အမေမွေးကတည်းက ဂဏန်း

Share |


ခင်ဗျားဟာ
မကောင်းမြင်စိတ် များလွန်းတယ်။
ကျုပ်သွားတတ်သလို သွားနေတာ မြင်ရင်ပဲ
ခင်ဗျားကို ကန့်လန့်တိုက်တယ်လို့ ထင်တတ်တယ်။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
ကန့်လန့်သွားတာ ဘာဆန်းလို့လဲ။

ခင်ဗျားဟာ
ကဲ့ရဲ့သဂြုင်္ိဟ် စကားတင်း ဆိုတတ်တယ်။
ကျုပ်လက်မောင်းညောင်းလို့ မြှောက်မိရင်တောင်
ဒီကောင် လက်မထောင်ပြန်ပြီတဲ့။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
လက်မထောင်တာ ဘာဆန်းလို့လဲ။

ခင်ဗျားဟာ
မယုံသင်္ကာစိတ် များလွန်းတယ်။
ကျုပ်လမ်းသွားရင်း စကားပြောရင်တောင်
စောင်းပြောတယ်လို့ ထင်ပြန်တယ်။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
စောင်းပြောတာ ဘာဆန်းလို့လဲ။

ခင်ဗျားဟာ
လိုရာဆွဲပြီး ထင်တတ်တယ်။
ကျုပ်စကားမပြောဘဲ ငြိမ်နေတာတောင်
ဒီကောင် အမြှုတ်တစီစီထွက်အောင် ပြောပလေ့စေတဲ့။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
အမြှုတ်တစီစီထွက်တာ ဘာဆန်းလို့လဲ။

ရေးသူ- ကိုပေါ။

23 comments:

သက်ဝေ said...

ဟားဟားဟား...
ကြိုက်သွားပြီ ကိုပေါရေ...

"ခင်ဗျားဟာ
မယုံသင်္ကာစိတ် များလွန်းတယ်။
ကျုပ်လမ်းသွားရင်း စကားပြောရင်တောင်
စောင်းပြောတယ်လို့ ထင်ပြန်တယ်။
ကျုပ်ဟာ အမေမွေးကတည်းက ဂဏန်း
စောင်းပြောတာ ဘာဆန်းလို့လဲ"

သိပ်ခေတ်မီတဲ့ ကိုပေါပဲ...
အခုတလော စောင်းတာတွေ ခေတ်စားနေတာ... ဟဲဟဲ...

Anonymous said...

Ha Ha Ha! Great Post Bro.

ZT said...

ကြိုက်သွားပြီ။ အမေမွေးကတည်းက ဂဏန်း ဘာဆန်းသလဲ ဆိုတာတော့။ :D

ချစ်ကြည်အေး said...

အမေ မွေးကတည်းက စောင်းနေတဲ့ ဂဏန်းအမ တကောင် ခပ်စောင်းစောင်း ဖတ်လို့သွား....:P

Rita said...

လယ်ပုစွန်လုံး

Lun Lunn said...

Ko Paw ...

Nice nice ... both Ko Paw & Mdm Paw Zuu Zin poems are really nice ...

But the crab (pepper crab) at Lau Pasat you treated us last time is more nicer than your poem. :) Sha loop ...

ဖိုးတုတ် said...

ဂဏန်း က ဆရာ့ ရဲ. ဆောင်းပါး တော်တော်များများ ကို ကိုယ်စားပြုပါတယ် ၊

kyawkyaw said...

ကိုကိုဆန် ကိုပေါ ကို ဆရာလို့ခေါ်တာ ဆိုက်ကားဆရာ ပန်ရန်ဆရာ ခွေးဆရာ (ခွေးသင်တန်းပေးသူ) တွေနဲ့ တူတူမို့လို့လား????

Anonymous said...

ဝမ်းတွင်းရူးလို.ဆိုချင်တာလား ကိုပေါ ..... :-)

KP @ JP

Gyidaw said...

Bravo Ko Paw, I like it very much cos i'm also a cancer since i was born.I read it like Chit Kyi Aye.

ဖိုးတုတ် said...

kyawkyaw သို.

ကျွန်တော်က စာရေး ဆရာ လို.ရည်ညွှန်းတာပါ ၊ ခွေးဆိုတဲ့ စကားလုံးကို မတွေးမိပါဘူး ၊ ခင်ဗျားရဲ. ပေါက်ပေါက်ရှာရှာ အတွေး၊ မထင်မှတ်တဲ့ စကားလုံး အသုံးနှုန်းများ ကို ကျွန်တော် တော်တော် အံ့ညြ မိပါတယ် ၊

အားလုံးကျန်းမာကြပါစေ ၊ ရင်ကျေး သိမ့်မွေ.တဲ့ အသုံးအနှုန်းများ သုံးတတ်ကြပါစေ ၊

kyawkyaw said...

အံ့သြမိလဲမတတ်နိုင်ဘူး ကိုကိုဆန် မြန်မာပြည်မှာ ကားမောင်းတဲ့သူလဲ ဆရာ စာရေးတဲ့သူလဲ ဆရာ လဘက်ရည်ဖျော်တဲ့သူလဲ ဆရာ ၀ပ်လျော့ပြင်တဲ့သူလဲဆရာ ခွေးသင်တန်းပေးသူလဲ ခွေးဆရာပေါ့ ကျောင်းမှာစာသင်တဲ့ ဆရာတွေ လဲ ဆရာ နေရာတကာ လွယ်လွယ်ဆရာခေါ်တတ်တဲ့ မြန်မာတွေအကျင့်ကြောင့် ပြောလိုက်တာပါ စာရေးဆရာဆိုလဲ အပြည့်ရေးပေါ့ ကိုကိုဆန်ရယ် စာရေးသူဆိုလဲတော်လောက်ပါပြီ ဆရာဆရာနဲ့ သိပ်လဲ မဖားနဲ့ ကိုပေါက ပေါတောတောနဲ့ ခွင့်လွှတ်တတ်ပါတယ်

---- said...

အမေမွေးကတည်းက ကိုပေါ

ခင်ဗျားဟာ
အကောင်းမြင်စိတ် များလွန်းတယ်။
ကျုပ်ပေါတတ်သလို ပေါနေတာ မြင်ရင်ပဲ
ဆရာ ဆရာလို ခေါ်ချင်နေတယ်။
ကျုပ်ဟာ အမေမွေးကတည်းက ငပေါ
ပေါတတ်တာ ဘာဆန်းလို့လဲ။

(ကိုကိုဆန်းသို့) ကိုပေါကိုယ်စား ရေးပေးတာပါ။

ဖိုးတုတ် said...

ဘယ်သူ. ကိုမှ ဖားစရာမလိုပါဘူး ၊ ခင်ဗျား တို. နှစ်ယောက်ကြည့်ရတာ ကိုပေါကို တော်တော် ပုဂ္ဂိုလ်ရေးအရာ မုန်းတီးနေပုံပေါ်တယ် ၊ ကိုယ်မြန်မာ အချင်းချင်းပဲဗျာ ၊ အဲဒီလောက်တော့ မဖြစ်သင့်ပါဘူး ၊

ကိုပေါရေ ခင်ဗျား ဘုန်းကြီးဝတ်ရင်တော့ ဆွမ်းကြီးလောင်းမဲ့ အမြဲတမ်း ဒါယိကာ (၂) ယောက်တော့ရှိတယ် ၊ စိတ်ကူးမလွဲနဲ. ကန်တော့ခံရလည်းမနည်းဖူး ၊

ဆရာ့ ရဲ့ ဆရာ ကိုပေါ ကျန်းမာရွှင်လန်းပြီး ပို.စ်များများ တင်နိုင်ပါစေ ၊

ုအလွန်. အလွန် မြင့်မြတ်သော ကိုပေါအား မြို.မိမြို.ဖ အရာထား၍ လူမူရေးလုပ်ငန်းများ အား ဦးဆောင်၍ လုပ်ဆောင်ပါရန် ကျွန်တော် ကိုကိုစန်း မှ ရိုသေလေးစားစွာ ပန်ကြားအပ်ပါကြောင်း ၊

ရိုသေထိုက်လိုရိုသေတာကို မနာလို မရှိကြပါနဲ. ၊


မှတ်ချက် ။ ကိုပေါရဲ. ပို.စ် မှာ ကွန်.မန်.များ အေးနေလို. ဝေဆာအောင် စေတနာ နဲ. ကြားဝင်၍ ဆောင်ရွက် ပေးလိုက်ပါသည် ၊


အားလုံးကျန်းမာရွှင်လန်းကြပါစေ
(ကိုကျော်နှင့် အမီနာ အပါအ၀င်) ၊

Anonymous said...

မီးဖိုချောင်းထဲကနေ နောက်ဖေးလမ်းကြားထဲ ထွက်
ပြေးသွားတဲ့ ဂဏန်းလား။

Unknown said...

ဒါလဲ ကြိုက်တာပဲဗျ။
ဒီစုံတွဲ ကလောင်စွမ်းတွေ ပြနေတယ်ပေါ့လေ.....
လန်းတယ်ဗျာ........

Anonymous said...

Happy Birthday

Anonymous said...

Happy Birthday!

khin oo may said...

ကောင်းတယ်။

နောင် အဲသလိုအတင်းမပြောတော့ပါဘူး အဲလေ. ပြောစရာရှိတာတော့ ပြောရမှာဘဲ . ကနန်ဒဘဲ ဖြစ်ဖြစ် လယ်ပုဇွန်လဲုးဘဲ ဖြစ်ဖြစ်..မွေးနေ့လား ဘယ်သူ့မွေးနေ့လဲ ကိုပေါလားမဒမ်လာ မွေးနေ့ဖြစ်ချင်းဖြစ်ရင်တော့ကိုပေါဘဲ.


happy birthday ko paw.!

ရွှေရတုမှတ်တမ်း said...

ကြိုက်တယ်ဗျို့( ကဗျာ ကိုပြောတာ)

Unknown said...

ကိုပေါရေ....
ကဗျာကို ကြိုက်လို့ ကူးသွားတယ်ဗျာ။

မောင် လေး said...

ကိုပေါရေ...ကဗျာလေး ကမိုက်တယ်ဗျာ...
ခေါင်းစဉ် စတွေ့တော့ 4D တို့၊ToTo တို့ အောက်မေ့လို့....း)

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အင်း----
မရေးတာကြာတော့မျှော်မိတယ်-
ပေါ်လာပြန်တော့လည်းတကယ့်ကိုမိုက်တယ်ဗျာ-
ဘယ်လိုအတွေးတွေများရှိနေတာပါလိမ့်?????????????

မိတ်ဆွေ…. စင်္ကာပူနိုင်ငံသား ခံယူဖို့ စိတ်ကူးနေသလား။ ဒီစာကို အရင်ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ။



စင်္ကာပူနိုင်ငံရေး တစေ့တစောင်း သိကောင်းစရာ...
Websites
Blogs