မောင်ကြီးတို့ ဘယ်ရွာသား ...

Share |
ချစ်တဲ့သူငယ်လေ....
သူငယ်ချင်းကောင်း ယောက်မတို့ရေ။

သူများမောင်မှာ
စစ်သံကြားလျှင် နာဖျားဥပါယ် ခိုကြတယ်။

နှမလေး မယ်တို့မောင်မှာ
စစ်သံကြားလျှင် Proposal ပိုက်ကာ
အလှူ့ရှင်ကို လိုက်လို့ရှာသည်၊
Donor ကနည်း၊ ဒေါ်လာမွဲနှင့်
မဲဆောက်ကို ကူးပါ့မလားတော်။

စစ်မှာတမူ၊ ဒေါ်လာပေး ခိုင်းတဲ့လူကို ယူမလားတော်။
စစ်မှာယွန်းမ၊ ဒေါ်လာပြ ကြိုးဆွဲကြသူကို ရမလားတော်။
စစ်မှာဆွေမျိုး၊ ဘိုးဘွားမောင့်မှာ ရှိသလားတော်။

စစ်မှာတမူ၊ ဒေါ်လာပေး ခိုင်းတဲ့လူကို မယူဘူးဗျာ။ (သူများနဲ့ပြိုင်မလုနိုင်လို့)
စစ်မှာယွန်းမ ဒေါ်လာပြ ကြိုးဆွဲကြသူကို မရဘူးဗျာ။ (contact မရှိလို့)
စစ်မှာဆွေမျိုး ဘိုးဘွားမောင့်မှာ မရှိဘူးဗျာ။ (တပ်ထဲမှာ ဆွေမျိုးရှိရင် အခုအချိန် ပါမစ်ရောင်းစားနေပြီပေါ့ ဟဲဟဲ)

ဒေါ်လာ့သခင်
အလှူ့ရှင်က
မိန့်တော်စာနှင့် အပါချသည်
လိုက်ရတော့မယ်...။

တနှစ်တခါ
ရိုးရာမပျက်
လေလှိုင်းထက်က
ပွဲသိမ်းတိုက်ပွဲ
အာပြဲလုနီး
အချီကြီးတွေ နွှဲခဲ့လေသမို့....

တိုက်ပွဲတရာ...အာ..အာ
အောင်ပွဲမှာ သာစေရေးအတွက်
နှမလေးတို့ ပေးလိုက်ပါ့မယ်...
တွေးမိသမျှ ကြွေးကြော်သံများ....။

ရေရှားပါးမှုမှသည်
လူထုတိုက်ပွဲဆီသို့။

ရေလျှံမှုမှသည်
လူထုတိုက်ပွဲဆီသို့။

မီးမလာမှုမှသည်
လူထုတိုက်ပွဲဆီသို့။

မီးလောင်မှုမှသည်
လူထုတိုက်ပွဲဆီသို့။

အင်းလေးကန် တိမ်ကောမှုမှသည်
လူထုတိုက်ပွဲဆီသို့။

ဝိုင်းစု စကပ်တိုမှုမှသည်
လူထုတိုက်ပွဲဆီသို့။

ထက်ထက်မိုးဦး ပါးရိုက်မှုမှသည်
လူထုတိုက်ပွဲဆီသို့။

ကမ္ဘာ့ဖလား ဘောလုံးပွဲမှသည်
လူထုတိုက်ပွဲဆီသို့။

ဟန်နီဦး ရေကူးဝတ်စုံမှသည်
လူထုတိုက်ပွဲဆီသို့။

ကိုပေါကဗျာမှသည်
လူထုတိုက်ပွဲဆီသို့။...............း-)

ပူးတွဲဖတ်ရှုရန်။..............။ ပွဲသိမ်းငိုချင်း (ကိုပေါ)

15 comments:

ZT said...

ဟန်နီဦး ရေကူး ဝတ်စုံတောင် ပါလိုက်သေးတယ်။ :D

:P said...

ဟန်နီဦး ရေကူး ဝတ်စုံကို မသိလိုက်ဘူးဗျာ.. ခေတ်နောက်ကျသွားပြီ။

' စစ်မှာတမူ' '-------> 'မောင်ကြီးတို့ ဘယ်ရွာသား ' :D

zawmaung said...

လိုက်လို့ မှီနိုင်တော့ဝူးဗျာ.. ဒဂယ်..

ဂျစ်တူး ( မုံရွာ ) said...

ကိုပေါ-ကိုကီးပေါ-ဘုကီးပေါ-ဖိုးဖိုးပေါ-
အမည်နဲ့ ဆန်ကျင်ဖက်မို့ မရိုသေမလေးစားဘဲကိုမနေနိုင်
အောင်ကဗျာတွေစာချိုးတွေကောင်းတယ်ဗျို့ 
တကယ်ကိုပါဘဲဦးနှောက်ကိုခွဲပြီးလေ့လာချင်တယ်-
ဘယ်ရွာသားလဲဗျို့ -

PhotoVigor said...

Dear Ko Paw, love your poem.
Keep it up.
Cheers..

sing a song said...

မောင်ကြီးတို့ ဘယ်ရွာသား ..အာ..အာ
ဒေါ်လာစား လော ? သူတောင်းစား လော ?
ပြောပါတော်..ကြားချင့် ဒီစကား...ဟာ..ဟာ...:)))))))

sing a song said...

Good post, Brother Paw!!!!

Anonymous said...

Ko Paw

I disagree with you for some of
your opinions but this is a real good shit :D). My compliments and cheers!

မောင် လေး said...

ဟန်နီဦးရေကူးဝတ်စုံ ကို ကျွန်တော်လည်း သိဘူးဗျ။
နောက်ဆက်တွဲ ရှင်းလင်းချက်လေးတော့ လုပ်ပေးပါဦး....။

ကိုပေါ said...

>>>> SDL နဲ့ မောင်လေး.....

သိချင်ဝယ်ဖတ်... တကျပ်...တကျပ်....။

အား....ခေတ်နောက်ကျလိုက်တာဗျာ။ တကယ် သိချင်တယ်ဆိုရင်.... အယ်ဒီချာ့ အာပေါလောတွေကို ယူကျုကတဆင့် တင်ဆက်ပြီး မျက်စိနဲ့နားကို နှိပ်စက်နေသော... ကေသာအရှည်...သေနာဝတီ....အဲလေ... ငွေရှာဝတီ...အွန်လိုင်း မဂ္ဂဇင်းကြီးတွင် သွားရောက် လှန်လှော ဖတ်ရှုနိုင်ကြောင်းပါ။

ံHello said...

မွေးကတည်းက စောင်းနေသူတစ်ယောက် ကြိုးစားပြီး ထပ်စောင်းသွားသည်။

ဖိုးတုတ် said...

တိုက်ပွဲတွေ တယ်ပြင်းထန်နေပါလား ၊

ဝိုင်းစု စကပ်တိုမှု တော့ မသိလိုက်ဖူးဗျို..

ဟန်နီဦး ရေကူးဝတ်စုံ တော့ ခင်ဗျား ပြောတဲ့ အွန်လိုင်း မဂ္ဂဇင်းကြီး က မြင်လိုက်ရ ၊ သိလိုက်ရပါတယ် ၊

ဟုတ်တာတွေရော၊ မဟုတ်တာတွေ ရောမွှေ
ပြီး ရေးနေတဲ့ ဌာနကြီးပေါ့၊ ဒါပေမဲ့ မှန်တာတွေက များပါတယ် ၊ အဲ့ဒီ သတင်းဌာနကြီးကိုပဲ မြန်မာသတင်းတွေ အတွက် အားကိုးနေရတာပဲ ၊ ကျွန်တော်တော့ ကြိုက်တယ် ၊

ကျွန်တော် အကြံပေးချင်တာကတော့

ဝိုင်းစု စကပ်တိုမူ ---ပုံကို ပူးတွဲကြည့်ရူရန်

ဟန်နီဦး ရေကူးဝတ်စုံ -ပုံကို ပူးတွဲကြည့်ရူရန်

ဆိုရင် စာဖတ် ပရိတ်သတ်ကြီးလည်း နှစ်ချိုက်ပါလိမ့်မယ်

အားလုံးကျန်းမာရွှင်လန်းကြပါစေ ---

kokosan

Anonymous said...

ကြိုက်တယ်ဝေ့ ကိုပေါရဲ့ ကဗျာကို၊ နိုင်ငံတကာမှာ စစ်အစိုးရ မကောင်းတာ ကို အခွင့်ကောင်းယူပြီး လုပ်စားနေတဲ့ တိုက်ပွဲဝင်တို့ တော်လှန်ရေးသမားတို့ ဆိုတဲ့ အမည်ခံ တွေကိုလည်း ထပ်ပြီး ဒီလိုပြောင်မြောက်တဲ့ ကဗျာလေးတွေနဲ့ နှိပ်ကွပ်စမ်းပါဦးရှင်။
ဥပမာ ထိုင်းနဲ့ မလေးမှာဆိုရင် ဗမာပြည်မှာ ဘုရားကျောင်းတက်လို့မရဘူး၊ ဝတ်ပြုလို့မရဘူး ဘာညာ လျှောက်ပြောပြီး ဒုက္ခသည်ခံ အနောက်နိုင်ငံတွေမှာ အမြိန့်သား ထောက်ပံ့ကြေးသွားယူနေတဲ့သူတွေ သွားယူဖို့ကြိုးစားသူတွေတစ်ပုံကြီးပဲ။ နောက်ပြီး စစ်တပ်ကိုလက်နက်ကိုင်ပုန်ကန်ခဲ့ပြီး ရွာတွေမှာအပြစ်မဲ့ လူတွေကို ဗမာစစ်တပ်ကသတ်သလို သတင်းပေးခေါင်းစဉ်တပ်သတ်ဖြတ်မီးရှို့ ဖျက်ဆီးခဲ့တဲ့ အဖွဲ့တွေထဲက အဖွဲ့ဝင်တွေလည်း ယူအန်ရဲ့ ဘာ သတ်မှတ်ချက်နဲ့ မှ မညီညွတ်ပေမဲ့ ဂွင်ရိုက်ပြီးရောက်နေတာ တွေ့ရတယ်။ တချို့ဆိုထွက်သွားတုံးက ၁၀တန်းမအောင်ဘူး၊ ဟိုရောက်မှ ကျောင်းအလကားထားပေးလို့ နည်းနည်းလေးပညာတတ်လာတာနဲ့ တသက်လုံးပဲ ဟိုမှာ ကျောင်းတက်လာသလိုလို အောက်ခြေလွတ်နေကြသေးတယ်။ ဘလော့တွေဘာတွေ မမှီမကန်းလျောက်ရေးပြီး "အာ" နဲ့ လုပ်နေကြလေရဲ့။
နောက်တစ်အုပ်စုကတော့ ဘယ်သူကမှ မဲမပေးတော့ပဲ ရာသက်ပန် ဝန်ကြီးမင်းရာထူးခံထားသူတွေပေါ့၊ အသံတောင်ကောင်းကောင်းမအော်နိုင်တော့ဘူး၊ စားထားတာနင့်နေလို့။ မသေမချင်းတော်လှန်ရေးတွေလေ။ သူတို့အုပ်စုတွေအားလုံးကို စစ်အာဏာရူးတွေနဲ့ တတန်းတစားထဲသတ်မှတ်တယ်။ ဒင်းတို့တက်လည်း ကျမတို့ တိုင်းပြည် ဒုံရင်းပဲရှိမှာပဲ။
စစ်အုပ်စုကိုမဲနေကြတော့ သူတို့က ကြားထဲကလွတ်နေတာ။ ဒီလို ဒင်းတို့ကိုလည်း နှက်တဲ့ကဗျာမျိုးများများရေးနိုင်ပါစေ။

နှင်းနှင်း

Anonymous said...

ဥပမာ ထိုင်းနဲ့ မလေးမှာဆိုရင် ဗမာပြည်မှာ ဘုရားကျောင်းတက်လို့မရဘူး၊ ဝတ်ပြုလို့မရဘူး ဘာညာ လျှောက်ပြောပြီး ဒုက္ခသည်ခံ အနောက်နိုင်ငံတွေမှာ အမြိန့်သား ထောက်ပံ့ကြေးသွားယူနေတဲ့သူတွေ သွားယူဖို့ကြိုးစားသူတွေတစ်ပုံကြီးပဲ။

Agree!

နောက်ပြီး စစ်တပ်ကိုလက်နက်ကိုင်ပုန်ကန်ခဲ့ပြီး ရွာတွေမှာအပြစ်မဲ့ လူတွေကို ဗမာစစ်တပ်ကသတ်သလို သတင်းပေးခေါင်းစဉ်တပ်သတ်ဖြတ်မီးရှို့ ဖျက်ဆီးခဲ့တဲ့ အဖွဲ့တွေထဲက အဖွဲ့ဝင်တွေလည်း ယူအန်ရဲ့ ဘာ သတ်မှတ်ချက်နဲ့ မှ မညီညွတ်ပေမဲ့ ဂွင်ရိုက်ပြီးရောက်နေတာ တွေ့ရတယ်။

I have seen some ex-KNU combatants
who has killed people in Burma now settled in 3rd countries.

တချို့ဆိုထွက်သွားတုံးက ၁၀တန်းမအောင်ဘူး၊ ဟိုရောက်မှ ကျောင်းအလကားထားပေးလို့ နည်းနည်းလေးပညာတတ်လာတာနဲ့ တသက်လုံးပဲ ဟိုမှာ ကျောင်းတက်လာသလိုလို အောက်ခြေလွတ်နေကြသေးတယ်။

Well most of them are pursuing just bachelor or honours degrees
or MA or PhD in specializations
such as respecting human rights, dog rights, dick rights, and fag rights, etc.. one can't get real jobs even if they can graduate.

I respect those bloggers like
Ko Paw who are in Singapore who
are leading professional lives while blogging....

gyidaw said...

Hi! Ko Paw I like ur poem that what i see the same view.I really appreciate it.I also like the poem THE CRAB SINCE BORN. BE HAPPY EVER,

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs