလဲဆိုတာ ကျုပ်တကယ်ကို နားမလည်ဘူး။ ဒီမိုကရေစီ လူအခွင့်အရေးပေတံနဲ့ တိုင်းတာရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာမှ အရေးမကြီးဘူးဗျ။ 9/11 မှာ သေတဲ့လူတွေက တစ်သောင်းလောက်ရှိပါတယ်။ အမေရိကန်အစိုးရကိုယ်တိုင် ဗုံးခွဲသတ်ခဲ့တယ်လို့ စွပ်စွဲပြီး ဆန္ဒပြတဲ့ လူအုပ်ကြီးဟာ တစ်ယောက်မဟုတ်ပါဘူး။ ထောင်နဲ့ ချီပြီးဆန္ဒပြကြတာပါ။ 9/11 ဆန္ဒပြမှုတွေဟာ ဒီမိုကရေစီ လူအခွင့်အရေးအတွက် အရမ်းကို အရေးကြီးပါတယ်။ အဲဒီဆန္ဒပြပွဲတွေကိုတော့ ဒီမိုမီဒီယာတွေမှာ လုံးဝ မဖေါ်ပြပဲ.. ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဘာလို့ အဲလောက်အထိ အလေးထားနေတာလဲ? 9/11 မှာ ဖုံးခွဲသတ်ခံရတဲ့ လူတစ်သောင်းရဲ့ အသက်ဟာ တန်ဖိုးမရှိလို့လား? အဖြေသိရင်ပြောပြပါ။ အောက်ဘက်မှာ ဆန္ဒပြတဲ့ ဗီဒီယိုလေးတွေလဲ တင်ပေးလိုက်ပါတယ်။

☀ U.S. citizens demand truth on 9/11

☀ 911 Truth - NYC September 11th, 2010 [911infowarrior]

☀ 9/11 Truth: Demonstration in Brussels, Belgium (Sep 2007)

☀ Freedom Not Fear - Anti surveillance and 9/11 Truth Demonstration Berlin

☀ 9/11 Manifestation Stockholm Sweden

☀ 9-11 Truth makes HUGE appearance at Los Angeles Anti-War March

☀ Teil 9/11 RE-OPEN demonstration Brussel Sept., 7, 2008


☀ ပင်လုံစာချုပ်နဲ့ မြန်မာအချင်းချင်း သွေးခွဲပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးပါ။

☀ မြန်မာနယ်မြေတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကိုပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။

☀ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။

☀ နအဖရေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို စောက်တင်းပြောပြီးတော့… လွတ်လပ်ရေးခေတ်မှာ အင်္ဂလိပ်ရေးတဲ့ အခြေခံဥပဒေကို အလေးထားနေတာ ဒီမိုငတုံးတွေပါ။

☀ ကမ္ဘာမှာ လိမ်လို့အလွယ်ဆုံး. . ငတုံးဖြစ်ဆုံးနဲ့ ပြောတိုင်းယုံတာကတော့ ကတော့ မြန်မာလူမျိုး ဒီမိုငတုံးတွေသာဖြစ်ပါတယ်။

☀ ကဲဗျာ… အဖြူတွေ အုပ်ချုပ်တဲ့အချိန်မှာ တရားဥပဒေက ဘယ်လိုလဲသိချင်ရင် ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါ။ သြော်.. အဲဒီဗီယိုက နအဖက ရိုက်ထားတဲ့ ဗီဒီယိုလေးနော်.. ၀ါးဟားဟား


တုံးလွန်.. အလွန်းသည့် ဒီမိုငတုံးများကို စိတ်ကုန်သည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Anonymous said...

စာကောင်း ပေခန့် ရေးသားတတ်တဲ့ ကိုပေါရဲ့ အိမ်လေးမှာ အရှုးတယောက် ချေး လာပန်းနေတာ တော်တော် ရုပ်ဆိုးတယ်။ အိမ်ရှင်ကလဲ သဘောကောင်းနေလိုက်တားP၊ မကောင်းပဲ နေပါ့မလား အရှုးက ချေးမပန်းခင် ( ဒီမိုတွေ ဝေဖန်ဒဏ် မခံနိုင်ဘူး ဘာညာနဲ့ အလုံးကြီး ကိုင်ပေါက်လိုက်တာ) ပီးတာနဲ့ အရှုးက ဆွေးနွေးတာမဟုတ်ပဲနဲ့ လူတဖက်သား ထိခိုက်တဲ့ စကားလုံးတွေနှင့် တိုက်ခိုက်တာပဲ။ ဒါကို အရှုးချီးပန်းလို့ ခေါ်ပါတယ်လို့ ထင်၏း)

ဟိုး .. သုံးလေး နှစ်ခန့်က မလာဘူး၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်လေးမှ အရှုးက ချေးလာပန်းတယ်ဆိုတော့

Anonymous said...

ဒီအရူးကောင်က တကယ်တော့ သူ့ကိုယ်သူ ဒုက္ခိတပါဗျ..ကယ်ကြပါဗျဆိုပြီး ကနေဒါ မှာ asylum ခံထားတဲ့ကောင်၊ အရူးမှန်းသိတော့ လူမသုံးတော့ နအဖ က်ု အရှက်မရှိသရက်စေ့လုပ်ပြီး ပြေးကပ်ပြန်ရော.. နအဖ ကလဲ ဒီကောင်သိတ်စိတ်မနှံ့မှန်းသိတော့ ကန်ထုတ်ပြန်တော့ ၂ ဖက်လုံးကို ရောဂါထတိုင်းဆဲနေတာ.. သူ့ကိုအရူးဆိုပြီးခွင့်လွှတ်ထားပေမဲ့ ချီးလည်ပန်းနေတာက ခက်တယ်.. ဒီကောင် ဒုက္ခသည်အဖြစ် ကနေဒါမှာ နေရတာဟာ ဒီမိုကရေစီရေးကို အသက်ပေးလုပ်ခဲ့တဲ့ လူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကြောင့်ပါ၊ ဒါကို မထောက်ထားပဲ ကျေးဇူးကန်းစကားတွေ ပြောနေတဲ့ ဇော်မျိုး...တနေ့ကြရင်..ကျေးစွပ်သူတွေ လမ်းကို သွားရလိမ့်မယ်..

Anonymous said...

KO PAW is not a business minded one.
He is not only mature in politics but also very unmature in business.
He's just a salaried man in a place which he condemn always.
So this kind of people are real follower of SUU KYI.

Soe Naing said...

1)Does Suu Kyi can make Myanmar to become a developed rich country?If YES,why she never came back to Myanmar before 1988 riots.She arrived Myanmar for her mother health status?
Did she had any proof of activity in Myanmar's development while she's enjoying good life staying out of Myanmar?Did she participate/contribute for poor Myanmar people before 1988?

2)Any successful track record while she was in United Nations Or any other political organozation/NGO?
For good example U Thant's grandson Thant Myint who was political officer for Balkan conflicts?
If there's no such thing we'll have to name Suu Kyi as OPPORTUNIST/WIDOW-TURNED-POLITICIAN by CHANCE
does she an ACHIEVER?

I can tell you 100% confident all qualified Myanmar young/middle/old generations will not support her anymore.

OK?You can still shout but we all welcome upcoming cabinet selected by majority of Myanmar people...

I LOVE THIS POST VERY(VERY)MUCH..
Good Shot...

Anonymous said...

8:49am က anonymous ရေးထားတာကိုထောက်ခံတယ်ဗျို့ 
ချီးစားခွေးကိုဂရုစိုက်မနေပါနဲ့ 
သူ့ ကိုထောပတ်ကျွေးပေမဲ့သူကချီးပဲစားချင်တာကို
ကိုပေါရဲ့ဘလော့ထဲမှာချီးစားခွေးရူးတကောင်သေခါနီး
သည်းချေပျက်ပြီးလာသောင်းကျန်းနေတယ်လို့ပဲမှတ်
ပါတယ်

သက်

ကြောင်ချေး said...

ခွေးသား ၀က်မြေး ကြက်ယောက်ဖ
သောက်ရူး ဇော်မျိုး မသေ သေးဘူးလားဗျ

Anonymous said...

စိုးနိုင် -သို့

၁) သစ်စေ့တွေတောင် ရေခံမြေခံနဲ့ ရာသီဥတုပေါ်တည်ပြီးမှ ပေါက်ကြတာပါ။ ၁၉၈၈ မတိုင်မီက DASSK ဟာ scholar ပါ။ politician မဟုတ်သေးပါဘူး။

Opportunist လို့ အမည်တပ်သင့်တဲ့သူတွေက ဘယ်သူတွေလဲ အဏာဗန်းပြပြီးလုပ်စားနေတဲ့သူတွေ ဘယ်သူလဲ ဆိုတာ မျက်စေ့ကောင်း၊ နားကောင်းပြီး ဦးနှောက်ကောင်းသူတိုင်း သိပါတယ်။

၂) ဦးသန့်မြေးက သူ့ဟာသူ ဘော်လကန်မှာ အရာရှိ ဖြစ်ချင်ဖြစ်နေမယ်။ သူက မြန်မာပြည် အတွက် ဘာလုပ်ပေးသလဲ။ စာအုပ်ရေးပြီး လူတွေကို ရေလိုက်လွဲအောင် လုပ်တာပဲရှိတယ်။

ဒေါ်စုကို ကွာလီဖိုင်း ဖြစ်တဲ့သူတွေက မထောက်ခံဘူးဆိုတော့ သူမကို ကြိုဆိုကြ ထောက်ခံကြတဲ့ ပြည်သူ အများစုက ငတုံးငအ တွေလို့ ပြောချင်တာလား။

မြန်မာလူထုအများစုက ထောက်ခံထားတဲ့ ကက်ဘိနက် ဟုတ်လား။ မင်းမှ တကယ့် ငတုံးငအ။

လူတွေမျက်စေ့ထဲ သဲမပက်ချင်စမ်းပါနဲ့ကွာ.....

လူမုန်း

Anonymous said...

Soe Naing,

How much do you get by posting that comment? Why didn't Obama compete for election in 1990's? It was not the right time for him. I hope you get it. There are many circumstances. Nobody was born to do politic. They will only do if they find it necessary and they judge it is the right time. Of course, firstly, they must have that guts.

FINE JUDGE said...

you all can't compare Myanmar(or any other countries) against America's(or any other countries system on the same ground.
Do you know there's different values(Asian,western)?
That's why nonsense conflicts are happening on the world and all people are suffering from battles and wars?
Focus on your own country,society be peaceful and away from conflicts.
One thing is very sure nobody can change Myanmar by DEMOCRACY alone.
Even US/Western rich people are eager to stay in Asian/Asean countries?Read below link;They may be boring of what you are just starting to talking now?

http://sg.yfittopostblog.com/2010/11/11/arrival-of-the-super-rich-in-singapore/

ပြည်သူ said...

ကိုလိုနီခေတ်တွင်း တို့ပြည်မှာ ကျင့်သုံးခဲ့တဲ့ “တရားဥပဒေ” (Laws, Regulations & Acts) တွေကို သင့်တော်ကောင်းမွန်တယ်၊ တရားမျှတပါတယ်လို့ အုပ်ချုပ်ခံတိုင်းတပါးကျွန် ဖြစ်ခဲ့တဲ့ တို့ပြည်သူ/သားတွေ ဘယ်တုန်းကမှ မယူဆခဲ့ကြဘူး။ ဒါကြောင့်လဲ လွတ်လပ်ရေးကို ရအောင်ယူခဲ့ကြတာပေါ့ဗျာ။ ဒါ ငြင်းလို့မရတဲ့ သမိုင်းပါ။ ခုပြောနေတာက အဲ့ဒီ ကိုလိုနီခေတ်မှာ အမျှတကြီးမဟုတ်၊ အကောင်းမွန်ကြီးမဟုတ်တဲ့ ဥပဒေတွေနဲ့ဖြစ်သော်ငြားလည်း (ကိုလိုနီခေတ်ဆိုမှ ကိုလိုနီပြုတဲ့ဥပဒေတွေကိုး) အဲ့ဒီ “ဥပဒေ” တွေရဲ့စိုးမိုးမှု (Rule of Law) ရှိခဲ့သေးတယ်၊ အဲဒီ ဥပဒေတွေကိုဘောင်ကျော်ကျူးလွန်လို့မရဘူး။ ယခု ၂၁ရာစုခေတ် စစ်အာဏာရှင်ဘိုသန်းရွှေလက်အောက် မျက်မှောက်မြန်မာပြည်မှာလို ဥပဒေလက်လွတ်၊ ဥပဒေစိုးမိုးမှုအလျင်းမရှိတဲ့၊ ကိုလိုနီထက်ပိုဆိုးဝါးတဲ့၊ ရက်စက်ကြမ်းကြုတ်ယုတ်မာတဲ့ စစ်ဝါဒီ ဖက်ဆစ်ပုံစံ (ကိုယ့်လူမျိုးအချင်းချင်းနော် လူမျိုးခြားအပေါ်တောင်မဟုတ်)၊ ပဒေသရာဇ် သက်ဦးဆံပိုင်၊ တချက်လွှတ်အမိန့်တွေနဲ့ ပါးစပ်ကထွက်တာဥပဒေ အုပ်စိုးမှုပုံစံ မဟုတ်ခဲ့လို့၊ တော်သေးတယ်လို့ပြောနေတာ။ (ဆက်ရန်)

ပြည်သူ said...

လူသိထင်ရှားဥပမာတွေပြရရင်၊ ကိုလိုနီခေတ် လံချားဆွဲ၊ ကူလီထမ်း၊ အမှိုက်သိမ်း အလုပ်ကြမ်းလုပ်ဖို့ တင်သွင်းလာတဲ့ ဂေါ်ရင်ဂျီ၊ ဘင်္ဂလား၊ ကုလားတွေကို အရေအတွက်ထိန်းချုပ်၊ မှတ်တမ်းကောက်ဖို့ အင်္ဂလိပ်တွေရေးခဲ့တဲ့ သန်းခေါင်စာရင်းမြို့ပြအက်ဥပဒေ (အလုပ်နားချိန် ကဇော်မူးပြီးချောင်ထိုးအိပ်ချိန် စာရင်းကောက်လွယ်တာမို့ သန်းခေါင်စာရင်းခေါ်တာ၊ တခြားပြည်သူ/သားတိုင်းရင်းဗမာတွေကို စာရင်းကောက်ဖို့မဟုတ်) လိုဟာမျိုးကို စစ်အာဏာရှင်တွေက ချောင်ထဲကလိုရာဆွဲထုတ်ပြီး၊ တနိုင်ငံလုံးအနှံ့၊ နှိပ်ကွပ်တားမြစ်အုပ်ချုပ်ဖို့ အလွဲသုံးနေတာတွေဟာ ကိုလိုနီထက်ပိုဆိုးတယ်။ ဘိုသန်းရွှေရဲ့ ကိုလိုနီခေတ်အမွေခံ၊ အင်္ဂလိပ်ဆောက် အကျဉ်းထောင်တွေထဲမှာ၊ အင်္ဂလိပ်ရေးဆွဲခဲ့တဲ့ ထောင်လက်စွဲဥပဒေတွေတောင် မလိုက်နာ၊ ရပိုင်ခွင့်မပေး ညှဉ်းပန်းသတ်ဖြတ်နေတာတွေဟာ ကိုလိုနီထက်ပိုဆိုးတယ်။ ရဲဘက်ကျောက်ထုစခန်းတွေမှာ ပန်းဘဲဖိုထွက် သံခြေကျင်းဒေါက်တိုင်တွေခတ်ပြီး ညှဉ်းပန်းခိုင်းစားသတ်ဖြတ်နေတာတွေ၊ ပေါ်တာဆွဲပြီး လူကိုမိုင်းရှင်းကရိယာအဖြစ်သုံးတာတွေဟာ ဖက်ဆစ်ဂျပန်တွေရဲ့ စစ်သုံ့ပန်း၊ ချွေးတပ်ဆွဲစခန်းတွေထက် ပိုရက်စက် ပိုဆိုးနေတယ်။ ဖက်ဆစ်ဂျပန်ဘေးရန်ဟာ မြန်မာပြည်မှာ လမ်းပန်းဆက်သွယ်ခက်ခဲတဲ့ ဒေသအနှံ့ကိုတောင်မရောက်ခဲ့လို့ ဂျပန်ငပုဆိုတာ မမြင်ဘူးတဲ့တိုင်းရင်းသားတွေရှိခဲ့တယ်။ ဘိုသန်းရွှေ စစ်အာဏာရှင်လက်ထက်မှာ တောအုံတောင်ကြား နယ်စွန်နယ်ဖျားမကျန်၊ စစ်အာဏာယန္တရားရဲ့နှိပ်စက်ဘေးရန် ပေါက်မြောက်တယ်၊ နယ်စပ်နယ်ခြားတောင်ကျော်ပြီး တဖက်နိုင်ငံထိတောင် ဒုက္ခကူးနေတာ ဖက်ဆစ်ထက်ပိုဆိုးတယ်။ တမတ်သားမချန်သတ်တဲ့ ဘိုသန်းရွှေရဲ့ မုဒိမ်းတပ်တွေ ခလေးပါမချန် အကုန်ဆွဲနေတာ ဖက်ဆစ်ထက်ပိုဆိုးတယ်။ ဆက်ပြောရင် ကုန်ဆုံးမှာမဟုတ်။ (ဆက်ရန်)

ပြည်သူ said...

မြောက်အမေရိကမှာ လူမဲတွေ၊ လူနီတိုင်းရင်းသားတွေ အနှိမ်ခံခဲ့ရတာမှန်တယ်။ ဒါကိုဆန့်ကျင်တိုက်ဖျက်ပြုပြင်လာလို့ အခွင့်အရေးရလာကြတာ ခု ၂၁ရာစုမှာ အနှိမ်ခံလူမဲတောင် သမ္မတဖြစ်နေပြီ။ လူနီတိုင်းရင်းသားတွေ ကာဆီနိုလောင်းကစားမြို့ကြီးတွေပိုင်လို့ ထိုင်စားနေပြီ။ ဘိုသန်းရွှေစစ်အာဏာရှင်ကတော့ ၂၁ရာစုမှာ တောထဲ သေပြည်တော်တည်၊ ကရေကရာသီရိ၊ ပုပ်ပွသီရိ၊ ဂုတ္တဂုံဘန်သီရိ၊ ဒုက္ခိတသီရိမြို့တွေဆောက်၊ ဆင်နူတွေဖမ်း၊ ရွှေတိဂုံအတုဆောက်၊ စစ်ကျွန်ပြု ၂ဝဝ၈ အခြေခံဥပဒေဆွဲလို့၊ သက်ဦးဆံပိုင်ပဒေသရာဇ်မင်းဘုရင်လုပ်ဖို့ ကြိုးပန်း၊ ခေတ်နောက်ပြန်သွားနေလေရဲ့။ ဒီအချက်နှစ်ခုကို လက်ညှိုးထိုးနှိုင်းယှဉ်နေတဲ့ အရူးဟာ သာမန်အရူးပါးအရူးလိမ်တောင်မဟုတ်ဘူး၊ ရူးယောင်ဆောင် အရူးလက်မှတ်ကိုင်ပြီး လိမ်စားချင်တဲ့လူယုတ်လူလည်အရူးနှမ်းပဲ။ မင်းနဲ့ငါ လှေလှော်ပြိုင်မယ်၊ မင်း ပဲခူးဖက်ကနေ မန္တလေးဖက်ကို ရေဆန်လှော်၊ ငါအရူးကတော့ မန္တလေးဖက်ကနေ ပဲခူးဖက်ကို ရေစုန်လှော်မယ်၊ ဘယ်သူအရင်ရောက်မလဲ? ဆိုသလိုပြောနေတဲ့ အရူးလိမ်ပဲ။ ဒီနောက်ဆုံးပုဒ်ကတော့ “အဗ္ဗဒူဇော်မြား” ရူးယောင်ဆောင် လူလိမ်ပါးကို ရည်ညွှန်းပါတယ်။ (အရူးနှမ်းလက်မှတ်ကိုင်ပြီး လိမ်လည်စားနေတဲ့ကောင်နဲ့ ယှဉ်ပြောသလိုဖြစ်နေလို့ သည်းခံဖတ်တဲ့သူတွေကို အားနာလိုက်တာ ခွင့်လွှတ်ပါ။) ကိုပေါရဲ့ ပို့စ်ဟာ သင့်လျော်မှန်ကန်တဲ့အချက်တွေမို့ သဘောတူလက်ခံတယ်၊ ပို့စ်ကောင်းလဲဖြစ်တယ်လို့ ထည့်ပြောပါရစေ။

ပြည်သူ said...

အထက်က “စိုးနိုင်” ဆိုတဲ့ စစ်ကျွန်ရဲ့ကွန်မန့်ဟာ၊ ကိုပေါရဲ့ အရင်တပုဒ်ကျော်ပို့စ် “စင်္ကာပူနိုင်ငံသားတွေလည်း ပျော်ကြတယ်”ထဲက၊ “မျိုးချစ်နိုင်ငံသား” (Patriotic Citizen) အမည်ခံထားတဲ့ တခြားစစ်ကျွန်ဖားစားတယောက်ရဲ့ကွန်မန့်ကို copy & paste လာလုပ်ထားတာပါ။ ဒီလိုလူလိမ် စစ်ကျွန်ရူးတွေကို အဖက်လုပ်ပြန်ပြောနေလို့ကတော့ သံသရာဆုံးနိုင်မယ်မထင်ဘူး။ အရူးဟောင်ဖွာဖွာ ပျံကြားရေးဝံ ငပုဆော်ကြမ်းရဲ့ မီဒီယာကို မတ်တရာနဲ့တိုက်မယ် ကြွေးကြော်ချက်ကို အကောင်အထည်ဖော်နေကြတာပေါ့ဗျာ။

Anonymous said...

Fair & Square ,

Targeted sanction ? Really ??????Is it workable ? Would draw next 20years long journey to delay development in our country ?Whether generals" and army related families cannot bully and change their name on paper to apply visa to West ? Whether DNA test is doing at EU & US airport gate before they enter ? :)
Neighbourhood won't help to their stolen money to keep safely and enjoy their life like as heaven ? Targeted sanciton means what ??????Can u prove what kind of country liberate by this way ? U want to push Myanmar to be Haiti ???? U are happy see Myanmar labours are work as cows at overseas and look down by other citizens among
Asians ?

Anonymous said...

Fair & Square,

Please compare with citizens of mainland China , whether they are doing democracy ? Myanamr citizens are lower than other Asians though we hv rich of natural resources & talented people . Is it because of dictators or lack of democracy ? If so, how about China ?Check Myanmar citizens status and Chinese ,Indian & other nationals at overseas.More tighten sanction , more people will run out fm our country to suffer discrmination & low impressive status at overseas ?Do u have business mind ? Who else care about other country's profits apart from their own land's prospects .
Democracy meaning is arguments & against each other ? If someone have opposite ideas with anti-government activist for our country’s prospects is army junta’s alliance .
If someone never say democracy , but he/she wants country’s development either democracy or non-democracy is military junta’s helping hands or opportunist ? So far, I don’t have any opportunity from SPDC , but I want to see my country to be a rich & peaceful .I am boring for fighing theory for no outcome , no movement for our country upon democracy issue .
Good luck Daw Su among mis-leading people for your kindness & innocent mind .
Don’t be a device of their game Aunty Su .Good Luck !!!!

Soe Naing said...

These Dumb DEMO NGA TONE(plural) will never realise what good people are saying?
They are proud with paper certificates.
They think they are even better than Suu Kyi.
If Suu Kyi say to lift sanction against these NGA TONE's above proposal,they will against SUU KYI immediately.
We know it.

Anonymous said...

Please reply the comments posted by soe naing so that he can have some money. otherwise, he will become beggar.

TURN-ON-IDEAS said...

သိပ်ကောင်းတဲ့ ပို့စ်ပါ ကိုပေါ...
အစ်ကို့ဘလော့ဂ်ကို အမြဲတမ်းမဟုတ်တောင် မကြာခဏ ဖတ်ဖြစ်ပါတယ်...
ကော်မန့်တော့ မရေးဖြစ်ဘူး...
ဗဟုသုတတွေ အတွက်ကျေးဇူးပါကိုပေါရေ...

ကျနော် ကိုပေါရဲ့ ဒီပို့စ်နဲ့ အပေါ်က ကိုပြည်သူရဲ့ ကော်မန့်ရယ်ကို ဖေ့ဘွတ်မှာ နုတ်အဖြစ်တင်ပြီး မြန်မာပြည်က နိုင်ငံရေးစိတ်ဝင်စားတဲ့ မောင်နှမတွေကို ပေးဖတ်ချင်ပါတယ်...

သူတို့က မြန်မာပြည်ကနေ ဘလော့ဂ်တွေကို သွားဖတ်လို့ မရကြဘူး...
ကိုပေါပို့စ်ထဲမှာ သူတို့ဝေဝါးနေတာတွေကို ရှင်းလင်းသွားစေတဲ့ အချက်ကောင်းတွေ ပါနေလို့ ပြန်မျှဝေချင်တာပါ...

ခွင့်ပြုဖို့တောင်းဆိုပါတယ်...

Anonymous said...

SEE DEMO NGA TONE are only dare to RUDE & OFFENSE by silly words,No fact based replies?

Myo Tun said...

Very good Soe Naing...
You are the one...
That's why people voted to the correct one?

Excellent!Excellent!Excellent?

Anonymous said...

These Dumb DEMO NGA TONE(plural) will never realise what good people are saying?
They are proud with paper certificates.
They think they are even better than Suu Kyi.
If Suu Kyi say to lift sanction against these NGA TONE's above proposal,they will against SUU KYI immediately.
We know it.

ကိုပေါ said...

TURN-ON-IDEAS... ဟုတ်ကဲ့။ သုံးပါ၊ ခွင့်ပြုပါတယ်။ အဲဒီလို ဖြန့်ဝေပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။

Anonymous said...

Really thanks to Patriotic Citizen,Soe Naing,Myo Tun,Fair & square,Anonymous for their excellent points.We never read such kind of posts on Ko Paw and other so called bloggers who mostly advertise for their personality and family popularity among Myanmars?
Now real professional posts are coming out for good sake.
we really appreciate it!

Lun Lunn said...

ကိုပေါ …

ကောင်းမွန်သော ပို့စ် တစ်ခုပါ။ ထိရာက်စွာ အခြေအနေ အရပ်ရပ်ကို ဖော်ကျူးပေးတဲ့ ပို့စ် တစ်ခုအဖြစ် နှစ်သက်ပါတယ်။

Anonymous, November 17, 2010 2:47 AM

“၀န်ကြီး၊ ဒုဝန်ကြီး တွေက ဒေါ်လာကို မီလီယံနဲ့ ချီပြီးရနေကြလို့ Sanction lift လုပ်မှာတောင် ကြောက်နေကြတယ်။”

Sanction ကြောင့် ပစ္စည်းကို မတန်တဆ ပေးဝယ်ရတာကို နားလည်ပါတယ်။ ဒါပေမယ့် တစ်ခု စဉ်းစားရမှာက Sanction Lift လုပ်လို့လည်း ပိုထွက်လာတဲ့ ပြည်သူ့ဘဏ္ဍာတွေကို တိုင်းပြည်ကောင်းကျိုးအတွက် ပိုသုံးမှာလား ဆိုတာပါပဲ။

Anonymous, November 17, 2010 8:49 AM နှင့် ဘော်ဒါတို့ …

ကျွန်တော်ဆို မြင့်မြတ်သည့် မဟာဝါဒီ သခင်ကြီး ဆိဲုပီး Mr. တပ်ထားတဲ့ သခင်မကျ ဘိုမကျရဲ့ ကွန်မန့်တွေကို အနည်းငယ် ဖတ်ဖူးပြီးကတည်းက သူ့ကွန်မန့်ကို ဘယ်တော့မှ အချိန်ကုန်ခံပြီး မဖတ်ဘူး။ ကျော်ဖတ်နေကျ။ အလားတူ သူ့လိုမျိုး ပုံစံတူ ကွန်မန့်တွေကို ဖတ်မိရင်လည်း အကုန် မဖတ်ဘူး။ ကျော်ဖတ်လိုက်တယ်။

ဘော်ဒါတို့ရဲ့ တန်ဘိုးရှိတဲ့ အချိန်တွေကို အလဟသ မဖြစ်စေချင်ဘူး။ သူ့တို့ အချိန်တွေ အရမ်းပေါနေလို့ ရေးနိုင်ရင် ရေးပါစေ။ ကိုယ့်ဖက်က ဘာမှ မတုံ့ပြန်ရင် အချိန်တန် မောပြီး ရပ်သွားပါလိမ်မယ်။

သူ့တို့ကို တုံ့ပြန်ရေးသားရင် သူတို့လုပ်ရပ် ထိရောက်တာကို ပြသရာရောက်တဲ့အတွက် လစ်လျူရှုကြဖို့ အကြံပေးလိုပါတယ်။

လူမုန်း ...

ကွန်မန့်ကို အတိအကျ သဘောတူပါတယ်။
အသိခေါက်ခက် အ၀င်နက်တဲ့လူတွေကို ဘေးမဲ့ပေးထားလိုက်ပါ။

ပြည်သူ …

ကောင်းမွန်တဲ့ ကွန်မန့်တွေဟာ ကိုပေါရဲ့ ဆိုလိုရင်းတစ်ချို့ကို ပေါ်လွင်ထင်ရှားအောင် ထပ်မံ ဖြည့်စွက်ပေးတဲ့အတွက် နှစ်သက်ပါတယ်။

လေးစားခင်မင်လျှက် ...

Law Shay said...

၁၇ ရာစုမတိုင်ခင် အမေရိကန် ကိုလိုနီမှာ အုပ်ချုပ်ခဲ့တဲ့ အင်းဂလိပ် ဥပဒေနဲ့ ၂၀ ရာစုဦး အိနဿဒိယ ကိုလိုနီမှာ အုပ်ချုပ်ခဲ့တဲ့ အင်းဂလိပ် ဥပဒေတူတူပဲဆိုရင်တော့ ဦးဏှောက်ဆေးစစ်သင့်နေပြီ။

မြောက်ကိုရီးယားကို တရုတ်က ခိုးခိုးပေးတယ်လို့ ထင်ပါတယ်။

Anonymous said...

ဇော်မျိုး(ခ)သခင်မျိုးဟေ.ဒို.မြန်မာ Mr.ဇော်မျိုး(ခ) အ၇ူးချီးပန်း နဲ.interview


ဆ၇ာကြီးဇော်မျိုး :ဟေ. ငါလာတာနဲ.ကုလားတွေထွက်ပြေးကုန်ကြပြီလား

ေ၇ွဂျူး :you came right time(အင်္ဂလိပ်စာမှားနေပါသည်)ဆ၇ာကြီးကိုကျွန်တော်အ၇မ်းအားကိုးပါတယ်ဆ၇ာကြီး၇ယ် ဆ၇ာကြီးကအ၇မ်းတော်တော. မြန်မာပြည်နဲ.တောင်မတန်ပါဘူးအီ
သီယိုပီးယားလိုနိုင်ငံမျိုးနဲ.ပဲတန်ပါတယ် နိုင်ငံတော်အလံကလဲအီသီယိုပီးယားအလံနဲ.ခပ်ဆင်ဆင်ပဲဆ၇ာကြီး၇ဲ.

ဇော်မျိုး :မင်းကလဲကွာငါ.ကိုအဲ.လောက်မမြောက်ပါနဲ.မင်းလဲ တာဝန်တွေခွဲဝေယူနေတာပဲုနောက်တော.လဲငါ.လိုဖြစ်လာမှာပေါ.

ေ၇ွှဂျူး :ဆ၇ာကြီး၇ဲ.ကျန်းမာေ၇းကိုဂ၇ူစိုက်သလို လုံခြုံေ၇းကိုဂ၇ုစိုက်နော်

ဇော်မျိုး :စိတ်မပူပါနဲ.ကွာ အိမ်သာတည်းမှာနေ၇င်းချီးကားတိုက်သွား၇င်တော.မတတ်နိုင်ဘူးပေါ.ဒါပေမဲ.ငါက ၄ယောက်လောက်တော.အသာလေးပါ ငါငယ်ငယ်တုန်းကကျောင်းပြေးပြီး ငါ.သူငယ်ချင်းအပေအတေ ဂျလေပီတွေနဲ.၇န်ဖြစ်နေကြပါကွာ

ေ၇ွှဂျူး :ဆ၇ာကြီးမနိုင်တော.ဘယ်နှယ်လုပ်မလဲ

ဇော်မျိုး :ဟ မနိုင်၇င် ထိုင်၇ှိခိုးမှာပေါ.ငါ ငယ်ငယ် ကျောင်းပြေးစဉ်တည်းကလုပ်နေကြပါကွာ ဒါမှမ၇၇င် ဖင်လန်ပြေး၇ုံပေါ.

ေ၇ွဂျူး :သူ၇ဲကောင်းဆန်လိုက်တဲ.ဆ၇ာကြီး၇ယ် ဆ၇ာကြီးက ၀တ္တု ထဲကဆ၇ာကြီး စနေပြောင်ပြောင်ကြနေတာပဲ

ဇော်မျိုး :စကားပြောလို.တော. ကောင်းတယ်ကွာ ငါ.၇ည်းစားလေးဆီဖုန်းဆက်၇မယ် ၇ည်းစားကိုတော.ကြောက်၇တယ် သူကငွေ၇ှာကောင်းတယ်

ေ၇ွဂျူး :အားကျလိုက်တာ ဆ၇ာကြီး၇ယ် ဒါနဲ.ဆ၇ာကြီး၇ည်းစားကဘယ်မှာလဲ

ဇော်မျိုး :တ၇ုတ်နယ်စပ်ကကုမ္မဏီမှာ အလုပ်လုပ်တယ်ကွ ကုမ္မဏီနာမည်က ဇိမ်ခန်း ကုမ္မဏီကွ လူ၎ ၅ ယောက်လောက်၇၇င်ထောပြီ တပ်စုတ်ကြီး၇ဲ.သမီး သန္တာေ၇ွတောင် အဲ.အလုပ်လုပ်ချင်လို.ငါ.ကိုကပ်နေတာကွ

ေ၇ွဂျူး :ဆ၇ာကြီးကဘလော.တကာမှာတော်တော်နာမည်ကြီးနေပြီနော်

ဇော်မျိုး :အေး ကိုယ်.ဟာကိုေ၇း ကိုယ်.ဟာကိုထောက်ခံ ဟိုကခိုး ဒီကလစ်ပေါ.ကွာ ငယ်ငယ်ကထမိန်စုတ်လည်ခိုး၇င်းတတ်လာတဲ.ပညာပေါ.ကွာ ဘ၀နဲ.၇င်းလာ၇တာ လွယ်တာမဟုတ်ဘူး

ေ၇ွဂျူး :မှတ်သားလောက်ပါတယ် ဆ၇ာကြီး၇ယ်

Unknown said...

ဇော်မျိုးဆိုတဲ့ စိတ်မနှံတဲ့ ကော့မင့်သမားကို လွန်ခဲ့တဲ့ ၂ နှစ်ကျော် လောက်က ဘလော့ တော်တော်များများ မှာ တွေ့ခဲ့ဘူးတယ်။ အခု ကိုပေါ ထံ သူ စနက် ကျနေတယ်။ ဒီကောင် ဟာ တကဲ့ကို သွက်ချာ ပါဒ လိုက်အောင် ရူးနေပြီ လို့ ကျွန်တော် အောက်မေ့တာပဲ။ အော် လွတ်ပါ ကျွတ်ပါစေ... နောက်ဘဝ ကောင်းရာ မွန်ရာ ရောက်ပါစေ။ သူများတွေလို ပုံမှန်စိတ် ရှိပါစေ။ သနားပါတယ်။ မင်းကို ဒီဘဝ မှာ အခုလို ကြောင်တောင်တောင် ရူးရူးနှမ်းနှမ်း မြင်ရတွေ့ရတာ စိတ်မကောင်းပါဘူး။

Ye Naing said...

To Zaw Myo
If you don't want to live in Canada,comment here.I have your bio.
Understand?Don't come Kopaw Blog.

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

တုံးလွန်း. .အလွန်းတဲ့ ဒီမိုငတုံး ye.naing14

မင်းတို့ ပြောတော့ နအဖက အဏာရှင်။ လွတ်လပ်စွာ ပြောဆိုခွင့်မပေးဘူး ဆိုပြီး စောက်တင်းပြောကြတယ်။ ငါက ဒီမိုအစိုးရတွေ ကလိမ်ကကျစ်လုပ်တာကို အကြောင်းပြချက်နဲ့ ရေးထားတယ်။ မှားတယ်ဆိုရင် အကြောင်းပြချက်နဲ့ ချေပလေကွာ။ အဲလောက် အခြေခံကျတဲ့ လူကျင့်ဝတ်လေးတောင် နားမလည်ဘူးလား? မိမိအကြိုက်ကို လိုက်မပြောရင် အကြမ်းဖက်မယ်လို့ ခြိမ်းခြောက်တာလဲ ဒီမိုကရေစီတဲ့လား? ၀ါးဟားဟား။ ကျောက်ခဲကို ညှစ်ကြည့်ရင် ရေထွက်ကောင်း ထွက်ပါလိမ့်မယ်။ ဒီမိုငတုံးတွေကတော့ အကျိုးသင့်အကြောင်းနဲ့ ဖြေရှင်းတာ ဘယ်တော့မှ လုပ်မည် မဟုတ်ပါ။ သနားလိုက်တာ ဒီမိုငတုံးရယ်။

☀ ပင်လုံစာချုပ်နဲ့ မြန်မာအချင်းချင်း သွေးခွဲပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးပါ။

☀ မြန်မာနယ်မြေတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကိုပေးတဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။

☀ ဗိုလ်ချုပ်အောင်ဆန်းကို သတ်တဲ့ အင်္ဂလိပ်ကို ကျေးဇူးတင်တာ ဒီမိုငတုံးတွေပါ။

☀ နအဖရေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို စောက်တင်းပြောပြီးတော့… ၁၉၄၈ အင်္ဂလိပ်ရေးတဲ့ အခြေခံဥပဒေကို အလေးထားနေတာ ဒီမိုငတုံးတွေပါ။

☀ ကမ္ဘာမှာ လိမ်လို့အလွယ်ဆုံး. . ငတုံးဖြစ်ဆုံးနဲ့ ပြောတိုင်းယုံတာကတော့ ကတော့ မြန်မာလူမျိုး ဒီမိုငတုံးတွေသာဖြစ်ပါတယ်။

☀ ကဲဗျာ… အဖြူတွေ အုပ်ချုပ်တဲ့အချိန်မှာ တရားဥပဒေက ဘယ်လိုလဲသိချင်ရင် ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါ။ သြော်.. အဲဒီဗီယိုက နအဖက ရိုက်ထားတဲ့ ဗီဒီယိုလေးနော်.. ၀ါးဟားဟား


တုံးလွန်း.. အလွန်းပြီး သူတပါးကိုသာ အားကိုးလိုသည့် စိတ်ဓါတ်ကိုရွံသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

Anonymous said...

ငပေါ ဇော်မျိုး
ပြောပုံဆိုပုံကြည့်ရတာ ကိုယ်ကျိုးကြည့် မျက်စိဇုံမှိတ် တဇောက်ကန်း နိုင်ငံရေးယောင်ယောင် ငကြောင် နဲ့ တူတယ်။ မင်းခုလုပ်နေတဲ့အလုပ်ထက် ၂ ဆ ရမဲ့ အလုပ်တစ်ခုရှိတယ်။ မင်းနဲ့ အထူးသင့်တော်တယ်။ ဦးသန်းရွှေ ရဲ့ ငယ်ပါ ကို တစ်နေ့ ၂ ခါ စုတ်ရမှာ။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs