တိတ်ဆိတ်ခြင်းကြောင့် ခရုကြေ

Share |
ကျောင်းတုန်းက အပေါင်းအသင်းတွေအကြား တခုခုကို အသည်းအသန် ဆွေးနွေးကြတဲ့အခါ အခြားတယောက်ယောက်ကို (ပျော်စေပျက်စေ) နှိပ်ကွပ်ချင်ပြီဆိုရင် ပြောတတ်တဲ့ သူငယ်ချင်းတယောက်ရဲ့ လက်သုံးစကားတခုရှိတယ်။

“ပြောပါစေ… ပြောပါစေ။ သူ့ဉာဏ်လေး ရှိသလောက် ပြောရှာတာ။ လွှတ်ပေးထားလိုက်”

အဲသလို ပြောလိုက်ပြီဆိုရင် အပြောခံရသူကလွဲလို့ အားလုံးက ရယ်လိုက်ကြတာပဲ။ အပြောခံရသူမှာတော့ အောင့်သက်သက်နဲ့ နည်းနည်း အခံရခက်တာပေါ့။

တကယ်တော့…. အဲသည်စကားဟာ တော်တော်မှန်ပါကလားလို့ အခုတွေးမိပါတယ်။ ဘယ်သူမဆို သူသိသလောက် (သူ့ဉာဏ်လေးရှိသလောက်)သာ ပြောနိုင်ကြတာပါလား။

တထွာလောက်ပဲ သိတဲ့သူက တတောင်လောက် ပြောချင်လို့ မရဘူး။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ လက်တွေ့စမ်းသပ်လို့ရပါတယ်။ ကိုယ်မသိတဲ့ကိစ္စတခုကို ခေါင်းစဉ်တပ်ပြီး စာရွက်ပေါ်မှာ ချရေးကြည့်ပါ။ ဥပမာ… ဂျက်အင်ဂျင် အကြောင်း ဆိုပါတော့။ ဂျက်အင်ဂျင် အကြောင်း နကန်းတလုံးမသိတဲ့လူဟာ စာရွက်ပေါ်ကို စကားလုံးတလုံး ချရေးနိုင်ဖို့တောင် မလွယ်ပါဘူး။ နည်းနည်းသိတဲ့လူက နှစ်ကြောင်းသုံးကြောင်း ရေးပြနိုင်မယ်။ များများသိတဲ့လူက များများရေးနိုင်မယ်။ ခရေစေ့တွင်းကျသိသူက စာအုပ်စာတမ်းပေါင်းများစွာ ရေးထုတ်နိုင်မယ်။

ကိုယ်မသိတဲ့ကိစ္စကို ခပ်တည်တည်နဲ့ ဖြီးဖြန်းပြီး ပြောမယ်ဆိုရင် တခါတလေ စွတ်ရွတ် မှန်သွားတတ်တာကလွဲလို့ များသောအားဖြင့် မှားတတ်ကြပါတယ်။ ရှေ့နောက်မညီတွေ ဖြစ်ကုန်ကြတယ်။ အိုးနင်းခွက်နင်းတွေ ဖြစ်သွားတတ်တယ်။ ကပေါက်တိ ကပေါက်ချာတွေလည်း ကြုံရတတ်တယ်။ တနည်းပြောရမယ်ဆိုရင် တကယ် မသိဘဲနဲ့ ရမ်းဖြီးနေတယ်ဆိုတဲ့အကြောင်း မကြာခင်မှာဘဲ ပေါ်သွားတတ်တယ်။

ဒီတော့ အမှားနည်းချင်ရင် ကိုယ်တကယ်မသိတဲ့အကြောင်းတွေကို သိသလိုလို တတ်ယောင်ကားလုပ်ပြီး ပြောတာမျိုးတော့ ရှောင်ကြဉ်ဖို့ လိုပေမပေါ့။ ဆိုလိုတာက ကိုယ့်ကိုယ်ကို ရိုးသားဖို့ အဓိက လိုလိမ့်မယ်။

ဒါပေမယ့် နဂိုကတည်းက အမှားကြီးကိုပဲ အမှန်ထင်နေတဲ့အလျောက် ရိုးရိုးသားသား မှားပြောနေမိတာမျိုးတော့ သူသူကိုယ်ကိုယ် ဖြစ်တတ်ကြပါတယ်။ အဲလိုအခါမျိုးမှာ အမှန်ကို သိတဲ့လူက ကြားသွားရင် ကိုယ့်မှားကွက်ကို လာထောက်ပြလာပါလိမ့်မယ်။နှုတ်ဆိတ်နေသူအဖို့မှာတော့ ဒီအခွင့်အရေးမျိုးကို မကြုံရဘဲ အမှားကြီးအတိုင်းပဲ တသက်လုံး သေရာပါသွားနိုင်တယ်။

ခံယူသူရဲ့ ဉာဏ်အတိမ်အနက်၊ ခံယူသူရဲ့ အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေအပေါ်မူတည်လို့ အောက်ပါအတိုင်း တုံ့ပြန်ပုံတွေ အမျိုးမျိုး ဖြစ်လာတတ်ကြတယ်။

(၁) အမှားကို ပြောနေရာက ထောက်ပြလာတဲ့အခါ အမှန်ကို မြင်သွားတယ်။ ဒါကြောင့် ထောက်ပြမှုကို လက်ခံတယ်။ ထောက်ပြသူကို သိပ်ကျေးဇူးတင်တယ်။ ဒီလူမျိုးက ရှားတယ်။

(၂) အမှန်ကိုတော့ မြင်သွားတယ်။ ဒါပေမယ့် (လူ့သဘာဝ တလွဲမာနကြောင့်) ထောက်ပြမှုကို ချက်ချင်း တထိုင်တည်းနဲ့ လက်ခံလိုက်ဖို့ ဝန်လေးနေတတ်တယ်။ သွေးအေးသွားတဲ့အခါကျမှ တဖြည်းဖြည်းနဲ့ လက်ခံသွားတတ်ကြတယ်။ ဒီလူမျိုးတွေကိုတော့ အလွယ်တကူ မနာယူတတ်သူတွေလို့ သတ်မှတ်လို့ ရပါတယ်။ ဒါမျိုးက သူသူကိုယ်ကိုယ် အများစု ဖြစ်တတ်ကြတဲ့သဘော။

(၃) အမှန်ကိုတော့ မြင်သွားတယ်။ ဒါပေမယ့် ကိုယ်မှားပါတယ်ဆိုတာကို ဘယ်တော့မှ ဝန်မခံလိုတဲ့အတွက် (မဟုတ်တဲ့ဘက်မှာ မာန်မချချင်တဲ့အလျောက်) မူလ အမြင်မှားကိုပဲ သေတပန် သက်တဆုံး တွယ်ဖက်ပြီး သွားတတ်ကြသူတွေလည်း ရှိတယ်။ ယုံကြည်ချက် ပြင်းထန်တယ်လို့ နာမည်တပ်ချင်လည်း တပ်လို့ရပေမယ့် ဒီလူမျိုးတွေကိုတော့ အသိခေါက်ခက် အဝင်နက်တယ်လို့ ဆိုနိုင်ပါတယ်။

(၄) ထောက်ပြပေမယ့်လည်း ဉာဏ်တိမ်တဲ့အလျောက် အမှန်ကို မမြင်နိုင်သေးဘူး။ အမှန်ကို မမြင်တဲ့အလျောက် အမှားကိုပဲ ဆက်လက်စွဲကိုင်ထားတတ်ကြတယ်။ ဒီလူမျိုးတွေကတော့ အရေအတွက် အများဆုံးပဲ။ မောဟဖုံးတယ်ဆိုတာ ဒါမျိုးဖြစ်မယ်။ ဒါပေမယ့် အမှန်ကို မြင်နိုင်လောက်တဲ့အထိ ဉာဏ်ရည်မြင့်တက်လာပြီးဆိုရင် အမှန်ကို လက်ခံသွားတတ်ကြတယ်။

ဒါတွေက မှားကွက်ကို ထောက်ပြလာတဲ့အခါ တုန့်ပြန်ပုံ အမျိုးမျိုးကို (ကျနော့် ဉာဏ်လေးရှိသလောက်း-) တွေးကြည့်ပြီး ပြောပြတာပါ။

မြန်မာစကားမှာ “အသံကြောင့်ဖားသေ” ဆိုတဲ့ စကားရှိတယ်။ မူလကတော့ သူ့နေရာနဲ့သူ သုံးစွဲဖို့ ဖြစ်လာတဲ့ စကားပါ။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီစကားကြီးကို နေရာတကာမှာ တလွဲသုံးနေကြတာကို မြင်ရတာ စိတ်ပျက်စရာပါ။ အသံမထွက်တဲ့ ခရုတွေလည်း တက်နင်းခံရလို့ ဖောင်းကနဲကွဲကြေပြီး သေကြရတာ အများအပြားပါ။ ဒီတော့ “တိတ်ဆိတ်ခြင်းကြောင့် ခရုကြေ” ဆိုတဲ့ စကားပုံလည်း မြန်မာစကားမှာ အသစ်ထွင်သင့်ပြီလို့ ထင်ပါတယ်။

“ထဲထဲဝင်ဝင် မသိရင် မပြောနဲ့” ဆိုတဲ့ အယူအဆဟာ မှားယွင်းနေတယ်။ လူတိုင်းဟာ အလုံးစုံကို သိမြင်နိုင်တဲ့ ဉာဏ်တော်ကို ပိုင်ဆိုင်ထားကြတာမဟုတ်။ ဒီတော့ သိသလောက်ကို သိတဲ့အတိုင်း လွတ်လွတ်လပ်လပ် ပြောဆိုစေတဲ့ အလေ့အထကို မွေးမြူသင့်ပြီ၊ အားပေးအားမြှောက်ပြုသင့်ပြီလို့ တွေးမိပါတယ်။ စာမတတ်ရင် လမ်းမှာဖတ် ဆိုသလို ပိုသိတဲ့လူက ထောက်ပြကြပေါ့။ ဒါပေမယ့် ထောက်ပြတဲ့နေရာမှာ ငါထောက်ပြတာမှ အမှန်ပဲ၊ ငါပြောတာကိုပဲ ချက်ချင်းလက်ခံရမယ်လို့ အတင်းအဓမ္မ လက်မခံခိုင်းကြနဲ့။ စောစောက ပြောခဲ့သလို လူတွေဟာ အမှန်ကို မြင်သွားရင်တောင်မှ တထိုင်တည်းနဲ့ လက်ခံလိုက်ဖို့ ခဲယဉ်းကြတယ်။ အတင်းအဓမ္မလက်ခံခိုင်းသူတွေဟာ အမှန်ကို ထောက်ပြချင်တဲ့စေတနာထက် ကိုယ့်ဆန္ဒကို ရှေ့တန်းတင်တာ များနေပါတယ်။ သတိချပ်သင့်တာက ထောက်ပြသူကိုယ်တိုင်လည်း မှားနိုင်ပါသေးတယ်။

နောက်စကားတခုက “လည်လွန်းတဲ့ဘီး ချေးနင်းတတ်တယ်” ဆိုတဲ့ စကားပါ။ ရပ်နေတဲ့ဘီးတွေလည်း ခွေးသေးပန်းတာကို ခံရတတ်ပါတယ်။ ယုတ်မာတဲ့စိတ်နဲ့ မယှဉ်ဘူးဆိုရင် လည်လည်ပတ်ပတ်ရှိတာဟာ ကောင်းပါတယ်။ “ရိုးတယ်” ဆိုတဲ့စကားမှာ “ရိုးသား”တာကို ဆိုလိုတာဆိုရင် ကောင်းတဲ့ဂုဏ်ပုဒ်ဖြစ်ပြီး “ရိုးအ” တာကို ဆိုလိုတာဆိုရင်တော့ ညံ့ဖျင်းတဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။

နောက်ဆုံးတခုက “ကြောက်တတ် ရန်ကင်း” ဆိုတဲ့ စကားပါ။ မူလဇစ်မြစ်ကတော့ မကောင်းမှုပြုရမှာကို ကြောက်တတ်ဖို့ ဆုံးမချင်တဲ့ စကားဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်ကိစ္စမဆို ကြောက်တတ်ရင်ပဲ ဘေးရန်ကင်းဝေးပြီး အေးချမ်းသာယာစွာ နေကြရတယ်လို့ အများစုက အဓိပ္ပါယ်ဖွင့်နေကြဟန်တူတယ်။ အဲဒီ အဓိပ္ပါယ်ဖွင့်ဆိုမှု လွဲမှားနေတာကို အကြောက်တရားကြီးစိုးတဲ့ လူ့အဖွဲ့အစည်းတွေမှာ အာဏာရှင်တွေ ပြုသမျှနုနေရတဲ့အဖြစ်၊ ရန်သူမျိုးငါးပါးရဲ့ နှိပ်စက်မှုဒဏ်ကို အကြီးအကျယ် ခံစားရတဲ့အဖြစ်၊ ကပ်ကြီး သုံးပါးစလုံး ဆိုက်နေတဲ့ အဖြစ်အပျက်တွေကို ကြည့်ရင်း ထင်ရှားလာပါတယ်။

ငှက်ကုလားအုပ်တွေဟာ အန္တရာယ်နဲ့ ပက်ပင်းကြုံတဲ့အခါ သဲထဲကို ခေါင်းထိုးဝှက်ကြသတဲ့။ ရန်သူကို သူတို့မမြင်ရဘူးဆိုရင် ရန်သူကလည်း သူတို့ကို မမြင်တော့ဘူးလို့ ယူဆတဲ့အတွက်ကြောင့်ပါတဲ့။ ငှက်ကုလားအုပ်တွေ တကယ်အဲသည်လို လုပ်မလုပ် ကျနော်မသိပါဘူး။ ဒါပေမယ့် ပြဿနာတရပ်ကို ရင်ဆိုင်ရမှာ၊ ဖြေရှင်းရမှာ ကြောက်လို့ ရှောင်ပုန်းနေတတ်သူတွေကို သဲထဲ ခေါင်းထိုးဝှက်ထားတဲ့ ငှက်ကုလားအုပ်တွေနဲ့ နှိုင်းတာတော့ သဘောကျမိပါတယ်။

ဒီတော့ ကိုယ့်အမြင်ကို ကိုယ်သိသလို ရိုးရိုးရှင်းရှင်းပဲ ပြောကြဆိုကြရအောင်။ မှားသွားတော့လည်း ဘာအရေးလဲ။ အမှန်ကို ထောက်ပြလာလို့ ကိုယ်ကလည်း မြင်နိုင်တဲ့ ဉာဏ်အဆင့်အတန်းရောက်နေရင် လက်ခံလိုက်တာပေါ့။ မာနကြောင့် ချက်ချင်း လက်မခံနိုင်ရင်လည်း အသာငြိမ်နေလိုက်။ နောက်တော့ သွေးအေးသွားတော့မှ ဖြည်းဖြည်းချင်း လက်ခံတာပေါ့။ ကိုယ့်ကို မှားပါတယ်လို့ အတင်းအဓမ္မဝန်ခံခိုင်းလာတဲ့လူတွေရှိရင် သူတို့ (ဒေါသ)ကို ဆွချင်တဲ့အခါ ဝန်မခံနဲ့။ အသာ ငြိမ်နေလိုက်။ ကိုယ့်အမှားကို ချောင်ပိတ်ဖမ်းမယ့်လူတွေရှိလာရင် (သူတို့ကို မချေပနိုင်တဲ့အခါ) တချို့ကွန်မင့်ရေးသူတွေလုပ်သလို ရှောင်ပြေးလိုက်။ ဝေဝေဝါးဝါး လုပ်ပစ်လိုက်။ ကိုယ်မဖြေနိုင်တဲ့ မေးခွန်းကို မေးလာရင် မဖြေနဲ့ပေါ့။ ငြိမ်နေလိုက်။ (ကောင်းတဲ့ အကျင့်တော့ မဟုတ်ပါဘူး။ ကောင်းတဲ့အကျင့်ကတော့ ရိုးသားတာက အကောင်းဆုံးပါ။)

ဒါပေမယ့် အကျိုးသင့်အကြောင်းသင့် မပြောနိုင်လို့ အသားလွတ်ဆဲရေးတာမျိုးတော့ မလုပ်မိအောင် တတ်နိုင်သမျှ သတိထားရမယ်။ ဘာကြောင့်လဲဆိုတော့ အသားလွတ် ဆဲဆိုခြင်းဆိုတာ အကျိုးသင့်အကြောင်းသင့် ပြောနိုင်တဲ့ အစွမ်းအစ မရှိတော့လို့ “ကျနော်(ကျမ)တော့ဖြင့် ပက်ပက်စက်စက်ကြီးကို ရှုံးနိမ့်သွားပါပြီ”ဆိုတဲ့အကြောင်း တလောကလုံးသိအောင် အောက်တန်းကျစွာ ကြေညာလိုက်တဲ့ အဓိပ္ပါယ်မျိုး ဖြစ်နေလို့ပါပဲ။

မှားမှားမှန်မှန် တဖက်သားကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးတဲ့၊ သူတပါးရဲ့ ချေပခွင့်ကို မပိတ်ပင်တဲ့ အလေ့အထလေးကို ဘယ်သူမမွေးမွေး ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ဘာသာ မွေးမြူမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

36 comments:

ZT said...

ကျွန်တော်လည်း ဘလော့ခ်ရေးခါစက Controversial Issues တွေ ရေးဖို့ သိပ်မရဲဘူး။ အဓိက ကတော့ ငြင်းရခုံရမှာ ဝန်လေး လို့ပါ။ အခုတော့လည်း ငြင်းရခုံရတာ ပျော်စရာကောင်းမှန်း သိလာတယ်။ ဟားဟား။ :D

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

ဘလော့လောကမှာ ဒီမိုဘလော့တွေက ဝေဖန်မှုလုံးဝမခံနိုင်ပဲ နအဖဘလော့တွေက လွတ်လပ်စွာပြောဆို ဝေဖန်ခွင့်ပေးရဲတဲ့ အဖြစ်ဟာ တော်တော်ကို ကြည့်ရဆိုးတဲ့ ကိစ္စပါပဲ။ ဒီမိုဝါဒကို ဝေဖန်ရင်.. ဒီမိုသမားတွေက ဒေါသထွက်တယ်။ ဒီမိုခေါင်းဆောင်တွေကို ဝေဖန်ရင် … ဒီမိုသမားတွေက ဒေါသထွက်တယ်။ အဖြူတွေကို ဝေဖန်ရင်လည်း … ဒီမိုသမားတွေက ဒေါသထွက်တယ်။ သူတို့နဲ့ သဘောထားခြင်း မတိုက်ဆိုင်ဘူးဆိုရင် ရန်သူလိုသဘောထားတယ်။ ဘာတစ်ခုမှ အောင်မြင်အောင် မလုပ်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘုန်းတော်ဖွဲ့မှ ဒင်းတို့က ကျေနပ်ကြတယ်ဗျာ။ ဒီမိုသမားတွေနဲ့ စကားပြောရင် အရမ်းကို ဆင်ခြင်နေရတယ်။

စကားပြောရာမှာ အရမ်းယဉ်ကျေး၍ လူချစ်လူခင် သိပ်များနေတဲ့ အညာမှာမွေးသည့်
★ဇော်မျိုး★

Lun Lunn said...

ကိုပေါရေ …

လူတွေရဲ့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စိတ်နေသဘောထားကို ခြုံငုံသုံးသပ်ထားတာမို့ ပြောစရာ အထူး မရှိပါ။

ထူးခြားတာကတော့ ခေါင်းစဉ်လေးပါပဲ။ တိတ်ဆိတ်ခြင်းကြောင့် ခရုကြေ တဲ့လား။ လန်းတယ်။

ခရုကြေကိုတော့ အသံထွက် မမှားစေနဲ့နော်။ မှားထွက်ရင် သူလည်း ဘ၀ဆုံးနိုင်တယ်။ 

khin oo may said...

နောက်ဆုံးစာပုဒ်မှာ နိုင်ငံရေးပါမလားလို့ရှာကြည့်သေးတယ်။ မပါဘူး အဲံ့ဘွယ်ဘဲ.

Andy Myint said...

နောက်တစ်ခုရှိသေးတယ် ကိုပေါ။ လူပြောမသန် လူသန်မပြောဆိုတာ။ အပြောလည်း သန်စေ အလုပ်လည်း သန်စေဆိုရင်တော့ ပိုကောင်းတယ်။

P.Ti said...

မဇ္ဈိမပဋိပဒါ ကျင့်သုံးနိုင် အကောင်းဆုံးပါပဲ။

Moe Tain Nyo said...

စကားပုံ အသစ်နှစ်ခုတော့ ကြိုက်ပြီဗျို့။
တိတ်ဆိတ်ခြင်းကြောင့် ခရုကြေ
ရပ်ထားတဲ့ ဘီး ခွေးသေးပန်းခံရ

သတိ said...
This comment has been removed by the author.
နအဖ said...

ဒေါ်စုနဲ့ နောက်လိုက်များကတော့ အပြောသန်သန် အကြွားထန်ထန်ပါပဲဗျား။ ဘာမှသာဖြစ်မလာတာ..အဟားဟားဟား။ အာဇာနည်နေ့ဆိုလည်း ရေးလိုက်ကြ တာပဲ။ blogs တွေမှာ ပလူတွေပျံလို့။
ပြောတာအော်တာ လူတိုင်းလုပ်တတ်တယ်။ အဖြစ်ရှိရင် လက်တွေ့လုပ်။ ဟုတ်ပီလား။ နအဖက အာဏာစွဲကိုင်ထားတာ မျိုးချစ်စိတ်နဲ့ကွ။ မင်းတို့လို အော်တတ် ပြောတတ်ရုံနဲ့ တိုင်းပြည်အုပ်ချုပ်လို့မရဘူး။ နားလည်ထား။

Anonymous said...

ဒီဆောင်းပါးလေးကို တော်တော်နှစ်သက်မိပါ၏။

sdl (:P)

Anonymous said...

" နအဖက အာဏာစွဲကိုင်ထားတာ မျိုးချစ်စိတ်နဲ့ကွ။ "

Oh..hooo..hooo...like that lah? LOL!
:D
:)
;p
;o
:)))))

Nge Naing said...

Critical thinking နဲ့ ရေးထားတာကို တကယ်မြင်တွေ့ရပါတယ်။

သတိ said...

အားလုံးသတိ

ဟားဟား.. တကယ်လို့သာ ဒါဟာ ကျွန်တော့်ကို ဆွတဲ့ ပိုစ်ဆိုရင်တော့ (ဟုတ်ချင်မှ ဟုတ်မှာပါ ဒါပေမဲ့ အဲလိုပဲ အတင်းဆွဲယူတွေးလိုက်တယ်ဗျာ..) အောင်မြင်ပါ့ဗျာ.. တကယ့်ကို အလုပ်ထဲရောက်နေတာတောင် ခိုးပီး မရေးပဲ မနေနိုင်လောက်အောင် ဆွဲဆောင်အား ကောင်းပါရဲ့..

တစ်ခုရှိပါသေးတယ် ကိုပေါရေ.. တခါတလေမှာ ကိုယ်နဲ့ဆွေးနွေးတဲ့ လူက အတင်းကြီး ကုတ်ကပ်ပီး စကားတတ်သလို လှည့်ပတ်ပြောနေရင်လဲ (အဲ.. ဆောင်းပါးထဲမှာဆို အသိခေါက်ခက် အ၀င်နက်တဲ့ လူပေါ့ဗျာ) တဖက်လူက စိတ်ပျက်လက်ပျက် နှုတ်ပိတ်သွားရတာမျိုး ရှိနိုင်ပါတယ်.. အဲဒါကို ရှားရှား ပါးပါး ကျွန်တော် လွန်ခဲ့တဲ့ဆောင်းပါးမှာ ကိုပေါဆီက ရလိုက်တယ်..

ကျွန်တော်ပြောခဲ့တာ ရှင်းပါတယ်.. စီးပွားရေးပိတ်ဆို့မှုနဲ့ ပါတ်သက်လာရင် ဒေါ်စုရဲ့ ရပ်တည်ချက် လမ်းကြောင်းတွေ.. တောင်းဆိုမှုတွေ.. တခြားနိုင်ငံနဲ့ ညှိနှိုင်းတာတွေ.. စီးပွားရေး ဆက်ဆံတဲ့ နိုင်ငံတွေအပေါ် ကတ်ကတ်လန်မှုတွေကို ကြည့်ပီး ဒေါ်စုရဲ့ နိုင်ငံတကာအပေါ် တောင်းဆိုချက်ဟာ ဘာဖြစ်တယ် ဆိုတာ လုံးဝရှင်းလင်းပါတယ်.. ဒါကြောင့်လဲ သူ့ပါးစပ်က “ကျွန်မတောင်းဆိုတာ မဟုတ်ပါလို့” ပြောခဲ့တဲ့ အချိန်မတိုင်ခင်အထိ ဒါဟာဖြင့် ဒေါ်စုရဲ့ တောင်းဆိုချက် တိုက်ကွက်ပဲလို့ ဒီမိုလှုပ်ရှားတဲ့ လူတကာ နိုင်ငံတကာ နားလည်လက်ခံခဲ့.. ဖြည့်စီးပေးဖို့ စဉ်းစားခဲ့.. ကြိုးစားခဲ့တဲ့ အနေအထားပါ..

အဲဒါကြောင့် ဟ.. ပြောရဲလှချည်လားလို့ ဒေါ်စုတုန့်ပြန်ချိန်မှာ ကျွန်တော်အံ့သြောခဲ့တယ်.. ချက်ခြင်းပဲ ဒီမိုစီးပွားရေး ပိတ်ဆို့ဖို့ တောင်းဆိုသူတွေ အသံတွေပြောင်းပီး ထောက်ခံတာပါ ဘာညာကွိကွတွေ ဖြစ်ကုန်တယ်.. ဒါကို ခုပြောချိန်မှာ ကိုပေါက ဘယ်မှာ အတိအကျ ပြောဖူးလဲ ရှာပြ ရှာပြ ဆိုပီး ပုံစံအရ ရှင်းနေတာကိုပဲ ကတ်ပီး ပြောလာတယ်.. အကြောင်းရာကို ဝေဖန်တဲ့နေရာမှာ လူပေါ်မမူတည်ပါဘူး သူပြောတဲ့ အချက်ကိုပဲ စဉ်းစားပါတယ်ဆိုပီး လူကြားကောင်းအောင် ဟစ်ပြလေ့ရှိတဲ့ ကိုပေါဟာ ကျွန်တော်ညွှန်းခဲ့တဲ့ ဆောင်းပါးရှင်က ဘယ်လိုလူလဲဆိုတာ သိလို့လား ဘာညာကွိကွတွေ ဖြစ်ကုန်တယ်.. ဟားဟား. ပီးတော့ အဲဒီကိုပေါဟာပဲ ရွေးကောက်ပွဲမ၀င်ဘူးလို့ ရွှေဂုံတိုင် စာရွက်မှာမပြောထားသလို တစ်ခါမှလဲ မပြောဘူးပါဆိုတဲ့ ဒေါက်တာ သန်းငြိမ်းရဲ့ ပြောဆိုချက်ဟာ မှန်ပေမဲ့ ဒါဟာ ဗလောင်းဗလဲ ပြောတာပဲ ဆိုတာကို လက်ခံသူကြီး ဖြစ်နေပြန်ပါရော.. (ကျွန်တော်လဲ လက်ခံတယ်.. ဒီလောက်ရှင်းနေတာကို မျက်နှာပြောင်တိုက် အဲလိုကြီးပြောတဲ့ ဒေါက်တာ့အင်တာဗျူးဖတ်ပီး တော်တော်ကြီး စိတ်လေမိပါတယ်..)

တကယ်ပါဗျာ.. ကူးချပီး ပြန်ပြောရရင် အဲဒီမှာ ငြင်းမိလို့ “မှားပါတယ် ဒေါက်တာရယ် (ကိုပေါရယ်လို့ ပြောင်းဖတ်ပါ)...ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လို့သာ ပြောရမလားမသိ။” ဆိုတဲ့ ခံစားချက်ကို ကျွန်တော်ရခဲ့ပါတယ်.. အဲဒါကပဲ ကျွန်တော့်ကို ဆွံ့အစေခဲ့ပါတယ်.. ပတ်ပြေးစေချင်ခဲ့ပါတယ်.. ဟားဟား..

အဲ.. လက်မခံဘူးဆိုရင်တော့လဲ ဦးသန်းရွှေကလဲ ဘယ်မှာ တန်းလျားပြန်မယ် ငါပြောဘူးလို့လဲတို့.. ဒေါက်တာသန်းငြိမ်း ပြောတာလဲ ဟုတ်သားတို့နဲ့ ကိုပေါခင်ဗျာ adjust လုပ်ပေးရမဲ့ ပုံပါပဲ.. ကျွန်တော်ကတော့ မလုပ်ပါဘူးခင်ဗျာ.. ဘာလို့လဲဆိုတော့ ကျွန်တော်လက်ခံတဲ့ ဗလောင်းဗလဲဆိုတာ အဲဒါတွေ အားလုံးပါပဲ.. ဟားဟား ထုံးစံအတိုင်း ဘာပြောရမှန်းမသိတော့လဲ ခုလို ဟိုပြောဒီပြောနဲ့ မောင်သတိ ပြေးတာကိုတော့ မသိချင်ယောင် ဆောင်ပေးပါဦးဗျ..

ခုကိုပေါဆောင်းပါးကို ထပ်ဖြည့်စွက်ချင်တဲ့ လူစားတစ်ရပ် ရှိပါသေးတယ်.. ကိုယ့်ယုံကြည်ချက်ဆိုတာကိုတောင် လူတစ်ယောက်ပေါ်မူတည်ပီး အမျိုးမျိုးပြောင်းပေးနေရရှာတဲ့.. ကိုယ်ယုံကြည်တဲ့ အမှန်အမှားဆိုတာကိုတောင် ဟိုလူလုပ်ရင်မှား ဒီလူလုပ်ရင်မှန် လုပ်ပေးနေရ ရှာသူတွေကိုတော့ ဘာစကားပုံနဲ့ နှိုင်းယှဉ်ဦးမလဲ ဆရာ ကြီးပေါ သင်ကြားပါဦးခင်ဗျား..

အင်း.. မန်နေဂျာဆူရင်တော့ ကိုပေါကြောင့်ပဲလို့ ကျွန်တော်တော့ အပြစ်လွှဲချမယ်ဗျာ..

အားလုံးသက်သာ
မောင်သတိ

ကိုပေါ said...

ZT.......... ပျော်စရာကောင်းမကောင်းတော့မသိ။ လက်တော့ ညောင်းသားဗျ။း-)

ဇော်မျိုး.........ဟုတ်ကဲ့။ အဖက်ဖက်မှာ အောင်မြင်အောင် လုပ်နိုင်ပုံရတဲ့ ကိုဇော်မျိုးရဲ့ ဘုန်းတော်ဘွဲ့တွေကို ဖွဲ့တဲ့လူတွေ ပေါ်ထွက်လာရင် လက်ကုတ်လိုက်ပါဗျာ။ ဖတ်ကြည့်ချင်လို့။

Lun Lunn.... ဘယ်လို အသံထွက်မှားရမှာလဲဗျ။ ကျနော် နည်းမျိုးစုံထွက်ကြည့်တယ်။ စဉ်းစားလို့ မရဘူး။

khin oo may.... အာလာမား.... လှေနံဓားထစ် မမှတ်နဲ့လေ။ နောက်နေ့ အဲဒီလှေ ငှားမရတော့ ဘယ့်နှယ်လုပ်မလဲ။

Andy Myint..... မှန်တယ် ကိုအင်ဒီ။ လူပြောမသန် လူသန်မပြောဆိုတဲ့စကားဟာ နေရာတိုင်းအတွက် မမှန်နိုင်ဘူး။ ဒါပေမယ့် ကိုအင်ဒီပြောတဲ့ “အပြောလည်း သန်စေ အလုပ်လည်း သန်စေ” ဆိုတာကလည်း နေရာတိုင်းအတွက် မလိုအပ်ပြန်ဘူး။ တချို့လူတွေအတွက်ဆိုရင် စကားပြောခြင်းက အလုပ်ဖြစ်နေတတ်တယ်။ စကားပြောခြင်းနဲ့ အသက်မွေးရသူတွေပေါ့။ သူတို့အတွက် အပြောသန်ရင် အလုပ်က အလိုအလျောက် သန်ပြီးသား။ တော်ကြာ... နှဲသမားကို လေမများစမ်းပါနဲ့ကွာ လို့ သွားပြောသလို ဖြစ်နေမှာ စိုးရတယ်။

P. Ti..... အကောင်းဆုံးပါပဲ။ ဒါပေမယ့် လူအများစုက ဘယ်လောက်က မဇ္ဈိမပဋိပဒါကျသလဲဆိုတာ မသိနိုင်တော့ ခက်ပေသပေါ့။

Moe Tain Nyo.... ခရုကြေ ကြိုက်ပြီးရင် ခရုကြော်လည်း ကြိုက်လိမ့်ဦးမယ်။ စင်္ကာပူမှာ ခရုကြော်ကောင်းတဲ့ ဆိုင်တွေ ပေါပါဘိသနဲ့။း-)

နအဖ.... အလဲ့.... နအဖက အာဏာစွဲကိုင်ထားတာ မျိုးချစ်စိတ်နဲ့ကွ... ဆိုပါလား။ သိပါတယ်ဗျာ။ အမျိုးတွေချစ်လို့ပဲ ဆွေမျိုးနီးစပ်ရာ ရာထူးကြီးတွေပေး၊ ပါမစ်တွေချပေး၊ စိန်တွေ ခိုးဝှက်ပေး။ ပြည်သူကို ချစ်တာတော့ ဟုတ်ပုံမရဘူး။ ချစ်တဲ့လူက သေနတ်နဲ့ ပစ်သတ်တတ်ဘူးလေ။ သေနတ်ကိုင်တတ်ရုံနဲ့လည်း တိုင်းပြည်အုပ်ချုပ်လို့ မရဘူးဆိုတာ စုတ်ပြတ်သပ်နေပြီ ဖြစ်တဲ့ နအဖ လက်အောက်က နိုင်ငံတော်ကြီး ကြည့်ရင်း နားလည်ထားလိုက်ပါတယ်။

sdl........ SDL နဲ့ sdl တစ်ယောက်တည်းပဲလား။

Anonymous ....... ကိုယ့်လူတော့ Joke of the day ကို တွေ့သွားတယ်ထင်ပါရဲ့။

Nge Naing..... ကျေးဇူးပါ မငယ်နိုင်။

သတိ...... အားပါးပါး.... မောင်သတိ။ စိဉ္ဇိမာဏ ဝင်စားသလား အောက်မေ့ရတယ်။ စွတ်စွဲလိုက်တာ။ စွတ်စွဲလိုက်တာ။

မောင်သတိရေးထားတယ်နော်။ “သူ့ပါးစပ်က “ကျွန်မတောင်းဆိုတာ မဟုတ်ပါလို့” ပြောခဲ့တဲ့ အချိန်မတိုင်ခင်အထိ”....... ဆိုတာ။ ဘယ်မှာလဲဗျ။ ဒေါ်အောင်ဆန်းစုကြည် ပါးစပ်က ပြောတဲ့ ကျွန်မတောင်းဆိုတာ မဟုတ်ပါဘူး ဆိုတဲ့ စကား။ သက်သေပြပါ။ ဒါဟာ စကားကပ်ပြောတာမဟုတ်ပါဘူး။ အမှန်က စီးပွားရေး ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ဒေါ်စု ဘာပြောခဲ့သလဲ၊ အဖွဲ့ချုပ်က ဘာပြောခဲ့သလဲ ကျနော်လည်း သိပ်ပြီး ရေရေရာရာ မှတ်မိတာတော့ မရှိဘူး။ ဒါကြောင့် မောင်သတိ ကျနော့်ကို သက်သေပြပါလို့ တိုက်တွန်းခဲ့တာပေါ့။ ဒေါက်တာသန်းငြိမ်းစကားကိုတော့ ကျနော်အခုညွှန်းလို့ရတယ်။ ဧရာဝတီမဂ္ဂဇင်းက အင်တာဗျူးကဏ္ဍမှာ လောလောလတ်လတ် သွားဖတ်ပါ။

ဒီနောက်တော့ မောင်သတိက လိုက်မရှာပေမယ့် ကျနော့်ဘာသာပဲ အဲသည်ကိစ္စကို သိလိုတဲ့အတွက် လိုက်ရှာ ဖတ်ကြည့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံခဲ့တာမှန်တယ်ဗျ (called for sanction)။ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ အင်တာဗျူးအချို့မှာ တွေ့ရတယ်။ အဲသည်လုပ်ရပ် မှန်တယ်မှားတယ်ကတော့ အမြင်မတူသူတွေ အငြင်းပွားကြပေါ့ဗျာ။ ကျနော်ကတော့ ပြောခဲ့တဲ့အတိုင်း ပိတ်ဆို့မှုကို (တောင်းဆိုလို့ရရင်) တောင်းဆိုချင်တဲ့လူစားမျိုးထဲမှာ ပါပါတယ်။

ဒါပေမယ့် အခုကိစ္စက ကိုသတိအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်က “ကျမ တောင်းဆိုတာ မဟုတ်ပါဘူး” လို့ ပြောတယ် စွတ်စွဲနေတဲ့အတွက် မေးနေရတာပါ။ ကျနော်သိသလောက်တော့ အခုအထိလည်း သူမရဲ့ သဘောထား မပြောင်းလဲသေးဘူးလို့ ဆိုပါတယ်။ (ဂျင်ဝက်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျင်ဝက်က ဒေါ်စုစိတ်ပြောင်းသွားပြီ ဆိုပြီး မဟုတ်မဟတ်ပြောလို့ ဒေါ်စုက သူမရဲ့ သဘောထား မပြောင်းကြောင်း သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။) တွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရင် စီးပွားရေး ပိတ်ဆို့မှုကို ပယ်ဖျက်ပေးဖို့ ဒေါ်စုက တောင်းဆိုမယ်ဆိုတဲ့ အကြောင်းကို ဧရာဝတီမှာပဲ ၂၀၀၉ ခုနှစ်အတွင်း ဝေမိုးရေးတဲ့ သတင်းဆောင်းပါးတပုဒ်မှာလည်း ပါပါတယ်။ နောက်ပြီး မကြာခင်ကမှ သံတမန်တွေနဲ့ တွေ့ဆုံပြီး ပိတ်ဆို့မှုတွေအကြောင်း ဒေါ်စုက အသေးစိတ်မေးမြန်းတာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စီးပွာရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ သူမအနေနဲ့ ကူညီပေးလိုတဲ့ ဆန္ဒရှိတယ် ဆိုတဲ့အကြောင်းတွေသာ ဖတ်ရပါတယ်။ ဒေါ်စုပါးစပ်က ကျမ တောင်းဆိုတာ မဟုတ်ပါလို့ သဘောသက်ရောက်တဲ့ စကားပြောတာမျိုး ရှာမတွေ့တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဗလောင်းဗလဲ လုပ်တယ်ဆိုလို့ စွတ်စွဲဖို့ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ရတဲ့ အကျယ်ချုပ်က လွတ်မယ့်အချိန်ကျမှ ဒေါ်စု စကားကို ပြောင်းပြီး ပြောမပြော စိတ်ဝင်စားသူတွေ စောင့်မေးကြပေါ့ခင်ဗျာ။

ဖိုးတုတ် said...

မမကွန် သို. ....

(နောက်ဆုံးစာပုဒ်မှာ နိုင်ငံရေးပါမလားလို့ရှာကြည့်သေးတယ်။ မပါဘူး အဲံ့ဘွယ်ဘဲ.))))

နိုင်ငံရေးမပါတာမှန်ပါတယ်၊ ဒါပေမဲ့ ကွန်မန်.တွေကြည့်လိုက်ရင် နိုင်ငံရေးနှင့် နွှယ်နေတဲ့ ကွန်.မန်.တွေကို တွေ.ရလိမ့်မယ်၊

ကိုပေါ ရဲ့ ပို.စ်တွေကဘာနဲ.တူသလဲဆိုတော့ မပြီးပြတ်သေးတဲ့ အခန်းဆက်ရှည် သိုင်းဝထ္ထုကြီး ကိုရေးနေသလိုပါပဲ၊ ဇတ်လမ်းကို နားလည်ချင်ရင် သူ.ရဲ့ပို.စ်ကို မှန်မှန်ဖတ်ရမလိုဖြစ်နေပြီ၊ ၀ထ္ထုဆရာက တစ်ခါတစ်လေ ဈေးကိုင်သေးတယ်၊ ရေးချင်မှရေး၊ မရေးချင်ရင်လည်း မရေးဖူး၊ ၀မ်းရေးကြောင့် ရေးတာမဟုတ်ပဲ သူဌေး စာရေးဆရာဖြစ်နေတာက စာဖတ် ပရိတ်သတ်ကို အခက်တွေ.စေတာပဲ

မမကွန် ရှိနေလို.တော်သေးတာပေါ့ ၊ မမကွန်.ဘလော့ပဲ လာလည်ရမှာပဲ၊ တစ်ခါတစ်လေပတ်ပြေးနေရင်းနဲ. မမကွန်. ဘလော့မှာ လာပြီးပုန်းနေရတာကလည်း ပျော်စရာတစ်ခုပါပဲ

မမကွန်၊ ကိုပေါ နှင့် အားလုံး ကျန်းမာရွှင်လန်းကြပါစေ၊

ကိုပေါ said...

ကိုကိုစန်း....

မမကွန်... မမကွန်...နဲ့ဗျာ။ ငယ်ငယ်က အဖေ ကွန်ပစ်တာကိုတောင် သတိရမိတယ်။

နောက်ပြီး ကိုယ့်လူမှားနေပြီ။ သူဌေးစာရေးဆရာဆိုရင် စာပိုရေးဖြစ်မှာ။ အခုက ဝမ်းရေးအတွက် အလုပ်ကလည်း လုပ်နေရသေးတော့ ဘလော့ဂ်ကို အချိန်သိပ်မပေးနိုင်ဘူး။ (မပေးနိုင်လို့သာ တော်တော့တယ်။)

မပုန်းပါနဲ့ဗျာ။ ခင်ဗျားနဲ့ မောင်သတိကို စောင်းရေးတာမဟုတ်ပါဘူး။ အတုယူလိုစိတ်နဲ့ တည့်တည့်ရေးတာပါ။

Lun Lunn said...

ကိုပေါ …

အိပ်ချင်ယောင်ဆောင်တဲ့လူ နှိုးရခက်တယ်ဆိုတာ အမှန်ပါပဲ။

ခရုကြေ ကို _ _ ကြေ ဆိုပြီး ဖတ်လို့ကတော့ ကျွန်တော်တို့ ဘ၀တွေ ဆုံးပေါ့ …

Anonymous said...

ဟင်းဟင်း.. _ _ ကြေ ဖြစ်သွားတိုင်း ဘဝကိုအရှုံးပေးလိုက်ရတော့မှလား။ ပေါင်သားကိုယူပြီး hospital မှာ operate ထပ်လုပ်လိုက်မှာပေါ့။ ရ မရ တော့မသေချာဘူး။ :P

ကိုပေါ said...

Lun Lunn..... ပကတိ အရိုးခံလေးမို့ ခွင့်လွှတ်ပါ လွန်လွန်းရယ်။း-)

Anonymous .... သိပ်စိတ်ကြီးတာပဲ။

khin oo may said...

မောင်သတိက ဘလော့ထောင်သင့်တယ်။

Unknown said...

နောက်ကြောင်းပြန်လှန်ရင်း သတိပြောတဲ့ ဆောင်းပါးကို ရှာဖတ်လိုက်တယ်။ ဗလောင်းဗလဲလို့ မယူပါနဲ့။ စိတ်ပြောင်းသွားတယ်လို့ပဲ ယူရင် ပိုနားထောင်ကောင်းမလား။

ဖိုးတုတ် said...

ကိုပေါရေ

မသိဖူးလေ လူတိုင်းက မမကွန် KOM (khin oo may) လို.ခေါ်နေတော့ ကျွန်တော်ကလည်း မမကွန် လို.ခေါ်မိတာပေါ့

မမကွန် က ကိုပေါလိုပဲ သိပ်ခင်ဖို.ကောင်းတဲ့ အသက် ၅၀ ကျော် အမကြီးတစ်ယောက်ပေါ့ ၊ (မှတ်ချက်။ အသက် ၅၀ ကျော်သည် အသက် ၅၉ နှစ်အထိ အကျုံးဝင်ပါသည်) အသက် အတိအကျတော့ မသိပါဖူး၊ သူ.အသက်ကို ခန်.မှန်းရင်းနဲ. ရန်စကားပြောကြည့်တာ

ကျန်းမာ၍ အသက်ရှည်ကြပါစေ

Anonymous said...

ဟဲ ပြောရမယ်ဆိုရင် အပေါ်မှာ comment ပေးသွားတဲ့ ထမင်းမစားရ ရင် နေနိုင်တယ်.ဘလော့တကာလျှောက်သွား မမန့်ရရင် မနေနိုင်သူ nge-naing ဘလော့ပိုင်ရှင်ဆိုရင် နံပါတ်(၃) အုပ်စုထဲမှာ အကျုံးဝင်မယ်ထင်တယ်။ သူ့လောက်အလုပ်ရှုပ်တယ်ကြေညာရတာလည်း ဘယ်ဘလော့ဂါနှစ်ယောက်မရှိဘူး (US president ထက်တောင် အလုပ်ရှုပ်ဦးမယ် :D )၊ ဘလော့တကာမှာ သူ့လောက်တွေ့ရတဲ့လူကလည်းနှစ်ယောက်မရှိဘူး။
((ကိုယ့်အမှားကို ချောင်ပိတ်ဖမ်းမယ့်လူတွေရှိလာရင် (သူတို့ကို မချေပနိုင်တဲ့အခါ) တချို့ကွန်မင့်ရေးသူတွေလုပ်သလို ရှောင်ပြေးလိုက်။ ဝေဝေဝါးဝါး လုပ်ပစ်လိုက်။ ကိုယ်မဖြေနိုင်တဲ့ မေးခွန်းကို မေးလာရင် မဖြေနဲ့ပေါ့။ ငြိမ်နေလိုက်))
အဲ့ဒါကို သူ့အတွက်တော့ ကိုပေါပြောစရာမလိုပါဘူး။ သူလုပ်နေကျဟာတွေ ဟီး။
((မှားမှားမှန်မှန် တဖက်သားကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးတဲ့၊ သူတပါးရဲ့ ချေပခွင့်ကို မပိတ်ပင်တဲ့ အလေ့အထလေးကို ဘယ်သူမမွေးမွေး ကိုယ့်ဘလော့ဂ်မှာ ကိုယ့်ဘာသာ မွေးမြူမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်)) အဲ့ဒါသာကြည့်တော့ ဒို့ကိုပေါ စိတ်ထားကို။ အဲ့ဒီ ဘလော့ဂါ အမျိုးသမီးကတော့ ယောင်လို့တောင်ဖွင့်မပေးရဲဘူး။ comment ကလည်းနည်းနည်းလေးထဲထဲဝင်ဝင် မဝေဖန်နဲ့ "ကျမကို တိုက်ခိုက်လိုတဲ့သဘောတွေ တွေ့လာရပြီနော် ဟင်းဘာမှတ်နေလဲ" ဘာညာလုပ်တော့တာပဲ။ မနိုင်တော့ရင်လုပ်တတ်တာလေ။ သူများတကာက ပြောပါစေ ရေးပါစေလို့ အကြံပေးရင် သူ့ရဲ့ excuse က ဘလော့ကို အမှိုက်ပုံ အဖြစ်မခံနိုင်ဘူးတဲ့လေ။ သူ့ သီအိုရီ အရဆို ကိုပေါဘလော့တို့ ရွှေရတုဘလော့တို့ အမှိုက်ပုံဖြစ်နေတာ ကြာပေါ့ဟုတ်ဖူးလား။
သူ့ဘလော့တခုလုံးကလည်း ချုပ်ရာတွေ၊ ပလာစတာတွေ ပြည့်နှက်နေတာပဲ။ အမြင်ကပ်ကြလို့ထင်တယ် လစ်ရင်လစ်သလှိုဝင်သမထားကြတာ။ ဖွင့်သာပေးလိုက်လို့ကတော့ ဖူးယောင်ပြီး ဘလော့ကနေ ဘရောင်း၊ ဘရောင်းကနေ ဘလက်ဖြစ်သွားမှာ မြင်ယောင်သေး။းD

Nge Naing said...

ကိုပေါဘလော့ဂ်မှာလည်း ကိုယ့်နာမည်ကို ကိုယ် ဖေါ်မရဲဘဲ ကျွန်မအတင်းကို မပြောရရင် မနေနိုင်တဲ့သူတွေလည်း ရောက်နေတာ အခုမှ တွေ့ရတယ်။ ကျွန်မဘလော့ဂ်မှာ ယဉ်ကျေးသိမ်မွေ့စွာ ဆွေးနွေးတဲ့သူအားလုံးကို ဖွင့်ထားပေးပြီးသား ဖြစ်ပါတယ်။ လွတ်ထားပေးထားတုန်းက ပုဆိန်ပေါက် ပေါက်တူးပေါက် ခဲပေါက်လာကြလို့ နောက်ပိုင်း ယဉ်ကျေးစွာဆွေးနွေးမှ ခွင့်ပြုမယ်လို့ ပြောပြီးနောက်ပိုင်း မလာကြတော့ဘူး။ ဒါကို ကျွန်မက ယဉ်ယဉ်ကျေးကျေး အဆင့်အတန်းရှိရှိ ပြောမတတ်လို့ မရောက်လာကြတော့တာလို့ပဲ သုံးသပ်ခဲ့ပါတယ်။ အခုတော့ ဒီလိုမဟုတ်ဘဲ ကျွန်မကို မဟုတ်မဟတ် ဒီမှာ လာရေးထားတော့ တခြားသူတွေ သိအောင် ဒီမှာပဲ ပြန်ရေးရပါတယ်။ ကျွန်မ ဘလော့ဂ်မှာ ကျွန်မကို ရန်လာဖြစ်တာကို ကျွန်မ ပြန်ရန်ဖြစ်မှာ မဟုတ်ဘူး။ ပြောချင်ရာ မဆိုင်တာတွေ လာပြောတာကိုလည်း အချိန်ကုန်ခံပြီး ပြန်ပြောနေမှာမဟုတ်ဘူး။ ယုတ်ရိုင်းတာ ပို့စ်ကို လမ်းလွေဲအောင် ထပ်ခါတလဲလဲ လုပ်နေရင် ဖျက်တယ်။ ကောင်းကောင်းမွန်မွန် ဆွေးနွေးရင်တော့ သဘောထားတူးသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျွန်မ ကောင်းကောင်းမွန်မွန် အသိအမှတ်ပြု ပြန်ဆွေးနွေးပါတယ်။ မှတ်ချက်ပိတ်တာ ဇော်မျိုးတယောက်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်ခဲ့လို့ ပိတ်ပါတယ်။ ကျန်တဲ့သူတွေ ဘယ်သူ့ကိုမှ မပိတ်ဘူး။ အခုရေးတာ အပေါ်မှာ အတင်းပြောထားတဲ့ Anonymous ကို တုံ့ပြန်တာ မဟုတ်ဘဲ သူ့ကြောင့် တခြားစာလာဖတ်သူတွေက တမျိုးထင်သွားနိုင်တာကို အမှန်သိစေချင်လို့ ရေးတာသာ ဖြစ်တယ်။ အတင်းပြောတဲ့သူကိုတော့ ထင်ချင်သလို ထင်နိုင်တယ်၊ လုံးဝဂရုမစိုက်ဘူး ဆိုတာကလွဲပြီး ကျန်တာ ပြောစရာ မရှိပါဘူး။ ကျွန်မအကြောင်းကို ကျွန်မဆီမှာ လာမရေးပဲ ကိုပေါဆီမှာ လာရေးလို့ ကိုပေါဆီမှာ ပြန်ရေးရတဲ့အတွက်တော့ ကိုပေါ စိတ်အနှောင့်အယှက် ဖြစ်ရရင်လည်း ကိုပေါကို ကျွန်မ တောင်းပန်ပါတယ်။

Anonymous said...

ကဲ လာပါပြီ၊ အလုပ်အရမ်းရှုပ်တတ်တဲ့ မမကြီး၊ ဘာမှတောင်မကြာသေးဘူး အကြားအမြင်ရနေသလားထင်ရတယ် သူ့အကြောင်းပြောတာချက်ချင်းသိ။ ပြောရင်လည်းမကြိုက်ဘူး အဲ့ဒါသာကြည့်တော့ အရပ်ကတို့း)
မယုံရင် သူ့ဘလော့မှာ အကြောင်းအရာတစ်ခုသွားဝေဖန်ကြည့်ကြပါ(ဟန်ဆောင်လေးလုပ်ကြည့်) ခနကြာရင် တဟင်းဟင်းနဲ့ ဘာမှတ်နေသလဲဆိုပြီး အဖျားတက်လာလိမ့်မယ်။ အထူးသဖြင့် ဘုန်ကြီးစာချလုပ်ထားတဲ့ သူ့ရဲ့ အီဗော်လူးရှင်းဆိုလားဘာလား အဲ့ဒီမှာကြည့်ရင်သိသာတယ်။ (အဖျားတက်ခံရမှာကြောက်လို့မမန့်ဖူးပါဘူး)ကော်မန့်တွေဖတ်ကြည့် သိလိမ့်မယ်။ လူတွေကဘာသာရေးသူရဲကောင်းလုပ်လိုတာထက် သူကိုယ့်သူသမ္ဘာရင့် ကြီးလိုလို သူများထက်ပညာပိုတတ်ထားသလိုလို လုပ်ပြီးပြောတာကို အမြင်ကပ်ကြလို့ဝိုင်းရေးကြတာ။
ကိုပေါဆို သူ့ကို ငပေါ ငကြောင်လို့ပြောတာတောင် အေးအေးဆေးဆေး နေပြလိုက်သေးတယ်.ကွာပုံ။
ဘာတဲ့ cbox ကလည်း နှုတ်ဆက်ဖို့ပဲတဲ့ဆိုပြီး မဟာစည်းကမ်းချမှတ်ထားလို့ "မကြီးရေ ညာလေးလာလည်ပါတယ်၊ မင်္ဂလာပါ၊ မမရေကျန်းမာပါစေ၊ ရွှင်လန်းပါစေ၊ အလှတိုးပါစေ၊ သဒ္ဓါဖြိုးပါစေ၊ အသားဖြူပါစေ" စတာတွေက ၁၀ပုံ ၉ပုံလောက်ရှိတယ်။ ကမ္ဘာ့ပျင်းစရာအကောင်းဆုံး စီပုံးဆုပေးရင် ပထမရလောက်တယ်းD ။ စာတွေကလည်း မြန်မာစာကို အင်္ဂလိပ်ဘာသာကနေပြန်ထားသလိုလို အရှည်ကြီးတွေ ရှုပ်အောင်ရေးလို့ရေးနဲ့။ တစ်ခါက လည်း အင်္ဂလိပ်စာစီစာကုံးကို အမှတ်အများကြီးရတယ်ဆိုပြီး သူ့ဘလော့မှာ ဖော်ပြထားတယ်(တကယ်ဟုတ် မဟုတ်တော့မသိဘူး) ကော်မန့်ရေးသူတစ်ယောက်က မူရင်းဖော်ပြပေးပါဆိုပြီးတောင်းချလိုက်တာ ရူးချင်ယောင်ဆောင်သွားတယ် လုပ်ပုံ..
မမကြီးရေစိတ်မရှိပါနဲ့နော် ကိုပေါရဲ့အကြောင်းအရာက ကောင်းနေတာက တစ်ကြောင်း မမကြီး မန့်ထားတာတွေ့ရလို့ကတစ်ကြောင်း၊ အကြောင်းတိုက်ဆိုင်လို့ မမကြီးရဲ့ဘုရားစူးဘလော့ အကြောင်းကို ပြောလိုက်ရတာပါ။ နာမည်ကတော့ password ရိုက်ရမှာပျင်းလို့ မရေးတော့ဘူး။ မဖော်ရဲဘူးထင်လည်း ရွှေဘောတော် အတိုင်းပါပဲ။

ကိုပေါ said...

Anonymous..... “လူတွေကဘာသာရေးသူရဲကောင်းလုပ်လိုတာထက် သူကိုယ့်သူသမ္ဘာရင့် ကြီးလိုလို သူများထက်ပညာပိုတတ်ထားသလိုလို လုပ်ပြီးပြောတာကို အမြင်ကပ်ကြလို့ဝိုင်းရေးကြတာ။”

မိတ်ဆွေက မငယ်နိုင်ဘလော့ဂ်မှာ ဝိုင်းရေးကြသူတွေအထဲက တယောက်လားတော့ မသိဘူး။

မှားတာကို ထောက်ပြချင်လို့ ရေးတာကိုလည်း ဘာမှ မပြောလိုပါ။
အမြင်ကပ်လို့ ရေးတာဆိုရင်တောင် သိပ်မပြောစရာမရှိပါ။ (ဒါပေမယ့် ကျနော်ပြောတဲ့ သာသနာ့ သူရဲကောင်း စာရင်းထဲ ဝင်သွားနိုင်တယ်။)

တခုပဲ ပြောစရာရှိတယ်။

အစတုန်းကတော့ “အမှားကို အမှန်ထင်သွားမှာစိုးလို့ မနေသာလို့ ထောက်ပြတာပါ”လို့ ပြောပြီး အခုကျတော့မှ တခါ “အမြင်ကတ်လို့ ဝိုင်းရေးကြတာ” လို့ အမျိုးမျိုးပြောင်းပြောရင်တော့ ခုတမျိုး၊ တော်ကြာတမျိုး ဗလောင်းဗလဲတွေထဲမှာ အဲသည်လို အမျိုးမျိုးပြောသူတွေကိုလည်း ထည့်ရမယ်။း-)

Lun Lunn said...

ကိုပေါ …

ပကတိ အရိုးခံလေး တဲ့လား။ အကြောင်းသိချင်းတွေကို။ အရိုးခံလေး တော့ မဖြစ်နိုင်ဘူး။ ပကတိ အသားခံလေးဆို နည်းနည်း ယုံပေးလိုက်မယ်။

Anonymous … July 22, 2010 10:25 PM

ကျန်ခဲ့တဲ့ (၁၅)နှစ်ကျော်တုန်းက သူငယ်ချင်း အူကျလို့ အထူးကု ဆေးခန်းတက်တုန်းက အက်စီးဒန့် ဖြစ်လို့ _ _ ကြေတာလား၊ _ _ ပြတ်သွားတာလား မသိဘူး၊ လူနာတစ်ယောက် ရောက်လာတယ်။

Anonymous ပြောသလိုပဲ ပေါင်သားကို အစားထိုးမယ်ဆိုလား သဲ့သဲ့ကြားတယ်။ ခုလို အစစ အရာရာ တိုးတက်တဲ့ ခေတ်မှာ ပိုပြီး ကုသပေးနိုင်မှာပါ။ လိုချင်သလိုတောင် တောင်းဆိုလို့ ရချင် ရဦးမယ်။ အဓိက ပိုက်ပိုက် ရှိဖို့ပါပဲ။

Anonymous ဖြစ်ခဲ့ရင် ပြောလေ။ ကူညီ စုံစမ်းပေးမယ်။ ကုသိုလ်ရတာပေါ့။ ဒါပေမယ့် မူရင်းလိုတော့ ကောင်းချင်မှ ကောင်းမှာနော်။

Anonymous said...

((အဖျားတက်ခံရမှာကြောက်လို့မမန့်ဖူးပါဘူး))
ပြောထားပြီးပြီလေ။

စိတ်ချကိုပေါ၊ ကိုပေါဘလော့လို လွတ်လွတ်လပ်လပ်ပြောခွင့်ပေးထားတဲ့နေရာမှာတောင် ကိုပေါနဲ့သဘောထားမတိုက်ဆိုင်တာတွေ့ရင်တောင် မန့်တာရှားတယ်။ (မှတ်ချက်၊ ကိုပေါရဲ့လွတ်လပ်စွာပြောဆိုခွင့်ပေးထားတာကို သဘောကျတာ ကိုပေါ ပြောသမျှအားလုံးသဘောတူတာမဟုတ်ပါ)
သူ့ဘလော့လိုဘာစည်းကမ်းတွေမှန်းမသိတာတွေ ပွနေတဲ့နေရာမှာ မှတ်ချက်အချိန်ကုန်ခံမရေးဘူး။ ကြာရင် ကျမကိုတိုက်ခိုက်လိုတာသိတယ် ဆိုပြီးစွတ်စွဲလာတော့မှာလေ။ နောက်ပြီးသူ့ဘလော့က ကျောင်းမှာတုံးက မရှိမဲ့ရှိမဲ့ မတင်မိုးလွင်ကြီးကို အားအားလျားလျားသွားကြည့်ရလောက်အောင်တောင် အာရုံမလာတော့ အရောက်နည်းပါတယ်းD.

အဲ့ဒီ သူ့ရဲ့ controversial post မှာတချို့လူတွေက Facts နဲ့ ဝင်ဆွေးနွေးတာကို သူက Science ဆိုတာ သူ့လောက်မသိတဲ့ပုံ တခြားလူတွေကပဲ အသိဥာဏ်လိုနေသေးတဲ့ပုံဖြစ်လာလို့ နောက်ပိုင်းမှာလူတွေက ဝင်အောကြတာလို့ ကျွန်တော်မြင်တယ်။
အမြင်ကပ်လို့ပြောတယ်ဆိုတာကတော့ဗျာ လူရွယ်၊လူကြီးတွေပဲ ဟေ့နင့်ကိုအမြင်ကပ်လို့ရေးတာလို့တော့ဘယ်ပြောမလဲ။

ဘာသာရေးသူရဲကောင်းဆိုတာကတော့ကိုပေါရာ ဗုဒ္ဓဘာသာဝင်တိုင်းသာ ကိလေသာကင်းနေမှတော့ ကျွန်တော်တို့တိုင်းပြည်ဘယ်ဒီလိုဖြစ်နေတော့မလဲ၊ စစ်ဗိုလ်ချုပ်တွေလည်းအကုန်ကောင်းပြီး အတိုက်အခံတွေလည်း ကိလေသာကင်းပြီး အကုန်ငြိမ်းချမ်းနေတော့မှာပေါ့။ ကိုပေါလည်း ဗုဒ္ဓဘာသာဝင်ပဲလေ.ဗုဒ္ဓအဆုံးအမအတိုင်း နအဖကို မေတ္တာဘာဝနာပွားနေရုံပဲပေါ့ ဟုတ်ဘူးလား။

ဒီလိုငြင်းခုံနေကြတဲ့ လောကကြီးထဲမှာ ဗုဒ္ဓဘာသာဝင်လည်း ငါ့ဘာသာမှန်တယ်လို့ ငြင်းခုံခွင့်ရှိတာပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ငါ့ဘာသာမှန်တယ် ပြောခွင့်မရှိဘူး မပြောရဘူး (ဘုရားက ကိလေသာကင်းရမယ်ပြောထားတယ်) ဆိုရင် ဒီခေတ်ကြီးမှာ တစ်ဖက်စွန်းမရောက်နေဘူးလား။

ကိုပေါ said...

Anonymous..... ဆောရီးပါဗျိုး။ အားလပ်တဲ့အချိန်ကလေးမှာ အမြန်ကွန်မင့်လိုက်တဲ့အတွက် မမန့်ဖူးဘူးလို့ ရေးထားတာကို သတိမပြုမိလိုက်ဘူး ဖြစ်သွားတယ်။ တောင်းပန်ပါတယ်။

အဲ... တင်မိုးလွင် ဥပမာက ပါရသေးတယ်။ ကျနော်တို့တုန်းကတော့ ချောကလျာ ကိုပဲ သွားရင်းလာရင်း ကြည့်ဖြစ်တယ်။ တင်မိုးလွင်ကြီးကတော့ အခုနောက်ပိုင်းမှာ အရိုင်းနဲ့တွဲပြီး “မမိုး” အဖြစ် MC လုပ်နေတာတွေ့ရတော့ သာပြီး ကြည့်မရ ဖြစ်ရပါတယ်။

“ဒီလိုငြင်းခုံနေကြတဲ့ လောကကြီးထဲမှာ ဗုဒ္ဓဘာသာဝင်လည်း ငါ့ဘာသာမှန်တယ်လို့ ငြင်းခုံခွင့်ရှိတာပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ငါ့ဘာသာမှန်တယ် ပြောခွင့်မရှိဘူး မပြောရဘူး (ဘုရားက ကိလေသာကင်းရမယ်ပြောထားတယ်) ဆိုရင် ဒီခေတ်ကြီးမှာ တစ်ဖက်စွန်းမရောက်နေဘူးလား။”

ငြင်းခုံခွင့်ရှိပါတယ်လေ။ ကျနော့်လောက် ငြင်းခုံရတာကို ဝါသနာပါတာ၊ အားပေးတာ ကျနော်ပဲ ရှိပါတယ်။း-) အခုပြောနေတာက သာသနာတော်ကြီး ညှိုးမှိန်သွားမှာစိုးလို့၊ အမှားကို အမှန်ထင်သွားမှာစိုးလို့၊ သာသနာတော်ကြီးကွယ်ပျောက်သွားမှာစိုးလို့ စသဖြင့် အကြောင်းပြချက်တွေနဲ့ ဗုဒ္ဓဘာသာဖက်ကနေ ကာကွယ် ငြင်းခုံနေကြသူတွေဟာ ဘာသာတရားရဲ့ အဆုံးအမဖြစ်တဲ့ ဒေါသတို့၊ မာန်မာနတို့ကို နည်းနည်းလေးမှ မချနိုင်တဲ့အပြင် သူတဖက်သားကို နှိပ်ကွပ်ချင်ဇောက ပိုနေတာကို တွေ့ရလို့ပါ။ သူတို့အနေနဲ့ အဲဒီ ဒေါသတွေနဲ့ ငြင်းချင်ရင် ငြင်းလို့ ရပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ အဲဒီလုပ်ရပ်တွေအတွက် သူများက ပြန်ပြီးလက်ညိုးထိုးတာ၊ အငေါ်တူးတာကိုလည်း ထိုက်ထိုက်တန်တန် ပြန်ခံရမှာပဲ။ သူများကို လက်ညိုးထိုးချင်ပြီး ကိုယ့်ကို ပြန်ထိုးမှာမျိုးကိုတော့ ရှောင်လွှဲချင်လို့ မဖြစ်နိုင်ဘူးမို့လားဗျာ။

နည်းနည်းထပ်ပြောရရင် တခြားအကြောင်းအရာတွေကို ငြင်းခုံတာမှာ ဒေါသပါလို့ ရတယ်၊ မာန်မာန ပါလို့ရတယ်။ (မပါရင်တော့ အကောင်းဆုံးပေါ့)။

ဥပမာဗျာ.... ဒီမိုကရေစီအကြောင်း ကာကွယ် ငြင်းကြတဲ့သူတွေမှာ ဒီမိုကရေစီနည်းလမ်းကျနေသရွေ့ ဒေါသသံ၊ မာန်မာနသံ ပါနေတာကို လက်ခံလို့ရတယ်။ ဒါပေမယ့် သူပြောနေတဲ့အထဲမှာ ဒီမိုကရေစီနည်းလမ်းမကျတာ ပါလာရင် သူလည်း ဒီမိုကရေစီ သူရဲကောင်းကြီးလို့ အငေါ်တူးတာ ခံရမှာပဲ။

အလားတူ.... ချိုသာယဉ်ကျေးစွာ ပြောဆိုဖို့အရေးဖက်က ကာကွယ်ပြောကြားနေတဲ့သူတွေကိုယ်တိုင်က ဆဲဆိုပြီး ငြင်းခုံနေတယ်ဆိုရင်လည်း ယဉ်ကျေးမှုသူရဲကောင်းကြီးအဖြစ် အငေါ်တူးတာ ခံရမှာပဲ။

ထို့အတူ.... စာရိတ္တသူရဲကောင်းကြီးတွေ၊ ယဉ်ကျေးမှုသူရဲကောင်းကြီးတွေ၊ စာပေသူရဲကောင်းကြီးတွေ၊ လူ့အခွင့်အရေးသူရဲကောင်းကြီးတွေ စသဖြင့် အပြောနဲ့ အလုပ်မညီတဲ့ အငေါ်တူးစရာ သူရဲကောင်းကြီးတွေ နယ်ပယ်အသီးသီးမှာ ရှိကြမှာပါပဲ။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အငေါ်တူး သူရဲကောင်းစာရင်းမှာ တခု (သို့မဟုတ်) တခုမထက်က စာရင်းဝင်နေနိုင်ပါတယ်။

မြင်တဲ့သူတွေရှိရင် ကိုယ့်ကိုလည်း အငေါ်တူး ဝေဖန်ကြပါလိမ့်မယ်။ (ဝေဖန်လိုစိတ်ရှိရင်ပေါ့လေ။) အဲသလို ပြန်ဝေဖန်တာကိုလည်း မျှော်လင့်ထားကြရမှာပေါ့။

ဒါလောက်ဆိုရင် ကျနော့်ဆိုလိုရင်းကို သဘောပေါက်မယ် ထင်ရတာပဲ။

Anonymous said...

Nge Naing is a really faker. Sorry for using your blog, Ko Paw.
Zin xxx

Anonymous said...

ဟဲ ကိုပေါက ချောကလျာဆိုတော့ မြက်နုစိမ်းလေးတွေ ကြိုက်ပုံရတယ် ဒါပေမဲ့အခုတော့လည်း စိမ်းပုံမရတော့ဘူးးD.

ကျွန်တော်ကတော့ အဲ့ဒီကတည်းက နည်းနည်းအဝါရောင်သမ်းနေတဲ့ မမိုးကြီးကိုပဲ စဥ့်ကူးမှာ ချိန်းဝိုင်း မရှိရင် အားအားလျားလျားသွားပြီး ဗို့အားပြစ်မိတာပဲ။

အပေါ်က ('ကို' လား 'မ' လားမသိဘူး) Zin နဲ့ အမြင် အတူတူပါပဲဗျာ။

Nge Naing said...

ဝါဆိုလပြည့် ဓမ္မစင်္ကြာနေ့မှာ အားလုံး လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေကင်းပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကာ ကောင်းကျိုး လိုရာဆန္ဒပြည့်ဝကြပါစေ။

Anonymous said...

You, bloody faker.

Nge Naing said...

ကိုပေါဘလော့ဂ်မှာ ၀ါဆိုလပြည့်နေ့ အဓမ္မစင်္ကြာနေ့ နေ့ထူးနေ့မြတ်မှာတောင် ကျွန်မကို လာဆဲသွားတဲ့သူလည်း ရှိသေးတာပဲ။ အပေါ်မှာ ပြောတဲ့ ဗုဒ္ဓဘာသာ သူရဲကောင်းလိုလိုလူပဲ ဖြစ်မှာပေါ့။ ခက်တယ် ဘလော့ဂ်မှာလည်း လာမပြောရဲဘူး။ သူများဘလော့ဂ်မှာပဲ အတင်းလိုက်ပြောပြီး ကျွန်မဆီမှာ ဘာမှပွင့်ပွင့်လင်းလင်း မပြောတော့ ဒီလိုလူတွေကို ယဉ်ကျေးအောင် ကျွန်မဘယ်လိုမှ ကူညီဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ ဓမ္မစင်္ကြာနေ့မှာတောင် အကုသိုလ်ကို မရှောင်နိုင်တာ တရားရစရာပဲ၊ ဘယ်ဘ၀က ပါလာတဲ့ ၀ဋ်ကြွေးလဲမသိဘူး သနားစရာ သတ္တ၀ါပါပဲ။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးရုံကလွဲပြီး တခြားဘာမှ မတတ်နိုင်ပါဘူး။ ရွဲ့ပြောတာမဟုတ်ဘူး တကယ်ဆုတောင်းပေးသွားပါတယ်။

★သခင်မျိုးဟေ့ဒို့မြန်မာ★ said...
This comment has been removed by the author.
★သခင်မျိုးဟေ့ဒို့မြန်မာ★ said...

သို့

ဗလောင်းဗလဲငယ်နိုင်

မငယ်နိုင် တစ်ယောက် တကယ်ကို အရှက်သိက္ခာ ကင်းပါလား။ ခင်ဗျားအဲလို ဗြောင်လိမ်လုပ်ရင် ဒီမိုငတုံးတွေက ယုံမယ်ဆိုတာ သိနေတယ်မဟုတ်လား? အေးလေ။ ဒီမိုတွေက လိမ်တိုင်းယုံတယ်ဆိုတာ ကြတာကိုး။ ဒီမိုတွေက တုံးလွန်း . . အလွန်းတာကိုသိလို့ အစ်မက ဗြောင်လိမ်ပြောနေတာ သဘောပေါက်ပါတယ်။ အစ်မဆီပုံးမှာ ကျနော်ရေးတဲ့စာတွေက ဒီမိုငတုံးတွေ ကုလားကို ဘယ်လောက်အထိကြောက်လဲဆိုတာပဲရှိတယ်။ ဘာမှဆဲတာမရှိပါဘူး။ ဆီပုံးမှာ အဲလိုရေးထားတာ လူတိုင်းမြင်နေတာပဲ။ အဲဒါကို အောက်ပိုင်းကိစ္စတွေနဲ့ ဆဲတယ်လို့ ဗြောင်လိမ်ပြောပြီးဆီပုံးမှာ ရေးထားတာအားလုံးကိုဖျက်ပြစ်တယ်။ လူတိုင်းမြင်နေတာတောင် ဗြောင်လိမ်ရလောက်အောင် အစ်မမှာ အသိဥာဏ်ရည်မနည်းဘူးဆိုတာ သိပါတယ်။ ဒီမိုတွေက ဥာဏ်ရည်နိမ့်လွန်းပြီး လိမ်တိုင်းယုံလို့ လိမ်လိုက်တယ်ဆိုတာ နားလည်ပါတယ်။ ဟုတ်ပါတယ် အစ်မရေ။ ဒီမိုတွေဟာ ငတုံးတွေ.. ပြောတိုင်းယုံပြီး. . . လိမ်လို့လွယ်တယ်ဆိုတာ အားလုံးသိထားကြပါတယ်။ ဒီမိုငတုံး . .ဒီမိုငတုံး.. ဒီမိုငတုံး.. ဟဲဟဲ

ဗြောင်လိမ်တိုင်းယုံတဲ့ ဒီမိုတွေအဖြစ်ကို ထိုင်ကြည့်ရင်းပြုံးနေတဲ့
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs