“ကိုယ်လုံးတီးမို့ မကြည့်ရဲပါ”

Share |
မုသားက ဝတ်စုံပြည့်နဲ့
ပွဲတက်လာတယ်
သူ့နံဘေးမှာ ဝိုင်းဝိုင်းလည်လို့။

အမှန်တရားကြီး
ကိုယ်လုံးတီးနဲ့ ရပ်နေတာကိုတော့
မကြည့်ရဲကြသလို ရှောင်ဖယ်ဖယ်နဲ့။

-ကိုပေါ-
(၂၀၊ ၉၊ ၂၀၁၀)

10 comments:

Anonymous said...

ဟား ဟား ဟား .. မိုက်တယ် ကိုပေါ။
တစက်ကလေးမှ မလိမ္မာဘူး။

pandora said...

သိသွားပြီ အမှန်တရားဆိုတာ မြန်မာ့ယဉ်ကျေးမှုနဲ့ မဆီလျော်ဘူးကိုး..

Rita said...

အမှန်တရားက ဇာပုဝါပါးအောက်မှာ ဖုံးနေရာကနေ ဘယ်သူသွားဖယ်လိုက်လို့ပါလိမ့်။

Anonymous said...

ကျုပ်တို့လူမျိုးကလဲစစ်အုပ်ချုပ်ရေးမှအဆင်ပြေတာဟ

မိုးယံ said...

အံမယ်လေးးး ကြိုက်လွန်းလို့ ကိုပေါရေ

လူသားအားလုံးအတွက်မှာ တင်ဖို့ ကူးသွားတယ်ဂျာ

ခွင့်ပြုစေချင်ပါတယ်

ကိုပေါ said...

မိုးယံ... ယူသုံးနိုင်ပါတယ်။

Myat said...

Gtalk တင်ဖို့ ကူးသွားပါတယ်

ခွင့်ပြုစေချင်ပါတယ်

ကိုပေါ said...

Myat.... ကျနော့်စာတွေကို ခွင့်တောင်းစရာမလိုဘဲ ယူသုံးနိုင်ပါတယ်။ ဘယ်သူဘယ်ဝါရေးတယ်ဆိုတာလောက် ဖော်ပြပေးတယ်ဆိုရင် လုံလောက်ပါပြီ။

Kaung Kin Ko said...

မိုက်သဗျာ။

Anonymous said...

၇ိုးသားဖြူစင်သောမြန်မာလုမျိုးများ သတိပြု၇န်

ဇော်မျိုး/ေ၇ွှဂျုး/အိကို/စနေ တို.ဟာ ပိတောက်မြေ မြန်မာ.အလင်း သာကီနွယ် တို.မှာ နအဖကိုယ်စား နအဖ၇ဲ.လစာငွေကိုစားပြီး သံယာတော်တွေခေါင်းကို၇ိုက်ခွဲ ပြည်သူတွေကို ဒုက္ခပေး နေသော ကြေးစားစစ်သား တစုဖြစ်ပါတယ် တကယ်တော.သူတို.စားတဲ. လစာငွေဟာပြည်သူတွေ၇ဲ.ချွေးနဲစာပါ နအဖလက်ကိုင်တုတ် ပုဆိုးစုတ်လုပ်ပြီးတော. ပြည်သူအချင်းချင်း ၇န်ဘက်ဖြစ်အောင် ဘာသာေ၇း လူမှုေ၇း ဒီမိုကေ၇စီအေ၇း စသဖြင်. အကြောငိးအမျိုးမျိုးပြပြီး သွေးခွဲ သတ်သျှို နေသော လူယုတ်မာ လူ၇မ်းကား ကြေးစားစစ်သားတစုဖြစ်ကြောင်း အများသိစေအပ်ပါသည်။

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs