မသာအိမ်က ဖဲဝိုင်း

Share |
လူသတ်သမားဟာ
မသာအိမ်မှာ
ဖဲလိမ်ရိုက်ဖို့ ကြိုးစားနေတယ်။

သူ့ဖဲထုပ် သူယူလာ
သူ့ဟာသူ ကုလားဖန်ထိုး
သူ့ဖဲကို သူချိုးလို့
သေနတ်အားကိုးနဲ့
(ပြောင်ပြောင်တင်းတင်း) ဖဲခိုးဖို့လည်း ပြင်နေရဲ့။

သေနတ်ဒဏ်ရာနဲ့
အနီးက ကြမ်းပြင်ထက်
ပက်လက်သေနေရှာတဲ့
အလောင်းရဲ့ဟနေဆဲ ပါးစပ်ထဲမှာ
မတ်စေ့တောင်မပါ။

ယမ်းငွေ့တွေ အူနေတုန်း
နေလုံးကလည်း ကွယ်လုကွယ်ချင်
ချစ်သူခင်သူ ကျန်ရစ်သူများ
ယူကြုံးမရ ငိုကြွေးကြစဉ်....။

အမြင်ရိုင်းတဲ့ ဒီဖဲဝိုင်းကို
လူတိုင်းလိုလို ကြဉ်ကြတယ်။
လူသတ်သမားနဲ့ နောက်ပါတစုကတော့
(မြို့မှာ) တခုတည်းသော ကစားနည်းဆိုပြီး
မောင်းတီးကာ လူခေါ်စုနေကြလေရဲ့။

မကြာခင်မှာပဲ
လူအများရဲ့ အနာဂတ်ကို
မိုက်မိုက်ကန်းကန်း လောင်းကြေးထပ်ပြီး
အမြတ်ပိုက်ယူပြမလို့တဲ့
ဇာတ်လိုက်လူအ တချို့ ထွက်လာပြန်တယ်။

ဟေ့... မလုပ်နဲ့... မလုပ်နဲ့...
ကြေးကြီးလွန်းတယ်။
ဟာ...မလုပ်ပါနဲ့ ရှူံးသွားလိမ့်မယ်။
အားလုံးက တားကြတယ်။
တားကြပါတယ်။
တားကြရှာပါတယ်။
တားမရဘူး...။
မှားပြတော့မယ်။

ကျန်ရစ်သူတို့
ကူကယ်ရာမဲ့
တပူပေါ်နှစ်ပူဆင့်
ရင်နင့်စရာ
မသာအိမ်ကဖဲဝိုင်းကြောင့်
ရာဇဝင် တကယ်ပဲ ရိုင်းတော့တယ်။

ကိုပေါ
၃၀ သြဂုတ်လ ၂၀၁၀။

16 comments:

Lun Lunn said...

Ko Paw ...

It is really great ...

morris said...

ခောတ်တခောတ်ရဲ့ကဗျာသူရဲကောင်းစာရင်းဝင်ခါနီးပြီ။

Anonymous said...

Fantastic!!!

ကျော်ထင် said...

This is marvelous! လွှတ်ကောင်းသဗျား
ကျုပ်တို့တွေအတွက်လို့ နာမည်ကောင်းခံပြီး မနိုင်တဲ့ပွဲဝင်နွှဲဖို့ကြံတဲ့ ဒီလူငအ တသိုက်. သနားလဲသနား။ ကိုယ်တို့တွေကို ကယ်ဖို့မပြောနဲ့ သူတို့ကိုယ်တိုင်တောင် အနိုင်နိုင်။ ဖဲဝိုင်းဘေးမှာ ကပ်မွှားလုပ်ရင်း အရက်ဝယ်။လက်ဖက်ရည်ဝယ် ဆေးလိပ်ဝယ် ပေးရင်း အကြွေ အကျလေးတွေမျှော်ရကိုးရ စားသောက်ရတဲ့သူတွေမရောက်ပါစေနဲ့လို့ပဲ ဆုတောင်းသဗျာ။

ရွှေရတုမှတ်တမ်း said...

ကိုပေါ ကဗျာတွေ အရမ်းကောင်းနေပြီ

Mg Ng said...

ကိုပေါရဲ့ ကဗျာတွေ မြန်မာ့အလင်းတို့  ကြေးမုံတို့ မှာ ဖော်ပြချင်တယ်ဗျာ..

Anonymous said...

ခုချိန်မှာ ဒီလိုကဗျာမျိုး ဖတ်ရတာ အရသာရှိထှာ။ အရေးအသား သိပ်ပြောင်မြောက်တယ်။

Anonymous said...

ကဗျာက လန်းလွန်းအားကြီးလို့၊ အကြောင်းအရာပိုင်းကိုတောင် မဝေဘန်ချင်တော့ဘူး၊ ကဗျာနဲ့ကဗျာရှင်ကိုသာ ချီမွန်းနေမိတယ်။

မေဓာဝီ said...

ဒီတပုဒ်လဲ ကောင်းပြန်ပြီ။
ကိုပေါ လက်စွမ်းတွေ ပြလှချည်လား။

"မကြာခင်မှာပဲ
လူအများရဲ့ အနာဂတ်ကို"
အဲဒီစာကြောင်းကို ၂ မျိုးဖတ်မိသွားတယ်။
စစချင်းဖတ်မိတာက လူအ-များရဲ့ အနာဂတ်ကို ဆိုပြီး ဖတ်မိတယ်။
အောက်ကို ဆက်ဖတ်တော့ "ဇာတ်လိုက် လူအ" ဆိုတာ တွေ့တော့ လူ အများရဲ့ အနာဂတ်ကိုပဲ ဖြစ်ရမယ်လို့ တွေးလိုက်တယ်။

Dr. Yi Yi Win said...

အားလုံးက တားကြတယ်။
တားကြပါတယ်။
တားကြရှာပါတယ်။
တားတဲ့ထဲမှာ ကိုပေါလည်းပါလား။ အားလုံးဆိုတော့ ပါမယ်လို့ ယူဆလိုက်ပြီ။ ကဗျာတွေထွက်ထွက်ကျနေပါ့လား။ ကောင်း၏။

MrDBA said...

ကြိုက်တယ် ကိုပေါရေ။ မိုက်တယ်ဗျာ။

ကိုချစ်ဖေ said...

ကောင်းသဗျာ ကိုပေါကဗျာ အဲ့ဒီလိုမျိုးတခါမှ တွေးမကြည့်မိပါဘူး..

kittyaye said...

Ko Paw, You are good in writing poem also.

Gyidaw said...

KO PAW U r not only a good writer but a great poet.I like almost all of ur poems.

Nge Naing said...

ကိုပေါရေ တွေ့နေတာ ကြာပြီ ဖြစ်ပေမဲ့ မသာအိမ်ကဖဲဝိုင်းဆိုလို့ ခေါင်းစဉ်ကို စိတ်မ၀င်စားတာနဲ့ မဖတ်ဖြစ်လို့ ဘာအကြောင်း ရေးထားမှန်းမသိဘူး။ အခုမှ ဖတ်ဖြစ်တယ် တိုတိုနဲ့ လိုရင်းလေး ထိထိမိမိ သိပ်ကောင်းတယ်။ ကျွန်မ အဲလို ကဗျာစပ်တတ်ရင် သိပ်ကောင်းမှာပဲ တွေးမိတယ်။ ကျွန်မတောင် ပြန်ဖေါ်ပြချင်တယ်။ ကျွန်မဆိုရင် ဒီလောက် အဓိပ္ပါယ်ရောက်အောင် စာသုံးလေးမျက်နှာလောက် ရေးရလိမ့်မယ်။

Anonymous said...

ကိုပေါအတွက် လက်ဆောင် သတင်း ..

http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_576523.html

ကဲ မိတ်ဆွေ .. PR သက်တမ်းတိုးခါနီးရင် ဒါကို စဉ်းစားပါ

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs