Symphony No. 5

Share |
ဇွန်လ ၁၉ ရက်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ဘာပို့စ်တင်ရမလဲ စဉ်းစားလိုက်တဲ့အခါ Walt Disney က ထုတ်လုပ်တဲ့ Fantasia 2000 ထဲက Beethoven's Symphony No.5 တေးသွားနဲ့ သရုပ်ဖော် Animation လေးကို ထူးထူးခြားခြား သွားသတိရမိတယ်။ ဒါနဲ့ ယူကျု မှာ ရှာဖွေပြီး မွေးနေ့အမှတ်တရအဖြစ် တင်လိုက်ပါတယ်။



ဒီလင့်ခ်မှာ သွားကြည့်လို့လည်း ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်တယောက် မွေးနေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ လွတ်လပ်တဲ့ မြန်မာပြည်မှာ သားငယ်နှစ်ဦးနဲ့တကွ မြေးငယ်လေးတွေနဲ့ပါ အမြန်ဆုံး ပြန်လည် ဆုံးဆည်းနိုင်ပါစေကြောင်း ထပ်ဆင့်ဆုမွန်တောင်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမြတ်မှု၊ ဖြူစင်မှု၊ သတ္တိပြောင်မြောက်မှု၊ မေတ္တာ၊ ဂရုဏာကြီးမှုတို့ကို အစဉ် လေးစားဦးညွှတ်လျက်....

ကိုပေါ။
(၁၉ ရက်၊ ဇွန်လ၊ ၂၀၁၀ ခုနှစ်)

10 comments:

Rita said...

ကျွန်မလည်းပဲ ကိုပေါ...

စိတ်ချမ်းချမ်းသာသာနဲ့ မိသားစုနဲ့ အတူတကွ သူ့ကို...

ဖိုးတုတ် said...

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ ၊ ချမ်းသာ ၊ ဘေးရန် ခတ်သိမ်း ကင်းဝေး ပြီး တိုင်းပြည်ကောင်းကျိုး ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါရန် ဆုမွန်ကောင်း တောင်းအပ်ပါတယ် ၊

ဒေါ်အောင်ဆန်းစုကြည် နှင့် မိသားစုလည်း အမြန်ဆုံး ပြန်လည် ဆုံတွေ.နိုင်ပါစေ ၊

Lun Lunn said...

အမေ ဒေါ်အောင်ဆန်းစုကြည် …

၁၉ရက်၊ ဇွန်လ၊ ၂၀၁၀ခုနှစ်မှာ ကျရောက်သော (၆၅)နှစ်မြောက်မွေးနေ့ မှသည် နှစ်ပေါင်း (၁၂၀)တိုင်အောင် စိတ္တသုခ၊ ကာယသုခနှစ်ဖြာနှင့် ပြီးပြည့်စုံပြီး သာယာအေးချမ်းသော အမိမြန်မာပြည်မှာ သားသမီး၊ မြေးမြစ်များနဲ့ စုစုစည်းစည်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော် ရှည်ပါစေ …

ရိုသေလေးစားမှုဖြင့် …

Lun Lunn said...

အမေ ဒေါ်အောင်ဆန်းစုကြည် …

၁၉ရက်၊ ဇွန်လ၊ ၂၀၁၀ခုနှစ်မှာ ကျရောက်သော (၆၅)နှစ်မြောက်မွေးနေ့ မှသည် နှစ်ပေါင်း (၁၂၀)တိုင်အောင် စိတ္တသုခ၊ ကာယသုခနှစ်ဖြာနှင့် ပြီးပြည့်စုံပြီး သာယာအေးချမ်းသော အမိမြန်မာပြည်မှာ သားသမီး၊ မြေးမြစ်များနဲ့ စုစုစည်းစည်း ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော် ရှည်ပါစေ …

ရိုသေလေးစားမှုဖြင့် …

Unknown said...

အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည် ပြီး အနာမဲ့ပါစေ၊၊ ဘ၀တိုင်းမှာ ချစ်သောမိသားစု နဲ့ မခွဲမခွာ အတူနေရပါစေ၊၊ အမေချစ်သော မြန်မာပြည်ကြီးသည် လည်း အောင်ပွဲအမြန်ရပါစေ၊၊ အမေအကျဉ်းကျခံဘ၀မှ အမြန်လွတ်မြောက်ပါစေ၊၊

ဖိုးတုတ် said...
This comment has been removed by the author.
မောင် လေး said...

အမေ ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော်
ရှည်ပါစေကြောင်း၊မိသားစုတွေ အမြန်ဆုံး ဆုံတွေ့ပါစေကြောင်း၊အမေ ကျမ်းမာ၊ချမ်းသာ ပါစေကြောင်း....ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျား

Nge Naing said...

ဒေါ်အောင်ဆန်းစုကြည် သက်တော် ရာကျော်ရှည်ပါစေ။

Anonymous said...

It is funny! Nga Paw ,
Is Birth Day so important for u all?
I really respect Daw Aung Sun Su Kyi, but not for her personal affairs.

ဖိုးတုတ် said...

ဒေါ်အောင်ဆန်းစုကြည် ရဲ့ မြန်မာနိုင်ငံ ရှိ ပြည်သူများအတွက် အနစ်နာခံမှု ၊ တိုင်းပြည် အကျိုးသယ်ပိုးမှု ဂုဏ်သတင်း မွှေးရနံ. များဟာ မြန်မာနိုင်ငံ နှင့် ဒီကမ္ဘာကြီး သာမက Universe သို.တိုင် အစဉ်ထာဝရ ပျံ. နှံ.လျက်ရှိနေမှာပါ ၊

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs