ခေါင်းပေါင်းစ လူသမျှတွင်မှ...

Share |
မြန်မာပြည်တွင်းက ခေါင်းပေါင်းစ တလူလူ လုပ်နေကြသမျှ အဖွဲ့တွေထဲမှာ ဒီဆိုင်းအဖွဲ့တွေပဲ ကျက်သရေအရှိဆုံး။ နားဝင်ပီယံ အဖြစ်ဆုံး။ သူ့အလုပ် သူလုပ်ပြီး တာဝန်အကျေဆုံး။ အညီညွှတ်ဆုံး။

“ရေကင်းနဲ့ဗျောတီးလုံး”



မြန်မာပြည်သူပြည်သားအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။ ချမ်းမြေ့ကြပါစေ။ အမြန်ဆုံး စစ်ကျွန်ဘဝက လွတ်မြောက်ကြပါစေ။

(စစ်အစိုးရရဲ့ တရားမျှတမှုမရှိသော၊ မလွတ်လပ်သော အထွေထွေရွေးကောက်ပွဲနေ့ အမှတ်တရ မှတ်တမ်းတင် ပို့စ်။)

17 comments:

Taungoo said...

ကောင်းတယ်ဗျာ။ မနက်ခင်းမှာ ဖွင့်လိုက်တာ မင်္ဂလာရှိသွားတာပဲ။ ဘယ်အဖွဲ့လဲဗျ။ "မြန်မာပြည်" နဲ့ "ဆိုင်းအဖွဲ့" ဆိုတာပဲ တွေ့တယ်။

ကိုပေါ said...

Taungoo....စိန်ကျောက်စိမ်း အဖွဲ့လို့ ဖြစ်မယ်ထင်တာပဲ။ မြန်မာပြည်မြေပုံပေါ်မှာ ကျောက်စိမ်းလို့ ရေးထားတာတွေ့ရတယ်။

ညိမ်းနိုင် said...

မြန်မာပြည်ကျောက်စိမ်း ဆိုင်းအဖွဲ့

ko thant said...

KO PAW,
GOOD MESSAGE!

မောင်လမ်းသစ် said...

ကိုပေါရေ
ရွေးကောက်ပွဲနေ့ စာလာဖတ်တာ၊ ဘာတွေ ရေးထားမလဲလို့ လာကြည့်တာ၊ ဒီနေ့ မနက်ဗျာ ကျွန်တော်တို့ မြို့မှာတော့ မနက် ၆ နာရီထဲက မဲပေးနေကြတာ ခုချိန်ထိ တဖွဲဖွဲပဲ၊ ကိုပေါတို့ရဲ့ No Vote ကြီးကတော့ လုံးဝကို မထိရောက်တာ အသိသာကြီးဗျို၊ ခင်ဗျားတို့ အဖွဲ့တွေကတော့ အရင်လို ကြေငြာချက် တစ်ခု ထုတ်လိုက်ရင် ပြည်သူက ထောက်ခံ သယောင်ယောင် ယောင်ဝါးဝါး လုပ်လို့ မရတော့ဘူးလေ။ လူတွေ အကုန်လုံးက မဲပေးနေကြပြီလေ၊ ဒေါ်စုကြည်ရဲ့ မဲမပေးနဲ့ ဆိုတဲ့ တိုက်တွန်းချက်ကိုလဲ သူ့ပါတီဝင်တွေတောင် လိုက်နာဟန် မတူပါဘူး၊ အရင်ကတော့ ဒေါ်စုကြည်က ပြောရင်၊ တိုက်တွန်းရင် ပြည်သူတွေ အကုန်လုံးက သဘောတူတယ်စယောင် အမေရိကန် ဒေါ်လာစား အတိုက်အခံမီဒီယာ တွေ၊ ခပ်တည်တည် ၀ါဒဖြန့်ခဲ့တာတွေ တစ်ခုမှ မဟုတ်ဘူးဆိုတာ ဒီရွေးကောက်ပွဲကနေ သက်သေပြလိုက်ပါပြီ။ ရွေးကောက်ပွဲ မှာ မဲပေးရတာလဲ လွတ်လွတ်လပ်လပ်ပါ၊ ပြည်ခိုင်ဖြိုးလဲ နိုင်ချင်မှ နိုင်မှာပါ၊ သူတို့ကို မကြိုက်တဲ့သူတွေကလဲ အများကြီးပဲလေ၊ တစည မဲနိုင်ပါလိမ့်မယ်။

ko thant said...

To Mg Lann Thit,
Say nothing , till we see what happens.
Our people have their own rights!
Good Luck ( all Democratic )

Anonymous said...

To Mg Lan Thit.

Both you and your government are " Without Sought Shet " .

Lun Lunn said...

ကိုပေါ ...

ရေခင်းလား၊ ရေကင်းလား။ Video clip မှာ ရေခင်းလို့ ရေးထားလို့။

ရေခင်းဆိုတာ ဘာလဲ။ အဲ့ဒီ ဗျောတီးလုံးရဲ့ ခေါင်းစဉ်လား။

မြန်မာပြည် ကျောက်စိမ်း နာမည်ကြီးတယ်လို့ ကြားရတယ်။ ခုမှ သေချာ နားထောင်ဖူးတာ။

အထင်မမှားရင် (ကို)ခင်မောင်တိုး ရဲ့ သီချင်းတစ်ချို့ကို မြန်မာမှုပြုထားတာ အဲ့ဒီဆိုင်းအဖွဲ့ထင်တယ်။

ကိုပေါ said...

လွန်လွန်း....

ကျနော်တော့ “ရေကင်း”လို့ မှတ်ဖူးတာပဲဗျ။ ရတနာပုံနေပြည်တော်တည်တော့ ကင်းအမျိုးမျိုး ချထားတာရှိတယ်။ အဲဒီ ကင်းအမျိုးမျိုးအနက် ညဖက် ကျုံးထဲမှာ ဖောင်ကလေးနဲ့ လှည့်ရတဲ့ ရေကင်းဆိုတာလည်း ရှိတယ်။ အဲသည်မှာ ရေကင်းလှည့်တဲ့အဖွဲ့က နိုးနိုးကြားကြားရှိအောင် နရီစည်းကလေး၊ မောင်းကလေး၊ စည်တို ဗုံတိုကလေးတွေ ဆောင်ပြီး တီးမှုတ်လေ့ရှိကြသတဲ့။ နောက်တော့ နှဲကလေးပါစွက်လို့ပေါ့။ သဘာကတော့ ကျနော်တို့ နိုးနိုးကြားကြား ရှိနေပါတယ်ပေါ့ဗျာ။ အဲသည်ကနေ ရေကင်း ဆိုပြီး ဖြစ်လာတာလို့ မှတ်ဖူးပါတယ်။

ရေခင်းဆိုတာကတော့ ဘုရင်နဲ့ နန်းတွင်းသူနန်းတွင်းသားတွေက ဖောင်စင်္ကြာ သို့မဟုတ် ဘုရင်စီးနင်းရတဲ့ လှေတော်နဲ့ လှေတော်သားတွေနဲ့ အစုံအလင် ခန်းခန်းနားနား သိုက်သိုက်မြိုက်မြိုက် လုပ်ရတဲ့ ပွဲတမျိုးလို့ မှတ်ဖူးပါတယ်။ ဒီအခန်းအနားမျိုးကို စပ်ဆိုထားတဲ့ “ရေခင်းတော်” ဆိုတဲ့ သီချင်းကို ဝင်းဦး ဆိုထားတာရှိတယ်လေ။

“ဝေဇယံ ရွှေဖောင်ဗိမာန်နန်းမြင့်အလယ်၊ အဏ္ဏဝါ လူးလားထက်အောက် စုန်ဆန်တယ်၊ ရွှေဘုန်းတောက်ပ နေလနှယ်၊ ရေပြင်လယ်မှာ ပျော်စံပါယ်၊ ကမ်းညွှတ်လု ဗိုလ်ထုရာလယ်၊ ရာသက်တော်ရှည်ကြောင်းရယ်၊ ကိုယ်စီဆုချွေရင်း ရေခင်းတော်ဝယ်...” ဆိုတဲ့ သီချင်းလေ။

Anonymous said...

http://4.bp.blogspot.com/_Q5lihxWOdsA/TMQy-ZFtbsI/AAAAAAAAEjs/uEk7Q4tHVMI/s1600/acid_picdump_91.jpg



Thanks, ko paw .

Lun Lunn said...

ကိုပေါ ...

ရှင်ဘုရင်တွေအတွက် ခမ်းခမ်းနားနား ကျင်းပတာကိုတော့ သိတယ်။

အခုလို စုံစုံလင်လင် ရှင်းပြတာ ကျေးဇူးပါ။

:P said...

ကိုပေါ ရေကင်းဆိုတာဘာလဲ ရှင်းပြပြီးမှ စိတ်ဝင်စားသွားပြီး ဗီဒီယိုကလစ်နားထောင်မိတော့တယ်

နားထောင်နေဆဲ

Anonymous said...

http://4.bp.blogspot.com/_Q5lihxWOdsA/TMQy-ZFtbsI/AAAAAAAAEjs/uEk7Q4tHVMI/s1600/acid_picdump_91.jpg


Thanks, Ko paw

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ဦးပေါ

ဦးပေါရေ.. ရေကင်းနဲ့ ရေခင်းရှင်းလင်းချက်လေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲလို အနှစ်ရှိတာလေးတွေကို ဆောင်းပါးရေးရင် ကောင်းမှာပဲ။ အခုတော့ တခါလာလဲ နအဖ အတင်းအဖျင်း။ နောက်တကြိမ်လဲ အရေမရ အဖတ်မရ နအဖ အတင်းအဖျင်း။ တခါတလေမှာတော့ လက်တွေ့သုံးလို့မရတဲ့ ဒီမိုဝါဒကို ဘုန်းတော်ဖွဲ့တာလဲလုပ်ပါတယ်။ ဒီမိုဝါဒကို တကယ်လက်တွေ့သုံးလို့မရဘူးဆိုတာ ရွဲ့ပြောတာ မဟုတ်ဘူးနော်။ ဒီမိုဘလော့တွေအားလုံးမှာ လွတ်လပ်စွာပြောခွင့်မပေးတာပဲ ကြည့်လေ။ ပိတောက်မြေမှာ လွတ်လပ်စွာပြောခွင့်ပေးတော့လဲ ဘယ်ကောင်ကများ အဆင့်ရှိရှိတုံ့ပြန်ဆွေးနွေးနိုင်ကြလို့လဲ? ဆဲဆိုပြီးပြောဆိုတာပဲရှိတယ်။ သြော်.. ကျန်သေးတယ်။ ဥပဒေအကြောင်း နကန်းတစ်လုံးမှ မသိပဲ ဒီမိုဥပဒေတွေက တရားမျှတတယ်လို့ပြောတာလဲရှိသေးတယ်။

ခင်ဗျားဆောင်းပါးတွေမှာ ဖတ်လာခဲ့သမျှ အနှစ်ရှိတာ မမြင်ဘူး။ ( ကြက်တူရွေးတွေကတော့ ကျုပ်လိုမြင်မှာမဟုတ်ကြပါဘူး။ ) အခုကော်မန့်တုံ့ပြန်မှုလေးကိုပဲ အနှစ်လို့မြင်မိပါတယ်။ နောင်မှာ အရေရ အဖတ်ရတဲ့ အနှစ်ရှိတဲ့ ဆောင်းပါးလေးတွေမြင်ရပါလို၏။


ဒီမိုငတုံးများဘလော့မှာ အတင်းအဖျင်းတွေပဲမြင်ရတာကို စိတ်ပျက်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

စာအုပ်ထူထူကြီးတွေဖတ်နေသူများ

ကျုပ်တို့က မွတ်ဆလင်တွေကို သတင်း၊ သမိုင်းနဲ့ သင်ကြားမှုတွေပေါ်အခြေခံပြီး မွတ်ဆလင်တွေကို မကောင်းဘူး. .. . . ယုတ်ညံ့တယ်လို့ပြောတော့ ကုလားမှာလဲ လူကောင်းတွေရှိတယ်။ အားလုံးကို ၀ါးလုံးရှည်နဲ့ မရမ်းရဘူးဆိုပြီး ပြောဆို ဆုံးမတဲ့လူတွေ အများကြီးရှိပါတယ်။ စစ်သားဆိုတာ ၀မ်းရေးအတွက် နအဖဆီမှာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေပါ။ ကောင်းတဲ့သူ ၊ ဆိုးတဲ့သူ၊ နအဖ ထောက်ခံတဲ့သူ၊ နအဖကို မုံန်းတဲ့သူ အမျိုးမျိုးရှိနေတာပဲ။ စစ်သားအားလုံးကို ၀ါးလုံးရှည်နဲ့ ရမ်းပြီး ဆဲတော့ ဘယ်သူကမှ မတားဘူးနော်။ ဒီမိုတွေထဲမှာလည်း ဒေါ်လာစားတဲ့သူတွေရှိသလို တိုင်းပြည်အတွက် စေတနာနဲ့လုပ်နေသူတွေလည်းရှိတာပဲ။ အခွင့်အရေး မယူပဲ တိုင်းပြည်အတွက် အသက်စွန့်သွားတဲ့ ဒီမိုတွေ . . . . ဘ၀အပျက်ခံတဲ့ ဒီမိုတွေလဲရှိပါတယ်ဗျာ။ ဒါပေမယ့် ဒီမိုအားလုံးကို ၀ါးလုံးရှည်နဲ့ရမ်းပြီး နှစ်ပြားမတန်အောင်ဆဲတော့ ဘယ်သူကမှ ၀င်ပြီးမတားဘူးနော်?

ကုလားတွေမှာလဲ လူကောင်းရှိတယ်ဆိုတဲ့ စကားပြောနေတဲ့သူတွေက . . . ဘာလို့ နအဖနဲ့ ဒီမို ၂ ဖက်စလုံးမှာ လူကောင်းရှိတယ်ဆိုတဲ့စကားကို မပြောကြတာလဲ? စာအုပ်တွေနဲ့ မီဒီယာတွေထဲမှာက မွတ်ဆလင်မှာလဲ လူဆိုးလူကောင်းရှိတယ်ဆိုပြီး ရေးထားလို့ ကြက်တူရွေးတွေလို အသံကြားရာကို လိုက်အော်တာလား? နအဖနဲ့ ဒီမို ၂ ဖက်စလုံးမှာ လူဆိုးလူကောင်းရှိတယ်လို့ စာအုပ်တွေမှာ ရေးမထားလို့ အဲဒီစကားကို မပြောတာလား? ဒါဆို၇င် ခင်ဗျားတို့ ခေတ်ပညာတတ်ဆိုသူတွေရဲ့ အတွေးအမြင်က ကြက်တူရွေး လောက်ပဲ အဆင့်ရှိတယ်လို့ စွပ်စွဲချင်တယ်။

လေးစားလျက်
ဇော်မျိုး

Anonymous said...

Hi KP,
I got a message with an image which is trying to say something, looks like a modern poem after c n listen this post,thanks.

Anonymous said...

Thanks for the music n the explanation of yekinn n ye khinn.It is so good in morning especially far from home.While listening this one my memory going back to uni students' life in Mandalay.We went to face washing ceremony of MAHARMYATMUNI early in the morning:))GYIDAW

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs