“သူ့ကို အရမ်းမုန်းတယ်”

Share |
“သူ့ကို အရမ်းမုန်းတယ်”

သူလည်း မကောင်းဘူး။
သူ့မယားလည်း မကောင်းဘူး။
သူ့သားသမီးလည်း မကောင်းဘူး။
သူ့မြေးလည်း မကောင်းဘူး။

တဆွေလုံး တမျိုးလုံး
ငါတို့ ခေါင်းပေါ်တက်
သိပ်နှိပ်စက်တယ်။

မျိုးပြုတ်ပါစေ ဆုတောင်းပေမယ့်
သေနိုင်ခဲလို့ စိတ်ညစ်ရတယ်။

ပြောရင်းဆိုရင်း တင်းလာပြီနော်
ဒင်းကို အမှုန့်ကြိတ် ပစ်ချင်တယ်။

ဘယ်သူလဲလို့ မမေးပါနဲ့တော့ဗျာ
ဘယ်လိုမှ ကောင်းကျိုးမပေးတဲ့
“သန်း” ဆိုတဲ့ ကပ်ပါးကောင်ပေါ့။

-ကိုပေါ-
(၂၂ - ၉ -၂၀၁၀)

စာကိုး။..........။ သန်း = Louse

28 comments:

ချစ်ကြည်အေး said...

ဟင် တို့က ဟိုသန်းများလားလို့.....၊ မိုက်တယ်ဗျာ ကိုပေါရဲ့ ကဗျာတွေ စုပြီး စာအုပ်လေး လုပ်ဖို့ ကောင်းတယ်....

Anonymous said...

ဦးပေါရေ

အရေးအသားတွေအရမ်းကောင်းနေတယ်
များများလေးရေးပါဗျို့ အားပေးနေတယ်

သက်

ကိုပေါ said...

ချစ်ကြည်အေး..... အိုင်ဆေး...မချစ်ကြည်အေး။ သန်းတော့သန်းပဲ။ ဒါပေမယ့် နိုင်ငံခြားမှာတွေ့ရတတ်တဲ့ ဂငယ်သန်း၊ ဖအုပ်ထုတ်သန်း၊ စလုံးသန်းမဟုတ်ဘူး။ ကျနော်တို့လိုပဲ....ရွှေလေ... သိတယ်မို့လား... ရွှေ...ရွှေ... ။

သက်..... သက်..ရေ...။ ကြည့်အားပေး။ သန်းကိုက်မှာ ကြောက်ဘူးရား။

မောင်ဝေး said...

ဘီးစိပ်နဲ့ သန်းမတုတ်နဲ့ ကိုပေါ၊ Zyklon B ယူမလား? အောက်ဈေးနဲ့ ရထားတာလေးရှိတယ်။ DDT လိုချင်လဲရမယ်၊ အာမခံတယ်၊ အမျိုးပြုတ်စေရမယ်။

Unknown said...

အရမ်းမိုက်တယ်။ အရမ်းထိတယ်။ အရမ်းမိတယ်။
ဒီ့ထက်ပြည့်စုံတဲ့စကားရှိရင်တောင် ပြောချင်ပါရဲ့ ။
အမြဲလာဖတ်ဖြစ်ပါတယ်။ ကွန်မန့် မှာ ကိုပေါ ထပ်ဖြည့် ပေးလိုက်တဲ့အတွက် ပိုပြီးပြည့်စုံသွားတယ်။ အဲ့ဒီ့ကွန်မန့် ကြောင့်ဘဲ အခုလို ရေးလိုက်မိသွားတာပါဘဲ။

ကိုပေါအစားကြောက်တယ်နော်...........................................................................................................................................................................

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ဦးပေါရေ

အရေးအသားတွေအရမ်းကောင်းနေတယ်
များများလေးရေးပါဗျို့ အားပေးနေတယ်

တောသား ဇော်မျိုး


* * * * * * * * * * *
ရေဆန်တာထက် ရေစုန်တာက သက်သာတယ်။ အများက ဤကို “ကျွဲ”လို့ဖတ်ရင် ကိုလဲ “ကျွဲ”လိုက်တာ အကောင်းဆုံးပဲ။ ကျုပ်က ရေလိုက်ငါးလိုက် တခါမှ မလုပ်ဖူးဘူး။ လူမှုရေးအရ မမြှောက်တတ်ဘူး။ အဲဒါကြောင့် မြှောက်ပင့်တဲ့စာမရေးတတ်လို့ မမသက်ရဲ့ စာကို ခိုးပြီးကူးပြီး မြှောက်ပေးလိုက်တာ. . . . ဖြစ်တယ်မဟုတ်လား?။ မသိလို့ မေးချင်တာလေးလဲရှိပါတယ်။ အဲဒီသန်း ကဗျာ ဖတ်ပြီး စိတ်ထဲမှာ ဦးသန်းရွှေကြီးတော့ ဆော်ခံရပြီ.. အနှက်ခံရပြီဆိုတဲ့ ပီတိလေးရလာပါတယ်။ အဲဒီပီတိလေးရလာပြီး ဘာဆက်လုပ်ရမလဲ? အဲဒီပီတိအစွမ်းကြောင့် နအဖ ပြုတ်တော့မှာပေါ့နော်? ပီတိကိုစား အားရှိပါ၏လို့ရေးထားတာ ဖတ်ဖူးတော့… ပီတိအစွမ်းကို ယုံကြည်ပါတယ်။ ရေလိုက်ငါးလိုက်အခုမှ စလုပ်ရတဲ့ လူသစ်ဆိုတော့ စမ်းတ၀ါးဝါးဖြစ်နေလို့ . . .. မေးကြည့်တာ။ ဘာမှ မသိတဲ့ ခပ်ညံ့ညံ့ တောသားကို စိတ်ရှည်ရှည်နဲ့ ဖြေပေးကြပါဗျာ။


ပီတိကိုစား နအအဖပြုတ်၏ဆိုသည်ကို ယုံ၍ စောက်တင်းတွေပဲဖတ်နေသည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

ကိုပေါ said...

မောင်ဝေး.... အိုင်ဆေး ကိုမောင်ဝေး။ မလုပ်ပါနဲ့ဗျာ။ သန်းမနိုင် ဆံပင် မီးနဲ့ရှို့ ဆိုတဲ့ စကားပုံမျိုး ပေါ်လာစိုးတယ်။

Myanmar.... တလွဲအဓိပ္ပါယ်တွေ လျှောက်မတွေးနဲ့လေ။ အကြည်ညိုပျက်စေမှုနဲ့ ဆွဲစေ့လိမ့်မယ်။ သားလည်း ကြောက်ကြောက်။

သခိုးဇော်မျင်.... ထုံးစံအတိုင်း ကိုဇော်မျိုးကွန်မင့်ဆိုရင် ကျော်လှန်ဒေထ ပါပဲ။ စိတ်မရှိနဲ့နော်။ လွတ်လပ်စွာ ကျော်ဖတ်ပိုင်ခွင့်လေ။း-)

Anonymous said...

သူများတွေပြောချင်တာတွေ ကိုပေါက ပြောပြောသွားတော့ ဖတ်ရတာ သိပ်အရသာရှိတယ်။
အန်တီတစ်ဦး

မိုးယံ said...

လက်သည်းကြားမှာ ဖိညှပ်သတ်ဖြတ်

ဒီအကောင်သေတာင် လက်နံမှာ စိုးမိတယ်

အလှေးကောင် ငမောင်သန်းရယ်။

သန်းအောင် said...

ဒါဆို ကိုပေါဆိုလိုတာက သန်း ဂငယ်၊ သန်း ဖအုတ်ထုတ် မဟုတ်ဘူး ကျနော်တို့ လို ရွှေပဲ ဆိုတော့ သန်း ရွှေ ပေါ့နော်။ ကျနော်က တုံးတယ်ဗျ အဲဒါ ဗမာတွေ အားလုံးကို ခေါင်းပေါ်ကနေ နှိပ်စက်နေတဲ့ သန်းမျိုးလား။

သန်းအောင်
{သူလုပ်မှ ကျုပ်နာမည် သန်း လဲ ခေါင်းပေါ်က သန်းဖြစ်တော့တယ်း-) }

Anonymous said...

ကိုပေါရေ လင့်ခ် လာပေးပါတယ်။

http://www.youtube.com/watch?v=tiLxEIPD6iQ


မအယ်

ဖိုးတုတ် said...

ကိုပေါရေ အပေါ်ကပေးတဲ့ လင့်လေးကြည့်ပြီးပြီလား ကိုပေါအတွက် အဘကြီးအိမ်အတွက်လမ်းပြထားတာ ၊ ခင်ဗျား ကန်တော့ချင်ရင်ကန်တော့လို.ရအောင် ခင်ဗျားဘောဒါကြီးက လမ်းမမှားအောင် လမ်းညွှန်ပေးထားတာ ...

Anonymous said...

ဆရာပေါ ရဲလှချည်လား...တော်ကြာ ပြည်တော်မဝင်နိုင် ဖြစ်နေမှာမြင်ယောင်သေးတယ်..

မျိုးအောင်

Gyidaw said...

Dear Ko Paw, There should be a publisher for ur poems.Nine Nine Sanay already published in Myanmar.Why don't u try?

ဖိုးတုတ် said...

ကိုပေါရေ ခင်မင်မူနဲ. အကြံပေးချင်တာပါဗျာ မြှောက်ပြောတိုင်းလည်း လုပ်မနေနဲ.ဦးနော် ၊ တော်ကြာ " ရွှေပြည်တော် မျှော်တိုင်းဝေး " ဖြစ်နေပါဦးမယ်

ခင်တဲ့

Z

ရွှေရတုမှတ်တမ်း said...

သန်းကမွေးတဲ့ သန်းဥတွေက ပို ဒုက္ခပေးနေတယ် ကိုပေါရေ့....

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ဟီဟိ....
ကဗျာတွေချည်းပဲ.....
လိုတိုရှင်းပဲ....
ကောင်းပါတယ်... :)

တောသား ဇော်မျိုး


* * * * * * * * * * * * * * *
ဦးပေါရေ.. မြန်မာ့လူ့ဘောင်ရဲ့ အကျင့်စားရိုက်နဲ့အညီ ရေလိုက် ငါးလိုက် ပြောထားတဲ့ မရွှန်းလဲ့ရဲ့ မြှောက်ပေးထားတဲ့စာသားလေးကို အလွတ်ကျက်မှတ်ပြီး တင်ပေးလိုက်ပါတယ်။ ကျုပ်ရဲ့ ၀ိရိယနဲ့ဆိုရင် မကြာမီ… မိမိအစွမ်းအစနဲ့ မြှောက်ပင့်နိုင်စွမ်းရှိလာမယ်လို့ ယုံကြည်ပါတယ်။


စောက်တင်းပြော၍ရရှိသော ပီတိဓါတ်ဖြင့် နအဖကိုဖြုတ်နိုင်ကြောင်းသိရှိသော
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

ကိုပေါ said...

အန်တီတစ်ဦး..... သန်းကိုက်ခံရသူတွေအတွက် ခံစားချက်ချင်း၊ ဝေဒနာချင်းတော့ တူကြပေမပေါ့ အန်တီ။

မိုးယံ........ မိုးယံရဲ့ ကွန်မင့်ကို ဖတ်ရင်း ငယ်ငယ်က ရှေ့နောက်ဆင့် ငုတ်တုပ်ထိုင်ကြရင်း သန်းတုပ်ကြတာတောင် သတိရတယ်။ သီချင်လေးလည်း ဆိုရင်းပေါ့။ “သန်းဆိုရင် မချန်ချင်ဘူးတဲ့... သန်းဆိုရင် မချန်ချင်ဘူးတဲ့..... သန်းကိုက်တဲ့ မောင့်သန်းမမရယ်.... သြော်....သန်းမမရယ်။ ပလုံတုံ...ဒုံ။”

သန်းအောင်......... ဘိုလိုတော့ မီလျံဂိုးလ်ဒ် ပေါ့ဂျာ။ ဗမာတွေအားလုံး တပြိုက်နက်တည်း ဘီးစိတ်တိုက်ချဖို့လိုပြီထင်တယ်။

မအယ်....... ကျေးဇူး။ ပေါ်ကာစက နားထောင်ဖူးတယ်။

ZZZ ....... အိုင်ဒီလေး တဆိတ်လောက် ပြောင်းပေးပါလားဟင်။ မြင်ရင် အိပ်ငိုက်လာလို့။း-)

မျိုးအောင်...... အို.... မကြာခင် စည်းကမ်းရှိသော ဒီမိုကရေစီစနစ်ကိုရောက်တော့မှာ။ လွှတ်တော်ထဲမှာ ဝင်ပြောင်းဖို့ ကြိုးစားနေတဲ့လူတွေလည်း တလှေကြီး။ အားရစရာကြီး။း-) သန်းကလည်း သူ့သက်တမ်းတော့ ရှိပါတယ်လေ။ ပြဒါးသေ တပြေဝ၊ သန်းသေ တဆွေဝ ဆိုလားဘာလား။ အဲဒီအခါကျမှ ပြည်တော်ဝင်စနေမောင်ပေါ လုပ်မှာပေါ့ဂျ။

Gyiday .......... ကျနော့်ကဗျာလေးတွေကို ကမ်းလှမ်းထားတာရှိပါတယ်။ ပြန်ကြားရေး၊ အထူးရဲတပ်ဖွဲ့နဲ့ စာပေစိစစ်ရေးတို့က ပူးပေါင်းထုတ်ဝေချင်လို့တဲ့။

ZZZ...... အို.. မရဘူး။ ဒို့က စိတ်ကြီးတယ်။ မြှောက်ပေးလို့ကတော့ သွေးတက်အောင် ကတာပဲ။

ရွှေရတုမှတ်တမ်း...... ကိုကြီးကျောက်။ မီမီဝင်းဖေနဲ့ ခင်မောင်တိုး ဆိုထားတဲ့ သီချင်လေး လေ။ “သန်း....ကို ချစ်တဲ့ သန်းချစ်သူ.... ငြိမ်သက်ဆဲ.... သန်းတုပ်သံ ကိုယ် ကြားတယ်”

သခင်ဇော်မျိုး (ခ) သခိုးဇော်မျင်..... ကျော်လှန်ဒေထ ပါခင်ည။

Gyidaw said...

Hay Sayar Paw, This is Gyidaw,Not Gyiday.

ကိုပေါ said...

Gyidaw.... ဆောရီး ဂျီးဒေါ်ရေ့။ လောလော လောလော နဲ့ မွှားသွားတယ်။

Patriotic Citizen said...

I'm working together with several expatriates from some regional countries and according to global news and analysis these countries also being having conflicts of politics,corruptions,democracy & human rights.

But they never said that their country leaders are bad like some of these Myanmar folks.

If you tell them like this they will respond you like enemy because they love their own countries.

after I read all these nonsense comments,I really feel SHAME.

ဖိုးတုတ် said...

Patriotic Citizen သို. ..

ခင်ဗျားရေးတဲ့ ကွန်မန်.က စာပိုဒ် ၂ ကိုပြန်ပြီး ဆွေးနွေးပါမယ်

ဘယ်သူ.မှ ကိုယ့်နိုင်ငံ ခေါင်းဆောင်အကြောင်း မပြောကြဖူးတဲ့လား ခင်ဗျားရဲ့စာပိုဒ် (၂) ကိုပြန်ရှင်းပြရမယ်ဆိုရင် စင်ကာပူအစိုးရက သူတို.လူမျိုးတွေကို ဒီလောက်တောင်ကောင်းအောင် လုပ်ထားပေးတာတောင် သူတို.ခေါင်းဆောင်ကို မကောင်းကြောင်းပြောနေကြတာ ကြားခဲ့ရပါတယ် ခင်ဗျားဈေးရောင်းတဲ့သူတွေ တက္ကစီမောင်းသမား တွေစတဲ့ အခြေခံလူတန်းစား တွေနဲ.စကား ပြောကြည့်ရင်တော့သိလာပါလိမ့်မယ်
ကိုယ့်ကတော့စလုံးနိုင်ငံသား မဟုတ်လို. ဗဟုသုတအနေဖြင့်ပဲ နားပဲထောင်တယ် ၊ မလေးရှားမှာ သူတို.ရဲ့ လက်ရှိအစိုးရကို မကြိုက်တဲ့သူရှိပါတယ် ထိုင်းမှာလည်းထို.အတူပါပဲ ချမ်းသာတဲ့ နိုင်ငံတွေမှာတောင်မကြိုက်တဲ့သူ တွေ အတိုက်ခံတွေရှိပါတယ် မြန်မာနိုင်ငံလိုနိုင်ငံမျိုး မှာတော့ အစိုးရမကြိုက်တဲ့သူ နိုင်ငံခေါင်းဆောင် မုန်းတဲ့သူတွေ အများစုဖြစ်နေတာကိုတော့ ခင်ဗျားငြင်းလို.မရပါဖူး နအဖနဲ.ပတ်သက်ပြီး ကောင်းစားနေတဲ့ သူတွေကတော့ နအဖ ကောင်းကြောင်းပြောပါလိမ့်မယ် ၊ အေးဗျာ ဘယ်သူနဲ.မှ မပတ်သက်ဖူးလို.ဆိုသူက နအဖ ကောင်းကြောင်းပြောတယ်ဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ.ပြရမယ်ထင်ပါတယ် ၊ ကျွန်တော်ကတော့ ခေါင်းဆောင်ဆိုတဲ့သူက အပြစ်ထိုင်ပြောမနေဖူး ဘာဖြစ်လို.လည်းဆိုတော့ အဲဒီ့လူပြုတ်သွားရင်လည်း နောက်တစ်ယောက်က တက်လာလိမ့်မယ် အဲ့ဒီ့အခါနောက်လူမကောင်း ကြောင်းပြောနေကြဦးမှာလား ၊ အကုသိုလ်များတယ် အမှန်ကတော့ ခေါင်းဆောင် နဲ.နောက်ပါတစ်စု ၊ စနစ်ကြီးတစ်ခုလုံးကိုပြောင်းဖို.လိုနေတာတော့အမှန်ပဲ မကောင်းတဲ့သူကိုတော့ ကောင်းတယ်လို. အတင်းကြီးပြောမနေပါနဲ.ဗျာ ၊ သူ.ရဲ့ အကုသိုလ် တွေက ခင်ဗျားကိုကူးစက် နေပါဦးမယ် ၊ ခေါင်းဆောင်ဆိုတဲ့သူကို ကျွန်တော်မနာလို မဖြစ်ပါဖူးဗျာ မကောင်းတဲ့သူက သူ.အကုသိုလ်အကျိုးပေးချိန်ကြရင် ဘယ်သူ.မှ မကယ်နိုင်ပါဖူး

စင်ကာပူနိုင်ငံမှာ တစ်ချို.တွေက ကိုယ့်ဘ၀ကိုယ်ကျောင်းနေပြီး ပို.စ်ရေးနေ တဲ့သူတွေဖြစ်ပါတယ် တစ်ချို.နိုင်ငံက မြန်မာတွေလို နိုင်ငံရေးဗန်းပြပြီးလုပ်စားနေတဲ့သူတွေမဟုတ်ပါဖူး အဲ့ဒီ့လူတွေက ကိုယ့်ဖာသာကိုယ်အလုပ်လုပ်ပြီး မိသားစု နဲ. ခလေးတွေရဲ့ ပညာရေးကိုပဲ (မိမိရဲ့ မိသားစုကောင်းစားရေးတစ်ခုတည်းကို) မကြည့်ဘဲ RISK ရှိတာတောင် တစ်ဖက်တစ်လမ်းက နိုင်ငံရေးလုပ်ဆောင်နေတဲ့ သူတွေကို မူအားဖြစ်တော့လေးစားပါတယ် တိုင်းပြည်ကို ခုထက်ထိချစ်နေသေးတဲ့ သူပဲမြင်မိပါတယ် ၊ ဒါပေမဲ့ လုပ်ပုံလုပ်နည်းမှန်ပါမှ ထောက်ခံပါ့မယ် အစိုးရဆန်ကျင့်တာနဲ. သူတို.လုပ်သမျှအားလုံးကို မျက်ကန်း တစ်ယောက်လိုတော့ အတင်းမထောက်ခံနိုင်ပါဖူး ၊

အားလုံးပျော်ရွှင်ကြပါစေ ..

Anonymous said...

Civillian ,

As long as u condemn & against to our goverment , other countries will happy to see and will look down to us . In the world most of the countries are not perfect . I also don't like to SPDC's performance , but i won't condemn them anymore because i understood , some countries and anti-goverment activists are taking advantage upon this .I like this word "Who don't love power & money? " which said by Abhisit. Some people don't like Than Shwe , but they were keep quiet during MI's ( Khin Nyunt) golden era because they got profits by negotiation with MI .Now, this people are involving to aganist Than Shwe and members .That is one example to clarify urself.If our country situation is so bad , how come Wai Hnin Pwint Thone is still alive and reached freely to UK ? Pls think carefully .
Some countries , they treated to oppositions leaders by many ways to disappear till their generations .Only the thing is SPDC is not smart , so everyone can point out upon their performance .They should do oppositions to totally disappear .As long as we are not united and condemn , other countries will happy and applause to against current goverment .I don't have jealous on anyone .Making economy sanction and open for NGOs & UN is really right way to help our countries ? Just lift off sanction and open many factories and making jobs for many civillians is not the good way ? Now, EU & US making sanction to our country is not because of polictical issue, if we have pretty white women & ladies as same as some other countries, this Westerner will lift off sanction soonest ..har ha ..:)

Patriotic Citizen said...

Yes I AGREE totally with above comments...which is ironical.

If someone want to condems somebody's performance or personal behaviors they should comment on yourserlf and your parents who are like leaders.

Did you parents good enough for you like other parents who can afford their children inheritage of millions of $$$ business?

If not please condemn your parents who are lack of performance and ability?

But you are educated under so called bad systems and able to come out overseas to improve your livings?

Patriotic Citizen said...

It's Suu kyi and group who welcomer NGO and UN for helping Myanmar people as like Beggars.

She encouraged sanctions but support NGOs and other masked organisations to enjoy in Myanmar like Kings and queens.

But Suu Kyi let her sons good life in 1st class world countries.

Come on... is this citizen of Myanmar?

That's why she is getting retribution(KARMA)as like waht's happening to her now.

Dharmma is straight and sincere.

Anonymous said...

READ MORE ABOUT SO CALLED NGO AND OTHER INTERNATIONAL ORGANISATIONS
http://www.bbc.co.uk/burmese/news/2010/10/101007_haitilatest.shtml

AND WATCH THE MOVIE "BLOOD DIAMOND"
NO SYSTEM OR PEOPLE IS PERFECT IN THIS VERY WORLD.

IF YOU MAKE YOUR LEADER WEAK,YOUR COUNTRY WILL WEAK TOO.

THEN THE BUGS AND SHITS WILL COME INSIDE EASILY UNDER MASKS.

WAKE UP....

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs