ကော်ပီကက်

Share |
အိမ်မှာ ကော်ပီကက် တကောင်ရှိတယ်။

အမေမွေးကတည်းက ဂဏန်း” ဆိုတဲ့ ပို့စ်မှာ သရုပ်ဖော်ပုံကို Paint ထဲမှာပဲ အလွယ်ဆွဲလိုက်မိတယ်။ အဲဒါကို နောက်တနေ့မှာ သမီးမြင်တော့ သူကလည်း Paint ထဲမှာပဲ လိုက်ဆွဲတယ်။ သူကလည်း သူ့စတိုင်လ်နဲ့ သူပေါ့။ ရယ်နေတဲ့ ပါးစပ်တောင် အပိုပါလာသေးတယ်။



သမီးငယ်ငယ်ကတည်းက ရယ်စရာတွေကို အရမ်းတွေးတတ် လုပ်တတ်တယ်။ လွန်ခဲ့တဲ့ တနှစ်လောက်ကဆိုရင် Animation လုပ်လို့ရတဲ့ Software လေးတခု ဝယ်လာပြီး ကျနော့် ဘလော့ဂ်ပို့စ်တွေမှာ ကျနော်လက်တည့်စမ်းတယ်။ အဲဒါကို သမီးမြင်တော့ သူကလည်း လိုက်ပြီး လက်တည့်စမ်းတော့တာပါပဲ။

ဟောဒါက သမီးလက်ရာတခု။ မိုးရေစက်ကျလို့ ဇီးကွက်လန့်သွားတာ ဆိုပဲ။ ကြံကြံဖန်ဖန်။



ဒါကတော့ Pull Game လို့ သူ့ဘာသာ နာမည်ပေးထားတဲ့ သမီးရဲ့ Animation လေးပေါ့။



လူတွေက လွန်ဆွဲသလို ကြိုးစရဲ့ တဖက်တချက်ကနေ ဆွဲနေကြတယ်။ ခဏနေတော့ တဖက်ကလူတွေက ကြိုးစကို ရုတ်တရက် လွှတ်လိုက်တဲ့အခါ ကျန်တဖက်က လူတွေ ဖင်ထိုင်လဲကျသွားတဲ့ပုံလေ။

အဲဒီလို ညစ်ကျယ်ကျယ် အတွေးတွေ သူဘယ်က ဘယ်လို ရလာသလဲမသိဘူး။ ဖအေလုပ်သူ ဒီလောက် တည်တည်တံ့တံ့နေတဲ့ ကြားက အတတ်ကောင်းတွေ တတ်လာတယ်။ ဧကန္တတော့ ငယ်ငယ်က တွန်မ် နဲ့ ဂျယ်ရီ တွေ အကြည့်များပြီး အတုမြင် အတတ်သင်လာတာပဲဖြစ်ရမယ်။

ဒါကတော့ ကျနော့်ပုံတဲ့။ ကြည့်ဦး....ဖိုင်နာမည်ပေးထားတာကိုက “အောင်ချီးတုံး”တဲ့.... ဟင်း။



ပူးတွဲဖတ်ရှုရန်။...........။ သူ့လက်ရာ

16 comments:

Rita said...

like father, like daughter
:D

khin oo may said...

ဟုတ်ရဲ့လာ.း. မောင်ကာလုရယ်။

Shinlay said...

ဇီးကွက်လန့် သွားပုံကို ကြိုက်တယ်လို့ ပြောပေးပါ။

Soe Yu Nwe said...

so smart girl :D

ဖိုးတုတ် said...

ကိုပေါ သမီးရဲ. Animation လေးတွေက very cute --

" ဖအေလုပ်သူ ဒီလောက် တည်တည်တံ့တံ့နေတဲ့ ကြားက " ဆိုတဲ့ စာပိုဒ်ကိုဖတ်ပြီး ပြုံးမိပါတယ် -----

Anonymous said...

သမီး အိုင်ဒီယာလေးတွေ ကောင်းတယ်။

တည်တည်တံ့တံ့နေတဲ့ ဖအေတူလို့ထင်ရဲ့ :P

TTL

မိုးစက်ပွင့် said...

တော်လိုက်တဲ့ သမီးလေး... အဖေနဲ့ တခြားစီ..ဟီး

Moe Cho Thinn said...

ရေစက်ကျလို့ ဇီးကွက်လန့်သွားတာ ရီလိုက်ရတာ..
ချစ်စရာလေးတွေ..။
အဖေ့ပုံကတော့ မျက်နှာကြီး နီပြီး ကြောက်စရာ..။ :)

တန်ခူး said...

သမီးက တော်လိုက်တာ... ဒီလို ဥာဏ်လေးရှိဖို့ ဆိုတာ မလွယ်ဘူးနော်... ခုနလေးတင် သူငယ်ချင်းသမီးလေးစကားပြောတာ သမီးလေးမိုးသီရိနဲ့ တူလိုက်တာလို့ ပြောမိသေးတယ်... မမလေးထွင်ထားတဲ့ ပုံလေးတွေ သားကိုပြဦးမယ်... သမီးက အဖေထက်ပိုထက်မယ်ထင်တယ်... ဟိုတနေ့ က မဒမ်ပေါရဲ့ ခိုလေးကို သားကိုပြတော့ ဘေးကကိုပေါလက်ရာ ကိုယ်တိုင်ရေးပုံတူကို ကြည့်ပြီး သားကမေးတယ်.... "who is she?"တဲ့... ကိုပေါရေ... ကိုပေါပုံလေးကဆံပင်လေးနဲနဲရှည်နေလို့ ထင်ပါရဲ့...

ခရေဖြူ said...

နောက်ခံပြောင်းလိုက်တယ်၊ တနေ့၁ပုစ်လောက် တင်နေတယ်၊ ဟိုတလောက အတော်ကြာပျောက်နေတာ၊ အလုပ်နားလိုက်လို့လား ဟုတွေးမိပြန်ချေ၏

Anonymous said...

ဖအေလုပ်သူ ဒီလောက် တည်တည်တံ့တံ့နေတဲ့ ကြားက အတတ်ကောင်းတွေ တတ်လာတယ်။ ဧကန္တတော့ ငယ်ငယ်က တွန်မ် နဲ့ ဂျယ်ရီ တွေ အကြည့်များပြီး အတုမြင် အတတ်သင်လာတာပဲဖြစ်ရမယ်။
အဲဒီလိုဆိုရင်တော်သေးတာပေါ.:)
ကိုပေါလည်းခရီးမလွန်ဘူးမဟုတ်လား....ဟဲဟဲဟဲ

T T Sweet said...

သမီးက very smart ပါပဲလား။ ဒီအရွယ်နဲ့ ဒီလောက်တွေးနိုင်တာ အံ့သြနေတယ်။
ကာတွန်းလေးတွေ သိပ်သရုပ်ပါတာပဲ။

အဖေပုံကတော့ အဖေနဲ့ စိတ်ကောက်နေတုံး ဆွဲသလားပဲ။

သက်ဝေ said...

ဇီးကွက် လန့်သွားတဲ့ပုံ အကြိုက်ဆုံး...း))

T T Sweet said...

ဘာလို့ကြိုက်တာလဲဆိုတော့ အဲ့င်္ဇီးကွက် လန့်သွားတဲ့ပုံက အန်တီသက်ဝေ လန့်ပုံနဲ့ တစ်ပုံစံတည်းကိုး .... ဟိဟိ။

Unknown said...

Ref:http://www.khitpyaing.org/index.php?route=detail&id=2847

Ko paw

After i have read the above article, I wnat to put comment on Khit Pyaing Web but I have huge concern for NLS.I am sorry to put on your blog as I think you may have same concern.PS
..........
It's not wise to put the blogger in this situation after the writer have use his information. You can see his sacrifices after his effort. I don't understand why the writer try put him in the jail as Nay Phone Latt by claiming that the blogger may have known the bomb blast in advance and he can have 24 hr electricity.

What if he get problem, the people of Myanmar would lose the real good citizen again like Nay Phone , Gaganar,etc. Then the writer may write the article of him just to make money....what a shame of exile journalist. Khit Pyaing should not have published have more sense and should have protect the good people of Mayanmar.

ကိုပေါ said...

>>>ashley..... I agree with you.

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs