အလံသူခိုး

Share |

ဒီကနေ့ဟာ...
အလံဟောင်းကို
အလောင်းဟန်နဲ့
မြှုတ်နှံလိုက်တဲ့နေ့။

ဒီကနေ့ဟာ...
အလံသစ်ကို
အလစ်သန်သူတွေက
ထုတ်ပြန်လိုက်တဲ့နေ့။

အလံသစ်ဒီဇိုင်းကို
စောင်းငဲ့ ကြည့်လိုက်တော့မှ
လားလား....
စစ်အစိုးရဟာ သူခိုးပါလား။

ကုလားအလံကိုလည်း ခိုးတယ်။
တရုတ်အလံကိုလည်း ခိုးတယ်။
ရုရှားအလံကိုလည်း ခိုးတယ်။
အလံသုံးမျိုး တပြိုင်တည်း ခိုးတယ်။

...အိုး..မိုင်ဂေါ့ဒ်...

အလံခိုး...အဲလေ...အလံပြောင်းတဲ့အတွက်
အလောင်းပြန်ရရင် ကံကောင်းတယ်မှတ်ပါ။

အဟောင်းနဲ့အသစ်
ဖြစ်မြဲဓမ္မတာ
ဘယ်အရာမှ တာရှည်မမြဲ
အပြောင်းအလဲဆိုတဲ့အတိုင်း
ပြောင်းပြီးရင် လဲရမည်သာ။

(မှတ်ချက်။............။ စာကြောင်းတိုင်းမှာ စကားလိမ်ဖြင့် ဖတ်ရန်မလိုပါ။)

=

36 comments:

Moe Tain Nyo said...

Lithuania နိုင်ငံ အလံနဲ့ ကြယ်ပါတာ မပါတာပဲ ကွဲတယ်။

sy said...

http://www.flags.net/images/largeflags/ETHP0001.GIF


အီသီယိုးပီးယား အလံနဲ့ ပိုတောင် တူသေး။ :P

သီရိ said...

http://www.flags.net/images/largeflags/ETHP0001.GIF

ကိုဇော် said...

သြော်...
မဲပေးခါနီးမို့...
အလံသစ် နဲ့ အမှန်ခြစ် ခိုင်းစေချင်လို့များလား။

တကယ်တော့ မဲပေးတာ အမှားခြစ်ရမှာ မဟုတ်လား။
ကိုယ်ကလည်း ခပ်ပိန်းပိန်းဆိုတော့ ဘာမှ မသိပါဘူးလေ။

Anonymous said...

အော်..အလံ လဲ သွား ခဲ့ပြီကိုး။

သီရိ said...

သူတို့အသစ်လဲတဲ့ အလံကို ကျမတို့ လက်မခံပါဘူး အလိုမရှိပါဘူး.ဒါကြောင့် ကျမတို့ရဲ့အကောင့်တွေမှာ ကျမတို့တသက်လုံးသုံးလာတဲ့ မြန်မာ့အလံပုံကိုတင်ရင်း ဒီအစိုးရကို .. ဆန့်ကျင်ကြပါစို့လား..

morris said...

(မှတ်ချက်။............။ စာကြောင်းတိုင်းမှာ စကားလိမ်ဖြင့် ဖတ်ရန်မလိုပါ။)
ခ ညား က လဲ ဗျာ ၊ အဲ့ ဒီ မှတ် ချက် ကို ပိုစ့် ရဲ့ အ ပေါ် ဆုံး မှာ ရေး ထား မှ ပေါ့။ ကျ နော့ မယ် ပိုစ့် ကို အ စ အ ဆုံး စ ကား လိမ် တွေ နဲ့ ချည်း ဖတ် လာ မိ တာ ။

Ko Boyz said...

ကိုပေါ...
အရင်တုန်းက ရှမ်းပြည်နယ် အလံလဲ ဒီလိုပဲဗျ...
ခုလဲ ဆက်သုံးတုန်းလား မသိ...
ကြယ်နေရာမှာ လဝန်းတပ်ထားတယ်။ အဲဒါပဲ ကွာတယ်။
ဝါစိမ်းနီကတော့ တူတူပဲ

jojo said...

္လ၀ါ စိမ်း နီ မို့ ကမ္ဘာ တသိန်း တည်ရန်ရွယ်
အို ဘာတဲ့ အဘရေ
အလယ်မှာ ကြယ်ဖြူဖုံး ဖွတ်ထွက်လို့ ရှုံး :D

ဝက်ဝံလေး said...

ကိုဘပြောတာ ထောက်ခံတယ် ဝက်လဲ အလံသစ်ကို ကြည့်လိုက်တော့ မြင်ဖူးတယ် ရှိတယ်ပေါ့ ဘယ်ဟုတ်လိမ့်မလဲ လားလား ရှမ်းပြည်နယ် အလံနဲ့ ဆင်နေတာကိုးးးး
လုံးးးးးးးးးးးးးဝ မကြိုက်ပါ ဘာမှလဲ အဓိပါယ်မရှိပါ အရင် အလံကမှ အဓိပါယ်လဲရှိတယ် လှလဲလှတယ်

သူတို့တွေ ဘာတွေလုပ်နေတာလဲ ????????? စိတ်ကိုလေတယ် ဗျာာ

ရွှေရတုမှတ်တမ်း said...

အဲ..ဟုတ်တယ်..ရှမ်းပြည်နယ် အလံဗျ..ကြယ် နဲ့ စက်ဝိုင်းပဲကွာတယ်.. ဘယ်လိုကြီးပါလိမ့်

ကျော်ထင် said...

မယောင်ရာဆီလူးတဲ့ နေရာမတော့ အားထုတ်မှုကောင်းကြပါပေတယ်။
သူတို့အဖွဲ့အမည်ပြောင်းတယ် (အမျိုးမျိုးပဲ)။ သောက်ကျင့်တော့ မပြောင်းဘူး။
နိုင်ငံ့အခေါ်အဝေါ်လဲပြောင်းတယ်။ မကောင်းတဲ့ စံနစ်ကျ မပြောင်းဘူး။
ဟော အခု တံဆိပ်ပြောင်းပြန်တယ်။ အရည်အသွေးကွာလတီကျ မပြောင်းဘူး။
ကမ္ဘာမှာ ခေတ်တွေပြောင်း၊ အမြင်တွေပြောင်းနေပြီ၊ ဘာမှမပြောင်းတဲ့အပြင် နောက်ပြန်ဆွဲနေတာ တို့ရွှေပြည်ကြီးက အုပ်ချုပ်သူနေရာ အတင်းယူထားသူများပဲ။ မြန်မာပြည်လွတ်လပ်ရေးရတော့ လွတ်လပ်ရေးအခမ်းအနားနဲ့ အလံတင်ပွဲကို ဗေဒင်ကိန်းခန်းအရ တိုးတက်အေးချမ်းသာယာသော ဗမာနိုင်ငံတော်ကြီး ဖြစ်စေရန်အတွက် မနက်အစောကြီးထလုပ်တော့ အင်္ဂလိပ်အာဏာပိုင်တွေကပြောသတဲ့၊ မင်းတို့ နိုင်ငံဂါတ်အတွက် မင်းတို့လုပ်ချင်ရာလုပ် ငါတို့တော့ ယောရောင် အိပ်ရေးပျက်ခံရတာပေါ့တဲ့။ ကဲ နောက်ဆက်တွဲ ဇာတ်လမ်းကတော့ သိမြင်တော်မူခဲ့ကြတဲ့ အတိုင်းပါပဲ။
သူတို့ကိုယ်တိုင် အလိုကျသလိုရေးသား အသက်သွင်းဖို့ကြံနေတဲ့ အခြေခံဥပဒေတောင် တရားဝင်အတည်မပြုရသေးဘူး သူတို့ရေးထားတာတွေကိုဖောက်ဖျက်ပြီး တံဆိပ်ပြောင်းပွဲကို အတင်းကြပ်ဖုတ်ပူမီးတိုက် လုပ်ရလောက်တဲ့ အကြောင်းရင်းက ဘာများတုံးဆန်းစစ်လိုပါရဲ့။

ကိုပေါ said...

ကျော်ထင်.... ကျနော်မှတ်မိတာက ဒီလိုဗျ။ လွတ်လပ်ရေးရပြီး ပထမဦးဆုံးအကြိမ် အလံတင်အခမ်းအနားကို (ဗေဒင်ကိန်းခန်းနဲ့အညီ) မနက်အစောကြီး ထလုပ်တော့ အင်္ဂလိပ်အရာရှိတွေက မြန်မာတွေကို ပြောတာက....

“အေးပါကွာ... လုပ်ကြပေါ့။ ငါတို့က အိပ်ရေးပျက်ရရင် ဒီတမနက်ပါပဲ။ မင်းတို့ကတော့ နှစ်စဉ်နှစ်တိုင်း ဒီနေ့ဒီရက်မှာ အိပ်ရေးပျက်ကြရမယ့် ကောင်တွေပါ”....တဲ့ဗျ။

အဟီး... သူပြောတာ မှန်သားပဲဗျ။ အမြော်အမြင်ကြီးတယ်ပြောရမယ်။

sy said...

http://taungoo.blogspot.com/2010/10/lithuania-bolivia-guyana-ghana-ethiopia.html

ကိုပေါ said...

တကယ်တော့....

အလံသစ်က ချစ်စရာလေးပါ။
ပဲရစ်ဟီလ်တန်ရဲ့
အတွင်းခံလိုလို ဘာလိုလို။

Anonymous said...

အလံခိုး...(စကားလိမ်တွေနဲ့ ဖတ်မိတယ်။ )
်အလံကိုလည်း ခိုးတယ်။ ( ဒါလဲ စကားလိမ်တွေနဲ့ ဖတ်မိတယ်။ )
အကျိုးနည်းပါပေါ့.. အမ် ;D

အင်ကြင်းသန့် said...

ဘာ့ကြောင့်များ အလံဟောင်းကို မြေမြုပ်ကြရတာပါလိမ့်...။ ရင်ထဲမှာလုံးဝမချိဘူး။

ကဗျာကို သဘောကျလို့ facebook မှာ share လိုက်ပါရစေ။

ကိုပေါ said...

အင်ကြင်းသန့်.... ကျေးဇူးပါ။ ရှယ်နိုင်ပါတယ်။

Anonymous said...

အလံခိုးမသားတွေ....
အရသာရှိတာ...ငှဲငှဲငှဲ..:P

Law Shay said...

ကြယ်ကြီးက ဘယ်တော့မှ မပြိုကွဲတဲ့ အမေရိကန်ပုံစံ ပြည်တောင်စုလို့ အဓိပ္ပါယ်ရပါသတဲ့။ အိမ်း ...

Law Shay said...

အနီက ရဲရင့်သော
အ၀ါက သာသနာ ထွန်းကားသော
အစိမ်းက ... မေ့နေတယ်။ အဟဲ

Anonymous said...

Ko Law Shay...Green means " To save the planet earth " .. but Burmese people are not included. :D

ကိုပေါ said...

အိုင်ဆေး... ကိုလောရှည်... အစိမ်းက စစ်တပ်က ယူနီဖောင်းအရောင်။ “တပ်မတော်သားအမိ တပ်မတော်သားအဖ” ဆိုတာကို မမေ့အောင်လို့။

...အလင်းစက်များ said...

ကိုပေါခင်မျ............

အလံတော့ တိတ်တိတ်လေး မယူပါဘူးနော်... :D

ဒါပေသည့် ကော်မန့် တွေ တော့ ခိုးယူသွားပါကြောင်း...

ကော်မန့်ရှင်များ၏ အမည်ကို မယူသွားပါကြောင်း.. :P

ကျော်ထင် said...

လွတ်လပ်ရေးနေ့ အခမ်းအနားနဲ့ပတ်သက်လို့ ကိုပေါ ပြောတာကစာအုပ်ထဲက အတိုင်းပဲဗျ။ ကျနော်က စကားလုံးအတိအကျမမှတ်မိတော့ မမှားအောင် မလွဲအောင်ပဲ အလွယ်ပြု ပြောလိုက်တာ။
စကားမစပ် ဒီအလံသူခိုး ကဗျာတော့ အွန်လိုင်းလောကမှာ ပျံ့နှံ့နေပီဗျို့ ။ ဂုဏ်ယူပါတယ် ကိုပေါ။ ကျုပ်တို့လဲ ဖေ့ဘုတ်လောကမှာ တတ်နိုင်သလောက်ဖွနေကြလေရဲ့။ loyalty မပေးနိုင်တာ၊ လုံလောက်စွာ ခရက်ဒစ်ကဒ်..အဲလေ. credit မပေးနိုင်လျင်တော့ မသိဟန်ဆောင်သာနေပေတော့..။

Z - K said...

ကိုပေါကို နည်းနည်းတော့ ပြောပါရစေ။
အပေါ်မှာ ကိုပေါပြောထားသလို သူတို့က အဓိပ္ပါယ် ဖွင့်တာ မဟုတ်ပါဘူး။ သူတို့က ဒီလို ဖွင့်တာပါ။

အဝါ = သံဃာတော်များ
အစိမ်း = ကျောင်းသား ကျောင်းသူများ
အနီ = သွေးစွန်းသော
ကြယ်ဖြူ = ငါးထောင့်ချွန်ဖြင့် ဖိနှိပ်ထားခြင်း

ဆိုသော အဓိပ္ပါယ်ပါ။ ကျနော် ဘယ်သူလဲ ဆိုတာကိုတော့ မပြောခဲ့တော့ပါဘူး။

ထဲထဲဝင်ဝင်သိသော မှတ်တမ်းရေးရသူ တစ်ယောက်။

kittyaye said...

Nice poem with good comments. Thanks Ko Paw.

မိုးယံ said...

တစ်ကယ်လို့ ရှမ်းပြည်နယ် အလံခိုးတာဆိုရင်တော့ တစ်မျိုးပေါ့။ တရုတ် ကုလား ရုရှား အလံခိုးတာတော့။

အင်းလေ အလံမူပိုင်ခွင့် မရှိလို့လားမှ သားမသိတာ။

အရောင်တွေပဲ ဆိုတော့ စိတ်ကြိုက်ပြောင်းပါစေ

သုံးရောင်ခြည် အလံတော်ကြီး ကဗ္ဗည်းနဲ့ စိုက်ထူရယ်

အ၀ါ ရောင် ဆိုတာကတော့...

အစိမ်းရောင် ဆိုတာက တော့...

အနီရောင် အနီရောင် မြင်သူ့အသည်း ရဲစိတ်ရဲမာန် ထက်သန်ရမည်။ အနီရောင် အနီရောင်ကို ရည် မြင်သူ့ အသည်း ...ရဲစိတ် ရဲမာန်

Unknown said...

အလံအဟောင်းကိုဖင်ချီးကုန်းတယ်ဆိုတဲ့ လူတွေခုတော. ပြန်ပီးပါးစပ်ကောက်သုတ်နေပီထင်တယ်။

အစိုးရက ခုမှ အလံဟောင်းကိုချပြီး အလံသစ်တင်နေတာ။ ပြည်ပရောက် ဒေါ်လာစား အတိုက်အခံတို့က လုပ်ပြီးတာကြာပေါ့
ခု အစိုးရက အလံချိန်းသွားပြီဆိုတော့ အလံသစ်ကို ကန့်ကွက်ပြီး အလံဟောင်းကို တမ်းတမှန်းဆလို့ ကောင်းကြောင်းတွေ ပြောကြ၊ ရေးကြတော့မယ် မဟုတ်လား။
ကိုယ်လုပ်ခဲ့တာတွေကိုယ် မမေ့အောင် ခုတင်ထားတဲ့ ပုံလေးကို ပြန်ကြည့်ကြ။ ဟုတ်ပြီလား။

http://dollarsar.blogspot.com/

Unknown said...

ဝါစိမ်းနီအလံသည် နယ်ချဲ့တွေကိုဆန့်ကျင်သည့်ကာလမှာ ဗိုလ်ချုပ်ဦးဆောင်သည့်
ပြည်သူ့စစ်ကြီးတစ်ခုလုံးအလေးပြုခဲ့ကြရသည့် (သို့) လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့်
အလံတော်ပင်ဖြစ်သည်။ အစဉ်အလာကြီးမားသေ.အလံတော်ကြီးပင်ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်းမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် စတန့်ထွင် ထပ်မံရေးဆွဲထားသောအလံမဟုတ် အစဉ်အလာကြီးမားခဲ့သော ၀ါစိမ်းနီအလံကိုသာပြန်လည် အသုံးပြုခြင်းဖြစ်သောကြောင့်
အလေးမပြုရဲစရာအကြောင်းမရှိပေ။ ထိုအလံတွင်ပြည်ထောင်စုကြီးတစ်ရပ်လုံးကိုကိုယ်စားပြုဖို့ကြယ်ဖြူကြီးတစ်လုံးကိုသာ ကဒေါင်းနေရာတွင်အစားထိုးထားပါသည်။

Anonymous said...

harmlock said...
ဝါစိမ်းနီအလံသည် နယ်ချဲ့တွေကိုဆန့်ကျင်သည့်ကာလမှာ ဗိုလ်ချုပ်ဦးဆောင်သည့်
ပြည်သူ့စစ်ကြီးတစ်ခုလုံးအလေးပြုခဲ့ကြရသည့် (သို့) လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သည့်
အလံတော်ပင်ဖြစ်သည်။ အစဉ်အလာကြီးမားသေ.အလံတော်ကြီးပင်ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေအရ ပြဌာန်းမည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံသည် စတန့်ထွင် ထပ်မံရေးဆွဲထားသောအလံမဟုတ် အစဉ်အလာကြီးမားခဲ့သော ၀ါစိမ်းနီအလံကိုသာပြန်လည် အသုံးပြုခြင်းဖြစ်သောကြောင့်
အလေးမပြုရဲစရာအကြောင်းမရှိပေ။ ထိုအလံတွင်ပြည်ထောင်စုကြီးတစ်ရပ်လုံးကိုကိုယ်စားပြုဖို့ကြယ်ဖြူကြီးတစ်လုံးကိုသာ ကဒေါင်းနေရာတွင်အစားထိုးထားပါသည်။

jj edward said...
္လ၀ါ စိမ်း နီ မို့ ကမ္ဘာ တသိန်း တည်ရန်ရွယ်
အို ဘာတဲ့ အဘရေ
အလယ်မှာ ကြယ်ဖြူဖုံး ဖွတ်ထွက်လို့ ရှုံး

မန်းကိုကို said...

ကိုပေါရေ ထပ်တူဖြစ်တဲ့အလံက ဒီမှာလင့်ထည့်ပေးလိုက်ပါတယ်။

(ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရအလံ - မာနယ်ပလော) - http://thawthikho.blogspot.com/2010/10/blog-post_3958.html

ဒါ့ပြင် အပေါ်က လင့်လာပေးထားတဲ့

http://taungoo.blogspot.com/2010/10/lithuania-bolivia-guyana-ghana-ethiopia.html
နဲ့
http://en.wikipedia.org/wiki/Flag_of_Burma

တို့လည်း မဆိုးလှပါဘူး။

Anonymous said...

ကဗျာကို သဘောကျလို့ facebook မှာ share လိုက်ပြီဗျို့

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

Anonymous said...

တို့ဗမာ ဖြစ်စဉ်မညှိုး...ပြီ ရှစ်ပလင်တိုးခဲ့ပါတဲံ...ဓမရာဇ် ဘုရင်မျိုး ကုန်းဘောင်နွယ်မှန်သည်.....သုံး..ရောင်ခြယ်...အလံတော်ကြီး....ကဗည်းနဲ့ စိုက်ထူမည်...ဗမာကိန်းအညီ...အဝါအစိမ်းအနီ....အဝါရောင်...ရည်ရွယ်...ချက်က..သာသနာရယ်..ဘာသာရယ်...ပညာရယ်တိုး..လိမ့်မည်...အစိမ်းရောင်ဆိုတာကတော့ ...စပါးဆန်ရေ..ရွှေငွေရတနာ...အထွေထွေပေါလိမ့်မည်....အနီရောင်..မြင်သူ...အသဲမှာ...ရဲစိတ် ရဲမာန် ထက်သန်ရမည်...အနီကိုရှင်...မြင်သူအသဲမှာ...ရဲစိတ်ရဲမာန် ...ထက်သန်ရမည်...တို့ဗမာ...ကုန်းဘောင်နွယ်မှန်သည်...သုံး...ရောင်ခြယ်...အလံတော်ကြီး...ကဗည်းနဲံ...စိုက်ထူမည်...ခောတ်သစ်ထူထောင်မာ်...အရောင်သုံးမျိုးနဲ့...တို့အလံစိုက်ထူ....မည်၊

Anonymous said...

stupid.. it shows that u got empty brain.. nothing meaning full.. not to be accused of a flag-thief, junta need to design a flag shaped circle with shapes and colors you nvr saw b4..

at least if u talk abt http://thawthikho.blogspot.com/2010/10/blog-post_3958.html.. it will show u got some brain.. :D

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs